Saturday, November 27, 2021

သစ်ထူးလွင်

သစ်ထူးလွင်


ဖာပွန်မြို့နယ်၊ မထောကျေးရွာအနီးရှိ စစ်ကောင်စီ၏ ယာယီတပ်စခန်းကို KNLA ဝင်တိုက်၊ စစ်ကောင်စီတပ်သားများ စခန်းစွန့်ခွာ ထွက်ပြေးသွား

Posted: 27 Nov 2021 05:48 AM PST

နိုဝင်ဘာ ၂၇ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်၊ မထောကျေးရွာအနီးရှိ အကြမ်းဖက်စစ်ကောင်စီတပ်၏ ယာယီစခန်းတစ်ခုကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA က နိုဝင်ဘာလ ၂၇ ရက် ယနေ့နံနက် ၅ နာရီခန့်တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သားတချို့ကို ဖမ်းမိထားကာ အချို့မှာ စခန်းစွန့်ခွာ ထွက်ပြေးသွားကြောင်း သတင်းရရှိသည်။"အဲဒီစခန်းက ယာယီစခန်းပဲ၊ စခန်းကြီးမဟုတ်ဘူး။ ဒီမနက် KNLA က သွားပစ်တယ်၊ စစ်ကောင်စီတပ်သားတွေ

ကျိုင်းတုံမြို့ရှိ မိုင်းရှာတပ်မှ ဒုတပ်ကြပ်တစ်ဦး သေနတ်ဖြင့် ပစ်ခတ်သေဆုံး

Posted: 27 Nov 2021 05:40 AM PST

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တြိဂံတိုင်းစစ်ဌာနချုပ် လက်အောက်ခံ မိုင်းရှာတပ်ဖြစ်သည့် စအရ(၉၁၃)မှ တပ်ဖွဲ့ဝင်တစ်ဦး  သေနတ်ဖြင့် ပစ်ခတ်သေဆုံးမှု ၂၀၂၁ခုနှစ် နိုဝင်ဘာလ(၂၆)ရက်နေ့ ညက ဖြစ်ပွားခဲ့ကြောင်း သိရသည်။သေဆုံးသူမှာ  တြိဂံတိုင်းစစ်ဌာနချုပ် လက်အောက်ခံ အမှတ်(၉၁၃)စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်း(BE)မှ ဒုတပ်ကြပ်လှမောင်သိန်းဆိုသူဖြစ်ကြောင်း သိရပြီး ၎င်းသည် နောင်နွန်းဂိတ်တွင် သေဆုံးခြင်း ဖြစ်သည်ဟု သိရသည်။"ရင်ဝမှာ 

ရန်ကုန်မြို့လယ်​လမ်းအချို့ကို အကြမ်းဖက်စစ်ကောင်စီက မျဥ်းဝါတား၍ ပိတ်ဆို့ထား

Posted: 27 Nov 2021 05:37 AM PST

ဓာတ်ပုံ - CJရန်ကုန်မြို့လယ်ရှိ လမ်းအချို့ကို အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များက အင်အားအများအပြားဖြင့် မျဥ်းဝါများတား၍ ယနေ့ (နိုဝင်ဘာ ၂၆ ရက်) မွန်းလွဲ ၂ နာရီကျော်က စတင်၍ ပိတ်ဆို့ထားကြောင်း ဒေသခံများက ပြောသည်။လမ်းမတော်၊ သံစျေး၊ လသာ၊ ပုဇွန်တောင်၊ ပန်းဆိုးတန်း၊ ကမ်းနားလမ်း၊ အနော်ရထာလမ်း၊ မဟာဗန္ဓုလမ်း၊ ဆူးလေဘုရားလမ်း နှင့် ဗန္ဓုလတံတား အပါအဝင် မြို့လယ်ရှိ လမ်းများကို စစ်ကောင်စီက မျဥ်းဝါများ၊ သံဆူးကြိုး

ရမည်းသင်း MAB ဘဏ်ဓားပြမှု ဒု-မန်နေဂျာ အမျိုးသမီးနှင့် ဘဏ်ဝန်ထမ်းများ အပါအဝင် ရှစ်ဦးကို စကစ ဖမ်း၊ဓားပြတိုက်ခံရသော ငွေသားများပါ ပြန်ရဟုဆို

