Wednesday, December 1, 2021

သစ်ထူးလွင်

သစ်ထူးလွင်


ပေါက်နယ်တွင် စစ်ကောင်စီတပ် မိုင်းဖြင့်တိုက်ခိုက်ခံရ၍ ၂၆ဦးထက်မနည်းသေဟု ပြောက်ကျားတပ်ဖွဲ့ ထုတ်ပြန်

Posted: 01 Dec 2021 03:06 AM PST

ပေါက်မြို့နယ်အတွင်းသို့ စစ်ဆင်ရေးလုပ်ဆောင်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို နိုဝင်ဘာ ၂၉ရက်နှင့် ဒီဇင်ဘာ ၁ရက်တွင် မိုင်းဖြင့်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၆ဦးထက်မနည်းသေဆုံးခဲ့သည်ဟု ပေါက်မြို့နယ်တောင်ပိုင်း ပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန် သည်။နိုဝင်ဘာ ၂၉ရက်က ပေါက်မြို့နယ်တောင်ပိုင်း သက္ကယ်ကျင်းရွာအနီးနင့် ကျောက်အိုးရွာအနီးတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်၁၈ဦး သေဆုံးပြီး

ကလေးမြို့နယ်၊ လယ်ခြားကျေးရွာကို စစ်တပ်က ဝင်‌ရောက်စီးနင်းပြီး ပြည်သူပိုင်အိမ်များကို မီးရှို့

Posted: 01 Dec 2021 03:04 AM PST

ဂန့်ဂေါ ဒီဇင်ဘာ ၁ယနေ့ ဒီဇင်ဘာလ ၁ရက် မနက်က ကလေးမြို့နယ်တောင်ပိုင်း လယ်ခြားကျေးရွာရှိ နေအိမ် ၈ လုံးထက်မနည်းကို စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀ ကျော်က  ဝင်ရောက်မီးရှို့ဖျက်ဆီးသွားကြောင်း သိရပါတယ်။ " ကျေးရွာများသို့ ဝင်ရောက်မီးရှို့ဖျက်ဆီးနေသော စစ်ကောင်စီစစ်ကြောင်းတွင် တပ်မ ၂၂ လက်မောင်းတံဆိပ်ကို တွေ့ရကြောင်း၊ အဆိုပါစစ်ကောင်စီစစ်ကြောင်းသည် နိုဝင်ဘာလ ၂၉ ရက်တွင် ရေရှင်ကျေးရွာရှိ နေအိမ် ၁၅ လုံး၊ နိုဝင်ဘာ ၃၀ ရက်

တန့်ဆည်မြို့ အထက ၁ ကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို MDF Taze Tiger အဖွဲ့မှ မိုင်းဆွဲတိုက်ခိုက်၊ စစ်သား ၄ယောက်သေဆုံး

Posted: 01 Dec 2021 02:59 AM PST

ဇေယျာတိုင်း၊ ဒီဇင်ဘာ ၁စစ်ကိုင်းတိုင်း တန့်ဆည်မြို့ အ.ထ.က (၁) ကျောင်းအတွင်း တပ်စွဲနေရာယူထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကို ဒီနေ့ ဒီဇင်ဘာလ ၁ရက် နံနက် ၇နာရီ ၅၇ မိနစ်မှာ MDF Taze Tiger အဖွဲ့မှ တိုက်ခိုက်ခဲ့တာဖြစ်ပြီး ကျောင်းအတွင်း လူနာတင်ကားတွေ ရှုပ်နေတာကြောင့် ဒဏ်ရာရသူအရေအတွက်ကိုတော့ မသိရသေးဘူးလို့ Area 21 ကထုတ်ပြန်သည်။MDF Taze Tiger အဖွဲ့ဟာ တန့်ဆည်ဒေသတွင်းမှာ ရွပ်ရွပ်ချွံချွံတိုက်ပွဲဝင်နေတဲ့

