Monday, July 12, 2021

သစ်ထူးလွင်

သစ်ထူးလွင်


မန္တလေးမှာလည်း ကိုဗစ်လူနာတွေအတွက် အောက်စီဂျင်ပြတ်လပ်နေ

Posted: 12 Jul 2021 08:33 AM PDT

အမရပူရမြို့နယ်က ဗားကရာကျောင်းတိုက်မှာ မန္တလေးမြို့ခံ ပရဟိတအဖွဲ့တစ်ဖွဲ့က အောက်စီဂျင်ဖြည့်ပေးနေတာဖြစ်ပါတယ်။မန္တလေးမြို့က ကိုဗစ်လူနာအတွက် အောက်စီဂျင်ရရှိမှုဟာ နေ့ရော၊ ညပါ ပြတ်လပ်မှုဖြစ်နေတယ်လို့ မြို့ခံလူမှုကယ်ဆယ်ရေးအသင်းတွေက ပြောပါတယ်။ ]"တညလုံးပဲ။ တချို့ဆို အောက်ဆီဂျင်ကျသွားလို့ လုပ်ပါဦး၊ ကယ်ပါဦးဆို ကိုယ့်ဆီမှာ ဘာမှမရှိ၊ ပရဟိတအဖွဲ့ဆိုတော့ လုပ်မပေးနိုင်တာတွေ အများကြီးပေါ့။ တတ်အားသရွှေ့ပဲ ကူညီနိုင်တာ

NLD ဦးဉာဏ်ဝင်း ရန်ကုန်ဆေးရုံကြီးအထူးကုသဆောင်မှာ ကိုဗစ်ရောဂါကုသမှုခံယူနေ

Posted: 12 Jul 2021 08:31 AM PDT

NLD ၂၅ နှစ်ပြည့် အခန်းအနားတွင် စကားပြောနေသော ဦးဉာဏ်ဝင်း ( ဓာတ်ပုံ - AP /Khin Maung Win)ရန်ကုန်မြို့ အင်းစိန် အကျဉ်းထောင်မှာ ဖမ်းဆီးခံထားရတဲ့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုကော်မတီဝင် ဦးဉာဏ်ဝင်း ကိုဗစ်ကပ်ရောဂါကူးစက်နေတဲ့အတွက် ရန်ကုန်ဆေးရုံကြီး အထူးကုသဆောင် ICU မှာ ကုသမှု ခံယူနေရပါတယ်။ ICU မှာကုသမှုခံယူနေတဲ့ အခြေအနေကို သူ့ရဲ့ အကျိုးဆောင်ရှေ့နေ ဒေါ်စန်းမာလာညွန့်က ဗီအိုအေမြန်မာပိုင်းကို ခုလို

အောက်စီဂျင်ပြတ်လပ်ပြီး တက်စရာဆေးရုံ အခက်ကြုံနေတဲ့ မြန်မာကိုဗစ်

Posted: 12 Jul 2021 08:30 AM PDT

ရန်ကုန်မြို့က အောက်ဆီဂျင်ဖြည့်ပေးတဲ့ ဆိုင်တဆိုင်မှာ အောက်ဆီဂျင်ဖြည့်ဖို့ တန်းစီစောင့်ဆိုင်းနေသူများ။ (ဇူလိုင် ၁၁၊ ၂၀၂၁)မြန်မာနိုင်ငံက COVID-19 အတည်ပြုလူနာတွေ အနေနဲ့ ဆေးရုံတက်ဖို့ မလွယ်ကူသလို အိမ်မှာ ပြုစုစောင့်ရှောက်ရေးမှာ အရေးပေါ်သုံးဖို့ အောက်ဆီဂျင် မလုံလောက်မှုနဲ့လည်း တနိုင်ငံလုံး အတိုင်းအတာနဲ့ ကြုံတွေ့နေရပါတယ်။ COVID-19 အတည်ပြုလူနာတွေရဲ့ မိသားစုတွေအနေနဲ့ အောက်ဆီဂျင် ဝယ်ယူရရှိရေး အချိန်ပေး

