Sunday, July 4, 2021

သစ်ထူးလွင်

သစ်ထူးလွင်


ကနီ၊ မင်းကင်းနဲ့ကောလင်းနယ်တဝိုက်မှာ တိုက်ပွဲတွေဖြစ်ပွား၊ အနည်းဆုံး အရပ်သားတစ်ဦးသေဆုံးပြီး ရွာပေါင်း ၂၀ ကျော်ကဒေသခံတွေထွက်ပြေးနေရ

Posted: 03 Jul 2021 06:46 AM PDT

မင်းကင်းကတိုက်ပွဲတွေအတွင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့က CDM ကျောင်းဆရာတစ်ဦး ကျဆုံးစစ်ကိုင်းတိုင်းထဲက ကနီနဲ့ မင်းကင်းနယ်တဝိုက်မှာ စစ်ကောင်စီတပ်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တွေ အကြားတိုက်ပွဲတွေဖြစ်ပွားနေပြီး မနေ့က ဇူလိုင် ၂ ရက်နေ့ပစ်ခတ်မှုတွေအတွင်း အရပ်သား တစ်ဦးထက် မနည်းသေဆုံးကာ ရွာပေါင်း ၂၀ ကျော်က ဒေသခံအများအပြားထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေက ဘီဘီစီကိုပြောပါတယ်။မနေ့က ဇူလိုင် ၂ရက်နေ့မှာ ကနီ

တာမွေက မိုင်တဲလ်အရောင်းဆိုင်မှာ ဗုံးပေါက်

Posted: 03 Jul 2021 06:42 AM PDT

ရန်ကုန်မြို့၊ တာမွေမြို့နယ်ထဲမှာရှိတဲ့ ၁၅၅ လမ်းနဲ့ ၁၅၆ လမ်းကြား၊ ကျိုက္ကဆံ လမ်းမပေါ်မှာက မိုင်တဲလ်(Mytel)အရောင်းဆိုင်မှာ ဒီနေ့ ဇူလိုင်လ ၃ ရက်မှာ ပေါက်ကွဲမှုတစ်ခုဖြစ်ခဲ့တယ်လို့ အနီးနားမှာနေထိုင်သူတွေက ပြောပါတယ်။''နေ့လယ် ၂ နာရီကျော်ကျော်လောက်မှာ ပေါက်ကွဲမှုဖြစ်တယ်။ အထဲမှာဆိုတော့ အသံက အကျယ်ကြီး မကြားခဲ့ရဘူး။ ပေါက်ကွဲမှုအပြီး ဆိုင်ထဲမှာ ထိခိုက်ဒဏ်ရာရသူရှိမလားဆိုပြီး ဝင်ရှာတော့ မီးခိုးတွေ အူနေတာပဲ ရှိ

မန္တလေးမှာ ဖမ်းဆီးခံရတဲ့သံဃာတွေကို စစ်တပ်က ပြင်းထန်စွာ ရိုက်နှက်ညှဉ်းပန်းခဲ့

Posted: 03 Jul 2021 06:40 AM PDT

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မန္တလေးထောင်မှာဖမ်းဆီးထားတဲ့ သံဃာ ၁၈ ပါးအနက် သုံးပါးကို ဇွန်လ ၃ဝ ရက်နေ့မှာ အိုးဘိုထောင်ကနေ လွှတ်ပေးခဲ့ပါတယ်။ အဲဒီလွတ်လာတဲ့ ဆရာတော်တပါးက မန္တလေးထောင်မှာ သူတို့နဲ့ တခြားနိုင်ငံရေးအကျဉ်းသားတွေကို လွှတ်မပေးခင် အရာရှိတဦးကလာရောက်ပြီး သတိပေးစကား ပြောခဲ့တယ်လို့ RFA ကို မိန့်ကြားပါတယ်။"သူ့နာမည်ကိုတော့ နှုတ်ဆက်တယ်၊ ရာထူးတော့မပြောဘူး သိတဲ့အတိုင်းပေါ့ဒကာကြီးရာ မဲစာရင်းမှားလို့

