သစ္ထူးလြင္ |
- အသံတိတ်သပိတ်မှာ Dilivery လုပ်ငန်းများလည်းပါဝင်
- ယင်းမာပင်တွင် စစ်ကောင်စီတပ် မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၂၀ ခန့်သေဆုံးဟု GTFထုတ်ပြန်
- ပျံလွှားအောင် စစ်ဆင်ရေးအဖြစ် ရန်ကုန် ၇ မြို့နယ်ရှိ စစ်ကောင်စီလက်ပါးစေများကို PDF များ ထပ်မံတိုက်ခိုက်
- ဒီဇင်ဘာ ၈ရက်က ထန်တလန် လူနေအိမ် ၂၃ လုံး မီးလောင်ပြာကျပြန်
- စစ်ဝတ်စုံနဲ့ ကင်းပတ်နေတဲ့ ပျူစောထီး နှစ်ဦး သေနတ်နဲ့ ပစ်ခံရပြီး တဦးသေ တဦးပြင်းထန်ဒဏ်ရာရ
- မကွေးမြို့က ဟိုတယ်တစ်ခုမှာ အမျိုးသမီးတဦး လည်ပင်းထိုးသွင်းဒဏ်ရာနဲ့သေဆုံးနေ
- ဒီပဲယင်း နဂါးတွင်းရွာအတွင်း စစ်ကောင်စီက မီးရှို့နေ
- တန့်ဆည်တွင် စစ်အုပ်စုက လမ်းတွေ့သည့် အရပ်သားပြည်သူ သုံးဦးကို သတ်ဖြတ်
- စစ်ကောင်စီတပ်များ ဒေသတွင်းကျေးရွာ လူနေအိမ်များအားပစ်မှတ်ထား တိုက်ခိုက်ဖျက်ဆီး မှုများရှိလာ
- BGF တပ်ဖွဲ့က ဒေသခံကျေးရွာ လူထုထံမှ ဝက်တစ်ကောင်နှင့် စခန်းပြုပြင်ရန် သစ်ကား (၅)စီးကို အဓမ္မတောင်းယူ
- "ဆင်တလည်ကျေးရွာမှ ကိုယ်ထူကိုယ်ထမူးမြစ်ကူးတံတားကို ရွာအုပ်ကြီး ဝင်းနိုင်နှင့် ပျူစောထီးများဖျက်ဆီး၊ ရွာခံအိမ်(၂)လုံးကိုလည်း ယနေ့ ဝင်ရောက်မွှေနှောက်သွားခဲ့"
- "စစ်တပ်ထဲပြန်လည်ဝင်ထွက်နေသော စစ်မှုထမ်းဟောင်းတစ်ဦး တကယ်ပင်စင်မယူလိုက်ရခင် သေဆုံး"
- မုံရွာ-ယာကြီး-ကလေး၀လမ်းပိုင်းမှာအကြမ်းဖက်စစ်ကောင်စီ ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ စကစတပ်သား ၃၀ ကျော်သေဆုံးနိုင်
- ကောလင်းတွင် စစ်ကောင်စီစစ်ကြောင်းကို ကျွဲဝင်ခတ်၊ စစ်သား (၁) ယောက် အူပွင့်သေ
- မန္တလေးတွင် ရပ်ကွက်ရုံး တပ်စွဲထားသော စကစများကို ဗုံးပစ်တိုက်ခိုက်ရာ တပ်ကြပ် အပါအဝင် စကစ သုံးဦး သေဟုဆို
- Silent Strike ကိုမမေ့ကြဖို့ ပခုက္ကူလူထုတိုက်ပွဲကော်မတီ သတိပေး
- မနက်ဖြန် မဖြစ်မနေ စျေးဆိုင်ဖွင့်ရမယ်လို့ စျေးသည်တွေကို စစ်ကောင်စီခြိမ်းခြောက်
- အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ သမ္မတဦးဝင်းမြင့်တို့ ထောင်ဒဏ်ချမှတ်ခံရမှုကို အလွန်စိုးရိမ်ကြောင်း ကုလလုံခြုံရေးကောင်စီပြော
- မွန်ပြည်နယ်၊ ရေးမြို့ ပစ်ခတ်မှုအတွင်း သေဆုံး၊ ဒဏ်ရာရသူတွေရှိ
- လာမယ့်နှစ်မှာ လူဦးရေ ၂၅ သန်း အငတ်ဘေးကြုံနိုင်ကြောင်း UNDP သတိပေ
- မြန်မာစစ်တပ်အနေနဲ့ အရပ်သားတွေကို ကာကွယ်ရမယ့်တာဝန်ရှိတယ်လို့ ကုလထပ်သတိပေး