ကနီမြို့နယ်မှာ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံထားရတဲ့ ရုပ်အလောင်း ၁၄ ခုတွေ့ရှိ

Posted: 12 Jul 2021 08:28 AM PDT

ကနီမြို့နယ်မှာ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံထားရတဲ့ ရုပ်အလောင်း ၁၄ ခုတွေ့ရှိ စစ်ကိုင်းတိုင်း၊ ကနီမြိုနယ်က ဒေသခံတွေ ထွက်ပြေးနေကြတာကို ၂၀၂၁၊ မေလအတွင်းက တွေ့ရစဉ် / Photo: Citizen Journalistစစ်ကိုင်းတိုင်း၊ ကနီမြိုနယ်၊ ယင်းရွာနဲ့ ကုန်းသာရွာအနီးက တောထဲတစ်နေရာမှာ လက်ပြန်ကြိုးတုတ်ပြီး ရိုက်နှက်ဒဏ်ရာတွေနဲ့ အစုလိုက်၊ အပြုံလိုက် သေဆုံးနေတဲ့ ရုပ်အလောင်း ၁၄ ခုကို မနေ့ကနဲ့ ဒီနေ့တွေမှာ တွေ့ရှိခဲ့တယ်လို့ ကနီ

ဒေါ်အောင်ဆန်းစုကြည် အိမ်ကို ဝင်စီးခဲ့ချိန်က ဝရမ်းမပါခဲ့ဘူးလို့ တရားလိုပြသက်သေတွေ ထွက်ဆို

Posted: 12 Jul 2021 08:26 AM PDT

စစ်ကောင်စီက ပုဒ်မ (၇) ခုနဲ့ ဖမ်းဆီးအရေးယူခံထားရတဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ဇူလိုင်လ ၁၂ ရက် ဒီကနေ့ နေပြည်တော်က အထူးတရားရုံးမှာ ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုထားတဲ့ အမှုတွေထဲက သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု ဥပဒေပုဒ်မ (၂၅)၊ ပို့ကုန်သွင်းကုန် ဥပဒေပုဒ်မ (၈)နဲ့ ဆက်သွယ်ရေးဥပဒေပုဒ်မ (၆၇) တို့အတွက် တရားလိုပြ သက်သေတွေကို ဆက်လက်စစ်ဆေးခဲ့တာပါ။    "သူတို့

ဖားကန့်တွင် စစ်တပ်လက်အောက်ရှိသော ရဲကားတစ်စီးကို KIA က မိုင်းခွဲတိုက်ခိုက်

Posted: 12 Jul 2021 08:14 AM PDT

July 12,2021/Kachin News Groupဖားကန့် ယူမာကျေးရွာတွင် အာဏာသိမ်းစစ်တပ်၏ လက်အောက်တွင်ရှိသော ရဲတပ်ဖွဲ့ကားကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က မိုင်းခွဲတိုက်ခိုက်ခဲ့သောကြောင့် ထိခိုက်ဒဏ်ရာရရှိသူများရှိကြောင်းသိရသည်။ယနေ့နံနက် ၈နာရီခွဲဝန်းကျင်တွင် ယူမာကျေးရွာတွင် စစ်ကောင်စီက ဖွင့်ထားသည့်ကျောင်းသို့ လုံခြုံရေးရယူရန် ရဲတပ်သား ၁၀ဦးခန့်ပါရှိသည့် ရဲကား 4w တစ်စီးအား ကျောင်းရှေ့၌  KIA က ၂ကြိမ်ထက်မနည်း မိုင်းခွဲ