Posted: 27 Nov 2021 05:35 AM PST

ဘဏ်ဓားပြမှုဖြင့် စွပ်စွဲဖမ်းဆီးခံရသူများ/ Photo - ပေးပို့MFP ၊ နိုဝင်ဘာ - ၂၇မန္တလေးတိုင်း ရမည်းသင်းမြို့ရှိ မြန်မာ့ရှေ့ဆောင်ဘဏ် (MAB) ဓားပြတိုက်ခံရမှုနှင့် ပတ်သက်၍ ဘဏ်ဒုတိယ မန်နေဂျာ အမျိုးသမီးနှင့် ဘဏ်ဝန်ထမ်းများ အပါအဝင် လူရှစ်ဦးကို စစ်ကောင်စီ လက်နက်ကိုင်များက နိုဝင်ဘာ(၂၆)ရက် ညပိုင်းတွင် ဖမ်းဆီးခဲ့ကြောင်း ဒေသခံများက MFP သို့ ပြောသည်။ယမန်နေ့ နိုဝင်ဘာ(၂၆)ရက် နေ့လည်ပိုင်းက ရမည်းသင်းမြို့လယ်ရှိ MAB

မန္တလေး ကုန်းစိမ်းစျေးအနီး ကမ်းနားလမ်းပေါ်တွင် ပေါက်ကွဲမှုဖြစ်၊ စစ်အုပ်စုက ရမ်းကားပစ်ခတ်သဖြင့် ပြည်သူ နှစ်ဦး သေနတ်မှန် ဒဏ်ရာရ

Posted: 27 Nov 2021 05:34 AM PST

ပြီးခဲ့သည့် ရက်ပိုင်းက ကမ်းနားလမ်း ကျူးကျော်အိမ်များကို စစ်အုပ်စုက အင်အားသုံး ဖယ်ရှားခဲ့စဉ်/Photo – CJနိုဝင်ဘာ - ၂၇မန္တလေးမြို့ မဟာအောင်မြေမြို့နယ် ၄၁ လမ်း ကုန်စိမ်းစျေးနှင့် ပေါ်တော်မူဘုရားအနီး ကမ်းနားလမ်းပေါ်တွင် ယနေ့ နေပလည် (၁၂)နာရီကျော်အချိန်က ပေါက်ကွဲမှု တစ်ခု ဖြစ်ပွားခဲ့ပြီး ယင်းနောက် စစ်ကောင်စီ လက်နက်ကိုင်များက လမ်းသွားလမ်းလာများကို ရမ်းကားပစ်ခတ်ခဲ့သဖြင့် အရပ်သားပြည်သူ နှစ်ဦး သေနတ်ထိမှန်

NonCDMအချို့ရှိ​နေ​သောက​လေးပညာ​ရေးမှူးရုံးမီး​လောင်

Posted: 27 Nov 2021 05:32 AM PST

Non CDM ဝန်ထမ်းအချို့ရှိနေသည့် ကလေးမြို့  မြို့နယ်ပညာရေးမှုးရုံးသည် ယနေ့ နံနက်မီးလောင်ပျက်စီးသွား​ကြောင်း ဒေသခံများကပြောသည်။  ကလေးမြို့ တောင်ဇလပ်နယ်​​မြ(၇ )ရှိ  မြို့နယ်ပညာရေးမှုးရုံးသည် နံနက်ရှစ်နာရီခန့်ကစတင်ကာ မီးလောင်ခဲ့ခြင်းဖြစ်သည်။  မီးထိန်းနိုင်ခြင်းမရှိခဲ့ဘဲ အဆောက်အဦတစ်ခုလုံး ပျက်စီးသွားခဲ့သည်ဟု ဒေသခံများကပြောသည်။  "မီးဘာကြောင့်လောင်တယ်တော့ မသိဘူး။Non CDM တွေတော့ရုံးမှာ ရှိတယ်။ ကလေးတွေ(

