သစ္ထူးလြင္ |
- ဦးကျော်မိုးထွန်းကို တိုက်ခိုက်ဖို့ ပူးပေါင်း ကြံစည်မှုနဲ့ မြန်မာ ၂ ယောက်ကို FBI ဖမ်းဆီး အမှုဖွင့်ထားပြီ
- မြန်မာစစ်အာဏာပိုင်တွေကို ဖိအားပေးဖို့ ARF အဖွဲ့ဝင်တွေကို ကန်နိုင်ငံခြားရေးဝန်ကြီး တိုက်တွန်း
- မြန်မာသံအမတ်ကြီးကို တိုက်ခိုက်ဖို့ ကြံစည်သူအဖြစ် မသင်္ကာသူ မြန်မာ ၂ ဦး ဖမ်းဆီးခံရ
- သံအမတ်ကြီး ဦးကျော်မိုးထွန်းကို လုပ်ကြံဖို့ ကြံစည်တဲ့ မြန်မာ နှစ်ဦးကို ဖမ်းမိ
- စစ်ရှောင်စခန်းတွေမှာ ကိုဗစ်ကူးစက်မှုတွေ ရှိလာ
- အာဆီယံအထူးကိုယ်စားလှယ် ခန့်အပ်မှုအပေါ် အရပ်ဘက်အဖွဲ့အစည်းတွေ ပယ်ချ
- မြန်မာပြည်အတွက် ၆ လအတွင်းစားနပ်ရိက္ခာရန်ပုံငွေ ဒေါ်လာ ၈၆ သန်းလိုအပ် WFP သတိပေး
- စစ်ကောင်စီဥက္ကဋ္ဌ ပြောဆိုချက်ကို ထောက်ခံတဲ့အထဲ 'ဝ' ပါတီ မပါကြောင်း ငြင်းဆို
- ရန်ကုန်မှာ ဗုံးသုံးလုံး ပေါက်ကွဲ
- ဒေါက်တာဇော်မြင့်မောင် ကျန်းမာရေးအခြေအနေစိုးရိမ်ရ
- ကျောက်မဲ ညဘက် ပစ္စည်းလုယက်မှုများ မကြာခဏဖြစ်နေ
- သျှမ်းတောင် PDF စခန်း ကို Drone ဖြင့်ထောက်လှမ်းသည့် စစ်ကောင်စီ တပ်သားတစ်ဦး ပစ်ခတ်ခံရပြီး သေဆုံး
- မင်းတုန်းမှာ ရေကြီးရေလျှံဖြစ်လို့ ရိတ်သိမ်းခါနီး နှမ်းတွေ ဧကရာချီ ဆုံးရှုံး
- တောင်တွင်းကြီးမှာ စစ်သားတဦး အရက်မူးပြီး ဆေးသွားဝယ်တဲ့ ပြည်သူတဦးကို သေနတ်နဲ့ပစ်
- နန်းဖဲတွင် အကြမ်းဖက် စကစ တပ်ဖွဲ့ဝင်များ ဝင်ရောက် သောင်းကျန်း၊ ပစ္စည်းနဲ့ငွေများကို ဓားပြတိုက် လုယူ
Posted: 06 Aug 2021 06:28 PM PDT စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ပြီး CRPH ရဲ့ စာကို ဖတ်ကြားခဲ့တဲ့ ဦးကျော်မိုးထွန်းစစ်အာဏာသိမ်းမှုကို လက်မခံတဲ့ ကုလသမဂ္ဂဆိုင်ရာ မြန်မာ အမြဲတမ်း ကိုယ်စားလှယ် ဦးကျော်မိုးထွန်းကို ထိခိုက်နာကျင်အောင် အကြမ်းဖက် တိုက်ခိုက်ဖို့ ပူးပေါင်းကြံစည်မှုနဲ့ မြန်မာနိုင်ငံသား နှစ်ယောက်ကို ပုဒ်မတပ် အရေးယူထားတယ် ဆိုပြီး အမေရိကန် ပြည်ထောင်စု၊ နယူးယောက် တောင်ပိုင်းဒီစတြိတ် အစိုးရရှေ့နေရုံးက ထုတ်ပြန်ပါတယ်။ဖြိုးဟိန်းထွဋ် ၂၈ |
