သစ္ထူးလြင္ |
- မြန်မာ့အရေး အာဆီယံသဘောတူချက်တွေကို အကောင်အထည်ဖော်ဖို့ ထိုင်းတိုက်တွန်း
- မြန်မာနိုင်ငံတွင်း အကြမ်းဖက် တိုက်ခိုက်မှုများ ထိုင်းစိုးရိမ်ပူပန်
- မင်းတပ်တိုက်ပွဲ CDF တစ်ဦးသေဆုံး
- ဧရာဝတီတိုင်းက စစ်ရှောင်တွေ အကူအညီပေးဖို့ အခက်တွေ့နေ
- မန်ရွက်ကျေးရွာ၏ NLD ပါတီ ဥက္ကဌကို စစ်ကောင်စီက ဖမ်းဆီးထား
- ထိုင်းဘက်က တင်သွင်းနေသည့် ဆပ်ပြာ၊ ဆပ်ပြာမှုန့် နှင့်သွားတိုက်ဆေးများ တင်သွင်းခွင့်ရပ်ဆိုင်းထားရန် စစ်ကောင်စီက ညွှန်ကြားထား
- လှိုင်းဘွဲ အ.ထ.က ကျောင်းကို ကျောင်းသားမိဘများ လုံခြုံရေးယူပြီးကျောင်းတက်နေရ
- ဟားခါးမြို့ ပေါက်ကွဲမှု ၃ ကြိမ်ဖြစ်ပွားခဲ့ရာ မြို့သစ်ရပ်ကွက်ပေါက်ကွဲမှုတွင် လူငယ် ၃ ဦးသေဆုံးခဲ့
- အင်ဂျန်းယန်မြို့နယ်သို့ စစ်ကူတက်လာသည့် စစ်ကောင်စီ တပ် ကေအိုင်အေ၏ တိုက်ခိုက်မှုခံရ
- ဒီးမော့ဆိုမြို့နယ်တွင် လက်နက်ကြီးကြောင့် လူနေအိမ် ပျက်စီးမှု များပြား
- ကျုံပျော်မှာ စစ်ကောင်စီနဲ့ ရွာသားတွေ တိုက်ပွဲဖြစ်၊ ဒေသခံ ၂၀ ဦး ထက်မနည်း သေဆုံး
- ကလေးမြို့မှာ လူငယ် ၁၂ ဦး ဖမ်းဆီးခံထားရ
- ကြာအင်းဆိပ်ကြီးမြို့နယ် စစ်ကောင်စီအခြေစိုက်စခန်းရှိသည့် တောင်စွန်းရွာတွင် လက်နက်ကြီး ပစ်ခတ်မှုဖြစ်ပွား
- ကျုံပျော်တွင် PDF မဟုတ်သည့် အရပ်သား နှင့် စစ်ကောင်စီတပ်အကြား ပစ်ခတ်မှု ဖြစ်ပွား၊ ဒလန်၏ သတင်းပေးမှုကြောင့်ဟု ဆို
- အကြမ်းဖက်စစ်ကောင်စီတပ်က လူသားဒိုင်းကာအသုံးပြုပြီး တိုက်ခိုက်လာ
- မိုးဗြဲတိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီတပ်က ၂၀ ဝန်းကျင်သေဆုံးပြီး PDF က လက်နက်ခဲယမ်းများရရှိ
- ဟားခါးမြို့တွင် ပေါက်ကွဲမှုဒဏ်ရာကြောင့် လူငယ်တစ်ဦးထပ်မံသေဆုံး
- ဟားခါးမြို့တွင် ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် စစ်ကောင်စီ တပ်ဖွဲ့မှ လူ ၄၀ ဝန်းကျင် ဖမ်းဆီးထား
မြန်မာ့အရေး အာဆီယံသဘောတူချက်တွေကို အကောင်အထည်ဖော်ဖို့ ထိုင်းတိုက်တွန်း Posted: 06 Jun 2021 07:02 AM PDT မြန်မာ့အရေး အာဆီယံသဘောတူချက်တွေကို အကောင်အထည်ဖော်ဖို့ ထိုင်းတိုက်တွန်း ၂၀၂၁ ဧပြီလ ၂၄ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တော်မှာ မြန်မာ့အရေး အာဆီယံ အရေးပေါ်အစည်းအဝေး ကျင်းပစဉ် Photo- AFP / Indonesian Presidential Palaceဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းလိုက်ကတည်းကစလို့ နိုင်ငံ ဝရုန်းသုန်းကားဖြစ်နေတာ အဆုံးသတ်ဖို့ အထောက်အကူအဖြစ် စစ်ကောင်စီနဲ့ အာဆီယံ- အရှေ့တောင်အာရှနိုင်ငံများအသင်း ခေါင်းဆောင်တွေ |