ငွေစက္ကူတွေကနေလည်း ကိုဗစ်ကူးစက်နိုင်

Posted: 12 Jul 2021 08:09 AM PDT

(အယ်ဒီတာထံပေးစာ)အခု covid ကူးစက်နိုင်မှု အထဲမှာ ဘဏ်တွေပုံမှန်လိုမလည်ပတ်နိုင်တဲ့အခြေအနေနဲ့ ဒစ်ဂျစ်တယ်အွန်လိုင်းငွေပေးချေမှုတွေအလုပ်မဖြစ်တော့တဲ့အခြေအနေမှာရန်ကုန်လိုမြို့ကြီးကအစ နယ်ကသူတွေ ပေါ့ပေါ့တွေးတာ တစ်ခုရှိနေတယ်၊ အခုလိုအချိန်မှာ နေ့တိုင်း အချိန်တိုင်း လူနဲ့ အမြဲတမ်းနီးပါး အတူရှိပြီး၊ လက်လွှဲ အများဆုံးနဲ့၊ ရောဂါပိုးကို လွယ်လွယ်နဲ့ ဖြန့်ဖြူးနေနိုင်တာ တစ်ခုက " ငွေစက္ကူပိုက်ဆံ ဖြစ်ပါတယ်။"ပိုက်ဆံ"

RDT Test Kit ရလဒ် ရာနှုန်းပြည့်မမှန်ကန်

Posted: 12 Jul 2021 08:06 AM PDT

သျှမ်းသံတော်ဆင့် ၊ ဇူလိုင် ၁၂ သျှမ်းပြည်တွင် ကိုဗစ်-၁၉  အတည်ပြုလူနာနှင့် ထိတွေ့မိသူများ၊ ကိုဗစ်လက္ခဏာပြသည့် သံသယလူနာများ၊ ခရီးသွားရာဇဝင်ရှိသူများကို လတ်တလောတွင် RDT test kit ဖြင့် စစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။ RDT test kit ဖြင့် စစ်ဆေးရာတွင် ရလဒ်အား (၁၀၀%) အမှန်သတ်မှတ်လို့မရနိုင်သည့်အတွက် ပြည်သူများ အနေဖြင့် သတိထားနေသင့်ကြောင်း သျှမ်းတောင်မှ ဆရာဝန်တစ်ဦးက တိုက်တွန်းထားသည်။ "RDT test kit

တောင်ကြီးမြို့ အရပ်သား (၂) ကို စစ်ကောင်စီမှ ဖမ်းဆီးသွား၊ စစ်ကြောရေးတွင် ရိုက်နှက်စစ်ဆေး

Posted: 12 Jul 2021 08:04 AM PDT

 ဇူလိုင် ၁၂ရက် ၂၀၂၁သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ တွင် ယမန် (ဇူလိုင် ၁၁)ရက် မနက်ပိုင်းတွင် စစ်ကောင်စီ မှ အရပ်သား (၂) ဦးကို လာရောက်ဖမ်းဆီးသွားကြောင်း စုံစမ်းသိရသည်။ယမန့် (ဇူလိုင် ၁၁) ရက် မနက် (၃) နာရီတွင် တောင်ကြီးမြို့ ကျောင်းကြီးစုရပ်ကွက်တွင်နေထိုင်သည့်  ကိုခိုင်မြင့်ထွန်း နှင့် ၎င်းအမျိုးသမီး မနှင်းနုနုနိုင်တို့၏ နေအိမ်ကို စစ်ကောင်စီမှ  စစ်ကားများဖြင့်လာရောက်ပြီး (၂)ဦးစလုံး ဖမ်းဆီးခေါ်

