Saturday, July 10, 2021

သစ်ထူးလွင်

သစ်ထူးလွင်


နမ့်ဆန်မှာ ရေမီတာ မဆောင်လို့ စည်ပင်နဲ့လူထု ညှိနှိုင်းနေရ

Posted: 10 Jul 2021 06:50 AM PDT

ရှမ်းပြည်နယ်၊ နမ့်ဆန်မြို့မှာ မြို့နယ်စည်ပင်က ရေမီတာစာရွက်တွေနဲ့ အခွန်ဆောင်ဖို့ လိုက်ကောက်ခဲ့ပေမဲ့ လူထုက မဆောင်လို့ စည်ပင်နဲ့ လူထု ဒီနေ့ ဇူလိုင်လ ၁၀ ရက်မှာ တွေ့ဆုံဆွေးနွေးရတဲ့အထိဖြစ်ခဲ့ပါတယ်။''မီတာလာခလာရောက်တဲ့သူတွေက မဆောင်သူတွေကို ရေဖြတ်ပစ်မယ့်ပုံစံမျိုး အပြင်မှာခြိမ်းခြောက်ပြောနေတာမျိုးရှိတယ်။ ဒီနေ့ ဦးစီးနဲ့ကိုယ်တိုင်သွားတွေ့တယ်။ တွေ့တော့ သူပြောတာက ကျမတို့လို မပေးတဲ့သူတွေရှိနေလို့ ပေးတဲ့သူတွေက

ကိုဗစ်လူနာတွေအတွက် အောက်ဆီဂျင် ပြတ်လပ်နေ

Posted: 10 Jul 2021 06:48 AM PDT

မြန်မာနိုင်ငံမှာ Covid-19 ရောဂါကြောင့် ကူးစက်မှုနှုန်းရော၊ သေဆုံးမှုနှုန်းတွေပါ တစ်နေ့တခြား မြင့်တက် လာနေသလို ရောဂါလက္ခဏာ ပြင်းပြင်းထန်ထန် ခံစားရသူတွေလည်း များလာနေတာကြောင့် သူတို့အတွက် အောက်ဆီဂျင်ရဖို့ အရေးပေါ် လိုအပ်ချက်ရှိနေတယ်လို့ ကျန်းမာရေး အကူအညီ ပေးနေသူတွေက ပြောကြပါတယ်။လူဦးရေ ခြောက်သန်းကျော်နေထိုင်တဲ့ စီးပွားရေးမြို့တော် ရန်ကုန်မြို့မှာလည်း Covid-19 ကူးစက်ခံရလို့ သေဆုံးမှုတွေ တစ်နေ့တခြား

ချောင်းဦးသပိတ်ခေါင်းဆောင်လူငယ် စစ်ကြောရေးမှာ နှိပ်စက်ခံရ

Posted: 10 Jul 2021 06:35 AM PDT

    "လက်ချောင်းလေးတွေ လှန်ချိုးထားလို့ နာလို့ အော်တော့ ပါးစောင်ကိုလည်း စစ်ဖိနပ်နဲ့ ထိုးထားတယ်တဲ့။ ပါးစောင်ထဲကအသားလေးတွေပဲ့ပြီးနာနေတယ်လို့သိရတယ်။ အဲဒီလိုသိရတော့ ငိုလိုက်တယ်။ ကျွန်မသားလေး ကျွန်မ နှမြောတယ်"    မာန်ဇာမြေမွန်ရဲ့မိခင်ချောင်းဦးသပိတ်ခေါင်းဆောင်မာန်ဇာမြေမွန်ဟာ စစ်ကြောရေးမှာ လက်ချောင်းအားလုံးလှန်ချိုး စစ်ဆေးခံရပြီး အမှုငါးမှုနဲ့ တရားစွဲခံထားရတယ်လို့ သူ့ရဲ့ မိဘတွေက ပြောပါတယ်။စစ်ကိုင်းတိုင်း

