သစ္ထူးလြင္ |
- စစ်ကောင်စီက လယ်သမားတွေ ချေးငွေပြန်ဆပ်ပြီး အသစ်ချေးဖို့ကြေညာ
- ရန်ကုန်မက်ခရို ကုန်တိုက်မှာ ပေါက်ကွဲမှုဖြစ်ပွား
- ဒေါ်အောင်ဆန်းစုကြည် ရန်ကုန်အမှု ပြည်ထောင်စုတရားလွှတ်တော်ချုပ် လွှဲယူ
- CDM ကြောင့်ဖယ်ရှားခံရတဲ့ ဂျပန်ရောက်သံဝန်ထမ်း ၂ ဦးရှေ့ရေး
- တောင်ဒဂုံ ရဲစခန်းအနီး ဗုံးပေါက် ရဲတစ်ဦး ဒဏ်ရာရ
- ပင်လည်ဘူးမြို့က NLD တိုင်းလွှတ်တော်ကိုယ်စားလှယ်နဲ့ လူငယ်သုံးဦး အဖမ်းခံရ
- ကမ်းထောင်းကြီးမြို့မီးလောင်၊ အိမ် ၁၄ လုံး ပျက်စီး
- မြန်မာ လေယာဉ်ဆီတွေ စင်္ကာပူကနေ တင်သွင်းတဲ့ အချက်အလက်တွေတွေ့
- အိန္ဒိယနယ်စပ် မီဇိုရမ်ဘက် ထွက်ပြေးခိုလှုံသူ သောင်းဂဏန်းခန့် ရောက်ရှိ
- စစ်ကောင်စီတပ်တွေနဲ့ ဒေသကာကွယ်ရေး CDF အဖွဲ့ ဟားခါးမှာ တိုက်ပွဲဆက်ဖြစ်
- ဟားခါး၊ မင်းတပ် တိုက်ပွဲ စစ်သား ၁ဝ ဦး ထပ်မံကျဆုံး၊ ဒေသခံ သုံးသောင်းခွဲခန့် ထွက်ပြေးနေရ
- လားရှိုးမြို့ ရှိ ဘဏ်များတွင် ငွေထုတ်ရန် ပိုခက်ခဲလာ
- တောင်ကြီး မြို့မစျေးရှေ့ ယနေ့ (မေ ၂၀) ညနေ ၆နာရီ ဝန်းကျင် ဗုံးပေါက်ကွဲ မှုဖြစ် လူ (၂)ဦး ထိခိုက်ဒဏ်ရာရရှိပြိး တဦး လက်ထိ ကာ နောက်တဦးသည် ခေါင်းထိမှန် စိုးရိမ်ရ
- ကလေးမြို့မှ စစ်အင်အားများ ဖြည့်တင်းနေသည့်အတွက် ဟားခါးတွင် တိုက်ပွဲများ ဆက်လက်ပြင်းထန်နိုင်ကြောင်း CDF Hakha မှ သတင်းထုတ်ပြန်
- ဟာသသရုပ်ဆောင် ချင်းလူငယ် ဆလိုင်း အပါအဝင် လူ ၅ ဦး ဖမ်းဆီးခံရ
- မိုင်းဟုယူဆနိုင်တဲ့ ပစ္စည်း ရွှေကူမြို့တွင်း ၂နေရာတွင် တွေ့ရှိ
- စစ်ကောင်စီတပ်များ ဝင်ရောက်နေထိုင်သည့် ယုဇနကုမ္ပဏီ အဆောက်အဦးများအား ကေအိုင်အေမှ ဖျက်ဆီးပစ်
စစ်ကောင်စီက လယ်သမားတွေ ချေးငွေပြန်ဆပ်ပြီး အသစ်ချေးဖို့ကြေညာ Posted: 20 May 2021 07:01 AM PDT စီမံကိန်းနဲ့ ဘဏ္ဍာရေး ဝန်ကြီးဌာန လက်အောက်ရှိ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က မြန်မာနိုင်ငံ အနှံ့က တောင်သူလယ်သမားတွေကို မိုးကာလ စိုက်ပျိုးစရိတ်တွေထုတ်ချေးတော့မှာဖြစ်လို့ အရင်နှစ်တွေက ချေးယူထားတဲ့ ကြွေးဟောင်းကို ပြန်ဆပ်ကြဖို့ကို မေလ ၁၉ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။ကိုဗစ် ၁၉ ကပ်ရောဂါကြောင့် ၂၀၂၀ မိုးရာသီ ချေးငွေကို ၂၀၂၁ ဧပြီလ ၁၅ ရက်နေ့ အစား ဇူလိုင်လ ၃၁ ရက်နေ့ထိ တိုးမြှင့်ပြင်ဆင်ပေးခဲ့ပြီး ဖြစ်ပြီး အခုအခါ |
