သစ္ထူးလြင္ |
- ကိုဗစ်ကြောင့် သေဆုံးနှုန်းအမြင့်ဆုံးကမ္ဘာ့နိုင်ငံတွေထဲ မြန်မာပါဝင်
- စစ်ကိုင်းတိုင်းမှာ ပစ်ခတ်မှုနဲ့ သတ်ဖြတ်မှုတွေကြောင့် အရပ်သားတချို့သေဆုံး
- Wave Money နဲ့ KBZPay အပါအဝင် ငွေကြေးဝန်ဆောင်မှုအားလုံးကို စစ်ကောင်စီ ထိန်းချုပ်
- တောင်သာမှာ အုပ်ချုပ်ရေးမှူး နှစ်ယောက် သေနတ်နဲ့ပစ်ခံရပြီး သေဆုံး
- မိုးကောင်းတွင် လူငယ် ၂၀ ဦးခန့်ကို စစ်ကောင်စီမှ ဖမ်းဆီးသွား
- ပစ်ခတ်ခံရသော စစ်ကောင်စီ သင်္ဘောတစ်စီး ရွှေကူမြို့သို့ ရောက်လာ
- စစ်ကောင်စီ တပ်သားတစ်ဦးနှင့်လက်နက်များကို CDF မင်းတပ်အဖွဲ့မှ သိမ်းဆည်းရမိ
- လားရှိုးတွင် သူခိုး၊ အကြမ်းဖက်လုယက်မှု ပိုများလာ
- စိုက်ပျိုးပြုစုစားရိတ် မြင့်တက်လာမှုကြောင့် သျှမ်းတောင်သူဉီးကြီးများ အခက်တွေ့
- စစ်ကောင်စီသီးသန့်သုံး မဟာဓါတ်အားလိုင်း တာဝိုင် ၂ ခုကို ဖယ်ခုံ PDF ဖြိုချ
- အမျိုးသားညီညွတ်ရေးအစိုးရ၏ သတင်းအချက်အလက်များ အချိန်နှင့်တပြေးညီထုတ်ပြန်နိုင်ရန်အတွက် Radio NUG မကြာမီစတင်မည်။
- “တပ်ပျက်လုလု ဖိုးတက်ပု”
- ပြည်သူတွေကိုကာကွယ်ဖို့ တိုက်ပွဲဝင်မယ့်ရက်ကို NUG က မကြာမီဆုံးဖြတ်မည်
- ရွှေဘိုမြို့နယ်ထဲက ရွာတချို့ကို စစ်ကောင်စီနဲ့ ပျူစောထီးတို့ ဝင်ရောက်စီးနင်းထား
- ဝိုင်းမော်မြို့နယ် လမြန်ကျေးရွာတွင် စစ်ကောင်စီစစ်သားများ ယာယီဂိတ်ချကာ လမ်းသွားလမ်းလာပြည်သူများရဲ့ လက်ကိုင်ဖုန်းများကို ရှောင်တခင် စစ်ဆေး
- အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စု၏ လက်အောက်ခံတပ်ဖွဲ့မှ ပြည်သူလူထုကို ထိခိုက်နာကျင်အောင်ပြုလုပ်
- ဖလမ်းမြို့နယ် Taal ကျေးရွာကအိမ်တွေကို အကြမ်းဖက် စကစတပ်ကဝင်ရောက်ဖျက်ဆီးပြီး ကြက်ဝက်တွေအကုန်ပစ်သတ်ဟုဆို
- စလင်းမြို့က စစ်ကောင်စီရဲ့ စစ်ဆေးရေးဂိတ် ဗုံးပေါက်ကွဲလို့ ရဲတဦးသေ ၂ ဦးဒဏ်ရာရ
- အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ ပုံမှန်အစည်းအဝေး (၁၉/၂၀၂၁) ကို ကျင်းပပြုလုပ်ခဲ့တဲ့သတင်း တိုင်းရင်းသားကျန်းမာရေး အဖွဲ့အစည်းတွေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရတို့ပူးပေါင်းပြီး အမျိုးသားကျန်းမာရေး ကော်မတီဖွဲ့စည်းတယ်ခဲ့တဲ့သတင်း
