သစ္ထူးလြင္ |
- National Unity Government of Myanmar
- ပြည်ပကိုဆန်တင်ပို့မှု သိသိသာသာလျော့ကျ
- မန္တလေးမှာ ကိုဗစ်လူနာတွေအတွက် အောက်ဆီဂျင်တွေ ပြတ်လပ်
- မလိုအပ်လျင် အိမ်ပြင်မထွက်ဖို့ မန်းနဲ့ ပဲခူးမှာ အမိန့်ထုတ်
- စစ်ကောင်စီလို့ မသုံးဖို့ ထပ်မံခြိမ်းခြောက်တဲ့အပေါ် သတင်းသမားတွေ လက်မခံ
- ပူတာအို ဒေသခံများ၏ တူမီးသေနတ် နှင့် ငွေသားအချို့ကို အာဏာသိမ်းစစ်တပ်က သိမ်းယူ
- သေနတ်ကိုင် စကစခန့် အုပ်ချုပ်ရေးမှူး ပစ်သတ်ခံရ
- ပုံပါကျင်မြို့ရဲစခန်းမှူး အရက်မူး စကားများပြီး စည်ပင်ဝန်ထမ်းကို သေနတ်ပစ်သတ်
- နမ့်ခမ်းမြို့ နောင်တိန်းကူတို့ဆိပ် လှေစောင့်သမားတစ်ဦး သေနတ်ပစ်သတ်ခံရ
- စစ်အာဏာသိမ်းပြီးနောက် ကရင်နီပြည်နယ်မှာ တိုက်ပွဲပေါင်း (၂၇) ကြိမ်ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၇၆ဦးအထိ ရှိလာ
- လွိုင်ကော်အရှေ့ဖက်ခြမ်းတွင် ပစ်ခတ်သံများကြားရပြီး ဒေသခံများ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်ရ
- ဖားကန့်တွင် မြေပြိုကျ၍ ရေမဆေး ကျောက်ရှာသူ ၃ ဦး မြေစာပိ သေဆုံး
- ဦးဝင်းထိန်အမှု စွဲချက်တင်သင့်မတင်သင့် နောက်ရုံးချိန်းမှာ နှစ်ဖက်လျှောက်လဲချက်ပေးရမယ်
- တရုတ်အထည်ချုပ်စက်ရုံ ၂၀၀ ဝန်းကျင် လုပ်ငန်းရပ်ဆိုင်း
- ပြန်လွတ်တဲ့အကျဉ်းသားအရေအတွက်အငြင်းပွားစရာဖြစ်နေ
- ကနီနဲ့ဘုတလင်ဘက်ကကျေးရွာတွေမှာ တိုက်ပွဲပြင်းထန်နေ
- မြန်မာပြည်တွင်း ဆက်လည်ပတ်ဖို့ ချင့်ချိန်နေတယ်လို့ တယ်လီနော် ဆို
- မင်းကင်းမြို့နယ် ဖက်ခက်ကျေးရွာမှာ စစ်ကောင်စီနဲ့ PDF တိုက်ပွဲဖြစ်
- မြေနီကုန်း ခုံးကျော်တံတားပေါ် ရဲကားဗုံးပေါက်
- စစ်တပ်က ဖမ်းဆီးသွားပြီးနောက် သေဆုံးသူဦးရေတိုးလာ
- အာဏာသိမ်းပြီးနောက်ပိုင်း ရှေ့နေ ၆ ဦးထက်မနည်းအဖမ်းခံရ
National Unity Government of Myanmar Posted: 02 Jul 2021 07:00 AM PDT NUG သို့ ပြည်သူများ၏ လှူဒါန်းမှုများကို မည်သည့်အဖွဲ့အစည်းမှ ကြားဖြတ်၍ စောင့်ကြည့်ခြင်း မပြုနိုင်သည့် Cryptocurrency ဖြင့် အလှူငွေများ လှူဒါန်းနိုင်ပါပြီ။● Cryptocurrency ဖြင့် ပြည်သူများ၏ လှူဒါန်းမှုများကို မည်သည့်အဖွဲ့အစည်းမှ စောင့်ကြည့်ခြင်း မပြုလုပ်နိုင်သဖြင့်၊ အထူးသဖြင့် မြန်မာနိုင်ငံမှပြည်သူများမှ ဘေးအန္တရာယ်ကင်းစွာဖြင့် စိတ်ချစွာ လှူဒါန်းနိုင်ပါသည်။● USD နှင့် တန်ဖိုးညီမျှသော |
