သစ္ထူးလြင္ |
- ကုလ ညီလာခံ ဆုံးဖြတ်ချက်ကို စစ်ကောင်စီ ကန့်ကွက်
- ကန်တော်ကြီးပတ်လမ်း အိမ်စီးကားတစ်စီးပေါက်ကွဲမှု ဖြစ်
- ဆေးဝါးပို့ခွင့်ပိတ်ခံထားရတဲ့ မင်းတပ် ဒုက္ခသည်တွေ ရာသီတုပ်ကွေးဒဏ်ခံနေကြရ
- ချောင်းဦးက ရွာတွေထဲ စစ်ကောင်စီတပ်တွေ သေနတ်တွေနဲ့ပစ်ခတ်လို့ ရွာသားတွေ ထွက်ပြေးနေရ
- မြန်မာ့အရေး ဥပဒေတရပ်ထွက်ဖို့ ကန်ရောက်မြန်မာတွေ ကြိုးပမ်းနေ
- ဒေါ်အောင်ဆန်းစုကြည်မွေးနေ့လုပ်တဲ့ နိုင်ငံတဝန်းက ပန်းသပိတ်
- တောင်ကိုရီးယားက မြန်မာကျောင်းသားတွေ အရေးပေါ် ထောက်ပံ့ကြေးလျှောက်ထားနိုင်
- ပန်းသပိတ်ပြုလုပ်တယ်ဆိုပြီး ဒေသတချို့မှာ ဖမ်းဆီးခံရသူတွေရှိ
- အာဏာသိမ်းစစ်ကောင်စီကို ထိရောက်စွာအရေးယူဖို့ သံအမတ်ကြီး ဦးကျော်မိုးထွန်း တိုက်တွန်း
- ကမ္ဘာ့မျက်နှာစာမှာ စစ်ကောင်စီ ကျဆုံးနေပြီလို့ လေ့လာသူတွေ ဝေဖန်
- မြန်မာ့အရေး ကုလလုံခြုံရေးကောင်စီမှာ တံခါးပိတ်ဆွေးနွေး
- မြန်မာနိုင်ငံတွင်း စစ်လက်နက်တွေ မရောက်အောင် တားဆီးဖို့ ကုလဆုံးဖြတ်
- ရန်ကုန် နေရာသုံးခုမှာ ဗုံး ခြောက်လုံးပေါက်ကွဲ
- စစ်ကြောရေးမှာ သေဆုံးသူ ၂၄ ဦးထိ ရှိလာ
- စုငွေတွေကို စာရင်းရှင်အပ်ငွေလို ငွေပြန်ထုတ်မပေးဖို့ ဗဟိုဘဏ် ညွှန်ကြား
- စစ်ကောင်စီကို အရေးယူရေးနဲ့ ပတ်သက်တဲ့ ဆုံးဖြတ်ချက် ကုလ ညီလာခံမှာ မဲခွဲဆုံးဖြတ်မယ်
- မိုးမောက်ဘက်မှာ စစ်ယာဉ်တန်း တိုက်ခိုက်ခံရ
- ကွတ်ခိုင် ရှုခင်းသာမှာ တွဲကားသုံးစီး ပစ်ခတ်မီးရှို့ ခံရ
- မြင်းခြံမြို့မှာ ယာဉ်ထိန်းရဲတစ်ဦး သေနတ်နဲ့ ပစ်သတ်ခံရ
- ဟုန်ပန်းကုမ္ပဏီ အတင်းအဓမ္မ သိမ်းထားသည့်မြေပေါ် တာချီလိတ်ပြည်သူများ ပြန်ရရန် ကြိုးစားနေ
- လမ်းဆုံတံတားပေါ်မှာ ဗုံးပေါက်ကွဲခဲ့ပြီး ပြည်သူတစ်ဦးထိမှန်သေဆုံး
- မင်းတပ်မြို့နယ် ဘုရားစခန်းရွာလူနေအိမ်များ စစ်ကောင်စီ တပ်ဖွဲ့မှ ဒုတိယ အကြိမ် ဝင်ရောက်ဖျက်စီး
- မင်းတပ်မြို့၊ မဲင်းကျေးရွာတွင် စစ်ဘေးရှောင်ကလေး ၇ လသားအရွယ် သေဆုံး
