သစ္ထူးလြင္ |
- တက္ကသိုလ်တွေ၊ကောလိပ်တွေမှာ ထီလက်မှတ်ကို ဈေးလျှော့ရောင်းဖို့ ပြင်နေ
- စစ်ကောင်စီတပ်တွေနဲ့ ချင်းကာကွယ်ရေးတပ်ဖွဲ့ ဖလမ်းမှာတိုက်ပွဲဖြစ်
- မြန်မာစစ်တပ်ကို အရေးယူဖို့ လွတ်မြောက် ဂျပန်သတင်းထောက် တောင်းဆို
- တောင်တွင်းကြီးမြို့နယ် ကျေးရွာအုပ်စု ရွေးကော်ဥက္ကဋ္ဌ စစ်တပ်က ရိုက်နှက်လို့ သေဆုံး
- မင်းတပ်က အရပ်သားတွေကို အကာအကွယ်ပေးဖို့ ကုလတောင်းဆို
- ဂျပန်က အကူအညီတွေရပ်ဖို့ စဉ်းစားနေ
- မြောင်က ကျေးရွာတစ်ရွာ ကုန်းရော၊ ရေပါ အဝိုင်းခံရပြီး ရွာသား ၁၅ ဦးထက်မနည်းဖမ်းဆီးခံထားရ
- မြန်မာနိုင်ငံ ဒီမိုကရေစီလမ်း ပြန်တည့်မတ်ရေး နိုင်ငံတကာကူညီဖို့ ဒေါ်ဇင်မာအောင်ပန်ကြား
- NLD ကို ဖျက်သိမ်းသင့်မသင့် စဉ်းစားမည် (နစက UEC ဥက္ကဋ္ဌ ဦးသိန်းစိုး)
- ဒီးမော့ဆိုမြို့နယ်မှာ စစ်ကောင်စီနဲ့ လူထုကာကွယ်ရေးတပ် တိုက်ပွဲပြင်းထန်
- မင်းတပ်မြို့ကို ကူညီခွင့်ပေးဖို့ လူ့အခွင့်အရေး ဆရာဝန်များအဖွဲ့ တောင်းဆို
- ဆိုင်းနူးပန်နှင့် လွမ်းဇောင်း အကြမ်းဖက် ဖမ်းဆီးခံရ
- အကြမ်းဖက်သမားတွေ လက်နက်ကြီးနှင့်ပစ်ခတ်မှုကြောင့် ဟားခါးမြို့နယ်မှာ တစ်ရွာလုံးထွက်ပြေး
- ရွှေကူတွင် သင်္ဘောတစ်စီး ထပ်မံ ပစ်ခတ်ခံရ
- မိုးကောင်းတွင် အပြစ်မဲ့ ပြည်သူတစ်ဦး သေနတ်ပစ်ခတ်ခံရပြီး သေဆုံး။
- မြဝတီမြို့တွင် စစ်ကောင်စီ လုံခြုံရေးအဖွဲ့မှ ပစ်ခတ်မှုကြောင့် တပ်ကြပ်ကြီး၏ ဇနီး သေဆုံး
- မင်းတပ်မြို့တွင်ရေပြန်ရပြီး လျှပ်စစ်မီးနှင့် ဖုန်းလိုင်းများဖြတ်တောက် ဟုသိရ
- ဖလမ်း-ကလေးလမ်းတိုက်ပွဲ စစ်ကောင်စီမှ ဗိုလ်ကြီး အပါအဝင် ၆ ဦးသေ၊ CNDF ၁ ဦးကျဟုထုတ်ပြန်
- လုံခြုံရေးနဲ့သွားလာခွင့်အခက်အခဲကြောင့်မင်းတပ်ပြည်သူကိုကူညီရာတွင်နှောင့်နှေးဟုကုလထုတ်ပြန်
- ဗန်းမော် စစ်ရှောင် (၃၀၀၀ )ကျော် အတွက ်ဆေးဝါးများ အရေးပေါ်လိုအပ်နေ
- ကရင်နီပြည် (ကယားပြည်) ဒီးမော့ဆိုမြို့ရှိ ထူလွီးဘီလာဂိတ်ကို ယနေ့ညနေ ၅:၅၀ ခန့်တွင် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များမှ သိမ်းပိုက်ပြီး မီးရှို့ခဲ့သည့် မြင်ကွင်း။
