Tuesday, June 29, 2021

သစ်ထူးလွင်

သစ်ထူးလွင်


သံတွဲက ဆရာမပိုးတွေ့တဲ့ကျောင်းကို ယာယီပိတ်ထား၊ ကျန်ကျောင်းတွေကိုပိတ်ဖို့အစီအစဉ်မရှိ

Posted: 29 Jun 2021 06:25 AM PDT

ရခိုင်ပြည်နယ် တောင်ပိုင်းဒေသ သံတွဲမြို့နယ် ငပလီမြို့က ကိုဗစ် ၁၉ ပိုးကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိခဲ့တဲ့ ဆရာမတာဝန်ကျနေတဲ့ ကျောင်းကို ယာယီပိတ်ထားတယ်လို့ ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ပြောခွင့်ရ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းက ပြောပါတယ်။အဲ့ဒီဆရာမဟာ ငပလီမြို့ လင်းသာရပ်ကွက်မှာနေထိုင်သူဖြစ်ပြီး ဂျိတ်တောရပ်ကွက်က ကျွဲသောက်ကုန်းစာသင်ကျောင်းမှာ တာဝန်ကျနေသူပါ။ ပြီးခဲ့တဲ့ ၂၄ ရက်နေ့က ပိုးကူးစက်ခံထားရ

ငါန်းဇွန်မြို့နယ်ထဲ ကုလရွာကို စစ်ကောင်စီတပ်တွေဝင်လို့ ရွာသားတွေ ကြောက်လန့်ထွက်ပြေးနေ

Posted: 29 Jun 2021 06:21 AM PDT

မန္တလေးတိုင်ဒေသကြီး၊ မြင်းခြံခရိုင်ထဲပါတဲ့ ငါန်းဇွန်မြို့နယ်ထဲက ကုလကျေးရွာမှာ မနေ့ ဇွန်လ ၂၈ ညပိုင်းက ပစ်ခတ်မှုတွေအပြီး ဒီနေ့မှာ စစ်ကောင်စီတပ်တွေရောက်လာလို့ ရွာသူရွာသားတွေ ဘေးလွတ်ရာတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေ ဆီကနေ သိရပါတယ်။''မနေ့ညပိုင်း ၇ နာရီလောက်မှာ စစ်ကောင်စီခန့်ထားတဲ့အုပ်ချုပ်ရေးမှူးရဲ့အပေါင်းအပါတသိုက်က ပြဿနာရှာလို့ ငါန်းဇွန်ကနေ ဈေးသိမ်းပြီးပြန်လာတဲ့ ကျွန်တော်တို့ရွာသားတချို့နဲ့ ပြဿနာဖြစ်

တာမွေ မေတ္တာညွန့်က စီးပွားရေးဘဏ်မှာ ရဲတစ်ဦး သေနတ်ပစ်ခံရလို့ သေဆုံး

Posted: 29 Jun 2021 06:19 AM PDT

တာမွေ မေတ္တာညွန့်က စီးပွားရေးဘဏ်မှာ ရဲတစ်ဦး သေနတ်ပစ်ခံရလို့ သေဆုံး ရန်ကုန်တိုင်း တာမွေမြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှာ ရဲတစ်ဦး ပစ်သတ်ခံရအပြီး ၂၀၂၁ ဇွန် ၂၉ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရှာဖွေစစ်ဆေးနေစဉ် / Photo: CJရန်ကုန်တိုင်း တာမွေမြို့နယ် မေတ္တာညွန့်ရပ်ကွက် အဝေရာလမ်းအနီး မြန်မာ့စီးပွားရေးဘဏ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦး ဇွန်လ ၂၉ ရက်၊ ဒီနေ့မနက် ၁၁ နာရီခန့်က သေနတ်နဲ့ ပစ်သတ်ခံလိုက်

