သစ္ထူးလြင္ |
- ပြေတီဦး၊ အိန္ဒြာကျော်ဇင်နဲ့ မေတိုးခိုင်တို့ကို ၅၀၅ က နဲ့ တရားရုံအမှုစွဲတင်
- မန္တလေးတက္ကသိုလ်နဲ့ မန္တလာတက္ကသိုလ်က ဆရာနဲ့ဝန်ထမ်းတွေကို ရာထူးက ထုတ်ပယ်
- မန္တလေးဈေးချိုမှာ ပိတ်ထားတဲ့ ဆိုင်ခန်းတွေ ပြန်ဖွင့်ဖို့ ဖိအားပေးခံနေရ
- တွန်းဇန်မြို့နယ်၊ ကျီးခါးမြို့မှာ လူ၂၄ ဦး ကိုရိုနာရောဂါပိုး တွေ့ရှိ
- မြောင် ချောင်းဇင်းမှာ စစ်တပ်က ဘုန်းကြီးကျောင်းမှာတပ်စွဲပြီးစောင့်ကြည့်နေ
- ကနီ နယ်တိုက်ပွဲမှာ ပျောက်နေတဲ့ PDF တစ်ဦး အလောင်းပြန်တွေ့
- ကယားမှာ စစ်တပ်နဲ့ ဒေသခံကာကွယ်ရေးကြား တိုက်ပွဲဆက်ဖြစ်နေ
- Facebook သုံး သြဇာလွှမ်းဖို့ကြိုးစားတာကြောင့် ထိခိုက်နိုင်ငံတွေထဲ မြန်မာထိပ်ဆုံးကပါ
- ဗဟိုအမျိုးသမီးဆေးရုံက CDM ဝန်ထမ်း ၄၀၀ ကျော်ကို အစစ်ဆေးခံဖို့ခေါ်
- စစ်ကိုင်း ချောင်းဦးမှာ နေအိမ်သုံးအိမ် ဖျက်ဆီးခံရ
- ရှဒူးဇွပ် (Ja Htu Zup) ပြည်သူ့စစ်ခေါင်းဆောင်နေအိမ် ပစ်ခတ်ခံရမှု လူ ၄ ဦးသေဆုံး
- မြန်မာ အလှမယ် သူဇာဝင့်လွင် အမေရိကန်မှာ ခိုလှုံခွင့်ရရှိ
- မင်းတပ်မြို့ အိမ်တိုင်းကိုစစ်ကောင်စီတပ်သားများက အရပ်ဝတ် ၊ ကျဥ်ကာအကျီ ဝတ်ဆင်ပြီးဖောက်ထွန်း ခိုးယူမှု့များပြုလုပ်
- ချင်းပြည်နယ် နယ်စပ်မြို့လေးဖြစ်သည့် ကျီးခါးမြို့ (တွန်းဇန်မြို့နယ်)တွင် အရေးပေါ် အကူအညီလိုအပ်
- သျှမ်း- ကယား နယ်စပ်ရဲစခန်း KPDF ဝင်သိမ်း
- ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် နှင့် အာဏာသိမ်းအကြမ်းဖက် စစ်အုပ်စု အကြား လတ်တလော တိုက်ပွဲဖြစ်ပွားမှုများ
- စစ်ရှောင်တဲ့နေရာမှာ ၁နှစ်အောက်ကလေးငယ်တွေ နာမကျန်းအဖြစ်များနေပြီး ဆေးဝါးလိုအပ်နေ
- ဒီမော့ဆိုမြို့မှာ စစ်ကောင်စီက လမ်းသွားပြည်သူကို ပစ်ခတ်ရာ ဒေသခံအမျိုးသမီးတစ်ဦး သေဆုံးပြီး ဒဏ်ရာရသူရှိ
ပြေတီဦး၊ အိန္ဒြာကျော်ဇင်နဲ့ မေတိုးခိုင်တို့ကို ၅၀၅ က နဲ့ တရားရုံအမှုစွဲတင် Posted: 27 May 2021 07:39 AM PDT ဒီနေ့ မေလ (၂၇)ရက်မှာ အင်းစိန်ထောင်တွင်း ဖမ်းဆီးခံထားရတဲ့ သရုပ်ဆောင် ပြေတီဦး၊ အိန္ဒြာကျော်ဇင်နဲ့ မေတိုးခိုင်တို့ကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ၅၀၅ ကနဲ့ တရားရုံးအမှုစွဲတင်တယ်လို့ရှေ့နေအသိုင်းအဝိုင်းက နေသိရပါတယ်။ဒါ့အပြင် ပုဒ် ၅၀၅ ကနဲ့ တရားစွဲဆိုဖမ်းဆီးခံထားရတဲ့ မော်ဒယ်သရုပ်ဆောင် ပိုင်တံခွန်ကိုလည်း ရက်ပေါင်း ၁၈၀အတွင်း အမှုအပြီးစစ်မှာပါ။တရားရုံးစတင်စွဲတင်တဲ့ မေလ (၄)ရက်ကစပြီး ရက်ပေါင်း ၁၈၀အတွင်း |