- မြင်းခြံနယ်ထဲက ဆီမီးခုံမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးသေဆုံးတယ်လို့ ဒေသကာကွယ်ရေးအဖွဲ့တွေပြော
- စစ်ကိုင်းတိုင်းအတွင်း ဖြတ်သန်းမည့် ကုန်စည်များ NUG သို့ ဝင်ငွေခွန် ဆောင်ထားကြောင်း မပြသနိုင်လျှင် အရေးယူမည်ဟုဆို
- စစ်ကိုင်းဘက်မှ ထောက်ပို့လာတဲ့ စစ်ကောင်စီးကားတစ်စီးကို မြင်းဖြူရှင်ပျောက်ကြားတပ်ဖွဲ့မှ မိုင်းဆွဲတိုက်ခိုက်
- ကန့်ဘလူမြို့နယ်က အလယ်တန်းပြ CDM ကျောင်းဆရာ ဦးလှိုင်ဝင်း စစ်ကျောရေးမှာ သေဆုံး
အသံတိတ်သပိတ်မှာ Dilivery လုပ်ငန်းများလည်းပါဝင် Posted: 09 Dec 2021 09:35 AM PST အသံတိတ်သပိတ်ပြုလုပ်မည့် ဒီဇင်ဘာ၁၀ ရက်တွင် ရန်ကုန်မြို့တွင်း ပစ္စည်းပို့ဆောင်မှုပြုလုပ်ပေးနေသည့် လုပ်ငန်းများကို ရပ်နားထားကြောင်း Delivery လုပ်ငန်းရှင်များက အသီးသီးကြေညာထားကြသည်။"Delivery မနက်ဖြန်နားပါတယ်။ ၁၁ ရက်နေ့မှပြန်ထွက်ပါမယ်။ လက်ကျန် Way အကုန်ဖြတ်ပြီးပါပြီ။ ဖုန်းစက်ပိတ်ထားပါမယ်" ဟု သန့်ဇင် Delivery က ၎င်း၏ ဖေ့စ်ဘွတ်ခ်၌ ရေးသားထားသည်။အလားတူ ရန်ကုန်မြို့တွင်း ပစ္စည်းပို့ဆောင်ပေးနေသည့် လုပ်ငန်း |
ယင်းမာပင်တွင် စစ်ကောင်စီတပ် မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၂၀ ခန့်သေဆုံးဟု GTFထုတ်ပြန် Posted: 09 Dec 2021 09:17 AM PST ယင်းမာပင်မြို့နယ်နှစ်နေရာတွင်အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့အား ပြည်သူ့ကာကွယ်ရေးမဟာမိတ်သုံးဖွဲ့က နှစ်နေရာတွင်မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ၂၀ ဦးခန့်သေဆုံးကြောင်း Golden Triple Force (GTF)က ထုတ်ပြန်သည်။ခြေလျင်တက်လာသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့အား ယင်းမာပင်မြို့နယ်၊တည်ပင်ကန်ကျေးရွာအနီးတွင် ယနေ့(ဒီဇင်ဘာ ၉ရက်)နံနက်ပိုင်းက မိုင်းခွဲတိုက်ခိုက်ရာ စစ်ကောင်စီဘက်ကငါးဦးသေဆုံးကြောင်း၊ ညနေပိုင်းတွင် |
Posted: 09 Dec 2021 09:15 AM PST ဓာတ်ပုံ- ပြီးခဲ့သည့် ဇွန်လအတွင်းက တာမွေတွင် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များ၏ တိုက်ခိုက်မှုကြောင့် စစ်ကားတစ်စီး မီးလောင်ခဲ့စဥ်/ CJရန်ကုန်၊ ဒီဇင်ဘာ ၉ပျံလွှားအောင် စစ်ဆင်ရေး၏ အစိတ်အပိုင်း တစ်ခုအနေဖြင့် ရန်ကုန်တိုင်း မြို့နယ် ၇ ခုရှိ စစ်ကောင်စီဝင်များနှင့် ၎င်းတို့၏ လက်ပါးစေပျူစောထီး အဖွဲ့ဝင်များကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များက ထပ်မံတိုက်ခိုက်ခဲ့ကြောင်း ယနေ့ ဒီဇင်ဘာ ၉ ရက်တွင် ရန်ကုန်တိုင်းစစ်ဒေသ |