မြန်မာစစ်အာဏာပိုင်တွေကို ဖိအားပေးဖို့ ARF အဖွဲ့ဝင်တွေကို ကန်နိုင်ငံခြားရေးဝန်ကြီး တိုက်တွန်း Posted: 06 Aug 2021 06:26 PM PDT အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinkenမြန်မာနိုင်ငံမှာ ဒီမိုကရေစီအစိုးရအုပ်ချုပ်မှု ပြန်ရအောင် ကြိုးပမ်းနေတဲ့ ပြည်သူတွေကို ကူညီပံ့ပိုးပေးဖို့နဲ့ မြန်မာနိုင်ငံတွင်း အကြမ်းဖက်မှုတွေ ရပ်သွားစေဖို့အတွက် လက်ရှိအာဏာသိမ်းထားတဲ့စစ်တပ်ကို အာဆီယံဒေသတွင်း ARF (ASEAN Regional Forum) အဖွဲ့ဝင် နိုင်ငံတွေက ဖိအားပေးကြဖို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken က ၂၈ ကြိမ်မြောက် ARF နိုင်ငံခြားရေး |
မြန်မာသံအမတ်ကြီးကို တိုက်ခိုက်ဖို့ ကြံစည်သူအဖြစ် မသင်္ကာသူ မြန်မာ ၂ ဦး ဖမ်းဆီးခံရ Posted: 06 Aug 2021 06:25 PM PDT ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းကို လုပ်ကြံဖို့ ကြံစည်မှု စွပ်စွဲချက်နဲ့ နယူးယောက်မြို့က မြန်မာနိုင်ငံသား ၂ ဦးကို အမေရိကန် အာဏာပိုင်တွေ ဖမ်းဆီးအရေးယူ ထားပါတယ်။ မြန်မာနိုင်ငံသားတွေ ဖြစ်ကြတဲ့ အသက် ၂၈ နှစ်အရွယ် ဖြိုးဟိန်းထွဋ် နဲ့ အသက် ၂၀ အရွယ် ရဲဟိန်းဇော် တို့ ၂ ဦးကို သံအမတ်ကြီးကို လုပ်ကြံဖို့ ပူးပေါင်းကြံစည်မှုနဲ့ ဖမ်းဆီးလိုက်တဲ့အကြောင်း နယူးယောက် တောင်ပိုင်းခရိုင်တရားသူကြီး၊ အမေရိ |
သံအမတ်ကြီး ဦးကျော်မိုးထွန်းကို လုပ်ကြံဖို့ ကြံစည်တဲ့ မြန်မာ နှစ်ဦးကို ဖမ်းမိ Posted: 06 Aug 2021 06:23 PM PDT ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းကို လုပ်ကြံသတ်ဖြတ်ဖို့ ကြံစည်တဲ့ မြန်မာနိုင်ငံသားနှစ်ဦးကို ဖမ်းဆီးလိုက်ပြီလို့ အမေရိကန် တရားရေးဝန်ကြီးဌာန လက်အောက်ခံ နယူးယောက်မြို့ တောင်ပိုင်းခရိုင် ရှေ့နေချုပ်ရုံးက သြဂုတ်လ ၆ ရက်နေ့စွဲနဲ့ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။အသက် ၂၈ နှစ်အရွယ် ဖြိုးဟိန်းထွဋ်နဲ့ အသက် ၂၀ အရွယ် ရဲဟိန်းဇော် အမည်ရှိ မြန်မာနှစ်ဦးကို သံအမတ်ကြီး ဦးကျော်မိုးထွန်းကို တိုက်ခိုက်ဖို့ |
စစ်ရှောင်စခန်းတွေမှာ ကိုဗစ်ကူးစက်မှုတွေ ရှိလာ Posted: 06 Aug 2021 10:22 AM PDT ကချင်ပြည်နယ်တွင်း စစ်ရှောင်စခန်းတခုအာဏာသိမ်းစစ်ကောင်စီတပ်တွေနဲ့ဖြစ်နေတဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ရှောင်စခန်းတွေမှာ ကိုဗစ်ကူးစက်မှုတွေ စတင်တွေ့လာရပြီလို့ ဒေသခံတွေက ပြောပါတယ်။တိုက်ပွဲတွေပြင်းထန်နေတဲ့ ချင်း၊ ကချင်၊ ကယားနဲ့ စစ်ကိုင်းတိုင်းဒေသအတွင်းက စစ်ရှောင်စခန်းတွေမှာ ကိုဗစ်အတည်ပြုလူနာတွေ တွေ့ရှိနေတာဖြစ်ပြီး မင်းတပ်မြို့မှာ တခြားဒေသကို စစ်ရှောင်သွားရင်း ပိုးကူးစက်လာသူတဦး |
