Friday, December 31, 2021

သစ်ထူးလွင်

သစ်ထူးလွင်


ရဲစခန်း အပါအဝင် မုံရွာမြို့ပေါ်(၁၂)နေရာ ထက်မနည်း ဖောက်ခွဲတိုက်ခိုက်ခဲ့ဟု ပြောက်ကျားတပ်များ ထုတ်ပြန်

Posted: 30 Dec 2021 03:29 PM PST

MFP ၊ ဒီဇင်ဘာ - ၃၀မုံရွာမြို့ စက်မှုဇုန်ရှိ အမှတ်(၂)ရဲစခန်း အပါအဝင် ညပိုင်းက မုံရွာမြို့ပေါ် အနည်းဆုံး (၁၂)နေရာတွင်  မြို့ပြပြောက်ကျား တပ်ဖွဲ့များက ဖောက်ခွဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း Monywa Nightking ပြောက်ကျားတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။မုံရွာမြို့ တိုင်းစည်ပင်ရုံးအနီး၊ ခလရ(၁၆)နောက်ကျော၊ ကန်သာယာတံတား ဗိုလ်ချုပ်လမ်း၊ ပြည်ထောင်စုလမ်း မီးပွိုင့်စသည့် နေရာ (၁၂)နေရာထက် မနည်းတွင် စလစ်များ၊

တန့်ဆည် ကံထူးမရွာတွင် စကစများ မိုင်းခွဲတိုက်ခိုက်ခံရကာ အသေအပျောက်ရှိနိုင်

Posted: 30 Dec 2021 03:27 PM PST

စကစများ ရမ်းကားပစ်ခတ်သဖြင့် လမ်းသွားလမ်းလာ ပြည်သူနှစ်ဦး ကျည်ထိမှန်၊ ဖမ်းဆီးခံရသူများရှိ၊MFP ၊ ဒီဇင်ဘာ - ၃၀စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ် ကံထူးမရွာတွင် ယနေ့ မနက်(၉)နာရီခွဲဝန်းကျင်က စကစများ မိုင်းထောင်ဖောက်ခွဲခံရပြီး အသေအပျောက် ရှိနိုင်ကြောင်း ဒေသခံများက ပြောသည်။ယနေ့ ဒီဇင်ဘာ(၃၀)ရက် မနက်ပိုင်းတွင် တန့်ဆည်မြို့နယ်၊ ကံထူးမရဲစခန်းမှ စကစများ ဆိုင်ကယ် ရှစ်စီးဖြင့် ကံထူးမမြို့တွင်း လှည့်ပတ်သွားလာနေချိန်

ပါဆယ်ဗုံးလာရှင်းတဲ့ စစ်သားနဲ့ရဲများ ဗုံးမှန်ဒဏ်ရာရ

Posted: 30 Dec 2021 10:47 AM PST

ပခုက္ကူ၊ ဒီဇင်ဘာ ၃၀၊ ၂၀၂၁။ဒီဇင်ဘာလ ၃၀ ရက်နေ့က ပခုက္ကူတက္ကသိုလ်ရဲ့အလယ်ပေါက်နားမှာ ချထားတဲ့ ပါဆယ်ဗုံးကို လာရောက်ရှင်းလင်းတဲ့စစ်သား ၁၀ ဦးနှင့် ရဲ ၁၅ ဦး ဗုံးထိမှန်၍ ရဲမှူး ၁ ဦးဒဏ်ရာပြင်းထန်စွာရရှိကြောင်း Pakokku Ranger တာဝန်ခံ Bo Rangerက မြေလတ်အသံသို့ပြောပါတယ်။"အရင်ဆုံးနေရာကတော့ ပခုက္ကူတက္ကသိုလ်ရဲ့ အလယ်ပေါက်နားမှာပါဗျ၊‌ဗုံးချထားခဲ့တာ ၇ နာရီလောက်ပါ၊ဗုံးရှင်းဖို့လာတဲ့ ရဲ အင်အား ၁၅ ယောက်ဝန်းကျင်နှင့်စစ်

နတ်မောက်မှာ လိုင်းကြေးကောက်ပြန်လာတဲ့ နယ်ထိန်း သေနတ်နဲ့ ပစ်ခံရပြီး သေဆုံးနိုင်ခြေမျာ

