သစ္ထူးလြင္ |
- ကူးစက်မြန် ကိုဗစ်မျိုးကွဲတွေ ပျံ့နေပြီး၊ တကယ်ကူးစက်ခံနေရသူတွေဟာ စစ်လို့ တွေ့ထားသမျှထက် အများကြီးများနေနိုင်
- မြန်မာ့ဒီမိုကရေစီအရေး အာဆီယံကို ကန်ဖိအားပေး
- ကိုဗစ်ကြောင့်သေဆုံးမှုနှုန်း တရားဝင်ကိန်းဂဏန်းထက် များပြားဖွယ်ရှိ
- ရန်ကုန်မှာ ကိုဗစ်ကြောင့် သေဆုံးမှု နေ့စဉ် ၅၀၀ ကျော်ရှိ
- ချင်းပြည်နယ်မှာ ကိုဗစ်-၁၉ ကပ်ဘေးကို ကိုယ်ထူကိုယ်ထ ရုန်းကန်ဖြေရှင်းနေရ
- ဆရာဝန်တွေကို ၆ လ စာချုပ်နဲ့ စစ်ကောင်စီ အလုပ်ခေါ်
- တောင်ကြီးမှာ ပစ်ခတ်မှုတွေနဲ့ ပေါက်ကွဲမှုတွေဖြစ်
- ဦးကျော်မိုးထွန်းကို လွှဲပေးဖို့ မြန်မာစစ်ကောင်စီတောင်းဆို
- မြန်မာနိုင်ငံကလာမယ့် ခရီးသည်တွေကို စင်္ကာပူပိတ်ပင်ကန့်သတ်
- ထားဝယ်က မောင်ကျော်မင်းလတ် စစ်တပ်က ပစ်ခတ်လို့ သေဆုံးခဲ့ပေမယ့် တရားစွဲခံထားရ
- မြစ်ငယ်က အမျိုးသမီး ရပ်ကွက်အုပ်ချုပ်ရေးမှူး သေနတ်နဲ့ ပစ်သတ်ခံရ
Posted: 14 Jul 2021 07:28 AM PDT အိမ်မှာထားဖို့ အောက်ဆီဂျင်တွေဝယ်နေတယ်ဆိုတာကိုက ကုသစရာ၊ အားကိုးစရာ မလုံလောက်တာရဲ့ လက္ခဏာပဲလို့ ထောက်ပြပြောဆိုမှုတွေရှိကိုဗစ်တတိယလှိုင်းဒဏ် ခံနေရတဲ့ ရန်ကုန်မှာ ပြီးခဲ့တဲ့ သီတင်းပတ်တစ်ခုလုံး အောက်ဆီဂျင်ထုတ် စက်ရုံတွေရှေ့ လူတန်းရှည်တွေ မြင်တွေ့နေ ခဲ့ရပါတယ်။ကာဖျူးထုတ်ထားတဲ့ နယ်မြေတချို့မှာ လူတွေဟာ စစ်ကောင်စီတပ်ဖွဲ့တွေက ရန်မူလာမှာကို ထည့်မတွက်နိုင်တော့ပဲ အောက်စီဂျင်ထုတ်ပေးတဲ့ စက်ရုံတွေရှေ့ ကန့်သတ်ချိန် |
မြန်မာ့ဒီမိုကရေစီအရေး အာဆီယံကို ကန်ဖိအားပေး Posted: 14 Jul 2021 07:27 AM PDT မြန်မာနိုင်ငံအတွင်း အကြမ်းဖက်မှုတွေ အဆုံးသတ်ရေး၊ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ပြန်လည်ဖေါ်ဆောင်ရေးနဲ့ မတရား ဖမ်းဆီးခံရသူတွေ အားလုံး ပြန်လည်လွတ်မြောက်ရေးမှာ အာဆီယံဘက်က လက်တွဲပြီး အရေးယူ ဆောင်ရွက်ဖို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Antony Blinken က အာဆီယံ အရှေ့တောင်အာရှနိုင်ငံတွေရဲ့ နိုင်ငံခြားရေး ဝန်ကြီးတွေကို တိုက်တွန်းလိုက်ပါတယ်။အာဆီယံနဲ့ အမေရိကန်ပြည်ထောင်စုအကြား နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အွ |