အာဆီယံအထူးကိုယ်စားလှယ် ခန့်အပ်မှုအပေါ် အရပ်ဘက်အဖွဲ့အစည်းတွေ ပယ်ချ Posted: 06 Aug 2021 10:21 AM PDT မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်အဖြစ် ဘရူးနိုင်း နိုင်ငံခြားရေး၀န်ကြီး ၂ အာရ၀မ် ယူဆွဖ်ကို ခန့်အပ်လိုက်တဲ့ အာဆီယံရဲ့ ဆုံးဖြတ်ချက်ကို မြန်မာအခြေစိုက် အရပ်ဘက်အဖွဲ့အစည်း ၄၁၃ ဖွဲ့က ပယ်ချလိုက်ပါတယ်။ဒီခန့်အပ်မှုကို အာဏာသိမ်းစစ်တပ်ကသာ အဓိက ခွင့်ပြုပေးခဲ့တာဖြစ်ပြီး အမျိုးသား ညီညွတ်ရေးအစိုးရ၊ ပြည်သူ့အာဏာဖီဆန်မှု စီဒီအမ်လုပ်ရှားမှုမှာ ပါ၀င်နေကြသူတွေအပါအ၀င် ဒီမိုကရေစီအရေးလိုလားတဲ့သူတွေ၊ အရပ်ဘက် |
မြန်မာပြည်အတွက် ၆ လအတွင်းစားနပ်ရိက္ခာရန်ပုံငွေ ဒေါ်လာ ၈၆ သန်းလိုအပ် WFP သတိပေး Posted: 06 Aug 2021 10:07 AM PDT မြန်မာနိုင်ငံမှာ နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့ COVID-19 တကျော့ပြန်ကူးစက်မှုတွေ ဆိုးဆိုးရွားရွား ရင်ဆိုင်နေရချိန်မှာပဲ စားနပ်ရိက္ခာ အကူအညီလိုအပ်နေတဲ့ သန်းနဲ့ ချီတဲ့ မြန်မာပြည်သူတွေကို ကူညီထောက်ပံ့ဖို့ လာမယ့် ၆ လအတွင်း ရန်ပုံငွေ မလုံမလောက် ဖြစ်လာနိုင်တယ်လို့ ကမ္ဘာ့ စားနပ်ရိက္ခာအဖွဲ့ (WFP) က ဒီကနေ့ သတိပေးလိုက်ပါတယ်။စစ်တပ်အာဏာသိမ်းခဲ့တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ကစလို့ နိုင်ငံတွင်း မတည်ငြိမ် မှုတွေနဲ့ ကိုဗ |
စစ်ကောင်စီဥက္ကဋ္ဌ ပြောဆိုချက်ကို ထောက်ခံတဲ့အထဲ 'ဝ' ပါတီ မပါကြောင်း ငြင်းဆို Posted: 06 Aug 2021 10:05 AM PDT စစ်ကောင်စီဥက္ကဋ္ဌ ပြောဆိုချက်ကို ထောက်ခံတဲ့အထဲ 'ဝ' ပါတီ မပါကြောင်း ငြင်းဆို "ဝ" ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပန်ဆန်းမြို့ တစ်နေရာကို ၂၀၁၉၊ ဧပြီ ၁၄ ရက်နေ့က တွေ့ရစဉ် / Photo: RFAစစ်ကောင်စီက ရွေးကောက်ပွဲအသစ် ပြန်ကျင်းပပေးမယ့်အပေါ် ဝမ်းမြောက်ဝမ်းသာ ကြိုဆိုကြောင်း နိုင်ငံရေးပါတီ ၂၈ ပါတီရဲ့ ပူးတွဲကြေညာချက်မှာ 'ဝ' အမျိုးသားပါတီ ဥက္ကဋ္ဌ ဦးဆိုင်ပေါင်းနပ် ပါဝင်လက်မှတ်ထိုးခဲ့တဲ့ လုပ်ရပ်ဟာ ပါတီနဲ့ မ |