ကျောက်မဲတွင် မြို့မရဲစခန်းမှ အကျဉ်းသား (၁၄)ဦး ကိုဗစ်-၁၉ တွေ့ရှိ

Posted: 12 Jul 2021 08:03 AM PDT

သျှမ်းသံတော်ဆင့်၊ ဇူလိုင် ၁၂ သျှမ်းပြည်မြောက်ပိုင်းကျောက်မဲမြို့နယ် မြို့မရဲစခန်း တွင် ယနေ့ (ဇူလိုင် ၁၂)ရက် မနက်ပိုင်းတွင် အကျဉ်းသား (၁၄)ဦး ကိုဗစ်-၁၉  တွေ့ရှိကြောင်း စုံစမ်းသိရသည်။ယနေ့ (ဇူလိုင် ၁၂)  ရက် မနက်ပိုင်းတွင်  ကျောက်မဲမြို့ မြို့မရဲစခန်းမှ အကျဉ်းသား (၁၅) ဦးကို ကိုဗစ်-၁၉  စစ်ဆေးရာ   (၁၄) ဦး တွေ့ရှိပြီး၊ ကျောက်မဲ ရပ်ကွက် (၁)မှ ကလေး (၂) ဦး အပါအဝင် ကျောက်မဲမြို့နယ်အတွင်း ကိုဗစ်-၁၉  အတည်ပြု

KA နှင့် စ.က.စတပ်အကြား တိုက်ပွဲ ဆက်တိုက်ပြစ်ပွား

Posted: 12 Jul 2021 07:59 AM PDT

လွိုင်ကော်မြို့နယ် ကရင်နီတပ်မတော် တပ်ရင်း၃ လုပ်ရှားနယ်မြေအတွင်း စ.က.စတပ်မှ တပ်မ ၆၆၊ ခလရ ၅၃၀နဲ့ ပြည်သူ့စစ်တို့ပူးပေါင်းပြီး စစ်ရေးလုပ်ရှားမှုပြုလုပ်လာတဲ့အတွက် ယနေ့မနက် (၈)နာရီမှ  ညနေ(၇)နာရီအထိ တိုက်ပွဲများဆက်တိုက်ဖြစ်ပွားခဲ့ပါတယ်။ ယနေ့  ကရင်နီပြည် လွိုင်ကော်မြို့ရဲ့ အရှေ့မြောက် ဒေါတဟေးနဲ့ တီးလုံးရွာကြား နံနက် ၈ နာရီခန့်မှာ နာရီဝက်ကြာ ခလရ၅၃၀နဲ့ KA ရင်း(၃)အကြား တစ်ကြိမ်ဖြစ်ပွားခဲ့ပြီး နှစ်ဘက်

KA နဲ့ စစ်ကောင်စီတို့ရဲ့ အပြန်အလှန် ပစ်ခတ်မှုကြောင့် လွိုင်လင်လေးမြို့နယ် အရှေ့ခြမ်းရှိ ဒေသခံများ ထပ်မံတိမ်းရှောင်နေရ

Posted: 12 Jul 2021 07:55 AM PDT

ကန္တာရဝတီတိုင်း(မ်)ယနေ့ ဇူလှိုင်လ ၁၂ ရက်နေ့ နံနက်ပိုင်းမှာ ကရင်နီပြည်နယ် လွိုင်လင်လေးမြို့နယ်အတွင်းမှာ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ရဲ့ ကရင်နီတပ်မတော် KA နဲ့ အကြမ်းဖက် စစ်ကောင်စီတပ်တို့ရဲ့ အပြန်အလှန် ပစ်ခတ်တဲ့ လက်နက်ကြီး၊ လက်နက်ငယ်သံများ ကြားနေရတာကြောင့် လွိုင်လင်လေးမြို့နယ် အရှေ့ဖက်ခြမ်းရှိ ကျေးရွာများ ထပ်မံတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။" ဒီဖက်တစ်ကြောလုံး အကုန်လုံးရှောင်ရ