ဒီဇင်ဘာ ၈ရက်က ထန်တလန် လူနေအိမ် ၂၃ လုံး မီးလောင်ပြာကျပြန် Posted: 09 Dec 2021 09:11 AM PST ဒီဇင်ဘာ ၈ရက်က ထန်တလန်မြို့ ရပ်ကွက် ၂ခုတွင် မီးလောင်မှုထပ်မံဖြစ်ပွားရာ လူနေအိမ် ၂၃ လုံး ဆုံးရှုံးခဲ့ရကြောင်း Thantlang Placement Affairs Committee မှ ထုတ်ပြန်သည်။ ဇုန်မွှန် ရပ်ကွက် (Zunghmun Sang) တွင် ၁၈အိမ်နှင့် ဘုရားကျောင်းရပ်ကွက် (Biakinn Sang) တွင် ၅ အိမ် လောင်သွားခဲ့သည်။ စကစတပ်၏ လက်နက်ကြီးကျည်ထိမှန်မှုနှင့် ရည်ရွယ်ချက်ရှိရှိ နေအိမ်များမီးရှို့မှုကြောင့် ထန်တလန်မြို့တွင် ဘုရားကျောင်း |
စစ်ဝတ်စုံနဲ့ ကင်းပတ်နေတဲ့ ပျူစောထီး နှစ်ဦး သေနတ်နဲ့ ပစ်ခံရပြီး တဦးသေ တဦးပြင်းထန်ဒဏ်ရာရ Posted: 09 Dec 2021 09:07 AM PST ရေစကြို၊ ဒီဇင်ဘာ ၉၊ ၂၀၂၁။ရေစကြိုမြို့ ၂၅၈ တပ်ရင်း၊ ကံသစ်ရွာနားမှာ ကင်းပတ်နေတဲ့ စစ်ဝတ်စုံနဲ့ လက်နက်ကိုင် ပျူစောထီး နှစ်ဦးကို PDF က သေနတ်နဲ့ ပစ်ခဲ့လို့ တဦးနေရာမှာပဲ သေဆုံးပြီး တဦးက အရေးပေါ်အခြေအနေဖြစ်ခဲ့တယ်လို့ ရေစကြို PDF တာဝန်ခံဆီက သိရပါတယ်။ဒီနေ့ နေ့လယ် ၁၂နာရီဝန်းကျင်လောက်မှာ ကင်းပတ်နေတဲ့အချိန် မြိုင်PDF က ပစ်ခဲ့တာဖြစ်ပြီး တဦးနေရာမှာပဲ သေဆုံးသွားပြီး တဦးကတော့ သေနတ် ၃ချက်ထိထားပြီး အရေးပေါ်ခန်းမှာ |
မကွေးမြို့က ဟိုတယ်တစ်ခုမှာ အမျိုးသမီးတဦး လည်ပင်းထိုးသွင်းဒဏ်ရာနဲ့သေဆုံးနေ Posted: 09 Dec 2021 09:05 AM PST ဓါတ်ပုံ- ရောင်စုံမေတ္တာလူမှုူညီရေးအသင်းမကွေး၊ ဒီဇင်ဘာ ၉၊ ၂၀၂၁။မကွေးမြို့မှာ ရှိတဲ့ ဟိုတယ်တစ်ခုမှာ လည်ပင်းထိုးသွင်းဒါဏ်ရာနဲ့ အသက် ၂၈နှစ်အရွယ် အမျိုးသမီးတဦး ဒီနေ့ညနေပိုင်းမှာ သေဆုံးနေတာတွေ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။သေဆုံးနေတဲ့ အမျိုးသမီးရဲ့ ရုပ်အလောင်းကို ဆေးစစ်ချက်ယူဖို့ မကွေးပြည်သူ့ဆေးရုံကြီးကို လူမှုကူညီရေးအသင်းတခုက ကူညီပို့ဆောင်ပေးခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။" ဘယ်အချိန်ဖြစ်သွားတာလည်းမ |