ကုလ ညီလာခံ ဆုံးဖြတ်ချက်ကို စစ်ကောင်စီ ကန့်ကွက် Posted: 19 Jun 2021 02:03 PM PDT ကုလသမဂ္ဂ အထွေထွေညီလာခံရဲ့ မနေ့က မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ အဆိုနဲ့ အဲဒီအဆိုနဲ့ ပတ်သက်တဲ့ ဆွေးနွေး အရေးယူမှုတွေကို ကန့်ကွက်တယ်လို့ စစ်ကောင်စီ နိုင်ငံခြားရေး ဝန်ကြီးဌာနက ဒီကနေ့ ကြေညာချက်ထုတ် တုံ့ပြန်ခဲ့ပါတယ်။လီချင်စတိန်းနိုင်ငံက တင်သွင်းတဲ့ အဲဒီအဆိုဟာ မျှတမှု မရှိဘူးလို့လည်း ဆိုပါတယ်။မြန်မာနိုင်ငံကို လက်နက်တွေ မရောက်အောင် လုပ်ဆောင်ဖို့အပြင်၊ နိုင်ငံရေးအကျဉ်းသားတွေကို ချက်ချင်းလွှတ်ပေးဖို့ အချက်တွေ |
ကန်တော်ကြီးပတ်လမ်း အိမ်စီးကားတစ်စီးပေါက်ကွဲမှု ဖြစ် Posted: 19 Jun 2021 02:02 PM PDT ရန်ကုန်မြို့၊ ကန်တော်ကြီးပတ်လမ်းမှာ ဇွန် ၁၉ ရက်ညနေငါးနာရီခွဲလောက်က အိမ်စီးကားတစ်စီး ပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ ကနဦးသတင်းရရှိပါတယ်။ကားတစ်စီးလုံးနီးပါး မီးလောင်ပေါက်ကွဲပျက်စီးထားတဲ့မြင်ကွင်းလည်း လူမှုကွန်ရက်မှာ ပျံ့နှံ့လာတာကိုတွေ့ရပြီး ထိခိုက်ဒဏ်ရာရရှိမှုအခြေအနေကိုတော့ မသိရသေးပါဘူး။ဒေသခံတချို့ရဲ့အပြောအရတော့ ပေါက်ကွဲမှုဟာ နတ်မောက်လမ်းအနီး ကန်တော်ကြီးပတ်လမ်းက ကုလရုံးနားမှာ ပေါက်ကွဲခဲ့တာဖြစ်တယ်လို့ |
ဆေးဝါးပို့ခွင့်ပိတ်ခံထားရတဲ့ မင်းတပ် ဒုက္ခသည်တွေ ရာသီတုပ်ကွေးဒဏ်ခံနေကြရ Posted: 19 Jun 2021 01:50 PM PDT ချင်းပြည်နယ် တောင်ပိုင်း မင်းတပ်မြို့မှာ စစ်ကောင်စီတပ်နဲ့ CDF အဖွဲ့ကြား တစ်လကျော်ကြာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ဒေသခံ သုံးသောင်းကျော် တောတောင်တွေထဲမှာ ထွက်ပြေးတိမ်းရှောင်နေရပြီး သူတို့ အတွက် စားနပ်ရိက္ခာနဲ့ အရေးပေါ်ဆေးဝါးတွေ လိုအပ်နေတယ်လို့ စစ်ဘေးဒုက္ခသည် ကူညီကယ်ဆယ်ရေး အဖွဲ့တွေက ပြောပါတယ်။အခုလို ရာသီတုပ်ကွေးအဖြစ်များတဲ့ မိုးတွင်းကာလမှာ တောတောင်တွေထဲ တစ်လကျော်လောက် တိမ်းရှောင်နေရတဲ့ ဒေသခံ |
ချောင်းဦးက ရွာတွေထဲ စစ်ကောင်စီတပ်တွေ သေနတ်တွေနဲ့ပစ်ခတ်လို့ ရွာသားတွေ ထွက်ပြေးနေရ Posted: 19 Jun 2021 01:48 PM PDT ချောင်းဦးက ရွာတွေထဲ စစ်ကောင်စီတပ်တွေ သေနတ်တွေနဲ့ပစ်ခတ်လို့ ရွာသားတွေ ထွက်ပြေးနေရ အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ၂၀၂၁၊ ဖေဖော်ဝါရီ ၂၈ ရက်နေ့က ရန်ကုန်မြို့မှာ တွေ့ရစဉ် / Photo: RFAစစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်ရှိ ကုလားကြီးရွာနဲ့ ကင်းမွန်းတော်ရွာကို ဇွန်လ ၁၉ ရက် ဒီနေ့မနက် ၁၀ နာရီခန့်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဝင်ရောက်လာကာ သေနတ်တွေနဲ့ ပစ်ခတ်နေလို့ ရွာသားတွေ နီးစပ်ရာတောထဲကို |
