Saturday, May 29, 2021

သစ်ထူးလွင်

သစ်ထူးလွင်


ဂျပန် ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ မြန်မာကစားသမားတစ်ဦး ဆန္ဒပြ

Posted: 28 May 2021 01:34 PM PDT

Social Mediaဂျပန် နိုင်ငံမှာ ဒီကနေ့ကစားတဲ့ ဂျပန်အသင်းနဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲမှာ မြန်မာအသင်းက ကစားသမားတစ်ဦး လက်သုံးချောင်းထောင်ပြီး အာဏာရှင် ဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့ပါတယ်။ဒီကနေ့ပွဲအတွက် အရန်ဂိုးသမားအဖြစ် ပါဝင်ခဲ့တဲ့ ရတနာပုံကလပ်အသင်းက ဂိုးသမား ပြည့်လျှံအောင်က အခုလို ဆန္ဒဖော်ထုတ်ခဲ့တာပါ။ တခြားအသင်းသားတွေကတော့ အဲဒီလို ထုတ်ဖော်ခဲ့တာကို မတွေ့ရပါဘူး။ဒီပွဲကို အသင်းရဲ့ အဓိက ကစားသမားတွေ အများစုက စစ်

နိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ဦးရဲ့မိခင် ပုဒ်မ ၅၀၅(က)နဲ့ ထောင် ၃ နှစ် ချမှတ်ခံရ

Posted: 28 May 2021 01:31 PM PDT

CJCopyright: CJနိုင်ငံရေးတက်ကြွလူပ်ရှားသူ ကိုတင်ထွဋ်ပိုင်ရဲ့မိခင်ဒေါ်မိငယ်ဟာ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(က)နဲ့ ဒီနေ့ မေလ ၂၈ ရက်မှာ ထောင်ဒဏ် ၃ နှစ် ချမှတ်ခံရတယ်လို့ မိသားစုဝင်တွေကပြောပါတယ်။မိသားစုဝင်တွေရဲ့အပြောအရ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ပြီးခဲ့တဲ့ မေလ ၂ ရက်က မြောက်ဥက္ကလာပက နေအိမ်မှာ ကိုတင်ထွဋ်ပိုင်ကို လာရှာချိန် မတွေ့လို့ မိခင်ဖြစ်သူကို ရိုက်နှက်ဖမ်းဆီးသွားခဲ့တာဖြစ်ပြီး အခုလို

ဒီးမော့ဆိုမှာ စစ်ကောင်စီရဲ့ လက်နက်ကြီး ကြောင့် အရပ်သားတစ်ဦး သေဆုံး

Posted: 28 May 2021 01:29 PM PDT

ဒီးမော့ဆိုမြို့နယ်မှာ မေလ ၂၇ ရက် မနေ့ညပိုင်းကနေစပြီး ဒီနေ့ မေလ ၂၈ ရက်နေ့ မနက်အစောပိုင်းအထိ အာဏာသိမ်းစစ်ကောင်စီတပ်ကနေ လက်နက်ကြီးတွေနဲ့ အဆက်မပြတ်ပစ်ခတ်ခဲ့ပြီး မနေ့ညက ငွေတောင် ကျေးရွာ အောင်မင်္ဂလာရပ်ကွက်မှာနေထိုင်တဲ့ အသက် ၄၀ အရွယ် အမျိုးသားတစ်ယောက် လက်နက်ကြီး ထိမှန် သေဆုံးသွားတယ်လို့ ဒေသခံက ပြောပါတယ်။တိုက်ပွဲဖြစ်တာမရှိဘဲ ပစ်ခတ်တာကြောင့် ထိမှန်သေဆုံးတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒီးမော့ဆို