ယော​ဒေသတွင် အကြမ်းဖက်စစ်​ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်​ရေးပူး​​ပေါင်းတပ်တို့ တစ်ပတ်အတွင်း တိုက်ပွဲသုံးကြိမ်ဖြစ်၊ စစ်​ကောင်စီတပ်သား ၅၀ခန့်​သေဟု ​ယော PDFထုတ်ပြန်

Posted: 27 Nov 2021 05:29 AM PST

ယောဒေသတွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များနှင့် အကြမ်းဖက်စစ်ကောင်စီတပ်တို့ တစ်ပတ်အတွင်း တိုက်ပွဲသုံးကြိမ်ဖြစ်ပွားကာ စစ်ကောင်စီတပ်သား ၅၀ ဦးခန့်သေဆုံးပြီ PDFတပ်သား တစ်ဦးကျဆုံးခဲ့ကြောင်း Yaw Defense Forceက ယနေ့ (နိုဝင်ဘာ ၂၇ ရက်)ထုတ်ပြန် သည်။နိုဝင်ဘာ ၁၉ရက်တွင် YDF (Saw&Kyaukhtu) ၊ CDF (Mindat)၊ CDF (Kanpetlet) ၊ PDF (Saw) အဖွဲ့ များနှင့် အကြမ်းဖက် စစ်​ကောင်စီတပ်တို့ တောမနှင့် ကျင်းလိန်ကျေးရွာအနီး

သူခိုးဆီကနေ မိထားတဲ့ ဆိုင်ကယ်တွေကို ရဲတပ်ဖွဲ့က ငွေ ၁ သိန်းနဲ့ ပြန်ရွေးခိုင်းနေ

Posted: 27 Nov 2021 05:27 AM PST

နို၀င်ဘာ ၂၇ ရက်၊ ကျောက်မဲပြီးခဲ့တဲ့ အောက်တိုဘာလထဲမှာ သူခိုးတွေဆီကနေ မိထားတဲ့ ရှမ်းမြောက် ကျောက်မဲမြို့နယ်ထဲက ဆိုင်ကယ်တွေကို စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့က တစ်စီးကို ငွေ ၁ သိန်းနဲ့ ပိုင်ရှင်တွေကို ပြန်ရွေးယူခိုင်းနေတယ်လို့ သိရပါတယ်။ဆိုင်ကယ် ခိုးနေသူတွေဟာ အမျိုးသားတွေ အဖွဲ့လိုက်နဲ့ဖြစ်ပြီး ရဲဘက်က ဆိုင်ကယ် (၁၇)စီး ပြန်မိထားတယ်လို့ ဆိုပါတယ်။ကျောက်မဲမြို့မှာ နေထိုင်တဲ့ အမျိုးသားတစ်ဦးက "ကျနော် ကြား

မန္တလေးတွင် အင်ဂျင်နီယာကျောင်းသားကို ဖမ်းမမိသော စစ်အုပ်စုက မိခင်ကို ဓားစာခံအဖြစ် ကြိုးတုပ်ဖမ်းဆီးကာ အိမ်ကို ချိတ်ပိတ်

Posted: 27 Nov 2021 05:26 AM PST

အာဏာသိမ်းပြီးနောက် စကစ၏ ဖမ်းဆီးချုပ်နှောင်ထားခြင်း ခံရသူ (၇၅၉၀)ကျော် ရှိလာနိုဝင်ဘာ - ၂၇မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်တွင် နိုဝင်ဘာ(၂၅)ရက်က အင်ဂျင်နီယာ ကျောင်းသားကို ဖမ်းမမိသော စစ်ကောင်စီ လက်နက်ကိုင်များက ကျောင်းသား၏ မိခင်နှင့် အသက်(၁၂)နှစ်အရွယ် ညီမငယ်တို့ကို ဓားစာခံအဖြစ် ကြိုးတုပ်ကာ ဖမ်းဆီးကာ အိမ်ကို ချိတ်ပိတ်ခဲ့သည်ဟု နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)က ထုတ်ပြန်သည်။ချမ်း

ရွှေဘိုနှင့် ခင်ဦးနယ်စပ်တွင် စကစများ မိုင်းဆွဲခံရ၊ နှစ်နာရီကြာ တိုက်ပွဲဖြစ်ပြီး စကစ (၁၀)ဦး သေကာ ငါးဦး ဒဏ်ရာရဟုဆို

