သစ္ထူးလြင္ |
- စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲခံရလို့ ရထားခေါင်းပိုင်းပျက်စီးသွားပြီး၊ ၅ဦး ဒဏ်ရာပြင်းထန်
- ဖားကန့်တွင် မြေစာပုံထပ်မံပြိုကျမှုကြောင့် ရေမဆေးသမား ၈၀ ဦးထက်မနည်း သေဆုံးနိုင်
- စစ်ကောင်စီနှင့်ပျူစောထီးအဖွဲ့ ဆိတ်ကျောင်းသားတဦးကို သတ်ခဲ့ကြပြီး ရွာနေအိမ်များကိုဖျက်ဆီး၊ နေအိမ်များမှပစ္စည်းများလှည့်လည်ခိုးယူ
- မင်္ဂလာဒုံလေဆိပ်အနီးပေါက်ကွဲမှုဖြစ်၊ လုံခြုံရေးတပ်ပစ်ခတ်လို့တဦးသေဆုံး
- ချင်း ဖလမ်းမြို့နယ်တွင်း စစ်ကောင်စီတပ်နဲ့ ဒေသခံကာကွယ်ရေးတိုက်ပွဲဖြစ်ပွား
- မတ္တရာတွင် ယနေ့ ညနေပိုင်း စကစများ မိုင်းဆွဲခံရပြီး (၁၅)ဦခန့် ပွဲချင်းပြီးသေ
- ကျောက်ပန်းတောင်းတွင် ရထားကို မိုင်းဆွဲပြီး၊ လာစစ်သော စစ်ကားကို ထပ်မံမိုင်းခွဲ၊ စကစ လေးဦး ထိဟုဆို
- သံတောင်ကြီးတွင်စစ်ယာဉ်တန်းကို KNU တိုက်ခိုက်၊ စစ်ကောင်စီတပ်ထံမှ လက်နက် ၇ လက်သိမ်းဆီးရမိ
- ဒီပဲယင်းမြို့နယ်တွင် စစ်ကောင်စီက ပြည်သူသုံးဦးကို ဓားစားခံဖမ်းဆီးပြီး ပစ်သတ်
- ထားဝယ်မှာ PDF စခန်းတစ်ခု သိမ်းခံရပြီးနောက် ညဘက်တိုက်ပွဲဆက်ဖြစ်
- မြောက်ဒဂုံရပ်ကွက်အချို့မှာ လက်နက်တွေ လာအပ်ဖို့ အသံချဲ့စက်နဲ့လိုက်အော်နေ
- ထားဝယ် PDF စခန်းတစ်ခု ဝင်စီးခံရ
- အကြမ်းဖက်စစ်ကောင်စီတပ်က နှမ်းခါးရွာမှ ရွာသား ကိုးဦးအား ဖမ်းဆီးသတ်ဖြတ်
- အာရှလမ်းမပေါ်မှာ KNU နဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဒီနေ့မနက်က တိုက်ပွဲထပ်ဖြစ်
- မြင်းမူနယ် မုံရွာ - မန္တလေးလမ်းတွင် စကစ၏ ကျောက်စိမ်းတင်ကားများ မိုင်းဆွဲခံရ
- မိုးညိုမှာ အုပ်ချုပ်ရေးမှူးတွေကိုငွေပေးပြီး လောင်းကစားဝိုင်းတွေလုပ်နေ
- ချောင်းဆုံမှာ မူလတန်းတက်နေတဲ့ကလေးငယ် ၅ ဦးမှာ ကိုဗစ်ပိုးတွေ့
- ကုလအတွင်းရေးမှူးချုပ်ရဲ့အထူးကိုယ်စားလှယ် မစ္စခရစ္စတင်းရှာရနာဘာဂနာရုံးခန်းကို ပိတ်လိုက်ပြီလို့ စစ်ကောင်စီပြော
- မြဝတီ-ကော့ကရိတ်အာရှလမ်း ကော့နွဲ့ရွာအနီး တိုက်ပွဲများဖြစ်နေ၍ ယာဉ်သွား လာမှု ခေတ္တပိတ်ထားရ
- နောင်ကြီးအိုင်အုပ်စုတွင် ရွာစဉ်ပတ်နေသော စစ်ကောင်စီခြေလျင်တပ်ဖွဲ့ကို ARA က မိုင်းဆွဲတိုက်ခိုက်ခဲ့၊ စစ်သား(၂)ယောက်သေ
- စော်ဝရွာဒလန်အကြီးစား တစ်ဦး ကထီးဝရွာရာဘာခြံတွင် သေနတ်ဖြစ် ပစ်သတ်ခံရ
- ဗိုလ်ချုပ်ကြီးများနေထိုင်ရာ နေပြည်တော်တွင် PDF က မိုင်းခွဲတိုက်ခိုက်မှုကြောင့် စကစတပ်သား (၁၂) ဦးသေဆုံး
- ဘီးလင်းမြို့နယ် ပုရစ်ခိုသင်းချိုင်းမှာ စစ်ကောင်စီတပ်ဖွဲ့မိုင်းဆွဲတိုက်ခိုက်ခံရ၊ ၃ ဦးသေဆုံးဟုဆို