လှည်းကူးမှာ တစ်အိမ်တက်ဆင်း မီတာလိုက်ကောက်၊ မဆောင်ရင်မီးဖြတ်မယ်လို့ ဆို

Posted: 10 Jul 2021 06:31 AM PDT

ရန်ကုန်တိုင်း၊လှည်းကူးမြို့နယ်မှာ မနေ့က (ဇူလိုင်၉ရက်) က မြို့ပေါ်ရပ်ကွက်တွေနဲ့ ကျေးရွာများက နေအိမ်တွေကို မီတာဆောင်ဖို့နဲ့အရင်လတွေက မဆောင်ရသေးတဲ့မီတာကြွေးကျန်ကို တစ်အိမ်တက်ဆင်း လိုက်လံကောက်ခံနေတယ်လို့ ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ဒေသခံတွေက ပြောပါတယ်။"မနေ့က အိမ်အထိလာကောက်တာ၊ ဝါးလုံးပါပါတယ်(မီးဖြတ်ဖို့) ။ မဆောင်တဲ့အိမ် မီးဖြတ်မယ်ဆိုပြီး တစ်အိမ်တက်တစ်အိမ်ဆင်းလိုက်ကောက်တာ၊ သူပြောတာက ၁လပိုင်း၂ လပိုင်းအတွက်

ကသာမြို့နယ်မှာ ကသာ PDFနဲ့ KIA တို့ပူးပေါင်းပြီး စကစတပ်နဲ့ တိုက်ရာ ၄ရက်အတွင်းစကစတပ် ၂၀၀ သေဆုံး

Posted: 10 Jul 2021 06:29 AM PDT

စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကသာမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့သည် KIA တပ်မဟာ (၈)၊ တပ်ရင်း (၅) ၏ ဦးဆောင်မှုဖြင့် မိမိတို့အခြေချရာ ယာယီစခန်းအားထိုးစစ်ဆင်လာသော လူသတ်အကြမ်းဖက်စစ် ကောင်စီတပ်များဖြစ်သည့် အာလောဘန်ပြန်တပ်မ (၈၈)၊ ကသာတပ်ရင်း (၃၀၄) နှင့် (၃၀၉) တို့အား မြို့လှကျေးရွာအနီးတွင် အောက်ပါအတိုင်း ခုခံကာကွယ်နိုင်ခဲ့ပါသည် -၁။ (၅/၇/၂၀၂၁) ရက်နေ့ ည (၉) နာရီခန့်တွင် မိမိတို့ထောင်ထားသောမိုင်း (၂) လုံးမိ

ကျောက်မဲမြို့နယ် စစ်ရှောင် (၁၀၀၀) နီးပါးထိရှိလာ ဆေးဝါးကုသမှုများ အရေးကြီး လိုအပ်နေ

Posted: 10 Jul 2021 06:26 AM PDT

 ဓာတ်ပုံ - နမ်ခုံးပရဟိတ ရှမ်းများ အသင်းသျှမ်းသံတော်ဆင့်၊ ဇူလိုင် ၁၀သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် မိုင်းငေါ့မြို့နယ် အတွင်းရှိ ဘုန်းကြီးကျောင်းများထံသို့ စစ်ဘေး ဒဏ်မှ တိမ်းရှောင်ထွက်ပြေးလာသည့် ဒေသခံ(၁၀၀၀) နီးပါးခန့်ရှိနေကြောင်း စုံစမ်းသိရသည်။ပြီးခဲ့သည့် ဇူလိုင်လ တစ်ရက်နေ့မှ စတင်ကာ ကျောက်မဲမြို့နယ် တော့ဆန်ကျေးရွာဖက်တွင် သျှမ်းပြည်တိုး တက်ရေးပါတီ (SSPP/SSA)၊ တအာန်းအမျိုးသားလွတ်မြောက်ရေး

မိုင်းကိုင် စစ်ရှောင်များအတွက် စားနပ်ရိက္ခာ၊အဝတ်၊ ဆေးများအရေးပေါ်လိုအပ်

Posted: 10 Jul 2021 06:24 AM PDT

ဇူလိုင် (၁၀) ရက် ၂၀၂၁သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ် ဝမ်ဟွေ့လုံကျေးရွာအုပ်စုအတွင်း စစ်ဘေးရှောင် (၇၄၁) ဦးတို့သည် စားနပ်ရိက္ခာ ၊ အဝတ်အထည် နှင့် ဆေးဝါးများ အရေးပေါ် လိုအပ်နေကြောင်း စုံစမ်းသိရှိရသည်။ကျေးသီးမြို့နယ် လွိုင်ဟွမ်းတောင်ကြော တိုက်ပွဲကြောင့် မိုင်းကိုင်မြို့နယ် မိုင်းခွန်ကျေးရွာအုပ်စုရှိ  ဒေသခံပြည်သူများ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း သတင်းရရှိသည်။ "ကလေး အဝတ်အထည် တွေ အရမ်းလိုအပ်နေ