Posted: 30 Dec 2021 10:45 AM PST

ဓါတ်ပုံ- သေနတ်နဲ့ ပစ်ခံလိုက်ရတဲ့ နယ်ထိန်း မိုးဝေနတ်မောက်၊ ဒီဇင်ဘာ ၃၀၊ ၂၀၂၁။နတ်မောက်မြို့နယ် ၊ရွှေပန်းတေးကြေးကောက်ပြီး ပြန်လာတဲ့ လမ်းပေါ်မှာ သေနတ်နဲ့ ပစ်ခဲ့တာလို့ ငါးပြေမပြောက်ကျားတပ်ရဲ့ တာဝန်ခံ ဗိုလ် ရေနဂါးက ပြောပါတယ်။"လိုင်းကြေးကောက်ပြီး ပြန်လာတာကို ကျနော်တို့က သတင်းရတာ၊သတင်းရရခြင်း သွားဆော်တာဖြစ်တဲ့အတွက် သေခြာစီစဉ်ပြီးမလုပ်ရတာဖြစ်တဲ့အတွက် အဲဒီနေရာမှာတင်အပြတ်မရှင်းနိုင်လိုက်တာ၊စခန်းနဲ့လည်း အရမ်း

တောင်ငူမြို့ ၂ ရပ်ကွက်မှ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး မင်းမင်းဦး စွန်လွှတ်နေစဉ် ပစ်သတ်ခံရ

Posted: 30 Dec 2021 10:39 AM PST

ဒီဇင်ဘာ  ၃၀ ပဲခူးတိုင်း၊ တောင်ငူမြို့နယ်၊ ၂ ရပ်ကွက်မှ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး မင်းမင်းဦးသည် ယနေ့ညနေပိုင်း စွန်လွှတ်နေစဉ် ပစ်သတ်ခံရကြောင်း ဒေသခံများထံမှ သိရှိရသည်။ ဒီဇင်ဘာလ ၃၀ ရက်နေ့ ညနေ ၃ နာရီအချိန် တောင်ငူမြို့နယ် ၊ ၂ ရပ်ကွက် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး မင်းမင်းဦးသည် စွန်လွှတ်နေစဉ် သေနတ်သမားတစ်ဦးက အနီးကပ် ပစ်သတ်သွားခြင်းဖြစ်ကြောင်း သိရှိရသည်။ "ပစ်တဲ့ သေနတ်သမားက  လမ်းလျှောက်ရင်းအေးဆေး

စစ်ကိုင်းမြို့နယ်တွင် စစ်ကောင်စီကားကြီး ၁စီးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ရှေ့ထွက်မိုင်းဖြင့်တိုက်ခိုက် စကစတပ်သား အများအပြားထိခိုက်

Posted: 30 Dec 2021 10:37 AM PST

ဒီဇင်ဘာလ ၃၀စစ်ကိုင်းမြို့နယ်တွင် အင်အားပြည့်လိုက်ပါလာသည့် စစ်ကောင်စီကားကြီး ‌၁စီးကို ဒီဇင်ဘာလ ၃၀ ရက် မနက် ၈:၄၂နာရီ အချိန်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှာ ရှေ့ထွက်မိုင်းနဲ့ တိုက်ခိုက်ခဲ့ပါတယ်။စစ်ကိုင်းကနေရွှေဘိုဦးတည်ထွက်လာတဲ့ စစ်ကောင်စီကားကြီးကို စစ်ကိုင်း‌-ရွှေဘို ကားလမ်းမကြီးပေါ် စစ်ကိုင်းမြို့နယ် ချိုင်းကြီးကျေးရွာနှင့် ကျားမင်းကြီးရွာကြားမှာ စစ်ကိုင်းမြို့နယ် ပ.က.ဖ တပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်

