သစ္ထူးလြင္ |
- မြန်မာရွေးကောက်ပွဲ မဲမသမာမှု မတွေ့ရဘူးလို့ နိုင်ငံတကာလေ့လာစောင့်ကြည့်ရေးအဖွဲ့ပြော
- စစ်တပ်ကို ငွေကြေးထောက်ပံ့နေတဲ့ မြန်မာ့ကျောက်မျက်လုပ်ငန်းအပေါ် ယူကေက ဒဏ်ခတ်ပိတ်ဆို့မှုတွေ ထပ်တိုးချမှတ်
- မြန်မာအပေါ် အမေရိကန်အရေးယူဒဏ်ခတ်စာရင်းတိုး
- နယ်စပ်သွင်းကုန်ပစ္စည်းစျေး မြင့်တက်
- ကချင်ပြည်နယ်မှာသုံးလအတွင်း စစ်ပြေးဒုက္ခသည် သုံးထောင်ကျော်တိုးလာ
- ချောင်းဦးက အဖမ်းခံရသူ ကိုဝေယံ သေဆုံးကြောင်း သတင်းထွက်၊ မိသားစု စိတ်ပူနေ
- ဖုန်အိန်ယန်တွင် ဥပဒေမဲ့ ရွှေတူးဖော်နေကြောင်း ဒေသခံများပြော
- စစ်သားအင်အား ၅၀ခန့်ပါသည့် လေယာဉ် ၂ စီးဆင်းသက်
- Golden Triangle Regional News - ရွှေတြိဂံဒေသသတင်းလွှာ
- တောင်ကြီးမြို့နယ် ကျောင်းဆရာတစ်ဦး နှင့် အမျိုးသား (၂)ဦးကို စစ်ကောင်စီ မှ ဖမ်းဆီးသွား
- မူဆယ်မြို့ IELTS အင်္ဂလိပ်စာသင်တန်းကျောင်း ကို စစ်ကောင်စီမှ ဝင်ရောက်ဖျက်ဆီး
- မယ်စကြယဝဠာပြိုင်ပွဲမှာ ချင်းဝတ်စုံကို နိုင်ငံကိုယ်စားပြု အကောင်းဆုံး ဝတ်စုံဆု ဆွတ်ခူးရရှိ
- ယမန်နေ့ည ဟားခါး-ဖလမ်းအကြားတိုက်ပွဲ စစ်ကောင်စီဘက်မှ ၆ ဦးသေ၊CDFဟားခါးဖက်မှ ၁ဦးကျဆုံးဟုထုတ်ပြန်
- ဟားခါးတွင် အကြမ်းဖက်သမားနဲ့ CDF တိုက်ပွဲ စစ်ကောင်စီဘက်မှ ၅ ဦး ပွဲချင်းပြီးသေ
- မင်းတပ်မှာ ၁၀ နှစ်အရွယ်ကလေးတစ်ဦး ကျည်ထိ
- ကနီမြို့နယ်ထဲက ရွာတွေကို စစ်တပ်က ဝင်ရှာပြီး ဖမ်းဆီး
- လုံခြုံရေးတင်းကြပ်မှုကြားက ဆန္ဒပြပွဲများ၊ ထားဝယ် ၅ ဦး ဖမ်းခံရ
- စစ်တပ်နဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ကြား ဟားခါးမှာ ပစ်ခတ်တိုက်ခိုက်
- မင်းတပ်မှာ CDF က ခြောက်ဦး သေဆုံးပြီး ဟားခါးမှာ စစ်ကောင်စီဘက်က ခြောက်ဦး သေဆုံး
- ဒိုက်ဦးမြို့မှာ CDM ပညာရေးဝန်ထမ်းတွေကို စစ်တပ်က ဝင်ဖမ်း
မြန်မာရွေးကောက်ပွဲ မဲမသမာမှု မတွေ့ရဘူးလို့ နိုင်ငံတကာလေ့လာစောင့်ကြည့်ရေးအဖွဲ့ပြော Posted: 17 May 2021 08:50 AM PDT မြန်မာရွေးကောက်ပွဲ မဲမသမာမှု မတွေ့ရဘူးလို့ နိုင်ငံတကာလေ့လာစောင့်ကြည့်ရေးအဖွဲ့ပြောမြန်မာနိုင်ငံမှာ နိုဝင်ဘာလက ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ မဲမသမာမှုတွေ ရှိခဲ့တယ်ဆိုတဲ့ စွပ်စွဲမှုတွေက ခိုင်လုံမှုမရှိဘူးလို့ "Asian Network for Free Elections" (ANFREL) (ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရေး အာရှကွန်ရက် အဖွဲ့)က ဒီကနေ့ ထုတ်ဖော်ပြောလိုက်ပါတယ်။ ရွေးကောက်ပွဲတွေမှာ မဲမသမာမှုတွေ ရှိနေတယ်ဆိုပြီး စစ်တပ်က |
