သစ္ထူးလြင္ |
- Frontier Myanmar အယ်ဒီတာ လေဆိပ်မှာ ထိန်းသိမ်းခံရ
- ဒေါ်အောင်ဆန်းစုကြည် ပန်းမပန်တဲ့နေ့များ
- ခရစ်ယာန်ကျောင်းပေါ် လက်နက်ကြီးကျည် ကျ အရပ်သား လေးဦး သေဆုံး၊ ရှစ်ဦး ဒဏ်ရာရ
- နိုင်ငံအနှံ့ ပေါက်ကွဲမှုတွေခပ်စိပ်စိပ်ဖြစ်လာလို့ လုံခြုံရေးစိုးရိမ်မှုတိုး
- ပြည်သူရှိနေသရွေ့ ပါတီလည်းရှိမည် - ဒေါ်အောင်ဆန်းစုကြည်
- ဒေါ်အောင်ဆန်းစုကြည်ကို ပထမဆုံးအကြိမ် လူကိုယ်တိုင်ရုံးထုတ်
- လွိုင်ကော်မြို့နဲ့ ဒီမော့ဆိုမြို့တွေမှာ ညအချိန်မှစပြီး ပစ်ခတ်မှုတွေဖြစ်ပွားနေ
- စစ်ဘေးရှောင်ပြည်သူတွေအတွက် ဆေးဝါးနဲ့ စားနပ်ရိက္ခာ အထူးလိုအပ်
- စစ်ကောင်စီလက်နက်ကိုင်တွေ ပစ်သည့် လက်နက်ကြီးထိပြီး မိုးမောက်မြို့က ကလေးငယ်တစ်ဦးသေဆုံး
- လဲချားမြို့ ရဲလင်မယားရန်ဖြစ်၊ ရဲတပ်ကြပ် ကိုယ့်ကိုယ်ကို သတ်သေ
- တောင်ကြီးမြို့ ကြံခိုင်ရေးရုံးအနီး ပေါက်ကွဲမှုဖြစ်
- ကရင်နီပြည် (ကယားပြည်) ဒီမော့ဆိုမြို့နယ်ရှိ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိရုံးဝန်း ယနေ့ (မေ ၂၄)ရက် နေ့လည်ပိုင်းတွင် မီးလောင်နေ
- မြစ်ကြီးနား မြေမြင့်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး မီးလောင်၊အုပ်ချုပ်ရေးမှူးအိမ် မိုင်းခွဲခံရ
- ဟိုပင်မြို့ ဝက်ကုန်းတံတား မိုင်းခွဲခံလိုက်ရ။
- ချင်းပြည်နယ်တွင် အခြေခံပညာကျောင်းအပ်နှံမှုပထမရက်တွင် အပ်နှံသူ ၁,၇၉၆ ဦးရေရှိ
- ကလေးမြို့ အ.ထ.က (၆) ကျောင်းနံရံထောင့် ဗုံးပေါက်ကွဲ၊ စစ်ကောင်စီတပ်ဖွဲ့မှ သေနတ်များ ပစ်ဖောက်
Frontier Myanmar အယ်ဒီတာ လေဆိပ်မှာ ထိန်းသိမ်းခံရ Posted: 24 May 2021 10:13 AM PDT Frontier Myanmar သတင်းခန်းအုပ်ချုပ်မှု အယ်ဒီတာ ဒန်နီ ဖန်စတာရန်ကုန်မြို့ အခြေစိုက် Frontier Myanmar သတင်းဌာနရဲ့ သတင်းခန်းအုပ်ချုပ်မှု အယ်ဒီတာ ဒန်နီ ဖန်စတာ ကို ရန်ကုန်လေဆိပ်မှာ အာဏာသိမ်း စစ်ကောင်စီက ထိန်းသိမ်းလိုက်ပါတယ်။ကွာလာလမ်ပူမြို့ကို ထွက်ခွာမယ့် မစ္စတာ ဒန်နီ ဖန်စတာကို လေယာဉ်ခရီးစဉ်မတိုင်မီ လေဆိပ်မှာ ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာ ဖြစ်ပြီး အခုအခါ သူ့ကို အင်းစိန်ထောင်မှာ ထိန်းသိမ်းထားတယ်လို့ သိရ |
