သစ္ထူးလြင္ |
- ၂၀၂၂ ဆီးဂိမ်းမှာ မြန်မာအသင်း အားကစား ၁၈ မျိုးနဲ့ ၀င်ရောက်ယှဥ်ပြိုင်မယ်
- ကိုဗစ်ကပ်ဘေးရင်ဆိုင်နေရတဲ့ မြန်မာပြည်သူတွေကို အမေရိကန် ဆက်လက်ကူညီမယ်
- မြန်မာ COVID-19 ကူးစက်သူ ၃,၄၅၆ ယောက်၊ သေဆုံး ၂၁၂ ယောက် ထပ်တိုး
- မကွေးတိုင်း လွှတ်တော်ကိုယ်စားပြုကော်မတီဝင်တဦး ဖမ်းဆီးခံရ
- မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် အရေးပေါ်အခြေအနေမှာ ရှိနေဆဲ
- နှစ်သန်းကျော်လာတဲ့ NUG ထောက်ခံကြောင်း ပရိုဖိုင်တွေနဲ့ ရဲ လျှို့ဝှက်ကြေးနန်းစာ
- ခလရ (၅၈)တပ်မှ ပစ်သတ်လိုက်သည့် ဒေါ်ဆောင်ပြုံး
- KNLA(တပ်မဟာ-၁) လက်ကအာက်ခံတပ်များနှင့် အကြမ်းဖက် စစ်အုပ်စုတို့ ပစ်ခတ်မှုဖြစ်ပွား၊ အကြမ်းဖက်(၁)ဦးသေ၊ (၁)ဦးဒဏ်ရာရ
- ရဲအချင်းချင်း သေနတ်နဲ့ ပစ်လို့ ရဲတပ်ကြပ်တဦးသေဆုံး
၂၀၂၂ ဆီးဂိမ်းမှာ မြန်မာအသင်း အားကစား ၁၈ မျိုးနဲ့ ၀င်ရောက်ယှဥ်ပြိုင်မယ် Posted: 13 Aug 2021 05:16 PM PDT ဗီယက်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် ၃၁ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲမှာ မြန်မာအသင်းအနေနဲ့ အားကစားနည်း ၁၈ နည်းနဲ့ ၀င်ရောက်ယှဥ်ပြိုင်သွားမယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။မြန်မာ့ရိုးရာ အားကစားနည်းဖြစ်တဲ့ ပိုက်ကျော်ခြင်း အပါအ၀င် လက်၀ှေ့၊ မြှားပစ်၊ ဝူရှူး၊ တိုက်ကွမ်ဒို၊ ဘိလိယက်နဲ့ စနူကာ စတဲ့ ဆီဂိမ်းမှာ ၀င်ရောက်ယှဥ်ပြိုင်မယ့် အားကစားနည်းတွေအတွက် လက်ရွေးစင် အားကစားသမားတွေ လေ့ |
ကိုဗစ်ကပ်ဘေးရင်ဆိုင်နေရတဲ့ မြန်မာပြည်သူတွေကို အမေရိကန် ဆက်လက်ကူညီမယ် Posted: 13 Aug 2021 05:14 PM PDT ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါကြောင့် သေဆုံးသွားရတဲ့ မြန်မာပြည်သူတွေအတွက် အလွန်အမင်း စိတ်မကောင်းဖြစ်ရတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ် သောမက်စ် ဗန်ဒါက ပြောပါတယ်။ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်သွားဖို့ တောင်းဆိုနေကြပြီး အခုတော့ ဆိုးရွားတဲ့ ကမ္ဘာ့ကပ်ရောဂါကြီးနဲ့ပါ ရင်ဆိုင်နေရတဲ့ မြန်မာပြည်သူတွေကို အမေရိကန်ပြည်ထောင်စုအနေနဲ့ ဆက်လက်အားပေးထောက်ခံသွားမယ်လို့လည်း ဆိုပါတယ်။ကပ်ရောဂါကြီး စတင်ပြန့်ပွား |
