Tuesday, July 13, 2021

သစ်ထူးလွင်

သစ်ထူးလွင်


မင်းကင်းမြို့နယ်မှာ ရွာကို ရိက္ခာလာသယ်တဲ့ အမျိုးသားတစ်ဦး သတ်ဖြတ်ခံရ

Posted: 13 Jul 2021 07:50 AM PDT

မင်းကင်းမြို့နယ်မှာ ရွာကို ရိက္ခာလာသယ်တဲ့ အမျိုးသားတစ်ဦး သတ်ဖြတ်ခံရ မင်းကင်းမြို့ကို Goolge Map မှ မြင်တွေ့ရစဉ် / Photo: Google Mapစစ်ကိုင်းတိုင်း မင်းကင်းမြို့နယ် ဇင်ကလဲကျေးရွာကနေ ထွက်ပြေးတိမ်းရှောင်နေရတဲ့ အသက် ၄၀ ကျော် အရွယ် ဦးဆန်းဝင်းဟာ မိသားစုအတွက် သူ့ရဲ့နေအိမ်မှာ ကျန်ခဲ့တဲ့ ဆန်ရိက္ခာကို သယ်ဖို့သွားရာမှာ သတ်ဖြတ် ခံရပြီး သေဆုံးသွားတယ်လို့ ဒေသခံတွေက RFA ကို ဒီနေ့ ညနေက ပြောပါတယ်။သူဟာ ပြီးခဲ့တဲ့

တရားခွင်ထဲ ဓာတ်ပုံရိုက်တာ တားမြစ်ပေးဖို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ရှေ့နေ လျှောက်ထား

Posted: 13 Jul 2021 07:49 AM PDT

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်နဲ့ နေပြည်တော် မြို့တော်ဝန် ဒေါက်တာမျိုးအောင်တို့ကို နေပြည်တော် ဇမ္ဗူသီရိမြို့နယ်က သီးသန့် အထူးတရားရုံးမှာ ဇူလိုင် ၁၃ ရက် ဒီနေ့မှာ ဆက်လက်စစ်ဆေးခဲ့ပါတယ်။အဲဒီလို စစ်ဆေးတဲ့အခါ စစ်ကောင်စီက တာဝန်ပေးထားတဲ့ သူတွေက တရားခွင်ထဲထိ ဓာတ်ပုံတွေရိုက် မှတ်တမ်းယူတာကြောင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတွေက အခုလို ဓာတ်ပုံရိုက်တာဟာ တရားရုံးကို

ဒေါ်အောင်ဆန်းစုကြည်ကိုစွဲဆိုတဲ့ အဂတိမှုတွေအတွက် ရှေ့နေလက်မှတ်ယူ

Posted: 13 Jul 2021 07:46 AM PDT

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပေါ် အဂတိလိုက်စားမှုစွဲချက်တွေနဲ့ စစ်ကောင်စီက တရားစွဲထားတဲ့အမှုတွေ ရင်ဆိုင်ဖို့ သူ့ရဲ့ ရှေ့နေတွေ ပြင်ဆင်မှုတွေလုပ်နေပါတယ်။ မန္တလေးတိုင်းတရားရုံးမှာ တင်ထားတဲ့အမှု အဂတိလိုက်စားမှု ၄ မှုနဲ့ပါတ်သက်လို့ သူ့ရှေ့နေတွေဘက်က အသေးစိတ် အသေအချာ မသိကြရသေးပါဘူး။ နေပြည်တော်မှာ စစ်ဆေးနေတဲ့ အမှုတွေထဲက ၂ မှုကိုတော့နေပြည်တော် သီးသန့်တရားရုံးမှာ ဒီနေ့ ဇူလိုင်လ ၁၃

ရန်ကုန်တိုင်းအတွင်းသုဿန်တွေ မီးသဂြိုလ်ပေးရမှု ပုံမှန်ထက်အဆများစွာတိုးလာ

Posted: 13 Jul 2021 07:43 AM PDT

လည်းကူးသုဿန်သို့ ကိုဗစ်ဖြင့်သေဆုံးသူတဦးအား ပရဟိတအဖွဲ့တခုက သယ်ဆောင်စဉ် (ဓာတ်ပုံ - AFP)ရန်ကုန်တိုင်းထဲက သုဿန်တွေမှာ မီးသဂြိုလ်ဖို့စောင့်ဆိုင်းနေရတဲ့ အလောင်းတွေ အရင်ကထက် ၁၀ ဆလောက် ပိုများနေပါတယ်။ သေဆုံးသူသွားသူတွေအားလုံး ကိုဗစ်ကပ်ရောဂါကြောင့်လားဆိုတာ အတည်မပြုနိုင်ပေမဲ့ ကိုဗစ်တတိယလှိုင်းဖြစ်နေချိန် သေဆုံးသူ မီးသဂြိုလ်ရတဲ့ နှုန်းက စိုးရိမ်စရာမြင့်တက်နေတယ်လို့ ကျန်းမာရေးနဲ့ နာရေးပရဟိတလုပ်နေကြသူတွေက