အကြမ်းဖက်စစ်တပ်က နှမ်းခါးရွာသားတစ်ဦးကိုပစ်သတ်ပြီး စပါးကျီထဲထည့်ကာ မီးရှို့ခဲ့

Posted: 30 Dec 2021 10:49 AM PST

ဓာတ်ပုံ- ဒီဇင်ဘာ၂၉ နှမ်းခါးရွာ စစ်တပ်၏အကြမ်းဖက်မှုများဂန့်ဂေါ ဒီဇင်ဘာ ၃၀ယမန်နေ့ ဒီဇင်ဘာ၂၉ညက စစ်ကောင်စီတပ်တွေဟာ နှမ်းခါးရွာအတွင်းသို့ ညအိမ်ဝင်ရောက် တပ်စွဲပြီး တန်ဖိုးကြီးပစ္စည်းတွေကို  ခိုးယူဖျက်ဆီးကာ ကြက် ဝက် တွေကိုလည်း ရက်စက်စွာသတ်ဖြတ် စားသောက်သွားကြတယ်လို့ သိရပါတယ်။   စစ်ကောင်စီတပ်တွေဟာ လူမဆန်ရက်စက်စွာဖြင့်  အသက် ၄၅နှစ်အရွယ် အပြည်မဲ့ပြည်သူတစ်ဦးကို သတ်ဖြတ်၍  စပါးတိုက်အတွင်းသို့ အလောင်းကို ထည့်ကာ

ဟားခါးလေးကျေးရွာတွင် သေနက်နဲ့ပစ်ခတ်ခံရတဲ့ အဘွားအို သေဆုံး

Posted: 30 Dec 2021 10:32 AM PST

ပုံစာ - ကလေးမြို့တောင်ဘက် စစ်ဘေးရှောင်ပြည်သူများ။ ယမန်နေ့ ဒီဇင်ဘာ ၂၉ ရက်နေ့က ကလေးမြို့နယ်၊ ဟားခါးလေးကျေးရွာတွင် စကစစစ်ကြောင်းရောက်ရှိနေစဉ် သေနက်နဲ့ ပစ်ခတ်ခံရတဲ့ အသက် ၈၀နှစ်အရွယ်အဘွားအို (Thin Thang Nu) သည် ယနေ့နံနက်ပိုင်းတွင် ၎င်းရရှိထားသောဒဏ်ရာနဲ့ သေဆုံးသွားခဲ့ကြောင်း သတင်းရရှိပါတယ်။ "မနေ့က ရွာထဲမှာ ပစ်ခတ်ခံရတယ်။ ပေါင်မှာကျည်ထိမှန်ပြီး သွေးထွက်လွန်လို့ ယနေ့နံနက်ပိုင်းမှာ ဆုံးသွားတယ်" လို့ ရွား

ချောင်းဦးတွင် ခြေလျင်ဖြန့်ဆင်းလာသော စစ်ကောင်စီတပ်ကို မိုင်းဆွဲတိုက်ခိုက်ရာ သေဆုံးထိခိုက်မှုများပြား

Posted: 30 Dec 2021 10:24 AM PST

မုံရွာ၊ ဒီဇင်ဘာ-၃၀ချောင်းဦးမြို့၏အနောက်ဖက်ရှိကျေးရွာများကို ဝင်ရောက်စီးနင်းရန်အတွက်  ခြေလျင်တပ်ဖြန့်လာကြသော စစ်ကောင်စီတပ်ကို ဒီဇင်ဘာလ ၃၀ ရက် မနက်ပိုင်းက အသင့်စောင့်ဆိုင်း  မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စကစ  (၅) ဦးနေရာတွင်ပင်သေဆုံး၍ တစ်ဦး လက်မောင်းရင်းမှပြတ် ကာ (၂၀) ခန့် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ ချောင်းဦး PDF ကထုတ်ပြန်ထားပါတယ်။  သေဆုံး၊ ထိခိုက်သူများကို FORLAND ကားပေါ်သို့ပြန်တင်ပြီး ပြန်ဆုတ်ချိန်

ပူတာအိုဘက်သို့တက်လာသော စကစယာဉ်တန်းအား KIA နှင့် PDF ကြားဖြတ်တိုက်ခိုက်၊ စကစတပ်သား (၂၀) ကျော်သေဆုံး

Posted: 30 Dec 2021 10:17 AM PST

Photo - Putao PDF တပ်ဖွဲ့ဝင်များဒီဇင်ဘာ ၃၀ကချင်ပြည်နယ်၊ ဆွမ်ပရာဘွမ်မြို့နယ်မှ ပူတာအိုဘက်သို့ တက်လာသည့် စစ်ကောင်စီယာဉ်တန်း ကား (၂) စီးအား ယမန်နေ့ ည ၁၂ နာရီခန့်အချိန်တွင် KIA နှင့် PDF ပူးပေါင်း၍ ကြားဖြတ်တိုက်ခိုက်ခဲ့​​ပြီး စကစတပ်သား (၂၀) ကျော်သေဆုံးခဲ့ကြောင်း သိရသည်။" အင်အား (၃၀) ကျော်ပါသော စကစယာဉ်တန်းအား ပူတာအိုမြို့နယ် အင်ဆိုင်းယန်ကျေးရွာအနီးတွင် KIA နှင့် PDF တို့မှ ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်း