သင်္ဃန်းကျွန်း ဂဖူးကွေ့ဈေးမှာ စစ်တပ်သတင်းပေးအဖြစ် စွပ်စွဲခံရသူတစ်ဦး အသတ်ခံရ

Posted: 29 Jun 2021 06:17 AM PDT

သင်္ဃန်းကျွန်း ဂဖူးကွေ့ဈေးမှာ စစ်တပ်သတင်းပေးအဖြစ် စွပ်စွဲခံရသူတစ်ဦး အသတ်ခံရ သင်္ဃန်းကျွန်းမြို့နယ် ဂဖူးကွေးဈေးထဲက ငါးစိမ်းရောင်းတဲ့ ကျားကြီး(ခ) ကိုစိန်လှိုင်ဝင်း အသတ်ခံရတဲ့ နေရာကို ၂၀၂၁ ဇွန် ၁၉ ရက်နေ့က တွေ့ရစဉ် / Photo: CJသင်္ဃန်းကျွန်းမြို့နယ် သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်အနားက ဂဖူးကွေ့ဈေးမှာ ဇွန်လ ၂၉ ရက် ဒီနေ့ မနက် ၈ နာရီလောက်က အာဏာသိမ်းစစ်ကောင်စီကို သတင်းပေးတယ်လို့ နာမည်ကြီးနေတဲ့ ကျားကြီး(ခ) ကို

ကျောက်စိမ်းထုတ်လုပ်ရေးလုပ်ငန်း မြန်မာစစ်တပ်ကိုထောက်ပံ့ပေး - Global Witness

Posted: 29 Jun 2021 06:15 AM PDT

ကချင် ပြည်နယ် ထွက် မြန်မာ့ကျောက်စိမ်း (ဓာတ်ပုံ - Wired)မြန်မာနိုင်ငံ ကျောက်စိမ်း ထုတ်လုပ်ရောင်းဝယ်မှုက ရတဲ့ အကျိုးစီးပွားအားလုံးကို စစ်တပ်ထိပ်တန်းခေါင်းဆောင်တွေနဲ့ နီးစပ်သူ အားလုံးက ရယူနေပြီး ဒီလုပ်ငန်းဟာ အာဏာသိမ်းစစ်တပ် ရေရှည်ရပ်တည်ဖို့ ဝင်ငွေရစေတဲ့ အရေးကြီးတဲ့ စီးပွားရေးလုပ်ငန်း တခုဖြစ်တဲအ့ကြောင်း Globla Witness အဖွဲ့ကြီးက အစီရင်ခံစာ ထုတ်ပြန်ပါတယ်။ မြန်မာနိုင်ငံအတွင်းက ထွက်တဲ့ ကျောက်စိမ်းတွေရဲ့

စစ်အာဏာသိမ်းပြီးနောက် အလုပ်ပြုတ် စက်ရုံလုပ်သား ၁ သန်းကျော်ရှိပြီ

Posted: 29 Jun 2021 06:14 AM PDT

ထည်ချုပ် စက်ရုံ တခုရဲ့ မြင်ကွင်း။ (ဓာတ်ပုံ - European Union Myanmar Facebook - ဇူလိုင် ၀၄၊ ၂၀၂၀)စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် မြန်မာတနိုင်ငံလုံးက စက်မှုဇုံတွေအပါအဝင်၊ တခြားကဏ္ဍပေါင်းစုံက ပေါ်ထွက်လာတဲ့ အလုပ်လက်မဲ့နှုန်းဟာ ၁၀ သိန်းကျော်ရှိသွားပြီလို့ အလုပ်သမား သမဂ္ဂတွေက ပြောလိုက်ပါတယ်။ မြန်မာပြည်တွင်းက စက်ရုံတွေပိတ်နေတဲ့ အခြေအနေနဲ့ အလုပ်လျှော့ချခံရမှု အခြေအနေနဲ့ ပတ်သက်ပြီး ရန်ကုန်ကပေးပို့တဲ့သတင်း

မြဝတီမြို့အထက-(၁)ကျောင်းတွင် ဆရာမ ၁ ဦးနှင့် ကျောင်းသား ၂ ဦး၌ ကိုဗစ်ပိုးတွေ့ရှိ။

Posted: 29 Jun 2021 05:49 AM PDT

ဇွန် ၂၉ ရက်၊ ၂၀၂၁ခုနှစ်။ကေအိုင်စီကရင်ပြည်နယ် မြဝတီမြို့ အမှတ် ၄ ရပ်ကွက် ဘုရင့်လမ်းမကြီး အထက(၁)ကျောင်းမှ အလယ်တန်းပြ ဆရာမတစ်ဦး၊သတ္တမတန်း နှင့် Gread. 1 မှ ကျောင်းသား ၂ ဦးထံ Covid. 19 ရောဂါပိုးတွေ့ရှိရကြောင်း သိရသည်၊ယင်း အလယ်တန်းပြ ဆရာမနှင့် ကျောင်းသား ၂ ဦးသည် မနေ့ကဇွန် ၂၈ ရက်နေ့၌ မြဝတီခရိုင်ဆေးရုံ၏ ဆေးစစ်ချက်အရ Covit-19 ရောဂါပိုး တွေ့ရှိခဲ့တာပါ။"ကိုဗစ် ပိုး တွေ့ရှိတဲ့ အလယ်တန်းပြ ဆရာမက ပြီးခဲ့တဲ့ တ