- လေးကေ့ကော်ကို လေကြောင်းပျံသန်းမှုကင်းမဲ့ဇုံအဖြစ်သတ်မှတ်ပေးဖို့ UN ကို KNU တောင်းဆိုရာမှာ စစ်ကောင်စီနှင့်ပတ်သက်ပြီး ပြတ်သားတဲ့အသုံးအနှုန်းကို KNU သုံးလာ
- စဥ့်ကိုင် ပုလိပ်မြို့ ရဲစခန်းနှင့် စည်ပင်ရုံး ဗုံးခွဲတိုက်ခိုက်ခံရမှု စကစ နှစ်ဦးသေ၊ နှစ်ဦး ဒဏ်ရာရ
စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲခံရလို့ ရထားခေါင်းပိုင်းပျက်စီးသွားပြီး၊ ၅ဦး ဒဏ်ရာပြင်းထန် Posted: 21 Dec 2021 06:34 PM PST ပခုက္ကူ ၊ ဒီဇင်ဘာ ၂၁၊ ၂၀၂၁။ပခုက္ကူမှာ ဒီဇင်ဘာ၂၁ရက် ဒီနေ့မနက် ၈နာရီလောက်က စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲခံရလို့ ရထားခေါင်းပိုင်းပျက်စီးသွားပြီး တပ်သား ၅ဦးထက်မနည်း ဒဏ်ရာရှိခဲ့တယ်လို့ Myit Chay-Kyun Chaung Defense Force MC- KCDFဆီကသိရပါတယ်။ ပခုက္ကူမြို့ကနေ ကျွန်းချောင်းဘက်ကိုလာတဲ့ စစ်ကောင်စီထောက်ပို့ရထားကို ပခုက္ကူမြို့နယ်၊ နန်းတော်ရပ်ကျေးရွာနဲ့ ထန်းပင်ကိုင်းကျေးရွာကြားမှာ မိုင်း၄လုံးဆွဲ |
ဖားကန့်တွင် မြေစာပုံထပ်မံပြိုကျမှုကြောင့် ရေမဆေးသမား ၈၀ ဦးထက်မနည်း သေဆုံးနိုင် Posted: 21 Dec 2021 06:26 PM PST ဖားကန့်၊ လုံးခင်းအုပ်စု၊ မှော်စီစာအပိုင်းဘက်တွင် ယနေ့ နံနက်ပိုင်း ၃နာရီဝန်းကျင်ခန့်တွင် မြေစာပုံပြိုကျမှုထပ်မံဖြစ်ပွားခဲ့သောကြောင့် ရေမဆေးသမားများ ၈၀ ဝန်းကျင်ခန့် သေဆုံးနိုင်ကြောင်းသတင်းရရှိပါသည်။သာယာကုန်းနှင့် အောင်သာယာ (၂)ကြားရှိ စိန်စိန်ကုမ္ပဏီလုပ်ကွက်ဟောင်းနေရာတွင် ပေ ၁၀၀ ကျော်ခန့်ရှိသည့် မြေစာပုံပြိုကျမှုဖြစ်ပွားခဲ့သည်ဟု ဖားကန့် ဒေသခံတစ်ဦးက KNG သတင်းဌာနကို ပြောခဲ့သည်။"ဖြစ်ပွားခဲ့တာက မနက် |
Posted: 21 Dec 2021 08:46 AM PST ဒီဇင်ဘာလ ၂၁၊ SGGဝက်လက်မြို့နယ် လှတွေရွာမှ ဆိတ်ကျောင်းနေတဲ့ ဆိတ်ကျောင်းသား လူငယ်တဦးကို စစ်ကောင်စီနှင်ပျူစောထီးအဖွဲ့မှ ဒီကနေ့ မနက်ပိုင်း ၉:၃၀နာရီအချိန်လောက်က သတ်ဖြတ်လိုက်ပါတယ်။ဒီကနေ့မနက် ၉နာရီ အချိန်လောက်က အရာတော်မြို့နယ် သလဲဘာရွာနှင့် ငွေတွင်းရွာမှ စစ်ကောင်စီနှင့် ပျူစောထီးအဖွဲ့တွေ လက်နက်ကြီးနဲ့ပစ်ခတ်ပြီးအင်အား ၁၀၀ ခန့်နဲ့ လှတွေရွာကို ဝင်ရောက်လာခဲ့တာပါ။ လှတွေရွာကို ဝင်ရောက်လာခဲ့တဲ့ စစ်တပ်နှင့်ပျူ |
