Friday, July 23, 2021

သစ်ထူးလွင်

သစ်ထူးလွင်


မင်းတပ်နဲ့ကလေးမှာ တိုက်ပွဲတွေရှိနေဆဲ

Posted: 22 Jul 2021 10:26 AM PDT

 ချင်းကာကွယ်ရေးတပ် CDF မှ မြန်မာစစ်ယာဉ်တန်းတခုအားမေလအတွင်းတိုက်ခိုက်သိမ်းပိုက်ခဲ့စဉ် (ဓာတ်ပုံ - Chin World)ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်နဲ့ စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ ဒေသခံကာကွယ်ရေးအဖွဲ့တွေနဲ့ စစ်တပ်အကြား တိုက်ပွဲဖြစ်နေဆဲပါ။ ဒီအကြောင်း ဗွီအိုအေသတင်းထောက် နိုင်ကွန်းအိန်က သတင်းပေးပို့ထားပါတယ်။ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေနဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကြား စစ်ရေးပဋိပက္ခရှိနေတဲ့ မင်းတပ်မြို့နယ်မှာ ဒီမနက်မှာ

ဖိလစ်ပိုင်နိုင်ငံသားတွေ မြန်မာပြည်ကထွက်ဖို့ ဖိလစ်ပိုင်နိုင်ငံခြားရေး နှိုးဆော်

Posted: 22 Jul 2021 10:24 AM PDT

Covid Victim at Hlae Gu Townshipမြန်မာနိုင်ငံမှာ လတ်တလော ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်နှံ့နေတာဟာ သတိပေးချက် အဆင့် ၄ ကို ရောက်လာပြီဖြစ်တာကြောင့် မြန်မာနိုင်ငံမှာရောက်နေကြတဲ့ ဖိလစ်ပိုင်နိုင်ငံသားတွေ အမြန်ဆုံး တိုင်းပြည်အတွင်းက ထွက်ခွာကြဖို့ ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီကနေ့ ကြေညာချက် ထုတ်ပြန် နှိုးဆော်ထားပါတယ်။မြန်မာနိုင်ငံတွင်းမှာရှိနေကြတဲ့ ဖိလစ်ပိုင်နိုင်ငံသားတွေရဲ့ ဘေးကင်းလုံခြုံမှုအတွက်

တောင်တွင်းကြီးမှာ ကိုဗစ်ရောဂါကူးစက်ခံရသူတွေ ဆေးရုံမှာ အခက်အခဲဖြစ်နေ

Posted: 22 Jul 2021 10:22 AM PDT

တောင်တွင်းကြီးမှာ ကိုဗစ်ရောဂါကူးစက်ခံရသူတွေ ဆေးရုံမှာ အခက်အခဲဖြစ်နေ တောင်တွင်းကြီးဆေးရုံရှေ့မှာ ရပ်ထားတဲ့ လူမှုကူညီရေးအသင်းကားတွေကို တွေ့ရစဥ် / Photo CJမကွေးတိုင်း၊ တောင်တွင်းကြီးမြို့မှာ ကိုရိုနာကပ်ရောဂါပိုး ကူးစက်ခံရပြီး ဆေးရုံရောက်နေသူတွေဟာ အခန်း ကျဥ်းတစ်ခုတည်းမှာ လူပေါင်းများစွာ ပိတ်လှောင်ထားသလို ဖြစ်နေတာကြောင့် ရောဂါအခြေအနေ ပိုဆိုးပြီး နေထိုင်စားသောက်ရေး အခက်တွေ့နေတယ်လို့ ဆေးရုံတက်ရောက်နေသူ