နာမည်ကြီး အနုပညာရှင် ၂၀ နီးပါး အဖမ်းခံရ၊ ၁၀၀ ကျော် ထွက်ပြေး တိမ်းရှောင်နေ

Posted: 28 May 2021 01:27 PM PDT

စစ်အာဏာရှင်ရဲ့ ယန္တရားတွေ ရပ်တန့်သွားဖို့၊ စစ်အာဏာရှင် သက်ဆိုး မရှည်စေဖို့အတွက် အာဏာဖီဆန်ရေး လှုပ်ရှားမှု CDM မှာ ပါဝင်ကြဖို့ ဝန်ထမ်းတွေကို စည်းရုံးလှုံ့ဆော်ခဲ့တဲ့ နာမည်ကြီး သရုပ်ဆောင်တွေ၊ အဆိုတော်တွေ၊ ဒါရိုက်တာနဲ့ မော်ဒယ်တွေအပါအဝင်၊ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြတဲ့ အနုပညာရှင် ၁၇ ယောက် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး၊ အယောက် ၁၀၀ ကျော်ကတော့ ဖမ်းဝရမ်း ထုတ်ခံ ထားရပါတယ်။အဲဒီထဲက သရုပ်ဆောင် ပြေတီဦး၊

အခြေခံပညာက ရာထူးထုတ်ပယ်ခံဆရာဆရာမတွေကို ကိုယ်ပိုင်ကျောင်းတွေမှာ မခန့်ဖို့ စစ်ကောင်စီ ညွှန်ကြား

Posted: 28 May 2021 01:24 PM PDT

အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ အခြေခံပညာ ဆရာမတွေရဲ့ဆန္ဒပြပွဲ တစ်ခုရာထူးကနေ ထုတ်ပယ်ခံလိုက်ရတဲ့ အခြေခံပညာသင်ကြားရေး ဆရာဆရာမတွေကိုသာမက စီမံဝန်ထမ်းတွေကိုပါ ကိုယ်ပိုင်ပုဂ္ဂလိကကျောင်းတွေမှာ မခန့်ဖို့ စစ်ကောင်စီလက်အောက်က ပညာရေးဝန်ကြီးဌာရဲ့ အခြေခံပညာညွှန်ကြားရေးမှူးတစ်ဦးက စာတစ်စောင်ထုတ်လာပါတယ်။အဲဒီစာကို နေပြည်တော်ပညာရေးမှူးရုံးက ညွှန်ကြားရေးမှူးတဦးက နေပြည်တော်ကောင်စီနယ်မြေထဲက ကိုယ်ပိုင်ကျောင်းတွေကို ပို့

ကိုဗစ်ကူးစက်မှုကြောင့် တွန်းဇံနဲ့ တမူးကို Stay at Home သတ်မှတ်၊ ပြည်တွင်းလေကြောင်းခရီးတွေ ကန့်သတ်ဖို့ရှိ

Posted: 28 May 2021 01:20 PM PDT

 ကိုဗစ်ကူးစက်မှုကြောင့် တွန်းဇံနဲ့ တမူးကို Stay at Home သတ်မှတ်၊ ပြည်တွင်းလေကြောင်းခရီးတွေ ကန့်သတ်ဖို့ရှိကိုဗစ်ကူးစက်သူ တစ်နေ့တည်း တစ်ရက်တည်း တစ်ရာနီးပါးအထိ မနေ့က တွေ့ရှိခဲ့ပြီးနောက် ကူးစက်မှု များပြားခဲ့တဲ့ ချင်းပြည်နယ် တွန်းဇံမြို့နယ်နဲ့ စစ်ကိုင်း တမူးမြို့နယ်တို့ကို မေ ၂၉ မနက် ၄ နာရီက စပြီး Stay at Home ဒေသတွေ အဖြစ် သတ်မှတ်လိုက်တယ်လို့ ကျန်းမာရေးရဲ့ အားကစားဝန်ကြီးဌာနက ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်

ဒီးမော့ဆိုမှာ စစ်တပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ကြား တိုက်ပွဲဖြစ်နေဆဲ

Posted: 28 May 2021 01:19 PM PDT

ဒီးမော့ဆို မြို့ (ဓာတ်ပုံ-ဒီးမော့ဆိုတရားရုံးဖဘ)ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်မှာ စစ်ကောင်စီစစ်တပ်နဲ့ ကရင်နီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KPDF) တို့အကြား ဒီနေ့ မေလ ၂၈ ရက်နေ့မှာလည်း ပစ်ခတ်တိုက်ခိုက်ကြပါတယ်။ နှစ်ဖက်ပစ်ခတ်မှုအတွင်းအရပ်သားတွေ ထိခိုက်ဒဏ်ရာရခဲ့သလို တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်နေသူတွေမှာလည်း အခက်အခဲတွေ ဖြစ်နေကြပါတယ်။ ကယားဖက်ကအခြေအနေကို ဗွီအိုအေသတင်းထောက် နိုင်ကွန်းအိန်က