ဒေါ်အောင်ဆန်းစုကြည် ပန်းမပန်တဲ့နေ့များ Posted: 24 May 2021 10:11 AM PDT နေပြည်တော်မှာ ပထမဆုံး အကြိမ် လူကိုယ်တိုင်ရုံးထုတ်သူ ဒီနေ့ ပန်းမပန်ပါ။၂၀၂၁ ခုနှစ် မေလ ၂၄ ရက် နေပြည်တော်ကောင်စီ တစ်နေရာမှာ ဖြစ်ပါတယ်။စစ်အာဏာသိမ်းပြီးနောက် ရက်ပေါင်း ၁၀၀ ကျော်အတွင်းပထမဆုံး သူရဲ့ရုပ်ပုံကို မြင်တွေ့ရတဲ့အချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ သူပန်ဆင်လေ့ ရှိတဲ့ ပန်းပန်မထားတာကိုတွေ့ခဲ့ကြရတာ ဖြစ်ပါတယ်။ခိုပြာရောင်အင်္ကျီနဲ့ ဇင်းမယ်လုံချည် ဝတ်ထားပြီး ခေါင်းစည်းကြိုးပဲ စည်းထားတယ်လို့ ဒီနေ့ ဒေါ် |
ခရစ်ယာန်ကျောင်းပေါ် လက်နက်ကြီးကျည် ကျ အရပ်သား လေးဦး သေဆုံး၊ ရှစ်ဦး ဒဏ်ရာရ Posted: 24 May 2021 10:06 AM PDT ကယားပြည်နယ် လွိုင်ကော်မြို့နယ်ထဲက ကယန်းသာယာ(တောင်)ကျေးရွာ ခရစ်ယာန်ဘုရားကျောင်းပေါ်ကို မေလ ၂၄ ရက် ဒီနေ့မနက် တစ်နာရီလောက်က စစ်ကောင်စီတပ်ဘက်က ပစ်လိုက်တဲ့ လက်နက်ကြီးကျလို့ ဘုရားကျောင်းထဲမှာ ခိုလှုံနေတဲ့ အရပ်သား လေးဦး သေဆုံးပြီး၊ ရှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။လက်နက်ကြီးကျည် ကျရောက်ခဲ့ပြီးနောက် မနက်ပိုင်းမှာ စစ်ကောင်စီတပ်တွေ မြို့တွင်းလှုပ်ရှားနေတာ ကြောင့် သေဆုံးသူတွေ ဘယ်သူတွေ |
နိုင်ငံအနှံ့ ပေါက်ကွဲမှုတွေခပ်စိပ်စိပ်ဖြစ်လာလို့ လုံခြုံရေးစိုးရိမ်မှုတိုး Posted: 24 May 2021 10:03 AM PDT တောင်ကြီးမြို့ ဗုံးပေါက်ကွဲမှု CCTV မှတ်တမ်း (CJ) ၊ မေလ ၂ဝ၊ ၂ဝ၂၁မြန်မာနိုင်ငံမှာ ရန်ကုန်မြို့အပါအဝင် မြို့ကြီးတွေ နေရာတော်တော်များများမှာ အသေးစား ပေါက်ကွဲမှုတွေ ခပ်စိပ်စိပ်ဖြစ်လာတာကြောင့် ပြည်သူတွေဟာ သူတို့ရဲ့လုံခြုံရေးကို စိုးရိမ်နေကြပါတယ်။ လမ်းတွေပေါ် စစ်ဆေးမေးမြန်းမှုတွေ များလာတဲ့အတွက် အိမ်ပြင်ထွက်ရင် သတိနဲ့ သွားလာနေကြရတယ်လို့ ပြည်သူအများက ပြောကြပါတယ်။ လုံခြုံရေးအတွက် စိုးရိမ်နေကြတဲ့အကြောင်း |
ပြည်သူရှိနေသရွေ့ ပါတီလည်းရှိမည် - ဒေါ်အောင်ဆန်းစုကြည် Posted: 24 May 2021 10:00 AM PDT ဒေါ်အောင်ဆန်းစုကြည် (မှတ်တမ်းဓါတ်ပုံ)ဖမ်းဆီးခံထားရတဲ့ မြန်မာခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြည်သူတွေရှိနေသမျှ ပါတီလည်းရှိနေမယ်လို့ ဒီကနေ့ရုံးထုတ်ချိန်မှာ ရှေ့နေကတဆင့် အမှာစကားပါးလာပါတယ်။ နေပြည်တော်ကောင်စီဝင်းထဲက အဆောက်အအုံတခုထဲမှာ ဒေါ်အောင်ဆန်းစုကြည်ကို နာရီဝက်ကြာတွေ့ခွင့်ရခဲ့ပြီး အမှုအကြောင်းဆွေးနွေးခွင့်ရခဲ့တယ်လို့ တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်ကပြောပါတယ်။စွဲချက်ပုဒ်မ ၆ ခုကို နာရီဝက်နဲ့ |