ကိုဗစ်ကြောင့် သေဆုံးနှုန်းအမြင့်ဆုံးကမ္ဘာ့နိုင်ငံတွေထဲ မြန်မာပါဝင် Posted: 18 Aug 2021 05:11 AM PDT ချင်းပြည်နယ်မှ ကိုဗစ်ရောဂါနဲ့သေဆုံးသူတဦးအား မြုပ်နှံစဉ် (ဓာတ်ပုံ - AFP)ကမ္ဘာပေါ်မှာ COVID-19 ရောဂါကြောင့် သေဆုံးမှုနှုန်း နှစ်ဆတိုးလာတဲ့ နိုင်ငံတွေထဲမှာမှ အမြန်ဆုံးနှုန်းနဲ့ တိုးနေတဲ့နိုင်ငံ ၁၀ နိုင်ငံထဲမှာ ခုနစ်နိုင်ငံဟာ အာရှ-ပစိဖိတ်ဒေသကဖြစ်တယ်လို့ Our World in Data အွန်လိုင်း သိပ္ပံစာစောင်မှာ ဖော်ပြထားပါတယ်။အဲဒီ ခုနစ်နိုင်ငံထဲမှာ မြန်မာနိုင်ငံနဲ့အတူ ဗီယက်နမ်နဲ့ ဖီဂျီနိုင်ငံတို့ ထိပ်ဆုံးငါး |
စစ်ကိုင်းတိုင်းမှာ ပစ်ခတ်မှုနဲ့ သတ်ဖြတ်မှုတွေကြောင့် အရပ်သားတချို့သေဆုံး Posted: 18 Aug 2021 05:10 AM PDT မင်းကင် PDF တပ်ဖွဲ့ဝင်များ (ဓါတ်ပုံ Citizen Journalist )မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း လက်နက်ကိုင်တွေရဲ့ လက်ချက်နဲ့ အရပ်သား သေဆုံးမှုတွေ ရှိနေရာမှာ အင်္ဂါနေ့ကလည်း စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့မှာ ၂ ဦး သေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။ ကိုဗစ်ကပ်ရောဂါ ကာကွယ်ရေးအတွက် နှာခေါင်းစည်းတပ်ဖို့ ညွှန်ကြားထားတာကို မလိုက်နာလို့ဆိုပြီး စစ်ကောင်စီတပ်သားတွေက ပစ်သတ်ခဲ့တာလို့လည်း ဒေသခံတွေက |
Wave Money နဲ့ KBZPay အပါအဝင် ငွေကြေးဝန်ဆောင်မှုအားလုံးကို စစ်ကောင်စီ ထိန်းချုပ် Posted: 18 Aug 2021 05:08 AM PDT Wave Money နဲ့ KBZPay အပါအဝင် ငွေကြေးဝန်ဆောင်မှုအားလုံးကို စစ်ကောင်စီ ထိန်းချုပ် ရန်ကုန်မြို့က မိုဘိုင်းဖုန်းအရောင်းဆိုင်တစ်ခုမှာ ချိတ်ဆွဲထားတဲ့ wave money ဆိုင်းဘုတ်ကို တွေ့ရစဉ် / Photo: YE AUNG THU / AFPအာဏာသိမ်းစစ်ကောင်စီဟာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ ပတ်သက်တဲ့ ဘဏ်အကောင့်တွေ၊ CDM ဝန်ထမ်းတွေကို ထောက်ပံ့လှူဒါန်းနေတဲ့ ဘဏ်အကောင့်တွေအပါအဝင် မိုဘိုင်းငွေကြေးလုပ်ငန်း အားလုံးကို ကန့်သတ် |
တောင်သာမှာ အုပ်ချုပ်ရေးမှူး နှစ်ယောက် သေနတ်နဲ့ပစ်ခံရပြီး သေဆုံး Posted: 18 Aug 2021 05:05 AM PDT တောင်သာမှာ အုပ်ချုပ်ရေးမှူး နှစ်ယောက် သေနတ်နဲ့ပစ်ခံရပြီး သေဆုံး မန္တလေးတိုင်း၊ တောင်သာမြို့ မြေပုံ / Photo: Google Mapမန္တလေးတိုင်း၊ တောင်သာမြို့နယ်ထဲက ညောင်ကန်ရွာနဲ့ မီးပေါက်ရွာတွေက စစ်ကောင်စီခန့်ထားတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူး နှစ်ယောက်တို့ဟာ သေနတ်နဲ့ ပစ်ခံရပြီး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ဒီကနေ့ သြဂုတ် ၁၈ ရက် နေ့လယ်ပိုင်းက တောင်သာမြို့နယ် ညောင်ကန်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်း |