သျှမ်းပြည် တစ်ချို့မြို့နယ်များ ဆေးဝါးနှင့် ကိုဗစ် ကာကွယ်ရေးသုံးပစ္စည်းများ ဈေးတက်လာ

Posted: 10 Jul 2021 06:23 AM PDT

ကိုဗစ်ကူးစက်မှု မြင့်မားနေသည့် သျှမ်းပြည်တွင် ကိုဗစ်ကာကွယ်ရေးသုံး ပစ္စည်းများဖြစ်သည့် Mask ၊ Hand Gel နှင့် ဆေးဝါးများ ဈေးတက်လာကြောင်း စုံစမ်းသိရှိရသည်။ ယခုလ အတွင်း သျှမ်းပြည်အတွင်း ကိုဗစ်ကူးစက်မှုနှုန်းမြင့်တက်လာပြီး ကိုဗစ်ကာကွယ်ရေး ပစ္စည်းများလည်း ရောင်းအားကောင်းလာကာ ဈေးတက်မှုများကို ကြုံတွေ့နေရကြောင်း သိရသည်။"မြို့မှာဆို ကိုဗစ်ပိုး ကူးတာများနေပြီ၊ တစ်ချို့ဆို ကိုဗစ်လက္ခဏာဖြစ်ပြီး မစစ်ရသေးခင်

စစ်ကောင်စီလက်နက်ကိုင်တပ်ဖွဲ့က ရွာအတွင်းသို့ လက်နက်ကြီး ပစ်ချသောကြောင့် လူနေအိမ်အချို့ ထိခိုက်ပျက်စီး

Posted: 10 Jul 2021 06:20 AM PDT

ဇူလိုင် ၉ ရက်၊ ၂၀၂၁ခုနှစ်။ ကေအိုင်စီကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး သထုံခရိုင်၊ ဘီးလင်းမြို့နယ်၊ မြစ်ကျိုးကျေးရွာအုပ်စု၊ လေးကေ ကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်နှင့် နယ်ခြားစောင့်တပ် (BGF) တပ်ဖွဲ့တို့သည် ကျေးရွာအ တွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်သောကြောင့် လူနေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့သည်ဟု ဒေသခံများက ပြောသည်။ ယနေ့မွန်းလွဲပိုင်း ၁ နာရီအချိန်တွင် လေးကေကျေးရွာတွင် တပ်စွဲထားသည့် BGF-စစ်

ရွှေကူ၊ မြို့လှ တိုက်ပွဲတွင် စစ်ကောင်စီဘက် ထိခိုက်သေဆုံးမှု များပြား

Posted: 10 Jul 2021 06:17 AM PDT

ယနေ့ ရွှေကူမြို့နယ် မြို့လှရွာ အနီးတွင် ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် PDF တို့ပူပေါင်းပြီး အာဏာသိမ်းစစ်တပ်ကို တိုက်ခိုက်ခဲ့ရာတွင် နှစ်ဖက်ထိခိုက်သေဆုံးမှုရှိခဲ့ပြီး အာဏာသိမ်းစစ်တပ်ဘက်မှ ၄၀ ဦး ထက်မနည်း ထိခိုက်သေဆုံးကြောင်း ဒေသခံများ ပြောဆိုနေကြသည်။ထိုသို့ ထိခိုက်သေဆုံးသူများကို သယ်ယူရန် ရွှေကူမြို့အခြေစိုက် လူမှုကူညီရေးအဖွဲ့များကို စစ်ကောင်စီက ယနေ့ညနေ ၆ နာရီတွင် လိုက်လံပြောဆိုနေကြောင်း

ဖိအားပေးခြိမ်းခြောက်သည့် မြိုနယ်ပညာရေးမှူးကို ကျည်တစ်တောင့်နှင့်အတူသတိပေ

Posted: 10 Jul 2021 06:15 AM PDT

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြိုတွင် CDM ပညာရေးဝန်ထမ်းများကို ဖိအားပေးခြိမ်းခြောက်နေသည့် မြိုနယ်ပညာရေးမှူး ဦးကျော်နိုင်သွင်အား ပြည်သူ့လုံခြုံရေးနှင့်ကာကွယ်ရေးတပ်ဖွဲ့အမည်ဖြစ် ကျည်တစ်ထောင့်နှင့် အတူ သတိပေးစာကို ယနေ့ ပေးပို့လိုက်ကြောင်းသိရသည်။Kachin News Group https://www.facebook.com/theKachinNews