မင်္ဂလာဒုံလေဆိပ်အနီးပေါက်ကွဲမှုဖြစ်၊ လုံခြုံရေးတပ်ပစ်ခတ်လို့တဦးသေဆုံး Posted: 21 Dec 2021 08:42 AM PST ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ်ထဲက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်နားမှာ ဒီနေ့မနက်ပိုင်းက ပေါက်ကွဲ၊ ပစ်ခတ်မှုဖြစ်ပွားခဲ့ပါတယ်။ လေဆိပ်နားက လုံခြုံရေးစခန်းတခုအပေါ်တယောက်ယောက်က ဗုံးနဲ့ လှမ်းပစ် ဖေါက်ခွဲခဲ့ပြီးနောက် လုံခြုံရေးတွေက ပစ်ခတ်ခဲ့တာလို့ အခင်းဖြစ်တဲ့နားမှာနေသူက ပြောပါတယ်။ ပစ်ခတ်မှုကြောင့် လူငယ်အမျိုးသားတယောက်သေဆုံးခဲ့တဲ့အကြောင်း ရန်ကုန်ကလာတဲ့သတင်းကိုမဆုမွန်က တင်ပြပေးထားပါတယ်။ရန်ကုန်မြို့၊ |
ချင်း ဖလမ်းမြို့နယ်တွင်း စစ်ကောင်စီတပ်နဲ့ ဒေသခံကာကွယ်ရေးတိုက်ပွဲဖြစ်ပွား Posted: 21 Dec 2021 08:40 AM PST စစ်ကိုင်းတိုင်း ကလေးမြို့နယ်နဲ့ထိစပ်နေတဲ့ ချင်းပြည်နယ်ဖလမ်းမြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့တခုကို ကလေးပြည်သူ့ကာကွယ်ရေးအဖွဲ့ PDF နဲ့ ချင်းအမျိုးသား ကာကွယ်ရေး CDNF ပူးပေါင်းတပ်တွေက တနင်္လာနေ့ညက ဝင်ရောက်တိုက်ခိုက် ခဲ့တဲ့အတွက် အပြန်အလှန် ပစ်ခတ်တိုက်ပွဲဖြစ်ခဲ့ပါတယ်။ ကလေးမြို့တွင်းမှာလည်း ပစ်ခတ်ပေါက်ကွဲသံတွေကြားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီအကြောင်းရန်ကုန်ကနေ ပေးပို့တဲ့သတင်းကို ကိုကျော်ကျော်သိန်းက |
မတ္တရာတွင် ယနေ့ ညနေပိုင်း စကစများ မိုင်းဆွဲခံရပြီး (၁၅)ဦခန့် ပွဲချင်းပြီးသေ Posted: 21 Dec 2021 08:36 AM PST Mandalay Free Press - MFPftuSc8513he2 ·ရဲကင်းမီးရှို့ခံရသည့် ရုံးပင်ရွာဘက်မှ ပြန်လာသော စကစများက မိုင်းထိခြင်း ဖြစ်၊MFP ၊ ဒီဇင်ဘာ - ၂၁မန္တလေးတိုင်း မတ္တရာမြို့နယ် သပြေလှရွာအနီးတွင် ယနေ့ ဒီဇင်ဘာ(၂၁)ရက် ညနေပိုင်းအချိန် စစ်ကောင်စီ လက်နက်ကိုင်များ လိုက်ပါလာသော သစ်တင်ကားတစ်စီး မိုင်းဆွဲခံရကာ စကစ(၁၅)ဦးခန့် ပွဲချင်းပြီး သေကြောင်း မတ္တရာမြို့နယ် ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ - (ပ.က.ဖ မတ္တရာ) က သတင်း |
ကျောက်ပန်းတောင်းတွင် ရထားကို မိုင်းဆွဲပြီး၊ လာစစ်သော စစ်ကားကို ထပ်မံမိုင်းခွဲ၊ စကစ လေးဦး ထိဟုဆို Posted: 21 Dec 2021 08:33 AM PST MFP ၊ ဒီဇင်ဘာ - ၂၁မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့နယ်တွင် စစ်ကောင်စီ ရိက္ခာတင် ရထားတစ်စီးကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီးနောက် လာစစ်ဆေးသော စစ်ကားကို ထပ်မံ မိုင်းထောင်ဖောက်ခွဲခဲ့ရာ စစ်ကောင်စီ လက်နက်ကိုင် လေးဦး ထိခိုက်ဒဏ်ရာရသွားကြောင်း 21 ပြောက်ကျားတပ်ဖွဲ့ (ကျောက်ပန်းတောင်း)က သတင်းထုတ်ပြန်သည်။ယနေ့ ဒီဇင်ဘာ (၂၁)ရက် မနက်(၁၁)နာရီကျော်အချိန်က ကျောက်ပန်းတောင်မြို့နယ် ကန်နီရွာသွားလမ်း၊ သံအင်းဂူအနီးတွင် |