Posted: 17 May 2021 08:48 AM PDT စစ်တပ်ကို ငွေကြေးထောက်ပံ့နေတဲ့ မြန်မာ့ကျောက်မျက်လုပ်ငန်းအပေါ် ယူကေက ဒဏ်ခတ်ပိတ်ဆို့မှုတွေ ထပ်တိုးချမှတ်အာဏာသိမ်း စစ်ကောင်စီအပေါ် ပစ်မှတ်ထားပြီး နောက်ထပ် အရေးယူမှုတွေ လုပ်တဲ့အနေနဲ့ ယူကေအစိုးရက မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေး လုပ်ငန်းအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုသစ်တွေကို ဒီကနေ့ မေလ ၁၇ ရက်နေ့မှာ ထုတ်ဖော်ကြေညာလိုက်ပါတယ်။အခုနောက်ဆုံး ချမှတ်လိုက်တဲ့ ဒီဒဏ်ခတ်ပိတ်ဆို့မှုတွေဟာ ကလေးငယ်တွေကို သတ်ဖြတ်နေမှု |
မြန်မာအပေါ် အမေရိကန်အရေးယူဒဏ်ခတ်စာရင်းတိုး Posted: 17 May 2021 08:47 AM PDT မေလ ၇ ရက်နေ့က ရန်ကုန်မြို့ရှိ နေရာတခုမှာ တွေ့ရတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တချို့။ (မေ ၇၊ ၂၀၂၁)အမေရိကန်ပြည်ထောင်စုရဲ့ အရေးယူမှု စာရင်းထဲ မြန်မာနိုင်ငံက နောက်ထပ် လူပုဂ္ဂိုလ် ၁၆ ဦးနဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC)တို့ကို ဒီကနေ့ရက်စွဲနဲ့ စာရင်းထည့်သွင်းလိုက်ပါတယ်။ SAC အရပ်သားစစ်ကောင်စီအဖွဲ့ဝင်တွေနဲ့ စစ်ကောင်စီက ခန့်အပ်တဲ့ ပြည်ထောင်စုဝန်ကြီးတွေ လူပုဂ္ဂိုလ်စာရင်းထဲမှာ ပါဝင်ပြီးတော့ အရေးယူဒဏ်ခတ် |
နယ်စပ်သွင်းကုန်ပစ္စည်းစျေး မြင့်တက် Posted: 17 May 2021 08:45 AM PDT ၂၀၂၀ ခုနှစ် တရုတ်ပြည်ကို တင်သွင်းမယ့် ကုန်များတင်ဆောင်လာတဲ့ ကုန်တင်ကားတစီးကို ရှမ်းပြည်နယ် မူဆယ်မြို့နားမှာ တွေ့ရ။ (ဧပြီ ၂၀၊ ၂၀၂၀)အခုရက်ပိုင်း မြန်မာပြည်တွင်းမှာ အမေရိကန်ဒေါ်လာစျေးနှုန်း ဆက်ပြီး တက်နေတဲ့အတွက် အိမ်နီးချင်းနိုင်ငံတွေက သွင်းကုန်ပစ္စည်းတချို့လည်း စျေးတက်နေပါတယ်။ အထူးသဖြင့် မြန်မာနဲ့ နယ်စပ်ကနေ အဓိက ကုန်သွယ်နေတဲ့ ထိုင်းနဲ့ တရုတ်နိုင်ငံက ပစ္စည်းတွေ စျေးတက်လာကြောင်း နယ်စပ်ကုန်သည်တွေက |