မန္တလေးတက္ကသိုလ်နဲ့ မန္တလာတက္ကသိုလ်က ဆရာနဲ့ဝန်ထမ်းတွေကို ရာထူးက ထုတ်ပယ် Posted: 27 May 2021 07:38 AM PDT မန္တလေးတက္ကသိုလ်နဲ့မန္တလာတက္ကသိုလ်တို့က အရာထမ်း၊အမှုထမ်း ၆၀၀ ကျော်ကို CDM လုပ်ဆောင်တဲ့အတွက် မေလ ၂၀ ရက်နေ့က စတင်ကာ ရာထူးက ထုတ်ပယ်ကြောင်း စစ်ကောင်စီရဲ့သက်ဆိုင်ရာတက္ကသိုလ်ပါမောက္ခချုပ်များက မနေ့က ညနေပိုင်းက ထုတ်ပြန်ပါတယ်။မန္တလေးတက္ကသိုလ်က ထုတ်ပြန်တဲ့စာရင်းမှာတော့ အရာထမ်း ၂၄၅ ယောက်နဲ့ ၊ အမှုထမ်း ၁၄၁ ယောက် ဖြစ်တယ်လို့ သိရပါတယ်။မန္တလေးတက္ကသိုလ်အနေနဲ့ ယာယီရပ်ဆိုင်း ကြေညာခဲ့စဥ်က အရာထမ်း ၂၄၉ ယောက် ရှိကာ |
မန္တလေးဈေးချိုမှာ ပိတ်ထားတဲ့ ဆိုင်ခန်းတွေ ပြန်ဖွင့်ဖို့ ဖိအားပေးခံနေရ Posted: 27 May 2021 07:34 AM PDT မန္တလေးဈေးချိုမှာ ပိတ်ထားတဲ့ ဆိုင်ခန်းတွေ ပြန်ဖွင့်ဖို့ ဖိအားပေးခံနေရ မန္တလေးစျေးချိုက ပိတ်ထားတဲ့ဆိုင်ခန်းတချို့ကို တွေ့ရစဉ် / Photo CJမန္တလေးဈေးချိုတော်မှာ ဖွင့်လှစ်ရောင်းချခြင်းမပြုတဲ့ ဆိုင်ခန်းတွေကို မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီက ယာယီသိမ်းဆည်းထားတယ် ဆိုတဲ့စာတွေကို ဒီကနေ့ မေလ ၂၇ ရက်နေ့မှာ လိုက်ကပ်နေတယ် လို့ ဈေးချိုတော်က ဆိုင်ပိုင်ရှင်တွေက ပြောပါတယ်။ဆိုင်ရှင်အချို့ကလည်း အခုလိုစာကပ်ခံရ |
တွန်းဇန်မြို့နယ်၊ ကျီးခါးမြို့မှာ လူ၂၄ ဦး ကိုရိုနာရောဂါပိုး တွေ့ရှိ Posted: 27 May 2021 07:32 AM PDT တွန်းဇန်မြို့နယ်၊ ကျီးခါးမြို့မှာ လူ၂၄ ဦး ကိုရိုနာရောဂါပိုး တွေ့ရှိ ချင်းပြည်နယ်၊ တွန်းဇန်မြို့နယ်၊ ကျီးခါးမြို့က ကိုရိုနာရောဂါပိုး တွေ့ရှိထားတဲ့ လူနာများကို တွေ့ရစဉ် / Photo: CJဒီကနေ့မနက်ပိုင်းက ချင်းပြည်နယ်၊ တွန်းဇန်မြို့နယ်၊ ကျီးခါးမြို့ တိုက်နယ်ဆေးရုံကို အသက်ရှူကြပ် ဖျားနာတာကြောင့် ဆေးရုံလာပြသူတွေကို ဆေးစစ်ရာမှာ၊ ကိုရိုနာရောဂါပိုး တွေ့ရှိသူ ၂၄ ဦး ရှိတယ်လို့ ဆေးရုံတာဝန်ကျ သူနာပြု ဆရာမတစ်ဦးက |