သံတောင်ကြီးတွင်စစ်ယာဉ်တန်းကို KNU တိုက်ခိုက်၊ စစ်ကောင်စီတပ်ထံမှ လက်နက် ၇ လက်သိမ်းဆီးရမိ Posted: 21 Dec 2021 08:28 AM PST (ဓါတ်ပုံ- လေးကေ့ကော်ဒေသတွင်တိုက်ပွဲဖြစ်ပွားပြီး ဒီဇင်ဘာ ၁၆ ရက်တွင် KNU/KNLAနှင့်ပူးပေါင်းအဖွဲ့က စစ်ကောင်စီတပ်သား ၆ဦးနှင့် နယ်ခြားစောင့်တပ်သား(BGF) ၂ ဦးတို့ကို အရှင်ဖမ်းမိစဥ်။၎င်းတို့ ၈ ဦးကို KNU ကစစ်သုံ့ပန်း ကျင့်ဝတ်နှင့်အညီ ကောင်းမွန်စွာထိန်းသိမ်းထားကြောင်းထုတ်ပြန်ထားသည်။)ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၂)နယ်မြေ သံတောင်ကြီးမြို့နယ်တွင် အာဏာသိမ်းစစ်ကောင်စီတပ်ယာဉ်တန်းကို |
ဒီပဲယင်းမြို့နယ်တွင် စစ်ကောင်စီက ပြည်သူသုံးဦးကို ဓားစားခံဖမ်းဆီးပြီး ပစ်သတ် Posted: 21 Dec 2021 08:26 AM PST (နေအိမ်များ မီးရှို့ဖျက်စီးခံခဲ့ရသည့် နှောဒေသမှ ဆုံကုန်းကျေးရွာအား တွေ့ရစဥ်)ဒီပဲယင်းမြို့နယ် နှောဒေသရှိကျေးရွာများအား စစ်ကောင်စီတပ်မှ ဝင်ရောက်စီးနင်းပြီးနောက် ဓားစာခံအဖြစ်ဖမ်းဆီးသွားသည့် ပြည်သူသုံးဦးကို သေနတ်ဖြင့်ပစ်သတ်ခဲ့ကြောင်း နှောပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Hnaw PDF)က ထုတ်ပြန်သည်။ဖမ်းဆီးသတ်ဖြတ်ခံရသည့် ပြည်သူသုံးဦးမှာ နှောဒေသ ဆယ်တောအုပ်စု ဆုံကုန်းကျေးရွာမှဖြစ်ပြီး ယမန်နေ့ (ဒီဇင်ဘာ ၂၀)နေ့လယ် ၂ |
ထားဝယ်မှာ PDF စခန်းတစ်ခု သိမ်းခံရပြီးနောက် ညဘက်တိုက်ပွဲဆက်ဖြစ် Posted: 21 Dec 2021 08:07 AM PST တနင်္သာရီတိုင်းမ်၊ ဒီဇင်ဘာ ၂၁ ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ရွာအနီးက ခေါင်တိုင်ပြင်(တံခွန်တိုင်ပြင်)ရွာအနီးမှာ ဒီနေ့မနက်ပိုင်းက PDF စခန်းတစ်ခုကို စစ်ကောင်စီတပ်တွေဝင်ရောက်စီးနင်းပြီးနောက် ဒီနေ့ညတိုက်ပွဲတွေဆက်ပြီ းဖြစ်ပွားနေတယ်လို့ သိရပါတယ်။ ဒီနေ့ ည ၆ နာရီဝန်းကျင်ကစလို့ စစ်ကောင်စီတပ်နဲ့ PDF တပ်တွေအကြား အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားနေပြီး စစ်ကောင်စီဘက်က လက်နက်ကြီးတွေပါအသုံးပြုခဲ့တယ်လို့ ကနဦးသိရပါတယ်။ |