ကလေးမြို့နယ်မှာ စစ်ကောင်စီတပ်တွေကြောင့် ကိုဗစ်လူနာ ၄၀ ကျော် ထွက်ပြေးနေရ

Posted: 22 Jul 2021 10:21 AM PDT

စစ်ကိုင်းတိုင်း ကလေးမြို့မှာ စစ်ကောင်စီတပ်တွေနဲ့ ကလေးပြည်သူ့ကာကွယ်ရေး အဖွဲ့တွေအကြား တိုက်ပွဲ တွေကြောင့် ကျေးရွာတွေမှာ ကိုယ်ထူကိုယ်ထ ကျန်းမာရေးစောင့်ရှောက်မှုတွေပေးနေတဲ့ ကိုဗစ်အတည်ပြု လူနာ ၄၀ ကျော်ဟာ ဒီနေ့အထိ တောတောင်တွေထဲမှာ ထွက်ပြေးခိုလှုံ နေကြရဆဲပဲလို့ ဒေသခံတွေက ပြောပါတယ်။ကလေးမြို့နယ်အတွင်းက အရှေ့စည်းရွာနဲ့ အနီးနားတွေမှာ ဇူလိုင်လ ၁၅ ရက်နေ့ကစလို့ တိုက်ပွဲတွေဖြစ်ပွား ခဲ့ပြီးနောက် စစ်ကောင်စီ

COVID-19 ကြောင့် မြန်မာနိုင်ငံက သုသာန်တွေမှာ ရုပ်အလောင်းတွေနဲ့ စေတနာ့ ဝန်ထမ်းတွေ ပြည့်နေ

Posted: 22 Jul 2021 10:16 AM PDT

မြန်မာနိုင်ငံရှိ သုသာန် တချို့ နဲ့ စေတနာ့ ဝန်ထမ်းတွေ ရုပ်အလောင်း သယ်ယူနေတဲ့ မြင်ကွင်း။ရန်ကုန်၊ ဇူလိုင် ၂၂၊ ၂၀၂၁လက်ရှိ မြန်မာ တနိုင်ငံလုံး အတိုင်းအတာနဲ့ ဆေးရုံတွေမှာ ဆေးဝန်ထမ်းများစွာ လစ်လပ်နေပါတယ်။Coronavirus ရောဂါ ကူးစက် ပျံ့နှံ့နေတာကြောင့် စေတနာ့ ဝန်ထမ်းတွေအနေနဲ့လည်း အလျင်အမြန် များပြားလာနေတဲ့ သေဆုံးသူတွေကို သယ်ယူဖို့အတွက် တအိမ်တက်ဆင်း သွားလာနေကြရပါတယ်။စီးပွားရေး မြို့တော်ဖြစ်တဲ့ ရန်ကုန်မြို့

လားရှိုး လူငယ် (၄)ဦး PDF ဟု ပြောဆိုကာ စစ်ကောင်စီ ဖမ်းသွား

Posted: 22 Jul 2021 10:12 AM PDT

လားရှိုး လူငယ် (၄)ဦး PDF ဟု ပြောဆိုကာ စစ်ကောင်စီ ဖမ်းသွား သျှမ်းသံတော်ဆင့်၊ ဇူလိုင် ၂၂ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့ အသက် ၂၀ ဝန်းကျင် ရှိ  လူငယ် (၄)ဦးကို PDF ဟု စွပ်စွဲကာ စစ်ကောင်စီ က  လာရောက်ဖမ်းဆီးခေါ်ဆောင်သွားကြောင်း စုံစမ်းသိရသည်။ပြီးခဲ့သည့် ဇူလိုင်လ ၁၇ ရက်တွင် စစ်ကားနှင့် ရဲကား ၆ စီး၊ အင်အား ၃၀ ကျော်ခန့်က အိမ်သို့ ရောက်လာ ပြီး အသက် ၂၀ ဝန်းကျင်ရှိ မောင်ရဲ မြင့်ကို  နေအိမ်ထဲထိ ဝင်ရောက်