မြောင် ချောင်းဇင်းမှာ စစ်တပ်က ဘုန်းကြီးကျောင်းမှာတပ်စွဲပြီးစောင့်ကြည့်နေ Posted: 27 May 2021 07:29 AM PDT မေ ၂၆ရက်နေ့က စစ်ကိုင်းတိုင်း၊မြောင်မြို့နယ် ချောင်းဇင်းရွာနှင့်ပေါက်ချောင်းရွာတို့မှာ စစ်တပ်နဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့ တိုက်ပွဲတွေ ဖြစ်ပွားအပြီးမှ ာစစ်တပ်က ချောင်းဇင်း စာသင်ကျောင်းနဲ့ ဘုန်းကြီးကျောင်ကြား အုတ်တံတိုင်းကို အကာကွယ်ယူပြီး မေလ ၂၇ ရက်နေ့ မှာ ဆက်လက် တပ်စွဲထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။စစ်တပ်အင်အား ၃၀ နီးပါးခန့်ရှိပြီး တပ်ပြန်မဆုတ်ဘဲ အဲဒီနေရာမှာ ရှိနေကြောင်းနဲ့ ဒေသခံ PDF တွေက လည်း |
ကနီ နယ်တိုက်ပွဲမှာ ပျောက်နေတဲ့ PDF တစ်ဦး အလောင်းပြန်တွေ့ Posted: 27 May 2021 07:26 AM PDT စစ်ကိုင်းတိုင်းဒေသကြီး ကနီနယ် ချင်းတွင်းမြစ်အရှေ့ဘက်ခြမ်းလက်ပံစုရွာ အနီး မေလ ၂၅ ရက်က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲမှာ ပျောက်ဆုံးနေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦးရဲ့ အလောင်းကို ဒီကနေ့ မေလ ၂၇ ရက်နေ့ မှာ ပြန်တွေ့ခဲ့တယ်လို့ ကနီဒေသခံတစ်ဦးက ဘီဘီစီကို ပြောပါတယ်။သေဆုံးခဲ့သူဟာ လက်ပံစုရွာက မောင်တင်ထူးနိုင် (ခ)ပွားပွား အသက် ၂၃ နှစ်ဖြစ်ပြီး လက်နက်ကြီးတွေ ကျခဲ့တဲ့နေရာ ကိုသွားရှာရာမှာ အလောင်းကို တွေ့ခဲ့ရတာဖြစ် |
ကယားမှာ စစ်တပ်နဲ့ ဒေသခံကာကွယ်ရေးကြား တိုက်ပွဲဆက်ဖြစ်နေ Posted: 27 May 2021 07:24 AM PDT မိုးဗြဲရဲစခန်းကို ဒေသခံ ကာကွယ်ရေးတပ်တွေက တိုက်ခိုက်သိမ်းယူခဲ့စဉ် ("AFP PHOTO / KANTARAWADDY TIMES ")ကယားပြည်နယ်မှာ စစ်တပ်နဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့တွေကြား ဒီနေ့လည်း ပစ်ခတ်တိုက်ခိုက်မှုတွေ ဆက်ဖြစ်နေပါတယ်။ ဒီမောဆိုမြို့က ထွက်ပြေးနေရသူတွေအတွက် လိုအပ်တဲ့အကူအညီတွေပို့ပေးသူ လူငယ်နှစ်ယောက်ကို စစ်တပ်ကပစ်သတ်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ ကယားပြည်နယ်ဘက်က နောက်ဆုံးအခြေအနေတွေကို ဗွီအိုအေသတင်းထောက် နိုင် |
Facebook သုံး သြဇာလွှမ်းဖို့ကြိုးစားတာကြောင့် ထိခိုက်နိုင်ငံတွေထဲ မြန်မာထိပ်ဆုံးကပါ Posted: 27 May 2021 07:23 AM PDT FacebookFacebook ကိုသုံးပြီး ပြည်တွင်းကလူတွေအပေါ် သြဇာလွှမ်းမိုးဖို့ ကြိုးစားတဲ့လုပ်ရပ်တွေကြောင့် ကမ္ဘာပေါ်မှာ အထိခိုက်ရဆုံးနိုင်ငံတွေထဲ မြန်မာနိုင်ငံဟာ ထိပ်ဆုံးမှာရှိနေတယ်လို့ Facebook ကုမ္ပဏီက ဗုဒ္ဓဟူးနေ့မှာထုတ်ပြန်တဲ့ အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။အစိုးရကိုထောက်ခံတဲ့ Facebook အသုံးပြုသူတွေကြောင့် မွတ်ဆလင်လူနည်းစုတွေအပေါ် အကြမ်းဖက်လုပ်ရပ်တွေ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ခဲ့တာကို Facebook ကုမ္ပဏီ |