ရွှေကူ မြို့လှရွာ စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် ဖုန်းတာဝါတိုင် ပျက်စီးပြီး ဒေသခံများနှင့် အဆက်အသွယ် ပြတ်တောက်နေ

Posted: 10 Jul 2021 06:13 AM PDT

July 10, 2021/ Kachin News Groupရွှေကူမြို့နယ် မြို့လှ ရွာအနီး ယမန်နေ့ တိုက်ပွဲတွင် စစ်ကောင်စီ၏ ဂျက်လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်မှုကြောင့် ထိုဒေသရှိ တစ်ခုတည်းသော ဖုန်းတာဝါတိုင် ပျက်စီးသွားပြီး အဆက်အသွယ် ပြတ်တောက်နေကြောင်း သိရသည်။ယမန်နေ့ ညနေ ၆နာရီဝန်းကျင်တွင် အာဏာသိမ်းစစ်တပ်က KIA နှင့် PDF ရှိရာသို့ ဂျက်လေယာဉ် ၂စီးဖြင့် ၂ကြိမ်ဆက်တိုက် ဗုံးကျဲတိုက်ခိုက်ခဲ့သည့်အတွက် မြို့လှရွာတဝိုက်တွင် တစ်ခုတည်း

ဒီပဲယင်းတိုက်ပွဲမှာ ထွက်ပြေးခဲ့ရသူတွေ နေရပ်ပြန်လို့ရပေမယ့်လည်း အခက်အခဲတွေရှိနေ

Posted: 10 Jul 2021 06:12 AM PDT

ဒီပဲယင်းတိုက်ပွဲမှာ ထွက်ပြေးခဲ့ရသူတွေ နေရပ်ပြန်လို့ရပေမယ့်လည်း အခက်အခဲတွေရှိနေ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်က တိုက်ပွဲတွေကြောင့် ထွက်ပြေးနေရသူတွေကို ၂၀၂၁၊ ဇွန် ၁၄ ရက်နေ့က တွေ့ရစဉ် / Photo: Citizen Journalistစစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်ထဲမှာ ဇူလိုင် ၂ ရက်နေ့က တိုက်ပွဲပြင်းထန်ခဲ့လို့ တောတောင်တွေထဲ စစ်ဘေးရှောင်နေရတဲ့ ဒေသခံ ငါးထောင်ကျော်တို့ဟာ ကိုယ့်နေအိမ်တွေဆီ ပြန်ရောက်လာကြပြီဖြစ်ပေမယ့်

ပဲခူးက ရာအိမ်မှူးတစ်ယောက် PDF အဖွဲ့က သေနတ်နဲ့အပစ်ခံရလို့ သေဆုံး

Posted: 10 Jul 2021 06:10 AM PDT

ပဲခူးက ရာအိမ်မှူးတစ်ယောက် PDF အဖွဲ့က သေနတ်နဲ့အပစ်ခံရလို့ သေဆုံး ပဲခူးမြို့တွင်းတစ်နေရာကို ၂၀၂၁ ဧပြီ ၁၄ရက်နေ့က တွေ့ရစဉ် / Photo: CJပဲခူးတိုင်း ပဲခူးမြို့ မွန်စံပြရပ်ကွက် ၇ လမ်းက စစ်ကောင်စီခန့်ထားတဲ့ ရာအိမ်မှူးဟာ ဇူလိုင် ၁၀ ရက် ဒီနေ့ မနက်ပိုင်းက သေနတ်နဲ့ အပစ်ခံရပြီး သေဆုံးခဲ့တယ်လို့ အမည်မဖော်လိုတဲ့ ရပ်ကွက်နေသူ တစ်ယောက်က RFAကို ပြောပါတယ်။ရာအိမ်မှူး ဦးသောင်းငွေ (ခေါ်) သကြားလုံး အပါအဝင် သုံးယောက်တို့

ရေနံနှင့် ရေနံထွက်ပစ္စည်းများဆိုင်ရာ အခွန်အခများ လွတ်ငြိမ်းခွင့်ပြုကြောင်း ကြေညာခြင်း။

