သစ္ထူးလြင္ |
- ထောင်တွင်းဖမ်းဆီးခံထားရစဉ် အကျဉ်းသား ၆ ဦး ကိုဗစ်ကူးစက်ခံရပြီး သေဆုံး
- NLD ထိပ်ပိုင်းခေါင်းဆောင် ဦးဉာဏ်ဝင်း အကျဉ်းချခံထားရစဉ် ကိုဗစ်-၁၉ ရောဂါနဲ့ သေဆုံး
- ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း ၏ COVID-19 ကာကွယ်၊ ထိန်းချုပ်ရေးနှင့်ပတ်သက်သည့် ပြည်သူသို့ ပန်ကြားချက်
- COVID-19 တတိယလှိုင်းတွင် ကျန်းမာရေးစောင့်ရှောက်မှုများ ပေးနေကြသော ပြည်သူ့ကျန်းမာရေး သူရဲကောင်းများအား အကြမ်းဖက်စစ်ကောင်စီမှ မတရား ဖိနှိပ်၊ ဖမ်းဆီး၊ ချုပ်နှောင်ခြင်း၊ ပြည်သူများလိုအပ်နေသည့် ဆေးဝါးများကို ဖျက်ဆီးသိမ်းယူခြင်းများကို ပြင်းထန်စွာ ကန့်ကွက်ရှုံ့ချခြင်း
- အဓမ္မပြုကျင့်သတ်ဖြတ်ခံရသော အမျိုးသမီး၏ မိသားစုကို စစ်ကောင်စီက ငွေကျပ် ၂၁ သိန်းဖြင့် တောင်းပန်
- ပလက်၀မြို့နယ်သံထောင်ရွာတွင် မြန်မာစစ်တပ်မှ ရွာစျေးဆိုင်များမှ အကြွေးယူပြီး ပြန်မဆပ်ကြဟု သိရ
- လင်းခေးခရိုင်အတွင်း စစ်ကောင်စီတပ်မှ ဗိုလ်ကြီးတစ်ဦး ကိုယ့်ကိုယ်အဆုံးစီရင်
- သာကေတကျောင်းသားသမဂ္ဂသပိတ်စစ်ကြောင်းကို အိမ်စီးကား အရပ်ဝတ်နဲ့လူတချို့ ဝင်ရောက်ဖမ်းဆီး
- ရေဝေး တိုကင်နံပါတ် ၃၁၂
- ၂၄ နာရီအတွင်း ကိုဗစ်ဓါတ်ခွဲအတည်ပြု ၅,၁၈၉ ဦး၊ သေဆုံး ၂၈၁ ဦး
- ချင်းပြည်နယ် မင်းတပ်ကို UNHCR ကုလထောက်ပံ့ရေးရောက်ရှိ
- ပရဟိတ ဆရာဝန် ၅ ဦးကို ကိုဗစ်လူနာသည် အယောင်ဆောင်ပြီး စစ်တပ်ဖမ်းဆီး
ထောင်တွင်းဖမ်းဆီးခံထားရစဉ် အကျဉ်းသား ၆ ဦး ကိုဗစ်ကူးစက်ခံရပြီး သေဆုံး Posted: 20 Jul 2021 07:47 AM PDT ထောင်တွင်းဖမ်းဆီးခံထားရစဉ် အကျဉ်းသား ၆ ဦး ကိုဗစ်ကူးစက်ခံရပြီး သေဆုံး ရန်ကုန်၊ အင်းစိန်ထောင်ရှေ့မြင်ကွင်း / Photo- AFPအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ထိပ်ပိုင်း ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဦးဉာဏ်ဝင်းအပါအဝင် ထောင်တွင်းမှာ ကိုဗစ်ရောဂါပိုး ကူးစက်ခံရပြီး သေဆုံးသွားတဲ့သူ ၆ ဦး ရှိတယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။လက်ရှိမြန်မာနိုင်ငံအတွင်းက အကျဉ်းထောင်အသီးသီးမှာ ကိုဗစ်ကူးစက်ခံရသူ စုစုပေါင်း ၃၇၅ |