ပြည်ပကိုဆန်တင်ပို့မှု သိသိသာသာလျော့ကျ Posted: 02 Jul 2021 06:52 AM PDT မြန်မာနိုင်ငံကနေ ပြည်ပကို ဆန်နဲ့ဆန်ကွဲတင်ပို့မှုမှာ ပြီးခဲ့တဲ့၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်နဲ့ လက်ရှိ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တို့နှိုင်းယှဉ်ရင် ဆန်တန်ချိန် ၇ သိန်းကျော် လျော့ကျနိုင်ဖွယ်ရှိနေတယ် လို့မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်ကတာဝန်ရှိသူတွေက ပြောကြားလိုက်ပါတယ်။" မနှစ်က ဘဏ္ဍာနှစ်မှာပါဆိုရင် တန်ချိန် ၂သန်းခွဲလောက်ပို့ရတယ်ပေါ့နော်။ နယ်စပ်ကော Over Sea (ရေကြောင်းကုန်သွယ်ရေး) ရောနှစ်ခုပေါင်းပေါ့။ ဒါပေမဲ့ ဒီနှစ် |
မန္တလေးမှာ ကိုဗစ်လူနာတွေအတွက် အောက်ဆီဂျင်တွေ ပြတ်လပ် Posted: 02 Jul 2021 06:51 AM PDT မဏိစလ လူမှုကူညီ ကယ်ဆယ်ရေး အသင်◌းကိုဗစ်ကူးစက်ပျံ့နှံ့မှုတွေ တကျော့ပြန် မြင့်တက်နေတဲ့ မန္တလေးမြို့မှာ ကိုဗစ်လူနာတွေအတွက် အောက်ဆီဂျင် ပြတ်လပ်မှုတွေ ရှိနေတယ်လို့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။"အောက်ဆီဂျင်အိုးတွေ ဖြည့်မနိုင်ဘူး။ ကိုဗစ်လူနာ များတာလေ။ အိမ်တွေ ဆေးရုံတွေ ပို့ပေးရတယ်။ ရှူတာများတော့ ပျက်ကုန်တာပေါ့။ မနက်မိုးလင်းရင် အောက်ဆီဂျင်အိုးလိုက်ဝယ်နေရတယ်။ မရတာများတယ်" လို့ အမည်မဖော်လိုတဲ့ မန္တလေး |
မလိုအပ်လျင် အိမ်ပြင်မထွက်ဖို့ မန်းနဲ့ ပဲခူးမှာ အမိန့်ထုတ် Posted: 02 Jul 2021 06:48 AM PDT ရန်ကုန်မြို့က Covid-19 ရောဂါပိုးစစ်ဆေးခံနေသူတဦး၊ အောက်တိုဘာ ၇၊ ၂၀၂၀။ဒေသတွင်း ကပ်ရောဂါကူးစက်သူ တိုးလာနေလို့ ဒီနေ့ ဇူလိုင် ၂ရက်ကစပြီး မန္တလေးက မြို့နယ် ၇ခုနဲ့ ပဲခူးတိုင်းထဲက မြို့နယ် ၂ခုကို Stay at Home သတ်မှတ်လိုက်တဲ့အတွက် Stay at Home သတ်မှတ်လိုက်တဲ့ မြို့နယ်ပေါင်း ၂၀ ရှိသွားပါပြီ။ နေအိမ်တွေထဲမှာနေဖို့ ကန့်သတ်လိုက်တဲ့ မြို့နယ်တွေရဲ့ ကပ်ရောဂါကူးစက်မှု အခြေအနေတွေနဲ့ ပတ်သက်လို့ ရန်ကုန်ကလာတဲ့ သတင်း |