မြန်မာ့ရုပ်မြင်သံကြားနှင့်မြ၀တီရုပ်သံအတွက်သတင်းရိုက်ကူးရေးလုပ်ဆောင်စဥ်စျေး၀ယ်ပြည်သူတချို့ထိတ်လန့်ပြီးပြေး

Posted: 29 Jun 2021 05:47 AM PDT

မင်းတပ်မြို့ မြို့မစျေးကိုစျေးတာ၀န်ရှိသူများကယနေ့ဇွန်လ ၂၉ ရက်နံနက်ပိုင်းတွင်ပြန်လည်ဖွင့်လှစ်ပေးခဲ့ပြီးစျေးရောင်းစျေး၀ယ်များဖြင့်စည်ကားနေစဥ်နေ့လည်ပိုင်းတွင် MRTV နှင့် မြ၀တီရုပ်သံတွင်ထုတ်လွှင့်ပြသရန်စစ်ကောင်စီတပ်များရောက်ရှိလာပြီး ဓာတ်ပုံမှတ်တမ်းရိုက်ကူးရေးလုပ်နေချိန်တွင် စျေး၀ယ်နေသည့် ပြည်သူတချို့ ထိတ်လန့်ပြီးပြန်ပြေးသွားကြောင်းမင်းတပ်ဒေသခံများကလူမှုကွန်ရက်တွင်ရေးသားထားသည်။စစ်ကောင်စီ တပ်များ

စစ်တပ် သတင်းပေး သိန္နီမြို့နယ်ပညာရေးမှူးကို KIA နှင့် MNDAA တို့က စာပို့

Posted: 29 Jun 2021 05:44 AM PDT

သျှမ်းသံတော်ဆင့်၊ ဇွန် ၂၉သျှမ်းပြည် မြောက်ပိုင်း၊ သိန္နီမြို့မှ Non -CDM ပြုလုပ်ထားသည့် မြို့နယ်ပညာရေးမှူး၏ လက်ကိုင်ဖုန်းထံ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့(၂)ဖွဲ့က  ခြိမ်းခြောက်စာပို့လာကြောင်း စုံစမ်းသိရသည်။Non-CDM ပြုလုပ်ထားသည့် မြို့နယ်ပညာရေးမှူးဖြစ်သည့် ဒေါ်သူဇာအေး၏ လက်ကိုင်ဖုန်းသို့ ဇွန် (၂၅)ရက်တွင် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)နှင့် ကိုးကန့်တပ်မတော် (MNDAA)တို့က ခြိမ်းခြောက်စာပို့‌လာ

စကခ(၈) ပိန်နဲတောစခန်းရှေ့တွင် စနိုက်ဘာဖြင့် ပစ်ခတ်ခံရ၍ အကြမ်းဖက် စစ်အုပ်စုမှ တစ်ဦးကျဆုံး

Posted: 29 Jun 2021 05:42 AM PDT

ဇွန် ၂၉ ရက်၊ ၂၀၂၁ခုနစ်၊ သထုံခရိုင်။ သူးလေသတင်းစဥ် ကေအဲန်ယူ- သထုံခရိုင်၊ သထုံမြို့နယ်၊ ပိန်နဲတောကျေးရွာ အတွင်း တပ်စွဲထားသော အကြမ်းဖက်စစ်အုပ်စု လက်အောက်ခံ စကခ(၈) ရှေ့တန်းတပ်မဌာနချုပ် စခန်းအရှေ့  ဇွန်လ (၂၇) ရက်နေ့က K.N.L.A (စနိုက်ဘာ)လက်ဖြောင့်တပ်သားမှ သေနတ်ဖြင့် သွားရောက်ပစ်ခတ်၍ အကြမ်းဖက် စစ်အုပ်စုဖက်မှ တစ်ဦးကျဆုံးခဲ့ကြောင်း သိရှိရသည်။ထိုစကခ(၈)တပ်စခန်းသည် ကျိုက်ကော်-လေးကေ အဝေးပြေးလမ်းမဘေး တွင်ရှိ