မြောက်ဒဂုံရပ်ကွက်အချို့မှာ လက်နက်တွေ လာအပ်ဖို့ အသံချဲ့စက်နဲ့လိုက်အော်နေ Posted: 21 Dec 2021 08:02 AM PST မြောက်ဒဂုံ ဗထူးလမ်း ပေါ်မှာတွေ့ရတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်များရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်မြို့နယ်အတွင်းက နေအိမ်တွေနဲ့ တိုက်ခန်းတွေအတွင်း လက်နက်ခဲယမ်းတွေ လျှို့ဝှက်စွာ သိမ်းဆည်းထားပါက လာမယ့် ဒီဇင်ဘာလ ၃၁ ရက် နောက်ဆုံးထားပြီးလာရောက်အပ်နှံကြဖို့ စစ်ကောင်စီလက်အောက်ခံ ရပ်ကျေးအုပ်ချုပ်ရေးမှူးရုံးက အသံချဲ့စက်နဲ့လိုက်ပြီး အသိပေးနေတယ်လို့ မြောက်ဒဂုံ ဒေသခံတွေကပြောပါတယ်။ဒီကနေ့ ဒီဇင်ဘာလ ၂၁ ရက်နေ့ ညနေ ၆ |
ထားဝယ် PDF စခန်းတစ်ခု ဝင်စီးခံရ Posted: 21 Dec 2021 08:01 AM PST တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ကျေးရွာအုပ်စု၊ ခေါင်တိုင်ပြင်ရွာအနီးဝန်းကျင်ရှိ PDF စခန်းတစ်ခု ဒီဇင်ဘာလ ၂၁ ရက်နေ့က ဝင်ရောက်စီးနင်းခံလိုက်ရတယ်လို့ ဒေသခံတွေက ပြောတာကို ကိုးကားပြီး ထားဝယ် အခြေစိုက် Dawei Watch ကရေးပါတယ်။ဒီကနေ့ ဒီဇင်ဘာလ ၂၁ ရက်နေ့ မနက် ၈ နာရီကျော်ခန့်က စစ်ကောင်စီဘက်က စစ်ကြောင်းထိုး ဝင်ရောက်လာတာကြောင့် နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားပြီးနောက်ပိုင်းမှာ စခန်း |
အကြမ်းဖက်စစ်ကောင်စီတပ်က နှမ်းခါးရွာမှ ရွာသား ကိုးဦးအား ဖမ်းဆီးသတ်ဖြတ် Posted: 21 Dec 2021 07:56 AM PST ဒီဇင်ဘာ ၁၂ ၊ ၂၀၂၁ဒီဇင်ဘာလ ၁၇ ရက်နေ့က နှမ်းခါးရွာကို စစ်ကောင်စီတပ်တွေ တိုက်ခိုက်ရေးရဟတ်ယာဉ်တွေနဲ့ ပစ်ခတ်ခဲ့တဲ့အပြင် အကြမ်းဖက်စီးနင်းခဲ့တဲ့ ဖြစ်စဉ်အတွင်းမှာ ရွာသားကိုးဦးဖမ်းဆီးသတ်ဖြတ်ခံလိုက်ရတာ ဖြစ်ပါတယ်။သေဆုံးခဲ့တဲ့ ဒေသခံတွေကတော့ (၁) မောင်ဖိုးချစ် /အသက် - ၁၈ နှစ်(၂) ဦးဇော်ဌေးဦး /အသက် - ၄၈ နှစ်(၃) မောင်သားချစ် /အသက် - ၁၅ နှစ်(၄) မောင်ဝေလင်း /အသက် - ၂၆ နှစ်(၅) မောင်ဖြိုးဝေထွေး /အသက် - ၂၀ နှစ်(၆) |
အာရှလမ်းမပေါ်မှာ KNU နဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဒီနေ့မနက်က တိုက်ပွဲထပ်ဖြစ် Posted: 21 Dec 2021 03:14 AM PST စစ်ရေးတင်းမာမှုတွေ ရှိနေတဲ့ မြဝတီ- ကော့ကရိတ် အာရှလမ်းဝန်းကျင်မှာ ဒီကနေ့မနက်ပိုင်းကKNU တပ်ဖွဲ့ဝင်တွေ နဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲထပ်မံဖြစ်ပွားခဲ့တယ်လို့ KNUသတင်းရင်းမြစ်ထံကနေ သိရပါတယ်။ဒီကနေ့ မနက်ပိုင်းအချိန်က ကော့ကရိတ်မြို့ အာရှလမ်းမအနီး KNU ထိန်းချုပ်နယ်မြေဖြစ်တဲ့ ကော့နွဲ့ကျေးရွာအုပ်စု အံကလော်ကျေးရွာထဲကို စစ်ကောင်စီတပ်ဖွဲ့က နယ်မြေကျော်ရောက်ရှိလာလို့ နယ်မြေခံ KNU တပ်မဟာ ၆ နဲ့ ထိတွေ့ပစ်ခတ် |