ဗဟိုအမျိုးသမီးဆေးရုံက CDM ဝန်ထမ်း ၄၀၀ ကျော်ကို အစစ်ဆေးခံဖို့ခေါ် Posted: 27 May 2021 07:20 AM PDT ဗဟိုအမျိုးသမီးဆေးရုံက CDM ဝန်ထမ်း ၄၀၀ ကျော်ကို အစစ်ဆေးခံဖို့ခေါ် ရန်ကုန် ဗဟိုအမျိုးသမီးဆေးရုံ ဝန်ထမ်းအိမ်ရာကနေ ပြောင်းရွှေ့နေကြစဉ် / Photo CJရန်ကုန်မြို့ ဗဟိုအမျိုးသမီးဆေးရုံက အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM မှာပါဝင်တဲ့ ဝန်ထမ်းပေါင်း ၄၀၀ ကျော်ကို လာမယ့် ဇွန်လ ၁ ရက်နေ့မှာ ဆေးရုံကြီးကို လာရောက်အစစ်ဆေးခံဖို့ ဆေးရုံဌာနဆိုင်ရာ စုံစမ်း စစ်ဆေးရေးအဖွဲ့က မနေ့က စာပို့ပြီး ဆင့်ခေါ်ထားပါတယ်။အဲဒီဆေးရုံမှာ အလုပ်မ |
စစ်ကိုင်း ချောင်းဦးမှာ နေအိမ်သုံးအိမ် ဖျက်ဆီးခံရ Posted: 27 May 2021 07:19 AM PDT စစ်ကိုင်း ချောင်းဦးမှာ နေအိမ်သုံးအိမ် ဖျက်ဆီးခံရ ချောင်းဦးမြို့နယ် ကင်မွန်းတော်ရွာမှာ ၂၀၂၁ မေလ ၂၇ ရက်နေ့က နေအိမ်တွေက အိုးခွက်ပန်းကန်တွေကို စစ်ကောင်စီတပ် ဖျက်ဆီးခဲ့စဉ် / Photo: CJစစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ် ကင်မွန်းတော်ရွာမှာ ဒီကနေ့ မေလ ၂၇ ရက်နေ့ မနက် ၇ နာရီလောက်က စစ်ကောင်စီ တပ်ဖွဲ့ဝင် အင်အား ၄၀ လောက် ရောက်ရှိလာပြီး နေအိမ် သုံးအိမ်က ပစ္စည်းတွေ ဖျက်ဆီးခံခဲ့ ရသလို ရွှေထည်ပစ္စည်းနဲ့ ငွေကြေးတွေ |
ရှဒူးဇွပ် (Ja Htu Zup) ပြည်သူ့စစ်ခေါင်းဆောင်နေအိမ် ပစ်ခတ်ခံရမှု လူ ၄ ဦးသေဆုံး Posted: 26 May 2021 10:12 AM PDT ယနေ့ညနေ ၃နာရီ ဝန်းကျင် ရှဒူးဇွပ်ကျေးရွာရှိ ပြည်သူ့စစ်ခေါင်းဆောင်နေအိမ် သေနတ်ပစ်ခံရပြီးနောက် လူ ၄ဦးသေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။"ခုသေတဲ့ ၄ယောက်က ပြည်သူစစ်လား ဒေသခံလားဆိုတာ တိတိကျကျမသိရသေးဘူး။ ရွာထဲမှာ လမ်းတွေလည်း အားလုံးပိတ်ထားပြီ ဘယ်သူ့မှထွက်လို့မရတဲ့အခြေနေဖြစ်နေတော့ သေတာဘယ်သူဘယ်ဝါမှန်း မသိရသေးဘူး ၄ယောက်သေတာတော့ မှန်တယ်။"ဆိုပြီး ဒေသခံတစ်ဦးကပြောသည်။ပြည်သူ့စစ်ခေါင်းဆောင် မင်းဇင်သန့်၏ |
