Sunday, December 19, 2021

သစ်ထူးလွင်

သစ်ထူးလွင်


အာဏာသိမ်း စစ်တပ် ရှုံးမဲမဲတဲ့ အဆင့်ကို ရောက်နေပြီးလို့ CDM စစ်ဗိုလ်တွေ ဝေဖန်

Posted: 19 Dec 2021 06:49 AM PST

မော်လမြိုင် ၊ ဒီဇင်ဘာ (၁၉)အာဏာသိမ်း စစ်တပ်ဟာ အခုနောက်ပိုင်း နိုင်ငံတဝန်းမှာ စစ်အင်အားတိုးချဲ့ပြီး တိုက်ပွဲတွေ ဆက်လက် ဖော်ဆောင်နေတာ ဖြစ်ပါတယ်။ အဲဒီလို တိုက်ပွဲ ဖော်ဆောင်ရာမှာ တိုင်းရင်းသားလက်နက်ကိုင်တွေသာမက ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေနဲ့ ရင်ဆိုင် တိုက်ပွဲတွေမှာလည်း အကျဆုံးများနေတာ ဖြစ်ပါတယ်။အကျဆုံးများနေတဲ့ အာဏာသိမ်း စစ်တပ်ဟာ ပြည်သူတွေအပေါ် နည်းမျိုးစုံပြီး ဖိနှိပ်လာသလို ရင်ဆိုင်တိုက်ပွဲတွေမှာ

စစ်ကောင်စီတပ်ဖွဲ့ဖမ်းဆီးထားတဲ့ အရာတော်မြို့နယ် မင်းရွာသား ၈ဦးကို ပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်ပေါင်းစု ကယ်တင်နိုင်ခဲ့

Posted: 19 Dec 2021 06:35 AM PST

ဒီဇင်ဘာလ ၁၉၊ SGGအရာတော်မြို့နယ် မင်းရွာကြီးအနီးမှာ စစ်ကောင်စီတပ်ဖွဲ့ဖမ်းဆီးသွားသော ကောက်လှိုင်းစည်းများတင်ဆောင်နေသော ရွာသား ၈ဦးကို ဒီကနေ့ ဒီဇင်ဘာလ ၁၉ရက် ညနေပိုင်း မှာ ဒေသခံကာကွယ်ရေးမဟာမိတ်တပ်ပေါင်းစုက ပြန်လည်ကယ်တင်နိုင်ခဲ့ပါတယ်။ဒီဇင်ဘာလ ၁၈ရက် မနက် ၈နာရီအချိန်လောက်က မင်းရွာအနီး ဖောကားပေါ်သို့ ‌ကောက်လှိုင်းစည်းများတင်ဆောင်နေသော ရွာသား ၈ဦးကို ငွေတွင်းရွာမှာ တပ်စွဲထားတဲ့ စကစတပ်ဖွဲ့ အင်အား ၃၀ဝန်းကျင်က

စဉ့်ကိုင် ပုလိပ်မြို့ ရဲစခန်းရှေ့ ဗုံးကွဲ၊ သေနတ်ပစ်ခတ်သံများ ကြားရဟုဆို

Posted: 19 Dec 2021 06:31 AM PST

MFP ၊ ဒီဇင်ဘာ - ၁၉မန္တလေးတိုင်း စဉ့်ကိုင်မြိုကနယ် ပုလိပ်မြို့ ရဲစခန်းရှေ့တွင် ယနေ့ ဒီဇင်ဘာ(၁၉)ရက် ည(၇)နာရီဝန်းကျင်က ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး သေနတ်ပစ်ခတ်သံများလည်း ကြားရကြောင်း ဒေသခံများက MFP သို့ ပြောသည်။ပုလိပ်မြို့ ရဲစခန်းရှေ့၌ ယခုည (၇)နာရီဝန်းကျင်က လက်လုပ်ဗုံး ပေါက်ကွဲခဲ့ခြင်း ဖြစ်ပြီး ရဲစခန်းအတွင်း ရှိနေသော စစ်ကောင်စီ လက်နက်ကိုင်များ သေနတ် ခြောက်ချက်၊ ခုနှစ်ချက်ခန့် လမ်းပေါ်သို့ ရမ်းသတ်း