မြန်မာ့အရေး ဥပဒေတရပ်ထွက်ဖို့ ကန်ရောက်မြန်မာတွေ ကြိုးပမ်းနေ Posted: 19 Jun 2021 01:46 PM PDT မြန်မာနိုင်ငံ ဒီမိုကရေစီ ပြန်လည်ရရှိရေး တောင်းဆိုထားတဲ့ Burma Bill ဥပဒေမူကြမ်းကို အမေရိကန်လွှတ်တော်မှာ တင်သွင်း ဆွေးနွေးဆုံးဖြတ်ရေးအတွက် အမေရိကန်က မြန်မာ့အရေး လှုပ်ရှားသူတွေ ကြိုးစားနေကြပါတယ်။ ကိုယ့်အတွက် ကိုယ်စားပြုတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို တောင်းဆို တိုက်တွန်းနိုင်တဲ့ အခွင့်အရေးကို အသုံးချပြီး အမေရိကန်ရောက် မြန်မာတွေ ဆောင်ရွက်နေတဲ့ လှုပ်ရှားမှုအကြောင်း မစုမြတ်မွန်က တင်ပြထားပါတယ်။ |
ဒေါ်အောင်ဆန်းစုကြည်မွေးနေ့လုပ်တဲ့ နိုင်ငံတဝန်းက ပန်းသပိတ် Posted: 19 Jun 2021 01:44 PM PDT နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၆ နှစ်မြောက် မွေးနေ့အထိမ်းအမှတ် အဖြစ်နဲ့ နိုင်ငံတဝန်းက မြို့တွေအတော်များများမှာ ဒီနေ့ ပန်းသပိတ်လှုပ်ရှားမှုကို ဆင်နွှဲခဲ့ကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို အောက်မေ့ဂုဏ်ပြုတဲ့ အနေနဲ့ ဒီနေ့မှာ အခုလို ပန်းသပိတ်ဆင်နွှဲတာ ဖြစ်တယ်လို့ နွေဦးတော်လှန်ရေး ဆန္ဒပြခေါင်းဆောင်တဦးဖြစ်တဲ့ ဒေါက်တာတေဇာစန်းက ပြော |
တောင်ကိုရီးယားက မြန်မာကျောင်းသားတွေ အရေးပေါ် ထောက်ပံ့ကြေးလျှောက်ထားနိုင် Posted: 19 Jun 2021 01:42 PM PDT Federation of Korean Trade Unions နဲ့ Korea Inclusive Finance Agency တို့နဲ့မြန်မာကျောင်းသားများ အသင်း ( ကိုရီးယား ) MSO တို့ တွေ့ဆုံပြီး မြန်မာကျောင်းသားတွေကို ထောက်ပံ့ကြေး တလ ဝမ် ၃ သိန်းစီ နဲ့ ၈ လစာ ပေးသွားဖို့ ဇွန်လ ၁၇ ရက်က သဘောတူလက်မှတ် ရေးထိုးခဲ့ကြပါတယ်။ဒီထောက်ပံ့ကြေးဟာ မမျှော်လင့်ထားဘဲ အခက်အခဲ ကြုံလာရတဲ့ မြန်မာကျောင်းသားတွေအတွက် အတန်းပညာ ပြီးဆုံးအောင်သင်ကြားနိုင်ဖို့ ထိရောက်ပြီး အကျိုးရှိ |