ပုလဲမြို့နယ်အတွင်းဝင်လာသော စကစယာဉ်တန်းအား ဒေသခံ PDF များက နည်းပညာသုံး၍ ဝေဟင်မှဗုံးကျဲတိုက်ခိုက်၊ စကစတပ်သား (၁၄) ဦးသေဆုံး (၇) ဦးဒဏ်ရာပြင်းထန်

Posted: 30 Dec 2021 10:15 AM PST

ဒီဇင်ဘာ ၃၀ပုလဲမြို့နယ်တွင် အောင်ဆန်းတပ်ဖွဲ့ ASF-MPDF နှင့် မဟာမိတ် ပုံတောင်တိုက်ဂါးတပ်ဖွဲ့မှ စကစတပ်များအား​ နည်းပညာသုံး၍ ဝေဟင်မှဗုံးကျဲတိုက်ခိုက်ခဲ့ပြီး ၂ ရက်အတွင်း စကစတပ်သား (၁၄) ဦးသေဆုံး၍ (၇) ဦးဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။​ဂန့်ဂေါဘက်မှ ပုလဲမြို့နယ် ကန့်ဒေါင့်သို့ ဆင်းလာသော အင်အား (၁၅၀) ခန့်ပါ စကစယာဉ်တန်းအား ကြိုရန်လာ​သော ကန့်ဒေါင့်ရဲစခန်းမှ စကစတပ်သားများအား ကန့်ဒေါင့်ရွာအနောက်ဘက် သစ်တောရုံးအနီးအ

စစ်ကောင်စီခြေလျင်စစ်ကြောင်းကို မြောင်မြို့နယ်တော်လှန်ရေးတပ် မိုင်းဆွဲတိုက်ခိုက်သဖြင့် ၃ ယောက်သေ

Posted: 30 Dec 2021 10:09 AM PST

Photo:MRAမဲခေါင်၊ ဒီဇင်ဘာ ၃၀မြောင်မြို့နယ်၊ ကျောက်တန်းကျေးရွာနှင့် ရွှေတချောင်းကျေးရွာကြား ချင်းတွင်းမြစ်ကမ်းဘေးတွင် ခြေလျင်စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်ကောင်စီတပ်သား (၂၅)ဦးခန့်အား မြောင်မြို.နယ်တော်လှန်ရေးတပ် (MRA) မှ ယနေ့မနက်ပိုင်း မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က ၃ ဦး သေဆုံးပြီး ဒဏ်ရာရသူအများအပြားရှိကြောင်း MRA က ထုတ်ပြန်သည်။မြောင်မြို့နယ်တော်လှန်ရေးတပ် (MRA)သည် ပြောက်ကျားစစ်ဆင်

အကယ်ဒမီ အိန္ဒြာကျော်ဇင်နှင့် ပြေတီဦးကို စစ်ကောင်စီက အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၃ နှစ်စီချမှတ်

Posted: 30 Dec 2021 10:06 AM PST

ဒီဇင်ဘာ ၃၀၊ ၂၀၂၁သရုပ်ဆောင် အကယ်ဒမီ အိန္ဒြာကျော်ဇင်နှင့် ပြေတီဦးတို့ ဇနီးမောင်နှံကို စစ်ကောင်စီက အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၃ နှစ်ချမှတ်ခံရကြောင်း တရားရုံးနှင့်နီးစပ်သည့်အသိုင်းအဝိုင်းမှ သိရသည်။ယင်းအပြင် တေးသံရှင် စောဖိုးခွါး၊ ပိုပို နှင့် ဗြူးတီးဘလော့ဂါ ဝင်းမင်းသန်းတို့လည်း အင်းစိန်ထောင်တွင်း တရားရုံးက အလားတူပြစ်ဒဏ်များ ချမှတ်ခံလိုက်ရသည်။သရုပ်ဆောင် သရုပ်ဆောင် လူမင်းနှင့်ရဲတိုက်တို့ကိုလည်း ယနေ့တွင်