ဒီပဲယင်း နဂါးတွင်းရွာအတွင်း စစ်ကောင်စီက မီးရှို့နေ Posted: 09 Dec 2021 06:10 AM PST နဂါးတွင်းရွာအတွင်း စစ်ကောင်စီက မီးရှိဲ့နေစဉ်/ Photo – ဗိုလ်ဇေယျ အဖွဲ့ဒီဇင်ဘာ - ၉စစ်ကိုင်းတိုင်း ဒီပဲယင်းမြိူ့နယ် နဂါးတွင်းရွာရှိ နေအိမ်၊အဆောက်အဦး အချို့ကို စစ်ကောင်စီ လက်နက်ကိုင်များက ယနေ့ ဒီဇင်ဘာ(၉)ရက် ညနေ(၄)နာရီခွဲ ဝန်းကျင်မှ စတင်ကာ မီးရှို့နေပြီး လက်ရှိအချိန်ထိ မီးခိုးလုံးများ မြင်တွေ့နေရဆဲ ဖြစ်ကြောင်း ဒေသခံများက MFP သို့ ပြောသည်။"အဝေးကပဲ ကြည့်ရဲတာဆိုတော့ အတိအကျတော့ မသိရသေးဘူး။ အိမ်တွေကို သူ |
တန့်ဆည်တွင် စစ်အုပ်စုက လမ်းတွေ့သည့် အရပ်သားပြည်သူ သုံးဦးကို သတ်ဖြတ် Posted: 09 Dec 2021 06:09 AM PST စစ်အုပ်စုက နှလုံးကို ပစ်သတ်ခဲ့သည့် လူငယ်တစ်ဦးနှင့် ကပေါင်းကျရွာအတွင်း စကစများ သောင်းကြမ်းဖက်ဆီးထားစဉ်/ Photo – Taze News ဒီဇင်ဘာ - ၉ကပေါင်းကျရွာတွင်း စကစများ နှစ်လကျော်ကြာ တပ်စွဲကာ ထင်တိုင်းကျဲ သောင်းကြမ်းပြီး နေအိမ်(၁၅၀)ကျော် မီးရှို့ကာ ရွာအတွင်းတွေ့သမျှ ကြက်၊ဝက်၊နွားများ သတ်ဖြတ်စားသောက်သွား၊ တန့်ဆည်မြို့နယ် ကပေါင်းကျရွာအတွင်း နှစ်လကျော်ကြာ စီးနင်းတပ်စွဲကာ ပြန်ထွက်လာသော စစ်ကောင်စီ လက်နက်ကိုင် |
စစ်ကောင်စီတပ်များ ဒေသတွင်းကျေးရွာ လူနေအိမ်များအားပစ်မှတ်ထား တိုက်ခိုက်ဖျက်ဆီး မှုများရှိလာ Posted: 09 Dec 2021 06:04 AM PST ဒီဇင်ဘာလ ၉ရက်၊ ၂၀၂၁။ ဒူးပလာယာခရိုင်ကေအဲန်ယူ- ဒူးပလာယာခရိုင်၊ ဝင်ရေးမြို့နယ် တောင်နောက်ဒေသ အောင်သပြေကျေးရွာတွင် ဒီဇင်ဘာလ ၈ ရက်နေ့က လူနေအိမ် ၃ လုံးကို ဘေးလမိုင်းဘုရားတောင် အခြေစိုက် စကခ- ၁၉ လက်အောက်ခံ ခလရ- ၁၀၆ မှ မီးရှို့ ဖျက်ဆီးခဲ့သည် ဟုဒေခံရွာသားတစ်ဦးက ပြောသည်။အဆိုပါကျေးရွာသည် တိုက်ပွဲဖြစ်စဥ် များကြောင့် ရွာသားများအနေဖြင့် တောထဲတွင် ထွက်ပြေးတိန်းရှောင်နေရပြီ စပါးရိတ်သိမ်းချိန်နှင့် နှမ်း |
BGF တပ်ဖွဲ့က ဒေသခံကျေးရွာ လူထုထံမှ ဝက်တစ်ကောင်နှင့် စခန်းပြုပြင်ရန် သစ်ကား (၅)စီးကို အဓမ္မတောင်းယူ Posted: 09 Dec 2021 06:02 AM PST ဓာတ်ပုံ-ညောင်ကုန်းBGFဂိတ်၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၉ရက်၊ သထုံခရိုင်ဒီဇင်ဘာလ (၆)ရက်နေ့က ညောင်ကုန်းကျေးရွာတွင် ဂိတ်စခန်းချတပ်စွဲထားသော (BGF-၁၀၁၄) တပ်ရင်း လက်အောက်ခံတပ်မှကေအဲန်ယူ-ဖားအံမြို့နယ်၊ ကျုံခနကျေးနယ်အုပ်စုအတွင်းရှိ တံတားဦးကျေးရွာ၊ ညောင်ကုန်းကျေးရွာ၊ ရှောက်ကုန်းကျေးရွာ၊ ကျုံခန ကျေးရွာ ပြည်သူများထံမှ ပိဿာချိန် (၅၀)ရှိသော ဝက်တစ်ကောင်နှင့် BGFစခန်းပြုပြင်ရန်အတွက် ခြောက်ဘီးကားဖြင့် သစ်ကား(၅)စီးကို |