- စစ်ကောင်စီ ပစ်သည့် လက်နက်ကြီးကြောင့် မိုးမောက်မြို့နယ် မြို့သစ် ကျေးရွာ နေအိမ်များ မီးလောင်မှုဖြစ်ပွားနေ
တက္ကသိုလ်တွေ၊ကောလိပ်တွေမှာ ထီလက်မှတ်ကို ဈေးလျှော့ရောင်းဖို့ ပြင်နေ Posted: 21 May 2021 08:41 AM PDT (၁၅)ကြိမ်မြောက် ကျပ် တစ်ထောင်တန် အောင်ဘာလေထီ သိန်းဆုဖွင့်ပွဲအဆင့်မြင့်ပညာရေးအောက်မှာရှိတဲ့ တက္ကသိုလ်၊ကောလိပ်တွေက ထီထိုးလိုသူတွေအနေနဲ့ ထီလက်မှတ် ၁၁ စောင်ကို ၁၀ စောင်နှုန်းထားနဲ့ မှာနိုင်တယ်လို့ဆိုပြီး အဆင့်မြင့်ပညာဦးစီးဌာနက စာတစ်စောင်ထုတ်လာပါတယ်။အောင်ဘာလေသိန်းဆုဌာနကနေ လစဉ်မှာနိုင်တယ်ဆိုတဲ့အဲဒီစာကို တက္ကသိုလ်၊ ကောလိပ်တွေက ပါမောက္ခချုပ်ကြီးတွေ၊ ကျောင်းအုပ်ကြီးတွေကို ဖြန့်ဝေဖို့ ဆိုတဲ့ ညွှန်ကြားချက် |
စစ်ကောင်စီတပ်တွေနဲ့ ချင်းကာကွယ်ရေးတပ်ဖွဲ့ ဖလမ်းမှာတိုက်ပွဲဖြစ် Posted: 21 May 2021 08:40 AM PDT မေ(၁၉ )ရက်နေ့က မင်းတပ် ချင်းကာကွယ်ရေးတပ်ဖွဲ့ CDF က စစ်တပ်ကားတစီးကို ခြုံခိုတိုက်ခိုက်ခဲ့စဉ် (Photo by Handout / CHIN WORLD / AFP)ချင်းပြည်နယ် ဖလမ်းမြို့ နဲ့ ကလေးမြို့ကြားမှာ စစ်ကောင်စီတပ်တွေနဲ့ ဖလမ်း ဒေသခံကာကွယ်ရေးအဖွဲ့ CDF တို့ ဒီကနေ့ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ ဖလမ်း CDF ဘက်က ၁ ယောက်သေဆုံးသလို စစ်တပ်ဖက်ကလည်း အကျအဆုံးရှိတယ်လို့ သူတို့က ပြောပါတယ်။ ချင်းပြည်နယ်ဘက်မှာ တိုက်ခိုက်မှုတွေ ဖြစ်နေချိန်၊ |
မြန်မာစစ်တပ်ကို အရေးယူဖို့ လွတ်မြောက် ဂျပန်သတင်းထောက် တောင်းဆို Posted: 21 May 2021 08:38 AM PDT Japanese journalist Kitazumi Yukiမြန်မာနိုင်ငံက အာဏာသိမ်း စစ်အုပ်ချုပ်ရေးကောင်စီအပေါ် အရေးယူ ဒဏ်ခတ်ပြီး အကူအညီတွေ ဖြတ်တောက်ဖို့ မကြာခင်က မြန်မာ အကျဉ်းထောင်က လွတ်မြောက်လာတဲ့ ဂျပန် သတင်းထောက် Yuki Kitazumi က ဂျပန်အစိုးရကို တောင်းဆိုလိုက်ပါတယ်။ ဒီလို အကူညီ တွေ အားလုံး ဖြတ်တောက်တာဟာ မြန်မာနိုင်ငံမှာရင်ဆိုင်နေရတဲ့ ပြဿနာအားလုံးရဲ့ အဖြေမဟုတ်ပေမဲ့လည်း စစ်အုပ်ချုပ်ရေး ကောင်စီကို ထိထိရောက်ရောက် |