NLD ထိပ်ပိုင်းခေါင်းဆောင် ဦးဉာဏ်ဝင်း အကျဉ်းချခံထားရစဉ် ကိုဗစ်-၁၉ ရောဂါနဲ့ သေဆုံး Posted: 20 Jul 2021 07:46 AM PDT အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ရဲ့ ထိပ်ပိုင်းခေါင်းဆောင်ဖြစ်တဲ့ ဦးဉာဏ်ဝင်းဟာ စစ်ကောင်စီက ဖမ်းဆီးထားစဉ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံခဲ့ရရာက ဒီမနက် ၉ နာရီ ၁၅ မိနစ်မှာတော့ သူဆေးကု သမှု ခံယူနေတဲ့ ရန်ကုန်ဆေးရုံကြီးမှာ ကွယ်လွန်သွားတယ်လို့ သူ့ရဲ့ရှေ့နေ ဒေါ်စန်းမာလာညွန့်က RFA ကို အတည်ပြု ပြောဆိုပါတယ်။ဦးဉာဏ်ဝင်းဟာ စစ်တပ်က အာဏာသိမ်းတဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့ မနက်မှာပဲ ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။ အင်း |
Posted: 20 Jul 2021 07:43 AM PDT ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း ၏ COVID-19 ကာကွယ်၊ ထိန်းချုပ်ရေးနှင့်ပတ်သက်သည့် ပြည်သူသို့ ပန်ကြားချက်National Unity Government of Myanmar https://www.facebook.com/NUGmyanmar |
Posted: 20 Jul 2021 07:41 AM PDT ၂၀ ဇူလိုင်လ ၂၀၂၁ ခုနှစ် COVID-19 တတိယလှိုင်းသည် လျှင်မြန်စွာပြန့်ပွါးလျက်ရှိပြီး ပြည်သူအပေါင်း ပူဆွေးသောက ရောက်နေကြရပါသည်။ COVID-19 ပထမလှိုင်း၊ ဒုတိယလှိုင်းတို့တွင် မိမိ အသက်ကို ပဓာနမထားပဲ ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုပေးခဲ့ကြသည့် ပြည်သူ့ကျန်းမာရေးဝန်ထမ်းများသည် အကြမ်းဖက်စစ်ကောင်စီ၏ မတရားအုပ်ချုပ်မှုကို တော်လှန်သည့် နွေဦးတော်လှန်ရေးတွင် ပါဝင်၍ အကြမ်းမဖက် အာဏာဖီဆန်ရေးကို လုပ်ဆောင်နေကြ |
အဓမ္မပြုကျင့်သတ်ဖြတ်ခံရသော အမျိုးသမီး၏ မိသားစုကို စစ်ကောင်စီက ငွေကျပ် ၂၁ သိန်းဖြင့် တောင်းပန် Posted: 20 Jul 2021 07:40 AM PDT မိုးမောက်မြို့နယ် နွမ်းလန့်ကျေးရွာတွင် ပြီးခဲ့သည့်အပတ် အဓမ္မပြုကျင့် သတ်ဖြတ်ခံရသော အသက် ၅၀ ကျော်အရွယ် အမျိုးသမီး၏ မိသားစုဝင်များကို စစ်ကောင်စီ တပ်မ ၈၈ နှင့် ခမရ ၆၁၆ တပ်ရင်း အဖွဲ့က ငွေကျပ် ၂၁ သိန်းဖြင့် လာရောက်တောင်းပန်ခဲ့ကြောင်း သိရသည်။ဇူလိုင် ၁၉ ရက်နေ့ နွမ်းလန့်အခြေစိုက် ခမရ ၆၁၆ မှ ငွေကျပ် ၁ သိန်းနှင့် တပ်မ ၈၈ မှ ငွေကျပ် သိန်း ၂၀ ကို မိသားစုဝင်များအားပေးခဲ့ပြီး ပြစ်မှု ကျူးလွန်သော စစ်သား ၃ ဦးကို |