Posted: 09 Dec 2021 05:59 AM PST (ဓာတ်ပုံ - ဆင်တလည်ကျေးရွာမှ ဖျက်ဆီးခံရသော မူးမြစ်ကူးတံတားနှင့် နေအိမ်များ)9.12.2021(THU) | 2:15 PMအရာတော်အရှေ့တောင်ဘက်ဖျား၊ မူးမြစ်ဘေးတွင်ရှိသည့် ဆင်တလည်ကျေးရွာကို ယနေ့ မနက်က ပျူစောထီးများရောက်လာပြီး ရွာခံပြည်သူ့နေအိမ်များကို ဝင်ရောက်ဖျက်ဆီးသွားခဲ့သည်။ မနေ့ကလည်း ဆင်တလည်ကျေးရွာနှင့် မူးမြစ်အရှေ့ဘက်ကမ်းကျေးရွာမှ ပြည်သူများ ကိုယ်ထူကိုယ်ထ ပူးပေါင်းဆောက်လုပ်ထားသည့် မူးမြစ်ကူးတံတားကို စစ်ကောင်စီခန့် |
"စစ်တပ်ထဲပြန်လည်ဝင်ထွက်နေသော စစ်မှုထမ်းဟောင်းတစ်ဦး တကယ်ပင်စင်မယူလိုက်ရခင် သေဆုံး" Posted: 09 Dec 2021 05:57 AM PST မင်းရွာ | 8.12.2021(WED) | 9:30 PMအရာတော်တောင်နယ်၊ မင်းရွာကြီးမှ စစ်မှုထမ်းဟောင်းတစ်ဦး ယမန်နေ့က သတ်ဖြတ်ခံရကြောင်း သတင်းရရှိသည်။ သေဆုံးသူမှာ မင်းရွာနေ ကိုလတ်(ခ)ချင်းပု ဆိုသူဖြစ်ပြီး စစ်တပ်မှ ပင်စင်ယူထားသော်လည်း အာဏာသိမ်းပြီးနောက် စစ်တပ်ထဲ ပြန်လည်ဝင်ထွက်နေသူတစ်ဦးဖြစ်ကြောင်း သိရှိရသည်။ "ပင်စင်ယူထားပေမယ့် တပ်ထွက်ဆိုတော့ စစ်တပ်မှ စစ်တပ်ပဲ။ တော်လှန်ရေးကိစ္စတွေကို အမြဲထေ့ငေါ့ပြောတတ်တဲ့သူဗျ။ ခု |
Posted: 09 Dec 2021 05:53 AM PST ဇေယျာတိုင်း၊ ဒီဇင်ဘာ ၉စစ်ကိုင်းတိုင်း မုံရွာ-ယာကြီး-ကလေး၀ကားလမ်းပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီယာဥ်တန်းကို ဒီဇင်ဘာ ၉ရက် ယနေ့နေ့လည်ပိုင်းက မိုင်းဆွဲတိုက်ခိုက်ခံရပြီး စကစတပ်သား ၃၀ ကျော်သေဆုံးနိုင်ကြောင်းသိရှိရသည်။ယင်းတိုက်ခိုက်မှုကို မုံရွာ ယာကြီး ကလေးဝ လမ်းမိုင်တိုင် ၆၅အနီးမှာ ပြုလုပ်ခဲ့ကြောင်းသိရှိရသည်။မဟူရာကျောက်ရိုင်း(မင်းကင်းနွေဦးတော်လှန်ရေး)အဖွဲ့နဲ့ KLG PDF (ကနီ)တို့ ပူးပေါင်း မိုင်းဆွဲ |
ကောလင်းတွင် စစ်ကောင်စီစစ်ကြောင်းကို ကျွဲဝင်ခတ်၊ စစ်သား (၁) ယောက် အူပွင့်သေ Posted: 09 Dec 2021 05:50 AM PST ဒီဇင်ဘာ ၉ ကောလင်းမြို့နယ်တွင် စစ်ကြောင်းထွက်လာသည့် စစ်ကောင်စီတပ်များကို ကျွဲတစ်ကောင်ဝင်ခတ်ရာ စစ်ကောင်စီတပ်သား (၁) ဦး အူပွင့်ပြီး ယမန်နေ့က သေဆုံးသွားကြောင်း ဒေသခံများထံမှ သိရသည်။ယမန်နေ့ နံနက်ပိုင်းက စစ်ကောင်စီတပ်များသည် ကြို့ပင်အုပ်စု အုတ်တိုက်ကုန်းကျေးရွာ အတွင်း နှောက်ယှက်ဖျက်ဆီးပြီး ပြန်အလာ ညောင်ပင်ရိုးကျေးရွာမှ အနောက်ဘက် ပျဉ်းပင်ရွာသို့အကူး တာဝါတိုင်အနီးအရောက်တွင် ကျွဲတစ်ကောင်မှ ဝင်ခတ်ခြင်း |