ရန်ကုန်မက်ခရို ကုန်တိုက်မှာ ပေါက်ကွဲမှုဖြစ်ပွား Posted: 20 May 2021 07:00 AM PDT ရန်ကုန်မက်ခရို ကုန်တိုက်မှာ ပေါက်ကွဲမှုဖြစ်ပွားရန်ကုန်၊ စက်ဆန်းမှာရှိတဲ့ မက်ခရိုကုန်တိုက်ရဲ့ ကားပါကင်မှာ ဒီနေ့မွန်းလွဲပိုင်း ၂ နာရီကျော်ခန့်က ပေါက်ကွဲမှုဖြစ်ပွားခဲ့ပါတယ်။ပေါက်ကွဲမှုကြောင့် ကုန်တိုက်အတွင်း ဈေဝယ်သူများအပါအဝင် မည်သူကိုမှ အပြင်ကိုဝင်ထွက်ခွင့်မပေးထားဘဲ လုံခြုံရေးတပ်ဖွဲ့ဝင်တွေလည်းရောက်ရှိနေပြီလို့ သိရပါတယ်။ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိမှု ပျက်စီးဆုံးရှုံးမှုကိုလည်းမသိရှိရသေးပါဘူး |
ဒေါ်အောင်ဆန်းစုကြည် ရန်ကုန်အမှု ပြည်ထောင်စုတရားလွှတ်တော်ချုပ် လွှဲယူ Posted: 20 May 2021 06:58 AM PDT ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ထိုင်းရောက် မြန်မာနိုင်ငံသားတွေ စစ်အာဏာရှင် ဆန္ဒပြပွဲအတွင်း ကိုင်ဆောင်ထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဓာတ်ပုံ။ (ဖေဖော်ဝါရီ ၂၂၊ ၂၀၂၁)နိုင်ငံတော်လျှို့ဝှက်ချက် ဥပဒေ ပုဒ်မ ၃ (၁) (ဂ) နဲ့ ရန်ကုန်မြို့မှာ တရားစွဲဆိုခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုကို ပြည်ထောင်စုတရား လွှတ်တော်ချုပ်က တောင်းယူသွားတာကြောင့် ဒီကနေ့ရုံးချိန်းမှာ အမှု မကြားနာ |
CDM ကြောင့်ဖယ်ရှားခံရတဲ့ ဂျပန်ရောက်သံဝန်ထမ်း ၂ ဦးရှေ့ရေး Posted: 20 May 2021 06:57 AM PDT မြန်မာစစ်ကောင်စီအစိုးရဟာ ဂျပန်နိုင်ငံ တိုကျိုမှာရှိတဲ့ မြန်မာသံရုံးက သံအရာရှိ ၂ ဦးကို အာဏာသိမ်းမှု ကန့်ကွက် သပိတ်မှောက်တဲ့အထဲမှာ ပါဝင်တဲ့အတွက် ရာထူးက ဖယ်ရှားလိုက်တယ်လို့ သံတမန် သတင်းရပ်ကွက်တွေကို ကိုးကားပြီး kyodo news. Net မှာ ဖော်ပြထားပါတယ်။မြန်မာစစ်ကောင်စီအစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာနက သူတို့ ၂ ဦးရဲ့ သံတမန် အဆင့်အတန်းနဲ့ နိုင်ငံကူးလက်မှတ်ကို ပယ်ဖျက်လိုက်ပြီး သံရုံးကို လာရောက်ခွင့်လည်း လုံးဝ |