မကွေးတိုင်းက ရွာတွေမှာ စစ်ကောင်စီက အဓမ္မစစ်သားစုဆောင်းနေလို့ ဒေသခံတွေစိုးရိမ်

Posted: 01 Dec 2021 02:55 AM PST

မကွေး၊ ဒီဇင်ဘာ ၁၊ ၂၀၂၁။မကွေးတိုင်း၊ သရက်ခရိုင်၊ ကံမမြို့နယ်က ‌ကျေးရွာတချို့မှာ စစ်ကောင်စီက အတင်းအဓမ္မ စစ်သားစုဆောင်းနေလို့ ဒေသခံတွေ စိုးရိမ်နေကြတယ်လို့ သိရပါတယ်။ရွာအကြီးအသေးပေါ်မူတည်ပြီး ရွာတစ်ရွာကို ၅ယောက်ကနေ အယောက်၂၀ အထိ‌ပေးရမယ်လို့ ကျေးရွာအုပ်ချုပ်ရေမှူးတွေကို ဖိအားပေးပြီး တပ်သားစုဆောင်းနေတာဖြစ်တယ်လို့ဒေသခံတွေက ပြောပါတယ်။"ထောက်ပို့အတွက်သုံးဖို့လို့ပြောတယ် လူသားဒိုင်းဖြစ်သွားနိုင်တယ်၊ ဘယ်သူမှမ

တန့်ဆည် အထက ၁ ကျောင်းမှာ တပ်စွဲထားတဲ့ စစ်သားတွေ ဗုံးခွဲခံရ

Posted: 01 Dec 2021 02:54 AM PST

 စစ်ကိုင်းတိုင်း တန့်ဆည်မြို့ပေါ် အ.ထ.က (၁) ကျောင်းဝန်းထဲမှာတပ်စွဲထားတဲ့ စစ်ကောင်စီ တပ်သားတွေကို ဒီဇင်ဘာလ ၁ ရက် ဒီနေ့မနက် ၈ နာရီ လောက်က မိုင်းခွဲ တိုက်ခိုက်ခဲ့တာကြောင့် စစ်သား လေးယောက် သေဆုံးသွားတယ်လို့ တန့်ဆည်တိုက်ဂါးအဖွဲ့  (MDF Taze Tiger) အဖွဲ့က ထုတ်ပြန်ပါ တယ်။အဲဒီကျောင်းမှာ ကျောင်းတက်မယ့်သူတွေ မရှိဘဲ စစ်တပ်က တပ်စွဲထားကြတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ တန့်ဆည်မြို့ခံတစ်ဦးက RFA ကို ပြောပါတယ်

လှိုင်သာယာက ကျူးကျော်တွေ ဘူဒိုဇာနဲ့ ဖျက်ဆီးရှင်းလင်းခံရ

Posted: 01 Dec 2021 02:51 AM PST

ရန်ကုန်မြို့ လှိုင်သာယာမြို့နယ် ၁ ထိပ်ကနေ တပင်ရွှေထီးလမ်း တစ်ဝိုက်မှာရှိတဲ့ ကျုးကျော်တဲတွေကို စစ်သားနဲ့ ရဲ အင်အား ၅၀ လောက်ပါတဲ့ အဖွဲ့က ဘူဒိုဇာနဲ့ ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ဒီဇင်ဘာ ၁ ရက် ဒီနေ့ မနက် ၆ နာရီဝန်းကျင်ကစပြီး အဲဒီလမ်းတစ်ဝိုက်ကို ပိတ်ဆို့ကာ စစ်သားနဲ့ ရဲတွေက ကျုးကျော်အိမ်နဲ့ ဆိုင်တွေကို ဖျက်ဆီးသွားတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။"မနက်တစ်ပိုင်းကတော့ အတော်ဆိုးသွားပါတယ်။ ဖျက်နေ