Posted: 27 Nov 2021 05:25 AM PST

ရွှေဘိုခရိုင်အတွင်း စစ်ကောင်စီ ရဟတ်ယာဉ်များ ယနေ့ ပျံဝဲနေစဉ်/ Photo – ရေဦး မီဒီယာနိုဝင်ဘာ - ၂၇စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်နှင့် ခင်ဦးမြို့နယ်အစပ် အင်ကြင်းပင်ရွာအနီးတွင် ယနေ့ နိုဝင်ဘာ(၂၇)ရက်  နေ့လည်ပိုင်းက စစ်ကောင်စီ လက်နက်ကိုင်အုပ်စုကို ဒေသခံ တော်လှန်ရေး အင်အားစုများဖြစ်သော Fight For Freedom - FFF အဖွဲ့နှင့် ခင်ဦးမဟာမိတ် ညီအကိုများက  မိုင်းဆွဲတိုက်ခိုက်ပြီး နှစ်နာရီခန့်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ရာ

ကောက်သစ်စားပွဲအတွက် စပါးကြိတ်ပြီး ပြန်လာတဲ့ ကွတ်ခိုင်က ဒေသခံ ၃ ဦး ပစ်ခတ်ခံရပြီး ၁ ဦး သေဆုံး

Posted: 27 Nov 2021 05:19 AM PST

နိုဝင်ဘာ ၂၇ ရက်၊ ကွတ်ခိုင်ရှမ်းမြောက် ကွတ်ခိုင်မြို့နယ် နမ့်ကွတ်ရွာမှာ စပါးကြိတ်ပြီး ပြန်လာတဲ့ လူငယ် ၃ ဦး ပစ်ခတ်ခံရပြီး ဒဏ်ရာပြင်းထန်မှုကြောင့် ၁ ဦး သေဆုံးသွားတယ်လို့ သိရပါတယ်။ပစ်ခတ်ခံရသူ ၃ ဦးဟာ ကောင်းလိမ်ကျေးရွာခံဖြစ်ပြီး နိုဝင်ဘာ ၂၅ ရက် ညနေ ၆ နာရီမှာ ကောက်သစ်စားပွဲ လုပ်ဖို့အတွက် နမ့်ကွတ်ရွာမှာ စပါးသွားကြိတ်ခဲ့တာပဲ ဖြစ်ပါတယ်။နမ့်ကွတ်ရွာခံတစ်ဦးက "အရင်တုန်းက မဖြစ်ဖူးဘူး။ မေးတော့လည်း သူတို့ မသိဘူး

မကွေးတိုင်း ရေစကြိုကနေ မအူကျေးရွာသို့ ထွက်ခွာလာတဲ့ စစ်ကောင်စီ စက်လှေမော်တော် ၅ စီးကို မြင်းခြံအင်အားစု တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ခိုက်ရာ ၄ ဦး သေဆုံး

Posted: 27 Nov 2021 05:17 AM PST

ဓာတ်ပုံ- နှလုံးလှ လူမိုက်ကြီးများအဖွဲ့နိုဝင်ဘာ ၂၇ ရက်မကွေးတိုင်း ရေစကြိုကနေ မအူကျေးရွာသို့ ထွက်ခွာလာတဲ့ စစ်ကောင်စီ စက်လှေမော်တော် ၅ စီးကို မြင်းခြံအင်အားစု တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ခိုက်ရာ ၄ ဦး သေဆုံးခဲ့ပါတယ်။စစ်ကောင်စီ စက်လှေကို နှလုံးလှလူမိုက်ကြီးများအဖွဲ့၊ MGN Ranger, Burmese Guerrilla Force-BGF, PDF Taloke, MGN Tiger နဲ့ မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနဲ့ လုံခြုံရေးအဖွဲ့ (CDSOM)၊ မြင်းမူ

တော်လှန်ကျန်းမာအနာဂတ်ကမ္ဘာ ထိုင်းရောက် တို့မြန်မာ ရန်ပုံငွေရှာဖွေခြင်း ဖွင့်ပွဲအခမ်းအနား