စစ်ကောင်စီလို့ မသုံးဖို့ ထပ်မံခြိမ်းခြောက်တဲ့အပေါ် သတင်းသမားတွေ လက်မခံ Posted: 02 Jul 2021 06:47 AM PDT စစ်ကောင်စီလို့ မသုံးဖို့ ထပ်မံခြိမ်းခြောက်တဲ့အပေါ် သတင်းသမားတွေ လက်မခံ မုံရွာမြို့အခြေစိုက် သတင်းသမားတွေ စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်စစ်ကြောင်းမှာ ပါဝင်ဆန္ဒပြနေကြတာကို ၂၀၂၁ ဖေဖော်ဝါရီ ၂၀ ရက်နေ့က တွေ့ရစဉ် / Photo: CJမြန်မာနိုင်ငံမှာအခြေစိုက်တဲ့ နိုင်ငံခြားသတင်းဌာနတွေအနေနဲ့ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီကို စစ်ကောင်စီ၊ အာဏာသိမ်းစစ်တပ်၊ စစ်အစိုးရ စသဖြင့် သုံးနှုန်းနေတာတွေနဲ့ သတင်းမှားတွေကို |
ပူတာအို ဒေသခံများ၏ တူမီးသေနတ် နှင့် ငွေသားအချို့ကို အာဏာသိမ်းစစ်တပ်က သိမ်းယူ Posted: 02 Jul 2021 06:36 AM PDT July 2,2021ပူတာအိုမြို့နယ် လုန်ရှာယာန်အုပ်စု တန်ဂျာကျေးရွာတွင် အာဏာသိမ်းစစ်တပ်က လုံခြုံရေးခေါင်းစဉ်ဖြင့် ကျေးရွာအတွင်း လူနေအိမ်များနှင့် ဘာသာရေးကျောင်းများတွင် ဝင်ရောက်စစ်ဆေးမှုများပြုလုပ်ခဲ့ပြီးနောက် ဒေသခံများ၏ တူမီးနှင့် ငွေသားတစ်ချို့ သိမ်းယူသွားကြောင်း သိရသည်။ယနေ့ နံနက် ၇နာရီဝန်းကျင်ခန့်တွင် စစ်အင်အား ၃၀ ခန့်က ကျေးရွာနေအိမ်များကို ဝင်ရောက်စစ်ဆေးခဲ့ပြီးနောက် ယခုလိုသိမ်းယူသွားခြင်းဖြစ်သည်ဟု |
သေနတ်ကိုင် စကစခန့် အုပ်ချုပ်ရေးမှူး ပစ်သတ်ခံရ Posted: 02 Jul 2021 06:33 AM PDT မန္တလေးတိုင်း စဉ့်ကူးမြို့နယ် နွယ်ရုံကျေးရွာက အကြမ်းဖက်စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးဦးအောင်မြင့် ဒီကနေ့မနက်ပိုင်းက မန္တလေး-မိုးကုတ်ကားလမ်းပေါ်မှာ သေနတ်နဲ့ပစ်သတ်ခံရကာ သေဆုံးသွားပါတယ်။ သေဆုံးသူ ဦးအောင်မြင့်ဟာ သူနေထိုင်တဲ့နယ်တဝိုက်မှာ ပြည်သူတွေကိုဒုက္ခပေးနေတဲ့ ရဲသတင်းပေး ဒလံတစ်ဦးဖြစ်ပြီး သေနတ် အမြဲတမ်းကိုင်ဆောင်ထားတယ်လို့သိရပါတယ်။မျက်မြင်တချို့ပြောကြားချက်အရ ဦးအောင်မြင့်ကိုပစ်သွားတဲ့သေနတ်သမား |
ပုံပါကျင်မြို့ရဲစခန်းမှူး အရက်မူး စကားများပြီး စည်ပင်ဝန်ထမ်းကို သေနတ်ပစ်သတ် Posted: 02 Jul 2021 06:29 AM PDT သျှမ်းသံတော်ဆင့်၊ ဇူလိုင် ၂သျှမ်းပြည် အရှေ့ပိုင်း မိုင်းတုံမြို့နယ် ပုံပါကျင်မြို့တွင် ယမန်နေ့ (ဇူလိုင် ၁)ရက် ည ၁၁နာရီတွင် ရဲစခန်းမှူး အရက်သောက်ပြီး စည်ပင်ဝန်ထမ်း တစ်ဦးကို သေနတ်ဖြင့် ပစ်သတ်လိုက်ကြောင်း စုံစမ်းသိရသည်။ယမန်နေ့ ည (၁၁)နာရီတွင် မိုင်းတုံမြို့နယ် နားကောင်းမူးနယ်မြေရဲစခန်း မှ စခန်းမှူး ဖြစ်သူ ရဲအုပ် အောင်ကျော်စွာ နှင့် ပုံပါကျင်မြို့ စည်ပင်ဝန်ထမ်း ကိုနေဆန် တို့ အရက်ဆိုင် တစ်ဆိုင်တွင် |