မြန်မာနိုင်ငံတွင်း အကြမ်းဖက် တိုက်ခိုက်မှုများ ထိုင်းစိုးရိမ်ပူပန် Posted: 06 Jun 2021 06:58 AM PDT ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ Tanee Sangrat။ (Reuters)မြန်မာနိုင်ငံ နေရာအတော်များများ အကြမ်းဖက် တိုက်ခိုက်မှုတွေ ဖြစ်ပေါ်နေတဲ့အပေါ် ထိုင်းနိုင်ငံအနေနဲ့ စိုးရိမ်ပူပန်ကြောင်းနဲ့ မြန်မာစစ်ခေါင်းဆောင်တွေ အနေနဲ့ အာဆီယံနဲ့ ရရှိထားတဲ့ အချက် ၅ ချက်ပါ သဘောတူညီချက် အကောင်အထည်ဖော်ရေးကို လိုလားကြောင်း ထိုင်းနိုင်ငံက ဒီကနေ့ ပြောကြားလိုက်ပါတယ်။အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့မှာ ဧပြီလ ၂၄ ရက်နေ့က |
မင်းတပ်တိုက်ပွဲ CDF တစ်ဦးသေဆုံး Posted: 06 Jun 2021 06:47 AM PDT မင်းတပ်က စစ်ဘေးရှောင်အချို့ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့နယ်အတွင်းနေရာ နှစ်နေရာမှာ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံကာကွယ်ရေးတပ်တွေ ကြားပစ်ခတ်မှုတွေဖြစ်ပွားခဲ့ပြီးတော့ မင်းတပ် CDFအဖွဲ့ဝင်တစ်ဦး သေဆုံးခဲ့တယ်လို့ မင်းတပ်မြို့ခံတွေကနေ တစ်ဆင့် ဘီဘီစီက စုံစမ်းသိရှိရပါတယ်။မင်းတပ်မြို့နဲ့ ယှက်ရွာကြားတစ်နေရာနဲ့၊ ဘောင်ထဲရွာနဲ့ ဘုရားစခန်းရွာကြားတွေ တစ်နေရာမှာ ဒီကနေ့ မနက်ပိုင်းအထိ တိုက်ပွဲတွေ ဖြစ်ခဲ့ပြီးတော့ |
ဧရာဝတီတိုင်းက စစ်ရှောင်တွေ အကူအညီပေးဖို့ အခက်တွေ့နေ Posted: 06 Jun 2021 06:45 AM PDT ပစ်ခတ်နှိမ်နှင်းမူတွေအပြင် လူသေဆုံးမူတွေပါရှိခဲ့တဲ့ ဧရာဝတီတိုင်းကျူံပျော်မြို့နယ် ဇရစ်ရိုးကျေးရွာအုပ်စု လှေဆွဲကျေးရွာနဲ့ အနီးတစ်ဝိုက်က စစ်ဘေးရှောင်ပြည်သူတွေကို အကူညီပေးသွားရောက်ဖို့ အခက်ခဲတွေရှိနေတယ်လို့ ဒေသခံတွေနဲ့ ကူညီကယ်ဆယ်ပေးရေးအဖွဲ့တွေက ပြောပါတယ်။ဇွန်လ ၅ရက်နေ့ မနေ့က ပစ်ခတ်မူတွေကြောင့် လှေဆွဲရွာတစ်ရွာလုံးနီးပါး အနီးနားက တောတွေနဲ့ နီးစပ်ရွာကျေးရွာတွေကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေ |
မန်ရွက်ကျေးရွာ၏ NLD ပါတီ ဥက္ကဌကို စစ်ကောင်စီက ဖမ်းဆီးထား Posted: 06 Jun 2021 06:35 AM PDT Jun 6,2021/Kachin News Groupမိုးကောင်းမြို့နယ် မန်ရွက်ကျေး၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ဥက္ကဌ ဦးကျော်အုန်းကို အကြမ်းဖက် စစ်ကောင်စီက လူအင်အများအပြားဖြင့် လာရောက်ဖမ်းဆီးခေါ်ဆောင်သွားကြောင်းသိရသည်။မေလ ၅ရက်နေ့ နေ့လည် ၁၂နာရီဝန်းကျင်တွင် အရပ်ဝတ်ဖြင့် လက်နက်အင်အားများအပါ လူ ၁၁ဦးက ဦးကျော်အုန်း၏ နေအိမ်တွင် လာခေါ်သွားကြောင်း မိသားစုထံမှသိရသည်။"သူတို့ကအရပ်ဝတ်တွေနဲ့လာကြတော့ ဘယ်မှန်းမသိလိုက်ဘူး။ |
Posted: 06 Jun 2021 06:21 AM PDT ဇွန်လ ၆ ရက်၊ ၂၀၂၁ ခုနှစ်။ ကေအိုင်စီမြဝတီနယ်စပ်မှတဆင့် ထိုင်းဘက်ခြမ်းက တင်သွင်းနေသည့် ဆပ်ပြာ၊ ဆပ်ပြာမှုန့်နှင့် သွားတိုက်ဆေးများအား ဇွန်လ ၄ ရက်နေ့မှစ၍ တင်သွင်းခွင့် ယာယီရပ်ဆိုင်းထားရန် စစ်ကောင်စီ အကောက်ခွန်ဦးစီးဌာနမှ နယ်စပ်ကုန်သည် လုပ်ငန်းရှင်များအား ညွှန်ကြားစာပေးပို့ထားကြောင်း သိရသည်။ ညွှန်ကြားစာတွင် နိုင်ငံခြားသုံးငွေ လျှော့ချနိုင်ရေးနှင့် ပြည်တွင်း (SME) လုပ်ငန်းငယ်များ ဈေးကွက်ယှဉ်ပြိုင်မှု |
လှိုင်းဘွဲ အ.ထ.က ကျောင်းကို ကျောင်းသားမိဘများ လုံခြုံရေးယူပြီးကျောင်းတက်နေရ Posted: 06 Jun 2021 06:19 AM PDT ဇွန်လ ၆ ရက်၊ ၂၀၂၁ ခုနှစ်။ ကေအိုင်စီဇွန်လ ၁ ရက်နေ့က စတင်ဖွင့်လှစ်သည့် ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့ အခြေခံပညာအထက်တန်းကျောင်းကို ကျောင်းသားမိဘများက ကျောင်းလုံခြုံရေး ယူပေးပြီးကျောင်းတက်ကြရသည်ဟု မြို့ခံများက ပြောသည်။ လှိုင်းဘွဲ အ.ထ.က ကျောင်းတွင် စစ်တပ်အသိုင်းအဝိုင်းမှကျောင်းသူကျောင်းများနှင့် လှိုင်းဘွဲမြို့ရှိ ကျောင်းသူ/သား အနည်းငယ်သာကျောင်းတက်ကြပြီး ကျောင်းလုံခြုံရေးအတွက် ရဲတပ်ဖွဲ့က လုံခြုံရေးယူပေး |
ဟားခါးမြို့ ပေါက်ကွဲမှု ၃ ကြိမ်ဖြစ်ပွားခဲ့ရာ မြို့သစ်ရပ်ကွက်ပေါက်ကွဲမှုတွင် လူငယ် ၃ ဦးသေဆုံးခဲ့ Posted: 06 Jun 2021 06:17 AM PDT ဇွန်လ ၅ ရက်နေ့ ညနေတွင် ဟားခါးမြို့၌ ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းေကြာင့် ထိခိုက်ဒဏ်ရာရ သေဆုံးခဲ့သည့် လူငယ် ၃ ဦး၏ အသုဘအခမ်းနားကို ဟားခါးမြို့ မြို့သစ်ရပ်ကွက်ရှိ ကာဆင်ဘုရားကျောင်းတွင် ဇွန်လ ၆ရက်နေ့ ယနေ့ ညနေ၂ နာရီတွင် Service စမည်ဖြစ်ပြီး Service ပြီးပြီးချင်း အသုဘ ချမည် ဖြစ်ကြောင်းသိရသည်။ဟားခါးမြို့တွင် ဇွန်လ ၅ရက်နေ့၌ ခရိုင်ထွေအုပ်ရုံးရှေ့တွင် ၁ ကြိမ်၊ ဟားခါးမြို့ မြို့သစ်ရပ်ကွက်တွင် ၂ ကြိမ်၊ |