မိုင်းပျဉ်းလမ်းလုပ်သား ၁၂ ဦး ရေထဲမျောပါ (၁)ဦးသာ ပြန်တွေ့

Posted: 22 Jul 2021 10:10 AM PDT

သျှမ်းပြည် အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်တွင် ယမန်နေ့က မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် တောင်ကျရေတိုက်စားပြီး မြေပြိုကာ လမ်းလုပ်သား (၁၂)ဦး ရေထဲမျောပါသွားကာ (၁)ဦးကိုသာ အသက်ရှင်လျက် ပြန်တွေ့သေးတာဖြစ်ကြောင်း သိရသည်။ မိုင်းပျဉ်း − တာကောလမ်းပိုင်း ဆင်မောင်ကျေးရွာအုပ်စု (၇)မိုင်နှင့် (၉)မိုင်ကြားတွင် လမ်းတိုးချဲ့လုပ်ငန်းဆောင်ရွက်နေသည့် လမ်းလုပ်သားများဖြစ်ပြီး (၁၁)ဦး ပျောက်ဆုံးနေသေးကြောင်း ဒေသခံတစ်ဦးက

ဆိုင်ကယ်ဖြင့် နာ​ရေးပို့​ဆောင်​နေရသည့် မင်းတပ်မြို့

Posted: 22 Jul 2021 10:08 AM PDT

Photo: မင်းတပ်ပရဟိတ22 July 2021 - Kachinwaves ချင်းပြည်နယ် မင်းတပ်မြို့တွင် နာရေးကားရရှိနိုင်ရန် အခက်အခဲများရှိ​နေ၍ ဆိုင်ကယ်ဖြင့် အလောင်းများကို ခက်ခက်ခဲခဲသယ်ပြီး မီးသဂြိုလ်ပေး​နေရကြောင်း သိရသည်။ ဇူလိုင်လ ၂၁ရက်​​​နေ့တွင် ဆိုင်ကယ်ဖြင့် ပို့​ဆောင်ခဲ့ရသည့် ​သေဆုံးသူမှာ ဂန့်ဂေါခရိုင်ပညာ​ရေးရုံးမှ CDM ၀န်ထမ်း  လက်ထောက်ညွှန်ကြားရေးမှူး ဦးဟာထန်းကီးဖြစ်​ကြောင်းသိရသည်။ ​သေဆုံးသူသည် Covid-19 ​ရောဂါဖြင့်​

ဖားကန့် ဂွေခါ​မှော် ​ရေကန်တစ်ခုမှာ လက်ကြိုးချည်ပြီး သတ်ခံရသည့် အ​လောင်း တစ်​လောင်း​​တွေ့

Posted: 22 Jul 2021 10:05 AM PDT

22 July 2021-Kachinwaves ဖားကန့် ဂွေခါ​မှော် ရတနာကြယ်ကုမ္ပဏီ ကျင်းဟောင်းရေကန်မှာ သတ်ခံထားရကာ   ပုပ်ပွ ​နေပြီး ​ရေထဲက ထွက်လာသည့် အလာင်း တစ်​လောင်း အား ယ​​​​နေ့ ​တွေ့ရှိ ခဲ့​ကြောင်း သတင်းရရှိသည်။ ​သေဆုံးသူရဲ့ လက်မှာလည်း ကြိုးချည်ထားသည်ကိုလည်း ​တွေ့ရ​ကြောင်း ​ဒေသခံတစ်ဦးကဆိုသည်။ ​သေဆုံး​နေ သူမှာ ​မောင် မုန်ထွယ်​နော် ဖြစ်​ကြောင်းသိရပြီး ​ပျောက်ဆုံး​နေတာ ၄ ရက်ကြာမှ အ​လောင်းကို ပြန်​တွေ့ရှိခြင်းဖြစ်​