Posted: 10 Jul 2021 06:07 AM PDT

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်အမျိုးသား ညီညွတ်ရေး အစိုးရလျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာနအမိန့်ကြော်ငြာစာအမှတ် (၅/၂၀၂၁)၁၃၈၃ ခုနှစ် ဝါဆိုလဆန်း ၂ ရက်(၂၀၂၁ ခုနှစ် ဇူလိုင်လ ၁၀ ရက်)အကြောင်းအရာ။ ။ ရေနံနှင့် ရေနံထွက်ပစ္စည်းများဆိုင်ရာ အခွန်အခများ လွတ်ငြိမ်းခွင့်ပြုကြောင်း ကြေညာခြင်း။၁။ ပြည်ထောင်စုသမ္မတမြန်မာနိုင်တော် အမျိုးသားညီညွတ်ရေးအစိုးရ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန သည် ကိုဗစ် - ၁၉ ကပ်ရောဂါ

National Unity Government of Myanmar မှ သတင်းတွေကို နားဆင်ကြရမှာဖြစ်ပါတယ်

Posted: 09 Jul 2021 05:28 PM PDT

အမျိုးသားညီညွတ်ရေးအစိုးရ ၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနက နိုင်ငံပိုင် မြေ၊ အဆောက်အဦနဲ့ မြေကွက် (၂၃)ခုကို အကြမ်းဖက်စစ်ကောင်စီက ရောင်းချဖို့ စီစဉ်နေတာ နဲ့ပတ်သက်ပြီး သတိပေးတားမြစ်ချက်တစ်စောင်ထုတ်ပြန်လိုက်တဲ့ သတင်းဥပဒေမဲ့ သတ်ဖြတ် ဖမ်းဆီးနေတာတွေကို ရပ်တန့်ဖို့ နဲ့ တရားဥပဒေစိုးမိုးရေးကို ပြန်လည်ဖော်ဆောင်ဖို့ အကြမ်းဖက်စစ်ကောင်စီကို အမေရိကန်ရှေ့နေများအသင်း အေဘီအေက တောင်းဆို

မြန်မာနိုင်ငံမှာ ကိုဗစ်ရောဂါ ကိုယ့်ဖာသာ စစ်တဲ့သူတွေရှိလာ

Posted: 09 Jul 2021 05:21 PM PDT

ရန်ကုန်တိုင်းဒေသကြီး၊ ကိုဗစ်-၁၉ ရောဂါကုသရေးဌာန (သုဝဏ္ဏ)/ (ဧရာကိုဗစ်စင်တာ-ရန်ကုန်)အထူးကြပ်မတ်ကုသဆောင် (ICU) မှာ ရောဂါပြင်းထန်စွာခံစားနေရသူကို ကုသပေးနေတဲ့ ကျန်းမာရေးဝန်ထမ်းများ။(ဓာတ်ပုံ -Ministry of Health and Sports, Myanmar - ဇန်နဝါရီ ၂၁၊ ၂၀၂၁)မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါ ကူးစက်မှုတွေနဲ့ သေဆုံးမှုတွေ တိုးလာနေတာကြောင့် ရောဂါပိုး ရှိ၊ မရှိ ဆေးစစ်တဲ့ ပစ္စည်းတွေကို ကိုယ့်ဖာသာ ဝယ်ယူစစ်ဆေးသူတွေလည်း

မြန်မာ့ဒီမိုကရေစီရေး နောက်ကြောင်းပြန်သူတွေကို အရေးယူနိုင်ရေး အမေရိကန် အားပေးတဲ့အကြောင်း နိုင်ငံခြားရေးဝန်ကြီး ဘလင်ကင် ပြောဆို

Posted: 09 Jul 2021 10:39 AM PDT

စစ်တပ်က အကြမ်းဖက် ဖိနှိပ်နေတာတွေ ရပ်ဖို့လည်း ဝန်ကြီးဘလင်ကင် တောင်းဆိုမြန်မာပြည်သူတွေဟာ သူတို့ ကိုယ်တိုင် ဒီမိုကရေစီနည်းကျ ရွေးကောက် တင်မြှောက်ထားတဲ့ အစိုးရ ပြည်လည် အသက်ဝင်နိုင်အောင် ကြိုးပမ်းနေတာကို အမေရိကန်ပြည်ထောင်စုက ခိုင်ခိုင်မာမာ အတူတကွ ရပ်တည်ပေးနေတယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး အန်တိုနီ ဘလင်ကင်က သူ့ရဲ့ တွစ်တာ စာမျက်နှာကနေ တဆင့် ထုတ်ပြန်ပါတယ်။မြန်မာ အရပ်ဘက်အဖွဲ့အစည်းတွေက ကိုယ်စားလှယ်

