Saturday, July 17, 2021

သစ်ထူးလွင်

သစ်ထူးလွင်


စင်္ကာပူနိုင်ငံသားတွေကို မြန်မာနိုင်ငံကနေ အမြန်ဆုံး ထွက်ခွာဖို့ သံရုံး တိုက်တွန်း

Posted: 16 Jul 2021 09:28 AM PDT

 စင်္ကာပူနိုင်ငံသားတွေကို မြန်မာနိုင်ငံကနေ အမြန်ဆုံး ထွက်ခွာဖို့ သံရုံး တိုက်တွန်းကိုဗစ်တတိယလှိုင်းနဲ့ ရင်ဆိုင်နေရတဲ့ မြန်မာနိုင်ငံမှာ ပိုးကူးစက်မှုတွေနဲ့ သေဆုံးသူဦးရေ နေ့စဥ်မြင့်တက်နေတာကြောင့် မြန်မာနိုင်ငံတွင်းကနေ အမြန်ဆုံးထွက်ခွာကြဖို့ သူ့နိုင်ငံသားတွေကို စင်္ကာပူအစိုးရက တိုက်တွန်းနေပါတယ်။စစ်အာဏာသိမ်းပြီးနောက်ပိုင်း လုံခြုံရေးအခြေအနေ ပိုမိုဆိုးဝါးလာနေပြီး ကိုဗစ်ကူးစက်ပျံ့နှံ့မှုတွေကြောင့်

မန္တလေးမှာလည်း သေဆုံးတဲ့မြို့နယ်အလိုက် သုသာန်တွေခွဲပြီး သင်္ဂြိုဟ်ရ

Posted: 16 Jul 2021 09:27 AM PDT

မန္တလေးမြို့က ကိုဗစ်-၁၉အပါအဝင် ကိုဗစ်သံသယနဲ့သေဆုံးတဲ့ ရုပ်အလောင်းတွေများလာလို့ ဒီနေ့(ဇူလှိုင် ၁၆) ကစတင်ပြီး မြို့နယ်အလိုက် သုသာန်တွေမှာ သင်္ဂြိုဟ်ရတယ်လို့ လူမူကူညီကယ်ဆယ်ရေးအသင်းတွေက ပြောပါတယ်။ဇူလိုင်လဆန်းက စပြီး မန္တလေးမြို့မှာ ကိုဗစ်လက္ခဏာနဲ့ သေဆုံးသူ များလာလို့ ရုပ်အလောင်းတွေကို အေးရိပ်ငြိမ် သုသာန်တခုတည်းမှာပဲ သင်္ဂြိုဟ်ရပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းက ကိုဗစ်ပိုးနဲ့ သေဆုံးသူ တစ်ရက်တည်း အယောက်

ကလေးမြို့ တိုက်ပွဲ စစ်ကောင်စီဘက်က ၁၉ ဦးထက်မနည်း ကျဆုံးလို့ PDF ပြော

Posted: 16 Jul 2021 09:25 AM PDT

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် တောင်ပိုင်းမှာ စစ်ကောင်စီတပ်တွေနဲ့ ကလေးပြည်သူ့ကာကွယ်ရေးအဖွဲ့ (PDF) တွေအကြား ဇူလိုင်လ ၁၅ ရက် မနေ့ကနေ ဒီနေ့ညနေပိုင်းအထိ တိုက်ပွဲပြင်းထန်နေပြီး နှစ်ဘက် အကျအဆုံးရှိနေသလို ဒေသခံ ၃၀၀၀ ကျော်ခန့်ဟာလည်း ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် တောင်ပိုင်းက တင်သား၊ ကျောက်ဖူး၊ ဒိုးနွယ်နဲ့ အရှေ့စည်းရွာတွေနားမှာ စစ်ကောင်စီတပ်နဲ့ ကလေးပြည်

မန္တလေးလျှပ်စစ်ရုံး ဗုံးပေါက်ကွဲမှု ဆယ်ဦးထက်မနည်း ဒဏ်ရာရ

Posted: 16 Jul 2021 09:23 AM PDT

မန္တလေးလျှပ်စစ်ရုံး ဗုံးပေါက်ကွဲမှု ဆယ်ဦးထက်မနည်း ဒဏ်ရာရ မန္တလေး၊ ပြည်ကြီးတံခွန်မြို့နယ်က လျှပ်စစ်မီတာရုံးမှာ ၂၀၂၁ ဇူလိုင် ၁၆ ရက်နေ့က ဗုံးပေါက်ကွဲတာကြောင့် ဒဏ်ရာရရှိသူထဲက တစ်ဦးကို ဆေးရုံပို့ဆောင်ကြစဉ် / Photo: CJမန္တလေး၊ ပြည်ကြီးတံခွန်မြို့နယ်က လျှပ်စစ်မီတာရုံးမှာ ဒီကနေ့ ဇူလိုင်လ ၁၆ ရက်နေ့မနက်က ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး လျှပ်စစ်ရုံးဝန်ထမ်းအချို့နဲ့ မီတာလာဆောင်သူ စုစုပေါင်း ၁၀ ယောက်ထက်မနည်း