တောင်ဒဂုံ ရဲစခန်းအနီး ဗုံးပေါက် ရဲတစ်ဦး ဒဏ်ရာရ Posted: 20 May 2021 06:55 AM PDT တောင်ဒဂုံ ရဲစခန်းအနီး ဗုံးပေါက် ရဲတစ်ဦး ဒဏ်ရာရ ရန်ကုန်မှာ ၂၀၂၁ ဖေဖော်ဝါရီ ၂၈ ရက်နေ့က ဆန္ဒပြသူတွေကို အကြမ်းဖက်ဖြိုခွဲဖို့ ပြင်ဆင်နေတဲ့ စစ်ကောင်စီတပ်သားတွေကို တွေ့ရစဉ် /Photo: AFPရန်ကုန်တိုင်း တောင်ဒဂုံမြို့နယ်မှာ ဒီနေ့မနက်ပိုင်း Bluetooth အသံချဲ့စက်ကနေ ဗုံး နှစ်လုံး ပေါက်ကွဲခဲ့ပြီး ရဲတပ်သားတစ်ယောက် ဒဏ်ရာရခဲ့ပါတယ်။ဒီနေ့ ဧပြီ ၂၀ မနက် ၇ နာရီလောက်က တောင်မြောက်လမ်းဆုံနားက ရဲစခန်းအနားမှာ Bluetooth |
ပင်လည်ဘူးမြို့က NLD တိုင်းလွှတ်တော်ကိုယ်စားလှယ်နဲ့ လူငယ်သုံးဦး အဖမ်းခံရ Posted: 20 May 2021 06:54 AM PDT ပင်လည်ဘူးမြို့က NLD တိုင်းလွှတ်တော်ကိုယ်စားလှယ်နဲ့ လူငယ်သုံးဦး အဖမ်းခံရ စစ်ကိုင်းတိုင်း၊ ပင်လည်ဘူးမြို့နယ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မဲဆန္ဒနယ်အမှတ် ၂ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသန်းလှိုင်ကို တွေ့ရစဉ်စစ်ကိုင်းတိုင်း၊ ပင်လည်ဘူးမြို့နယ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မဲဆန္ဒနယ်အမှတ် ၂ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသန်းလှိုင်နဲ့အတူ လူငယ်သုံးယောက်ကို ဒီကနေ့ မေလ ၂၀ ရက်နေ့ မနက် |
ကမ်းထောင်းကြီးမြို့မီးလောင်၊ အိမ် ၁၄ လုံး ပျက်စီး Posted: 20 May 2021 06:52 AM PDT ရခိုင်ပြည်နယ် မြောက်ပိုင်း မြေပုံမြို့နယ် ကမ်းထောင်းကြီးမြို့မှာ မေလ ၂၀ ရက် ဒီကနေ့ မနက်ပိုင်း ၃ နာရီကျော်အချိန်က မီးလောင်မှုဖြစ်ပွားခဲ့ပြီး နေအိမ် ၁၄ ဆောင် မီးလောင်ပျက်စီးသွားခဲ့တယ်လို့ စာရေးဆရာ မောင်ချယ်ရီက အတည်ပြုပြောဆိုပါတယ်။မီးလောင်မှုဖြစ်စဉ်အတွင်း နေအိမ် ၁၄ ဆောင်မှာ လုံးဝလောင်ကျွမ်းသွားခဲ့ပြီး နောက်ထပ်ငါးဆောင်ကတော့ တစ်ဝက်တစ်ပျက်လောင်ကျွမ်းသွားခဲ့ကာ မီးဘေးဒဏ်သင့်မိသားစုထဲက ကျား ၃၁ ဦး၊ မ ၃၇ ဦး |