တောင်တွင်းကြီးမြို့နယ် ကျေးရွာအုပ်စု ရွေးကော်ဥက္ကဋ္ဌ စစ်တပ်က ရိုက်နှက်လို့ သေဆုံး Posted: 21 May 2021 08:36 AM PDT မကွေးတိုင်း တောင်တွင်းကြီးမြို့နယ် စည်သာကြီးကျေးရွာက ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးခင်မောင်ကြည် ကို တောတွင်း ပုန်းအောင်းနေရာကနေ စစ်တပ်က ရှာဖွေတွေ့ရှိပြီး ဖမ်းဆီးရိုက်နှက်လို့ မေလ ၁၉ ရက်နေ့က သေဆုံးသွားခဲ့ပြီး မနေ့ ညနေက သဂြိုဟ်ခဲ့ပါတယ်။ သူ့ဖခင်ကို ပြင်းပြင်းထန်ထန်နှိပ်စက်ခဲ့တယ်လို့ သိရကြောင်း သမီးဖြစ်သူက RFA ကို ပြောပါတယ်။ သူ့အလောင်းကို ပြန်ရဖို့ မိသားစုက စစ်တပ်ကို ငွေကျပ် ၅ သိန်းပေးခဲ့ရတယ်လို့ |
မင်းတပ်က အရပ်သားတွေကို အကာအကွယ်ပေးဖို့ ကုလတောင်းဆို Posted: 21 May 2021 08:34 AM PDT မင်းတပ်က အရပ်သားတွေကို အကာအကွယ်ပေးဖို့ ကုလတောင်းဆို စစ်ကောင်စီတပ်ကြောင့် တောထဲထွက်ပြေးနေရတဲ့ မင်းတပ်မြို့က ပြည်သူတွေကို တွေ့ရစဉ် / Photo CJချင်းပြည်နယ် မင်းတပ်မြို့မှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေအနေနဲ့ အရပ်သားတွေနဲ့ အများပြည်သူပိုင် အဆောက် အအုံတွေကို မထိခိုက်အောင် ထိန်းထိန်းသိမ်းသိမ်းဆောင်ရွက်ဖို့၊ တိုက်ခိုက်သူတွေနဲ့ အရပ်သားတွေအကြား ပစ်မှတ်ခွဲခြားဖို့၊ အင်အားအလွန်အကျွံမသုံးဖို့နဲ့ အရပ်သားတွေကို ကာ |
ဂျပန်က အကူအညီတွေရပ်ဖို့ စဉ်းစားနေ Posted: 21 May 2021 08:32 AM PDT မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှု ကန့်ကွက်ဆန္ဒပြသူတွေကို စစ်ကောင်စီတပ်ဖွဲ့တွေက အကြမ်းဖက် ဖိနှိပ်ဖြိုခွဲနေတဲ့အတွက် မြန်မာနိုင်ငံကို ဂျပန်က ပေးနေတဲ့ အထောက်အပံ့တွေအားလုံးကို ဆိုင်းငံ့ထားဖို့ စဉ်းစားနေတယ်လို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီး တိုရှီမစ်ဆု မိုတက်ဂီက ပြောပါတယ်။မြန်မာနိုင်ငံအတွက် အထောက်အပံ့သစ်တွေ ထပ်မပေးဖို့ ဂျပန်အစိုးရက ဆိုင်းငံ့ထားပြီး ဖြစ်ပေမဲ့ ဒီကန့်သတ်ချက်ကို ထပ်တိုးလုပ်သွားဖွယ် ရှိတယ်လို့ |