Posted: 09 Dec 2021 03:28 AM PST MFP ၊ ဒီဇင်ဘာ - ၉မန္တလေးမြို့ အောင်မြေသာစံမြို့နယ် ၈၂လမ်းပေါ်ရှိ ရပ်ကွက်ရုံးတွင် တပ်စွဲထားသော စစ်ကောင်စီ လက်နက်ကိုင်များကို ယနေ့ နေ့လည်ပိုင်းတွင် ဗုံးပစ်တိုက်ခိုက်ခဲ့ရာ တပ်ကြပ်အဆင့်တစ်ဦး အပါအဝင် စစ်ကောင်စီ လက်နက်ကိုင် သုံးဦး သေဆုံးကြောင်း တော်လှန်ရေး ပြောက်ကျားတပ်ဖွဲ့ တစ်ဖွဲ့ဖြစ်သော Mandalay Phoenix Force – MPF အဖွဲ့က MFP သတင်းဌာနသို့ ပြောသည်။ယနေ့ ဒီဇင်ဘာ(၉)ရက် နေ့လည်ပိုင်းတွင် အောင်မြေသာစံ |
Silent Strike ကိုမမေ့ကြဖို့ ပခုက္ကူလူထုတိုက်ပွဲကော်မတီ သတိပေး Posted: 09 Dec 2021 03:25 AM PST ပခုက္ကူ၊ ဒီဇင်ဘာ ၉၊၂၀၂၁။ မနက်ဖြန်မှာပြုလုပ်မယ့် တိတ်ဆိတ်ငြိမ်သက်ခြင်းသပိတ် - Silent Strikeကို မမေ့ကြဖို့ ပခုက္ကူလူထုတိုက်ပွဲကော်မတီက ဒီဇင်ဘာ ၉ရက် ဒီနေ့မနက် ၁၀နာရီလောက်မှာ သတိပေးကမ်ပိန်း ပြုလုပ်ခဲ့တယ်လို့သိရပါတယ်။ မကွေးတိုင်း၊ ပခုက္ကူမြို့ပေါ်က လူစီကားတဲ့နေရာနဲ့ ဈေးတွေမှာ ကော်မတီအဖွဲ့၀င်လူငယ်တွေက သတိပေးဆောင်ပုဒ်တွေရေးသားထားတဲ့ စာဆောင်တွေကိုဖြန့်ဝေသတိပေးခဲ့တာဖြစ်တယ်လို့ ပခုက္ကူလူထုတိုက်ပွဲကော်မတီ |
မနက်ဖြန် မဖြစ်မနေ စျေးဆိုင်ဖွင့်ရမယ်လို့ စျေးသည်တွေကို စစ်ကောင်စီခြိမ်းခြောက် Posted: 09 Dec 2021 03:23 AM PST မြေလတ်၊ ဒီဇင်ဘာ ၉၊ ၂၀၂၁။မကွေးတိုင်းနဲ့ ပဲခူးတိုင်းက မြို့နယ်တချို့မှာတော့ မနက်ဖြန် မဖြစ်မနေ စျေးဆိုင်ဖွင့်ရမယ်လို့ စစ်ကောင်စီက စျေးသည်တွေကို ခြိမ်းခြောက်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။မကွေးမြို့နဲ့ ပြည်မြို့က စျေးသည်တွေကို ဒီနေ့မနက်ပိုင်းမှာ စစ်ကောင်စီက ခြိမ်းခြောက်ပြောဆိုခဲ့တာဖြစ်တယ်လို့ စျေးဆိုင်ပိုင်ရှင်တဦးက ပြောပါတယ်။"မနက်ကလာပြောတာ ဆိုင်တွေကိုလိုက်ပြောနေတာ ဟုတ်တယ်။ မနက်ဖန်ကို မဖြစ်မနေ ဖွင့်ရ |
Posted: 09 Dec 2021 03:18 AM PST မြန်မာနိုင်ငံမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်နဲ့ အခြားလူပုဂ္ဂိုလ်တွေ ထောင်ဒဏ်ချမှတ်ခံရတာကို အလွန်စိုးရိမ်တယ်လို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီအဖွဲ့ဝင်တွေက ပြောလာပါတယ်။ဖေဖော်ဝါရီလ ၁ ရက် (စစ်တပ်အာဏာသိမ်းမှုဖြစ်ပြီး) ကတည်းက အကြောင်းမဲ့ဖမ်းဆီးထိန်းသိမ်းခံထားရသူတွေ အားလုံးကို ပြန်လွှတ်ပေးဖို့ကိုလည်း လုံခြုံရေးကောင်စီက ထပ်လောင်းတောင်းဆိုပါတယ်။မြန်မာပြည်ရဲ့ဒီမိုကရေစီ |