သာကေတမြို့နယ်မှာ ဆယ်အိမ်မှူးတစ်ဦးပစ်ခတ်ခံရပြီးသေဆုံး

Posted: 01 Dec 2021 02:48 AM PST

ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ် ၆ရပ်ကွက်ထဲမှာ ဒီကနေ့ဒီဇင်ဘာ ၁ရက်နေ့မနက်ပိုင်းက စစ်ကောင်စီဆယ်အိမ်မှူး ကိုဝင်းကြိုင်ဆိုသူပစ်ခတ်ခံရပြီး သေဆုံးမှုဖြစ်ခဲ့တယ်လို့ အနီးအနားနေထိုင်သူတွေကပြောပါတယ်။သာကေမြို့နယ်အတွင်းက ဝေဇယန္တာ ၁၃ လမ်းထိပ်မှာရှိတဲ့ လက်ဖက်ရည်ဆိုင်အတွင်း ထိုင်နေစဉ်ပစ်ခတ်ခံခဲ့ရတာဖြစ်ပြီးနေရာမှာပဲသေဆုံးသွားတယ်လို့ အနီးအနားနေသူတွေကပြောပါတယ်။" မနက် ၈နာရီဝန်းကျင်လောက်ကဖြစ်တာပါ။ သူကဆယ်အိမ်မှူး

NLD အစိုးရလက်ထက် ကာကွယ်ဆေးထိုးလုပ်ငန်းဦးဆောင်သူ ညွှန်မှူးနဲ့ ညွှန်ချုပ်ကို စစ်ကောင်စီက အဂတိမှုနဲ့အမှုဖွင့်

Posted: 01 Dec 2021 02:46 AM PST

သမ္မတဦးဝင်းမြင့်အစိုးရလက်ထက် ကျန်းမာရေးဝန်ကြီးဌာနအောက်က ကာကွယ်ဆေးထိုးလုပ်ငန်းဦးဆောင်တဲ့ပြည်သူ့ကျန်းမာရေးဦးစီးဌာရဲ့ညွှန်ကြားရေးမှူး ဒေါက်တာထားထားလင်းနဲ့ ညွှန်ကြားရေးမှူးချုပ်ဟောင်းဒေါက်တာစိုးဦးတို့ကို အဂတိမှုနဲ့အမှုဖွင့်ထားတယ်ဆိုပြီး စစ်ကောင်စီဘက်က နိုဝင်ဘာလ ၃၀ ရက်မှာ သတင်းထုတ်ပြန်လိုက်ပါတယ်။WHO နဲ့ UNICEF တို့ကနေတဆင့် ပြည်သူ့ကျန်းမာရေးဌာန ငွေစာရင်းကို ထောက်ပံ့တဲ့ ကာကွယ်ဆေးထိုးနှံမှုကူညီငွေထဲက

ဘီးလင်းမှာ ဗုံးပေါက်ကွဲမှုကြောင့် လူ ၂ ဦးသေဆုံး

Posted: 01 Dec 2021 02:44 AM PST

ဘီးလင်း၊ ဒီဇင်ဘာ ၁ ဘီးလင်းမြို့၊ ကန်သာယာရပ်ကွက်၊ ဂျပန်ကုန်း အောင်ချမ်းသာအပိုင်းမှာ ဒီဇင်ဘာလ ၁ ရက်နေ့ မနက်အစောပိုင်းက ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီး ၂ ဦးသေဆုံးသွားတယ်လို့ သိရပါတယ်။ယနေ့ မနက် ၁ နာရီကျော်မှာ  အောင်ချမ်းသာပိုင်း ဝင်းဝင်းထွန်းထမင်းဆိုင်အနောက်ဘက်လမ်းမှာ ဗုံးပေါက်ကွဲမှုဖြစ် ပွားပြီး ဆိုင်ကယ်ဖြင့်လာတဲ့ အမျိုးသားတစ်ဦးနဲ့အမျိုးသမီးတစ်ဦး ထိခိုက်သေဆုံးခဲ့တယ်လို့ သိရပါတယ်။"ပေါက်ကွဲသံက အသံ