နမ့်ခမ်းမြို့ နောင်တိန်းကူတို့ဆိပ် လှေစောင့်သမားတစ်ဦး သေနတ်ပစ်သတ်ခံရ Posted: 02 Jul 2021 06:28 AM PDT သျှမ်းသံတော်ဆင့်၊ ဇူလိုင် (၂) သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့ နောင်တိန်း ကူးတို့ဆိပ် လှေစောင့်သူတစ်ဦး ယမန့်နေ့ (ဇူလိုင် ၁) ရက် ည (၈) နာရီ ဝန်းကျင် တွင် သေနတ်ပစ်သတ်ခံခဲ့ရကြောင်း စုံစမ်းသိရှိရသည်။ ယမန်နေ့ ည (၈)နာရီဝန်းကျင်တွင် နမ့်ခမ်းမြို့နယ် နောင်တိန်းကူတို့ဆိပ် လှေစောင့်သည့် အမျိုးသားတစ်ဦးကို အမည်မသိ လက်နက်ကိုင် တပ်ဖွဲ့က သေနတ်ဖြင့် (၁၁)ပစ်ခတ်သွားကြောင်း နမ့်ခမ်း ဒေသခံတစ်ဦးက သျှမ်း |
Posted: 02 Jul 2021 06:24 AM PDT စစ်အာဏာသိမ်းပြီးနောက် ကရင်နီပြည်နယ်အတွင်းမှာ မေလ ၂၁ရက်နေ့မှစပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တို့ တိုက်ပွဲပေါင်း (၂၇)ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီရဲ့ပစ်ခတ်မှုကြေင့်သေဆုံးခဲ့ရတဲ့ ပြည်သူ ၆၃ဦးနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် (၁၃)ဦး ကျဆုံးခဲ့ရပြီး စုစုပေါင်း သေဆုံးသူ ၇ ဦးထိ ရှိလာပြီဖြစ်ကြောင်း တိုးတက်သောကရင်နီပြည်သူ့အင်အားစု(PKPF) မှ ဇူလိုင်လ ၁ ရက်နေ့မှာ ထုတ်ပြန်ထားတဲ့ မှတ်တမ်း |
လွိုင်ကော်အရှေ့ဖက်ခြမ်းတွင် ပစ်ခတ်သံများကြားရပြီး ဒေသခံများ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်ရ Posted: 02 Jul 2021 06:23 AM PDT ယနေ့ ဇူလှိုင်လ ၂ ရက်နေ့ နံနက်ပိုင်းမှာ ကရင်နီပြည်နယ် လွိုင်ကော်မြို့နယ် အရှေ့ဖက်ခြမ်းရှိ ပါလောင်းကျေးရွာနဲ့ ဒေါတရိုးကျေးရွာအနီးမှာ ပစ်ခတ်သံများ ကြားရတဲ့အတွက် ဒေသခံပြည်သူများ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်ကြရတယ်လို့ သိရပါတယ်။ " ပါလောင်းရွာအကျော်မှာ ပစ်တယ်။ ၁၅ မိနစ်လောက် ပစ်တယ်။ ပြီးတော့ ပြန်ရပ်လိုက်တယ်။ အပြန်အလှန်ပစ်ကြတာမျိုးတော့ မကြားဘူး။ လက်နက်ကြီး နှစ်လုံးပစ်တာ ကြားတယ်။ အလုံးသေး ဆယ်လုံး ၊ |