Posted: 27 Nov 2021 05:13 AM PST

တော်လှန်ကျန်းမာအနာဂတ်ကမ္ဘာ ထိုင်းရောက် တို့မြန်မာ ရန်ပုံငွေရှာဖွေခြင်း ဖွင့်ပွဲအခမ်းအနားPublic Voice Television 

ကိုဗစ်မျိုးကွဲသစ်ကြောင့် အမေရိကန်၊ ကနေဒါနဲ့ EU ခရီးသွား ကန့်သတ်ချက်တွေထုတ်ပြန်

Posted: 26 Nov 2021 04:27 PM PST

 တောင်အာဖရိကနိုင်ငံမှာ ကူးစက်မြန် ကိုဗစ်ရောဂါပိုးသစ်ဖြစ်တဲ့ Omicron အိုမီခရန် တွေ့ရှိရပြီးတဲ့နောက်၊ အမေရိကန်၊ ကနေဒါနဲ့ ဥရောပသမဂ္ဂ (EU) တို့က အာဖရိကတိုက် နိုင်ငံတွေနဲ့ အသွားအလာတွေကို ကန့်သတ်လိုက်ကြောင်း သောကြာနေ့မှာ ကြေညာလိုက်ပါတယ်။ခရီးသွားတွေ ကန့်သတ်လိုက်တဲ့ နိုင်ငံတွေကတော့ တောင်အာဖရိက၊ ဘော်စဝါနာ၊ ဇင်ဘာဘွေ၊ နမီးဘီးယား၊ လီဆူတို၊ အက်စဝါတီနီ၊ မိုဇမ်ဘစ် နဲ့ မာလာဝီ နိုင်ငံတွေဖြစ်ပါတယ်။ အမေရိကန်

ကိုဗစ် မျိုးကွဲသစ်တွေ့ရှိမှုကြောင့် နိုင်ငံတချို့ နယ်စပ်တွေပိတ်

Posted: 26 Nov 2021 04:25 PM PST

ဟိသရိုးလေဆိပ် ဆိုက်ရောက်နေရာတောင်အာဖရိကနိုင်ငံမှာ ကိုဗစ်မျိုးကွဲသစ် အခုသီတင်းပတ်အစောပိုင်းမှာ တွေ့ရတာကြောင့် ခရီးသွားလာခွင့်တင်းကျပ်တဲ့နိုင်ငံတွေ ပိုတိုးလာပါတယ်။ယူကေ၊ စင်ကာပူနဲ့ ဂျပန်တို့ဟာ တောင်အာဖရိကနဲ့ အိမ်နီးချင်းနိုင်ငံတွေက လာတဲ့ လေယာဥ်တွေကို တားမြစ်တာနဲ့ ပိုတင်းကျပ်တဲ့ ကွာရန်တင်းစည်းမျဥ်းတွေကို မြန်မြန်ဆန်ဆန် ချမှတ်လုပ်ဆောင်ခဲ့တဲ့ နိုင်ငံတွေထဲမှာ ပါဝင်ပါတယ်။ဥရောပသမဂ္ဂကတော့ အီးယူနိုင်ငံတွေ

တောင်အာဖရိကမှ စတင်တွေ့ရှိတဲ့ ကိုဗစ်မျိုးကွဲသစ် Omicron အဖြစ် WHO အမည်ပေ

Posted: 26 Nov 2021 04:22 PM PST

တောင်အာဖရိကမှာ စတင်တွေ့ရှိခဲ့တဲ့ ကိုဗစ်မျိုးကွဲသစ်ဟာ တခြားပိုးအမျိုးအစားတွေထက် ကူးစက်မှု မြန်ဆန်နိုင်တာကြောင့် အန္တရာယ်ရှိတဲ့ အမျိုးအစားအဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က သတ်မှတ်လိုက်ပါတယ်။"B.1.1.529 မျိုးကွဲကို စိုးရိမ်ရတဲ့ ပိုးအမျိုးအစားအဖြစ် သတ်မှတ်ပြီး၊ Omicron လို့ အမည်ပေးထားပါတယ်" လို့ WHO အရေးပေါ်အစီအစဉ်က နည်းပညာဆိုင်ရာအကြီးအကဲ Maria Van Kerkhove က သောကြာနေ့က ပြောဆိုလိုက်တာပါ။ကနဦး ရရှိတဲ့