ပန်းသပိတ်ပြုလုပ်တယ်ဆိုပြီး ဒေသတချို့မှာ ဖမ်းဆီးခံရသူတွေရှိ Posted: 19 Jun 2021 01:41 PM PDT ပြင်ဦးလွင်မှာ နှင်းဆီပန်းသပိတ်ပြုလုပ်တယ်ဆိုပြီး စားသောက်ဆိုင်ပိုင်ရှင်နဲ့ အလုပ်သမားတွေ ဖမ်းဆီးခံရမန္တလေးတိုင်း ပြင်ဦးလွင်မြို့နယ်မှာရှိတဲ့ စားသောက်ဆိုင်တစ်ခုဖြစ်တဲ့ Cafe 99 က ဆိုင်ရှင်နဲ့ဝန်ထမ်းတွေကို ဒီနေ့ဇွန်လ ၁၉ ရက်နေ့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးလိုက်တယ်လို့ ဆိုင်ကတာဝန်ရှိသူတွေက ပြောပါတယ်။"သူတို့က မနက်ကိုးနာရီလောက်ကတည်းက စောင့်ကြည့်တယ် ။ ၁၁နာရီလောက်မှာ ဆိုင်ရှင် ၃ယောက်နဲ့ဝန်ထမ်း ၉ |
အာဏာသိမ်းစစ်ကောင်စီကို ထိရောက်စွာအရေးယူဖို့ သံအမတ်ကြီး ဦးကျော်မိုးထွန်း တိုက်တွန်း Posted: 18 Jun 2021 05:13 PM PDT အာဏာသိမ်းစစ်ကောင်စီကို ထိရောက်စွာအရေးယူဖို့ သံအမတ်ကြီး ဦးကျော်မိုးထွန်း တိုက်တွန်း ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း။ Photo: AFPကုလသမဂ္ဂအထွေထွေညီလာခံက နိုင်ငံ ၁၁၉ နိုင်ငံရဲ့ ထောက်ခံမဲနဲ့ ဇွန်လ ၁၈ ရက်ဒီကနေ့ အတည်ပြုခဲ့တဲ့ မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက်မှာ စစ်တပ် အာဏာသိမ်းမှုကို ပြစ်တင်ရှုတ်ချလိုက်ပြီး စစ်ကောင်စီကို လက်နက်ရောင်းချခြင်း မပြုကြဖို့ တောင်းဆိုထားပါတယ်။ ကုလသမဂ္ဂဆိုင်ရာ |
ကမ္ဘာ့မျက်နှာစာမှာ စစ်ကောင်စီ ကျဆုံးနေပြီလို့ လေ့လာသူတွေ ဝေဖန် Posted: 18 Jun 2021 05:12 PM PDT ဇွန်လ ၁၅ ရက်နေ့က ကျင်းပတဲ့ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ရဲ့ ကိုယ်စားလှယ်ခန့်အပ်လွှာစစ်ဆေးရေး ကော်မတီက မြန်မာစစ်ကောင်စီရဲ့ ကိုယ်စားလှယ်ကို အသိအမှတ်ပြုဖို့ ငြင်းပယ်ခဲ့ပါတယ်။ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့နဲ့ ILO နိုင်ငံတကာအလုပ်သမား အဖွဲ့ချုပ်တွေကလည်း အာဏသိမ်း စစ်ကောင်စီ ကိုယ်စားလှယ်တွေကို အလားတူ ပယ်ချခဲ့ပြီးဖြစ်ပါတယ်။အီတလီနိုင်ငံ ရောမမြို့မှာ ကျင်းပတဲ့ FAO ကုလသမဂ္ဂစားနပ်ရိက္ခာနဲ့ စိုက်ပျိုးရေးအဖွဲ့ရဲ့ ၄၂ |