ဒေါ်အောင်ဆန်းစုကြည်ကို ပထမဆုံးအကြိမ် လူကိုယ်တိုင်ရုံးထုတ် Posted: 24 May 2021 09:58 AM PDT နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်ကောင်စီဝင်းအတွင်း အထူးပြုလုပ် ထားတဲ့ တရားရုံးမှာ မေလ ၂၄ ရက် ဒီနေ့ လူကိုယ်တိုင် ပထမဆုံးအကြိမ် ရုံးထုတ်ပြီး ရှေ့နေတွေနဲ့ တွေ့ဆုံ ခွင့်ရခဲ့ပါတယ်။ဒေါ်အောင်ဆန်းစုကြည်နဲ့ ရှေ့နေ ငါးယောက် မိနစ်သုံးဆယ်လောက်ကြာအောင် သီးသန့်တွေ့ဆုံခွင့် ရခဲ့ပေမယ့်၊ အခန်းကို စောင့်ကြည့်ကင်မရာတွေ တပ်ထားတဲ့အကြောင်း ရှေ့နေ ဒေါ်မင်းမင်းစိုးက သတင်းထောက်တွေကို |
လွိုင်ကော်မြို့နဲ့ ဒီမော့ဆိုမြို့တွေမှာ ညအချိန်မှစပြီး ပစ်ခတ်မှုတွေဖြစ်ပွားနေ Posted: 24 May 2021 09:27 AM PDT ဒီကနေ့ မေလ ၂၄ရက်နေ့ ညအချိန်မှစပြီး လွိုင်ကော်မြို့နဲ့ ဒီမော့ဆိုမြို့တွေမှာ ပစ်ခတ်သံတွေကြားနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။လွိုင်ကော်မြို့မှာ ညနေခင်း ၃နာရီလောက်ကစပြီး မြို့တွင်း၊ ရပ်ကွက်တွင်း လမ်းကြားအထိ စစ်ကောင်စီတပ်က လှည့်ပတ် စောင့်ကြည်သွားလာနေကြပြီး ညအချိန်မှာတော့ ပစ်ခတ်သံတွေ ဖြစ်ပွားနေတယ်လို့ သိရပါတယ်။စစ်ကောင်စီဖက်ကနေ တင့်ကား၊ အမြောက်ကား၊ လက်နက်ကြီးတွေသုံးပြီး PDF နဲ့ ပစ်ခတ်သလို မြို့တွင်း |
စစ်ဘေးရှောင်ပြည်သူတွေအတွက် ဆေးဝါးနဲ့ စားနပ်ရိက္ခာ အထူးလိုအပ် Posted: 24 May 2021 09:26 AM PDT ကရင်နီပြည်နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ နဲ့ စစ်ကောင်စီတပ်တို့ နေ့စဉ် တိုက်ပွဲဖြစ်ပွားလျက်ရှိနေပြီး စစ်ဘေးရှောင်ပြည်သူများလည်း ပိုမိုများပြားလာတဲ့အတွက် စစ်ရှောင်တဲ့နေရာမှာ ဆေးဝါးနဲ့ သောက်သုံးရေ အထူးလိုအပ်နေတယ်လို့ စစ်ရှောင်ပြည်သူတွေကို ကူညီပေးနေတဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။"ဆေးဝါးက မရှိမဖြစ်လိုအပ်တယ် ရှောင်ပြေးနေတဲ့နေရာမှာ ဆေးဝါးရောက်တာ တော်တော်လေး နည်းနေသေးတယ် ရာခိုင်နှုန်းအနေနဲ့ကြည့်မယ်ဆိုရင် |
စစ်ကောင်စီလက်နက်ကိုင်တွေ ပစ်သည့် လက်နက်ကြီးထိပြီး မိုးမောက်မြို့က ကလေးငယ်တစ်ဦးသေဆုံး Posted: 24 May 2021 09:23 AM PDT 24 May 2021 - Kachinwaves စစ်ကောင်စီ လက်နက်ကိုင်တွေ ပစ်သည့် လက်နက်ကြီးကြောင့် ဗန်းမော်ခရိုင် မိုးမောက်မြို့နယ် အလင်းကောင်ရပ်ကွက် သချိုင်းအနီးရှိ ကြက်ခြံ၌ ကြက်စာကြွေးနေသည့် ၆တန်းကလေးငယ်တစ်ဦး ယနေ့ မွန်းလွဲ ၁နာရီခန့်တွင် ဦးခေါင်း၌ ထိခိုက်ကာသေဆုံးသွားကြောင်း သတင်းရရှိသည်။Kachinwaves https://www.facebook.com/kachinwavesnews |