စစ်တပ်ရိက္ခာသယ်တဲ့ကား ဗုံးပစ်ခံရလို့ တစ်ဦးသေဆုံးပြီး (၇)ဦး ဒဏ်ရာရ

Posted: 01 Dec 2021 02:41 AM PST

ကျိုက်ထို၊ ဒီဇင်ဘာ ၁ကျိုက်ထိုမြို့နယ်၊ ဘိုက္ကားကျေးရွာ ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်မှာ ဒီဇင်ဘာလ ၁ ရက်နေ့ မနက်ပိုင်းက စစ်ကောင်စီရိက္ခာသယ်ကားတစ်စီး ဗုံးပစ်ထည့်ခံရတာကြောင့် တစ်ဦးသေဆုံးပြီး (၇)ဦး ဒဏ်ရာရတယ်လို့ သိရပါတယ်။ယနေ့ မနက်ပိုင်း ၉ နာရီခန့်မှာ ရိက္ခာသယ်ပြီး ပြန်လာတဲ့ စစ်ကောင်စီကားတစ်စီးကို အမည်မသိ လူတစ်စုက ဗုံးပစ်ထည့်ခဲ့တယ်လို့ သိရပါတယ်။စစ်ကားထဲ ဗုံးပစ်ထည့်ခံရတာကြောင့် ကားပေါ်ပါ စစ်ကောင်စီ

ပြည်ဈေးကြီးမှာ ကော်သေနတ်ပြပြီး လုယက်သူကို ဝိုင်းဝန်းဖမ်းဆီးရမိ

Posted: 01 Dec 2021 02:39 AM PST

ပြည်၊ ဒီဇင်ဘာ ၁၊ ၂၀၂၁။ပဲခူးတိုင်း‌၊ ပြည်မြို့၊ မြို့မဈေးကြီးက ရွှေဆိုင်ကို ကော်သေနတ်နဲ့ ခြိမ်းခြောက်ပြီး ပစ္စည်းလုယူသွားသူကို ဝိုင်းဝန်းဖမ်းဆီးခဲ့တယ်လို့ ဒေသခံတစ်ဦးဆီက သိရပါတယ်။ဒီနေ့မနက် ၈နာရီလောက်မှာ ပြည်ဈေးကြီးမှာရှိတဲ့ "တခိုင်လုံး"ရွှေဆိုင်ကို အမျိုးသားတစ်ဦးက သေနတ်ပြပြီး ‌ခြိမ်းခြောက်ခဲ့တာဖြစ်တယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။"လက်စွပ်ပြခိုင်းတာ သေနတ်နဲ့ချိန်ပြီးပစ်ထည့်လိုက်မယ်လို့​ပြောတယ် ဆိုင်ရှင်

ကနီမြို့နယ်မှာ ရှေ့ကင်းထွက်လာတဲ့ စစ်သား ၃ ဦး မိုင်းဆွဲတိုက်ခိုက်ခံရပြီး သေဆုံး

Posted: 01 Dec 2021 02:37 AM PST

ကနီ၊ ဒီဇင်ဘာ ၁၊ ၂၀၂၁။ ကနီမြို့နယ်အတွင်း ရှေ့ကင်းထွက်လာတဲ့ စစ်ကောင်စီတပ်သား ၃ ဦး မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၃ဦးစလုံးသေဆုံးခဲ့တယ်လို့  မင်းကင်းမြို့နယ်တောင်တွင်း PDF ဆီကသိရပါတယ်။ စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ နတ်ကြီးရွာနှင့် ချောင်းဝကြီးရွာအကြားမှာ နိုဝင်ဘာလ ၃၀ ရက် မနေ့ကနေ့လည် ၂ နာရီလောက်မှာ  Kani People Defense Force – KLGက  မိုင်းဆွဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ တောင်တွင်းPDF ဥက္ကဌက မြေလတ်အသံကို