မြန်မာ့အရေး ကုလလုံခြုံရေးကောင်စီမှာ တံခါးပိတ်ဆွေးနွေး Posted: 18 Jun 2021 05:09 PM PDT မှတ်တမ်းဓါတ်ပုံ ၂၀၁၈ မေလတုန်းက ကျင်းပတဲ့ မြန်မာ့အရေး ကုလလုံခြုံရေးကောင်စီ တံခါးပိတ်ဆွေးနွေးပွဲတခုမြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက်ပိုင်း နိုင်ငံရေး အကျပ်အတည်းကို ဖြေရှင်းနိုင်ရေး ကုလသမဂ္ဂ လုံခြုံရေး ကောင်စီမှာရော၊ အထွေထွေ ညီလာခံမှာ ဆွေးနွေးခဲ့ကြပါတယ်။ သောကြာနေ့မှာပဲ ဒုတိယအကြိမ် ၅ နှစ်သက်တမ်း တာဝန်ပေးခံခဲ့ရတဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၊ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်နဲ့ လုံ |
မြန်မာနိုင်ငံတွင်း စစ်လက်နက်တွေ မရောက်အောင် တားဆီးဖို့ ကုလဆုံးဖြတ် Posted: 18 Jun 2021 05:06 PM PDT စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေး အကျပ်အတည်းတွေ ကြုံနေရတဲ့ မြန်မာနိုင်ငံကို စစ်လက်နက်တွေ တင်ပို့နေတာတွေ ရပ်တံံ့အောင် ကြိုးပမ်းကြဖို့ ကုလသမဂ္ဂ အထွေထွေ ညီလာခံက တိုက်တွန်းလိုက်ပါတယ်။စစ်လက်နက်တွေ မြန်မာနိုင်ငံထဲ မရောက်စေဖို့၊ ဖမ်းဆီးထားသူတွေကို ပြန်လွှတ်ပေးဖို့နဲ့ စစ်အာဏာသိမ်းမှု ဆန့်ကျင်သူတွေအပေါ် အကြမ်းဖက်နှိမ်နင်းမှုတွေ ရပ်တံ့ဖို့တွေ ပါဝင်တဲ့ ဆုံးဖြတ်ချက်တရပ်ကို ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ |
ရန်ကုန် နေရာသုံးခုမှာ ဗုံး ခြောက်လုံးပေါက်ကွဲ Posted: 18 Jun 2021 05:04 PM PDT ရန်ကုန်တိုင်း တာမွေမြို့နယ် ဗညားဓလလမ်းမကြီး သီတာလမ်းမှတ်တိုင်အနီး ၁၄၇ လမ်းထိပ်က မြို့နယ် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရုံးရှေ့မှာ ရပ်ထားတဲ့ စစ်ကားတစ်စီးအနီး ဇွန် ၁၈ ရက် ဒီနေ့ညနေ ၃ နာရီ မိနစ် ၂၀ ဝန်းကျင်မှာ ဗုံးပေါက်ကွဲမှုဖြစ်တာကြောင့် စစ်ကား မီးလောင်ပျက်စီးခဲ့တယ်လို့ အခင်းဖြစ်နေရာ အနီးမှာ ရှိနေတဲ့ ဒေသခံတွေက RFA ကို ပြောပါတယ်။ဒီဖြစ်စဉ်ကြောင့် ထိခိုက်ဒဏ်ရာ ရရှိသူအချို့ ရှိတယ်လို့လည်း အခင်းဖြစ်နေရာ |
စစ်ကြောရေးမှာ သေဆုံးသူ ၂၄ ဦးထိ ရှိလာ Posted: 18 Jun 2021 05:14 PM PDT နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP နဲ့ RFA က သီးသန့်ကောက်ယူထားတဲ့ စာရင်းတွေရ ဖေဖော်ဝါရီ ၁ ရက် စစ်တပ်က အာဏာသိမ်းချိန်ကနေ အခုချိန်ထိ လေးလကျော် ကာလအတွင်း၊ ဆန္ဒပြ သပိတ်ခေါင်းဆောင်တွေ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဝင်တွေ၊ သာမန်အရပ်သားတွေကို စစ်ကောင်စီ လက်အောက်ခံ ရဲနဲ့စစ်တပ်က သံသယနဲ့ ဖမ်းဆီးနှိပ်စက် စစ်ဆေးတာကြောင့် စစ်ကြောရေး စခန်းတွေမှာ သေဆုံးသူ အရေအတွက်ဟာ ဒီကနေ့ ဇွန်လ ၁၈ |