ရန်ကုန်မှာ ဗုံးသုံးလုံး ပေါက်ကွဲ Posted: 06 Aug 2021 10:04 AM PDT ရန်ကုန်မှာ ဗုံးသုံးလုံး ပေါက်ကွဲ ရန်ကုန်မြို့၊ လမ်းမတော်မြို့နယ်၊ ဘုန်းကြီးလမ်းနဲ့ မဟာဗန္ဓုလလမ်းထောင့်မှာရှိတဲ့ ယာဉ်ထိန်းရုံးအနီး ၂၀၂၁၊ သြဂုတ် ၆ ရက်နေ့က ပေါက်ကွဲမှု ဖြစ်ပွားစဥ် / Photo: Citizen Journalistရန်ကုန်မြို့၊ ကြည့်မြင်တိုင်မြို့နယ်၊ ဗိုလ်သူရလမ်းပေါ်မှာရှိတဲ့ အထွေထွေအုပ်ချုပ်ရေးရုံးအနီးမှာ ဒီနေ့ ဩဂုတ်လ ၆ ရက်နေ့ ညနေ ၃ နာရီဝန်းကျင်က ပေါက်ကွဲမှု နှစ်ကြိမ်ဖြစ်ခဲ့သလို ညနေ ၄ နာရီ ၁၈ မိနစ် လောက် |
ဒေါက်တာဇော်မြင့်မောင် ကျန်းမာရေးအခြေအနေစိုးရိမ်ရ Posted: 06 Aug 2021 09:58 AM PDT (၆ ဩဂုတ် ၂၀၂၁)မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် ကျန်းမာရေးအခြေအနေဆိုးဝါးလာလို့ အိုးဘိုအကျဉ်းထောင်ဆေးရုံကနေ အပြင်တနေရာကို ခေါ်ဆောင်သွားကြောင်း ထောင်နဲ့နီးစပ်သူတွေက ပြောပါတယ်။ ကင်ဆာဝေဒနာခံစားနေရတဲ့ ဒေါက်တာဇော်မြင့်မောင်ဟာ ကင်ဆာဆေး ပုံမှန်သွင်းခွင့်မရသလို ထောင်တွင်း ကိုဗစ်ကူးစက်ခံနေရတယ်လို့လည်း အိုးဘိုထောင်နဲ့နီးစပ်သူတွေကပြောပါတယ်။နေပြည်တော်အကျဉ်းဦးစီးဌာနက အရာရှိတဦးကတော့ ဒေါက်တာဇော်မြ |
ကျောက်မဲ ညဘက် ပစ္စည်းလုယက်မှုများ မကြာခဏဖြစ်နေ Posted: 06 Aug 2021 09:56 AM PDT သျှမ်းသံတော်ဆင့် ၊ သြဂုတ် ၆ ဇူလိုင်လက စပြီး ကျောက်မဲမြို့ပေါ်တွင် ပစ္စည်းလုယက်မှုများ မကြာခဏ ဖြစ်ပေါ်နေကြောင်း ဒေသခံများထံမှ စုံစမ်းသိရသည်။ "ညပိုင်း လူပြတ်တဲ့နေရာတွေမှာ စကစတွေလား၊ ရဲတွေလားဆိုတာတော့ သေခြာမသိဘူး၊ သူ့တို့ပုံစံတွေလိုလုပ်ပြီး သွားလာတဲ့လူတွေကို ဟန့်တားပြီး အနုကြမ်းစီး ပစ္စည်းလုတာတွေ ရှိတယ်" ဟု ကျောက်မဲမြို့မှ ဒေသခံက ပြောသည်။ ဇူလိုင်လမှ စတင်ပြီး ယခုချိန်ထိ အဆိုပါ လုပ်ရပ်မျိုး (၃)ကြိမ် |
သျှမ်းတောင် PDF စခန်း ကို Drone ဖြင့်ထောက်လှမ်းသည့် စစ်ကောင်စီ တပ်သားတစ်ဦး ပစ်ခတ်ခံရပြီး သေဆုံး Posted: 06 Aug 2021 09:54 AM PDT သျှမ်းပြည် တောင်ပိုင်းရှိ PDF စခန်းတစ်ခုကို ယနေ့ (သြဂုတ် ၆) ရက် တွင် Drone ဖြင့် ထောက်လှမ်းသော စစ်ကောင်စီ တပ်သားကို PDF တပ်ဖွဲ့ဝင်များက လိုက်လံ ပစ်ခတ်ခဲ့ပြီး၊ စစ်ကောင်စီ တပ်သားသေဆုံးသွားကြောင်းသိရသည်။အဆိုပါသေဆုံးသွားသည့် စစ်ကောင်စီ တပ်ဖွဲ့ ခမရ ၅၁၆ တပ်သားတစ်ဦးဖြစ်ကြောင်း ၊ သေနတ်ထိမှန်ခဲ့ကာ သွေးထွက်လွန် သေဆုံးသွားကြောင်း PDF (Southern Shan State Generations) အဖွဲ့က သတင်းထုတ်ပြန်ထားသည်။ " စခ ပါ |