လဲချားမြို့ ရဲလင်မယားရန်ဖြစ်၊ ရဲတပ်ကြပ် ကိုယ့်ကိုယ်ကို သတ်သေ Posted: 24 May 2021 09:18 AM PDT မေ ၂၄ရက် ၂၀၂၁သျှမ်းပြည်တောင်ပိုင်း လဲချားမြို့ ရဲစခန်းအတွင်း ရဲတပ်ကြပ်လင်မယား ရန်ဖြစ်ရာ၊ ရဲတပ်သား သေဆုံးခဲ့ပြီး၊ အမျိုးသမီး ဖြစ်သူ ကျည်ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ဖြစ်စဉ်မှာ မေ (၂၂)ရက် ည (၉)နာရီ တွင် လဲချားမြို့ရဲစခန်းတွင် နေထိုင်သည် တပ်ကြပ်အဆင့်ရှိ ရဲ လင်မယား နှစ်ဦး ရန်ဖြစ်ရာ၊ အမျိုးသားဖြစ်သူက စပြီး အမျိုးသမီးကို သေနတ်ဖြင့် ပစ်ခဲ့ပြီးနောက် ၎င်းသည် ကိုယ့်ကိုယ်ကို သေနတ်ဖြင့် ပစ်သတ်ခဲ့ |
တောင်ကြီးမြို့ ကြံခိုင်ရေးရုံးအနီး ပေါက်ကွဲမှုဖြစ် Posted: 24 May 2021 09:17 AM PDT သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ ကြံ့ခိုင်းရေးရုံးအနီးတွင် ယနေ့ (မေ ၂၄) ရက် ညနေ ၃ နာရီခွဲအချိန်တွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။ " ကြံ့ခိုင်ရေရုံးရှေ့မှာ ရဲတွေကားတွေ ကြိုးတားပြီးတော့မှ ပိတ်ထားပါတယ်။ အဲနေရာမှာ ကွဲသွားတာပါ။ ကျနော်အခုမှ အဲရှေ့ကနေ ဖြတ်လာတာပါ" ဟု တောင်ကြီးမြို့ မျက်မြင်တွေ့ရှိသူ တစ်ဦး ကပြောသည်။ အဆိုပါ ကြံ့ခိုင်ရေရုံးရှေ့တွင် ယနေ့ မနက် (၁၀ ) နာရီ အချိန်တွင် |
Posted: 24 May 2021 09:16 AM PDT ကရင်နီပြည် (ကယားပြည်) ဒီမော့ဆိုမြို့နယ်ရှိ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိရုံးဝန်း ယနေ့ (မေ ၂၄)ရက် နေ့လည်ပိုင်းတွင် မီးလောင်နေကြောင်းသိရသည်။Photo- CJSHAN News (Burmese Version) https://www.facebook.com/shannewsburmese |
မြစ်ကြီးနား မြေမြင့်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး မီးလောင်၊အုပ်ချုပ်ရေးမှူးအိမ် မိုင်းခွဲခံရ Posted: 24 May 2021 09:08 AM PDT မေလ၂၄ရက်နေ့ ယနေ့ည ၉နာရီဝန်းကျင်၊မြစ်ကြီးနား မြေမြင့်ရပ်ကွက်အုပ်ချုပ်ရေးရုံး ပေါက်ကွဲမူဖြစ်ကာ မီးလောင်နေကြောင်း သိရသည်။Edit- တစ်ပြိုင်နက် အုပ်ချုပ်ရေးမှူးအိမ် ဗုံးခွဲခံရ၊အုပ်ချုပ်ရေးမှူး ဓါတ်ဆီနဲ့ပက်ခံရ။Kachin News Group https://www.facebook.com/theKachinNews |