ကရင်နီလူမျိုးအားလုံး နေရပ်ပြန်နေရဖို့ ပူးပေါင်းကြိုးစားကြရန် ဒုက္ခသည်စခန်းမှ လူငယ်တွေတောင်းဆို

Posted: 29 Jun 2021 05:41 AM PDT

Photo - CJထိုင်း-ကရင်နီနယ်စပ် ကရင်နီဒုက္ခသည်စခန်းမှ ကရင်နီလူမျိုးအားလုံး ပြည်နယ်အတွင်း ပြန်နေရဖို့ အားလုံးအတူတကွ ပူးပေါင်းကြိုးစားကြပြီး အားတင်းကြဖို့ ကရင်နီဒုက္ခသည်စခန်းအမှတ်(၁)မှ ကရင်နီလူငယ်တွေက တောင်းဆိုထားကြပါတယ်။ "ကျမတို့ ပြန်နိုင်ဖို့ လွတ်လွတ်လပ်လပ် ပြည်နယ်ထဲ ပြန်နေရဖို့ ကျမတို့ အားလုံးအတူတကွ ပူးပေါင်းကြိုးစားကြရမယ် အတူတကွ အားတင်းထားရမယ် ကျမတို့တိုင်းပြည်ထဲ အလုပ်ကောင်းကောင်းမွန်မွန် ပြန်

စစ်ကောင်စီမှ အကြောင်းမဲ့ပစ်ခတ်မှုကြောင့် မိုးဗြဲလူငယ်တစ်ဦးသေဆုံး

Posted: 29 Jun 2021 05:39 AM PDT

ကရင်နီ-ရှမ်း နယ်စပ်ရှိ မိုးဗြဲမြို့နယ်အတွင်းမှာ ဆိုင်ကယ်စီးလာတဲ့ လူငယ်နှစ်ဦးကို အကြမ်းဖက်စစ်ကောင်စီမှ အကြောင်းမဲ့ ပစ်ခတ်မှုကြောင့် တစ်ဦး သေဆုံးသွားတယ်လို့ ဒေသခံပြောကြားချက်အရ သိရပါတယ်။ယနေ့ ဇွန်လ ၂၈ရက်နေ့ ညနေပိုင်းမှာ မိုးဗြဲမြို့ကနေ ဖယ်ခုံမြို့ကိုသွားတဲ့ လမ်းမကြီးတစ်လျှောက်က ရေကာတာရွာနဲ့ ပင်သာရွာကြားမှာ ဆိုင်ကယ်စီးလာတဲ့ လူငယ်နှစ်ဦးကို ပစ်ခတ်မှုကြောင့် တစ်ဦးမှာ ပွဲချင်းပြီးသေဆုံးသွားပြီး ကျန်တစ်ဦး

လက်နက်ကိုင်တော်လှန်မှုတွေ အနှံ့အပြား ရှိလာနေတာကြောင့် စိုးရိမ်စရာ ဖြစ်လာနေကြောင်းICG သတိပေး

Posted: 28 Jun 2021 01:41 PM PDT

စစ်အာဏာသိမ်းတဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ကတည်းကစလို့ မြန်မာနိုင်ငံအနှံ့အပြားမှာ ပဋိပက္ခတွေ ပျံ့နှံ့လာခဲ့ရာမှာ အခုအခါ ကျေးလက်မှာရော၊ မြို့ပြမှာပါ ပြည်သူတွေ လက်နက်ကိုင်စွဲ တော်လှန်တိုက်ခိုက်လာနေကြပြီး ထိန်းမနိုင်သိမ်းမရ မင်းမဲ့အခြေအနေမျိုး တဖြည်းဖြည်း ရောက်လာနေပြီလို့ နိုင်ငံတကာ ပဋိပက္ခဖြေရှင်းရေးအဖွဲ့ International Crisis Group (ICG) က ထုတ်ပြန်တဲ့ အစီရင်ခံစာသစ်မှာ ဖော်ပြထားပါတယ်။တချို့က တူမီးသေနတ်တွေ၊