မင်းတုန်းမှာ ရေကြီးရေလျှံဖြစ်လို့ ရိတ်သိမ်းခါနီး နှမ်းတွေ ဧကရာချီ ဆုံးရှုံး Posted: 06 Aug 2021 09:50 AM PDT မင်းတုန်း၊ ဩဂုတ် ၆၊ ၂၀၂၁။မကွေးတိုင်း၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ် တောင်ခြမ်းမှာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လွှာချောင်း၊ ပဲမြောက်ချောင်းတို့ ရေကြီးရေလျှံဖြစ်ကာ ရိတ်သိမ်းခါနီး နှမ်းတွေ ဧကရာချီ ရေနောက်မျောပါသွားတယ်လို့ ဒေသခံတွေကပြောပါတယ်။လူနေအိမ်တချို့လည်း ရေနစ်မြုပ်နေပြီး မဲဇလီရဲကင်းရဲတပ်ဖွဲ့နဲ့ မီးသတ်တပ်ဖွဲ့ခွဲတို့က ကူညီမှုတွေလုပ်ဆောင်ပေး နေရတယ်လို့ သိရပါတယ်။"မိုးသည်းတာရော ချောက်တကာ့ချောက် |
တောင်တွင်းကြီးမှာ စစ်သားတဦး အရက်မူးပြီး ဆေးသွားဝယ်တဲ့ ပြည်သူတဦးကို သေနတ်နဲ့ပစ် Posted: 06 Aug 2021 09:48 AM PDT တောင်တွင်းကြီး၊ ဩဂုတ် ၆၊ ၂၀၂၁။မကွေးတိုင်း၊ တောင်တွင်းကြီးမြို့မှာ စစ်သားတဦး အရက်မူပြီး ပြည်သူတဦးကို အကြောင်းမဲ့သေနတ်နဲ့ ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။"ပညာရေးမှူးရုံးရှေ့ ဝါးတားဂိတ်မှာ မနေ့က ညနေ ၄ နာရီလောက်က ပြည်သူတဦးကဆေးဝယ်ဖို့သွားချင်တာကို အဲ့စစ်သားက မသွားရဘူးလို့တားတယ်။ ဆေးဝယ်သွားမယ့်သူက ဝင်ထွက်ကဒ်လည်းပါတယ်။ တကယ်လည်းဆေးသွားဝယ်မှာပါလို့ ရှင်းပြနေတာကို သူပြောတာနားမထောင်ရကောင်းလားဆိုပြီး |
နန်းဖဲတွင် အကြမ်းဖက် စကစ တပ်ဖွဲ့ဝင်များ ဝင်ရောက် သောင်းကျန်း၊ ပစ္စည်းနဲ့ငွေများကို ဓားပြတိုက် လုယူ Posted: 06 Aug 2021 09:46 AM PDT ဓါတ်ပုံ - KNDFကရင်နီပြည် ဘော်လခဲမြို့နယ် နန်းဖဲကျေးရွာအတွင်းကို အကြမ်းဖက်စစ်ကောင်စီတပ်များက ယမန်နေ့ သြဂုတ်လ ၃ ရက်နေ့ ညနေ ၄ နရီဝန်းကျင်တွင် နန်းဖဲကျေးရွာအတွင်း လက်နက်ငယ်များဖြင့် လူနေအိမ်များနှင့် ဆိုင်များကို ရမ်းတမ်းပစ်ခတ်ကာ ဆိုင်အတွင်းရှိ ပစ္စည်းများနှင့် ငွေများကို ဓားမြတိုက် လုယူခဲ့ကြောင်း KNDF က ထုတ်ပြန်ထားသည်။အကြမ်းဖက် စစ်ကောင်စီတပ်နှင့် KA+KNDF ပူးပေါင်းတပ်ဖွဲ့တို့ ယမန်နေ့က ဖရူဆို |
You are subscribed to email updates from THIT HTOO LWIN (Daily News). To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google, 1600 Amphitheatre Parkway, Mountain View, CA 94043, United States |
No comments:
Post a Comment
5
Note: Only a member of this blog may post a comment.