ကိုဗစ်ကူးစက်မှုကြောင့် တစ်ရက်တည်း သေဆုံးသူ ၁၀၀ ကျော်ရှိ၊ ကူးစက်သူ အသစ် ၄၀၄၇ ဦးတွေ့

Posted: 13 Jul 2021 07:41 AM PDT

ကိုဗစ်ကူးစက်သူတွေ နေ့စဥ် ထောင်ချီကူးစက်နေပြီး ကုသမှုခံယူရေး အခက်အခဲရှိနေချိန်မှာ ဒီကနေ့ ကိုဗစ်ကူးစက်မှုကြောင့် တစ်နေ့တည်း သေဆုံးသူ ၁၀၉ ဦး ရှိပြီး ကူးစက်သူ အသစ် ၄၀၄၇ ဦး ရှိတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီး ဌာနက ထုတ်ပြန်ပါတယ်။အခုချိန်ထိ မြန်မာနိုင်ငံမှာ စုစုပေါင်း ကူးစက်သူ ၂၀၁,၂၇၄ ဦး ရှိပြီး သေဆုံးသူ ၄,၀၃၆ ဦး ရှိပြီ ဖြစ်ပါတယ်။ကူးစက်မှု များပြားလာတာနဲ့အတူ ကိုဗစ်ကူးစက်သူနဲ့ သံသယလူနာတွေ ကုသမှု ခံယူ

မိုးကုတ်က တက်ကြွလှုပ်ရှားသူ ကိုယ်စားဖမ်းခံရတဲ့ ဇနီးနဲ့သမီးကို ထောင်သုံးနှစ်ချ

Posted: 13 Jul 2021 07:40 AM PDT

မိုးကုတ်မြို့ကတက်ကြွလှုပ်ရှားသူ ဦးစိုးဌေးကိုယ်စားဖမ်းဆီးခံရတဲ့ ဇနီးနဲ့ တတိယနှစ်တက္ကသိုလ်ကျောင်းသူ သမီးဖြစ်သူကို မိုးကုတ်မြို့နယ်တရားရုံးက ထောင်ဒဏ်သုံးနှစ်ချမှတ်လိုက်တယ် လို့ မိုးကုတ်ဒေသခံတွေက ပြောပါတယ်။အခုလိုထောင်ဒဏ်ချမှတ်လိုက်တာနဲ့ပတ်သက်ပြီး ရှေ့နေငှားရမ်းခွင့်မရသလို ဘယ်ပုဒ်မနဲ့တပ်ပြီးတရားစွဲဆိုတယ်ဆိုတာလည်းမသိရဘူးလို့ ဦးစိုးဌေးကပြောပါတယ် ။" ကြားထဲမှာမိသားစုနဲ့ဆက်သွယ်တာ ပေးတွေ့တာမရှိဘူး ။ ဒါပေမဲ့

ကိုဗစ်ဖြစ်ပွားမှု ကြိုတင်ကာကွယ်ပြီး ကျေးရွာအချို့ Lockdown ချမည်

Posted: 13 Jul 2021 07:13 AM PDT

ကရင်နီပြည်နယ် ဒီမော့ဆိုမြို့နယ်နဲ့ ဖရူဆိုမြို့နယ်အတွင်းက ကျေးရွာအချို့တွေမှာ ကိုဗစ် တတိယလှိုင်း ဖြစ်ပွားမှုကို ကြိုတင်ကာကွယ်တဲ့အနေနဲ့ ကျေးရွာ အဝင်အထွက်တွေကို Lockdown ချသွားမယ်လို့ ဒေသခံဆီကနေ သိရပါတယ်။ကိုဗစ်ကပ်ရောဂါအခြေအနေအပေါ်  မူတည်ပြီး သက်တမ်းတိုး/လျော့သွားမှာ ဖြစ်ပြီး သတ်မှတ်ထားတဲ့ ကာလအတွင်း မည်သည့်ပုဂ္ဂိုလ်ကိုမှ ကျေးရွာမှာ ဝင်ထွက်ခွင့်ပြုမှာ မဟုတ်ဘူးလို့ ဖရူဆိုမြို့နယ်အတွင်းက ကျေးရွာအချို့က

ယမန်ည လွိုင်ကော်မြို့ရှိ ခရိုင်ရဲတပ်ဖွဲ့ရုံးနဲ့ EPC ရုံးကို ဗုံးခွဲခဲ့ကြောင်း KNDF (Loikaw Zone) ထုတ်ပြန်