မိုးကောင်းတွင် လူငယ် ၂၀ ဦးခန့်ကို စစ်ကောင်စီမှ ဖမ်းဆီးသွား Posted: 18 Aug 2021 04:30 AM PDT August 17, 2021/ Kachin News Groupမိုးကောင်းမြို့အထွက် ဖားကန့်လမ်း အုပ်ကျင်းကျေးရွာတွင် အာဏာသိမ်းစစ်တပ်အဖွဲ့က လူငယ် ၂၀ ဦးခန့်ကို သေနတ်ဖြင့် ခြိမ်းခြောက်ကာ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။သြဂုတ်လ ၁၇ရက် ယနေ့ ညနေပိုင်း ၅ နာရီခွဲဝန်းကျင်ခန့်တွင် အုပ်ကျင်းကျေးရွာအဝင် လယ်တောတွင် စစ်သား ၃၀ ခန့်က လူငယ်တစ်ဖွဲ့ကို သေနတ်များဖြင့် ခြိမ်းခြောက်ပြောဆိုနေသည်ကိုမြင်တွေ့ခဲ့ရသည်ဟု မျက်မြင်တစ်ဦးက KNG သတင်းဌာန |
ပစ်ခတ်ခံရသော စစ်ကောင်စီ သင်္ဘောတစ်စီး ရွှေကူမြို့သို့ ရောက်လာ Posted: 18 Aug 2021 04:28 AM PDT August 18, 2021/ Kachin News Groupရွှေကူမြို့အဝင်တွင် ပစ်ခတ်ခံရသည့် အာဏာသိမ်းစစ်တပ်၏ စစ်ရိက္ခာသယ်သင်္ဘောတစ်စီး ယနေ့ ညနေ ၄ နာရီခွဲ ဝန်းကျင်တွင် ရွှေကူမြို့ သင်္ဘောဆိပ်သို့ ရောက်ရှိလာကြောင်း ဒေသခံများထံမှ သိရသည်။ကသာမြို့မှ ရွှေကူဘက်သို့ ဆန်တက်လာသောအဆိုပါ စစ်ရိက္ခာသယ် သင်္ဘောတစ်စီးကို ရွှေကူမြို့အဝင် ကျေးရွာတစ်ခုအနီးတွင် ယနေ့ မွန်းလွဲ ၃ နာရီခွဲခန့်က ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် PDF တို့ ပစ်ခတ် |
စစ်ကောင်စီ တပ်သားတစ်ဦးနှင့်လက်နက်များကို CDF မင်းတပ်အဖွဲ့မှ သိမ်းဆည်းရမိ Posted: 18 Aug 2021 04:24 AM PDT သြဂုတ်လ ၁၇ ရက် မင်းတပ်မတူပီလမ်းတွင် CDF မင်းတပ်အဖွဲ့နှင့်စစ်ကောင်စီတပ်ဖွဲ့အကြား တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့၀င်တချို့သေဆုံးခဲ့ကာ ထွက်ပြေးလာသော စစ်ကောင်စီ တပ်သားတစ်ဦးနှင့်လက်နက်များကို CDF မင်းတပ်အဖွဲ့မှ သိမ်းဆည်းရမိထားကြောင်းကနဦးသိရသည်။CDF မင်းတပ်အဖွဲ့မှ လက်နက်အပြည့်အစုံနှင့်ထွက်ပြေးလာသည့်စစ်ကောင်စီတပ်သားများကို ဆုငွေ သိန်း ၅၀ ပေးမည်ဟုထုတ်ပြန်ထားသည်။Chin World https://www.facebook.com/ |
လားရှိုးတွင် သူခိုး၊ အကြမ်းဖက်လုယက်မှု ပိုများလာ Posted: 18 Aug 2021 04:22 AM PDT သျှမ်းသံတော်ဆင့် ၊ သြဂုတ် ၁၈ ရက် သျှမ်းမြောက် လားရှိုးမြို့နယ်တွင် အုပ်စုဖွဲ့ အကြမ်းဖက်လုယက်မှုများ၊ ပစ္စည်းခိုးယူခံရမှု ပိုများလာကြောင်း ဒေသခံများထံ စုံစမ်းသိရသည်။လားရှိုးတွင် အုပ်စုဖွဲ့ကာ လမ်းသွားလမ်းလာများထံမှ တန်ဖိုးရှိပစ္စည်းများလုယူခြင်း၊ ဆိုင်ကယ်နှင့် ဖုန်းများအား လုယူခြင်း၊ နေအိမ်အတွင်း ဝင်ရောက်ခိုးယူမှုများ မကြာခဏ ဖြစ်ပေါ်နေသည့်အတွက် ဒေသခံများအတွက် လုံခြုံမှုအားနည်းနေကြောင်း သိရသည်။ " |