အင်ဂျန်းယန်မြို့နယ်သို့ စစ်ကူတက်လာသည့် စစ်ကောင်စီ တပ် ကေအိုင်အေ၏ တိုက်ခိုက်မှုခံရ Posted: 06 Jun 2021 06:13 AM PDT 6 June 2021 - Kachinwaves ဂွေထောင်ကျေးရွာအထက် အင်ဂျန်းယန်မြို့ဘက်သို့ စစ်ကူ တက်လာသည့် စစ်ကောင်စီစစ်သားများနှင့် ကေအိုင်အ ယနေ့နံနက် ၇နာရီခန့်တွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းသတင်းရရှိသည်။ "ဂွေထောင်ကနေ စစ်ကောင်စီတပ် စစ်သားတွေ ၁၀၀ ကျော် တက်လာတာကို ကေအိုင်အေက ပစ်တိုက်နေတယ်။ ဒီနေ့လည်း အင်ဂျန်းယန်ကနေ ဂွေထောင်ဘက်ကို လာကြိုတဲ့စစ်ကောင်စီတပ်တွေကိုရော တိုက်နေတယ်"ဟု ဒေသခံတစ်ဦးကပြောသည်။အင်ဂျန်းယန် |
ဒီးမော့ဆိုမြို့နယ်တွင် လက်နက်ကြီးကြောင့် လူနေအိမ် ပျက်စီးမှု များပြား Posted: 06 Jun 2021 06:11 AM PDT ဇွန်လ ၆ရက်နေ့ နံနက် ၆နာရီဝန်းကျင်က စပြီး ဒီမော့ဆိုမြို့မှာ ပြည်သူ့ကာကွယ်ရေးတပ်နဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီဖက်မှ လက်နက်ကြီးအသုံးပြုပြီး ပစ်ခတ်မှုကြောင့် ရပ်ကွက်ရှိနေအိမ်အများအပြား ပျက်စီးခဲ့ပါတယ်။ယနေ့နံနက်ပိုင်းမှာ ဒီးမော့ဆိုမြို့အပါအဝင်၊ မိုးဗြဲမှာလည်း ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ အကြမ်းဖက် စစ်ကောင်စီတို့ အပြန်အလှန် ပစ်ခတ်မှု ပြင်းထန်ပြီး အကြမ်းဖက်စစ် |
ကျုံပျော်မှာ စစ်ကောင်စီနဲ့ ရွာသားတွေ တိုက်ပွဲဖြစ်၊ ဒေသခံ ၂၀ ဦး ထက်မနည်း သေဆုံး Posted: 05 Jun 2021 10:57 AM PDT ဧရာဝတီတိုင်း ကျုံပျော်မြို့နယ် လှေဆွဲကျေးရွာမှာ ဒီကနေ့ ဇွန် ၅ ရက် မနက် ၈ နာရီဝန်းကျင်ကစပြီး ဒေသခံအရပ်သားတွေနဲ့ စစ်ကောင်စီတပ်တို့အကြား အပြန်အလှန်ပစ်ခတ်မှုတွေ ဖြစ်ခဲ့ပါတယ်။ဒီပစ်ခတ်မှုကြောင့် ဒေသခံအရပ်သားဘက်က သေဆုံးသူ ၂၀ ဦးထက်မနည်း ရှိလာနေပြီလို့ ရိုက်တာနဲ့ ဒေသခံသတင်း မီဒီယာတွေက ဖော်ပြပါတယ်။RFA က ဒီကနေ့ ညနေ ၅ နာရီထိ ဆက်သွယ်စကားပြောခဲ့တဲ့ သူတွေထဲက လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးကတော့ ဒေသခံ ၃ |