မကွေးမြို့၊ သစ်ရာကောက်ရွာအနီးက MPT နဲ့ဖက်စပ် မိုင်တဲတာဝါတိုင် ဖောက်ခွဲဖျက်ဆီးခံရ

Posted: 19 Dec 2021 06:20 AM PST

မကွေး၊ ဒီဇင်ဘာ ၁၉၊ ၂၀၂၁။မကွေးမြို့၊ သစ်ရာကောက်ကျေးရွာအနီးက MPTကုမ္မဏီနဲ့ ဖက်စပ် လုပ်ထားတဲ့  စစ်ကောင်စီထောက်တိုင် မိုင်တဲတာဝါတိုင်  (MPT- site) ကို  ဒီဇင်ဘာ ၁၈ ရက် မနေ့က နေ့လည် ၂နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခဲ့တယ်လို့ No Chair ပြောက်ကျားတပ်ဖွဲ့တာဝန်ခံ ဗိုလ်မိုးနက္ခတ်က ပြောပါတယ်။ "အင်တာနက် ပက်ကေ့တွေ အဆမတန်များလာအောင်လုပ်လို့ စစ်ကောင်စီထောက်တိုင်ကိုခွဲဖောက်တာပါ၊ circuit box  တွေပျက်စီးသွားပါတယ်၊ ဗုံး

ပြည်သူ့တော်လှန်ရေးတပ်မတော် PRA မှ (၂) ကြိမ်မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စကစတပ်သား (၅) ဦးသေဆုံး၍ (၃) ဦးဒဏ်ရာရ

Posted: 19 Dec 2021 06:18 AM PST

ဒီဇင်ဘာ ၁၉၊ PDF Newsflash စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်များအား ပြည်သူ့တော်လှန်ရေးတပ်မတော် PRA မှ ပဒေသာမိုင်း၊ ဆွဲမိုင်းများဖြင့် (၂) ကြိမ်ဖောက်ခွဲတိုက်ခိုက်ခဲ့ကြီး စကစတပ်သား (၅) ဦးသေဆုံး၍ (၃) ဦးဒဏ်ရာပြင်းထန်သွားကြောင်း သိရသည်။ပုလဲမြို့နယ်၊ ကန့်ဒေါင့် မှ ထွက်လာသော စကစယာဉ်တန်းအား ယမန်နေ့ မနက် ၁၀ နာရီခန့်က ဝမ်းဘဲချိုင့်ရွာ အရှေ့ဘက်တွင် PRA တပ်ခွဲ(၁၁) မှ မိုင်း (၂) လုံးဖြ

ကရင်ပြည်နယ်မှာ တိုက်ပွဲပြင်းထန်နေသလို ကယားမှာလည်း စစ်ရှိန်မလျော့

Posted: 19 Dec 2021 06:06 AM PST

ကယားပြည်နယ် အရှေ့ဘက်ခြမ်းမှာ စစ်ကောင်စီတပ်တွေက ဒီဇင်ဘာလ ၁၈ ရက်နေ့က လက်နက်ကြီးတွေနဲ့ ပစ်ခတ် လမ်းကြောင်းရှင်းကာ ၀င်ရောက်လာပြီး ရွာတွေထဲ နေရာယူထားတဲ့အတွက် အချိန်မရွေး တိုက်ပွဲ စဖြစ်လာနိုင်တယ်လို့ KNDF ကရင်နီအမျိုးသား ကာကွယ်ရေးတပ် ပြောခွင့်ရသူက ဘီဘီစီကို ပြောပါတယ်။လက်ရှိမှာ ဒေသ ကာကွယ်ရေး တပ်တွေကလည်း အသင့် နေရာယူထားတဲ့ အတွက် အခြေအနေ တင်းမာလျက် ရှိတယ်လို့ သူက ဆိုပါတယ်။စစ်ကောင်စီတပ်တွေဟာ ဒီဇင်ဘာ ၁၈ရက်

မုံရွာ-အမြင့်လမ်းမှာ စစ်ဆေးနေတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ မိုင်းခွဲတိုက်ခိုက်ခံရ