Omicron ကိုဗစ်ပိုးသစ် နိုင်ငံ ၂၀ ခန့်မှာတွေ့ရှိ

Posted: 30 Nov 2021 07:11 PM PST

နယ်သာလန် လေဆိပ်မှာ Covid-19 စစ်ဖို့ စောင့်နေတဲ့ ခရီးသည်။ကိုဗစ်မျိုးကွဲသစ် Omicron ကို တောင်အာဖရိကမှာ တွေ့ရှိကြောင်း တရားဝင် အတည်မပြုခင်ကတည်းက အနောက်ဥရောပမှာ ရောက်ရှိနေပြီဖြစ်ကြောင်း အထောက်အထားသစ်တွေ ထွက်ပေါ်လာပါတယ်။နယ်သာလန်နိုင်ငံကို တောင်အာဖရိကကနေ လေကြောင်းက ရောက်လာတဲ့ ခရီးသည်တွေမှာ ရောဂါပိုးသစ် ကူးစက်မှု ပထမဆုံး အတည်ပြုခဲ့တဲ့ ပြီးခဲ့တဲ့ သောကြာနေ့ မတိုင်ခင် သီတင်းတပတ်တိတိစောတဲ့ နိုဝင်ဘာလ ၁၉ ရက်

ဒီပဲယင်း စစ်ဆင်ရေးအတွင်း မီးလောင်ဖျက်ဆီးခံရမှုတွေရှိ

Posted: 30 Nov 2021 07:06 PM PST

စစ်ကောင်စီက နယ်မြေရှင်းလင်းခဲ့တဲ့ ဒီပဲယင်းအရှေ့ခြမ်း ညောင်လှကျေးရွာမှာ ဒေသခံတွေရဲ့ ဆိုင်ကယ်တွေနဲ့ ဒုက္ခသည်တွေအတွက် လှူဒါန်းထားတဲ့ ပစ္စည်းတွေကို စစ်ကောင်စီတပ်တွေက မီးရှို့ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေကပြောပါတယ်။ မီးရှို့ပြီးနောက် စစ်ကောင်စီတပ်တွေ ကျေးရွာကနေ ထွက်သွားတဲ့အတွက် ဒေသခံအချို့က နေရပ်ပြန်ခဲ့ကြပေမဲ့ အများစုက ဒုက္ခသည် အဖြစ် တိမ်းရှောင်နေပါတယ်။ ဒီအကြောင်း ရန်ကုန်ကလာတဲ့ သတင်းကို ကိုရဲမွန် ကပြော

ကနီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သိန်း၂၀၀တန်ဖိုးရှိ သစ်တန် ၃၀ ကျော်ဖမ်းဆီး ရမိကြောင်းသိရ

Posted: 30 Nov 2021 06:44 PM PST

ဇေယျာတိုင်း၊ ဒီဇင်ဘာ ၁စစ်ကိုင်းတိုင်း ကနီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သိန်း၂၀၀တန်ဖိုးရှိ သစ်တန် ၃၀ ကျော်ကို ကား၄စီးနဲ့ ဖမ်းဆီးရမိကြောင်း သိရှိရသည်။"သဘာဝ ပတ်ဝန်းကျင်ကို ပျက်စီး​စေ​သော အရာနှင့် ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ရမှာ ကကျွန်တော်တို့ PDFတွေရဲ့တာဝန်ပါ။မြန်မာပြည်ရဲ့ သယံဇာတ ​တွေကလဲ ကျွန်​တော်တို့ရဲ့ အ​မွေအနှစ်​တွေပါ ​။ထို့အတွက်​ကြောင့် ​နောက်နောင် ယခုလိုသစ်ခိုးထုတ်ခြင်း

ဒီပဲယင်းမြို့နယ်တွင် စစ်​ကောင်စီတပ်မိုင်းဆွဲခံရပြီး ​သေဆုံးထိခိုက်မှုများနိုင်ဟု ဂဠုန်တပ်တော်ထုတ်ပြန်

Posted: 30 Nov 2021 06:30 PM PST

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်တွင် စစ်ကောင်စီ၏ ပွိုင့်တပ်စုတစ်ခုကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ထိခိုက်​သေဆုံးမှု များပြားနိုင်ကြောင်း ဒီပဲယင်းအခြေစိုက် ဂဠုန်တပ်တော်က ယ​နေ့ညတွင်သတင်းထုတ်ပြန်သည်။စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်အတွင်း၌ လှည့်လည်ထိုးစစ်ဆင်လျှက်ရှိသော စစ်ကောင်စီတပ်များကို ဂဠုန်တပ်တော်မှ ပြန်လည်စစ်ဆင်ရေးများ ပြုလုပ်လျက်ရှိရာ ယနေ့(နိုဝင်ဘာလ ၃၀ ရက် )မွန်းလွဲ ၂း ၂၀ ခန့်က ဂဠုန်တပ်တော်၏