စုငွေတွေကို စာရင်းရှင်အပ်ငွေလို ငွေပြန်ထုတ်မပေးဖို့ ဗဟိုဘဏ် ညွှန်ကြား Posted: 18 Jun 2021 04:51 PM PDT ငွေစုဘဏ်အပ်ငွေစာရင်း Saving Account ဖွင့်ပြီး ဘဏ်တွေမှာ အပ်ထားတဲ့ ငွေတွေကို ပြန်လည်ထုတ်ယူရာမှာ သတ်မှတ်ထားတဲ့ ပမာဏအတိုင်း တစ်ပတ်တစ်ကြိမ်ပဲ ထုတ်ခွင့်ပေးဖို့ အပါအဝင် ကန့်သတ်ချက်အသစ်တွေကို ဗဟိုဘဏ်က ထပ်မံ ချမှတ်လိုက်ပါတယ်။လက်ရှိ အခြေအနေမှာ ကန့်သတ်ချက်တွေ အမျိုးမျိုးရှိနေလို့ ဘဏ်တွေမှာကိုယ်အပ်ထားတဲ့ငွေကို ကိုယ်ပြန်ထုတ်ယူရာမှာ အခက်အခဲတွေရှိနေတဲ့ အချိန်မှာပဲ ဘဏ်တွေက လိုက်နာဆောင်ရွက်ရမယ့် အချက်တွေ ဆိုပြီး |
စစ်ကောင်စီကို အရေးယူရေးနဲ့ ပတ်သက်တဲ့ ဆုံးဖြတ်ချက် ကုလ ညီလာခံမှာ မဲခွဲဆုံးဖြတ်မယ် Posted: 18 Jun 2021 04:49 PM PDT အာဏာသိမ်း စစ်ကောင်စီကို ပြစ်တင် အရေးယူရေးနဲ့ ပတ်သက်လို့ ဆုံးဖြတ်ပြဌာန်းချက်တစ်ခုကို ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ ဒီကနေ့ မဲခွဲ ဆုံးဖြတ်ကြမှာ ဖြစ်ပါတယ်။မဖြစ်မနေ လိုက်နာဖို့ စည်းနှောင်ထားခြင်း မရှိတဲ့ ဒီဆုံးဖြတ်ပြဌာန်းချက် မူကြမ်းကို ရေးဆွဲနေတာ သီတင်းပတ်နဲ့ချီ ကြာခဲ့ပြီး အနောက်အုပ်စုတွေနဲ့ အာဆီယံအဖွဲ့အကြား ဆွေးနွေးပြောဆိုခဲ့မှုကနေ ထွက်ပေါ်လာခဲ့တာပါ။အဲဒီ ဆုံးဖြတ်ပြဌာန်းချက်ထဲမှာ မြန်မာနိုင်ငံထဲ လက်နက် |
မိုးမောက်ဘက်မှာ စစ်ယာဉ်တန်း တိုက်ခိုက်ခံရ Posted: 18 Jun 2021 04:47 PM PDT ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်၊ ဒေါ့ဖုန်းယန်အနီးမှာ စစ်တပ်ယာဉ်တန်းကို ကချင်လက်နက်ကိုင်အဖွဲ့ KIA က နေရာ နှစ်နေရာမှာ ကြားဖြတ်တိုက်ခိုက်ခဲ့ပါတယ်။ ပြီးခဲ့တဲ့လတွေက တိုက်ပွဲတွေ ပြင်းထန်ခဲ့တဲ့ မိုးမောက်မြို့နယ် မြို့သစ်၊ စီဟတ်၊ ကုန်းလောဘက်တွေမှာ ဒီရက်ပိုင်းအတွင်း တိုက်ပွဲတွေ ငြိမ်သက်နေပေမဲ့လည်း အချိန်မရွေး တိုက်ပွဲတွေ ပြန်ဖြစ်လာနိုင်တာကြောင့် အိုးအိမ်စွန့် ထွက်ပြေးနေရသူတွေ နေရပ်မပြန်နိုင်ဖြစ်နေသလို |