Posted: 19 Dec 2021 06:06 AM PST

စစ်ကိုင်းတိုင်း၊ မုံရွာ-အမြင့်လမ်းမှာရှိတဲ့ ထနောင်းတော တောင်ရွာနဲ့မြောက်ရွာအကြား ထနောင်းတောမြောက်ရွာအဝင် သုသာန်အနီးမှာ ဒီနေ့ ဒီဇင်ဘာလ ၁၉ ရက် မနက်ပိုင်းက လမ်းသွားလမ်းလာတွေကို စစ်ဆေးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ မိုင်းခွဲတိုက်ခိုက်ခံလိုက်ရပါတယ်။အဲဒီမိုင်းခွဲမှုမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် အထိအခိုက်အကျအဆုံး ဘယ်လောက်ရှိမယ်ဆိုတာ မသိရသေးဘူးလို့ တိုက်ခိုက်မှုလုပ်တဲ့ မုံရွာပျောက်ကျားအဖွဲ့ MPW က ပြောပေမဲ့

နှမ်းခါးရွာကို မီးရှို့ပြန်လာတဲ့ စစ်ကောင်စီတပ်များ မိုင်းဆွဲတိုက်ခိုက်ခံရ၊ စစ်ကောင်စီတပ်သား (၇) ဦးသေ

Posted: 19 Dec 2021 06:05 AM PST

Photo- PDF Gangaw Battalion တပ်ဖွဲ့ဝင်များဒီဇင်ဘာ ၁၉၊ PDF Newsflash မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ နှမ်းခါးရွာကို မီးရှို့ပြီးပြန်လာတဲ့ စစ်ကောင်စီတပ်များအား ဒီကနေ့မနက် ၁၁နာရီခန့်တွင် People's Defence Force-Gangaw Battalion မှ မိုင်းဆွဲတိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သား (၇) ဦးသေဆုံးခဲ့ကြောင်း သိရပါတယ်။ယနေ့မနက်အစောပိုင်းမှာပဲ နှမ်းခါးရွာကနေအိမ် ၁လုံးနဲ့ မြင်သားရွာက နေအိမ်၁လုံးကို မီးရှို့ဖျက်ဆီးပြီး

နှမ်းခါးရွာကို လေယာဥ်နဲ့ ဗုံးကြဲခဲ့တဲ့နေ့က ကျဆုံးခဲ့တဲ့ PDF ရဲ‌ဘော် ၉ ဦးကို ဒီနေ့မီးသင်္ဂြိုလ်

Posted: 19 Dec 2021 06:02 AM PST

ဂန့်ဂေါ၊ ဒီဇင်ဘာ ၁၈၊ ၂၀၂၁။နှမ်းခါးရွာကို စစ်ကောင်စီက လေယာဥ်နဲ့ ဗုံးကျဲတိုက်ခိုက်ခဲ့တဲ့နေ့မှာ ကျဆုံးခဲ့တဲ့ PDF ရဲဘော် ၉ ဦးကို ဒီနေ့ နေ့လယ်မှာ မီးသင်္ဂြိုလ်ခဲ့တယ်လို့ Gangaw Battalion PDF ဆီက သိရ ပါတယ်။ ဂန့်ဂေါမြို့နယ်၊ နှမ်းခါးရွာမှာ ဒီဇင်ဘာ ၁၇ ရက်က BG – PDFနဲ့ အခြား PDF တို့ အစည်းအဝေးလုပ်နေချိန်မှာ စစ်ကောင်စီက ရဟတ်ယာဥ်နဲ့ ဗုံးကျဲတိုက်ခိုက်ခဲ့တဲ့အပြင် စက်သေနတ်တွေနဲ့လည်း ပစ်ခဲ့တာကြောင့် ကျည်ထိမှန်

ဂန့်ဂေါမှာ စစ်တပ်က ရဟတ်ယာဉ်များအပါအဝင် လက်နက်မျိုးစုံနဲ့ ပြည်သူကို အစုလိုက် အပြုံလိုက် သတ်ဖြတ်၊ အလောင်း ၁၄ လောင်းပြန်ရပြီး ကောက်မရသေးတဲ့ အလောင်းများ ကျန်ရှိနေ