မွန်ပြည်နယ်၊ ရေးမြို့ ပစ်ခတ်မှုအတွင်း သေဆုံး၊ ဒဏ်ရာရသူတွေရှိ Posted: 09 Dec 2021 03:17 AM PST မွန်ပြည်နယ် ရေးမြို့နယ်ကျောင်းရွာ ပစ်ခတ်မှုအတွင်းထိခိုက်ဒဏ်ရာရသူများ။ (ဓါတ်ပုံ ကျောင်းရွာသား/ ၁၂။၀၉ ။၂၀၂၁)မွန်ပြည်နယ် ရေးမြို့နယ် ကျောင်းရွာကျေးရွာမှာ အမည်မသိ လက်နက်ကိုင်အဖွဲ့ ကနေ ကျောင်းရွာရဲကင်းစခန်းနဲ့ အုပ်ချုပ်ရေးမှူးရုံးကို ဒီဇင်ဘာ ၈ ရက် ညနေပိုင်းက ဝင်ရောက်ပစ်ခတ်ရာမှာ ရဲတဦးနဲ့ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်တွေ ထိခိုက်ဒဏ်ရာရခဲ့ပြီး တယောက်က ဆေးရုံမှာ သေဆုံးသွားပါတယ်။ အဲဒီနောက် စစ်ကောင်စီတပ်တွေ |
လာမယ့်နှစ်မှာ လူဦးရေ ၂၅ သန်း အငတ်ဘေးကြုံနိုင်ကြောင်း UNDP သတိပေ Posted: 09 Dec 2021 03:13 AM PST ဒီဇင်ဘာ ၁ ရက်နေ့က ထုတ်ပြန်တဲ့ ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ် (UNDP) အစီရင်ခံစာမှာ ကိုဗစ်ကပ် ရောဂါနဲ့ အဆက်မပြတ်ဖြစ်နေတဲ့ နိုင်ငံရေးပြဿနာတွေကြောင့် မြန်မာတစ်နိုင်ငံလုံးက မြို့ပြဆင်ခြေဖုံးမှာ နေထိုင်သူတွေရဲ့ ဆင်းရဲငတ်မွတ်မှုဘေးဟာ လာမယ့်နှစ်မှာ သုံးဆမြင့်တက်လာလိမ့်မယ်လို့ သတိပေးထားပါတယ်။စစ်အာဏာသိမ်းပြီးတဲ့နောက် ပြီးခဲ့တဲ့ မေလနဲ့ ဇွန်လတွေအတွင်း အိမ်ထောင်စုပေါင်း ၁၂ဝဝ ကို စုံစမ်းမေးမြန်းပြီး ဒီအစီရင်ခံစာ |
မြန်မာစစ်တပ်အနေနဲ့ အရပ်သားတွေကို ကာကွယ်ရမယ့်တာဝန်ရှိတယ်လို့ ကုလထပ်သတိပေး Posted: 09 Dec 2021 03:10 AM PST ကြက်သွန်စိုက်ရင်း အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း ဆန္ဒဖော်ထုတ်နေကြတဲ့ ဆားလင်းကြီးဒေသခံတွေနိုင်ငံတကာဥပဒေအရ မြန်မာစစ်တပ်အနေနဲ့ အရပ်သားတွေ ဘေးကင်းလုံခြုံမှုကို ကာကွယ်ပေးရမယ့် တာဝန်တွေရှိတယ်ဆိုတာကို သတိပေးလိုတဲ့အကြောင်း ကုလသမဂ္ဂဘက်က ပြောဆိုလာပါတယ်။ဒေသကာကွယ်ရေးတပ်ဖွဲ့တွေရဲ့တိုက်ခိုက်မှုကို လက်တုံ့ပြန်တဲ့အနေနဲ့ စစ်တပ်က စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ထဲက ဒုန်းတောရွာမှာ လူ ၁၁ ဦးကို သေနတ်နဲ့ပစ်၊ |
မြင်းခြံနယ်ထဲက ဆီမီးခုံမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးသေဆုံးတယ်လို့ ဒေသကာကွယ်ရေးအဖွဲ့တွေပြော Posted: 09 Dec 2021 03:06 AM PST မြင်းခြံနဲ့ငါန်းဇွန်က မိုင်တဲလ် တာဝါတိုင် ၂ ခုကိုလည်း ဖျက်ဆီးခဲ့တယ်လို့ဆိုမန္တလေးတိုင်း၊ မြင်းခြံမြို့နယ်ထဲက ဆီမီးခုံမြို့အနီးမှာ စစ်ကောင်စီရဲ့ကားတစ်စင်းနဲ့ ဆိုင်ကယ် ၃ စင်းကို မိုင်းခွဲတိုက်ခိုက်ခဲ့တာကြောင့် ရဲ ၃ ဦးသေဆုံးပြီး ဆိုင်ကယ် ၃ စီး ပျက်စီးခဲ့တယ်လို့ ဒေသကာကွယ်ရေးတပ်တွေဘက်က ပြောလာပါတယ်။ဒီတိုက်ခိုက်မှုကို မြောင်နဲ့ငါန်းဇွန်က ဒေသကာကွယ်ရေးတပ်ဖွဲ့လေးဖွဲ့ကနံ့သာလှိုင်ရွာနဲ့ ငါန်းနန်းကျေးရွာ |