ဖားကန့်တွင် မြေပြိုကျ၍ ရေမဆေး ကျောက်ရှာသူ ၃ ဦး မြေစာပိ သေဆုံး Posted: 02 Jul 2021 06:20 AM PDT ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ အနောက်တောင်ဘက် ၈ မိုင်ခန့် အကွာ ဆိပ်မူ အုပ်စုဖားပြင်ကျေးရွာအနီ ယခင် ရတနာတောင်တန်း ကုမ္ပဏီလုပ်ကွက်ဟောင်းတွင် ဇွန်လ ၃၀ ရက်နေ့ ညနေ ၅ နာရီ ၃၀ မိနစ်အချိန်မြေပြိုကျပြီး ရေမဆေးကျောက်ရှာသူ ၃ ဦး မြေစာပိသေဆုံးကြောင်း သိရှိရသည်။ မြေစာပိ၍ သေဆုံးသူ ၃ ဦးမှာ အသက် ၃၇ နှစ်အရွယ် လထော်နော်၊ အသက် ၂၉ နှစ်အရွယ် နော်မိုးနွေး၊ အသက် ၂၆ နှစ်အရွယ် နာဆာဒီ တို့ဖြစ်ကြောင်း သိရှိရသည်။Zalen https |
ဦးဝင်းထိန်အမှု စွဲချက်တင်သင့်မတင်သင့် နောက်ရုံးချိန်းမှာ နှစ်ဖက်လျှောက်လဲချက်ပေးရမယ် Posted: 02 Jul 2021 06:07 AM PDT ဦးဝင်းထိန်အမှု စွဲချက်တင်သင့်မတင်သင့် နောက်ရုံးချိန်းမှာ နှစ်ဖက်လျှောက်လဲချက်ပေးရမယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီရဲ့ ထိပ်ပိုင်းခေါင်းဆောင် ဦးဝင်းထိန် ကို တွေ့ရစဉ် / Photo: RFAစစ်ကောင်စီက ဖမ်းဆီးပြီး တရားစွဲဆိုခံထားရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီရဲ့ ထိပ်ပိုင်း ခေါင်းဆောင် ဦးဝင်းထိန်ရဲ့အမှုအတွက် နေပြည်တော် အချုပ်ထောင်ထဲက သီးသန့်တရားရုံးမှာ ဇူလိုင်လ ၂ ရက် ဒီကနေ့ ရုံးထုတ်ခဲ့ |
တရုတ်အထည်ချုပ်စက်ရုံ ၂၀၀ ဝန်းကျင် လုပ်ငန်းရပ်ဆိုင်း Posted: 02 Jul 2021 06:05 AM PDT တရုတ်အထည်ချုပ်စက်ရုံ ၂၀၀ ဝန်းကျင် လုပ်ငန်းရပ်ဆိုင်း တရုတ်နိုင်ငံသားပိုင် ကုမ္ပဏီဖြစ်တဲ့ Hengmao Garment (မြန်မာ) စက်ရုံကို မြင်တွေ့ရစဉ် / ဓာတ်ပုံ - ဟန်မောက် (မြန်မာ)မြန်မာနိုင်ငံမှာ အထည်ချုပ်စက်ရုံပေါင်း ၅၀၀ ကျော်ရှိတဲ့အနက် ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းလိုက်တဲ့နောက်ပိုင်း ဒီနေ့အထိ လုပ်ငန်းလည်ပတ်မှု မရှိတော့တဲ့ စက်ရုံပေါင်း ၂၀၀ ဝန်းကျင် လောက် ရှိတယ်လို့ အလုပ်သမားအရေး ဆောင်ရွက် |
ပြန်လွတ်တဲ့အကျဉ်းသားအရေအတွက်အငြင်းပွားစရာဖြစ်နေ Posted: 02 Jul 2021 06:01 AM PDT အင်းစိန်ထောင်မှပြန်လွတ်လာသူများ၊ ဂျွန် ၃၀၊ ၂၀၂၁။ပုဒ်မ ၅၀၅(က) နဲ့ စွဲဆိုခံရတဲ့ အကျဉ်းသား ၇၀၀ကျော်ကို အင်းစိန်ထောင်ကနေ ပြန်လွတ်ပေးလိုက်ကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ခဲ့ပေမဲ့ တကယ်တမ်းတော့ ဒီထက်နည်းတဲ့ အရေအတွက်ပဲ လွတ်မြောက်လာတယ် လို့အကျဉ်းသားတွေကို လိုက်ပါကူညီပေးနေတဲ့ ရှေ့နေတွေက ပြောပါတယ်။ စစ်ကောင်စီက ထုတ်ပြန်တဲ့အတိုင်း လွတ်မြောက်လာခဲ့လား ဆိုတာကတော့ ပြန်စိစစ်ဖို့ခက်ခဲတယ်လို့လည်း ရှေ့နေတွေက ပြောပါ |