ပလက်၀မြို့နယ်သံထောင်ရွာတွင် မြန်မာစစ်တပ်မှ ရွာစျေးဆိုင်များမှ အကြွေးယူပြီး ပြန်မဆပ်ကြဟု သိရ Posted: 20 Jul 2021 07:34 AM PDT ချင်းပြည်နယ် ပလက်ဝမြို့နယ် သံထောင်ကျေးရွာတွင် စစ်ဆင်ရေးရောက်လာသည့် မြန်မာစစ်တပ်က ရွာစျေးဆိုင်မှ ပစ္စည်းများ အကြွေးယူကာ ပြန်မဆပ်ကြဟု ဒေသံများထံက သိရသည်။"ရွာကိုစစ်ဆင်ရေး ရောက်လာတဲ့ တပ်မ (၅၅) လက်အောက်ခံ ခ.လ.ရ (၃) တပ်ရင်းက ရွာစျေးဆိုင်တွေမှာ အကြွေးယူပြီး ပြန်မဆပ်တာတွေ ရှိတယ် အရင်ကတော့ လကုန်လို့ လစာရောက်ရင် တချို့က အကြွေးပြန်လာဆပ်တယ် အခုက အကြွေးမဆပ်ကြဘူး ဒါကို အရာရှိတွေကို တိုင်ရင်လည်း ဆောင်ရွက်ပေးမယ် |
လင်းခေးခရိုင်အတွင်း စစ်ကောင်စီတပ်မှ ဗိုလ်ကြီးတစ်ဦး ကိုယ့်ကိုယ်အဆုံးစီရင် Posted: 20 Jul 2021 07:32 AM PDT ၂၀ ဇူလိုင် ၂၀၂၁ သျှမ်းပြည်တောင်ပိုင်း ခရိုင်အတွင်းလှုပ်ရှားနေသည့် စစ်ကောင်စီတပ်မှ ဗိုလ်ကြီး တစ်ဦး ကိုယ်ကိုယ့်အဆုံးစီရင်ခဲ့ကြောင်း စုံစမ်းသိရှိရသည်။ဖြစ်စဉ်မှာ ဇူလိုင် ၁၅ ရက် မနက်ပိုင်း ( ၆) နာရီ အချိန် သျှမ်း-ထိုင်းနယ်စပ် ဟိုမိန်းမြို့ သို့ရောက်ရှိလှုပ်ရှားသည့် ကွန်ဟိန်းမြို့နယ် တာ့ကော့အခြေချစိုက် တပ်မ ခလရ( ၂၆၉) မှ အရာရှိ ဗိုလ်ကြီးတစ်ဦး မိမိကိုယ်ကို သေနတ်ပစ်ခတ် အဆုံးစီရင်မှုဖြစ်ပွါးခဲ့ကြောင်းသိရ |
သာကေတကျောင်းသားသမဂ္ဂသပိတ်စစ်ကြောင်းကို အိမ်စီးကား အရပ်ဝတ်နဲ့လူတချို့ ဝင်ရောက်ဖမ်းဆီး Posted: 19 Jul 2021 09:43 AM PDT သာကေတကျောင်းသားသမဂ္ဂသပိတ်စစ်ကြောင်းကို အိမ်စီးကား အရပ်ဝတ်နဲ့လူတချို့ ဝင်ရောက်ဖမ်းဆီးအာဇာနည်နေ့အတွက် ချီတက်သပိတ်စစ်ကြောင်းထွက်တဲ့ ကျောင်းသားသမဂ္ဂသပိတ်စစ်ကြောင်းကိုအိမ်စီးကားနဲ့အရပ်ဝတ်လူတချို့ဝင်ရောက်ဖမ်းဆီးရာမှာ ဆန္ဒပြလူငယ်တစ်ဦး ဖမ်းဆီးခံရတယ်လို့ သပိတ်စစ်ကြောင်းမှာ ပါဝင်တဲ့လူငယ်တွေက ပြောပါတယ်။" သပိတ်ထွက်ပြီး ၅မိနစ်လောက်ပဲရှိသေးတယ်။ စပြီးအဖြိုခွဲခံရတယ် ။ ဒလန်သတင်းပေးတာကြောင့်လည်းပါတယ်။ အနောက်ကနေ |
Posted: 19 Jul 2021 09:41 AM PDT ဇူလိုင် ၁၉ ရက်နေ့ ညနေပိုင်း ရေဝေးသုသာန်ဇူလိုင်လ ၁၉ ရက် နေ့လယ် တစ်နာရီက ၁၀ ရက်ကျော်ကြာ ကိုဗစ်ရောဂါလက္ခဏာတွေ ခံစားနေရတဲ့ ရန်ကုန်တိုင်း ဗဟန်းမြို့နယ်မှာနေတဲ့ ကိုမောင်လှ အဖေ ဆုံးပါတယ်။ကိုဗစ် ရောဂါလက္ခဏာတွေ ခံစားပြီး အောက်ဆီဂျင် ရနေရဲ့သားနဲ့ ဆုံးသွားတာလို့လည်း ကိုမောင်လှက ပြောပါတယ်။"နေ့လယ် ၁၁ နာရီလောက်က အောက်ဆီမီတာလေးနဲ့တိုင်းတာ တိုင်းမရတော့ဘူး၊ နောက်တော့ ကျွန်တော် ဓာတ်ခဲလဲလိုက်တယ်၊ ပြန်တိုင်းတယ်၊ |