မြန်မာစစ်တပ်ကို လက်နက်ခဲယမ်းရောင်းချမှု ပိတ်ပင်ရေးတောင်းဆိုချက် မထည့်ဖို့ အာဆီယံ ၉ နိုင်ငံ တိုက်တွန်းတဲ့သတင်းထွက်လာ

Posted: 28 May 2021 01:16 PM PDT

နေပြည်တော်က ဆန့်ကျင်ကန့်ကွက်ပွဲကို သေနတ်ကိုင်ဆောင်အသင့်အနေအထားနဲ့ စောင့်ဆိုင်းနေစဉ်။ (ဖေဖေါ်ဝါရီ ၂၆၊ ၂၀၂၁)မြန်မာစစ်တပ်ကို လက်နက်ခဲယမ်းရောင်းချမှု ပိတ်ပင်ကန့်သတ်ရေး တောင်းဆိုတာမျိုးမလုပ်ဖို့ အရှေ့တောင်အာရှနိုင်ငံ ၉ နိုင်ငံက ကုလသမဂ္ဂကို တိုက်တွန်းထားတယ်လို့ Benar သတင်းဌာနရဲ့ သတင်းတပုဒ်မှာ ရေးထားပါတယ်။Liechtenstein နိုင်ငံရဲ့ သံတမန်တဦးကိုကိုးကားပြီး ဝါရှင်တန်အခြေစိုက် RFA သတင်းဌာနရဲ့ မိတ်ဘက်သတင်းဌာန

ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဝင်တစ်ဦး အသတ်ခံရ

Posted: 28 May 2021 01:13 PM PDT

ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဝင်တစ်ဦး အသတ်ခံရ ၂၀၂၀ ရွေးကောက်ပွဲ မဲဆွယ်နေတဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဝင်တွေကို တွေ့ရစဉ် / Photo: RFAစစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ အိုင်ပေါက်ကြီးကျေးရွာက ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ၊ ကျေးရွာ စည်းရုံးရေးမှူး ဦးအုန်းခိုင်ကို မျက်နှာဖုံးစွပ်ထားသူ လူနှစ်ယောက်က ဒီကနေ့ မေလ ၂၈ ရက်နေ့မှာ နေအိမ်ကို ရုတ်တရက်ရောက်လာပြီး သေနတ်နဲ့ ပစ်သတ်သွားတယ်လို့ ကျေးရွာဒေသခံတွေက

စစ်အာဏာသိမ်းပြီး ဖမ်းဆီးခံထားရတဲ့ မကွေး NLD အမတ်နဲ့ ဝန်ကြီးဟောင်းကို ထောင်ဒဏ်ချမှတ်

Posted: 28 May 2021 01:12 PM PDT

စစ်အာဏာသိမ်းပြီး ဖမ်းဆီးခံထားရတဲ့ မကွေး NLD အမတ်နဲ့ ဝန်ကြီးဟောင်းကို ထောင်ဒဏ်ချမှတ် မကွေးတိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ဦးနဲ့ တိုင်းအစိုးရအဖွဲ့ဝင် ဝန်ကြီးဟောင်း ဦးနေမျိုးကျော်။ Photo: Citizen Journalistစစ်အာဏာသိမ်းမှုကို ကန့်ကွက်ဆန္ဒပြတဲ့အတွက် ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ မကွေးတိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦး

သာကေတပစ်ခတ်မှု စစ်သား (၁) ဦး သေ (၄) ဦးပြင်းထန်စွာဒဏ်ရာရ။

Posted: 28 May 2021 01:10 PM PDT

(၂၈/၅/၂၀၂၁)ရန်ကုန်တိုင်း၊သာကေတမြို့နယ်၊ ဇိနမာန်အောင် ဘုရားဝင်းမှာ တပ်စွဲထားတဲ့ အကြမ်း ဖက် စစ်ကောင်စီတပ်ကို ယနေ့ညပိုင်းက အမည်မသိ လက်နက်ကိုင်အဖွဲ့များက ဝင်ရောက် ပစ်ခတ်ရာ စစ်ကောင်စီတပ်သား (၁) ဦးသေဆုံးပြီး အနည်းဆုံး (၄) ဦးဒဏ်ရာရဟု မျက်မြင်တွေကပြောသည်။ အပြန်အလှန်ဆဲဆိုပစ်ခတ်မှုမှာ အလုပ်ပြန်လာတဲ့လမ်းမပေါ်က လူငယ်တစ်ဦးလည်း ကျည်ထိမှန်ဒဏ်ရာရခဲ့တယ်လို့ပြောပါတယ်။မည်သည့်အဖွဲ့က ဝင်ပစ်သွားသည်ကို မသိရသေးပေမဲ့ ဇိန

မကွေးမဲဆန္ဒနယ် NLD ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ကို ရွေးကောက်ပွဲအနိုင်ရမှု့နဲ့ စစ်ကောင်စီက ထောင် (၃)နှစ်ချ

Posted: 28 May 2021 01:08 PM PDT

(၂၉/၅/၂၀၂၁)မကွေးမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုစားလှယ်နေရာမှာ ပြည်သူများရဲ့ ထောက်ခံမဲအပြတ်အသတ်နဲ့ အနိုင်ရခဲ့တဲ့ ဦးမြင့်ဦးက်ု ပုဒ်မ ၅၀၅ (က)ဖြင့် ယနေ့ထောင်ဒဏ် (၃) နှစ် ချမှတ်လိုက်ကြောင်း သိရပါသည် ဦးမြင့်ဦးဟာ (၂၀၁၅) ရွေးကောက်ပွဲတုန်းကလည်း ပြည်သူ့ထောက်ခံမဲ အပြတ်အသတ်ရပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ်ရွေးချယ်ခံခဲ့ရသူပါ။ ပုဒ်မ (၅၀၅-က) ဆိုပေမဲ့  (၂) ကြိမ်ဆက်တိုက် မဲအပြတ်အသတ်နဲ့အနိုင်ရခဲ့တာဟာ စစ်

ပူတာအိုမြို့တွင်းအခြေစိုက် အာဏာသိမ်းစစ်တပ်စခန်း ပစ်ခတ်ခံရ

Posted: 28 May 2021 08:42 AM PDT

May 28, 2021/ Kachin News Groupပူတာအိုမြို့အခြေစိုက် အာဏာသိမ်းစစ်တပ် ခလရ ၄၆ စစ်တပ်ကုန်းတွင် ယနေ့ နံနက်ပိုင်းက အဝေးပစ်လက်နက်တစ်ခုဖြင့် တိုက်ခိုက်ခံရကြောင်း ဒေသခံများထံမှ သိရသည်။မေလ ၂၈ရက်နေ့ ယနေ့ နံနက်ပိုင်း ၁ နာရီဝန်းကျင်ခန့်တွင် ပူတာအို ကောင်ကထောင်ရပ်ကွက် ရှိ စစ်တပ်ဗျူဟာကုန်းတွင် ပေါက်ကွဲသံ ၂ ကြိမ်ကြားလိုက်မိကြောင်း ကောင်ကထောင် ရပ်ကွက်ပြည်သူ တစ်ဦးက အတည်ပြု ပြောဆိုသည်။"ဒီမနက်ပိုင်း ၁နာရီနဲ့ ၂နာရီ

နောင်းမီ ပြည်သူ့စစ်ခေါင်းဆောင် ပစ်သတ်ခံရ

Posted: 28 May 2021 08:41 AM PDT

May 28, 2021/ Kachin News Groupလီဒိုလမ်းမပေါ် နောင်းမီကျေးရွာရှိ ပြည်သူ့စစ်ခေါင်းဆောင်တစ်ဦး ယမန်နေ့ညက ပစ်သတ်ခံရကြောင်း ဒေသခံများထံမှ သိရသည်။အသက် ၆၀ အရွယ် ပြည်သူ့စစ်ခေါင်းဆောင် ဦးဖုန်းကျော်သည် မေလ ၂၇ ရက်ည ၈ နာရီခွဲခန့်က သူ၏နေအိမ်တွင် ပစ်သတ်ခံရကြောင်း နောင်းမီဒေသခံတစ်ဦးက ယခုလိုပြောပြသည်။"သတ်ခံရတဲ့သူက နောင်မီကျေးရွာရဲ့ ပြည်သူ့စစ်ခေါင်းဆောင်တစ်ဦးဖြစ်တယ်။ ဒီရွာမှာ  ပြည်သူ့စစ်ခေါင်းဆောင် လုပ်တာ ၁၀နှစ်