စကစတပ်က နှမ်းခါးနဲ့ ရွှေဘိုကျေးရွာကလူနေအိမ်တွေဖျက်စီးပြီး အရပ်သားပြည်သူ ၂ ဦးကိုသတ်ဖြတ်ခဲ့

Posted: 30 Dec 2021 03:43 AM PST

မကွေးတိုင်း၊ ဂန့်ဂေါန်မြို့နယ် နှမ်းခါးကျေးရွာနဲ့ ရွှေဘိုကျေးရွာက လူနေအိမ်တွေခိုးယူဖျက်စီးပြီး အရပ်သားပြည်သူ ၂ ဦးကို သတ်ဖြတ်ကြတယ်လို့ကနဦးသတင်းရရှိပါတယ်။ ဒီဇင်ဘာ ၂၉ ရက်ညတွင် အာဏာသိမ်းစစ်ကောင်စီတပ်တွေဟာ နှမ်းခါးကျေးရွာမှာ ညအိပ်တပ်စွဲကြပြီး ရွာထဲကအိမ်တွေကို ဖောက်ထွင်းကာ အဖိုးတန်ပစ္စည်းတွေခိုးယူပြီး ကြက်ဝက်တွေကိုလည်း သတ်ဖြတ်စားသောက်ကြပါတယ်။ ရွာထဲက စိတ်ဝေဒနာရှင် အသက် ၆၀ အရွယ်အမျိုးသားကိုရိုက်နှက်ပြီး

KNLA နဲ့ စစ်​ကောင်စီတပ် ဒီမနက်ထိ​တွေ့ပစ်ခတ်မှု စစ်​ကောင်စီတပ်သား၃ ဦး ​သေဆုံး

Posted: 30 Dec 2021 03:35 AM PST

ကေအဲန်ယူထိန်းချုပ်နယ်မြေဖြစ်တဲ့ ကော့ကရိတ်မြို့နယ် ကော့နွဲ့ကျေးရွာအုပ်စုထဲကို နယ်မြေကျော်ရောက်ရှိလာတဲ့ စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တို့အကြား ဒီကနေ့မနက်က တိုက်ပွဲဖြစ်ပွါးရာ စစ်ကောင်စီဘက်က သုံးဦးသေဆုံးခဲ့ပါတယ်။ဒီကနေ့ ဒီဇင်ဘာ ၃၀ ရက် မနက် ၆ နာရီကျော်အချိန်ကစပြီး ကေအဲန်ယူ ဒူးပလာယာခရိုင်၊ ကော့ကရိတ်မြို့နယ်၊ ကော့နွဲ့ကျေးရွာအုပ်စု မနွယ်ဘုရားကုန်းနဲ့ မြိုင်ကလေးဘုရားကုန်းကြားမှာ

တပ်ခွဲမှူးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦးအား လက်နက်ခဲယမ်းနှင့်အတူ KNLA ထပ်မံ ဖမ်းမိ

Posted: 30 Dec 2021 03:28 AM PST

 ဒီဇင်ဘာ ၃၀ရက်၊ ၂၀၂၁ခုနှစ်။ ကေအိုင်စီယနေ့ ဒီဇင်ဘာလ ၃၀ရက်နေ့ နံနက်ပိုင်းက ဖြစ်ပွားနေသည့် လေးကေကော်တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ တပ်ခွဲမှူးအပါအဝင် ၇ ဦးအား လက်နက်ခဲယမ်းများနှင့်အတူ KNLA ပူးပေါင်းတပ်ဖွဲ့ ထပ်မံဖမ်းဆီးရမိထားသည်ဟု မြေပြင်သတင်းအရ သိရသည်။ အိမ်စီးကားဖြင့် နေရာရွှေ့ပြောင်းလာစဥ် ရသေ့ဂူ ကျေးရွာဝန်းကျင်တွင်  ဖမ်းဆီးရမိခြင်းဖြစ်သည်ဟု KNLAနှင့် နီးစပ်သည့် သတင်းအရင်းအမြစ်တစ်ခုက ပြောသည်။ ၎င်းက"

No comments:

Post a Comment

5

Note: Only a member of this blog may post a comment.