မြင်းမူနယ် မုံရွာ - မန္တလေးလမ်းတွင် စကစ၏ ကျောက်စိမ်းတင်ကားများ မိုင်းဆွဲခံရ Posted: 21 Dec 2021 03:12 AM PST စစ်ကိုင်းဘက်မှ စစ်ကူသွားသော စကစကားခြောက်စီးလည်း မိုင်းဆွဲခံရပြီး မထိဟုဆို၊MFP ၊ ဒီဇင်ဘာ - ၂၁မုံရွာ - မန္တလေးကားလမ်း၊ မြင်းမူမြို့နယ် အလ္လက္ကပ္ပ ကျေးရွာအနီး၌ ယနေ့ ဒီဇင်ဘာ(၂၁)ရက် မွန်းတည့်ချိန်တွင် ကျောက်စိမ်းများ တင်ဆောင်လာသော စစ်ကောင်စီ၏ တွဲကားများ မိုင်းဆွဲတိုက်ခိုက်ခံရပြီး တစ်စီး မိုင်းထိကာ ရှေ့မဆက်နိုင်ဘဲ ဖြစ်နေသည်ဟု ဒေသခံများက MFP သို့ ပြောသည်။ချင်းတွင်းမြစ်အထက်ပိုင်း ခန္တီးမြို့နယ် နန်စီပွန် |
မိုးညိုမှာ အုပ်ချုပ်ရေးမှူးတွေကိုငွေပေးပြီး လောင်းကစားဝိုင်းတွေလုပ်နေ Posted: 21 Dec 2021 03:10 AM PST မိုးညို၊ဒီဇင်ဘာ ၂၁၊၂၀၂၁ပဲခူးတိုင်းအနောက်ခြမ်း၊ မိုးညိုမြို့နယ်၊ မြစ်သာရွာမှာ အုပ်ချူပ်ရေးမှူးကိုငွေပေးပြီး လောင်းကစားဝိုင်းတွေပြုလုပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။လောင်းကစားဒိုင်တွေအနေနဲ့ လွန်ခဲ့တဲ့နှစ်ပတ်လောက်ကတည်းက အဲ့ဒီရွာရဲ့အုပ်ချုပ်ရေးမှူးကို ငွေပေးပြီး တပါတ်မှာ ၂ရက် ပုံမှန်လာလုပ်နေကြတာဖြစ်တယ်လို့ ဒေသခံတဦးကပြောပါတယ်။ " လာလုပ်တဲ့သူတွေက ကျေးရွာအုပ်ချုပ်ရေးမှူးကို နှစ်ရက်ကိုတစ်သိန်းပေးရတယ်၊ |
ချောင်းဆုံမှာ မူလတန်းတက်နေတဲ့ကလေးငယ် ၅ ဦးမှာ ကိုဗစ်ပိုးတွေ့ Posted: 21 Dec 2021 03:06 AM PST ပိုးတွေ့သူကလေးငယ်တွေတက်ခဲ့တဲ့မူလတန်းကျောင်းကို ဆေးဖြန်းမွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၊ ရွာလွတ်ကျေးရွာက မူလတန်းတက်နေတဲ့ကလေးငယ်တွေထဲက ၅ ဦးမှာ ဒီဇင်ဘာလ ၁၈ ရက်က ကိုဗစ်ပိုးတွေ့ခဲ့တာကြောင့် ရွာလွတ်တိုက်နယ်ဆေးရုံမှာ စောင့်ကြည့်ပြီး ကျန်းမာရေးကုသမှုပေးနေပြီလို့သိရပါတယ်။ရွာလွတ်အမှတ် ၁ မူလတန်းကျောင်းမှာ တက်နေတဲ့ ကျောင်းသားတစ်ဦး အနံ့ပျောက်လို့ ဒေသန္တကျန်းမာရေးဌာနမှာ သွားရောက်ပြသချိန် စစ်ဆေးရာကနေ ပိုးတွေ့ |
Posted: 21 Dec 2021 03:03 AM PST ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ရဲ့မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်ဖြစ်သူ မစ္စခရစ္စတင်း ရှာရနာ ဘာဂနာရဲ့ နေပြည်တော်က ရုံးခန်းကို ပိတ်သိမ်းလိုက်တဲ့အကြောင်း စစ်ကောင်စီက ဒီနေ့ ဒီဇင်ဘာလ ၂၁ ရက်မှာ ပြောလာပါတယ်။ကုလသမဂ္ဂရဲ့ အောက်တိုဘာလ ၂၅ ရက် ထုတ်ပြန်ချက်အရ မစ္စ ခရစ္စတင်း ရှာရနာ ဘာဂနာရဲ့တာဝန်ဟာ ပြီးဆုံးပြီဖြစ်ကြောင်းသိရလို့ မြန်မာနိုင်ငံက သူ့ရဲ့ရုံးခန်းကိုဆက်လက်ထားရှိခြင်းမပြုဖို့ဆုံးဖြတ်တာလို့ဆိုပါ |