ဟိုပင်မြို့ ဝက်ကုန်းတံတား မိုင်းခွဲခံလိုက်ရ။ Posted: 24 May 2021 09:07 AM PDT ဟိုပင်မြို့ ဝက်ကုန်းတံတား ယနေ့ည ၉နာရီဝန်းကျင် မိုင်း ခွဲခံလိုက်ရသည့်အပြင် လက်ရှိချိန်ထိ သေနတ်သံကြားနေရဆဲဖြစ်ကြောင်း ဒေသခံများကပြောသည်။"ဒီည ၉နာရီဝန်းကျင်မှာ ပေါက်ကွဲသံတွေကြားရတယ် ဝက်ကုန်းတံတားမိုင်းခွဲခံလိုက်ရတယ်လို့လည်း ကြားတယ်၊ခုထိလည်း သေနတ်သံတွေကြားနေရဆဲ အဲပေါက်ကွဲမူဖြစ်ပြီးတာနဲ့ ခုထိမီးလည်းမလာတော့ဘူး။"ဆိုပြီး ဒေသခံတစ်ဦးက ပြောသည်။ဒေသခံများ၏ ပြောချက်အရ တံတားမိုင်းခွဲခံရသည်ဟု ပြောဆိုမူများရှိနေ |
ချင်းပြည်နယ်တွင် အခြေခံပညာကျောင်းအပ်နှံမှုပထမရက်တွင် အပ်နှံသူ ၁,၇၉၆ ဦးရေရှိ Posted: 24 May 2021 09:05 AM PDT ချင်းပြည်နယ်တွင် ဖွင့်လှစ်ရန်ပြင်ဆင်ထားသော ကျောင်းအပ်နှံရေးပထမရက် ယနေ့ မေလ ၂၄ ရက်တွင် ကျောင်းသားအပ်နှံသူ ဦးရေ ၁,၇၉၆ ယောက်ရှိကြောင်းပြည်နယ်ပညာရေးမှုးထံမှသိရသည်။ "စာရင်းချုပ်ကတော့ ချင်းပြည်နယ် ၇မြို့နယ်အတွင်း မူဆင့်က ၉၆၆ ယောက်၊ လယ်ဆင့်က ၆၆၂ ယောက်၊ ထက်ဆင့်က ၁၆၈ ယောက်၊ ဒီနေ့တော့ သိပ်လာမအပ်ကြသေးဘူးထင်တယ်။ ကျောင်းအပ်နှံတဲ့ရက်က ခုမေလ ၃၁ ရက်ထိဆိုဝောာ့၊ နေ့တိုင်းနေ့တိုင်း အဲ့လို အပြောင်းလဲတော့ ရှိမှာ |
ကလေးမြို့ အ.ထ.က (၆) ကျောင်းနံရံထောင့် ဗုံးပေါက်ကွဲ၊ စစ်ကောင်စီတပ်ဖွဲ့မှ သေနတ်များ ပစ်ဖောက် Posted: 24 May 2021 09:03 AM PDT စစ်ကိုင်းတိုင်း၊ ကလေးမြို့ အောင်ေဇယျရပ်ကွက် အ.ထ.က(၆) ကျောင်းနံရံအနီးတွင် ယနေ့ မေလ ၂၄ ရက် နံနက် ၉ နာရီ ခွဲဝန်းကျင်တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ သေနတ် ပစ်ဖောက်ခဲ့ကြောင်း သိရသည်။အဆိုပါ ဗုံးပေါက်ကွဲမှုတွင် စစ်ကောင်စီတပ်သားနှစ်ဦး ဒဏ်ရာရရှိသည်ဟု ရပ်ကွက်နေပြည်သူများထံမှကြားသိရပါသည်။လက်ရှိအချိန်တွင် ကျောင်းအနီး စစ်ကောင်စီတပ်သားများ ရောက်ရှိနေပြီး ရှာဖွေစစ်ဆေးမှုများ |
You are subscribed to email updates from THIT HTOO LWIN (Daily News). To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google, 1600 Amphitheatre Parkway, Mountain View, CA 94043, United States |
No comments:
Post a Comment
5
Note: Only a member of this blog may post a comment.