မြောင်က ကျေးရွာတစ်ရွာ ကုန်းရော၊ ရေပါ အဝိုင်းခံရပြီး ရွာသား ၁၅ ဦးထက်မနည်းဖမ်းဆီးခံထားရ Posted: 21 May 2021 08:31 AM PDT စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်ထဲက ရွာတစ်ရွာကို စစ်ကောင်စီတပ်တွေက ရေပြင်ကရော၊ မြေမြင်ကပါ ဝိုင်းခဲ့ပြီးတဲ့နောက် ဒီနေ့ မေလ ၂၁ မနက်အစောပိုင်းမှာ ရွာသား ၁၅ ဦးထက်မနည်းကို ဖမ်းဆီးသွားတယ်လို့ ရွာခံတစ်ဦးက ပြောပါတယ်။စစ်ကောင်စီတပ်တွေ အဝိုင်းခံခဲ့ရတဲ့ရွာဟာ မြောင်မြို့ကနေ တနာရီလောက် ခရီးပေါက်တဲ့ ဧရာဝတီမြစ် အနောက်ဘက်ခြမ်းနဲ့ကပ်လျက်က ချောင်းဆင်းရွာငယ်လေးက ဖြစ်ပြီး စစ်ကောင်စီတပ်တွေလာတယ်ဆိုတဲ့သတင်းကြောင့် ရွာသား |
မြန်မာနိုင်ငံ ဒီမိုကရေစီလမ်း ပြန်တည့်မတ်ရေး နိုင်ငံတကာကူညီဖို့ ဒေါ်ဇင်မာအောင်ပန်ကြား Posted: 21 May 2021 08:29 AM PDT The Wilson Center မှာ ပြုလုပ်တဲ့ မြန်မာ့အရေး အွန်လိုင်းဆွေးနွေးပွဲမြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လျှောက်လှမ်းနိုင်ရေးအတွက် မြန်မာစစ်တပ်ကို လက်နက်မရအောင် ဝိုင်းဝန်းလုပ်ဆောင်ပေးကြဖို့ ကြာသပတေးနေ့က ဝါရှင်တန်ဒီစီက Wilson စင်တာမှာ ပြုလုပ်တဲ့ မြန်မာ့အရေး အွန်လိုင်းဆွေးနွေးပွဲမှာ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ပန်ကြားလိုက်ပါတယ်။"မြန်မာစစ်တပ်ဖြစ်တဲ့ |
NLD ကို ဖျက်သိမ်းသင့်မသင့် စဉ်းစားမည် (နစက UEC ဥက္ကဋ္ဌ ဦးသိန်းစိုး) Posted: 21 May 2021 08:27 AM PDT စစ်ကောင်စီ ဖွဲ့စည်းထားတဲ့ ရွေးကောက်ပွဲ ကော်မရှင် နဲ့ နိုင်ငံရေးပါတီ ကိုယ်စားလှယ်များတွေ့ဆုံ၂၀၂၀ ရွေးကောက်ပွဲမှာ မဲမသမာမှုတွေ ရှိခဲ့တဲ့အတွက် NLD အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကို ဖျက်သိမ်းမလား၊ မဲမသာမှု ကျုးလွန်ခဲ့တဲ့သူတွေကို အရေးယူမလား စဉ်းစား ဆောင်ရွက်သွားမယ့်အကြောင်း စစ်အုပ်ချုပ်ရေးကောင်စီ ဖွဲ့စည်းထားတဲ့ ရွေးကောက်ပွဲ ကော်မရှင်က ပြောဆိုပါတယ်။"မကြာခင် မဲစာရင်းတွေ စစ်ဆေးပြီးစီးမှာဖြစ်တဲ့အတွက် |