မြန်မာ အလှမယ် သူဇာဝင့်လွင် အမေရိကန်မှာ ခိုလှုံခွင့်ရရှိ Posted: 26 May 2021 10:11 AM PDT သူဇာဝင့်လွင်ရဲ့ ချင်း ရိုးရာ ဝတ်စုံနဲ့ ယှဉ်ပြိုင်မှု။ ဆန္ဒပြပွဲ တခုရောက် သူဇာဝင့်လွင်။နယူးရော့ခ်၊ မေ ၂၆၊ ၂၀၂၁မြန်မာ အလှမယ် သူဇာဝင့်လွင် (Miss Universe Myanmar) အမေရိကန်နိုင်ငံမှာ ခိုလှုံခွင့် ရရှိကြောင်း သတင်း ရပါတယ်။အခုလို ခိုလှုံခွင့်ရရှိဖို့ နဲ့ နယူးရော့ခ် မြို့ရှိ မော်ဒယ်လ် အေဂျင်စီ တခုမှာ အလုပ်လုပ် ရဖို့အတွက် သူ့ကို အမေရိကန်ရောက် မြန်မာ အသိုင်းအဝိုင်းက အကူအညီ ပေးကြခြင်း ဖြစ်ကြောင်း |
Posted: 26 May 2021 10:06 AM PDT Source...CCTV မှတ်တမ်းမင်းတပ်မြို့ အိမ်တိုင်းကိုစစ်ကောင်စီတပ်သားများက အရပ်ဝတ် ၊ ကျဥ်ကာအကျီ ဝတ်ဆင်ပြီးဖောက်ထွန်း ခိုးယူမှု့များပြုလုပ်လျက်ရှိကြပါသည်။အလှချိတ်ထားသည့် တန်ဖိုးကြီးရှေးဟောင်း ချင်းရိုးရာ အသုံးအဆောင် ပစ္စည်းများ ၊ ဆိုင်ကယ်များအရက်ဘီယာ များကိုလည်းနေ့တိုင်း ခိုးယူ လျက်ရှိကြပါသည်ဟုမင်းတပ်ဒေသခံများက လူမှုကွန်ရက်တွင် ဖော်ပြထားသည်။Chin World https://www.facebook.com/Chin-World-167011980026853 |
ချင်းပြည်နယ် နယ်စပ်မြို့လေးဖြစ်သည့် ကျီးခါးမြို့ (တွန်းဇန်မြို့နယ်)တွင် အရေးပေါ် အကူအညီလိုအပ် Posted: 26 May 2021 10:03 AM PDT ချင်းပြည်နယ် နယ်စပ်မြို့လေးဖြစ်သည့် ကျီးခါးမြို့ (တွန်းဇန်မြို့နယ်)တွင် ဒေသခံများ Covid-19ကဲ့သို့ အသက်ရှုကျပ်ခြင်း ကူးစက်ရောဂါတစ်မျိုး အပြင်အထန်ခံစားနေကြသဖြင့် အရေးပေါ် အကူအညီများ လိုအပ်လျက်ရှိ။ရောဂါခံစားနေရသူ အယောက် ၅၀-၁၀၀ ကြားရှိကာ (ရွာဘက်ကလူမပါသေး) ကျီးခါးမြို့တွင် တိုက်နယ်ဆေးရုံသာရှိပီ ကျန်းမာရေးပြုစုရေးတွင် အခက်အခဲများစွာရှိကာ oxygen အဓိကလိုအပ်နေကြောင်းသိရသည်။အဓိကလိုအပ်သော ပစည်းများ1) |
သျှမ်း- ကယား နယ်စပ်ရဲစခန်း KPDF ဝင်သိမ်း Posted: 26 May 2021 10:01 AM PDT Photo by CJ မေ ၂၆ရက် ၂၀၂၁သျှမ်း-ကယား နယ်စပ် လွိုင်ကော်မြို့နယ် လွိုင်လင်လေးဘက် ထီးစဲခါးရဲစခန်း ကို ယနေ့ (မေ ၂၆)ရက် မနက် ၄နာရီခန့်တွင် KPDF နှင့်စစ်ကောင်စီ အုပ်စု တို့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး၊ ထီးစဲခါ နယ်စပ်ဂိတ် စခန်းကို KPDF က ဝင်ရောက်သိမ်းပိုက်ခဲ့ကြကြောင်းသိရသည်။ထီးစဲခါး နယ်စပ်ဂိတ် မီးလောင်နေကြောင်းသိရသည်။ထို့အပြင် ဒီးမော့ဆိုမြို့နယ်တွင်လည်း ယနေ့ မနက် ၅ နာရီကျော် မှ စတင်ပြီး PDF နှင့် စစ် |