Posted: 19 Dec 2021 06:00 AM PST

ဒီဇင်ဘာ ၁၉၊ ၂၀၂၁ မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ နှမ်းခါးကျေးရွာမှာ အကြမ်းဖက်စစ်တပ်က စစ်ရဟတ်ယာဉ် ၃ စီးနဲ့ ကျေးရွာထဲသို့ ပစ်ခတ်သတ်ဖြတ်မှုများလုပ်ဆောင်တာအပြင် ကျေးရွာမှာ စခန်းချ သတ်ဖြတ်မှုများ ဆက်တိုက်လုပ်ဆောင် နေရာ ပြည်သူ ၁၄ ဦးအလောင်းကို ပြန်လည် ကောက်ယူရရှိပြီး ကောက်ယူခြင်းမရသေးတဲ့ အလောင်းတွေ ကျန်ရှိနေသေးကြောင်း နှမ်းခါးကျေးရွာ ဒေသရင်းမြစ်များထံက သိရတယ်လို့ ရန်ကုန်ခေတ်သစ်မီဒီယာမှာ ဖော်ပြထားပါတယ်။ "

ကနီနယ် ချင်းတွင်းမြစ်ကြောင်းတိုက်ခိုက်မှု PDF ရဲဘော်နှစ်ဦးကျဆုံးပြီး ခုနစ်ဦးဒဏ်ရာရ

Posted: 19 Dec 2021 05:56 AM PST

(ကနီနယ်ချင်းတွင်းမြစ်ကြောင်းတိုက်ပွဲမှ ကျဆုံး PDF တပ်ဖွဲ့ဝင်တစ်ဦး)စစ်ကိုင်းတိုင်း ကနီမြို့နယ် ချင်းတွင်းမြစ်ကြောင်းအတွင်း စစ်ကောင်စီတပ်နှင့်ဖြစ်ပွားသည့် ထိတွေ့တိုက်ပွဲများတွင် ဒေသကာကွယ်ရေးမဟာမိတ်တပ်ဖွဲ့ဝင်နှစ်ဦးကျဆုံးခဲ့ကြောင်း ကနီမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(KLGPDF)က ယနေ့ (ဒီဇင်ဘာ၁၉) ထုတ်ပြန်သည်။ ထို့အပြင် အဆိုပါထိတွေ့တိုက်ပွဲများအတွင် မဟာမိတ်တပ်ဖွဲ့ဝင် ရဲဘော်ခုနစ်ဦးထိခိုက်ဒဏ် ရာရရှိခဲ့ရာ

လေးကေကော်မှာ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီ ရဲ့လက်နက်ကျည်ကြောင့် နေအိမ်တွေ မီးလောင်ပျက်စီး

Posted: 19 Dec 2021 05:50 AM PST

လေးကေကော်အနီးမှာ တိုက်ပွဲတွေပြင်းထန်ရာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်ရဲ့ လက်နက်ကြီးကြောင့် နေအိမ်တွေ မီးလောင်ပျက်စီးရသလို ဒေသခံပြည်သူ ရာနဲ့ချီပြီး ဘေးလွတ်ရာကို ထပ်မံ ထွက်ပြေးနေရတယ်လို့ ဒေသခံသတင်းရင်းမြစ်ဆီကသိရပါတယ်။တိုက်ပွဲဖြစ်ပွားတဲ့နေရာတွေကတော့ မဲထော်သလေး ကျေးရွာ ၊ ဖလူးကျေးရွာ အနီးပတ်ဝန်းကျင်းတွေဖြစ်ပြီး တိုက်ပွဲတွေမှာ အထိနာခဲ့တဲ့ စစ်ကောင်စီဟာ အင်အားတိုးချဲ့ထားသလို လက်နက်ကြီးတွေကို သုံးနေတာပါ။တိုက်ပွဲ

လယ်သစ်ရွာမှာ သုံးရက်အတွင်း ဒလန်လို့နာမည်ကြီးသူ မိသားစုဝင်လေးဦးပစ်သတ်ခံရပြီးသေဆုံး