မြစ်ကြီးနားမြို့ ပြည်နယ်တရားရုံးဝင်းအတွင်း အသံမိုင်းပေါက်ကွဲ

Posted: 30 Nov 2021 09:23 AM PST

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ဧရာရပ်ကွက်က ပြည်နယ်တရားလွှတ်တော်ရုံး ဝင်းအတွင်းမှာ ဒီနေ့ မနက်ခင်းက အသံမိုင်းတလုံးပေါက်ကွဲခဲ့ပါတယ်။ တနင်္လာနေ့ မနက်ပိုင်းကလည်း မိုးညှင်းမြို့နယ် အတွင်းမှာ စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရပါတယ်။ ရန်ကုန်က ပေးပို့လာတဲ့ ကချင်ပြည်နယ်က အခြေအနေကို ကိုငြိမ်းချမ်းက တင်ပြပေးထားပါတယ်။မြစ်ကြီးနားမြို့ ဧရာရပ်ကွက်မှာရှိတဲ့ ပြည်နယ်တရားလွှတ်တော်ဝင်းအတွင်း ဒီနေ့ နိုဝင်ဘာ

ရဟတ်ယာဥ် ငှားရမ်း၊ ဝယ်ယူမှုနဲ့ စပ်လျဥ်းပြီး ဒေါ်အောင်ဆန်းစုကြည်အပေါ် နောက်ထပ် အဂတိမှု တစ်မှုနဲ့ တရားစွဲဖို့ စစ်ကောင်စီ စီစဥ်နေ

Posted: 30 Nov 2021 09:21 AM PST

သဘာဝဘေးအန္တရာယ် ကာကွယ်ရေး လုပ်ငန်းတွေ ဆောင်ရွက်ဖို့ ရဟတ်ယာဥ် တစ်စီး ငှားရမ်း၊ ဝယ်ယူ အသုံးပြုခဲ့မှုနဲ့ စပ်လျဥ်းပြီး နိုင်ငံ‌တော်အတိုင်ပင်ခံပုဂ္ဂိုလ် ‌ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်နဲ့ ပြည်ထောင်စုဝန်ကြီး ‌ဒေါက်တာ ဝင်းမြတ်အေးတို့အ‌ပေါ် အဂတိလိုက်စားမှု ဥပ‌ဒေနဲ့ တရားစွဲဆို အရေးယူဖို့ စီစဥ်နေတယ်လို့ သိရပါတယ်။ဒေါက်တာ ဝင်းမြတ်အေးနဲ့ တာဝန်ရှိသူတွေအပေါ် အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပ‌ဒေနဲ့အညီ

ကလေးမြို့ ရေရှင်ရွာအရှေ့ဘက်ခြမ်းနဲ့အနီးနား ကျေးရွာအချို့ မှာ နေအိမ်နဲ့လယ်တဲတွေမီးရှို့ခံရ

Posted: 30 Nov 2021 09:18 AM PST

လေကြောင်းနဲ့ပစ်ခတ်ခံခဲ့ရတဲ့ ညောင်လှရွာဘက်မှာလည်း နေအိမ်နဲ့ဆိုင်ကယ်တွေမီးရှို့ခံရပစ်ခတ်မှုတွေ၊မိုင်းခွဲတိုက်ခိုက်မှုတွေရှိနေတဲ့ စစ်ကိုင်းတိုင်းထဲမှာ တိုက်ပွဲတွေကြောင့် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်ကြတဲ့နေရာတွေအထိ စစ်ကောင်စီတပ်တွေ က လိုက်လံစီးနင်းကာ လယ်တဲတွေကို မီးရှို့တာ၊ နေအိမ်တွေကိုမီးရှို့တာမျိုးတွေပါ ဆက်လုပ်နေတယ်လို့ မီးရှို့ခံရတဲ့ဒေသခံတွေက ဘီဘီစီကို ပြောပါတယ်။နိုဝင်ဘာ၂၉ ရက် က စစ်ကိုင်းတိုင်း၊