Total နဲ့ Chevron ကုမ္ပဏီတို့က မြန်မာကို သဘာဝဓာတ်ငွေ့ လုပ်ငန်း ငွေပေးချေမှုတွေ ဆိုင်းငံ့ထား

Posted: 28 May 2021 08:37 AM PDT

မုတ္တမ ကမ်းလွန် ရတနာ သဘာဝ ဓာတ်ငွေ့ စီမံကိန်းမှာ လုပ်ကိုင်နေတဲ့ Total နဲ့ Chevron လုပ်ကွက်။ ထိုင်းနိုင်ငံကို ပို့တဲ့ ရတနာ သဘာဝ ဓာတ်ငွေ့ ပိုက်လိုင်းပြ မြေပုံ။ပဲရစ်၊ မေ ၂၈၊ ၂၀၂၁ပြင်သစ်နိုင်ငံက Total ရေနံနဲ့ သဘာဝဓာတ်ငွေ့ လုပ်ငန်း အုပ်စုနဲ့ အမေရိကန် စွမ်းအင်ကုမ္ပဏီ Chevron တို့ဟာ မြန်မာ စစ်အစိုးရဆီကို ရောက်ရှိမယ့် သဘာဝဓာတ်ငွေ့ ဖက်စပ်လုပ်ငန်းက ငွေပေးချေမှုတချို့ကို ဆိုင်းငံ့ထားလိုက်ကြောင်း သိရပါတယ်။ 

ပလက်ဝမြို့ပေါ်တွင် ဗုံး၂ လုံး နေရာ ၁ နေရာစီတွင် ပေါက်ကွဲမှုဖြစ်

Posted: 28 May 2021 08:33 AM PDT

ချင်းပြည်နယ် ပလက်ဝမြို့ ပေါ်တွင်  မေလ ၂၈ ရက်နေ့ ဒီကနေ့ မနက်တွင်  ဗုံးနှစ်လုံးပေါက်ကွဲခဲ့ကြောင်း သိရသည်။ဒေသခံတစ်ဦးက ` ဒီနေ့မနက် (7) နာရီကျော်လောက်မှာ မြန်မာ့စီးပွားရေးဘဏ်ရှေ့နဲ့ မြို့နယ်ထွေအုပ်ရုံးရှေ့မှာ ဗုံး ပေါက်ကွဲမှုဖြစ်ပွားခဲ့တယ် ပေါက်ကွဲတဲ့အချိန်ကလည်း ရှေ့စဥ့်နောက်စဥ့်ပါဘဲ ဗုံးပေါက်ကွဲလို့ ထိခိုက်ဒဏ်ရာရရှိ သူရှိတယ်လို့တော့ မသိသေးဘူး"ဟုပြောသည်။စစ်ကောင်စီမှ အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံ

စစ်ကောင်စီ ကားနှစ်စီးကို ကလေး နည်းပညာ တက္ကသိုလ်အနီးတွင် Kalay Region Defense Association (KRDA) မှ ကြားဖြတ်တိုက်ခိုက် ပစ်ခတ်ခဲ့

Posted: 28 May 2021 08:30 AM PDT

ယနေ့ ဂန့်ဂေါမြို့နယ်၊ ရဲလှနှင့် နှမ်းခါးရွာအကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ‌ဂန့်ဂေါ-ကလေး လမ်းမကြီးအတိုင်း ကလေးသို့ ပြန်လည်ဆုတ်ခွာလာသော စစ်ကောင်စီ ကားနှစ်စီးကို ကလေး နည်းပညာ တက္ကသိုလ်အနီးတွင် Kalay Region Defense Association (KRDA) မှ ကြားဖြတ်တိုက်ခိုက် ပစ်ခတ်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။Chin World https://www.facebook.com/Chin-World-167011980026853