ရေးမှာ ကျေးရွာအုပ်ချုပ်ရေးမှူး သေနတ်နဲ့ ပစ်သတ်ခံရ

Posted: 28 Jun 2021 01:37 PM PDT

မွန်ပြည်နယ် ရေးမြို့နယ် နှင်းစုံကျေးရွာ အုပ်ချုပ်ရေးမှူးဟာ ဇွန်လ ၂၈ ရက်နေ့မနက်ပိုင်းက သေနတ်နဲ့ ပစ်သတ်ခံရတယ်လို့ ဒေသခံတို့ထံမှ သိရကြောင်း Dawei Watch က ရေးပါတယ်။နှင်းစုံကျေးရွာ အုပ်ချုပ်ရေးမှူးကို ဇွန်လ ၂၈ ရက် ဒီကနေ့ မနက်ပိုင်းက အမည်မသိလူနှစ်ယောက်က လာရောက်ခေါ်ဆောင်သွားပြီးနောက် ရေး-မော်လမြိုင်လမ်းမကြီးဘေး ဆေးတောင်လမ်းဝအနီးမှာ ရုပ်အလောင်း ပြန်လည်တွေ့ရှိခဲ့တာ ဖြစ်တယ်လို့လည် းသိရပါတယ်။"ဦးခေါင်းမှာ

မန္တလေးမှာ စစ်တပ်က ပစ်ခတ်လို့ အရပ်သား နှစ်ဦးဒဏ်ရာရ

Posted: 28 Jun 2021 01:34 PM PDT

မန္တလေးမှာ စစ်တပ်က ပစ်ခတ်လို့ အရပ်သား နှစ်ဦးဒဏ်ရာရ မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်မှာ ဇွန် ၂၈ ရက် မနက်ပိုင်းက စစ်တပ်က ပစ်ခတ်လိုက်တဲ့အတွက် ကျည်ထိမှန်ဒဏ်ရာရရှိခဲ့သူ နှစ်ဦး။  Photo: Citizen Journalistမန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်မှာ ဇွန် ၂၈ ရက် မနက်ပိုင်းက စစ်တပ်က ရမ်းသမ်း ပစ်ခတ်လိုက်တဲ့အတွက် လမ်းသွားလမ်းလာ အရပ်သား နှစ်ဦး ကျည်ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။မန္တလေးမြို့

ဒေါ်အောင်ဆန်းစုကြည်အမှု ခန့်မှန်းတာထက် ပိုကြာနိုင်

Posted: 28 Jun 2021 01:33 PM PDT

ဒေါ်အောင်ဆန်းစုကြည်အမှု ခန့်မှန်းတာထက် ပိုကြာနိုင် ၂ဝ၂၁ ဧပြီလ ၁ ရက်နေ့က မုံရွာမှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒကြနေကြသည့် ဒေသခံပြည်သူများ။ File Photo/ AFPအဖမ်းဆီးခံနေရတဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုမှာ မျက်မြင်သက်သေ နှစ်ဒါဇင် နီးပါးကို ခေါ်ယူဖို့ရှိနေတာကြောင့် အမှုစစ်ဆေးမှုဟာ စီစဉ်ထားတာထက် အချိန်ပိုကြာလိမ့်မယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ရှေ့နေ ဦးခင်မောင်ဇော်က တနင်္လာနေ့က ပြော

၂၄နာရီအတွင်း ပိုးစစ်သူ၆ထောင်ကျော်ထဲ တထောင်ကျော်မှာ ကိုဗစ်ပိုးတွေ့

Posted: 28 Jun 2021 01:31 PM PDT

ကိုဗစ်သားကောင်ဖြစ်ခဲ့ရသူတဦးအား ရေခဲတိုက်သို့ပို့စဉ် (ဓာတ်ပုံ - Maulamyine Rescue Organization)မြန်မာနိုင်ငံမှာ ဒီကနေ့ ကိုဗစ်ရောဂါပိုးတွေ့သူ ၁၂၂၅ ဦးရှိကြောင်း ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနရဲ့ဇွန်လ ၂၈ရက်၊ ည၈နာရီထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ ဒါဟာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း တရက်ထဲ ပိုးတွေ့သူအရေအတွက် အများဆုံးလည်းဖြစ်ပါတယ်။ တိုင်းနဲ့ပြည်နယ်အသီးသီးက ဓာတ်ခွဲနမူနာပေါင်း ၆ထောင်၅ ရာကျော်ထဲက လူ ၁၂၀၀