စိုက်ပျိုးပြုစုစားရိတ် မြင့်တက်လာမှုကြောင့် သျှမ်းတောင်သူဉီးကြီးများ အခက်တွေ့ Posted: 18 Aug 2021 04:21 AM PDT သြဂုတ် ၁၈ ရက် ၂၀၂၁မြေသြဇာစျေး၊ မျိုးစေ့စျေးများ၊ အလုပ်သမား ငှားခစျေးများ မြင့်တက်လာမှုကြောင့် သျှမ်းပြည် မြောက်ပိုင်း မိုင်းရယ် မြို့နယ်အတွင်းရှိ တောင်သူ လယ်သမားများ အခက်တွေ့နေကြောင်း သိရသည်။ တောင်သူ လယ်သမားများ အစိုက်များသည့် ပြောင်းဖူး၊ မြေပဲ နှင့် စပါး မျိုးစေ့စျေးမှာ ယခင်နှစ်ထက် နှစ်ဆ မြင့်တက်နေပြီး အလုပ်သမား ငှားရမ်းခလည်း မြင့်တက်လာသဖြင့် တောင်သူ လယ်သမားများမှာ လယ်ယာစိုက်ပျိုးရေးခေတ္တ |
စစ်ကောင်စီသီးသန့်သုံး မဟာဓါတ်အားလိုင်း တာဝိုင် ၂ ခုကို ဖယ်ခုံ PDF ဖြိုချ Posted: 18 Aug 2021 04:16 AM PDT အကြမ်းဖက်မှုကိုလုပ်ဆောင်နေတဲ့ စစ်ကောင်စီရဲ့ယန္တာရားလည်ပတ်မှုကို ဟန့်တားဆောင်ရွက်နိုင်ရန်အတွက် ဖယ်ခုံမြို့နယ်နဲ့ ပင်လောင်းမြို့နယ်ကြား လွယ်ဟွဲကျေးရွာအနီးရှိ လောပိတ အမှတ်(၃) စက်ရုံမှ နေပြည်တော်သို့ သွယ်တန်းထားတဲ့ စစ်ကောင်စီ သီးသန့်သုံး မဟာဓါတ်အားလိုင်း တာဝါတိုင် ၂ခုကို ဖယ်ခုံ PDFမှ မိုင်းခွဲဖျက်စီး ဖြိုချခဲ့ကြောင်း ဩဂုတ်လ ၁၇ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။အဆိုပါ တာဝါတိုင်း ၂ခုမှာ လောပိတမှနေပြည်တော်၊ |
Posted: 18 Aug 2021 04:13 AM PDT ၁၈ ဩဂုတ် ၂၀၂၁မည်သို့သော အခြေအနေမျိုးမှာမဆို ပြည်သူလူထုနှင့် အဆက်အသွယ်မပြတ်ရှိနေစေရန်နှင့် အမျိုးသားညီညွတ်ရေးအစိုးရ၏ အရေးကြီးသော သတင်းအချက်အလက်များကို အချိန်နှင့်တပြေးညီ ပြည်သူသို့ အသိပေးနိုင်ရန်အတွက် Radio ထုတ်လွှင့်ရန် ပြင်ဆင်ဆောင်ရွက်လျက်ရှိရာ မကြာမီ အချိန်တွင် စမ်းသပ်ထုတ်လွှင့်သွားမည်ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။Radio NUG အစီအစဉ်ကို ဩဂုတ်လ ၂၀ ရက်နေ့ မနက် ၈ နာရီတစ်ကြိမ် ည ၈ နာရီတစ်ကြိမ် |
Posted: 18 Aug 2021 04:10 AM PDT ကြောင်ရေချိုးတယ်ဆိုတာ ဘာလဲ သိကြတယ်ဟုတ် … အလုပ်မရှိ အလုပ်ရှာ … ပြီးတော့ ကိုယ့်ကိစ္စ ကိုယ်မရှင်းဘဲ ရေမကြိုက်တဲ့ ကြောင်ကို အလကားနေရင်း ပြဿနာရှာတဲ့သဘောပေါ့။ အခုလဲ အောင်နေမျိုးတစ်ယောက် ကြောင်ရေချိုးနေပြန်ပါပြီ။ ဘယ်တုန်းက ဘယ်သူပြောခဲ့မှန်းမသိပေမယ့် ယုံကြည်နေခဲ့တဲ့ စကားထဲကလို မိုးကြီး ရွာစေချင်လို့ပဲလားတော့မသိ … အနာရှိတဲ့သူတွေကတော့စပ်ကြမှာ ကွက်တိပါပဲ။ ကျူးလိပေါင် သတင်းစဉ်ပါ သရော်စာ "တပ်ပျက်လုလု ဖိုးတက် |