မြန်မာ လေယာဉ်ဆီတွေ စင်္ကာပူကနေ တင်သွင်းတဲ့ အချက်အလက်တွေတွေ့ Posted: 20 May 2021 06:51 AM PDT စင်္ကာပူ နိုင်ငံက PetroChina International Singapore Pte Ltd ကပြီးခဲ့တဲ့ ဧပြီလအတွင်းက မြန်မာနိုင်ငံကို လေယာဥ်ဆီတွေ ရောင်းချခဲ့တာကို တွေ့ရတယ်လို့ အစိုးရရဲ့ သွင်းကုန်ဆိုင်ရာ အချက်အလက်တွေကို လေ့လာခဲ့တဲ့ ရိုက်တာ သတင်းဌာနက ပြောပါတယ်။ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ဒီလို ကုန်တင်သွင်းမှုကို ပထမဆုံးအကြိမ် လုပ်ခဲ့တာ ဖြစ်ပါတယ်။တင်ပို့ရောင်းချသူတွေက သူတို့ရောင်းတဲ့ ဂျက်လေယာဥ်ဆီတွေ |
အိန္ဒိယနယ်စပ် မီဇိုရမ်ဘက် ထွက်ပြေးခိုလှုံသူ သောင်းဂဏန်းခန့် ရောက်ရှိ Posted: 20 May 2021 06:50 AM PDT ဓါတ္ပံု- Chinland Defence Force (CDF)ချင်းပြည်နယ်မှာ ဒေသအလိုက်ဖွဲ့စည်းထားတဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေကို စစ်ကောင်စီက အင်အားသုံး အပြင်းအထန်ဖိနှိပ်နေတာကြောင့် အိန္ဒိယမြောက်ပိုင်း မီဇိုရမ် နယ်စပ်ဘက်ကို ထွက်ပြေးခိုလှုံကြတဲ့ ဒုက္ခသည်အရေအတွက်တိုးလာနေပြီး အခုဆိုရင် သောင်းဂဏန်းနီးပါးလောက်ရောက်ရှိနေပြီဖြစ်တယ်လို့ အမေရိကန်အခြေစိုက် Chin Association အဖွဲ့က ဗုဒ္ဓဟူးနေ့က သတိပေးပြောကြားလိုက်ပါတယ်။အိန္ဒိယဗဟို |
စစ်ကောင်စီတပ်တွေနဲ့ ဒေသကာကွယ်ရေး CDF အဖွဲ့ ဟားခါးမှာ တိုက်ပွဲဆက်ဖြစ် Posted: 20 May 2021 06:48 AM PDT မတ်လ ၂၉ ရက်နေ့တုန်းက ချင်းပြည်နယ် ဟားခါးမြို့ရဲ့ အာဏာရှင်ဆန့်ကျင်ဆန္ဒပြသပိတ်။ (မတ် ၂၉၊ ၂၀၂၁)ချင်းပြည်နယ် ဟားခါးမြို့မှာ ဒေသကာကွယ်ရေး Chinland Defense Force အဖွဲ့နဲ့ စစ်ကောင်စီတပ်တွေအကြား အခုရက်ပိုင်း ပစ်ခတ်တိုက်ခိုက်မှုတွေ ရှိနေတာကို နှစ်ဘက် တာဝန်ရှိသူတွေက အတည်ပြုပါတယ်။ တိုက်ခိုက်မှုတွေအတွင်း စစ်တပ်ဘက်က ၂ ယောက်ထည်း မနည်း ဒဏ်ရာရခဲ့ပါတယ်။ ဟားခါးမြို့ဘက်မှာ ဖြစ်နေတဲ့ တိုက်ပွဲတွေအကြောင်း ဗွီအိုအေ |