မြန်မာ COVID-19 ကူးစက်သူ ၃,၄၅၆ ယောက်၊ သေဆုံး ၂၁၂ ယောက် ထပ်တိုး Posted: 13 Aug 2021 04:58 PM PDT တောင်ငူတွင် ကိုဗစ်လူနာတဦးကို ပြုစုနေသည့် ပရဟိတလုပ်သားတဦး။ ၆ သြဂုတ် ၂၀၂၁မြန်မာနိုင်ငံမှာ ဒီနေ့ COVID-19 ရောဂါပိုးတွေရှိသူ ၃,၄၅၆ ယောက်နဲ့ သေဆုံးသူ ၂၁၂ ယောက်ရှိတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီနေ့ည ၈ နာရီ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း ဓာတ်ခွဲနမူနာ ၁၃,၀၂၁ ခုကို စစ်ဆေးခဲ့တာမှာ အဲဒီလိုတွေ့ရှိခဲ့တာဖြစ်ပြီး ဒါဟာ စုစုပေါင်း ပိုးတွေ့ရှိမှုပမာဏရဲ့ ၂၆.၅၄% ၊ သေဆုံးမှု |
မကွေးတိုင်း လွှတ်တော်ကိုယ်စားပြုကော်မတီဝင်တဦး ဖမ်းဆီးခံရ Posted: 13 Aug 2021 04:55 PM PDT စစ်အာဏာသိမ်းပြီးနောက်ပိုင်း တက်ကြွလှုပ်ရှားသူများနှင် NLD ဖွဲ့ဝင်များကို ညအချိန်လိုက်လံဖမ်းဆီးစဉ် (ဓာတ်ပုံ - AFP)မကွေးတိုင်း လွှတ်တော်ကိုယ်စားပြုကော်မတီ အဖွဲ့ဝင်တဦးဖြစ်တဲ့ ဒေါ်မြင့်စန်းဟာ ဩဂုတ်လ ၁၁ ရက်မှာ ရဲတပ်ဖွဲ့က ဖမ်းဆီးတာခံခဲ့ရပြီး အခု ပခုက္ကူအကျဉ်းထောင်မှာ ထိန်းသိမ်းခံထားရကြောင်း ဖြစ်စဉ်ကို အသေးစိတ်သိထားတဲ့ နီးစပ်သူတဦးက ဗွီအိုအေကို ပြောပါတယ်။ ကိုဗစ်ကာကွယ်ရေးအတွက် အကျဉ်းထောင်ထဲမှာပဲ သူ့ကို |
မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် အရေးပေါ်အခြေအနေမှာ ရှိနေဆဲ Posted: 13 Aug 2021 04:53 PM PDT မန္တလေးအိုဘိုထောင်မှာ ထိန်းသိမ်းခံထားရတဲ့ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ဟာ ကိုဗစ် -၁၉ ရောဂါ ကူးစက်ခံထားရပြီး မန္တလေးဆေးရုံကြီးမှာ လွှဲပြောင်း ဆေးကုသမှု ခံယူနေရတာ ဖြစ်ပါတယ်။ ဒေါက်တာ ဇော်မြင့်မောင်ရဲ့ ရောဂါ အခြေအနေ တည်ငြိမ်နေပေမယ့် အရေးပေါ် အခြေအနေမှာ ရှိနေသေးတဲ့အတွက် စောင့်ကြည့်နေရတဲ့အကြောင်း ဒေါက်တာ ဇော်မြင့်မောင်ရဲ့ သားဖြစ်သူ အမေရိကန် နိုင်ငံ တက္ကဆပ်ပြည်နယ်မှာ နေထိုင်တဲ့ |
နှစ်သန်းကျော်လာတဲ့ NUG ထောက်ခံကြောင်း ပရိုဖိုင်တွေနဲ့ ရဲ လျှို့ဝှက်ကြေးနန်းစာ Posted: 13 Aug 2021 04:50 PM PDT အမျိုးသားညီညွတ်ရေးအစိုးရ (NUG ) ကိုလက်ခံပြီး အာဏာသိမ်းစစ်ကောင်စီကို ငြင်းဆိုပါ (Accept NUG – Reject Military) ဆိုတဲ့ ဖေ့စ်ဘွတ်လူမှုကွန်ရက် ပရိုဖိုင်လှုပ်ရှားမှုကို အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေး အင်အားစု (General Strike Coordination Body - GSCB) က သြဂုတ်လ ၁၀ ရက်နေ့က စတင်ပြုလုပ်ခဲ့ပါတယ်။ လှုပ်ရှားမှုစတင်တဲ့နေ့ကနေ ဒီနေ့အထိ ပရိုဖိုင်ပြောင်းခဲ့သူ နှစ်သန်းကျော် ရှိလာတယ်လို့လည်း သိရပါတယ်။လာမယ့် |