ကိုဗစ်ကြောင့်သေဆုံးမှုနှုန်း တရားဝင်ကိန်းဂဏန်းထက် များပြားဖွယ်ရှိ Posted: 14 Jul 2021 07:25 AM PDT ဇူလိုင်လ ၁၃ ရက်နေ့က မန္တလေးမြို့ရှိ စက်ရုံတခုရှေ့မှာ အောက်ဆီဂျင်ဖြည့်ဖို့ စောင့်နေကြသူများ။ (ဇူလိုင် ၁၃၊ ၂၀၂၁)ကိုဗစ်ကြောင့် သေဆုံးစာရင်းကို ကျန်းမာရေးဝန်ကြီးဌာနက နေ့စဉ်ထုတ်ပြန်ပေးနေပေမယ့် အမှန်တကယ်သေဆုံးမှုနှုန်းဟာ ထုတ်ပြန်တာထက် များပြားဖွယ်ရှိတယ်လို့ ဆေးဘက်ဆိုင်ရာပညာရှင်တွေက ပြောပါတယ်။ ကိုဗစ်ကြောင့် သေဆုံးမှုနှုန်းဟာ အခုရက်ပိုင်းအတွင်း တနေ့ထက်တနေ့ပို တိုးလာနေပါတယ်။ ရန်ကုန်ကပေးပို့တဲ့သတင်းကို ကို |
ရန်ကုန်မှာ ကိုဗစ်ကြောင့် သေဆုံးမှု နေ့စဉ် ၅၀၀ ကျော်ရှိ Posted: 14 Jul 2021 07:22 AM PDT မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုတွေ များနေပြီး အဲဒီ လူနာတွေထဲက အောက်ဆီဂျင်ပြတ်လို့ အသက်ဆုံးရှုံးနေရတာ ရန်ကုန်မြို့တစ်မြို့ထဲမှာတင် နေ့စဉ် လူပေါင်း ၅၀၀ ဝန်းကျင်လောက် ရှိတယ်လို့ အကူအညီပေးနေတဲ့ ပရဟိတအဖွဲ့တွေက RFA ကို ဒီနေ့ပြောကြပါတယ်။ရန်ကုန်မြို့မှာရှိတဲ့ သုသာန်လေးခုမှာ နေ့စဉ်လူသေဆုံးမှုဟာ ၅၀၀ နဲ့အထက်ရှိနေပြီး အဲဒီ အထဲက ၉၅ ရာခိုင် နှုန်းလောက်ဟာ အောက်ဆီဂျင် ပြတ်လပ်မှုကြောင့် |
ချင်းပြည်နယ်မှာ ကိုဗစ်-၁၉ ကပ်ဘေးကို ကိုယ်ထူကိုယ်ထ ရုန်းကန်ဖြေရှင်းနေရ Posted: 14 Jul 2021 07:29 AM PDT ချင်းပြည်နယ်မှာ ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုး ကူးစက်ခံရတဲ့သူ နှစ်ထောင်ကျော်ရှိနေပြီး သေဆုံးသူ တစ်ရာ နီးပါးရှိနေပြီ ဖြစ်ပါတယ်။ ကိုဗစ်-၁၉ ဟာ ပြီးခဲ့တဲ့မေလပိုင်းကစပြီး ချင်းပြည်နယ်မြောက်ပိုင်း အိန္ဒိယနိုင်ငံနဲ့ နီးတဲ့ တွန်းဇံမြို့ကနေ ပြန်လည်တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ တွန်းဇံမြို့မှာ ဇူလိုင်လ ၁၂ ရက်နေ့အထိ နှစ်လ ကျော်အတွင်း ပိုးတွေ့ရှိသူ ၆၄၆ ဦးရှိနေပြီး သေဆုံးသူ ၂၆ ဦးအထိ ရှိနေတယ်လို့ တွန်းဇံမြို့နယ် |