ကလေးမြို့မှာ လူငယ် ၁၂ ဦး ဖမ်းဆီးခံထားရ Posted: 05 Jun 2021 10:55 AM PDT စစ်ကိုင်းတိုင်း ကလေးမြို့မှာ ဒေသခံလူငယ် ၁၂ ဦးကို ဇွန် ၄ ရက်နေ့ မနေ့ ညနေက စစ်ကောင်စီ တပ်ဖွဲ့ဝင် တွေက ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ မိသားစုဝင်တွေက RFA ကို ပြောပါတယ်။အဲဒီလူငယ်တွေဟာ မြို့သာရပ်ကွက်အနီးက နွားကျောင်းတဲတစ်ခုမှာ အရက်ဝိုင်းဖွဲ့သောက်နေစဉ် စစ်ကောင်စီ တပ်သားတွေက ပြီးခဲ့တဲ့ ရက်ပိုင်းက ဖမ်းဆီးခံသူတစ်ဦးနဲ့ဆက်စပ်ပြီး သူတို့ထိုင်နေတဲ့ နေရာအနီးကတဲကို ဝင်ရောက်ရှာဖွေရာမှာ ဘယ်သူ့ကိုမှမတွေ့ဘဲ လေသေနတ်တစ် |
Posted: 05 Jun 2021 10:52 AM PDT ဇွန် ၅ ရက်၊ ၂ဝ၂၁ ခုနှစ်၊ ကေအိုင်စီ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် KNU -ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင် (တပ်မဟာ ၆) ဝင်းရေးမြို့နယ်ရှိ စစ်ကောင်စီအခြေစိုက်စခန်းရှိသည့် တောင်စွန်းရွာတွင် ယနေဇွန် ၅ ရက် ညနေ ၈ နာရီခွဲအချိန် က ကျေးရွာအနီးလက်နက်ကြီးဖြင့် ပစ်ခတ်မှုဖြစ်ပွားသည့်အတွက် ရွာသားများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်း ရှောင်နေရကြောင်း ဒေသခံများထံမှ သိရသည်။တောင်စွန်းရွာထဲတွင် လက်နက်ကြီး ၅ |
Posted: 05 Jun 2021 10:50 AM PDT ဇွန် ၅ ရက်၊ ၂၀၂၁ခုနှစ်။ ကေအိုင်စီဧရာဝတီတိုင်း၊ ကျုံပျော်မြို့နယ်၊ သောင်ကြီးတိုက်နယ်၊ ဇရစ်ရိုး ကျေးရွာအုပ်စု၊ လှေဆွဲကျေးရွာတွင် ဒလန်၏ သတင်းပေးမှုကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)မဟုတ်သည့် ဒေသခံကျေးရွာလူထု နှင့် စစ်ကောင်စီ တပ်အကြား ယနေ့(ဇွန် ၅ရက်)နံနက်ပိုင်းတွင် ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း ၎င်းကျေးရွာနှင့် နီးစပ်သူ ဒေသခံ ကျေးရွာသား တစ်ဦးက အတည်ပြုပြောဆိုသည်။ယခင် ဆန္ဒဖော်ထုတ်မှုများတွင် ပါဝင်သည့် |
အကြမ်းဖက်စစ်ကောင်စီတပ်က လူသားဒိုင်းကာအသုံးပြုပြီး တိုက်ခိုက်လာ Posted: 05 Jun 2021 10:46 AM PDT ယမန့်နေ့(ဇွန်လ၄ရက်) ရှမ်း-ကယားနယ်စပ်ရှိ မိုးဗြဲမြို့ ၊ ပွဲကုန်း(၃)ရပ်ကွက်ရှိ ခရစ်ယာန်ဘုရားကျောင်းကို စောင့်ရှောက်ဖို့ကျန်ခဲ့တဲ့ ပြည်သူ ၅ ဦးကို အကြမ်းဖက်စစ်ကောင်စီတပ်က ဘုရားကျောင်းထဲ တံခါးဖျက်ဝင်ပြီး နှိပ်စက်ဖမ်းဆီးခဲ့ကာ လူသားဒိုင်းကာအဖြစ် အသုံးပြီး တိုက်ခိုက်လာတယ်လို့ အဖမ်းခံရပြီး ပြန်လည်လွတ်မြောက်လာသူရဲ့ မိသားစုဝင်ထံကနေ သိရပါတယ်။"မနေ့ကတိုက်ပွဲမဖြစ်ခင် တစ်နာရီအလိုမှာ သူတို့က ဘုရားကျောင်းထိဝင်ပြီး |
မိုးဗြဲတိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီတပ်က ၂၀ ဝန်းကျင်သေဆုံးပြီး PDF က လက်နက်ခဲယမ်းများရရှိ Posted: 05 Jun 2021 10:45 AM PDT ကန္တာရဝတီတိုင်း(မ်) ဒီကနေ့ ဇွန်လ ၅ရက်နေ့ ရှမ်း-ကရင်နီနယ်စပ် မိုးဗြဲတိုက်ပွဲမှာ မိုးဗြဲ PDF နဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က ၂၀ ဝန်းကျင်သေဆုံးသလို လက်နက်ခဲယမ်းများရရှိခဲ့တယ်လို့ ကရင်နီအမျိုးသားကာကွယ်ရေးတပ်(KNDF) သတင်းနှင့်ပြန်ကြားရေးက သတင်းထုတ်ပြန်ပါတယ်။ အဆိုပါတိုက်ပွဲမှာ မိုးဗြဲ PDF တပ်ဖွဲ့ဝင်တစ်ဦးသေဆုံးခဲ့ပြီး နှစ်ဖက်ထိခိုက်ဒဏ်ရာရရှိတဲ့စာရင်းကို အတည်ပြုနိုင် |
ဟားခါးမြို့တွင် ပေါက်ကွဲမှုဒဏ်ရာကြောင့် လူငယ်တစ်ဦးထပ်မံသေဆုံး Posted: 05 Jun 2021 10:43 AM PDT ယနေ့ ဇွန်လ ၅ရက်နေ့ ညနေ ၄ နာရီခွဲဝန်းကျင်တွင် ဟားခါးမြို့ မြို့သစ်ရပ်ကွက်ရှိ နေအိမ်တစ်လုံးအနီး ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ပြီး လူငယ်တစ်ဦးပွဲချင်းပြီးသေဆုံးကာ အပြင်းထန်ဒဏ်ရာရရှိသူတစ်ဦးလည်း ယခု သေဆုံးသွားပြီဖြစ်ကြောင်း မြို့သစ်ရပ်ကွက်နေ ပြည်သူတစ်ဦးထံမှ သိရသည်။ပေါက်ကွဲမှုများ ဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ မှ ဟားခါးမြို့ ဈေးသစ် ဘက်သွားရာလမ်းတွင် လူငယ်များကို လိုက်လံဖမ်းဆီး စစ်ဆေးလျက်ရှိကြောင်း |
ဟားခါးမြို့တွင် ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် စစ်ကောင်စီ တပ်ဖွဲ့မှ လူ ၄၀ ဝန်းကျင် ဖမ်းဆီးထား Posted: 05 Jun 2021 10:41 AM PDT ဟားခါးမြို့တွင် ဇွန်လ ၅ ရက်နေ့၊ ယနေ့ညနေ ၄ နာရီခွဲခန့်တွင် ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်ဖွဲ့မှ ယခုချိန်အထိ လမ်းသွားလမ်းလာများ လူ ၄၀ ၀န်းကျင်ကို ဖမ်းဆီးသွားကြောင်းဟားခါးေဒသခံများထံမှသိရသည်။ "သူတို့ ဆက်တိုက် လူဖမ်းနေတယ် ခုချိန်ထိပဲ၊ မရပ်သေးဘူး။ သူတို့ ဖမ်းသွားတဲ့ လူဦးရေကကျတော့ ခန့်မှန်းခြေ ၄၀ ကျော်တော့မယ်၊ လူငယ်တွေတင်မကတော့ဘူး သက်ကြီးပိုင်းတွေပါ သူတို့ဖမ်းကြပြီ။" ဟု ဒေသခံတစ်ဦးက |
You are subscribed to email updates from THIT HTOO LWIN (Daily News). To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google, 1600 Amphitheatre Parkway, Mountain View, CA 94043, United States |
No comments:
Post a Comment
5
Note: Only a member of this blog may post a comment.