Posted: 26 May 2021 09:57 AM PDT ၂၀၂၁ ခုနှစ်၊ မေလ (၂၆)ရက် မူတရော်ခရိုင်၊ တပ်မဟာ(၅) အတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် နှင့် အာဏာသိမ်း အကြမ်းဖက် စစ်အုပ်စု တို့ အကြား နေ့စဉ်နှင့်အမျှ တိုက်ပွဲ ဖြစ်ပွားလျက် ရှိနေပါသည်။ ထို့အတူ အကြမ်းဖက် စစ်အုပ်စု မှလည်း ကျေးရွားအနီးအနားသို့ လည်းကောင်း၊ ဒေသခံများ ၏ လုပ်ငန်းခွင်များ သို့ လည်းကောင်း လက်နက်ကြီးများ ကို နေ့စဉ် လိုလို ပစ်ခတ် နေပါသည်။ ၂၀၂၁ ခုနှစ်၊ မေလ (၅)ရက် နေ့မှ စတင်၍ (၂၆)ရက် နေ့ |
စစ်ရှောင်တဲ့နေရာမှာ ၁နှစ်အောက်ကလေးငယ်တွေ နာမကျန်းအဖြစ်များနေပြီး ဆေးဝါးလိုအပ်နေ Posted: 26 May 2021 09:55 AM PDT ကရင်နီပြည်နယ်၊ ဒီမော့ဆိုမြို့နယ်မှာ ကရင်နီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(KPDF) နဲ့ အကြမ်းဖက်စစ်ကောင်စီတပ် တို့အပြန်အလှန်ပစ်ခတ်မှုတွေကြောင့် မြို့ပေါ်ရပ်ကွက်၊ ကျေးရွာနေ ပြည်သူတို့က လွတ်ရာနေရာမှာ တိမ်းရှောင်နေကြရသလို ရှောင်တိမ်းတဲ့နေရာမှာ မွေးကင်းစ လသားအရွယ်ကစ ၁နှစ်အောက် ကလေးငယ်တွေ နာမကျန်းအဖြစ်များနေတာကြောင့် ဆေးဝါးလိုအပ်နေတယ်လို့ သိရပါတယ်။"အထူးသဖြင့်ပြောချင်တာက ကလေးတွေပေါ့နော ကလေးငယ်တွေက ပန်းနာရင်ကြပ် |
ဒီမော့ဆိုမြို့မှာ စစ်ကောင်စီက လမ်းသွားပြည်သူကို ပစ်ခတ်ရာ ဒေသခံအမျိုးသမီးတစ်ဦး သေဆုံးပြီး ဒဏ်ရာရသူရှိ Posted: 26 May 2021 09:54 AM PDT ဒီမော့ဆိုမြို့မှာ ဒီကနေ့ မေလ၂၆ရက်နေ့ နံနက် ၇ နာရီဝန်းကျင်မှာ စစ်ကောင်စီတပ်က လမ်းသွားပြည်သူတွေကို သေနတ်နဲ့ပစ်ခတ်ရာ ဆိုင်ကယ်စီးလာတဲ့ ပြည်သူနှစ်ဦး ကျည်ထိမှန်ခဲ့ပြီး အမျိုးသမီး တစ်ဦး သေဆုံးခဲ့သလို အမျိုးသားတစ်ဦးမှာလည်း လက်မောင်းအောက်နားမှာ ကျည်ထိမှန်ခဲ့တယ်လို့ သိရပါတယ်။"ဆိုင်ကယ်စီးတဲ့၂ယောက်က ကျတော်နဲ့ အတူတူရှိနေတဲ့သူရဲ့ အမျိုးသမီးနဲ့ သူ့ညီပေါ့နော။ ပစ်ခတ်တဲ့အသံကလည် ရပ်ကွက်ထဲကနေ အရှင်းသား ကြားနေရတယ် |
You are subscribed to email updates from THIT HTOO LWIN (Daily News). To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google, 1600 Amphitheatre Parkway, Mountain View, CA 94043, United States |
No comments:
Post a Comment
5
Note: Only a member of this blog may post a comment.