စကစတပ် ၂ လခန့်တပ်စွဲထားတဲ့ နေအိမ်‌ေဘးတွင် ခေါင်းဖြတ်သတ်ခံရတဲ့အလောင်းများတွေ့ရှိ

Posted: 12 Jul 2021 07:53 AM PDT

ဇူလိုင်လ (၁၂)၊ ၂၀၂၁။ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် စံပြ (၆)ကျေးရွာ အိမ်အမှတ် ၃-၂၇ တွင် စစ်ကောင်စီမှတပ်စွဲထားလျှက်ရှိပြီး  ၄င်းဘေးချင်းကပ် အိမ်တွင် အပုပ်နံ့များရရှိသောကြောင့်  ကရင်နီပြည်လူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်(ကလလတ)တပ်ဖွဲ့၊ ကယန်းပြည်သစ်ပါတီတပ်ဖွဲ့နှင့် ကယောငြိမ်းချမ်းရေးတပ်ဖွဲ့များ ဝင်ရောက်စစ်ဆေးကြည့်ရာ နေအိမ်အနောက်ဖက်ရှိ အိမ်သာကပ်လျက်ကျင်းတွင် လူသေအလောင်းများကိုတွေ့ရှိခဲ့ရပါတယ်။ 

တမူးခရိုင်တွင် စကစတပ်က ပစ်ခတ်ဖမ်းဆီးစဉ် သက်မပြည့်လူငယ် ၂ ယောက်ပွဲချင်းသေဆုံးပြီး၊ ဖမ်းဆီးထားစဉ် ၂ ယောက်ထပ်မံသေဆုံး

Posted: 12 Jul 2021 07:49 AM PDT

စစ်ကိုင်းတိုင်းအထက်ပိုင်း၊ တမူးခရိုင် မြို့သစ်မြို့အနီး နောင်ကက်ကျေးရွာ (Zalenphai village)မှ လူငယ် ၆ ယောက်ဟာ ဇူလိုင် ၁၀ ရက် ည ၁၀ နာရီတွင် အနီးနားရွာသိုလည်ပတ်ရာမှ ပြန်လာစဉ် ကျွန်းပင်သာ နဲ့ မင်းသာကျေးရွာကြား တံတားပေါ်အရောက်တွင် အကြမ်းဖက်စကစတပ်က ပစ်ခတ်လို့ သက်မပြည့် လူငယ် (၂)ယောက် ပွဲချင်းသေဆုံးပြီး ဒဏ်ရာရရှိတဲ့ ၃ ယောက်ကိုဖမ်းဆီးခေါ်ဆောင်သွားပါတယ်။ ၎င်းတို့ထဲက လူငယ်တစ်ယောက်ကတော့ ထွက်ပြေးလွတ်မြောက်

ဇူလိုင် ၁၁ ရက် ကိုဗစ်ကူးစက် သေဆုံးသူ အရေတွက် ဆက်တိုး

Posted: 11 Jul 2021 08:00 AM PDT

ကိုဗစ်ကူးစက်မှုအသစ် လေးထောင်ကျော်လာတာ သုံးရက်ဆက် ရှိခဲ့ပေမ့ဒီကနေ့ ဇူလိုင်လ ၁၁ ရက်နေ့မှာ ကူးစက်သူ အသစ် ၃၄၆၁ ဦး နဲ့ သေဆုံးသူ ၈၂ ဦး ရှိတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီး ဌာနက ထုတ်ပြန်ပါတယ်။လူပေါင်း ၁၀၁၁၇ ဦးစစ်ဆေးရာမှာ လူ ၃၄၆၁ ဦးတွေ့တာဖြစ်လို့ ကူးစက်မှုနှုန်းက မကျဘဲ ၃၄ ရာခိုင်နှုန်းအထိ ရှိလာနေပါတယ်။သေဆုံးသူကတော့ ဇူလိုင် ၁၀ ရက်နေ့က ၇၁ ဦးရှိပြီး ဇူလိုင် ၁၁ ရက်နေ့မှာ ၈၂ ဦးအထိရှိလာတဲ့အတွက် သေဆုံးသူ