ရှမ်းပြည် လောက်ကိုင်မြို့နယ် မလိုအပ်ပဲအိမ်ပြင်မထွက်ရကန့်သတ်

Posted: 28 Jun 2021 01:30 PM PDT

ရှမ်းပြည်နယ်၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့နယ်ကို ဒီနေ့ ဇွန် ၂၈ ရက်ကစပြီး မလိုအပ်ရင် အိမ်ပြင်မထွက်ရ Stay at Home သတ်မှတ်လိုက်ပါတယ်။ ၁၀ ရက်အတွင်း ကိုဗစ်အတည်ပြုလူနာ ၁၀၀ ကျော်ရှိတဲ့အတွက် ကျန်းမာရေးဝန်ကြီးဌာနက ခုလိုသတ်မှတ်ခဲ့တာဖြစ်ပါတယ်။ ကျောင်းတွေပါ ပိတ်ထားရအောင် စိုးရိမ်စရာဖြစ်နေတဲ့ လောက်ကိုင်မြို့နယ်ဘက်က အခြေအနေ ရန်ကုန်သတင်းပေးပို့ချက်ကို မမြသဇင်အောင် ပြောပြမှာပါ။ရှမ်းပြည်

မုံရွာမြစ်ဆိပ်မှာ လက်ပြန်ကြိုးတုပ်ထားတဲ့ အမျိုးသား အလောင်းတစ်လောင်းတွေ့

Posted: 28 Jun 2021 01:27 PM PDT

မုံရွာမြို့ ချင်းတွင်းမြစ်ဆိပ်ကမ်း မုံရွာတောင် ဇက်ဆိပ်အနီးမှာ ယနေ့ (ဇွန်-၂၈)ရက် မနက်က လက်ပြန်ကြိုးတုပ်ထားတဲ့ အမျိုးသား အလောင်းတစ်လောင်းကို ဆယ်ယူရရှိခဲ့တယ်လို့ မုံရွာမြို့က လူမှုကူညီရေး အသင်းက တစ်ဆင့််သိရပါတယ်။သေဆုံးသူဟာ ဘယ်သူဘယ်ဝါဆိုတာကို အခုချိန်အထိ အတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။မုံရွာမြို့အနီး ချင်းတွင်းမြစ်ဆိပ်တွေက အခု အမျိုးသား အလောင်းအပါအဝင် တစ်ပတ်အတွင်း လူသေအလောင်း ၃လောင်း ဆယ်ယူခဲ့ရရှိခဲ့

မိုးကုတ်မှာ ဖခင်ကိုယ်စားအဖမ်းခံရသူ မိခင်နဲ့အတူပါသွားတဲ့ကလေးငယ် အချုပ်ကျနေတာ သီတင်း ၂ ပတ်ကျော်ပြီ

Posted: 28 Jun 2021 01:26 PM PDT

မိခင်ဖြစ်သူ အချုပ်ထဲရှိနေတာကြောင့် မိခင်နဲ့အတူပါသွားတဲ့ လေးနှစ်အရွယ် ကလေးငယ်ဟာလည်း အတူအချုပ်ကျနေတဲ့သဘောဆောင်နေပါတယ်။မိုးကုတ်မြို့ အရှေ့ပိုင်း ဗမွန်ရွာက သပိတ်ခေါင်းဆောင်အိမ်ကို ရဲက ဝရမ်းလာကပ်ချိန် အလိုရှိသူကိုမတွေလို့ မိသားစုဝင်တွေကို ဖမ်းသွားချိန် မိခင်နဲ့အတူပါသွားတဲ့ အသက် ၄ နှစ်အရွယ် ကလေးငယ်ဟာ အခုဆို အချုပ်ထဲရောက်နေတာ သီတင်းနှစ်ပတ်ကျော်အထိရှိနေပြီဖြစ်ပါတယ်။ဒီနေ့ ဇွန်လ ၂၈ ရက်ဟာ အဲဒီကလေးငယ်ရဲ့

No comments:

Post a Comment

5

Note: Only a member of this blog may post a comment.