ကွတ်ခိုင် ရှုခင်းသာမှာ တွဲကားသုံးစီး ပစ်ခတ်မီးရှို့ ခံရ Posted: 18 Jun 2021 04:45 PM PDT ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်-မူဆယ်လမ်းပိုင်း ရှုခင်းသာအနီးမှာ ဇွန်လ ၁၈ ရက် ဒီနေ့ နေ့လယ် ၂ နာရီ လောက်က မူဆယ်ကနေ ကွတ်ခိုင်ဘက်ကို ဆင်းလာတဲ့ တွဲကားသုံးစီး ပစ်ခတ်ခံရပြီး တစ်စီးမီးလောင်နေ တာကို တွေ့ရတယ်လို့ အဲဒီနေရာမှာ ရောက်နေတဲ့ ကွတ်ခိုင်ဒေသခံ အမျိုးသမီးတစ်ဦးက RFAကို ပြောပါတယ်။ဒီနေ့ နေ့လယ် ၂ နာရီ လောက်မှာ ရှုခင်းသာအနီး သေနတ်သံအချို့ ကြားရပြီးနောက် သူတို့တွေ အဲဒီနေရာကို ရောက်သွားချိန်မှာတော့ လမ်း |
မြင်းခြံမြို့မှာ ယာဉ်ထိန်းရဲတစ်ဦး သေနတ်နဲ့ ပစ်သတ်ခံရ Posted: 18 Jun 2021 04:43 PM PDT မြင်းခြံမြို့မှာ ယာဉ်ထိန်းရဲတစ်ဦး သေနတ်နဲ့ ပစ်သတ်ခံရ မြင်းခြံမြို့မှာ ယာဉ်ထိန်းရဲ သေနတ်နဲ့ ပစ်ခတ်ခံရလို့ ၂၀၂၁ ဇွန် ၁၈ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့များ လာရောက်စစ်ဆေးတာကို တွေ့ရစဉ် / Photo: CJမန္တလေးတိုင်း မြင်းခြံမြို့ အမှတ် ၁၉ ရပ်ကွက် စွန်းလွန်း တံတားတောင်ဘက်ထိပ်မှာ ယာဉ်ထိန်းရဲတစ်ဦးဟာ ဇွန် ၁၈ ရက် ဒီနေ့မနက် ၉ နာရီဝန်းကျင်မှာ သေနတ်နဲ့ အနီးကပ် ပစ်ခတ်ခံရတာကြောင့် သေဆုံးသွားတယ်လို့ မြင်းခြံမြို့ခံတွေက RFA |
ဟုန်ပန်းကုမ္ပဏီ အတင်းအဓမ္မ သိမ်းထားသည့်မြေပေါ် တာချီလိတ်ပြည်သူများ ပြန်ရရန် ကြိုးစားနေ Posted: 18 Jun 2021 04:35 PM PDT ဇွန် ၁၈ရက် ၂၀၂၁သျှမ်းရှေ့တာချီလိတ်မြို့ ဟောင်လိတ်ရပ်ကွက် ဝမ်ဟောင်ရွာရှိ ပြည်သူပိုင်မြေပေါ် ပြန်လည်စိုက်ပျိုးခွင့်ရရန် အတွက် ဟုန်ပန်းကုမ္ပဏီ မှ အတင်းအဓမ္မခြံစည်းရိုးခတ်သည်ကို ပြန်လည်ဖျက်ဆီးမှုပြုလုပ်ပြီး၊ ပြန်ရရန် ကြိုးစားနေကြကြောင်း သိရသည်။ဟုန်ပန်းကုမ္ပဏီသည် စစ်ကောင်စီ အုပ်စု ကို အကာအကွယ်ပြုပြီး ဧပြီ (၉ )ရက်တွင် တာချီလိတ် ဟောင်လိတ်ရပ်ကွက် ရှိ ပြည်သူပိုင်လယ်ယာမြေပေါ် အတင်းအဓမ္မခြံစည်းရိုးခတ်မှု |