ဒီးမော့ဆိုမြို့နယ်မှာ စစ်ကောင်စီနဲ့ လူထုကာကွယ်ရေးတပ် တိုက်ပွဲပြင်းထန် Posted: 21 May 2021 08:26 AM PDT ကရင်နီပြည်နယ် (ကယား) ဒီးမော့ဆိုမြို့နယ် ဒေါငံခါးကျေးရွာအတွင်း စစ်ကောင်စီတပ်တွေ ဒီမနက်က ဝင်ရောက်လာပြီး လူထုကာကွယ်ရေးအဖွဲ့တွေနဲ့ ပစ်ခတ်မှုတွေ ရှိနေတယ်လို့ လူထုကာကွယ်ရေးအဖွဲ့မှာ ပါဝင်သူတွေက ပြောပါတယ်။ဒီပစ်ခတ်မှုအတွင်း ဒေသခံ တစ်ဦးသေဆုံးခဲ့သလို ဒေသခံ တစ်ထောင်ဝန်းကျင်လောက် နီးစပ်ရာကို ထွက်ပြေးနေရတယ်လို့လည်း ဒေသခံကပြောပါတယ်။ဒီမနက်ပိုင်းအစောပိုင်းက ကရင်နီပြည်နယ် ဒီးမော့ဆိုမြို့နယ် ဒေါငံခါးကျေးရွာ ငွေ |
မင်းတပ်မြို့ကို ကူညီခွင့်ပေးဖို့ လူ့အခွင့်အရေး ဆရာဝန်များအဖွဲ့ တောင်းဆို Posted: 21 May 2021 08:23 AM PDT မင်းတပ်မြို့ကို ကူညီခွင့်ပေးဖို့ လူ့အခွင့်အရေး ဆရာဝန်များအဖွဲ့ တောင်းဆို ချင်းပြည်နယ် မင်းတပ်မြို့ ကျန်းမာရေးဦးစီးဌာနရုံးရှေ့မှာတွေ့ရတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်များ။Photo: Chin Human Right Organizationချင်းပြည်နယ်၊ မင်းတပ်မြို့ကို စစ်အုပ်ချုပ်ရေးကြေညာပြီး လေကြောင်းကရော မြေပြင်ကပါ အပြင်းအထန် တိုက်ခိုက်ဖိနှိပ်နေလို့ မင်းတပ်မြို့နေလူထု အကြီးအကျယ်ဒုက္ခရောက်နေတဲ့အပေါ် Physicians for Human Rights လူ့ |
ဆိုင်းနူးပန်နှင့် လွမ်းဇောင်း အကြမ်းဖက် ဖမ်းဆီးခံရ Posted: 21 May 2021 08:06 AM PDT ကချင်လူငယ်တက်ကြွလှုပ်ရှားသူ ဆိုင်းနူးပန်နှင့် လွမ်းဇောင်း တို့ ၂ ဦးကို ယနေ့ နေ့လည်ခန့်က အကြမ်းဖက်စစ်သားများက ကားဖြင့်တိုက်ကာ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။ဆိုင်းနူးပန်၏ အဘိုးအသုဘအခမ်းအနားသွားသည့်ခရီးစဉ်တွင် ဖမ်းဆီးခံရခြင်းဖြစ်ပြီး ဆိုင်းနူးပန်နှင့် လွမ်းဇောင်းအပါဝင် ကားတစ်စီးတွင်ပါလာသော အခြား လူငယ် ၂ ဦးလည်း ဖမ်းဆီးခံရကြောင်း သိရသည်။"အသုဘသွားတဲ့လမ်းမှာ သေနတ်ပစ်ပြီးမှ တိုက်ပြီး ဖမ်းခေါ်သွားတယ် |
အကြမ်းဖက်သမားတွေ လက်နက်ကြီးနှင့်ပစ်ခတ်မှုကြောင့် ဟားခါးမြို့နယ်မှာ တစ်ရွာလုံးထွက်ပြေး Posted: 21 May 2021 08:02 AM PDT Credit: The Chin Journalဟားခါးမြို့ ရုန်းတောင် အခြေစိုက် အကြမ်းဖက်စစ်ကောင်စီတပ် (၂၆၆) ကနေ ၂ ရက်ဆက်တိုက်လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ဟားခါးမြို့နယ်၊ လောက်လုံးကျေးရွာသားအားလုံးထွက်ပြေးရ ကြောင်း ရွာသားတစ်ဦးက ချင်းဂျာနယ်သို့ပြောသည်။လောက်လုံးကျေးရွားအနီးရှိ CDF-Hakha ၏ ယာယီစခန်းကို အကြမ်းဖက်စစ်ကောင်စီမှ မောင်းသူမဲ့ဒရုန်းလေယာဥ်ငယ်များ အသုံးပြု၍ ထောက်လှမ်းမှုပြုများပြုလုပ်ပြီး မေလ ၁၈ နှင့် ၁၉ |
ရွှေကူတွင် သင်္ဘောတစ်စီး ထပ်မံ ပစ်ခတ်ခံရ Posted: 21 May 2021 07:58 AM PDT May 21, 2021/ Kachin News Groupရွှေကူမြို့နယ်တွင် အာဏာသိမ်းစစ်တပ်၏ စစ်အင်အားပါဝင်လာနိုင်သော ပင်လုံ သင်္ဘောတစ်စီး ယနေ့ နံနက်ပိုင်းက ထပ်မံ ပစ်ခတ်ခံလိုက်ရကြောင်း သိရသည်။ယနေ့ ၁၁ နာရီခွဲ ဝန်းကျင်ခန့်တွင် ကသာမှ ရွှေကူမြို့သို့ ဆန်တက်လာသသည့် သင်္ဘောတစ်စီးကို ရွှေကူမြို့နယ် မင်းကျောင်းကုန်းနှင့် သာယာကုန်းကျေးရွာကြားတွင် ကချင်လွတ်လပ်ရေးတပ်မတော် KIA က ပစ်ခတ်ခဲ့သည်ဟု ရွှေကူ ဒေသခံတစ်ဦးက KNG သတင်းဌာနကို |
မိုးကောင်းတွင် အပြစ်မဲ့ ပြည်သူတစ်ဦး သေနတ်ပစ်ခတ်ခံရပြီး သေဆုံး။ Posted: 21 May 2021 07:57 AM PDT Photo - CJကချင်ပြည်နယ်၊ မိုးကောင်းမြို့တွင် အမျိုးသားတစ်ဦး နောင်ကိုင်တော်ရပ်ကွက်ရှိ အင်းတွင် မြုပ်ထောင်သွားရာ သေနတ်ဖြင့် ၅ချက်ထက်မနည်း ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်းသိရသည်။မေလ ၂၁ရက်နေ့ ယနေ့ ညနေပိုင်း ၃နာရီခန့်အချိန်တွင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မည်သည့်အဖွဲ့အစည်းမှ ပစ်ခတ်သွားသည်ကို မသိရသေးကြောင်း ဒေသခံတစ်ဦးထံမှသိရသည်။နောင်ကိုင်တော်ရပ်ကွက်က အကြမ်းဖက် စစ်တပ် (၇၄)တပ်ရင်းနီးတွင်ရှိကြောင်းသိရသည်။Edit |
မြဝတီမြို့တွင် စစ်ကောင်စီ လုံခြုံရေးအဖွဲ့မှ ပစ်ခတ်မှုကြောင့် တပ်ကြပ်ကြီး၏ ဇနီး သေဆုံး Posted: 21 May 2021 07:55 AM PDT မေလ ၂၁ ရက် ၊ ၂၀၂၁ ခုနှစ်။ ကေအိုင်စီကရင်ပြည်နယ် မြဝတီမြို့တွင် ယမန်နေ့ ညပိုင်းက စစ်ကောင်စီ လုံခြုံရေးအဖွဲ့မှ ပစ်ခတ်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ က တပ်ကြပ်ကြီး၏ ဇနီး သေနတ်ထိမှန် ဒဏ်ရာဖြင့် သေဆုံးခဲ့ကြောင်း သိရသည်။ဖြစ်စဉ်မှာ ယမန်နေ့ မေလ ၂၀ရက် ည ၉း၄၅ အချိန်ခန့်က မြဝတီမြို့ အမှတ် ၄ ရပ်ကွက်ရုံးရှေ့ ဘုရင့်နောင်လမ်းမကြီးပေါ်တွင် စစ်ကောင်စီအဖွဲ့မှလုံခြုံရေးဆောင်ရွက်နေစဉ် ညမထွက်ရအမိန့် ကျူးလွန်ပြီး |