ဟားခါး၊ မင်းတပ် တိုက်ပွဲ စစ်သား ၁ဝ ဦး ထပ်မံကျဆုံး၊ ဒေသခံ သုံးသောင်းခွဲခန့် ထွက်ပြေးနေရ Posted: 20 May 2021 06:46 AM PDT ချင်းပြည်နယ် ဟားခါးနဲ့ မင်းတပ်မြို့နယ်တွေမှာ မေလ ၁၈ နဲ့ ၁၉ နှစ်ရက်တာ ကာလအတွင်း တိုက်ပွဲ ငါးကြိမ်ဖြစ်ခဲ့ပြီး စစ်တပ်ဘက်က ၁၀ ဦးထက်မနည်း ထပ်မံသေဆုံးပြီး ၂၀ ခန့် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့ CDF က ပြောပါတယ်။တစ်ဘက်မှာလည်း စစ်ကောင်စီက နှိမ်နှင်းမှုတွေကြောင့် ဒေသခံ နှစ်သောင်းနီးပါး တောတောင်တွေထဲ ထွက်ပြေးနေကြရသလို တစ်သောင်းခွဲကျော်လည်း အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ကို ထွက်ပြေးနေကြ ရ |
လားရှိုးမြို့ ရှိ ဘဏ်များတွင် ငွေထုတ်ရန် ပိုခက်ခဲလာ Posted: 20 May 2021 06:32 AM PDT မေ ၂၀ရက် ၂၀၂၁သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့ရှိ ဘဏ်တစ်ချို့၏ ငွေထုတ်စက် (ATM) တွင် ငွေထုတ်ယူရန် ခက်ခဲသည့် အပြင် Wave Money ၊ Kpay လည်း ငွေထုတ် မရရှိတော့ကြောင်း လားရှိုး ပြည်သူများ ပြောပြချက် အရသိရသည်။လားရှိုးမြို့ ရှိ CBဘဏ်၊ AYAဘဏ်၊ KBZ ဘဏ်၊ ရိုးမဘဏ် နှင့် မြန်မာ့စီးပွားရေးဘဏ် စသည့်ဘဏ်များတွင် ငွေထုတ်ယူရန် ခက်ခဲနေကြောင်း သိရသည်။"wave money နဲ့ Kpay က လုံးဝ ထုတ်မရတော့ဘူး။ ပိုက်ဆံမရှိသေးဘူးပဲ |
Posted: 20 May 2021 06:31 AM PDT တောင်ကြီး မြို့မစျေးရှေ့ ယနေ့ (မေ ၂၀) ညနေ ၆နာရီ ဝန်းကျင် ဗုံးပေါက်ကွဲ မှုဖြစ် လူ (၂)ဦး ထိခိုက်ဒဏ်ရာရရှိပြိး တဦး လက်ထိ ကာ နောက်တဦးသည် ခေါင်းထိမှန် စိုးရိမ်ရ ကြောင်း သတငိးရရှိသည်။Photo by CJ SHAN News (Burmese Version) https://www.facebook.com/shannewsburmese |
Posted: 20 May 2021 06:28 AM PDT စစ်ကောင်စီတပ်များ ကလေးမြို့မှ စစ်အင်အားများ ဖြည့်တင်းနေသည့်အတွက် ဟားခါးတွင် တိုက်ပွဲများဆက်လက်ပြင်းထန်နိုင်ကြောင်း Chinland Defense Force (CDF) Hakha မှ သတင်းထုတ်ပြန်ထားသည်။CDF Hakha တပ်များနှင့် စစ်ကောင်စီတပ်များ ၂၀၂၁ခုနှစ်၊ မေလ ၁၈ နှင့် ၁၉ ရက်၊ ၂ရက်တာ ပစ်ခတ်မှုတွင် စစ်ကောင်စီဘက်မှ ဒဏ်ရာ ရှိသူပေါင်း ၁၉ ယောက်ခန့်ရှိပြီဖြစ်ပြီး သေဆုံးသူပေါင်း ၇ ယောက်ခန့် ရှိပြီ ဖြစ်ကြောင်းနှင့် CDF Hakha အဖွဲ့သား |