Posted: 08 Dec 2021 04:56 PM PST MFP ၊ ဒီဇင်ဘာ - ၈ စစ်ကိုင်းတိုင်းအတွင်း ဖြတ်သန်းမည့် ကုန်စည်ဝန်စလွယ်များအားလုံး အမျိုးသားညီညွတ်ရေးအစိုးရ (NUG)သို့ ဝင်ငွေခွန် ပေးဆောင်ထားကြောင်း Digital Slip ဖြတ်ပိုင်းများ မပြသနိုင်လျှင် ဒေသကာကွယ်ရေးအဖွဲ့များက မြို့နယ်အုပ်ချုပ်ရေးအဖွဲ့နှင့် ချိတ်ဆက်ကာ အရေးယူမှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (SPDF)က ယနေ့ ကြေညာသည်။ " စစ်ကိုင်းတိုင်းအတွင်း ဖြတ်သန်းသွားလာ |
Posted: 08 Dec 2021 04:41 PM PST စစ်ကိုင်းဘက်မှ ထောက်ပို့လာတဲ့ စစ်ကောင်စီးကားတစ်စီးကို မြင်းဖြူရှင်ပျောက်ကြားတပ်ဖွဲ့မှ မိုင်းဆွဲတိုက်ခိုက်၊အလားတူ ရွှေဘို-မြစ်ကြီးနားလမ်းတွင် ပေါက်ကွဲမှုဖြစ်ပွားဒီဇင်ဘာ ၉ဒီဇင်ဘာလ ၈ရက် ယမန်နေ့ည ၁၀ နာရီ ၁၅မိနစ်ခန့်က စစ်ကိုင်းဘက်က ထောက်ပို့လာတဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ ကားတစ်စီးကို ရွာသာကြီး-ဆားတောင်မြို့ကြားတွင် မြင်းဖြူရှင် ပြောက်ကြား အဖွဲ့မှ မိုင်း၄လုံး ရှော့ဒုံး ၂လုံးဖြင့် ဖောက်ခွဲဖျက်စီးခဲ့ |
ကန့်ဘလူမြို့နယ်က အလယ်တန်းပြ CDM ကျောင်းဆရာ ဦးလှိုင်ဝင်း စစ်ကျောရေးမှာ သေဆုံး Posted: 08 Dec 2021 04:35 PM PST RNA_ဒီဇင်ဘာ ၈ ရက်၊ ၂၀၂၁ ခုနှစ်။ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊အ.လ.က(ဘော)တွင် အလယ်တန်းပြဝာာဝန်ထမ်းဆောင်နေသော CDM ကျောင်းဆရာ ဆရာဦးလှိုင်ဝင်း စစ်ကျောရေးမှာ ညှင်းပန်းနှိပ်စက်ခံရပြီး ဒီဇင်ဘာလ ၇ ရက်နေ့က ကျဆုံးသွားကြောင်း သိရသည်။ ဆရာဦးလှိုင်ဝင်းကို စစ်ကောင်စီတပ်တွေက ဒီဇင်ဘာလ ၃ ရက်နေ့က ဖမ်းဆီးသွားပြီး၊ကန့်ဘလူမြို့၊ (၆၀၀၆) တပ်ရင်းတွင် လူမဆန်စွာညှင်းပန်းနှိပ်စက်ခံရကာ သေဆုံးသွားကြောင်း၊ ဒီမိုကရေစီ |
You are subscribed to email updates from THIT HTOO LWIN (Daily News). To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google, 1600 Amphitheatre Parkway, Mountain View, CA 94043, United States |
No comments:
Post a Comment
5
Note: Only a member of this blog may post a comment.