NLD ပါတီနာယက ဦဝင်းထိန်အမှု အတွက် နှစ်ဖက်လျှောက်လဲချက်ကြားနာစစ်ဆေး

Posted: 09 Jul 2021 10:37 AM PDT

ဒေါ်အောင်ဆန်းစုကြည် ရဲ့ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၇ အမှုအတွက် ပြင်ဆင်မှု တင်တာ ထပ်မံပလပ်ခံရနိုင်ငံတော် အကြည်ညိုပျက်စေမှု ရာဇသတ်ကြီး ပုဒ်မ ၁၂၄ (က) နဲ့ တရားစွဲဆိုဖမ်းဆီးခံထားရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီနာယက ဦးဝင်းထိန်ကို ဒီနေ့ဇူလိုင် ၉ ရက် မှာ နေပြည်တော်က သီးသန့်တရားရုံးမှာရုံးထုတ်စစ်ဆေးခဲ့ပြီး နှစ်ဖက်လျှောက်လဲချက်ပေးခဲ့ တယ်လို့တရားလွှတ်တော်ရှေ့နေ ဒေါ်မင်းမင်းစိုးက ပြောပါတယ် ။" ဒီနေ့နှစ်ဖက်

မြန်မာ ကိုဗစ်ကူးစက်သူ ၄,၃၀၀ ကျော်၊ သေဆုံးသူ ၆၄ ဦး ထပ်တို

Posted: 09 Jul 2021 10:35 AM PDT

တောင်ငူမြို့က ကိုဗစ်ရောဂါနဲ့သေဆုံးသူတဦးကို ပရဟိတအဖွဲွ့တခုမှ သယ်ယူစဉ် (ဓာတ်ပုံ - STR/AFP)မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၄နာရီအတွင်း COVID-19 ရောဂါကူးစက်သူ ၄,၃၀၀ ကျော် ဒီကနေ့ ဓါတ်ခွဲအတည်ပြုချက်တွေ့ပါတယ်။ဓါတ်ခွဲစစ်ဆေးမှုပေါင်း ၁၅,၇၄၇ ခုမှာ ပိုးတွေ့သူ ၄,၃၂၀ ဦးရှိကြောင်း အားကစားနဲ့ ကျန်းမာရေးဝန်ကြီးဌာနက အခုည ၈ နာရီမှာ ထုတ်ပြန်တာပါ။၂၄ နာရီအတွင်း သေဆုံးသူက ၆၄ ဦးထိ ရှိခဲ့ပြီး အခုထိဆိုရင် မြန်မာနိုင်ငံမှာ

တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေး လုံးဝရပ်ဆိုင်း

Posted: 09 Jul 2021 10:33 AM PDT

တရုတ် မြန်မာ နယ်စပ်ကုန်သွယ်ရေးဂိတ် (AP Photo/Eugene Hoshiko)မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါဖြစ်ပွားမှု စိုးရိမ်စရာ ပြန်ဖြစ်နေတာကြောင့် မြန်မာနဲ့ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းအားလုံးကို တရုတ်ဘက်က ပိတ်လိုက်ပါတယ်။ နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးအားလုံး ရာနှုန်းပြည့် ရပ်ဆိုင်းသွားတာ နှစ်အတော်ကြာမှာ ဒါ ပထမဆုံးအကြိမ်ဖြစ်ပါတယ်။ အပြန်အလှန် ကုန်တင်ပို့ တင်သွင်းမှုတွေ ရပ်သွားတဲ့အတွက် အောက်စီဂျင်အိုး၊

မြင်းခြံမှာ အရပ်သားတစ်ဦး သေနတ်ပစ်ခံရလို့ သေဆုံး

Posted: 09 Jul 2021 10:31 AM PDT

မြင်းခြံမှာ အရပ်သားတစ်ဦး သေနတ်ပစ်ခံရလို့ သေဆုံး ၂၀၂၁ ဇူလိုင် ၈ ရက်နေ့ညမှာ ပစ်ခတ်ခံရလို့ သေဆုံးသွားတဲ့ ကိုဖြိုးလှိုင်ဝင်းရဲ့အလောင်းကို သယ်ယူနေစဥ် / Photo CJမန္တလေးတိုင်း၊ မြင်းခြံမြို့၊ စက်မှုဇုန်ခန်းမအနီးမှာ ဇူလိုင်လ ၈ ရက် မနေ့ည ၈ နာရီကျော်လောက်က ဆားခါး ရွာက အသက် ၂၆ နှစ်အရွယ် ကိုဖြိုးလှိုင်ဝင်းဟာ သေနတ်နဲ့ပစ်ခတ်လို့ သေဆုံးသွားတယ်လို့ မြင်းခြံမြို့ခံတွေ က ပြောပါတယ်။သူပစ်ခတ်ခံရလို့ ဒဏ်ရာရနေတဲ့