ကချင်ပြည်နယ်မှာသုံးလအတွင်း စစ်ပြေးဒုက္ခသည် သုံးထောင်ကျော်တိုးလာ Posted: 17 May 2021 08:43 AM PDT ကချင်ပြည်နယ်မှာ စစ်ဘေးဒုက္ခသည်အသစ် ၃၀၀၀ ကျော်တိုးလာပြီး၊ အဲဒီလူတွေခိုလှုံနေရတဲ့ စခန်း ၁၃ ခုရှိလာတယ်လို့ ကချင်နှစ်ချင်းခရစ်ယာန်များအသင်းချုပ် KBC ရဲ့ လူသားအရင်းမြစ် ဖွံ့ဖြိုးတိုးတက်ရေး ဌာန HDD က RFA ကို ပြောပါတယ်။ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ဆန္ဒပြပြည်သူတွေကို ပစ်ခတ်သတ် ဖြတ်တဲ့အတွက်၊ ကချင်တပ်လွတ်မြောက် ရေးတပ်မတော် KIA က ပြည်သူတွေဘက်က ရပ်တည်ကြောင်း ပြသပြီး စစ်ကောင်စီရဲ့ |
ချောင်းဦးက အဖမ်းခံရသူ ကိုဝေယံ သေဆုံးကြောင်း သတင်းထွက်၊ မိသားစု စိတ်ပူနေ Posted: 17 May 2021 08:41 AM PDT စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့၊ မဲသယ်ကြိုးကွင်းမှာ ပြီးခဲ့တဲ့ မေလ ၁၃ ရက်နေ့က လူငယ်တွေစုဝေးနေတဲ့ နေရာကို စစ်ကောင်စီက လာရောက်ပစ်ခတ်ခဲ့ပြီး ဖမ်းဆီးခံလိုက်ရတဲ့လူငယ် နှစ်ယောက်ထဲက ဝေယံဆိုသူ သေဆုံးသွားတယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်နေပြီး မိသားစုနဲ့ ဆက်သွယ်မရဖြစ်နေတယ်လို့ ချောင်းဦးမြို့က လူငယ်အဖွဲ့တွေက ပြောပါတယ်။ဖမ်းဆီးခံလိုက်ရသူတွေဟာ အသက် ၂၀ ကျော်အရွယ်တွေဖြစ်တဲ့ ကိုဝေယံနဲ့ ကိုတိုးတိုး ဖြစ်ပါတယ်။ဝေယံ သေသွား |
ဖုန်အိန်ယန်တွင် ဥပဒေမဲ့ ရွှေတူးဖော်နေကြောင်း ဒေသခံများပြော Posted: 17 May 2021 08:26 AM PDT May 17, 2021/ Kachin News Groupကချင်ပြည်နယ် ဆွမ်ပရာဘွမ်မြို့နယ် ဖုန်အိန်ယာန် (Hpung Ing Yang) ကျေးရွာတွင် စစ်တပ်က အာဏာ သိမ်းပြီးနောက် ရွှေတူးဖော်သူများက ကျေးရွာနယ်နမိတ်အတွင်းထိ ဥပဒေမဲ့ တူးဖော်လာကြသည်ဟု ဒေသခံများပြောသည်။ဖုန်အိန်ယာန်ကျေးရွာသည် ဖုန်အိန်ချောင်းနှင့် ဖုန်ကျန်းခ ချောင်း ၂ခုဆုံသည့် ကုန်းကမ်းပါအလယ်တွင် တည်ရှိခြင်းဖြစ်ပြီး NLD အစိုးရ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးဒရှီ |
စစ်သားအင်အား ၅၀ခန့်ပါသည့် လေယာဉ် ၂ စီးဆင်းသက် Posted: 17 May 2021 08:24 AM PDT ဗန်းမော်မြို့လေယာဉ်ကွင်းတွင် မေလ ၁၇ရက်နေ့ ယနေ့ညနေ ၅နာရီဝန်းကျင် စစ်သားများပါဝင်သည့် လေယာဉ် ၂စီး ဆင်းသက်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။"အဲလေယာဥ် ၂စီးဆင်းလာတာ ခန့်မှန်းသလောက် စစ်သား ၅၀ ဝန်းကျင်ရှိနိုင်တယ်"ဆိုပြီး ဗန်းမော်ဒေသခံတစ်ဦးကပြောသည်။အဆိုပါလေယာဉ် ဆင်းသက်ရာတွင် တစ်စီးလျှင် နာရီဝက်ခန့်ကွာကာ ဆင်းသက်ခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။ကချင်ပြည်နယ် ဗန်းမော်ခရိုင်၊မိုးမောက်မြို့နယ်အတွင်း တိုက်ပွဲ |
Golden Triangle Regional News - ရွှေတြိဂံဒေသသတင်းလွှာ Posted: 17 May 2021 08:23 AM PDT ရန်ကုန်၊ မေ ၁၇၊ ၂၀၂၁ရွှေစျေးနှုန်းများ တည်ငြိမ်ရေး အတွက် ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များ အသင်း (YGEA) အနေနဲ့ အထူး စုံစမ်း စစ်ဆေးရေး ဦးစီးဌာန (စစစ) ရဲ့ လမ်းညွှန်မှုနဲ့ ဆောင်ရွက်နေကြောင်း မေလ ၁၆ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ပါတယ်။လစဉ် အလုပ်အမှုဆောင် အစည်းအဝေးများ၊ လိုအပ်ပါက လပတ် အထူး အစည်းအဝေးများ ကျင်းပကာ ရွှေစျေးနှုန်း တည်ငြိမ်စေရေး ဆောင်ရွက်လျက် ရှိတယ်လို့လည်း YGEA ရဲ့ လူမှုကွန်ရက် |
တောင်ကြီးမြို့နယ် ကျောင်းဆရာတစ်ဦး နှင့် အမျိုးသား (၂)ဦးကို စစ်ကောင်စီ မှ ဖမ်းဆီးသွား Posted: 17 May 2021 08:20 AM PDT မေ ၁၇ရက် ၂၀၂၁သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ် ကျောင်းဆရာတစ်ဦး နှင့်အတူ အမျိုးသား (၂) ဦးကို ယနေ့(မေ ၁၇)ရက် မနက် (၂)နာရီတွင် စစ်ကောင်စီမှ ဖမ်းဆီးသွားကြောင်း စုံစမ်းသိရှိရသည်။အဆိုပါ ဖမ်းဆီးခံရသည့် ကျောင်းဆရာသည် တောင်ကြီးမြို့နယ် အထက်တန်းပြ ကျောင်းဆရာ ပြည့်ဖြိုးဝင်း နှင့် ၎င်း၏ သူငယ်ချင်း (၂)ဦးကို ယနေ့ မနက် (၂)နာရီတွင် စစ်ကောင်စီမှ အင်အား အလုံးအရင်းဖြင့် လာရောက်ဖမ်းဆီးသွားကြောင်း မျက်မြင်တွေ့ |
မူဆယ်မြို့ IELTS အင်္ဂလိပ်စာသင်တန်းကျောင်း ကို စစ်ကောင်စီမှ ဝင်ရောက်ဖျက်ဆီး Posted: 17 May 2021 08:19 AM PDT မေ ၁၇ရက် ၂၀၂၁သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် IELTS အင်္ဂလိပ်စာသင်တန်းကျောင်း ကို စစ်ကောင်စီ အုပ်စု မှ ယမန်နေ့ ( မေ ၁၆)ရက် နေ့လည်ပိုင်းတွင် ဝင်ရောက်ဖျက်ဆီးသွားကြောင်း သတင်းရရှိသည်။ယမန်နေ့ နေ့လည် (၁)နာရီ ကျော်တွင် စစ်ကောင်စီ ဝင်ရောက်ဖျက်ဆီးသွားသည့် IELTS အင်္ဂလိပ်စာသင်တန်းကျောင်း မှ ဆရာသည် မူဆယ်မြို့ စစ်အာဏာဆန့်ကျင်ရေးတွင် ဦးဆောင်နေသည့်သူဖြစ်နေသည်ဟု သတင်းရရှိသဖြင့် ဝင်ရောက်ဖမ်းဆီးရာမှ လူမ |