လမ်းဆုံတံတားပေါ်မှာ ဗုံးပေါက်ကွဲခဲ့ပြီး ပြည်သူတစ်ဦးထိမှန်သေဆုံး Posted: 18 Jun 2021 04:33 PM PDT ဒီးမော့ဆိုမြို့နယ်အတွင်းရှိ ဒေါစဲ -နန်းဟူးတွင်- ဒေါကလိုးခူ ကျေးရွာသွားတဲ့ ကျေးရွာချင်းဆက်လမ်းဆုံတံတားပေါ်မှာ ဇွန်လ ၁၈ ရက်နေ့ နေ့ခင်း ၂နာရီကျော်မှာ ဗုံး ပေါက်ကွဲခဲ့ပြီး ပြည်သူတစ်ဦးထိမှန်ကာ သေဆုံးခဲ့တယ်လို့ သိရပါတယ်။ " ပေါက်ကွဲသံ ကြားလို့ သွားကြည့်လိုက်တာ အဲ့မှာ သေနေတဲ့တစ်ယောက်ကိုတွေ့တယ်။ တံတားကလည်း ဗုံးပေါက်ထားလို့ ပျက်စီးနေတယ် ကျိုးတော့မကျိုးဘူး။ လမ်းသွားလမ်းလာလား ဘယ်သူမှန်းတော့မသိဘူး။ဘာကြောင့် |
မင်းတပ်မြို့နယ် ဘုရားစခန်းရွာလူနေအိမ်များ စစ်ကောင်စီ တပ်ဖွဲ့မှ ဒုတိယ အကြိမ် ဝင်ရောက်ဖျက်စီး Posted: 18 Jun 2021 04:28 PM PDT ၁၈.၆.၂၀၂၁ဇွန်လ ၈ ရက်နေ့၌ စစ်ကောင်စီတပ်များ လူနေအိမ်များ ဝင်ရောက်ဖျက်စီးပြီး ရွာသားတချို့ဖမ်းဆီးရိုက်နှိုက်ခြင်း၊ ပစ်ခတ်ခြင်းများခံခဲ့ရသည့် မင်းတပ်မြို့နယ်၊ ဘုရားစခန်းရွာတွင် ယမန်နေ့ ၁၇.၆.၂၀၂၁ ရက်န့တွင် လူနေအိမ်များဒုတိယအကြိမ် ဝင်ရာက်ဖျက်စီးခံခဲ့ရကြောင်း မင်းတပ်ဒေသခံ တစ်ဦးထံ မှသိရသည်။ မင်းတပ်ဒေသခံတစ်ဦးမှ "အခုဆို ၂ ကြိမ်မြောက်ရှိပြီ၊ ဟိုတစ်ခေါက်တုန်းကထက် သူတို့ ပိုဆိုးတယ်၊ အကုန်လုံးအိမ်တွေရိုက် |
မင်းတပ်မြို့၊ မဲင်းကျေးရွာတွင် စစ်ဘေးရှောင်ကလေး ၇ လသားအရွယ် သေဆုံး Posted: 18 Jun 2021 04:25 PM PDT မင်းတပ်မြို့နယ် မဲင်းကျေးရွာတွင် ယနေ့ဇွန်လ ၁၈ ရက် နေ့တွင် စစ်ဘေးရှောင်ကလေး ဆလိုင်း ခွီရှိနဘူနိန် (၇ လသားအရွယ်)သေဆုံး ကြောင်းသိရသည်။သေဆုံးခြင်း အကြောင်းအရင်း မှာ စစ်ဘေးရှောင်ပြေးရင်း အအေးမိ ဖျားနာြပီး ကုသရန် ဆေးဝါးများမရှိသောကြောင့် သေဆုံးခြင်းဖြစ်ကြောင်း မင်းတပ်မြို့ပြည်သူ့အုပ်ချုပ်ရေး - သတင်းအဖွဲ့ စာမျက်နှာတွင် ဖော်ပြထားသည်။Chin World https://www.facebook.com/Chin-World-167011980026853/ |
You are subscribed to email updates from THIT HTOO LWIN (Daily News). To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google, 1600 Amphitheatre Parkway, Mountain View, CA 94043, United States |
No comments:
Post a Comment
5
Note: Only a member of this blog may post a comment.