စစ်ကောင်စီနဲ့ KNLA, KRF ပူးပေါင်းတပ်တို့ တိုက်ပွဲမှာ စစ်ကောင်စီဘက်က (၁၂)ဦး သေဆုံးပြီး (၁၀)ဦး ဒဏ်ရာရ

Posted: 26 Nov 2021 02:04 PM PST

နိုဝင်ဘာ ၂၆ ရက်၊ ကျိုက်ထိုမွန်ပြည်နယ် ကျိုက်ထိုမြို့မှာ စစ်ကောင်စီတပ်ကို ကရင်တပ်မတော် (KNU/KNLA)နဲ့ ကျိုက်ထို တော်လှန်ရေးအင်အားစု (KRF) ပူးပေါင်းတပ်တို့ တိုက်ခိုက်ရာ စစ်တပ်ဘက်က (၁၂)ဦး သေဆုံးခဲ့ပါတယ်။စစ်ကောင်စီဘက်က သေဆုံးသူအပြင် (၁၀)ဦး ဒဏ်ရာရခဲ့တယ်လို့ KRF က ဒီနေ့ညနေမှာ ထုတ်ပြန်လာပါတယ်။ကျိုက်ထိုမြို့နယ် မုပ္ပလင်ရွာ တောရကျောင်းကွေ့အနီး မနေ့ နိုဝင်ဘာ ၂၅ ရက် နေ့လယ်က တိုက်ပွဲမှာ (၁၀)ဦး သေဆုံးပြီး ၆

စစ်တပ်ထံ လက်နက်အပ်ခဲ့သူ ဗိုလ်မှူးကြီးစောဆန်းအောင်အား DKBA ၏ ဗျူဟာမှူးတာဝန် ပေးအပ်

Posted: 26 Nov 2021 01:54 PM PST

နိုဝင်ဘာ ၂၆ရက်၊ ၂၀၂၁ခုနှစ်။ ပြီးခဲ့သည့်နှစ်က စစ်တပ်ထံ လက်နက်အပ်ခဲ့သူ ယခင် တိုးတက်သောဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော်(DKBA) ဗိုလ်မှူးကြီးဟောင်းစောဆန်းအောင်ကို လက်ရှိ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA)၏ အခြေချစစ်ဗျူဟာ မှူးတာဝန်ကို ပေးအပ်ခဲ့ကြောင်း DKBA ဘက်က အတည်ပြု ပြောဆိုသည်။၂၀၂၀ခုနှစ်၊ မတ်လ ၁၂ရက်နေ့က စစ်တပ်ထံ လက်နက်အလက် ၂၀ အပ်နှံကာ တပ်ဖွဲ့ဝင် ၁၃ဦးဖြင့် ပြန်လည်ဝင် ရောက်ခဲ့သူ ဗိုလ်မှူးကြီးစော

မြန်မာပဋိပက္ခ ပိုပြင်းထန်လာနိုင်ခြေ အမေရိကန်အပါ ၇ နိုင်ငံ စိုးရိမ်နေ

Posted: 26 Nov 2021 01:49 PM PST

မြန်မာနိုင်ငံမှာ အကြမ်းဖက်လုပ်ရပ်တွေနဲ့ ရက်စက်တဲ့ သတ်ဖြတ်မှုတွေ ထပ်ဖြစ်လာနိုင်ခြေအပေါ် စိုးရိမ်တယ်လို့ အမေရိကန်အပါအဝင် နိုင်ငံ ၇ နိုင်ငံက ပြောကြပါတယ်။သြစတြေးလျ၊ ကနေဒါ၊ နယူးဇီလန်၊ နော်ဝေး၊ တောင်ကိုရီးယား၊ ဗြိတိန်နဲ့ အမေရိကန်တို့ရဲ့ ဒီကနေ့ ပူးတွဲထုတ်ပြန်ချက်ထဲမှာ အဲဒီလိုဖော်ပြထားတာပါ။စစ်ကောင်စီထိန်းချုပ်မှုအောက်မှာရှိတဲ့ လုံခြုံရေးတပ်ဖွဲ့တွေအနေနဲ့ နိုင်ငံတဝန်း အကြမ်းဖက်လုပ်ရပ်တွေကို ချက်ခြင်း

