Friday, June 4, 2021

သစ်ထူးလွင်

သစ်ထူးလွင်


အာဏာသိမ်းစစ်တပ်အပေါ် ဒဏ်ခတ်ပိတ်ဆို့မှုအသစ်တွေ အီးယူ ချမှတ်ဖို့ရှိ

Posted: 03 Jun 2021 10:07 AM PDT

အီးယူနိုင်ငံခြားရေးရာမူဝါဒ အကြီးအကဲ ဂျိုးဆက် ဘိုဝဲလ်မြန်မာအာဏာသိမ်းစစ်ခေါင်းဆောင်တွေနဲ့ စစ်တပ်ပိုင် စီးပွားရေး လုပ်ငန်းတွေကို လာမယ့်ရက်ပိုင်းတွေအတွင်း ဒဏ်ခတ်ပိတ်ဆို့မှုအသစ်တွေ အီးယူ ဥရောပသမဂ္ဂဘက်က ချမှတ်ဖို့ ရှိတယ်လို့ အီးယူနိုင်ငံခြားရေးရာမူဝါဒ အကြီးအကဲ ဂျိုးဆက် ဘိုဝဲလ်က ရိုက်တာသတင်းဌာနကို ပြောပါတယ်။ဒီအရေးယူ ပိတ်ဆို့မှုတွေဟာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း အီးယူဘက်က ချမှတ်တဲ့ တတိယအကြိမ်မြောက် အရေးယူ

ကယားမှာ စစ်ကောင်စီနဲ့ ဒေသခံ PDF တိုက်ခိုက်၊ သေဆုံးဒဏ်ရာရသူတချို့ရှိတယ်လို့ ဒေသ PDF တွေပြော

Posted: 03 Jun 2021 10:05 AM PDT

 ကယားမှာ စစ်ကောင်စီနဲ့ ဒေသခံ PDF တိုက်ခိုက်၊ သေဆုံးဒဏ်ရာရသူတချို့ရှိတယ်လို့ ဒေသ PDF တွေပြောကယားပြည်နယ်က တိုက်ခိုက်မှုတွမှာ မနက် ၈နာရီ လောက်က ဒီမော့ဆိုး၊ စံပြ (၆)ကျေးရွာအုပ်စုထဲမှာ ဒီးမော့ဆို PDF နဲ့ စစ်တပ်တို့အကြားပစ်ခတ်မှုဖြစ်ခဲ့ပြီး PDF ဘက်ကအနည်းဆုံး ၁ ဦးကျဆုံးနိုင်တယ်လို့ ထုတ်ပြန်ပါတယ်။အဲဒီလိုပစ်ခတ်မှုတွေအပြင် စံပြ (၆) ရွာက ကက်သလစ်ဘုရားကျောင်းမှာ စစ်ကောင်စီဘက်က တပ်စွဲထားတယ်လို့လည်း PDFဘက်က

မင်းတပ် CDF နဲ့ စစ်တပ်အကြား တိုက်ပွဲဖြစ်

Posted: 03 Jun 2021 10:04 AM PDT

ချင်းပြည်နယ် မင်းတပ်မြို့က စစ်ဘေးရှောင်တချို့။ (ဓာတ်ပုံ - CJ - ဇွန် ၂၊ ၂၀၂၁)မကွေးတိုင်းနဲ့ ချင်းပြည်နယ် ထိစပ်နေတဲ့နေရာမှာ ချင်းပြည်နယ်ကာကွယ်ရေး CDF မင်းတပ်အဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေ ဒီနေ့ အပြန်အလှန် ပစ်ခတ် တိုက်ခိုက်ခဲ့ကြပါတယ်။ စစ်တပ်ဘက်က ပစ်တဲ့ လက်နက်ကြီးတွေ ကျလို့ မင်းတပ်က စစ်ပြေးဒုက္ခသည်တွေ နောက်ထပ်နေရာတွေမှာ ရွှေ့ပြောင်းနေကြရပါတယ်။ မင်းတပ်ဘက်က အခြေအနေ ရန်ကုန်ကလာတဲ့ သတင်းကို ကိုကျော်ကျော်

ဒေါ်အောင်ဆန်းစုကြည် ရန်ကုန်အမှု နေပြည်တော်မှာ ပေါင်းစစ်ဖွယ်ရှိ

Posted: 03 Jun 2021 10:00 AM PDT

ဖေဖော်ဝါရီ ၁၁ ရက်နေ့က ရန်ကုန်မြို့ရှိ တရုတ်သံရုံးရှေ့မှာ ဆန္ဒပြသူတဦး ကိုင်ဆောင်ထားတဲ့ ဒေါ်အောင်ဆန်းစုကြည် ပုံတူ ပို့စ်စတာ။ (ဖေဖော်ဝါရီ ၁၁၊ ၂၀၂၁)နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေ ပုဒ်မ ၃ (၁) (ဂ) နဲ့ ရန်ကုန်မြို့မှာ အမှုဖွင့်ခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့အမှုကို နေပြည်တော်မှာ စစ်ဆေးသွားဖို့ရှိနေပါတယ်။ ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးက ဒေါ်အောင်ဆန်းစုကြည်အမှု ဒီကနေ့