ခလရ (၅၈)တပ်မှ ပစ်သတ်လိုက်သည့် ဒေါ်ဆောင်ပြုံး Posted: 13 Aug 2021 04:46 PM PDT ခလရ (၅၈)တပ်မှ သေနတ်ဖြင့်ပစ်သတ်လိုက်သည့် ဒေါ်ဆောင်ပြုံးအား နက်ဖြန်ဩဂုတ်လ ၁၄ရက်နေ့ ၁၀နာရီဝန်းကျင်တွင် သူဂြိုလ်မည်ဖြစ်ကြောင်း ဒေသခံများကပြောသည်။"အလောင်းတော့ မပေးလိုက်ဘူးလို့ သိရတယ်။နက်ဖြန် သူတို့ကိုယ်တိုင် သူဂြိုလ်မယ့်နေရာထိ လာပို့ပေးမှာတဲ့"ဟု ဒေသခံတစ်ဦးပြောသည်။ဒေါ်ဆောင်ပြုံးသည် ဝိုင်းမော်မြို့မှ ဈေးဝယ်ပြီး အပြန်လမ်း ၅၈ တပ်ရင်းရှေ့တွင် ပစ်သတ်ခံရလိုက်ရသည်။"ကျည်ကဘယ်လက်မောင်း အောက်ကနေ ညာဘက်ချိုင်းဘက် |
Posted: 13 Aug 2021 04:41 PM PDT ၂၀၂၁ ခုနှစ်၊ သြဂုတ် ၁၃ ရက်၊ KNU သထုံခရိုင်၊ ဘားအံမြို့နယ်၊ တကောင်ဘိုးကျေးနယ်အုပ်စု၊ မဲလံရွာအနီးတွင် KNLA တပ်ရင်း(၁)လက်အောက်ခံတပ်များနှင့် အကြမ်းဖက်စစ်အုပ်စု (ခမရ-၂၀၈)တို့ ယနေ့နံနက် ၅နာရီခွဲတွင်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး စစ်အုပ်စုဖက်မှ (၁)ဦးသေ၊ (၁)ဦးဒဏ်ရာရရှိသည်။အကြမ်းဖက်စစ်အုပ်စု လက်အောက်ခံတပ်များက KNLA-တပ်ရင်း(၁) လှုပ်ရှားရာဒေသများသို့ကျုးကျော်နေရာယူလာခြင်းဖြစ်ကြောင့် ပစ်ခတ်ကြခြင်းဖြစ်ပြီး |
ရဲအချင်းချင်း သေနတ်နဲ့ ပစ်လို့ ရဲတပ်ကြပ်တဦးသေဆုံး Posted: 13 Aug 2021 04:38 PM PDT ပန်းတောင်း၊ သြဂုတ်၁၃၊ ၂၀၂၁။ပြီးခဲ့တဲ့ သြဂုတ်လ ၁၁ ရက်နေ့ ညပိုင်းမှာ ရဲအချင်းချင်း သေနတ်နဲ့ ပစ်ခဲ့လို့ ရဲတပ်ကြပ်တဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ပစ်ခတ်ခဲ့သူနဲ့ သေဆုံးသွားသူ ရဲနှစ်ဦးဟာ ပန်းတောင်းမြို့ကို တာဝန်ကျတာ မကြာသေးသူတွေဖြစ်ပြီး သေဆုံးသူ ရဲတပ်ကြပ်က နေပြည်တော်ကဖြစ်ပြီး သေနတ်နဲ့ ပစ်ခတ်ခဲ့သူက ပေါင်းတည်မြို့က ရဲတပ်သား ဖြစ်တယ်လို့ ပြောပါတယ်။"နှစ်ယောက်လုံးက တခြားမြို့က ရောက်လာတာသိပ်မကြာသေး |
You are subscribed to email updates from THIT HTOO LWIN (Daily News). To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google, 1600 Amphitheatre Parkway, Mountain View, CA 94043, United States |
No comments:
Post a Comment
5
Note: Only a member of this blog may post a comment.