သစ္ထူးလြင္ |
- ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ကြေညာချက်အမှတ်(၃၁/၂၀၂၁)
- မိုးမောက် အထက မှာ ဗုံးကွဲ တစ်ဦး ဒဏ်ရာရ
- ကယားမှာ တိုက်ပွဲကြောင့်သေဆုံးသူ ၇၁ ဦးကျော်ပြီ
- စစ်ကြောရေးမှာ သေဆုံးသူ နောက်တစ်ဦးတိုး၊ စုစုပေါင်း ၂၆ ဦးရှိနေ
- မြောင်မှာ ရဲနဲ့စစ်ကား မိုင်းခွဲခံရ၊ ရဲတစ်ဦး သေဆုံး
- မန္တလေးပစ်ခတ်မှု ကန်၊ ကနေဒါနဲ့ ပြင်သစ်သံရုံးတွေစိုးရိမ်ကြောင်းထုတ်ပြန်
- မန္တလေးပြည်သူကိုအားပေးတဲ့ ရန်ကုန်ဆန္ဒပြမှု
- ဝါးခယ်မမြို့နယ်တွင် တပ်သားသစ် မဲနှိုက်စုဆောင်းရာတွင် မဲပေါက်၍ မသွားလိုလျှင် ငွေနှစ်သိန်းခွဲပေးဆောင်ရ ဟု ဒေသခံများပြော
- မန္တလေးပစ်ခတ်မှု- အောင်ပင်လယ်ဘက်မှာ စစ်ကောင်စီတပ်တွေက အရပ်၀တ်နဲ့လှုပ်ရှားနေ
- မန္တလေးတိုက်ခိုက်မှု ၈ ဦးသေဆုံးလို့ စစ်ကောင်စီထုတ်ပြန်
- တောင်ကြီးမြို့ စစ်ကောင်စီမှ (၉ )တန်းကျောင်းသားတစ်ဦးကို ရာဘာကျည်ပစ်၊ ရိုက်နှက်ပြီး ဖမ်းဆီး
- ကျိုင်းတုံထွေအုပ် ကားလိုက်တိုက်ဖမ်းဆီးမှုကြောင့် သမီးလည်းဆုံး၊ ဖခင်လည်း အမှုဖွင့်ခံရ
- ယာယီအပစ်ရပ်နေစဉ် အကြမ်းဖက်စစ်ကောင်စီတပ်မှ နယ်မြေစိုးမိုးမှုအသာစီးယူနေ
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ကြေညာချက်အမှတ်(၃၁/၂၀၂၁) Posted: 22 Jun 2021 07:23 AM PDT ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီကြေညာချက်အမှတ်(၃၁/၂၀၂၁)၁၃၈၃ ခုနှစ်၊ နယုန်လဆန်း ၁၃ ရက်ဇွန်လ (၂၂)ရက် ၊၂၀၂၁ ခုနှစ်အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ ပြည်ထောင်စုဝန်ကြီးချုပ်မှ ၂၀၂၁ ခုနှစ် ၊ ဇွန်လ ၁၆ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီသို့ ဒုတိယသမ္မတအား ယာယီသမ္မတ (Acting President) အဖြစ် ပြောင်းလဲခေါ်ဝေါ်သုံးစွဲရန် သဝဏ်လွှာ တစ်စောင်ပေးပို့လာပါသည်။ |
မိုးမောက် အထက မှာ ဗုံးကွဲ တစ်ဦး ဒဏ်ရာရ Posted: 22 Jun 2021 07:18 AM PDT ပေါက်ကွဲမှု ဖြစ်ခဲ့တဲ့ မိုးမောက် အထကကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်ရှိ အခြေခံပညာအထက်တန်းကျောင်းမှာ ဒီကနေ့ ဇွန်လ ၂၂ ရက်နေ့က ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ကျောင်းက ပရိဘောဂ အချို့ပျက်စီးကာ အနည်းဆုံးတစ်ဦး ဒဏ်ရာရှိသွားတယ်လို့ သိရပါတယ်။ပေါက်ကွဲမှုမှာအလယ်တန်းပြ ဆရာမတစ်ဦး၊ အသက် ၅၄ နှစ်အရွယ် ကျောင်းစောင့်နဲ့ သားဖြစ်သူတို့ ခြေထောက်မှာ မိုင်းစထိမှန်ခဲ့တယ်လို့ဒေသသတင်းတွေက ဆိုပေမဲ့ စစ်ကောင်စီက ထုတ်လွှင့်တဲ့ |