ပြည်သူတွေကိုကာကွယ်ဖို့ တိုက်ပွဲဝင်မယ့်ရက်ကို NUG က မကြာမီဆုံးဖြတ်မည် Posted: 17 Aug 2021 09:43 AM PDT ပြည်သူတွေကိုကာကွယ်ဖို့ တိုက်ပွဲဝင်မယ့်ရက်ကို NUG က မကြာမီဆုံးဖြတ်မည် မင်းကင်း pdf တပ်ဖွဲ့ဝင်တွေကို တွေ့ရစဉ် / Photo: CJပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ် ကာကွယ်ဖို့ တိုက်ပွဲဝင်မယ့်ရက်ကို အမျိုးသားညီညွတ်ရေး အစိုးရအဖွဲ့ NUG အစည်းအဝေးမှာ ဆုံးဖြတ်သွားမယ်လို့ (NUG) က ဩဂုတ်လ ၁၇ ရက် ဒီနေ့ ပုံမှန်အစည်းအဝေးမှာ ထည့်သွင်းဆွေးနွေးခဲ့ပါတယ်။နေ့တိုင်းလိုလို သတ်ဖြတ်ခံနေရတဲ့ ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို |
ရွှေဘိုမြို့နယ်ထဲက ရွာတချို့ကို စစ်ကောင်စီနဲ့ ပျူစောထီးတို့ ဝင်ရောက်စီးနင်းထား Posted: 17 Aug 2021 09:41 AM PDT ရွှေဘိုမြို့နယ်ထဲက ရွာတချို့ကို စစ်ကောင်စီနဲ့ ပျူစောထီးတို့ ဝင်ရောက်စီးနင်းထား စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်က ကျေးရွာတစ်ရွာမှာ ၂၀၂၁၊ ဇူလိုင် ၂၇ ရက်နေ့က စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြခဲ့စဉ်Photo: Citizen Journalistစစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်ထဲက ပလိုင်း၊ ဂုန်တန်၊ ကန်သာ စတဲ့ ရွာတွေကို စစ်ကောင်စီတပ်တွေနဲ့ ပျူစောထီး အဖွဲ့ဝင်တွေက ဝင်ရောက်စီးနင်းထားပြီး ရွာသားတချို့ကိုလည်း ဖမ်းဆီးထားတယ်လို့ |
Posted: 17 Aug 2021 09:27 AM PDT 17 August 2021 - Kachinwavesဝိုင်းမော်မြို့နယ် လမြန်ကျေးရွာတွင် ယနေ့ သြဂုတ်လ ၁၇ရက်နေ့ ၁၂နာရီခွဲအချိန်တွင် ကျေးရွာအတွင်း စစ်ကောင်စီစစ်သားများ ယာယီစခန်းလာချပြီး လမ်းသွားလမ်းလာပြည်သူများ၏ လက်ကိုင်ဖုန်းများကို စစ်ဆေးနေကြောင်း သိရသည်။လမြန်ကျေးရွာအတွင်း နေရာ ၃နေရာတွင် စစ်ကောင်စီစစ်သားများ စခန်းချထားကြောင်း သိရသည်။ စစ်ကောင်စီစစ်သားများသည် ဖုန်းများကိုယာယီဂိတ်ထိုင် စစ်ဆေးပြီးနောက် နန့်ဇော်ကျေးရွာ |
အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စု၏ လက်အောက်ခံတပ်ဖွဲ့မှ ပြည်သူလူထုကို ထိခိုက်နာကျင်အောင်ပြုလုပ် Posted: 17 Aug 2021 09:25 AM PDT ၁၇ ရက် သြဂုတ်လ ၂၀၂၁ ခုနှစ် သူးလေသတင်းစဥ်။၂၀၂၁ ခုနှစ် သြဂုတ်လ ၁၅ ရက်နေ့ နံနက် ၈း၃၀ မိနစ်အချိန်တွင် ကေအဲန်ယူ မူတြော်ခရိုင် ဒွယ်လိုးမြို့နယ် မထောအုပ်စု မထောကျေးရွာအတွင်းမှ တပ်စွဲထားသော အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စုလက်အောက်ခံ ( စကခ - ၈ ခမရ ၄၀၇ မှ တပ်ရင်းမှူး ကျော်မင်းထက် ဦးဆောင်သောတပ်ဖွဲ့ ) သည် လက်နက်ကြီးမြောက်များစွာကို ရမ်းသမ်းပစ်ခတ်သောကြောင့် ပြည်သူလူထု၏ လုပ်ငန်းခွင်အတွင်းသို့ ၈ လုံးကျသည့်အပြင် |