Posted: 13 Jul 2021 07:11 AM PDT

ယမန်ည (ဇူလိုင်လ ၁၂ရက်နေ့) ည (၉း၂၀) ဝန်းကျင်အချိန်မှာ ဖြစ်ပွားခဲ့တဲ့ လွိုင်ကော်မြို့ ဒေါဥခူရပ်ကွက်ရှိ ခရိုင်ရဲတပ်ဖွဲ့ရုံး နဲ့ EPC ရုံး ဗုံးကွဲမှု ဖြစ်စဉ်မှာ KNDFမှ ပြုလုပ်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် (၂)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ Karenni Nationalities Defence Force (Loikaw Zone) မှ ဒီကနေ့ ဇူလိုင်လ ၁၃ ရက်နေ့မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။ စစ်ကောင်စီတပ်ဖွဲ့ရဲ့ တပ်စွဲရာနေရာများ၊ ပြည်သူလူထုအပေါ်

စကစတပ်က ပစ်သတ်သွားတဲ့ လူငယ် ၄ယောက်ရဲ့ ဈာပနာကိုအလောင်းမရှိပဲပြုလုပ်

Posted: 13 Jul 2021 07:08 AM PDT

စစ်ကိုင်းတိုင်းအထက်ပိုင်း၊ တမူးခရိုင် မြို့သစ်မြို့အနီး နောင်ကက်ကျေးရွာ (Zalenphai village)မှ လူငယ် ၆ ယောက်ဟာ ဇူလိုင် ၁၀ ရက် ည ၁၀ နာရီတွင် အနီးနားရွာသိုလည်ပတ်ရာမှ ပြန်လာစဉ် ကျွန်းပင်သာ နဲ့ မင်းသာကျေးရွာကြား တံတားပေါ်အရောက်တွင် အကြမ်းဖက်စကစတပ်က ပစ်ခတ်လို့ လူငယ် (၂)ယောက် ပွဲချင်းသေဆုံးပြီး ဒဏ်ရာရရှိတဲ့ ၃ ယောက်ကိုဖမ်းဆီးထိန်းသိမ်းထားစဉ် ၂ ယောက်ထပ်မံသေဆုံးသွားပါတယ်။ ကျန်တစ်ယောက်ကတော့ မနေ့ဇူလိုင် ၁၂

ပြည်မြို့ကအတည်ပြုလူနာတွေထားတဲ့ သူနာပြုဆောင်ရဲ့ အခြေအနေ

Posted: 13 Jul 2021 07:04 AM PDT

ပြည်၊ ဇူလိုင်၁၃၊ ၂၀၂၁။ပြည်မြို့မှာ ကိုဗစ်၁၉ အတည်ပြုလူနာတွေများလာလို့ ပြည်မြို့ကုတင်၅၀၀ ဆေးရုံကြီးမှာ နေရာမဆံ့တော့တဲ့ အတွက် သူနာပြုသင်တန်းကျောင်းမှာ အတည်ပြုလူနာတွေကို ပြီးခဲ့တဲ့ အပတ်ကစပြီး ပြောင်းရွှေ့ထားခဲ့တာပါ။လက်ရှိ သူနာပြုဆောင်မှာ အဆောင်နှစ်ဆောင်နဲ့ အတည်ပြုလူနာ ၅၀ကျော်လောက်ရှိပြီး တစ်ခန်းကို လူ ၆ဦးစီတူတူနေရတယ်လို့ သိရပါတယ်။အတည်ပြုလူနာတွေက ကိုယ့်အစီစဥ်နဲ့ကိုယ် ဆေးသောက်ရတာတွေလုပ်နေရပြီး ဆရာဝန်၊

ဝန်ထမ်း ၁၉ ဦး Covid-19 ကူးစက်ခံရလို့ သရက်မြို့ စီးပွားရေးဘဏ် ခေတ္တပိတ်ထားရ

Posted: 13 Jul 2021 06:58 AM PDT

သရက်၊ ဇူလိုင် ၁၃၊ ၂၀၂၁။မကွေးတိုင်း၊ သရက်ခရိုင်၊ သရက်မြို့ မြန်မာ့စီးပွားရေးဘဏ်ဝန်ထမ်း ၁၉ ဦးမှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့တာကြောင့် မြန်မာ့စီးပွားရေးဘဏ်ကို ဇူလိုင် ၁၂ ကနေ ၂၀ ရက်နေ့ထိ ခေတ္တပိတ်ထားမယ်လို့ ဘဏ်ဝန်ထမ်းတဦးကပြောပါတယ်။ပြီးခဲ့တဲ့ ဇူလိုင်လ ၉ ရက်နေ့မှာ ဝန်ထမ်းအမျိုးသမီး ၂ ဦးပိုးတွေ့ရှိခဲ့ပြီး၊ ကျန်ဝန်ထမ်း ၃၃ ဦးကို ညနေဘက်မှာ အရေးပေါ် စစ်ဆေးပေးခဲ့ရာ နောက်ထပ် ၁၇ ဦးထပ်မံ တွေ့ရှိတာလို့ဆို

No comments:

Post a Comment

5

Note: Only a member of this blog may post a comment.