ကယားမှာ တိုက်ပွဲကြောင့်သေဆုံးသူ ၇၁ ဦးကျော်ပြီ Posted: 22 Jun 2021 07:16 AM PDT ကယားမှာ တိုက်ပွဲကြောင့်သေဆုံးသူ ၇၁ ဦးကျော်ပြီကယားပြည်နယ်မှာ စစ်ကောင်စီတပ်တွေနဲ့ ဖြစ်ပွားတဲ့တိုက်ပွဲတွေကြောင့် သေဆုံး ၇၁ ဦးအထိရှိလာပြီလို့တိုးတက်သောကရင်နီပြည်သူ့အင်အားစု-PKPF ကထုတ်ပြန်ပါတယ်။အဆိုပါ စာရင်းထဲမှာ အကြောင်းမဲ့ ပစ်သတ်ခံရတဲ့သူတွေပါဝင်သလို အရွယ်မရောက်သေးတဲ့ ကလေးငယ် သုံးယောက်လည်း သေဆုံးခဲ့တယ်လို့လည်းဖော်ပြပါတယ်။၊ဒီးမော့ဆိုမြို့နယ်က သေဆုံးသူ ၄၇ ဦးနဲ့ အရေအတွက်အများဆုံးဖြစ်ပြီး လွိုင်ကော်က ၁၈ |
စစ်ကြောရေးမှာ သေဆုံးသူ နောက်တစ်ဦးတိုး၊ စုစုပေါင်း ၂၆ ဦးရှိနေ Posted: 22 Jun 2021 07:14 AM PDT စစ်ကြောရေးမှာ သေဆုံးသူ နောက်တစ်ဦးတိုး၊ စုစုပေါင်း ၂၆ ဦးရှိနေ / Photo: RFAစစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ လယ်ဇင်ကျေးရွာကနေ ဇွန်လ ၂၁ ရက်ညက ဖမ်းဆီးခံလိုက်ရတဲ့ အသက်(၃၀) အရွယ် ကိုဇေယျာလင်း ဒီကနေ့ ဇွန်လ ၂၂ ရက်နေ့ မနက်ပိုင်းမှာ သေဆုံးသွားပြီလို့ ဒေသခံတွေက ပြော ပါတယ်။မနေ့ည ၉ နာရီလောက်မှာ လယ်ဇင်ရွာ စာသင်ကျောင်းမီးလောင်မှုဖြစ်ပြီးတဲ့နောက် ရွာသားတွေက ဝိုင်းဝန်း ငြိမ်းသတ်ပြီးချိန်မှာ စစ်သားတွေ ချက်ချင်း |
မြောင်မှာ ရဲနဲ့စစ်ကား မိုင်းခွဲခံရ၊ ရဲတစ်ဦး သေဆုံး Posted: 22 Jun 2021 07:12 AM PDT မြောင်မှာ ရဲနဲ့စစ်ကား မိုင်းခွဲခံရ၊ ရဲတစ်ဦး သေဆုံး စစ်ကားတစ်စီးကို ၂၀၂၁၊ မတ်လအတွင်းက စစ်ကိုင်းတိုင်း၊ မြောင်မြို့မှာ တွေ့ရစဉ် / Photo: Citizen Journalistစစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ကူတို့ကုန်ရွာနဲ့ လှေတင်ဦးရွာ ကြားမှာ ဇွန်လ ၂၁ ရက် မနေ့ည ကိုးနာရီခွဲ လောက်က စစ်ကောင်စီယာဉ်တန်း မိုင်းခွဲခံရပြီး ရဲတစ်ယောက် သေဆုံးသွားတယ်လို့ မြောင်မြို့နယ် ပြည်သူ့ ကာကွယ်ရေးနဲ့ လုံခြုံရေးအဖွဲ့က RFA ကို ပြောပါတယ်။ |
မန္တလေးပစ်ခတ်မှု ကန်၊ ကနေဒါနဲ့ ပြင်သစ်သံရုံးတွေစိုးရိမ်ကြောင်းထုတ်ပြန် Posted: 22 Jun 2021 07:10 AM PDT မန္တလေးပစ်ခတ်မှုနေ့မှာ မြင်တွေ့ရတဲ့သံချပ်ကာ ကားများ (ဓာတ်ပုံ - Courtesy)မန္တလေးမှာဖြစ်ခဲ့တဲ့ ဒီကနေ့ ပစ်ခတ်တိုက်ခိုက်မှုတွေအတွက် စိုးရိမ်မကင်းဖြစ်တဲ့အကြောင်း ရန်ကုန်အခြေစိုက် အမေရိကန် ကနေဒါနဲ့ ပြင်သစ်သံရုံးတို့က အသီးသီးထုတ်ပြန်ခဲ့ကြပါတယ်။ မန္တလေးမြို့မှာ ဒီကနေ့ အရပ်သားတွေ သေဆုံး၊ ဒဏ်ရာရတာ ရှိနိုင်တယ်ဆိုတဲ့ သတင်းတွေအပါအဝင် ပစ်ခတ်မှုသတင်းတွေကို စောင့်ကြည့်နေတယ်လို့ ရန်ကုန်၊ အမေရိကန်သံရုံးက ပြောပါတယ် |