သျှမ်းပြည် ပင်လုံ နှင့် မူဆယ် ဗုံးပေါက်ကွဲမှုဖြစ် တဦးသေဆုံး၊ (၃)ဦး ဒဏ်ရာရရှိ

Posted: 28 May 2021 08:23 AM PDT

မေ (၂၈) ရက် ၂၀၂၁သျှမ်းတောင် ပင်လုံနှင့် သျှမ်းမြောက် မူဆယ်မြို့တွင် ယနေ့( မေ ၂၈)ရက် တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး အရပ်သား တဦး သေဆုံးခဲ့ပြီး၊ (၃)ဦး ဒဏ်ရာရရှိခဲ့သည်။သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့ ပြည်ထောင်စု လမ်းမကြီးရှိ လားရှိုးဆေးဆိုင် အနီး မနက် (၈း၁၅) မိနစ်ခန့်က ဗုံး တစ်လုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ဆိုင်ကယ် တစ်စီး မီးလောင်ကာ အသက် (၁၈) နှစ် အရွယ် လူငယ် တစ်ဦး ပွဲချင်းပြီး သေဆုံးခဲ့ပြီး

မိုင်းဆတ်မြို့ လုံခြုံရေး မစောင့်နိုင်သည့် အိမ် ကျပ် (၈)ထောင် ပေးရ

Posted: 28 May 2021 08:21 AM PDT

မေ ၂၈ရက် ၂၀၂၁သျှမ်းပြည် အရှေ့ပိုင်း မိုင်းဆတ်မြို့တွင် ကျောင်းလုံခြုံးရေးအတွက် သွားရောက်မစောင့်ပါက တရက်လျှင် ကျပ်ငွေ (၈)ထောင်ပေးနေရကြောင်း စုံစမ်းသိရသည်။စစ်ကောင်စီမှ ကျောင်းအပ်ခွင့်စလက်ခံသည့် (မေ ၂၄) ရက် မှ စပြီး ပြည်သူများ ကို ကျောင်းလုံးခြုံးရေးအရ သွားရောက်စောင့်ခိုင်းပြီး၊ သွားရောက်မစောင့်နိုင်ပါက တအိမ်လျှင်တရက် ကျပ်ငွေ (၈)ထောင်ပေးဆောင်ရမည် ဖြစ်ကြောင်း မိုင်းဆတ်ဒေသခံများက ပြောသည်။" သူတို့ ၂၄

အမျိုးသားညီညွတ်ရေးအစိုးရ နှင့် မြန်မာနိုင်ငံအရေး ကူညီဆောင်ရွက်ပေးနေသော ဂျပန်နိုင်ငံ လွှတ်တော်ကိုယ်စားလှယ်အဖွဲ့တို့ ပူးတွဲကြေညာချက် ထုတ်ပြန်

Posted: 28 May 2021 08:18 AM PDT

မေလ ၂၈ ရက်၊ ၂၀၂၁အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုအဖွဲ့ဝင် ဝန်ကြီးများ နှင့် မြန်မာနိုင်ငံအရေး ကူညီဆောင်ရွက်ပေးနေသော ဂျပန်နိုင်ငံ လွှတ်တော် ကိုယ်စားလှယ်များ အဖွဲ့တို့ ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေးမှုကို  မေလ ၂၆ ရက် ၂၀၂၁ ခုနှစ်တွင် ပြုလုပ်ခဲ့ပါသည်။ အဆိုပါဆွေးနွေးပွဲအပြီး အမျိုသားညီညွတ်ရေးအစိုးရ နှင့် မြန်မာနိုင်ငံအရေး ကူညီဆောင်ရွက်ပေးနေသော ဂျပန်နိုင်ငံလွှတ်တော်ကိုယ်စားအဖွဲ့များအကြား ပူးတွဲ

ပြည်သူ့ကာကွယ်ရေးတပ်မတော် (People's Defence Force - PDF) တောင်ပိုင်းတိုင်းစစ်ဌာနချုပ် သင်တန်းဆင်းပွဲအခမ်းအနား