မြသိန်းတန်ဘုရားအနီး ပိတ်မိ​နေ​သော PDF တပ်ဖွဲ့ဝင် ၄၅ဦးအား ​အောင်မြင်စွာကယ်ထုတ်နိုင်

Posted: 26 Nov 2021 05:59 AM PST

ကနီမြို့နယ် ချောင်းဝကြီးရွာအနီး မြသိန်းတန်ဘုရားတစ်ဝိုက်တွင် ပိတ်မိနေသည့် PDFတပ်ဖွဲ့ဝင် ၄၅ဦး ကို အောင်မြင်စွာကယ်ထုတ်နိုင်ခဲ့သည်ဟု Kani PDF (KLG)က ယနေ့ (နိုဝင်ဘာ ၂၆ ရက်)တွင် ထုတ်ပြန်သည်။ နိုဝင်ဘာ ၂၅ ရက် နေ့လည် ၁၂ နာရီက ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်ကို ခုခံကာကွယ်နေသည့် KLG တပ်ဖွဲ့ဝင်များမှာခုခံကာကွယ်ခဲ့ပြီးနောက် စစ်တပ်၏ ပိတ်ဆို့မှုကို ခံခဲ့ရသည်။ ထို့နောက် ကနီမြို့နယ်ဒေသတွင်းမဟာမိတ်အဖွဲ့များ

မတူပီ-ပလက်၀လမ်း ကင်းစခန်းကို ချင်းပူးပေါင်းတပ်ဖွဲ့ တိုက်ခိုက်ရာ စစ်ကောင်စီတပ်မှ နှစ်ဦးသေ

Posted: 26 Nov 2021 05:57 AM PST

ချင်းပြည်နယ် မတူပီ မြို့နှင့် ပလက်၀မြို့အကြားရှိ စစ်ကောင်စီတပ်ဖွဲ့၏ ကင်းစခန်းကို ချင်းလက်နက်ကိုင်ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့၍ စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦးသေဆုံးခဲ့သည်ဟု မတူပီ ချင်းကာကွယ် ရေးတပ်ဖွဲ့(CDF)က ထုတ်ပြန်သည်။နိုဝင်ဘာ ၂၅ရက်က မတူပီ-ပလက်၀ လမ်းပေါ် အခြေစိုက်ထားသည့် ခမရ (၃၀၄) တပ်၏ ကင်းစခန်းသည်  ခရီးသွားပြည်သူများအား  ခြိမ်းခြောက်စစ်ဆေးခြင်း၊ အကြောင်းမဲ့မတရား ဖမ်းဆီးနှိပ်စက်ခြင်းများ

စစ်ကောင်စီသတင်းပေးဟုဆိုသူ ဒီးမော့ဆိုမြို့နယ် ဒု-ပညာရေးမှူးကို KDF ဖမ်းဆီး

Posted: 26 Nov 2021 05:48 AM PST

ကရင်နီပြည်နယ်၊ ဒီမောဆိုမြို့နယ်၊ ငွေတောင်ကျေးရွာအုပ်စုမှ စစ်ကောင်စီသတင်းပေး ( အများက ဒလန်ဟု) သတ်မှတ်ထားသော စစ်ကောင်စီလက်ထက် ဒီးမော့ဆိုမြို့နယ် ဒု-ပညာရေးမှူးဖြစ်သူ ဒေါ်ခင်မေစိုး ကို ကရင်နီဒီမိုကရက်တစ်တပ်ဦး KDF မှ ယမန်နေ့ နိုဝင်ဘာလ ၂၅ ရက်နေ့ နေ့လည်ပိုင်းမှာ ဖမ်းဆီးခဲ့တယ်လို့   KDF မှ တာဝန်ရှိသူတစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကို အတည်ပြုပြောကြားပါတယ်။ " အဓိကကတော့ အဲ့ဒီပတ်ဝန်းကျင်မှာ ရှိတဲ့ ရွာတွေက သူက