မြန်မာစစ်ခေါင်းဆောင်ကို ဦးတည်ပစ်မှတ်ထားတဲ့ ဆန္ဒပြမှုတွေဖြစ်

Posted: 03 Jul 2021 06:36 AM PDT

မန္တလေးမြို့မှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဓာတ်ပုံနဲ့ အခေါင်းပုံလုပ်ပြီး မီးရှို့ဆန္ဒပြတဲ့မြင်ကွင်း။ (ဇူလိုင် ၃၊ ၂၀၂၁)အာဏာသိမ်း မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို နာမည်တပ်ပြီး ဦးတည်ပစ်မှတ်ထားတဲ့ ကန့်ကွက်ဆန္ဒပြမှုတွေ မြန်မာနိုင်ငံ နေရာအတော်များများမှာ လုပ်ခဲ့ကြပါတယ်။ မြန်မာနိုင်ငံတဝန်း စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြမှုတွေ အရင်တုန်းကထက် ပမာဏနည်းသွားပေမယ့်

မြန်မာအရာရှိတွေနဲ့ ကုမ္ပဏီတချို့ကို အမေရိကန် အရေးယူဒဏ်ခတ်

Posted: 03 Jul 2021 06:34 AM PDT

Secretary of State Antony Blinkenမြန်မာနိုင်ငံမှာ ဖေဖေါ်ဝါရီလက အာဏာသိမ်းမှုမှာ တာဝန်ရှိတဲ့ စစ်ခေါင်းဆောင်တွေကို ဖိအားတိုးပေးတဲ့ အနေနဲ့ အရေးပါတဲ့ မြန်မာစစ်အရာရှိကြီးတွေပါဝင်တဲ့ လူပုဂ္ဂိုလ် ၂၂ ဦး နဲ့ စစ်တပ်နဲ့ဆက်သွယ်လုပ်ကိုင်နေတဲ့ ကုမ္ပဏီ ၄ ခုကို အမေရိကန်ပြည်ထောင်စုက သောကြာနေ့မှာ အရေးယူဒဏ်ခတ်မှု လိုက်ပါတယ်။ဇူလိုင်လ ၂ ရက်နေ့မှာ ချမှတ်လိုက်တဲ့ အရေးယူဒဏ်ခတ်မှုဟာ မြန်မာနိုင်ငံကို ဒီမိုကရေစီလမ်းကြောင်း

ဒီပဲယင်း အပြန်အလှန်ပစ်ခတ်မှု အရပ်သားအပါအဝင် ဒေသPDFဘက်က ၁၀ ဦးကျော် သေဆုံး

Posted: 03 Jul 2021 06:31 AM PDT

ဒီပဲယင်း အပြန်အလှန်ပစ်ခတ်မှု အရပ်သားအပါအဝင် ဒေသPDFဘက်က ၁၀ ဦးကျော် သေဆုံးဒီပဲယင်းမြို့နယ် ၊ အနောက်ဘက်ခြမ်းက ဆပ်ပြာကျင်းကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့တွေ မနေ့က မနက် ၆နာရီဝန်းကျင်လောက်က ရောက်ရှိလာပြီးနောက် ပစ်ခတ်မှုတွေဖြစ်ခဲ့ရာက နှစ်ဖက်အထိအခိုက်အကျအဆုံးရှိခဲ့တယ်လို့ ဒီပဲယင်း PDFအဖွဲ့က ဒီကနေ့ ထုတ်ပြန်ပါတယ်။PDF ဘက်က ထိခိုက်ဒဏ်ရာရရှိသူ ၁၀ ဦးဝန်းကျင်နဲ့ သေဆုံးသူ ၉ ဦးရှိခဲ့တယ်လို့ ဒေသ PDFဘက်က ကနဦး ထုတ်ပြန်

မြင်းခြံမှာ NLD အမာခံဆိုပြီး ပျူစောထီးစာရင်းမှာပါသူ ၂ ဦး သတ်ဖြတ်ခံရ

Posted: 03 Jul 2021 06:29 AM PDT

သင်္ချာဘာသာရပ်ပြဆရာ ဦးမိုးဟိန်းဟာ လူချစ်လူခင်ပေါသလို ပျော်ပျော်နေတတ်သူလို့ ရင်းနှီးသူတွေက မှတ်ချက်ပြုမန္တလေးတိုင်း၊ မြင်းခြံမြို့မှာ NLD အမာခံဆိုပြီး ပျူစောထီးစာရင်းမှာ ပါတဲ့ အမျိုးသားတစ်ဦးနဲ့အမျိုးသမီးတစ်ဦးတို့ မနေ့ ဇူလိုင် ၂ ရက်ညပိုင်းက သတ်ဖြတ်ခံခဲ့ရတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။အသတ်ခံခဲ့ရသူတွေဟာ မြင်းခြံမြို့က သင်္ချာဆရာ ဦးမိုးဟိန်းနဲ့ ဇနီးဖြစ်သူတို့ ဖြစ်ပြီး နေအိမ်မှာ သတ်ဖြတ်ခံခဲ့ရတာလို့ သိရ