မင်းတပ်မြို့တွင်ရေပြန်ရပြီး လျှပ်စစ်မီးနှင့် ဖုန်းလိုင်းများဖြတ်တောက် ဟုသိရ Posted: 21 May 2021 07:52 AM PDT စစ်အုပ်ချုပ်ရေးကြေညာခံထားရသည့် မင်းတပ်မြို့တွင် ဖုန်းလိုင်းနှင့် လျှပ်စစ်မီးများ ဖြတ်တောက်ခံထားရကြောင်း သိရသည်။စစ်ဘေးရှောင်ဒေသခံတစ်ဦးက `မြို့ပေါ်မှာ လျှပ်စစ်မီးနဲ့ ဖုန်းတွေဖြတ်တောက်ထားလို့ သိရတယ် ရေကတော့ ပြန်ရတယ်လို့တော့ ကြားတယ်"ဟုပြောသည်။လက်ရှိ မင်းတပ်မြို့တွင် စစ်ဘေးရှောင် ၁၀၀၀၀ ကျော်ရှိနေပြီး စစ်ဘေးရှောင်များ၏ စားဝတ်နေရေးမှာ အလွန်အခက်အခဲဖြစ်နေကြောင်းလည်း သိရှိရသည်။ မင်းတပ်မြိို့တွင် စစ် |
ဖလမ်း-ကလေးလမ်းတိုက်ပွဲ စစ်ကောင်စီမှ ဗိုလ်ကြီး အပါအဝင် ၆ ဦးသေ၊ CNDF ၁ ဦးကျဟုထုတ်ပြန် Posted: 21 May 2021 07:50 AM PDT ချင်းပြည်နယ်၊ ဖလမ်း-ကလေး ကားလမ်းတွင် ယနေ့နံနက်ပိုင်း CNDF နှင့်စစ်ကောင်စီ (အင်အား ၈ယောက်)သည် တိုက်ပွဲဖြစ်ရာ စစ်ကော်စီတပ်ဘက်မှ ဗိုလ်ကြီးအဆင့်ရှိသူတစ်ဦးအပါအ၀င် (၆)ယောက်သေဆုံးပြီး ၂ ယောက်ဒဏ်ရာဖြင့်ထွက်ပြေးကြောင်း၊ CNDF မှ Salai Cung Nawl Piang ကျဆုံးကြောင်း CNO/CNDF က၎င်းတို့လူမှုကွန်ရက်စာမျက်နှာတွင် သတင်းထုတ်ပြန်ထားသည်။Chin National Organization/Chin National Defense Force (CNO/CNDF)သည် |
လုံခြုံရေးနဲ့သွားလာခွင့်အခက်အခဲကြောင့်မင်းတပ်ပြည်သူကိုကူညီရာတွင်နှောင့်နှေးဟုကုလထုတ်ပြန် Posted: 21 May 2021 07:49 AM PDT ဖမ်းဆီးထားတဲ့ဆန္ဒပြလူငယ်တွေကိုပြန်မလွှတ်ပေးရာကပြီး စစ်ကောင်စီတပ်တွေနဲ့ ဒေသခံ ချင်းပြည်သူ့ကာကွယ်ရေး CDFအဖွဲ့တွေ တိုက်ခိုက်မှုတွေ ဖြစ်ခဲ့ပြီး စစ်အုပ်ချုပ်ေရးေကြညာခံထားရတဲ့မင်းတပ်မြို့နယ်ကဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတာကြောင့် လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့ လုပ်ဆောင်ပေးနေပေမယ့် မင်းတပ်မြို့ကိုကူညီရာမှာ လုံခြုံရေး၊ လမ်းပိတ်ဆို့မှုနဲ့ သွားလာခွင့်အခက်အခဲတွေကြောင့် အကူအညီပေးရေး နှောင့်နှေးနေတယ် |