ကနီနဲ့ဘုတလင်ဘက်ကကျေးရွာတွေမှာ တိုက်ပွဲပြင်းထန်နေ Posted: 02 Jul 2021 05:56 AM PDT ရွာပေါင်း ၁ဝ ရွာကျော်ကပြည်သူတွေတိမ်းရှောင်နေရကနီမြို့နဲ့ ဘုတလင်မြို့နယ်မှာ စစ်ကောင်စီနဲ့ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားတာကြောင့် ကနီနဲ့ဘုတလင်မြို့နယ်ထဲက ကျေးရွာပေါင်း ၁ဝ ရွာကျော်က ပြည်သူတွေနီးစပ်ရာတောတောင်တွေထဲ တိမ်းရှောင်နေရတယ်လို့ ဒေသခံရွာသားတွေက ပြောပါတယ်။"မနေ့တုန်းက ၁၁နာရီလောက်ကတည်းက ဘုတလင်နဲ့ကနီကြားထဲမှာစပစ်တာ။ PDF ကလည်း သူတို့ကို တိုက်ပွဲမခေါ်သေးဘူး ။ သူတို့စစ် |
မြန်မာပြည်တွင်း ဆက်လည်ပတ်ဖို့ ချင့်ချိန်နေတယ်လို့ တယ်လီနော် ဆို Posted: 02 Jul 2021 05:53 AM PDT မြန်မာပြည်တွင်း ဆက်လည်ပတ်ဖို့ ချင့်ချိန်နေတယ်လို့ တယ်လီနော် ဆိုစစ်အာဏာသိမ်းပြီးနောက်ပိုင်း စီးပွားရေး လုပ်ငန်းတွေ ကျဆင်းနေသလို လုံခြုံရေးနဲ့ လူ့အခွင့်အရေးအခြေအနေတွေ ပိုမိုဆိုးဝါးလာနေတဲ့အတွက်ကြောင့် မြန်မာပြည်တွင်းမှာ ရှိတဲ့ သူတို့ရဲ့ လုပ်ငန်းလည်ပတ်မှုတွေနဲ့ ပတ်သက်လို့ စဉ်းစားချင့်ချိန်နေတယ်လို့ နော်ဝေးအခြေစိုက် ဆက်သွယ်ရေး ကုမ္ပဏီ တယ်လီနော်က ပြောပါတယ်။မိုဘိုင်းဆက်သွယ်ရေးကွန်ရက်တွေကို ဆိုးဆိုးဝါး |
မင်းကင်းမြို့နယ် ဖက်ခက်ကျေးရွာမှာ စစ်ကောင်စီနဲ့ PDF တိုက်ပွဲဖြစ် Posted: 02 Jul 2021 05:50 AM PDT မင်းကင်းမြို့နယ် ဖက်ခက်ကျေးရွာမှာ စစ်ကောင်စီနဲ့ PDF တိုက်ပွဲဖြစ် စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်က ပြည်သူ့ကာကွယ်ရေး PDF တပ်ဖွဲ့ဝင်တချို့ကို တွေ့ရစဉ် / Photo: CJစစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်က ဖက်ခတ်ကျေးရွာမှာ စစ်ကောင်စီရဲ့ စစ်တပ်နဲ့ ဒေသခံ ပြည်သူ့ကာကွယ် ရေး တပ်ဖွဲ့ PDF တို့ ဇူလိုင် ၁ ရက်နေ့ မနက် ၉ နာရီခွဲမှာ တိုက်ပွဲဖြစ်ခဲ့တယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။နှစ်ဖက်ထိတွေ့ တိုက်ပွဲအတွင်း နှစ် |