စစ်ခေါင်းဆောင်မွေးနေ့မှာ ကျိန်စာတိုက် ဆန္ဒပြ

Posted: 03 Jul 2021 06:26 AM PDT

စစ်ခေါင်းဆောင်မွေးနေ့မှာ ကျိန်စာတိုက် ဆန္ဒပြ စစ်ကောင်စီဥက္ကဋ္ဌ မွေးနေ့ အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ လူငယ်တွေ ၂၀၂၁ ဇူလိုင်လ ၃ ရက်နေ့ မရမ်းကုန်းမြို့နယ်မှာ ဆန္ဒပြခဲ့ကြစဉ် / Photo: RFAဇူလိုင်လ ၃ ရက် ဒီကနေ့ကျရောက်တဲ့ စစ်အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ မွေးနေ့မှာ စစ်အာဏာဆန့်ကျင်ရေး ဆန္ဒပြလှုပ်ရှားမှုတွေကို ရန်ကုန်အပါအဝင် မြို့ကြီးတော်တော်များများမှာ ပြုလုပ်ခဲ့ကြပါတယ်။ရန်ကုန်

ထီးချိုင့်နဲ့ ကောလင်းမှာ တိုက်ပွဲဆက်တိုက်ဖြစ်၊ စစ်ကောင်စီဘက်က ၂၀ လောက်သေဆုံး

Posted: 03 Jul 2021 06:24 AM PDT

စစ်ကောင်စီ ကားတန်း တစ်တန်းဟာ ကချင်ပြည်နယ်၊ မိုးညှင်း၊ မိုးကောင်း ဘက်ကို ဆီဘောက်ဆာ ကားတွေကို သွားပို့ပြီးအပြန် ဇူလိုင် ၂ ရက် မနေ့ညပိုင်းက ကသာခရိုင် ထီးချိုင့်မြို့ အင်းတော်အစပ်မှာ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ ဆုံပြီး တိုက်ပွဲဖြစ်ခဲ့ပါတယ်။အဲဒီတိုက်ပွဲမှာ စစ်ကောင်စီဘက်က ၂၀ လောက် ကျဆုံးနိုင်တယ်လို့ ကသာခရိုင် ပြည်သူ့ကာကွယ်ရေးတပ် PDF အဖွဲ့ဝင်တစ်ယောက်က RFA ကို ပြောပါတယ်။"အဖြစ်အပျက်ကတော့ မနေ့က သူတို့

ထီးချိုင့် တိုက်ပွဲမှာ စစ်​ကောင်စီဘက်က ၂၀သေဟု HPDF ထုတ်ပြန်

Posted: 03 Jul 2021 06:21 AM PDT

3 July 2021 - Kachinwaves ဇူလိုင် ၂ရက်​နေ့ ထီးချိုင့်မှာ စစ်​ကောင်စီကာနှစ်စီးကို ထီးချိုင့် HPDF နှင့် ​ကေအိုင်​အေတို့ တိုက်ခိုက်ခဲ့ရာ စစ်​ကောင်စီကား တစ်စီးပျက်စီးပြီး စစ်​ကောင်စီတပ်သား အ​ယောက် ၂၀ခန့် ​သေဆုံး​ကြောင်း  HPDF ကထုတ်ပြန်ထားသည်။HPDFနှင့် KIAမဟာမိတ်တပ်ဘက်မှ အထိအခိုက် အကျအဆုံးလုံးဝမရှိ​ကြောင်းလည်း ထုတ်ပြန်ထားသည်။Kachinwaveshttps://www.facebook.com/kachinwavesnews

No comments:

Post a Comment

5

Note: Only a member of this blog may post a comment.