မြဝတီ-ကော့ကရိတ်အာရှလမ်း ကော့နွဲ့ရွာအနီး တိုက်ပွဲများဖြစ်နေ၍ ယာဉ်သွား လာမှု ခေတ္တပိတ်ထားရ Posted: 21 Dec 2021 02:55 AM PST ဒီဇင်ဘာ ၂၁ ရက် ၊ ၂၀၂၁ ခုနှစ်။ ကေအိုင်စီကော့ကရိတ်မြို့နယ် ကော့နွဲ့ရွာအနီးတွင် ယနေ့ နံနက် ၁၁ နာရီအချိန်ခန့်မှစ၍ စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် -KNLA မဟာမိတ်ပူးပေါင်းအဖွဲ့တို့ တိုက်ပွဲများမှုကြောင့် မြဝတီ-ကော့ကရိတ် အာရှလမ်း ကော့ကရိတ်ဘက်ခြမ်း ဒေါနတောင်ခြေမှာ ယာဉ်ဖြတ်သန်းသွားလာမှု ခေတ္တပိတ်ထားရကြောင်း သိရသည်။ယနေ့နံနက် ပစ်ခတ်မှုများ စတင်ဖြစ်ပွားခဲ့သည့်အခြေအနေနှင့်ပတ်သက်၍ ကော့နွဲ့ |
Posted: 21 Dec 2021 02:54 AM PST ယနေ့ ဒီဇင်ဘာ(၂၁)ရက်၊ မွန်းတည့်ချိန်လောက်တွင် အရာတော်မြောက်နယ်၊ နောင်ကြီးအိုင်အုပ်စုရှိ ကျေးရွာများကို ပတ်လှည့်နေသော စစ်ကောင်စီစစ်ကြောင်းများထဲမှ ခြေလျင်တပ်စိတ်တစ်စိတ်ကို အရာတော်မြို့နယ် တော်လှန်ရေးအင်အားစု (ARA)က မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။နောင်ကြီးအိုင်အုပ်စု၊ ဘော်ကုန်းရွာနှင့် အောင်သုခရွာကြားတွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီခြေလျင်တပ်သား(၂)ယောက် နေရာတင်သေဆုံးပြီး |
စော်ဝရွာဒလန်အကြီးစား တစ်ဦး ကထီးဝရွာရာဘာခြံတွင် သေနတ်ဖြစ် ပစ်သတ်ခံရ Posted: 20 Dec 2021 06:40 PM PST ထားဝယ် ၊ဒီဇင်ဘာလ ၂၁ ရက် သရက်ချောင်းမြို့နယ်၊ စော်ဖျားကျေးရွာအုပ်စု၊ ကထီးဝရွာ ရာဘာခြံတွင် ဖက်ဆစ်တပ်သတင်းပေး ဒလန်အကြီးစား တစ်ဦး ယမန်နေ့ညနေပိုင်းက သေနတ်ဖြစ်ပစ်သတ်ခံရ၍ သေဆုံးသွားသည်။ဒီဇင်ဘာ(၂၀)ရက်၊ညနေ(၃)နာရီခန့်တွင် ဦးခင်မောင်ဆွေ(ခ)မြင့်ဆွေ အသက်(၆၀)ဝန်းကျင်ဆိုသူ ၎င်း၏ ရာဘာခြံအတွင်း သေနတ်ဒဏ်ရာဖြစ် သေဆုံးနေကြောင်း ရွာသားတစ်ဦးကဆိုသည်။"ပစ်တာကဘယ်သူမှမမြင်လိုက်ဘူးပြောတယ်။သေနတ်အသံကြားတော့မှ အနီးအနားကလူ |
Posted: 20 Dec 2021 06:43 PM PST ဒီဇင်ဘာ ၂၁၊ PDF Newsflash အကြမ်းဖက်စစ်ခေါင်းဆောင်များရှိရာ အုပ်ချုပ်ရေးမြို့တော်၊ နေပြည်တော်ဧရိယာအတွင်း ယမန်နေ့က စစ်ကောင်စီယာဉ်တန်းကို မိုင်းခွဲတိုက်ခိုက်ခဲ့ရမှုကြောင့် စစ်ကောင်စီတပ်သား (၁၂) ဦးသေဆုံးပြီး (၅) ဦးထက်မနည်းဒဏ်ရာရရှိသွားကြောင်း သိရပါတယ်။ ပျဉ်းမနားမြို့နယ်၊ ပြည်ထောင်ကိုးကျေးရွာအုပ်စု လက်ဖက်တောင်ကျေးရွာအနီးတွင် စစ်ကောင်စီယာဉ်တန်းကို အဖွဲ့နှစ်ဖွဲ့ခွဲကာ ကြိုတင်ပြင်ဆင်ထားသော မိုင်း (၅) လုံး |