Posted: 17 Aug 2021 09:21 AM PDT အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၁၀၀ ခန့်ဟာ ဖလမ်းမြို့နယ် တီာလ်(Taal)ကျေးရွာတွင် ၅ ရက်ကြာတပ်စွဲစခန်းချရာ အိမ်တွေအပြင်ဘုရားကျောင်းပါဝင်ရောက်ဖျက်ဆီးပြီး ရွာထဲကကြက်ဝက်တွေအကုန်လုံးသတ်ဖြတ်စားသောက်သွားတယ်လို့ ဒေသခံတွေက သတင်းပို့လာပါတယ်။တီာလ်ကျေးရွာဟာ ဖလမ်းမြို့ကနေ ၁၅ မိုင်လောက်ဝေးပြီး ဖလမ်း-ဟားခါးလမ်းပေါ်မှာရှိပါတယ်။ဒေသခံတစ်ဦးက "သူတို့က ဘုရားကျောင်းထဲမှာကြိုက်သလိုဝင်ေနကြတယ်ထင်တယ်။ ဘုရားကျောင်းထဲက |
စလင်းမြို့က စစ်ကောင်စီရဲ့ စစ်ဆေးရေးဂိတ် ဗုံးပေါက်ကွဲလို့ ရဲတဦးသေ ၂ ဦးဒဏ်ရာရ Posted: 17 Aug 2021 09:19 AM PDT စလင်း၊ ဩဂုတ် ၁၇၊ ၂၀၂၁။မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့ အားကစားကွင်းရှေ့မှာရှိတဲ့ စစ်ကောင်စီရဲ့ စစ်ဆေးရေးဂိတ်မှာ ဒီကနေ့ မနက် ၁၀ နာရီခန့်က ချိန်ကိုက်ဗုံးပေါက်ကွဲခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။"ရဲတဦးသေပြီး ၂ ယောက်ဒဏ်ရာရတယ်လို့ ပြောတယ်။ လောလောဆယ် သွားမကြည့်ရသေးဘူး" လို့ အနီးနားနေထိုင်သူတဦးက ပြောပါတယ်။ပေါက်ကွဲမှုဖြစ်ပြီး မကြာခင် စစ်ကောင်စီတပ်တွေက ရှင်းလင်းရေးတွေ လုပ်ဆောင်နေပြီး လမ်းသွားလမ်းလာ |
Posted: 17 Aug 2021 09:16 AM PDT အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ ပုံမှန်အစည်းအဝေး (၁၉/၂၀၂၁) ကို ကျင်းပပြုလုပ်ခဲ့တဲ့သတင်းတိုင်းရင်းသားကျန်းမာရေး အဖွဲ့အစည်းတွေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရတို့ပူးပေါင်းပြီး အမျိုးသားကျန်းမာရေး ကော်မတီဖွဲ့စည်းတယ်ခဲ့တဲ့သတင်းကရင်နီပြည်တပ်မတော်(KA)ရဲ့ တပ်မတော်နေ့အခမ်းအနားကို ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP) ဌာနချုပ်နဲ့ KA တပ်ရင်းနယ်မြေတွေမှာ ကျင်းပခဲ့တဲ့ သတင်းတွေကို နားဆင်ကြရမှာဖြစ်ပါတယ်။National |
You are subscribed to email updates from THIT HTOO LWIN (Daily News). To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google, 1600 Amphitheatre Parkway, Mountain View, CA 94043, United States |
No comments:
Post a Comment
5
Note: Only a member of this blog may post a comment.