ဆရာဝန်တွေကို ၆ လ စာချုပ်နဲ့ စစ်ကောင်စီ အလုပ်ခေါ် Posted: 14 Jul 2021 07:12 AM PDT ပြစ်မှုကင်းရှင်းရမယ်ဆိုတာကြောင့် ဝရမ်းထုတ်ခံရတဲ့ ဆရာဝန်တွေအကျုံးမဝင်ဘူးလို့ နားလည်ရဆေးရုံတွေနဲ့ ကိုဗစ် ကုသရေးဌာန တွေမှာခန့်ထားဖို့ လက်ထောက်ဆရာဝန်တွေကို ၆ လ စာချုပ်နဲ့ စစ်ကောင်စီရဲ့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက အလုပ်ခေါ်နေပါတယ်။ ၆ လပြည့်လို့ နိုင်ငံ့ဝန်ထမ်း ဆက်လုပ်ချင်လည်း လုပ်နိုင်တယ် လို့ လမ်းဖွင့်ပေးထားပါတယ်။ဒါဟာ စစ်ကောင်စီ ဥက္ကဋ္ဌ ရဲ့ ကန်ထရိုက် ဆရာဝန် ညွှန်ကြားချက်ကို ကျန်းမာရေးနဲ့အားကစား |
တောင်ကြီးမှာ ပစ်ခတ်မှုတွေနဲ့ ပေါက်ကွဲမှုတွေဖြစ် Posted: 14 Jul 2021 07:09 AM PDT တောင်ကြီးမှာ ပစ်ခတ်မှုတွေနဲ့ ပေါက်ကွဲမှုတွေဖြစ်ရှမ်းပြည်နယ်တောင်ကြီးမြို့မှာ ဇူလိုင် ၁၄ ရက်နေ့က ပစ်ခတ်မှုတွေမနက်ပိုင်းက ဖြစ်ပွားခဲ့ပြီး ညနေပိုင်း နေရာနှစ်နေရာခန့်မှာ ပေါက်ကွဲမှုတွေဖြစ်ခဲ့တယ်လို့ တောင်ကြီးဒေသခံတစ်ဦးက ဘီဘီစီကို ပြောပါတယ်။မနက်ပိုင်းကတောင်ကြီးမြို့ မင်္ဂလာဦးရပ်ကွက်မှာ အိမ်စီးကားတစ်စီး အပစ်ခံရပြီး လူတစ်ဦး အနည်းဆုံးသေဆုံးကာ ၂ ဦးထက်မနည်းဒဏ်ရာရခဲ့တယ်လို့ လည်း ဒေသခံတွေကပြောပါတယ်။ဒီကနေ့ |
ဦးကျော်မိုးထွန်းကို လွှဲပေးဖို့ မြန်မာစစ်ကောင်စီတောင်းဆို Posted: 14 Jul 2021 07:08 AM PDT နယူးယောက် မြန်မာကုလကိုယ်စားလှယ်သစ် ကုလအမြဲတမ်းကိုယ်စားလှယ်တာဝန်ယူခဲ့တဲ့ သံအမတ်ကြီး ဦးကျော်မိုးထွန်း။ (ဓာတ်ပုံ - Ministry of Foreign Affairs Myanmar - စက်တင်ဘာ ၂၃၊ ၂၀၂၀)ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်းကို မြန်မာကိုယ်စားလှယ်အဖြစ်အသိအမှတ်မပြုဖို့နဲ့ သူ့ကို စွဲဆိုထားတဲ့ အမှုအတွက် တရားရင်ဆိုင်ဖို့ မြန်မာနိုင်ငံဘက် လွှဲပြောင်ပေးရေး မြန်မာစစ်ကောင်စီက အမေရိကန်နိုင်ငံခြားရေးဌာန |