မယ်စကြယဝဠာပြိုင်ပွဲမှာ ချင်းဝတ်စုံကို နိုင်ငံကိုယ်စားပြု အကောင်းဆုံး ဝတ်စုံဆု ဆွတ်ခူးရရှိ Posted: 17 May 2021 08:17 AM PDT အမေရိကန် ပြည်ထောင်စုမှာ ကျင်းပနေတဲ့ ၆၉ ကြိမ်မြောက် မယ်စကြာဝဠာပြိုင်ပွဲမှာ မြန်မာနိုင်ငံကိုယ်စားပြု ယှဥ်ပြိုင်တဲ့ Miss Universe Myanmarသူဇာဝင့်လွင်က ချင်းဝတ်စုံကို ဝတ်ဆင်ပြီး National Costume ပြိုင်ပွဲမှာ ပြသယှဥ်ပြိုင်ခဲ့ရာ အကောင်းဆုံးနိုင်ငံ့ကိုယ်စားပြုဝတ်စုံအဖြစ် သတ်မှတ်ချီးမြှင့်ခြင်း ခံရပါတယ်။သူဇာဝင့်လွင်ဟာ Miss Universe Myanmar ပြိုင်ပွဲမှာလည်း Miss Hakha အဖြစ် ဝင်ရောက်ယှဥ်ပြိုင်ရင်း ၂၀၂၀ |
ယမန်နေ့ည ဟားခါး-ဖလမ်းအကြားတိုက်ပွဲ စစ်ကောင်စီဘက်မှ ၆ ဦးသေ၊CDFဟားခါးဖက်မှ ၁ဦးကျဆုံးဟုထုတ်ပြန် Posted: 17 May 2021 08:15 AM PDT ယမန်နေ့ည ဟားခါး-ဖလမ်းအကြားတိုက်ပွဲ စစ်ကောင်စီဘက်မှ ၆ ဦးသေ၊CDFဟားခါးဖက်မှ ၁ဦးကျဆုံးဟုထုတ်ပြန်ချင်းပြည်နယ်၊ ဟားခါး-ဖလမ်းကြားတွင် CDF-Hakha နှင့် စစ်ကောင်စီတပ်ဖွဲ့များ ၁၆ မေလ ၂၀၂၁ ညနေပိုင်း ၅:၃၀ နာရီမှ ၈ နာရီကြား ပစ်ခတ်တိုက်ခိုက်မှုရှိခဲ့ပြီး စစ်ကောင်စီဘက်မှ ၆ ယောက် ပွဲချင်းသေဆုံး၊ ၁၀ ယောက်ကျော် ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း ရန်သူတပ်ဘက်မှ အဆမတန် လက်နက်ကြီး (RPG ၊ ၆၀ မမ စသည်)များဖြင့် ပစ်ခေတ် |
ဟားခါးတွင် အကြမ်းဖက်သမားနဲ့ CDF တိုက်ပွဲ စစ်ကောင်စီဘက်မှ ၅ ဦး ပွဲချင်းပြီးသေ Posted: 17 May 2021 08:11 AM PDT ချင်းပြည်နယ်၊ ဟားခါးမြို့ ကျောဘုတ် လုံခြုံရေးဂိတ်အနီးတွင် CDF-Hakha နှင့် အကြမ်းဖက် စစ်ကောင်စီ သူပုန်တပ်ဖွဲ့များအကြား မေလ ၁၇ ရက်နေ့ ညနေပိုင်း ၃နာရီခွဲမှ ၇နာရီအကြား ပစ်ခတ်တိုက်ခိုက်မှုရှိခဲ့ပြီး စစ်ကောင်စီဘက်မှ ၅ ယောက် ပွဲချင်းသေဆုံးခဲ့ကြောင်း၊ CDF-Hakha ဘက်မှ ထိခိုက် ဒဏ်ရာ မရှိကြောင်း CDF က သတင်းထုတ်ပြန်သည်။Zalen https://www.facebook.com/zalen.info/ |