အခြေခံပညာကျောင်းပြန်ဖွင့်၊ တက်သူ ၂၀ ရာခိုင်နှုန်းထက် နည်းပါး

Posted: 03 Jun 2021 09:58 AM PDT

စစ်ကောင်စီက ပြန်ဖွင့်တဲ့ စစ်ကျွန်ပညာရေးလက်အောက်မှာ ကျောင်းတွေ မအပ်ကြဖို့နဲ့ ကျောင်းတွေ မတက်ဖို့ လှုံ့ဆော်မှုတွေကို တစ်နိုင်ငံလုံးက ပြည်သူတွေဝိုင်းပြီး ပြုလုပ်ခဲ့ကြတာကြောင့် ဇွန်လ ၁ ရက်နေ့ ကျောင်းတွေပြန်ဖွင့်ချိန်မှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ကျောင်းလာတက်သူ အနည်းငယ်မျှပဲ ရှိခဲ့ပါတယ်။၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းတွေမှာ ကျောင်းတက်ရမယ့် ကျောင်းသား၊ ကျောင်းသူ ခန့်မှန်း ၉ သန်းကျော် ရှိ

ဥသျှစ်ပင်မြို့မှာ ဖမ်းလိုသူကို မတွေ့တာကြောင့် မိခင်နဲ့ဇနီးကို ဖမ်းသွား

Posted: 03 Jun 2021 09:56 AM PDT

ဥသျှစ်ပင်မြို့မှာ ဖမ်းလိုသူကို မတွေ့တာကြောင့် မိခင်နဲ့ဇနီးကို ဖမ်းသွား ပဲခူးတိုင်းဒေသကြီး၊ ဥသျှစ်ပင်မြို့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ၂၀၂၁ မတ် ၇ ရက်နေ့က ဆန္ဒပြခဲ့ကြစဉ် / ဓာတ်ပုံ - နွေဦးတော်လှန်ရေး - ဥသျှစ်ပင်ပဲခူးတိုင်းအနောက်ခြမ်း ဥသျှစ်ပင်မြို့မှာနေထိုင်တဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ကိုမင်းမင်းဦးရဲ့ နေအိမ်ကို အာဏာသိမ်းစစ်ကောင်စီတပ်တွေက ဇွန်လ ၂ ရက် မနေ့မနက်ပိုင်းက ဝင်ရောက်ရှာဖွေဖမ်းဆီးချိန် ကာယကံ

ဒေါပုံမြို့နယ် ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦး သေနတ်နဲ့အပစ်ခံရ

Posted: 03 Jun 2021 09:54 AM PDT

မေလအတွင်း ရန်ကုန်မြို့ထဲမှာ တွေ့ရတဲ့ ရဲတပ်ဖွဲ့ဝင်တွေရန်ကုန်တိုင်း ဒေါပုံမြို့နယ် ဗမာအေး ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦး ကားထဲမှာ ထိုင်နေရင်း သေနတ်နဲ့ ပစ်ခတ်ခံရတယ်လို့ မျက်မြင်သက်သေတစ်ဦးက ဘီဘီစီကို အတည်ပြုပါတယ်။အဲဒီမျက်မြင်သက်သေရဲ့ ပြောဆိုချက်အရ သူဟာ ပစ်ခတ်ခံရမှုကြောင့် သေဆုံးတယ်လို့ ယူဆနိုင်ဖွယ်ရှိပြီး သီးခြားအတည်ပြုချက်တော့ မရရှိသေးပါဘူး။သူဟာ ရပ်ကွက်အုပ်ချုပ်ရေးရုံးကအပြန် မင်းနန္ဒာလမ်းနဲ့ ရွှေဖူး

အများပြည်သူနဲ့ဆိုင်တဲ့နေရာတွေကို လုံးဝလုပ်မှာမဟုတ်ဘူးဆိုတာ ပြည်သူတွေကို ထပ်လောင်းပြောချင်ပါတယ်

Posted: 03 Jun 2021 09:52 AM PDT

လူထုကို ထိခိုက်အောင် လုပ်ဆောင်မှုတွေကိုလည်း မျက်ခြည်မပြတ်စောင့်ကြည့်ကာကွယ်မယ်လို့ ရန်ကုန် PDF အဖွဲ့တွေက ပြောပါတယ်။ရန်ကုန်မြို့ကပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေအနေနဲ့ ကျောင်းသားပြည်သူတွေကို ထိခိုက်စေတဲ့လုပ်ရပ်တွေ လုံးဝလုပ်ဆောင်သွား မှာမဟုတ်ဘဲ ထိခိုက်မူတွေရှိအောင် လုပ်ဆောင်သူတွေရှိပါကလည်း စောင့်ကြည့်ပြီး အသိပေးသွားမယ်လို့ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေအနေနဲ့ ဒီအကြောင်း

No comments:

Post a Comment

5

Note: Only a member of this blog may post a comment.