အမရပူရတွင် ရဲတပ်သားတစ်ဦးကို PDF များနှင့် ပူးပေါင်းပြီး စခန်းမှူးကို လုပ်ကြံရန် ကြံစည်ဟု စွပ်စွဲပြီး စစ်အုပ်စုက ဖမ်းဆီးထား

Posted: 30 Nov 2021 07:12 AM PST

နိုဝင်ဘာ - ၃၀မန္တလေးမြို့ အမရပူရမြို့နယ်တွင် တာဝန်ကျနေသော ရဲတပ်သားတစ် ဉီးကို PDF များနှင့် ပူးပေါင်းသည်ဟူသော စွပ်စွဲချက်ဖြင့် စစ်အုပ်စုက အချင်းချင်း ပြန်လည်ဖမ်းဆီးကာ အမှုဖွင့်ထားကြောင်း စစ်ကောင်စီ ရဲတပ်ဖွဲ့ အသိုင်းအဝိုင်းနှင့် နီးစပ်သော MFP ၏ သတင်းရင်းမြစ်များက ပြောသည်။အဆိုပါ ရဲတပ်သားသည် ၄င်းတာဝန်ကျနေသော ရဲစခန်းရှိ လက်နက်အင်အားနှင့် စခန်းမှူး သွားလာသည့် လမ်းကြောင်းများကို PDF ထံ သတင်းပေးသည်ဟူဟော

ဝေါမြို့က ဆန္ဒပြသူတစ်ဦး စစ်ကြောရေးက ဒဏ်ရာတွေကြောင့် သေဆုံး

Posted: 30 Nov 2021 07:05 AM PST

ဝေါမြို့က ဆန္ဒပြသူတစ်ဦး စစ်ကြောရေးက ဒဏ်ရာတွေကြောင့် သေဆုံး စစ်ကြောရေးမှာရခဲ့တဲ့ ဒဏ်ရာတွေကြောင့် သေဆုံးသွားတဲ့ ပဲခူးတိုင်း ဝေါမြို့နယ်က ကိုစိုင်းမွန်ဇော် ကို တွေ့ရစဉ်ပဲခူးတိုင်း ဝေါမြို့နယ်က စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြလှုပ်ရှားသူ ကိုစိုင်းမွန်ဇော်ဟာ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေရဲ့ စစ်ကြောရေးမှာရခဲ့တဲ့ ဒဏ်ရာတွေကြောင့် ဒီနေ့ ကွယ်လွန်ခဲ့တယ်လို့ မိသားစုနဲ့ နီးစပ်သူတွေ က ပြောပါတယ်။ကိုစိုင်းမွန်ဇော်ဟာ

မိတ္ထီလာ ဗကသဥက္ကဋ္ဌဟောင်း စစ်ကြောရေးမှာ ထိရောက်တဲ့ ဆေးကုခွင့်မရ

Posted: 30 Nov 2021 07:03 AM PST

မိတ္ထီလာ ဗကသဥက္ကဋ္ဌဟောင်း စစ်ကြောရေးမှာ ထိရောက်တဲ့ ဆေးကုခွင့်မရ ဖမ်းဆီးခံထားရတဲ့ မိတ္ထီလာတက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌဟောင်း မသဲစုနိုင် ကို တွေ့ရစဉ် / ဓာတ်ပုံ - မိတ္ထီလာတက္ကသိုလ်ကျောင်းသားများသမဂ္ဂဖမ်းဆီးခံထားရတဲ့ မိတ္ထီလာတက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌဟောင်း မသဲစုနိုင်ဟာ ခြေထောက် တစ်ဖက် ကျိုးနေပြီး စစ်ကြောရေးမှာ ထိရောက်တဲ့ ဆေးကုသခွင့်မရဘူးလို့ မိတ္ထီလာတက္ကသိုလ် ကျောင်းသားများ သမဂ္ဂ