ကိုဗစ်ကာကွယ်ကုသရေး ဆေးဝါးနဲ့ကိရိယာတွေ တင်သွင်းခွင့်ရပ်ဆိုင်းစာ အတုလို့ငြင်းဆို

Posted: 11 Jul 2021 07:58 AM PDT

နယ်စပ်ကနေ ကိုဗစ်ဆက်စပ်ကာကွယ်ရေးပစ္စည်းတွေတင်ပို့မှု ပိတ်မထားလို့ ဆိုကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနဲ့ ကုသရေးဆိုင်ရာ ဆေးဝါးတွေနဲ့ဆေးကိရိယာတွေ ပြည်ပကနေ တင်သွင်းတာကို ရပ်ခိုင်းခြင်းမရှိဘူးလို့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ဘီဘီစီကို ပြောပါတယ်။ဝန်ကြီးဌာနအောက်က ကုန်သွယ်ရေးဦးစီးဌာနက မြဝတီကုန်သွယ်ရေးဇုန် အကောက်ခွန် ညွှန်ကြားရေးမှူးကို အဲဒီဆေးပစ္စည်းတွေနဲ့ဆေးဝါးတွေကို နယ်စပ်ဒေသတွေကနေ တင်သွင်း

ကလေး -ဂန်ဂေါလမ်းမှာ စကစတပ်နဲ့ PDF တပ်တို့တိုက်ပွဲဖြစ်ရာ အောက်ဆီဂျင်သယ်တဲ့ကားများပိတ်မိနေ

Posted: 11 Jul 2021 07:48 AM PDT

Photo: CJစစ်ကိုင်းတိုင်း၊ ကလေးမြို့သို့သွားတဲ့ ကားလမ်း ၂ နေရာမှာ ဒီနေ့ ဇူလိုင် ၁၁ ရက် မနက်ပိုင်းကစပြီး စကစတပ်နဲ့ PDF တပ်တို့တိုက်ပွဲဖြစ်ပွားတာကြောင့် ကလေးမြို့ဘက်သို့ အောက်ဆီဂျင်သယ်တဲ့ကားတွေ ပုံတောင်ပုံညာဘက်တွင် ပိတ်မိနေတယ်လို့သိရပါတယ်။တိုက်ပွဲဖြစ်ပွား‌တဲ့နေရာကတော့ စစ်ကိုင်းတိုင်း၊ ပုလဲ-ခင်အေး ကားလမ်းပေါ် နဲ့ ပုံတောင်ပုံညာအနီးတွင်ဖြစ်ပါတယ်။ယင်းတိုက်ပွဲတွင် စကစတပ်ဘက်က ၂၀ ကျော်သေဆုံးကြပါတယ်။Zalen 

ဥသျှစ်ပင်မြို့မှာ မီတာမဆောင်တဲ့ အိမ်တွေက မီးကြိုးတွေကို လိုက်ဖြုတ်နေ

Posted: 11 Jul 2021 07:41 AM PDT

ဥသျှစ်ပင်၊ ဇူလိုင် ၁၁၊ ၂၀၂၁။ပဲခူးတိုင်း ပန်းတောင်းမြို့နယ် ဥသျှစ်ပင်မြို့မှာ မီတာခ မဆောင်တဲ့ အိမ်တွေကို မီးကြိုးတွေလိုက်ဖြုတ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ပြီးခဲ့တဲ့ နှစ်ရက်လောက်က ဥသျှစ်ပင်မြို့ လျှပ်စစ်ရုံး ဝန်ထမ်းတွေက   မီတာဆောင်ဖို့နဲ့ မဆောင်ရင် မီးဖြတ်မယ်ဆိုတဲ့ အကြောင်း လူစုခွဲပြီး လိုက်ပြောခဲ့သလို လူမှုကွန်ယက်စာမျက်နှာမှာလည်း သတိပေးစာ ထုတ်ပြန်ခဲ့တယ်လို့ ပြောပါတယ်။" လောလောဆယ် အတိအကျဆို ၃အိမ်

No comments:

Post a Comment

5

Note: Only a member of this blog may post a comment.