မန္တလေးပြည်သူကိုအားပေးတဲ့ ရန်ကုန်ဆန္ဒပြမှု Posted: 22 Jun 2021 07:03 AM PDT မန္တလေးတိုက်ခိုက်မှု အပြီး ပေါ် ပေါက်လာတဲ့ စမ်းချောင်းမြို့နယ်ထဲက ဆန္ဒပြပွဲ (ဓာတ်ပုံ - CJ)မန္တလေးမြို့မှာ စစ်တပ်က အိမ်တအိမ်ကို စီးနင်းရှာဖွေစဉ် ဒီနေ့ မနက်ပိုင်းက အပြန်အလှန် ပစ်ခတ်မှုတွေ ဖြစ်ပွားတဲ့သတင်း ရန်ကုန်မြို့ကို ပျံ့နှံ့ရောက်ရှိခဲ့ပြီးနောက် ရန်ကုန်က ဆန္ဒပြလူငယ်တွေက မန္တလေးကို အားပေးတဲ့ ကြွေးကြော်သံတွေ ကြွေးကြော် ဆန္ဒပြခဲ့ကြပါတယ်။ မင်္ဂလာတောင်ညွန့်၊ ကြည့်မြင်တိုင်၊ စမ်းချောင်း စတဲ့မြို့နယ် |
Posted: 22 Jun 2021 06:59 AM PDT ဇွန်လ ၂၂ ရက်၊ ၂၀၂၁ခုနှစ်။ ကေအိုင်စီစစ်ကောင်စီ၏ စေခိုင်းမှုဖြင့် ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မ မြို့နယ်အတွင်းရှိ ကျေးရွာအချို့ တွင် ကျေးရွာအုပ်ချုပ်ရေးမှူးများမှ တပ်သားသစ်များ မဲနှိုက်စုဆောင်းပေးရာတွင် မဲပေါက်၍ မသွားလိုသော သူများအနေဖြင့် ကျပ်ငွေနှစ်သိန်းခွဲ ပေးဆောင်ရကြောင်း ဒေသခံများက ပြောသည်။ဒေသခံတစ်ဦး၏ ပြောပြချက်အရ ယခုလဆန်းပိုင်းက ဝါးခယ်မမြို့နယ်အတွင်းရှိ ကျေးရွာ ၇ ရွာခန့်လောက် |
မန္တလေးပစ်ခတ်မှု- အောင်ပင်လယ်ဘက်မှာ စစ်ကောင်စီတပ်တွေက အရပ်၀တ်နဲ့လှုပ်ရှားနေ Posted: 22 Jun 2021 06:56 AM PDT မန္တလေးမြို့မှာ ဒီနေ့ ဇွန်လ ၂၂ ရက်တုန်းက ဖြစ်ခဲ့တဲ့ပစ်ခတ်မှုတွေအပြီးမှာ စစ်ကောင်စီတပ်တွေက အရပ်သားတွေလို ဝတ်ဆင်ပြီး အောင်ပင်လယ်ဘက်ကရပ်ကွက်တွေထဲ လှုပ်ရှားနေတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။'စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့က ကျည်ကာတွေဝတ်၊ အပေါ်က ပုံမှန်အင်္ကျီတွေဝတ်ပြီး အောင်ပင်လယ်ဘက်က ရပ်ကွက်တချို့မှာ ရပ်ကွက်သားပုံစံနဲ့ သွားလာနေတာတွေရှိတယ်။ တကယ်လို့ လူငယ်တွေ ပြေးလာရင် သူတို့ စောင့်ဖမ်းမယ်ဆိုတဲ့ အနေအထားရှိတယ်။ |
မန္တလေးတိုက်ခိုက်မှု ၈ ဦးသေဆုံးလို့ စစ်ကောင်စီထုတ်ပြန် Posted: 22 Jun 2021 06:54 AM PDT ဒီမနက် ဖြစ်ခဲ့တဲ့ မန္တလေး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) နဲ့ စစ်ကောင်စီ အပြန်အလှန်ပစ်ခတ်မှုမှာ PDF ဘက်က သေဆုံးသူ ၈ ဦးအထိ ရှိခဲ့တယ်လို့ စစ်ကောင်စီဘက်က ထုတ်ပြန်ပါတယ်။စစ်ကောင်စီဘက်က အပြင်းအထန်ဒဏ်ရာရသူတချို့ရှိခဲ့ပြီး PDF က ၄ ဦးသေဆုံး၊ ၈ ဦးကို လက်နက်တွေနဲ့ ဖမ်းမိခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။မန္တလေး၊ ချမ်းမြသာစည်မြို့နယ်ထဲက ၅၄ လမ်းက အိမ်တစ်အိမ်ကို စစ်ကောင်စီ တပ်တွေက ဝင်ရောက်စီးနင်းရင်း အပြန်အလှန်ပစ်ခတ်မှု |