ဗန်းမော် စစ်ရှောင် (၃၀၀၀ )ကျော် အတွက ်ဆေးဝါးများ အရေးပေါ်လိုအပ်နေ Posted: 21 May 2021 07:47 AM PDT မေ ၂၁ရက် ၂၀၂၁ကချင်ပြည် ဗန်းမော်မြို့တွင် ရောက်ရှိနေသည့် သျှမ်းစစ်ရှောင် (၃၀၀၀ )ကျော် အတွက် ဆေးဝါး များ အခက်အခဲဖြစ်ကာ အရေးပေါ် လိုအပ်နေကြောင်း သတင်းရရှိသည်။ ထိုစစ်ရှောင်များသည် မိုးမောက်မြို့နယ်တွင် ကချင်တပ်မတော် (KIA) နှင့် အာဏာသိမ်းစစ်ကောင်စီတို့ တိုက်ပွဲပြင်းထန်မှုကြောင့် ဗန်းမော် မြို့နယ် ဘက်သို့ ထွက်ပြေတိမ်းရှောင်လာရပြီး၊ ယခုထိ နေရပ်ကို မပြန်နိုင်သေးကြောင်း စစ်ရှောင်ကူညီပေးနေသူများထံ သိရသည် |
Posted: 21 May 2021 07:45 AM PDT Photo by Knlcကရင်နီပြည် (ကယားပြည်) ဒီးမော့ဆိုမြို့ရှိ ထူလွီးဘီလာဂိတ်ကို ယနေ့ညနေ ၅:၅၀ ခန့်တွင် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များမှ သိမ်းပိုက်ပြီး မီးရှို့ခဲ့သည့် မြင်ကွင်း။SHAN News (Burmese Version) https://www.facebook.com/shannewsburmese |
Posted: 21 May 2021 07:41 AM PDT May 21 - Kachinwavesစစ်ကောင်စီလက်နက်ကိုင်တွေ ပစ်သည့် လက်နက်ကြီးကြောင့် မိုးမောက်မြို့နယ် မြို့သစ်ကျေးရွာမှာ လက်ရှိချိန်(8:00 pm) မီးလောင်မှုဖြစ်ပွားနေကြောင်း သတင်းရရှိသည်။ ရပ်တော်မူဘုရားသွားသည့်လမ်း ကချင်များသည့်နေရာတွင်ဖြစ်ကြောင်းလည်း သိရသည်။ "လက်နက်ကြီး ကျပြီး မီးလောင်တာတွေ့တာပဲ။ လက်နက် အသေးပစ်တာ မရှိပဲ လက်နက်ကြီးပဲ စပစ်လာတာ။ ပြီးမှ အသေးအနည်းငယ်ပစ်တယ်"ဟု ဒေသခံ တစ်ဦးကဆိုသည်။ ထိုမြို့ |
You are subscribed to email updates from THIT HTOO LWIN (Daily News). To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google, 1600 Amphitheatre Parkway, Mountain View, CA 94043, United States |
No comments:
Post a Comment
5
Note: Only a member of this blog may post a comment.