ကျောင်းတွေ နောက်ထပ် နှစ်ပတ် ထပ်ပိတ်မယ်လို့ ကြေညာ

Posted: 22 Jul 2021 09:56 AM PDT

ကိုဗစ်ကူးစက်မှုတွေ တိုးလာလို့ နှစ်ပတ် ပိတ်ထားတဲ့ အခြေခံပညာကျောင်းတွေကို နောက်ထပ် နှစ်ပတ်ထပ်ပိတ်မယ်လို့ စစ်ကောင်စီ မီဒီယာတွေက ကြေညာပါတယ်။ကိုဗစ်ပြန့်ပွားမှုကို ဆက်ပြီး ထိန်းချုပ်ဖို့လိုအပ်လို့ ပုဂ္ဂလိကကျောင်းနဲ့ ဘုန်းတော်ကြီးသင်ကျောင်းတွေ အပါအဝင် အခြေခံပညာ ကျောင်းတွေအားလုံးကို ဇူလိုင် ၂၆ ရက်ကနေ သြဂုတ်လ ၈ ရက်အထိ ယာယီပိတ်ထားမယ်လို့ ကိုဗစ်ကာကွယ်ကုသရေးဗဟိုကော်မတီက ဒီကနေ့ နေ့စွဲနဲ့ ကြေညာတာ ဖြစ်ပါတယ်။ကို

မြန်မာနိုင်ငံအတွက် ကိုဗစ်ကာကွယ်ဆေး ၆ သန်းရဖို့ရှိတယ်လို NUG ပြော

Posted: 22 Jul 2021 09:55 AM PDT

 မြန်မာနိုင်ငံအတွက် ကိုဗစ်ကာကွယ်ဆေး ၆ သန်းရဖို့ရှိတယ်လို NUG ပြောနိုင်ငံတကာအသိုင်းအဝိုင်းနဲ့ ကုလသမဂ္ဂဆီကနေ မြန်မာနိုင်ငံအတွက် ကိုဗစ်ကာကွယ်ဆေး အလုံးရေ သန်းနဲ့ချီပြီး အမျိုးသားညီညွတ်ရေးအစိုးရရဲ့ စီမံမှုကတဆင့် ရရှိနိုင်ဖို့ရှိတယ်လို့NUGက တစ်ဆင့်သိရပါ တယ်။အမျိုးသားညီညွတ်ရေးအစိုးရဟာ တိုင်းရင်းသားကျန်းမာရေးအဖွဲ့အစည်းတွေနဲ့ ပေါင်းပြီး ကိုဗစ် ၁၉ ဗိုင်းရပ်စ် ကာကွယ်ထိန်းချုပ်ကုသရေးအဖွဲ့ (COVID 19 Task

NLD ဗဟိုကော်မတီဝင် ဦးဟံသာမြင့် ကိုဗစ်ကူးပြီး ကုသမှုခံယူနေရဆဲ

Posted: 22 Jul 2021 09:46 AM PDT

အင်းစိန်အကျဉ်းထောင် အဝင်ဝ (ဓာတ်ပုံ - Reuters)ကိုဗစ်ကူးစက်ခံထားရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဗဟိုကော်မတီဝင် ဦးဟံသာမြင့်ရဲ့ကျန်းမာရေးအခြေအနေ စိုးရိမ်နေရတယ်လို့ သူ့ရဲ့ အကျိုးဆောင်ရှေ့နေက ပြောပါတယ်။ NLD ဥပဒေ အကြံပေးတဦးဖြစ်သူ ဦးကျော်ဟိုးလည်း ကိုဗစ်ကူးစက်ပြီး ရန်ကုန်ဆေးရုံကြီးမှာပဲ ရောက်နေပါပြီ။ ဒီအခြေအနေတွေကိုစုစည်းပြီး ရန်ကုန်ကလာတဲ့သတင်းကို ကိုအောင်မြတ်သူက ပြောပြပါမယ်။ရန်ကုန်မြို့