မင်းတပ်မှာ ၁၀ နှစ်အရွယ်ကလေးတစ်ဦး ကျည်ထိ Posted: 17 May 2021 08:09 AM PDT ချင်းပြည်နယ်၊ မင်းတပ်မြို့မှာ စစ်ကောင်စီတပ်တွေက ဒီနေ့ မေလ ၁၇ ရက်မှာ ပစ်ခတ်မှုတွေလုပ်နေချိန် အသက် ၁၀ နှစ်အရွယ် ကလေးတစ်ဦး လည်ပင်းကို ကျည်ထိမှန်ထားတယ်လို့ သိရှိရပါတယ်။ပစ်ခတ်မှုတွေကြောင့် မိခင်ဖြစ်သူနဲ့ အိမ်ထဲ ပုန်းနေချိန် အဲဒီကလေးငယ် ကျည်ထိမှန်ခဲ့တာလို့ သိရပါတယ်။မင်းတပ်မြို့မှာ စစ်ကောင်စီတပ်တွေက လက်နက်ကြီးနဲ့ပါ ပစ်ခတ်မှုတွေ လုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ဘာ့ကြောင့် ဒီလို ပစ်ခတ်မှုတွေ လုပ်နေတယ်ဆို |
ကနီမြို့နယ်ထဲက ရွာတွေကို စစ်တပ်က ဝင်ရှာပြီး ဖမ်းဆီး Posted: 17 May 2021 08:08 AM PDT စစ်ကိုင်းတိုင်း၊ ကနီမြို့နယ် မုံရွာ- ယာကြီး-ကလေးဝလမ်းပေါ်က သလင်းကျေးရွာမှာ ဒီကနေ့ မေလ ၁၇ ရက်နေ့ နေ့လယ်ပိုင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ရွာထဲကို ဝင်ရောက် စစ်ဆေးမေးမြန်းတာတွေ ရှိလို့ ရွာခံအများစု တိမ်းရှောင်နေကြတယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။သလင်းကျေးရွာက ဒေသခံ ၃ ဦးကို ဖမ်းဆီ းခေါ်ဆောင်သွားခဲ့တယ်လို့လည်း သူတို့ကပြောပါတယ်။သလင်းကျေးရွာဟာ ယာကြီးအုပ်စုပိုင် ကနီမြို့နယ်ထဲမှာ ပါဝင်ပါတယ်။ယာကြီးကျေးရွာကို |
လုံခြုံရေးတင်းကြပ်မှုကြားက ဆန္ဒပြပွဲများ၊ ထားဝယ် ၅ ဦး ဖမ်းခံရ Posted: 17 May 2021 08:06 AM PDT မကွေးတိုင်း ဂန့်ဂေါမြို့နယ် နှမ်းခါးရွာ စစ်အာဏာရှင်ဆန့်ကျင်သပိတ် စစ်ကြောင်း။ (မေ ၁၇၊ ၂၀၂၁)မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှု ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေကို လုံခြုံရေးတင်းကြပ်တဲ့ အခြေအနေကြားကပဲ မြို့တော်တော်များများမှာ ဆက်လုပ်နေကြပါတယ်။ ထားဝယ်မြို့က ဆန္ဒပြပွဲတွေကို စစ်တပ်က ဖြိုခွဲမှုအတွင်း ၅ ယောက်ထက်မနည်း အဖမ်းခံရပါတယ်။ ရန်ကုန်မှာတော့ အဖမ်းအဆီး အစစ်အဆေးများနေတဲ့အတွက် ဆန္ဒပြပွဲတချို့ကို နားထားကြပါတယ်။ |