တောင်ကြီးမြို့ စစ်ကောင်စီမှ (၉ )တန်းကျောင်းသားတစ်ဦးကို ရာဘာကျည်ပစ်၊ ရိုက်နှက်ပြီး ဖမ်းဆီး Posted: 22 Jun 2021 06:50 AM PDT သျှမ်းသံတော်ဆင့်၊ ဇွန် ၂၂သျှမ်းပြည်တောင်ကြီးမြို့ ယနေ့ (ဇွန် ၂၂)ရက် မနက် (၅)နာရီကျော်တွင် စစ်ကောင်စီ အုပ်စုသည် အကိုဖြစ်သူကို မတွေ့သဖြင့် အသက် (၁၅)နှစ် မပြည့်သေးသည့် (၉ )တန်းကျောင်းသား တစ်ဦးကို ရာဘာကျည်ဖြင့် ပစ်ပြီး၊ရိုက်နှက်ကာ ဖမ်းဆီးသွားကြောင်း သတင်းရရှိသည်။ယနေ့ (ဇွန် ၂၂)ရက် မနက် (၅)နာရီကျော်တွင် တောင်ကြီးမြို့ ကျောင်းကြီးစုရပ်ကွက် နယ်မြေ (၉ )တွင် မိဘများနှင့် အတူနေထိုင်နေသည့် (၉)တန်း |
ကျိုင်းတုံထွေအုပ် ကားလိုက်တိုက်ဖမ်းဆီးမှုကြောင့် သမီးလည်းဆုံး၊ ဖခင်လည်း အမှုဖွင့်ခံရ Posted: 22 Jun 2021 06:48 AM PDT ဇွန် ၂၂ရက် ၂၀၂၁သျှမ်းရှေ့ ကျိုင်းတုံမြို့ တွင် ဇွန် (၁၉ )ရက် ည (၉)နာရီဝန်းကျင်တွင် နေမကောင်းသည့် သမီးလေးကို ဆိုင်ကယ်ဖြင့် လိုက်လံပို့ဆောင်စဉ် စစ်ကောင်စီ မှ ကားဖြင့် လိုက်လံ တိုက်ပြီး ဖမ်းဆီးမှုကြောင့် (၁)နှစ် ကျော် ကလေး သေဆုံးကာ ၊ ၎င်း၏ ဖခင်ကို လူသတ်မှုဖြင့် အမှုပြန်ဖွင့်ထားကြောင်း စုံစမ်းသိရသည်။ဖြစ်စဉ်မှာ ဇွန် (၁၉ )ရက် ည (၉ )နာရီ တွင် (၁)နှစ်ကျော်သမီးလေး နေမကောင်းသဖြင့် ဖခင်ဖြစ်သူက ၎င်း၏ကလေးကို |
ယာယီအပစ်ရပ်နေစဉ် အကြမ်းဖက်စစ်ကောင်စီတပ်မှ နယ်မြေစိုးမိုးမှုအသာစီးယူနေ Posted: 22 Jun 2021 06:46 AM PDT ကရင်နီပြည်နယ်ရှိ ကျေးရွာအများအပြားမှာ ယာယီအပစ်ခတ်ရပ်စဲထားတဲ့ အတောအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်မှ စစ်အင်အားဖြည့်တင်းနေမှုက နယ်မြေစိုးမိုးမှုမှာ အသာစီးယူနေတဲ့ ဗျူဟာဖြစ်တယ်လို့ ကရင်နီအရပ်ဖက်အဖွဲ့အစည်းကွန်ယက်မှ Coordinator ခူးကိုရယ်က သုံးသပ်ပြောဆိုပါတယ်။"အပစ်ရပ်တယ်ဆိုတဲ့ဟာပေါ့ တကယ်တမ်းတော့ သမိုင်းကြောင်းအရ ပြန်ကြည့်မယ်ဆိုရင်လည်း စာရွက်အဖြူအပေါ်မှာပဲ ရှိတယ်လေနော လက်တွေ့မှာဆိုရင် သူတို့ဖက်က အသာစီးချင် |
You are subscribed to email updates from THIT HTOO LWIN (Daily News). To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google, 1600 Amphitheatre Parkway, Mountain View, CA 94043, United States |
No comments:
Post a Comment
5
Note: Only a member of this blog may post a comment.