ဘီးလင်းမြို့နယ် ပုရစ်ခိုသင်းချိုင်းမှာ စစ်ကောင်စီတပ်ဖွဲ့မိုင်းဆွဲတိုက်ခိုက်ခံရ၊ ၃ ဦးသေဆုံးဟုဆို Posted: 20 Dec 2021 06:28 PM PST ဒီဇင်ဘာလ၂၀ ရက်နေ့ ၊ ၂၀၂၁မွန်ပြည်နယ် ဘီးလင်းမြို့နယ် ပုရစ်ခို သင်းချိုင်းမှာ ယမန်နေ့ည ၇ နာရီ ၃၀ မိနစ်အချိန်မှာ KNLA တပ်မဟာ၁ တရင်း၂ တပ်ဖွဲ့မှမိုင်းဆွဲတိုက်ခိုက်တာကြောင့်စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးသေဆုံးတယ်လို့ KNLA တပ်မဟာ ၁ စစ်ဖက်ရေးရာတပ်မှူးတစ်ဦးကပြောပါတယ်။ထိခိုက်ဒဏ်ရာရသူအရေအတွက်ကိုတော့ အတည်မပြုနိုင်သေးဘူးလို့သူကဆိုပါတယ်။ အခင်းဖြစ်တဲ့နေရာအလွန်ကွေ့လေးမှာ စစ်ကောင်စီတပ်ဖွဲ့များတောင်ပေါ်ဖက်တက်ပြီး |
Posted: 20 Dec 2021 06:26 PM PST ဒီဇင်ဘာလ ၂၀ ရက်နေ့၊ ၂၀၂၁ စစ်ကောင်စီသည် ဆိုးဝါးပြင်းထန်သည့် လူသတ်မှုနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများ ဖြစ်ပေါ်စေမည့် လေကြောင်းတိုက်ခိုက်မှုများအား လေးကေ့ကော်ဒေသတွင် အချိန်မရွေးပြုလုပ်လာနိုင်သည့်အတွက် ကမ္ဘာ့ကုလသမဂ္ဂက ဦးစီးလျှက်အရေးပေါ်အစည်းအဝေးများကျင်းပပြီး လေကြောင်းပျံသန်းမှုကောင်းမဲ့ဇုံ (No Fly Zone) အဖြစ်သတ်မှတ်ပေးဖို့ KNU က ဒီဇင်ဘာလ ၂၀ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။ ထုတ်ပြန်ချက်မှာ စစ်ကောင်စီ |
စဥ့်ကိုင် ပုလိပ်မြို့ ရဲစခန်းနှင့် စည်ပင်ရုံး ဗုံးခွဲတိုက်ခိုက်ခံရမှု စကစ နှစ်ဦးသေ၊ နှစ်ဦး ဒဏ်ရာရ Posted: 20 Dec 2021 06:21 PM PST စကစများက ရမ်းကားပစ်ခတ်သဖြင့် အရပ်သားပြည်သူ တစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာရဟုဆို၊MFP ၊ ဒီဇင်ဘာ - ၂၀မန္တလေးတိုင်း စဥ့်ကိုင်မြို့နယ် ပုလိပ်မြို့ ရဲစခန်းနှင့် စည်ပင်ရုံးကို ယမန်နေ့ ဒီဇင်ဘာ(၁၉)ရက် ညဦးပိုင်းတွင် ဗုံးပစ် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ လက်နက်ကိုင် နှစ်ဦး သေပြီး နှစ်ဦး ဒဏ်ရာရသွားကြောင်း စဉ့်ကိုင်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Local People's Defence Force Sintgaing – LPDF) က သတင်းထုတ်ပြန်သည်။ယမန်နေ့ ည |
You are subscribed to email updates from THIT HTOO LWIN (Daily News). To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google, 1600 Amphitheatre Parkway, Mountain View, CA 94043, United States |
No comments:
Post a Comment
5
Note: Only a member of this blog may post a comment.