တောင်ကြီးမြို့ အဝင်၊ အထွက်နေရာ စစ်ကောင်စီ လုံခြုံရေး တင်းကြပ်

Posted: 30 Nov 2021 07:00 AM PST

နိုဝင်ဘာ ၃၀သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့အဝင်၊ အထွက်တွင် စစ်ကောင်စီတပ်မှ လုံခြုံရေးတင်းကြပ်စွာ ဆောင်ရွက်နေကြောင်း စုံစမ်းသိရှိရသည်။စစ်ကောင်စီမှ လုံခြုံရေး တင်းကြပ်မှုသည် တောင်ကြီးမြို့သို့ ဝင်ရန်အတွက် ဟိုပုံးတိုးဂိတ်မှာ တစ်နေရာ၊ တောင်ကြီး (၄)မိုင်မှာ တစ်နေရာနှင့် ရှမ်းကွင်းသို့ သွားမည့် သူများလည်း ရှမ်းကွင်းအဝင်မှာ တစ်နေရာ စစ်ဆေးခြင်းများ ပြုလုပ်နေသည်။"တောင်ကြီးမြို့ပေါ် ရောက်ဖို့ မိနစ် (၃၀

သျှမ်းပြည် အတွင်း စစ်ကောင်စီက ကျောင်းများကို ပြန်ဖွင့်ရန် စီစဉ်နေ

Posted: 30 Nov 2021 06:58 AM PST

နိုဝင်ဘာ ၃၀သျှမ်းပြည်နယ်အတွင်းရှိ  မြို့နယ် (၁၄)မြို့နယ်မှ စာသင်ကျောင်းများကို ပြန်လည်ဖွင့်လှစ်ရန်အတွက် စစ်ကောင်စီလက်အောက်ခံ ပညာရေးဝန်ကြီးဌာနက စီစဉ်နေလျက်ရှိကြောင်း သိရှိရသည်။စစ်ကောင်စီလက်အောက်ခံ ပညာရေးဝန်ကြီးဌာနက သျှမ်းပြည်အတွင်းရှိ မြို့နယ် ၁၄ ခုမှ ကျောင်းများကို ပြန်ဖွင့်ရန် စီစဉ်နေခြင်းသည် မသင့်သော်ကြောင်း၊ ကိုဗစ် ၁၉ ရောဂါလည်း ပပျောက်မှုမရှိသေးကြောင်း သျှမ်းပြည်တောင်ပိုင်း ပရဟိတ အဖွဲ့ဝင်တစ်ဦး

စစ်ကောင်စီနှင့် ပူးပေါင်းလျှက်ရှိသည့် ကျောင်းဆရာ/ ဆရာမများမိမိတို့ ရွေးချယ်မှုအတိုင်း တုန့်ပြန်ခြင်းခံရမည်ဟု PDF Zoland ထုတ်ပြန်

Posted: 30 Nov 2021 06:53 AM PST

အာဏာလုစစ်ကောင်စီမှ အခြေခံကျောင်းများဖွင့်လှစ်ရန် အတင်းအဓမ္မ ကြိုးပမ်းလျှက်ရှိပြီး အချိန် (၃)  လခန့်ဖြင့် ပညာသင်နှစ်တစ်ခု ပြီးမြောက်ရန် စီစဉ်လျှက်ရှိသည်။ထိုသို စီစဉ်ဆောင်ရွက်ခြင်းသည် ကျောင်းသားများ၏ ပညာရေးကို ရှေးရှုခြင်းမဟုတ်ဘဲ မိမိတို၏ အာဏာရှင် အုပ်ချုပ် ရေးစနစ် လည်ပတ်နေကြောင်း ဟန်ပြရန်ကြိုးပမ်းမှုသာဖြစ်ကြောင်း ထင်ရှားလျှက်ရှိသည်။ ယခုအချိန်တွင် အမှန် တရားဘက်က ရပ်တည်ကာ CDM ဝင်ထားသော ဆရာ/ဆရာမများ

No comments:

Post a Comment

5

Note: Only a member of this blog may post a comment.