၂၄ နာရီအတွင်း ကိုဗစ်ဓါတ်ခွဲအတည်ပြု ၅,၁၈၉ ဦး၊ သေဆုံး ၂၈၁ ဦး Posted: 19 Jul 2021 09:37 AM PDT မန္တလေးမြို့မှာ ကိုဗစ်ရောဂါနဲ့သေဆုံးခဲ့သူများကို စေတနာ့ဝန်ထမ်းတွေက သုဿန်သို့သယ်ဆောင်လာကြစဉ်။ (ဇူလိုင် ၁၄၊ ၂၀၂၁)မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း COVID-19 ရောဂါကူးစက်သူ (၅,၁၈၉) ဦး ဒီကနေ့ ဓါတ်ခွဲအတည်ပြုချက်တွေ့ပါတယ်။ဓါတ်ခွဲစစ်ဆေးမှုပေါင်း (၁၃,၉၁၆) ခုမှာ ပိုးတွေ့သူ ၅,၀၀၀ ကျော်ရှိပြီး ပိုးတွေ့ရာခိုင်နှုန်း ၃၇.၂၉ ဖြစ်ကြောင်း အားကစားနဲ့ ကျန်းမာရေးဝန်ကြီးဌာနက အခုည ၈ နာရီမှာ ထုတ်ပြန်တာပါ။၂၄ နာရီ |
ချင်းပြည်နယ် မင်းတပ်ကို UNHCR ကုလထောက်ပံ့ရေးရောက်ရှိ Posted: 19 Jul 2021 09:35 AM PDT ချင်းပြည်နယ် မင်းတပ်မြို့။ (မှတ်တမ်းဓာတ်ပုံ)ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က ပေးပို့တဲ့ ထောက်ပံ့ရေး ပစ္စည်းတွေကို ချင်းပြည်နယ် မင်းတပ်မြို့မှာ ရောက်ရှိနေပါတယ်။ COVID-19 ကာကွယ်ရေးအတွက် တကိုယ်ရေသုံး အကာအကွယ် ပစ္စည်းကိရိယာများအပါအဝင် ကူညီထောက်ပံ့ရေးပစ္စည်းတွေကို နက်ဖြန်က စတင်ဝေပေးမယ်လို့ UNHCR က သတင်းထုတ်ပြန်ထားပါတယ်။ မြို့ပေါ်မှာ ရှိနေသူတွေတင်မဟုတ်ဘဲ မင်းတပ်မြို့ပြင်မှာ စစ်ဘေး |
ပရဟိတ ဆရာဝန် ၅ ဦးကို ကိုဗစ်လူနာသည် အယောင်ဆောင်ပြီး စစ်တပ်ဖမ်းဆီး Posted: 19 Jul 2021 09:28 AM PDT ပရဟိတ ဆရာဝန် ၅ ဦးကို ကိုဗစ်လူနာသည် အယောင်ဆောင်ပြီး စစ်တပ်ဖမ်းဆီး ၂၀၂၁ မတ်လ ၆ ရက်နေ့က စစ်ကောင်စီတပ်သားတွေကို တွေ့ရစဥ်/ Photo: RFAရန်ကုန်တိုင်း မြောက်ဒဂုံမြို့နယ်က ၄၆ ရပ်ကွက်မှာရှိတဲ့ Covid-19 ကာကွယ်ရေးနဲ့ ပြည်သူ့အကျိုးပြု ယာယီရုံးချုပ်ကို စစ်တပ်က ဒီကနေ့ ဇူလိုင် ၁၉ ရက်မနက်ပိုင်းမှာ ထောင်ချောက်ဆင် ဝင်ရောက်စီးနင်းခဲ့ တဲ့အတွက် ပရဟိတဆရာဝန်ငါးဦး ဖမ်းဆီးခံလိုက်ရတယ်လို့ အဖွဲ့ခေါင်းဆောင် ကိုချမ်းလေးက RFA |
You are subscribed to email updates from THIT HTOO LWIN (Daily News). To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google, 1600 Amphitheatre Parkway, Mountain View, CA 94043, United States |
No comments:
Post a Comment
5
Note: Only a member of this blog may post a comment.