မန္တလေး မြန်မာ့စီးပွားရေးဘဏ် ဘဏ်ခွဲ (၂) ဗုံးပစ်ခံရ

Posted: 26 Nov 2021 05:39 AM PST

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ် ၈၃ လမ်း နှင့် ၂၄ လမ်းထောင့်ရှိ မြန်မာ့စီးပွားရေးဘဏ် ဘဏ်ခွဲ(၂) ကို ယနေ့ (နိုဝင်ဘာ ၂၆) နံနက် ၈ နာရီဝန်းကျင်က ဗုံးဖြင့် လာရောက်ပစ်သွားခဲ့ကြောင်း ဒေသခံများ၏ပြောပြချက်အရ သိရသည်။" ဆိုင်ကယ်နဲ့ လူတစ်ယောက် ဘဏ် ၂ ကို ဗုံးနဲ့ လာပစ်တာ။ လူတွေထိခိုက်မှု မရှိဘူးလို့ သိရတယ်။ ဘယ်အဖွဲ့က လုပ်မှန်းတော့ မသိပါဘူး " ဟု မြို့ခံတစ်ဦးက ပြောသည်။ပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် အကြမ်းဖက်စစ်

စကစ နှစ်ဦး အသတ်ခံရပြီးနောက် ပုလဲနယ် ကြောင်ဝင်ဒူး ကျေးရွာကို စစ်ကောင်စီက မီးရှို့၊ ရဟန်းတစ်ပါးကိုလည်း ထိုးကြိတ်ခဲ့ဟုဆို

Posted: 26 Nov 2021 05:33 AM PST

MFP ၊ နိုဝင်ဘာ - ၂၆ စစ်ကိုင်းတိုင်း ပုလဲမြို့နယ် ကြောင်ဝင်ဒူးကျေးရွာအနီးတွင် နိုဝင်ဘာလ (၂၅)ရက်နေ့က စစ်ကောင်စီအဖွဲ့ဝင် နှစ်ဦး အသတ်ခံရပြီးနောက် ကျေးရွာကို မီးရှို့ကာ ရွာဦးဘုန်းတော်ကြီးကျောင်းမျ မသန်စွမ်း ရဟန်းတစ်ပါးကိုလည်း ဝိုင်းဝန်းထိုးကြိတ်ခဲ့ကြောင်း ဒေသခံများက ပြောဆိုသည်။ "ခြေထောက်က သိပ်မသန်ဘူး။ အဲဒီဦးဇင်းက၊ မျက်နှာတွေလည်း ကန်ပြီး ဝိုင်းထိုးကြိတ်ခဲ့တာ။ ဘာဖြစ်လို့ ထုတာလဲတော့ မသိဘူး။ ဦးဇင်းကျောင်း

ရမည်းသင်း MAB ဘဏ် ဓားပြတိုက်ခံရ၊ သိန်း ၁၀၀၀ ကျော် ပါသွားဟု ဆို

Posted: 26 Nov 2021 05:29 AM PST

မန္တလေးတိုင်း၊ ရမည်းသင်း မြို့လယ်ရှိ မြန်မာ ရှေ့ဆောင်ဘဏ် ( MABဘဏ်) သည် ယနေ့ နိုဝင်ဘာ ၂၆ ရက် မွန်းလွဲပိုင်းတွင် ဓားပြတိုက်ခံရကြောင်း ဒေသခံများထံမှတဆင့် သိရသည်။ဖြစ်စဉ်မှာ ရန်ကုန်-မန္တလေး လမ်းမဘေး ရမည်းသင်းမြို့လယ် နာရီစင် အနောက်ဘက် မြို့လယ်ခေါင်တွင် ရှိသည့် MAB ဘဏ်ကို ယနေ့ နေ့လည် ၁ နာရီခွဲဝန်းကျင်တွင် အမည်မသိ လူ ၂ ဦးမှ လက်နက်များကိုင်ဆောင်၍ ဓားပြတိုက်ခဲ့ပြီး ဘဏ်ရှိ ငွေကျပ်သိန်း ၁၀၀၀ ကျော်ကို

No comments:

Post a Comment

5

Note: Only a member of this blog may post a comment.