မြေနီကုန်း ခုံးကျော်တံတားပေါ် ရဲကားဗုံးပေါက် Posted: 02 Jul 2021 05:48 AM PDT မြေနီကုန်း ခုံးကျော်တံတားပေါ် ရဲကားဗုံးပေါက် ၂၀၂၁၊ ဇူလိုင် ၂ ရက်နေ့က ပေါက်ကွဲမှုဖြစ်ခဲ့တဲ့ ရဲကားတစ်စီးကို ရန်ကုန်မြို့၊ မြေနီကုန်း ခုံးကျော်တံတားပေါ်မှာ တွေ့ရစဉ် / Photo: Citizen Journalistရန်ကုန်မြို့၊ မြေနီကုန်း ခုံးကျော်တံတားပေါ်မှာ အာဏာရှင်ဆန့်ကျင်ရေး စာတမ်းကို လာဖြုတ်တဲ့ ရဲကား တစ်စီးဟာ ဒီနေ့ ဇူလိုင် ၂ ရက်နေ့ မနက် ၈ နာရီဝန်းကျင်က ပေါက်ကွဲမှုဖြစ်ခဲ့ပြီး ထိခိုက်ဒဏ်ရာရသူမရှိဘူးလို့ ကိုယ်တိုင်တွေ |
စစ်တပ်က ဖမ်းဆီးသွားပြီးနောက် သေဆုံးသူဦးရေတိုးလာ Posted: 02 Jul 2021 04:50 AM PDT မြန်မာစစ်အာဏာရှင်ကို အာခံဆန့်ကျင်တဲ့လက္ခဏာများစစ်ကောင်စီက အာဏာထိန်းပြီး ၅ လကျော်ကြာတဲ့အထိ ဆန္ဒပြပွဲတွေ ပေါက်ကွဲမှုတွေ ဆက်တိုက်ရှိနေပြီး စစ်အာဏာရှင်ဆန့်ကျင်လှုပ်ရှားသူများကို စစ်ကောင်စီကဆက်ပြီး နှိပ်ကွပ်နေပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းကပဲ စစ်ကောင်စီရဲ့ ဖမ်းဆီးခေါ်ဆောင်သွားခံရတဲ့ ပြည်မြို့ ပြည်သူတဦးနဲ့ မုံရွာက ပြည်သူတဦး အလောင်းပဲ ပြန်ရခဲ့ပါတယ်။ ကချင်ပြည်နယ် ဝိုင်းမော်မှာလည်း အိမ်သစ်တက်ပွဲကျင်းပနေတဲ့ |
အာဏာသိမ်းပြီးနောက်ပိုင်း ရှေ့နေ ၆ ဦးထက်မနည်းအဖမ်းခံရ Posted: 02 Jul 2021 04:48 AM PDT ဆန္ဒပြပွဲအနီးက မြန်မာစစ်တပ်နဲ့ရဲတပ်ဖွဲ့ဝင်များ ဖေော်ဝါရီ ၁၉၊ ၂၀၂၁။မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ၂ လအတွင်း တရားလွှတ်တော်ရှေ့နေ အနည်းဆုံး ၆ ယောက်ကို ဖမ်းဆီး ထိန်းသိမ်းထားကြောင်း လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ HRW က ဇူလိုင်လ ၂ ရက်၊ ဒီကနေ့ ရက်စွဲနဲ့ အစီရင်ခံစာ တစောင် ထုတ်ပြန် လိုက်ပါတယ်။ အခုလို ဥပဒေပညာရှင်တွေကိုဖမ်းဆီးတာဟာ အမှုသည်တွေအတွက်ဥပဒေရေးရာအကြံပေးချက်နဲ့ တရားမျှတစွာ အမှုစစ်ဆေးခံခွင့်တို့ |
You are subscribed to email updates from THIT HTOO LWIN (Daily News). To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google, 1600 Amphitheatre Parkway, Mountain View, CA 94043, United States |
No comments:
Post a Comment
5
Note: Only a member of this blog may post a comment.