Posted: 28 May 2021 08:15 AM PDT

ပြည်သူ့ကာကွယ်ရေးတပ်မတော် (People's Defence Force - PDF) တောင်ပိုင်းတိုင်းစစ်ဌာနချုပ် သင်တန်းဆင်းပွဲအခမ်းအနားNational Unity Government of Myanmar https://www.facebook.com/NUGmyanmar

စစ်​ကောင်စီစစ်သားနှင့် ရိက္ခာများသယ်​ဆောင်လာ​သော သင်္ဘော ဒုတိယမြစ်ကျဉ်း​၌ ပစ်ခတ်ခံရ​

Posted: 28 May 2021 08:12 AM PDT

28 May 2021 - Kachinwavesစစ်​ကောင်စီစစ်သားနှင့် ရိက္ခာများသယ်​ဆောင်လာ​သော သင်္ဘောတစ်စီး ယ​နေ့ ည​နေပိုင်း ​ရွှေကူမြို့နယ် ဧရာဝတီမြစ် ဒုတိယမြစ်ကျဉ်း​နေရာ၌ ထပ်မံ ပစ်ခတ်ခံရ​ကြောင်း ​ဒေသခံများထံမှ သိရသည်။ထိခိုက်ဒဏ်ရာရသူများကို ​ဗန်း​မော်မြို့နယ် စင်းခန်းကျေးရွာတွင် လူနာချနေ​ကြောင်းလည်း သိရသည်။​Kachinwaves ၏ မှတ်သားထားချက်အရ မေလ တစ်လအတွင်းတွင် စစ်​ကောင်စီစစ်သားနှင့် ရိက္ခာများသယ်​ဆောင်လာသည့် သင်္ဘော

ဒဏ်ရာရရှိထားတဲ့ ကရင်နီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦး ကျဆုံး

Posted: 28 May 2021 08:09 AM PDT

Photo - CJပြီးခဲ့တဲ့ မေလ ၂၅ ရက်နေ့က ဒီးမော့ဆိုမြို့၊ ညောင်ကိုင်းအနီးမှာ စစ်ကောင်စီတပ်နဲ့ KPDF တပ်ဖွဲ့တို့ ဖြစ်ပွားတဲ့ တိုင်းပွဲအတွင်း ဝမ်းဗိုက်မှာ ကျည်ထိမှန်ဒဏ်ရာရှိခဲ့တဲ့ ကရင်နီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦး ဆေးကုသမှုခံယူရင်း ဒီနေ့ မနက် ၁၀ နာရီကျော်လောက်မှာ ကျဆုံးသွားတယ်လို့ နာရေးမှာ ကူညီပို့ဆောင်ပေးနေတဲ့ လူငယ်တစ်ဦးက ပြောပါတယ်။ "ဒီမနက် ၁၀ နာရီကျော် ဝန်းကျင်မှာ သူက ဆုံးသွားတယ်။ အခုက သူ့ရဲ့

လက်နက်ကြီးထိမှန်ပြီး အောင်မင်္ဂလာရပ်ကွက်နေ အမျိုးသားတစ်ဦး သေဆုံး

Posted: 28 May 2021 08:08 AM PDT

ယမန်နေ့ည ၂၇ ရက်နေ့ညတွင် အကြမ်းဖက်စစ်ကောင်စီနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ အပြန်အလှန် ပစ်ခတ်မှု ပြင်းထန်ခဲ့ကြပြီး အကြမ်းဖက်စစ်ကောင်စီက လက်နက်ကြီး၊ စက်သေနတ်၊ အမြောက်တွေနဲ့ ကျေးရွာ၊ ရပ်ကွက်ထဲကို ရမ်းသမ်းပစ်ခတ်ပြီး ငွေတောင်ကျေးရွာ၊ အောင်မင်္ဂလာရပ်ကွက်နေ အမျိုးသားတစ်ဦးက လက်နက်ကြီးထိမှန်ကာ သေဆုံးသွားတယ်လို့ ငွေတောင်ကျေးရွာ ဒေသခံတစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။ " အဲ့ဒါက ပြည်သူပဲ။ ငွေတောင်

No comments:

Post a Comment

5

Note: Only a member of this blog may post a comment.