တန့်ဆည်မှာ ထွေအုပ်ဝန်ထမ်းတစ်ဦး သတ်ဖြတ်ခံရ

Posted: 09 Jul 2021 10:30 AM PDT

တန့်ဆည်မှာ ထွေအုပ်ဝန်ထမ်းတစ်ဦး သတ်ဖြတ်ခံရ စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်က ပြည်သူတွေ ၂၀၂၁၊ မေ ၂၅ ရက်နေ့က စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြကြစဉ် / Photo: Citizen Journalistစစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ် ဆံဆွဲ-စည်ကြီးအုပ်စုမှာ တာဝန်ကျနေတဲ့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန က စာရေးဖြစ်သူ အသက် (၃၃) နှစ်ခန့်အရွယ် ကိုကျော်မျိုးထွန်း (ခေါ်) ကိုချပ်ပြား ဟာ ဇူလိုင်လ ၈ ရက် မနေ့က သတ်ဖြတ်ခံလိုက်ရတယ်လို့ တန့်ဆည်

မြန်မာပြည်မှာ ၆ လ အတွင်း လူတွေ သန်းချီငတ်မွတ်နိုင်ကြောင်း တွက်ဆထား

Posted: 09 Jul 2021 10:28 AM PDT

တောတောင်တွေထဲ ထွက်ပြေးရတဲ့ ဒီမော့ဆို စစ်ဘေးရှောင်ပြည်သူတွေ၊ ကယား၊ ဇွန်လဆန်း ၂၀၂၁။အကျပ်အတည်းက ပိုပိုဆိုးလာတဲ့လမ်းပေါ် သွားနေတာကို ရပ်ပစ်ဖို့လိုတယ်မြန်မာနိုင်ငံမှာ လာမယ့် ခြောက်လ အတွင်း စားနပ်ရိက္ခာ မလုံလောက်တာတွေ သိသိသာသာ ပိုမိုဖြစ်လာနိုင်ပြီး သန်းပေါင်းများစွာသောသူတွေ ငတ်မွတ် ခေါင်းပါးတဲ့ဒဏ် ခံစားရလိမ့်မယ်ဆိုပြီး ကုလသမဂ္ဂ အကူအညီပေးရေး အဖွဲ့ ယူအဲန်အိုချာက ထပ်လောင်း သတိပေးပါတယ်။ရခိုင်နဲ့ ဧရာဝတီဒေသ

လူထုအပေါ် အခွင့်အရေးချိုးဖောက်မူတွေဆက်လုပ်ရင် တိုက်ပွဲတွေပြန်ဖြစ်နိုင်တယ်လို့ KNDF ပြော

Posted: 09 Jul 2021 10:26 AM PDT

အခွင့်အရေးချိုးဖောက်မူတွေဆက်လုပ်ရင် တိုက်ပွဲတွေပြန်ဖြစ်နိုင်အပစ်ရပ်ထားတဲ့ ကယားပြည်နယ်မှာ လူထုအပေါ် အခွင့်အရေးချိုးဖောက်မူတွေဆက် လုပ်လာရင် တိုက်ပွဲတွေပြန်ဖြစ်သွားနိုင်တယ်လို့ကရင်နီအမျိုးသားများကာကွယ်ရေး တပ် KNDF ကပြောပါတယ်။" PDF ဆိုတာ လူထုပေါ်အခြေပြုပြီးဖွဲထားတာဖြစ်တဲ့အတွက် လူထုကိုစိတ်ဒုက္ခရောက်အောင်လုပ်လာရင် အရင်လိုမတည်မငြိမ် အခြေအနေပြန်ဖြစ်နိုင်တယ်၊ စစ်ကောင်စီအနေနဲ့အပစ်ခတ် ရပ်စဲရေးကတိကဝတ်တွေကို

No comments:

Post a Comment

5

Note: Only a member of this blog may post a comment.