မြန်မာ ကိုဗစ်လူနာတွေ ကူညီပေးနေတဲ့ ပရဟိတအဖွဲ့တွေ အခက်အခဲကြုံနေကြရ

Posted: 22 Jul 2021 09:45 AM PDT

ကိုဗစ်ရောဂါလူနာတွေအတွက် လိုအပ်တဲ့အောက်စီဂျင်ရဖို့ စက်ရုံတွေရဲ့အပြင်ဘက်မှာ တန်းစီစောင့်ဆိုင်းနေတဲ့ ပြည်သူများ။ (ဓာတ်ပုံ - Ye Aung THU / AFP)ကိုဗစ်တတိယလှိုင်းနဲ့ ရင်ဆိုင်နေရတဲ့ မြန်မာနိုင်ငံမှာ လူနာတွေအတွက် အောက်ဆီဂျင်အရေးပေါ် လိုအပ်ချက်နဲ့ သေဆုံးသူတွေကို အလျင်မီ မီးသင်္ဂြိုလ်ပေးနိုင်ဖို့ ပရဟိတအဖွဲ့တွေ ကူညီ ဆောင်ရွက်ပေးနေပေမယ့် အခက်အခဲတွေရှိနေပါတယ်။ ဒီအခက်အခဲတွေကို သူတို့ဘယ်လိုရင်ဆိုင် ကျော်ဖြတ်နေရ

ရွှေဘိုမြို့နယ်က ကျေးရွာသားတစ်ဦး စစ်ကောင်စီတပ်သားတွေရဲ့ ပစ်ခတ်ခံရမှုကြောင့် သေဆုံး

Posted: 22 Jul 2021 09:42 AM PDT

ရွှေဘိုမြို့နယ်က ကျေးရွာသားတစ်ဦး စစ်ကောင်စီတပ်သားတွေရဲ့ ပစ်ခတ်ခံရမှုကြောင့် သေဆုံး စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ကွန်ဆိပ်ကျေးရွာက ဦးသိန်းတင် ကို ပစ်ခတ်ခဲ့တဲ့ ကျည်ဆံခွံတွေကို တွေ့ရစဉ် / Photo: Citizen Journalistစစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ကွန်ဆိပ်ကျေးရွာက အသက် ၅၀ ကျော်အရွယ် ဦးသိန်းတင်ဟာ ဇူလိုင်လ ၂၁ ရက် မနေ့ည ၇ နာရီလောက်က စစ်ကောင်စီတပ်သားတွေရဲ့ ကားနဲ့လိုက်တိုက်ပြီး သေနတ်နဲ့ပစ်ခတ်ခံရလို့

ရွှေဘိုမှာ ရဲသုံးယောက်စီးလာတဲ့ကား တံတားကိုဝင်တိုက် တစ်ဦးပွဲချင်းပြီးသေဆုံး

Posted: 22 Jul 2021 09:41 AM PDT

ရွှေဘိုမှာ ရဲသုံးယောက်စီးလာတဲ့ကား တံတားကိုဝင်တိုက် တစ်ဦးပွဲချင်းပြီးသေဆုံး ရွှေဘိုမြို့အထွက် ချောင်းကူးတံတားကို ဝင်တိုက်ခဲ့တဲ့ ရဲကားကို ၂၀၂၁ ဇူလိုင် ၂၂ ရက်နေ့က တွေ့ရစဥ် / Photo CJစစ်ကိုင်းတိုင်း ရွှေဘိုမြို့အထွက်မှာ ဇူလိုင်လ ၂၂ ရက် ဒီနေ့ညနေက အဝေးပြေးကားကြီးကွင်းအနီးမှာရှိတဲ့ ချောင်းကူးတံတားကို ရဲတပ်ဖွဲ့ဝင် သုံးယောက်စီးလာတဲ့ကားက ဝင်တိုက်တာကြောင့် ရဲတစ်ဦး ပွဲချင်းပြီး သေဆုံးသွားတယ်တို့ ရွှေ့ဘို

No comments:

Post a Comment

5

Note: Only a member of this blog may post a comment.