ဟာသသရုပ်ဆောင် ချင်းလူငယ် ဆလိုင်း အပါအဝင် လူ ၅ ဦး ဖမ်းဆီးခံရ Posted: 20 May 2021 06:25 AM PDT ကယားပြည်နယ်၊ လွိုင်ကော်မြို့ ချိကယ်(ထေးသမ) ရပ်ကွက်မှာနေထိုင်သည့် ဟာသသရုပ်ဆောင်ဆလိုင်းအပါအဝင်လူငယ် ငါးဦးကို အဏာသိမ်းစစ်ကောင်စီ၏တပ်များက မေလ ၁၉ ရက်နေ့ ညနေပိုင်းအချိန်မှာ နေအိမ်အတွင်းအကြမ်းဖက် ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့သိရပါတယ်။ကိုတင်မောင်(ခ)funny Salai ဟာကျေးလက်ဟာသဇာတ်လမ်းများဖြင့် အွန်လိုင်းတွင် နာမည်ရနေသော ချင်းလူငယ်ဖြစ်ပါတယ်။အဆိုပါ ဖမ်းဆီးခံရသူများမှာ ဟာသသရုပ်ဆောင် ဆလိုင်း၊ ဘိုဘိုအောင် ၊ ဆော် |
မိုင်းဟုယူဆနိုင်တဲ့ ပစ္စည်း ရွှေကူမြို့တွင်း ၂နေရာတွင် တွေ့ရှိ Posted: 20 May 2021 06:18 AM PDT May 20 - Kachinwavesယနေ့ ရွှေကူမြို့တွင် မိုင်းဟုယူဆနိုင်သည့် သံသယဖြစ်ဖွယ်ရာ ပစ္စည်းကို ပြည်သူများတွေ့ရှိသွားပြီးနောက် စစ်ကောင်စီ စစ်သားများက လာရောက်သိမ်းယူသွားကြောင်း သိရသည်။ ရွှေကူမြို့ အမှတ် (၃)ရပ်ကွက် မြို့နယ်စည်ပင်ဦးစီးမှူး၏ အိမ်အနီး၌ မိုင်းဟုယူဆထားသည့် ပစ္စည်းနှလုံးပူးပြီးရှိနေသည်ကို ပြည်သူများတွေ့ရှိခဲ့ပြီးနောက် အခြားတစ်နေရာတွင်လည်း အလားတူပစ္စည်းတစ်ခုကို စစ်သားများသိမ်းယူသွား |
စစ်ကောင်စီတပ်များ ဝင်ရောက်နေထိုင်သည့် ယုဇနကုမ္ပဏီ အဆောက်အဦးများအား ကေအိုင်အေမှ ဖျက်ဆီးပစ် Posted: 20 May 2021 06:15 AM PDT May 20 - Kachinwaves စစ်ကောင်စီတပ်ဖွဲ့ဝင်များ လာနေလျှက်ရှိသည့် ဖားကန့်မြို့နယ်ရှိ ရှထူးဇွပ်ကျေးရွာအုပ်စု ဘန်ကောက်ကျေးရွာက ယုဇနကုမ္ပဏီစက်ရုံကြီးအား ဘက်ဖော်နှစ်စီးဖြင့် မေ ၁၉ရက်နေ့ည ၉နာရီခန့်တွင် ကေအိုင်အေမှ ဖျက်ဆီးပစ်ခဲ့ကြောင်း သတင်းရရှိသည်။ ယုဇနကုမ္ပဏီတွင် ၀င်ရောက်နေထိုင်မှုများ မပြုလုပ်ရန် ကေအိုင်အေမှ သတိပေးထားသော်လည်း စစ်ကောင်စီ လက်နက်ကိုင်များ ၀င်ရောက်နေထိုင်လာသဖြင့် ဖျက်ဆီးခဲ့ခြင်း |
You are subscribed to email updates from THIT HTOO LWIN (Daily News). To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google, 1600 Amphitheatre Parkway, Mountain View, CA 94043, United States |
No comments:
Post a Comment
5
Note: Only a member of this blog may post a comment.