မြန်မာ့အကျပ်အတည်း ကလေးငယ်မျိုးဆက်တခုလုံး ထိခိုက်နိုင်ကြောင်း CRC သတိပေး

Posted: 16 Jul 2021 09:21 AM PDT

ကယားပြည်နယ်၊ ဒီမောဆိုမြို့နယ်အနီး Pu Phar ရွာက စစ်ဘေးရှောင်ကလေးတွေ ကျောင်းတက်နေတဲ့မြင်ကွင်း။ (ဇူလိုင် ၃၊ ၂၀၂၁)မြန်မာ့နိုင်ငံရေးအကျပ်အတည်းကြောင့် မြန်မာကလေးငယ် မျိုးဆက်တခုလုံး ထိခိုက်ပျက်စီးသွားစေနိုင်ကြောင်း ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂကော်မတီ (CRC) က သတိပေးလိုက်ပါတယ်။စစ်အာဏာသိမ်းချိန်ကစလို့ အသတ်ခံရတဲ့ကလေး ၇၅ ယောက်၊ ဖမ်းဆီးချုပ်နှောင်ခံရတဲ့ကလေး ၁,၀၀၀ ဝန်းကျင်နဲ့ အခြေခံကျန်းမာရေး

မင်းကင်းမှာ ဖမ်းဆီးခံရပြီး သေဆုံးမှုရှိကြောင်း ဒေသခံတွေပြောဆို

Posted: 16 Jul 2021 09:20 AM PDT

စစ်ကိုင်းတိုင်း၊ မင်းကင်းနယ်ဘက်က ကျေးရွာတွေမှာ စစ်တပ်က ဖမ်းဆီးပြီး သတ်ပစ်ခဲ့လို့ တပတ်အတွင်း လူ ၇ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ကသာမြို့မှာဆိုရင်လည်း စစ်ကောင်စီတပ်တွေက မြို့တွင်းမှာ ပစ်ခတ်တာတွေလုပ်နေလို့ ဒေသခံတွေ စိုးရိမ်နေပါတယ်။ ဒီအကြောင်း ရန်ကုန်ကလာတဲ့သတင်းကို ကိုကျော်ကျော်သိန်းက ပြောပြပါမယ်။စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်ထဲက ကျေးရွာတွေမှာ စစ်ကောင်စီတပ်တွေက ဝင်ရှာ၊

ဦးဝင်းထိန်ကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄ ကနဲ့ စွဲချက်တင်ဖို့ အမိန့်ချ

Posted: 16 Jul 2021 09:13 AM PDT

 ဦးဝင်းထိန်ကို ပုဒ်မ ၁၂၄ ကနဲ့ စွဲချက်တင်ဖို့ အမိန့်ချအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD ရဲ့ နာယက ဦးဝင်းထိန်ကို နိုင်ငံတော်အကြည်ညို ပျက်စေမှု ပုဒ်မ ၁၂၄ ကနဲ့ စွဲချက်တင်ဖို့ ဒီကနေ့ဇူလိုင် ၁၆ ရက် မှာ အမိန့်ချမှတ်လိုက်တယ်လို့ အမှုကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ တရားလွှတ်တော်ရှေ့နေ ဒေါ်မင်းမင်းစိုးက ပြောပါတယ် ။NLD ပါတီရဲ့ နာယကဦးဝင်းထိန်အနေနဲ့လူမူကွန်ယက်ပေါ်မှာ ပြောဆိုထားတဲ့ပြောဆိုချက်တွေဟာဥပဒေအရ

ကိုဗစ် ၁၉ ကြောင့် ဒေါ်အောင်ဆန်းစုကြည်ရုံးချိန်းတွေ ရွှေ့ဆိုင်း

Posted: 16 Jul 2021 09:11 AM PDT

ဒေါ်အောင်ဆန်းစုကြည်ရုံးချိန်းတွေ ရွှေ့ဆိုင်းကိုဗစ် ၁၉ ကူးစက် ပျံ့နှံ့မှုတွေများနေလို့ ဒေါ်အောင်ဆန်းစုကြည် ကိုစွဲဆိုထားတဲ့ အမှုတွေအတွက် ရုံးချိန်းတွေကို ရွေ့ဆိုင်းလိုက်တယ်လို့ ရှေ့နေဒေါ်မင်းမင်းစိုးက ပြောပါတယ်။ ဇူလိုင် ၂၀ ရက် ချိန်းထားတဲ့ ဇဗ္မူသီရိသီးသန့်တရားရုံးမှာရင်ဆိုင်နေတဲ့အမှုတွေကို ဇူလိုင် ၂၆ ရက်နဲ့ ၂၇ ကို ရွေ့ဆိုင်းလိုက်တာပါ။မန္တလေးတိုင်းတရားလွှတ်တော် မှာရင်ဆိုင်ရမယ့် အဂတိအမှုတွေကိုလည်း

ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ကိုဗစ်-၁၉နဲ့ သတိလစ်သွားလို့ ဆေးရုံတင်ထားရ

Posted: 16 Jul 2021 09:09 AM PDT

ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ကိုဗစ်-၁၉နဲ့ သတိလစ်သွားလို့ ဆေးရုံတင်ထားရ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကို ၂၀၂၁ ဇန်နဝါရီ ၂၉ရက်နေ့ကတွေ့ရစဉ် / Photo: Phyo Min Thein / FBဖမ်းဆီးခံနေရတဲ့ ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနဲ့ သူ့ဇနီး ဒေါ်ခင်မိကြွယ်တို့ နှစ်ဦးလုံး ကိုဗစ် ၁၉ ဗိုင်းရပ်စ်ပိုးကူးစက်ခံထားရပြီး ဒီကနေ့ မနက်က ဦးဖြိုးမင်းသိန်း သတိလစ်သွားတဲ့အတွက် မင်္ဂလာဒုံမှာရှိတဲ့ စစ်ဆေးရုံ

အင်းစိန်အကျဉ်းထောင်ထဲမှာ ကိုဗစ်ကူးစက်ခံထားရသူ ၅၀ နီးပါးရှိနေ

Posted: 16 Jul 2021 09:07 AM PDT

အာဏာရှင်အဆက်ဆက်က နိုင်ငံရေးသမားတွေကို ဖမ်းဆီးအကျဉ်းချတာတွေကြောင့် နာမည်ကျော်တဲ့ အင်းစိန်ထောင်ထဲမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံနေရတဲ့ အကျဉ်းသား ၄၈ ဦးရှိနေပြီး အဲဒီအထဲမှာ လူသိ များတဲ့ နိုင်ငံရေးအကျဉ်းသားတွေ ပါဝင်တယ်လို့ RFA က စုံစမ်းသိရပါတယ်။ပြီးခဲ့တဲ့ ဇူလိုင် ၁၀ ရက်နေ့မှာပဲ အင်းစိန်ထောင်အတွင်းက မရမ်းကုန်းမြို့နယ် အထူးတရားရုံး တရားသူကြီး ဦးမိုးဆွေဟာ ကိုဗစ်‌ရောဂါနဲ့ သေဆုံးခဲ့သလို ထောင်အတွင်း အထူး

မြန်မာအတွက် ကိုဗစ်အကူအညီ အရေးပေါ်ပေးဖို့ SAC-M တောင်းဆို

Posted: 16 Jul 2021 09:05 AM PDT

ကိုဗစ်နဲ့သေဆုံးသူတွေကို စေတနာ့ဝန်ထမ်းအဖွဲ့တွေက ကူညီသယ်ယူပေးနေစဉ်။မြန်မာနိုင်ငံမှာ ကြီးမားတဲ့ ကိုဗစ် တတိယလှိုင်းကိုကြံနေရပြီး အရေးပေါ်အကူအညီတွေ အရေးတကြီးလိုအပ်နေကြောင်း မြန်မာနိုင်ငံဆိုင်ရာအထူးအကြံပေးကောင်စီ SAC-M ရဲ့ ဒီကနေ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ဒီကြေညာချက်မှာ မြန်မာနိုင်ငံရင်ဆိုင်နေရတဲ့ ကိုဗစ် ကပ်ရောဂါအကြပ်အတည်းအတွက် လူသားချင်းစာနာမှုအကူအညီတွေပေးဖို့၊ ကုလသမဂ္ဂ၊ အာဆီယံနဲ့ တခြားနိုင်ငံတွေက

ကလေးနဲ့ ရန်ကုန်မြို့တွေမှာ အောက်ဆီဂျင်လိုအပ်ချက် ကြီးမားနေဆဲ

Posted: 16 Jul 2021 09:03 AM PDT

အောက်ဆီဂျင်ဖြည့်ဖို့စောင့်ဆိုင်းနေသူများ (ဇူလိုင် ၁၁-၂၁)မြန်မာနိုင်ငံတဝန်း ကိုဗစ်တတိယလှိုင်းနဲ့ အပြင်းအထန်ရင်ဆိုင်နေရတဲ့ မြို့တွေထဲက ကလေးမြို့နဲ့ တိုင်းပြည်ရဲ့ အဓိကမြို့ကြီးတမြို့ဖြစ်တဲ့ ရန်ကုန်မြို့တို့မှာ ကိုဗစ်ရောဂါ ဓာတ်ခွဲအတည်ပြု လူနာတွေအတွက်ရော၊ သံသယလူနာတွေအတွက်ပါ အောက်ဆီဂျင်လိုအပ်ချက် ကြီးမားနေဆဲရှိပါတယ်။ ဒီအကြောင်း ရန်ကုန်ကလာတဲ့သတင်းကို မခင်ဖြူထွေးကပြောပြပါမယ်။ကပ်ရောဂါတတိယလှိုင်းမှာ

No comments:

Post a Comment

5

Note: Only a member of this blog may post a comment.