စစ်တပ်နဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ကြား ဟားခါးမှာ ပစ်ခတ်တိုက်ခိုက် Posted: 17 May 2021 08:04 AM PDT မတ်လ ၂၉ ရက်နေ့တုန်းက ချင်းပြည်နယ် ဟားခါးမြို့ရဲ့ အာဏာရှင်ဆန့်ကျင်ဆန္ဒပြသပိတ်။ (မတ် ၂၉၊ ၂၀၂၁)ချင်းပြည်နယ် ဟားခါးမြို့မှာလည်း စစ်တပ်နဲ့ ချင်းပြည်နယ်ထဲက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကြား မေလ ၁၆ ရက်နေ့ညနေပိုင်းက တိုက်ခိုက်မှု ဖြစ်ခဲ့ပါတယ်။ ဟားခါးမြို့ဘက်သွားတဲ့ စစ်ကားတွေကို ဒေသခံကာကွယ်ရေးအဖွဲ့တွေက ခြုံခိုတိုက်ခိုက်ခဲ့တယ်လို့ပြောပါတယ်။ တချိန်ထဲမှာပဲ စစ်တပ်က ဖမ်းထားတဲ့ ဆန္ဒပြသူတွေကို ပြန်လွှတ်မပေးတာ |
မင်းတပ်မှာ CDF က ခြောက်ဦး သေဆုံးပြီး ဟားခါးမှာ စစ်ကောင်စီဘက်က ခြောက်ဦး သေဆုံး Posted: 17 May 2021 08:02 AM PDT စစ်ကောင်စီရဲ့ သြဇာခံတပ်တွေကို ရိုးရာလက်လုပ် သေနတ်တွေနဲ့ ခုခံတော်လှန်နေတဲ့ ချင်းပြည်နယ်မှာ မနေ့ညက ဟားခါးနဲ့ ဖလမ်းကြားမှာ တိုက်ပွဲဖြစ်ခဲ့ပါတယ်။ အဲဒီဖြစ်ရပ်မှာ စစ်တပ်ဘက်က ခြောက်ဦးသေဆုံးပြီး ၁၀ ဦးလောက် ထိခိုက်ဒဏ်ရာရခဲ့သလို ဟားခါးပြည်သူ့ ကာကွယ်ရေးအဖွဲ့ဘက်ကလည်း တစ်ဦး သေဆုံးခဲ့တယ်လို့ ဟားခါးပြည်သူ့ ကာကွယ်ရေးအဖွဲ့ CDFက လုံခြုံရေးအရ အမည်မဖော်လိုတဲ့ အဖွဲ့ဝင်တစ်ယောက်က RFA ကိုပြောပါတယ်။ "မင်းတပ် CDF အဖွဲ့ |
ဒိုက်ဦးမြို့မှာ CDM ပညာရေးဝန်ထမ်းတွေကို စစ်တပ်က ဝင်ဖမ်း Posted: 17 May 2021 07:59 AM PDT ဒိုက်ဦးမြို့မှာ CDM ပညာရေးဝန်ထမ်းတွေကို စစ်တပ်က ဝင်ဖမ်း ကျောင်းမတက်ဖို့ ဒိုက်ဦးမြို့က GZ တွေ ၂၀၂၁ မေလ ၁၂ ရက်နေ့က ဆန္ဒပြစဉ် / Photo CJပဲခူးတိုင်းအရှေ့ခြမ်း၊ ဒိုက်ဦးမြို့မှာ မေလ ၁၆ ရက် မနေ့ည ၇ နာရီလောက်က အာဏာဖီဆန်ရေး CDM လုပ်နေတဲ့ ကျောင်းဆရာဆရာမ ၁၆ ဦးကို စစ်တပ်က သေနတ်ပစ်ဖောက် ဝင်ရောက်ဖမ်းဆီးပြီးတဲ့နောက် ၁၄ ယောက်ကို အဓမ္မ ဝန်ခံကတိထိုးခိုင်းပြီး ပြန်လွှတ်ပေးလိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ဝန်ခံကတိ |
You are subscribed to email updates from THIT HTOO LWIN (Daily News). To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google, 1600 Amphitheatre Parkway, Mountain View, CA 94043, United States |
No comments:
Post a Comment
5
Note: Only a member of this blog may post a comment.