မြန်မာနိုင်ငံကလာမယ့် ခရီးသည်တွေကို စင်္ကာပူပိတ်ပင်ကန့်သတ် Posted: 14 Jul 2021 07:05 AM PDT ဇန်နဝါရီလ ၁၄ ရက်နေ့က စင်္ကာပူနိုင်ငံ Changi အပြည်ပြည်ဆိုင်ရာ လေဆိပ်။ (ဇန်နဝါရီ ၁၄၊ ၂၀၂၁)မြန်မာနိုင်ငံမှာ ကိုဗစ်ကူးစက်မူတွေ မြင့်တက်လာတဲ့အချိန်မှာပဲ စင်္ကာပူအနေနဲ့ မြန်မာနိုင်ငံက လာမယ့် ခရီးသည်တွေကို နိုင်ငံတွင်း ဝင်ခွင့် ကန့်သတ်ချက်ထုတ်လိုက်ပါတယ်။လွန်ခဲ့တဲ့ ၂၁ ရက်အတွင်းမှာ မြန်မာနိုင်ငံတွင်း ခရီးသွားမှတ်တမ်းရှိခဲ့တဲ့ စင်္ကာပူမှာ ရေရှည်နေထိုင်ခွင့်ရထားသူကိုရော ရေတို လည်ပတ်ခွင့်ဗီဇာရထားသူတွေကိုပါ |
ထားဝယ်က မောင်ကျော်မင်းလတ် စစ်တပ်က ပစ်ခတ်လို့ သေဆုံးခဲ့ပေမယ့် တရားစွဲခံထားရ Posted: 14 Jul 2021 07:23 AM PDT ထားဝယ်က မောင်ကျော်မင်းလတ် စစ်တပ်က ပစ်ခတ်လို့ သေဆုံးခဲ့ပေမယ့် တရားစွဲခံထားရ ထားဝယ်မှာ ၂၀၂၁ မတ်လ ၂၇ ရက်နေ့က စစ်ကောင်စီတပ် ပစ်ခတ်ဖမ်းဆီးပြီးနောက် သေဆုံးသွားတဲ့ မောင်ကျော်မင်းလတ် ကို တွေ့ရစဥ် / Photo CJတနင်္သာရီတိုင်း ထားဝယ်မြို့မှာ ဆိုင်ကယ်စီးရင်း စစ်ကောင်စီတပ်တွေက သေနတ်နဲ့အပစ်ခံလိုက်ရလို့ သေဆုံး ခဲ့ရတဲ့ အသက် ၁၇ နှစ်အရွယ် မောင်ကျော်မင်းလတ်ရဲ့ မိသားစုဝင်တွေကို အမှုပိတ်ကြောင်း အသိမှတ်ပြု လက်မှတ်လာထိုး |
မြစ်ငယ်က အမျိုးသမီး ရပ်ကွက်အုပ်ချုပ်ရေးမှူး သေနတ်နဲ့ ပစ်သတ်ခံရ Posted: 14 Jul 2021 07:02 AM PDT မြစ်ငယ်က အမျိုးသမီး ရပ်ကွက်အုပ်ချုပ်ရေးမှူး သေနတ်နဲ့ ပစ်သတ်ခံရ ၂၀၂၁ ဇူလိုင် ၁၄ ရက်နေ့ မြစ်ငယ်မြို့က ပစ်ခတ်မှုမှာ ထိခိုက်ဒဏ်ရာရသူတွေကို တွေ့ရစဥ် /Photo CJမန္တလေးတိုင်း မြစ်ငယ်မြို့ အောင်ချမ်းရပ်ကွက်ရဲ့ အုပ်ချုပ်ရေးမှူး ဒေါ်သက်သက်ချိုဟာ ဒီကနေ့ ဇူလိုင် ၁၄ ရက် မနက်ပိုင်းမှာ ဆိုင်ကယ်စီးလာသူနှစ်ယောက် သေနတ်နဲ့အပစ်ခံရလို့ သေဆုံးသွားပါတယ်။အုပ်ချုပ်ရေးမှူး ဒေါ်သက်သက်ချိုနဲ့အဖွဲ့ဟာ ဈေးအနီး နှာခေါင်းစည်းတွေ |
You are subscribed to email updates from THIT HTOO LWIN (Daily News). To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google, 1600 Amphitheatre Parkway, Mountain View, CA 94043, United States |
No comments:
Post a Comment
5
Note: Only a member of this blog may post a comment.