Posted: 19 Dec 2021 05:47 AM PST

တနင်္သာရီတိုင်းမ်၊ ဒီဇင်ဘာ ၁၈ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်က လယ်သစ်ရွာမှာ သုံးရက်အတွင်း ဒလန်လို့နာမည်ကြီးတဲ့မိသားစုဝင်လေးဦးသေနတ်နဲ့ပစ်သတ်ခံရပြီးသေဆုံးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။ ဒီဇင်ဘာလ ၁၆ ရက် ည ၈ နာရီကျော်က လယ်သစ်အရှေ့ကမ်းမှာ ဒလန်လို့နာမည်ကြီးတဲ့ ကိုဝေဖြိုးအောင်နဲ့ မလှဝင်းတို့ လင်မယားနှစ်ယောက်အပြင် မွေးစားသားဖြစ်သူပါ စုစုပေါင်းသုံးဦးသေနတ်နဲ့ပစ်သတ်ခံရပြီးသေဆုံးခဲ့တယ်လို့ ဒေသခံတွေကပြောပါ

ဂန့်ဂေါနယ် က နှမ်းခါးနဲ့မြင်သားရွာ မှာ နေအိမ်တွေ မီးထပ်ရှို့ခံရ

Posted: 19 Dec 2021 05:37 AM PST

နှမ်းခါးရွာထဲမှာ သေဆုံးသူရုပ်အလောင်းတွေ တွေ့ရှိထားတယ်လို့ ဒေသခံတွေပြောဒီဇင်ဘာ (၁၇)ရက် မှာ စစ်ကောင်စီတပ်က ရဟတ်ယာဉ်နဲ့ရောက်လာပြီး လက်နက်ကြီးတွေနဲ့ပစ်ခတ်တိုက်ခိုက်တာတွေလုပ်ခဲ့တဲ့ နှမ်းခါးရွာမှာ သေဆုံးသူရုပ်အလောင်း ၉ လောင်းအထိတွေ့ရှိထားတယ်လို့ ဒေသခံတွေကပြောပါတယ်။ ဒီဇင်ဘာ (၁၇)ရက်က ရွာထဲဝင်ခဲ့ပြီးနောက် ရွာရဲ့လေးဘက်လေးလံကို စစ်ကောင်စီ တပ်က ပိတ်ဆို့ထားခဲ့ပြီး ရွာထဲပိတ်မိသူတွေအများအပြားရှိနေခဲ့တာပါ။

မြစ်ကြီးနားမှာ မီးလောင်မှုကြောင့် အမျိုးသမီးနှစ်ဦးသေဆုံး

Posted: 19 Dec 2021 05:37 AM PST

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ဒူကထောင်ရပ်ကွက်နယ်မြေ ၁၄ မှာ ဒီဇင်ဘာလ ၁၉ ရက်နေ့ မွန်းလွဲ ၂ နာရီကျော်ခန့်က နေအိမ်တစ်လုံး မီးလောင်ကျွမ်းခဲ့ပြီး အမျိုးသမီးနှစ်ဦး မီးလောင်သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။သေဆုံးခဲ့သူတွေဟာ အသက် ၇၀ နှစ်အရွယ်နဲ့ အသက် ၅၀ အရွယ် သားအမိတော်စပ်သူ အမျိုးသမီးနှစ်ဦးဖြစ်တယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။" ကျမတို့အိမ်ကနေတွေ့တာ မီးခိုးအလုံးလိုက်တက်လာတာကိုတွေ့တာ၊ လောင်သွားတဲ့အချိန်

မတ္တရာတွင် ရဲကင်း စီးနင်းမီးရှို့ခံရပြီးနောက် စကစ က ဒေသခံများကို ဖမ်းဆီး နှိပ်စက်နေ

Posted: 19 Dec 2021 05:36 AM PST

MFP ၊ ဒီဇင်ဘာ - ၁၉မတ္တရာမြို့နယ် ရုံးပင်ရွာရဲကင်း ယနေ့ မနက်(၁)နာရီဝန်းကျင်တွင် စီးနင်းတိုက်ခိုက် မီးရှို့ခံရပြီးနောက် စစ်ကောင်စီ လက်နက်ကိုင်များက ဒေသခံ အရပ်သားပြည်သူများကို ဖမ်းဆီးနှိပ်စက်နေကြောင်း သတင်းရရှိသည်။မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ အထက်တောင်ကိုင်းကျေးရွာအုပ်စု၊ ရုံးပင်ကျေးရွာ ရဲကင်းစခန်း ယနေ့ ဒီဇင်ဘာ(၁၉)ရက်၊ မနက်(၁)နာရီခွဲဝန်းကျင်က စီးနင်းတိုက်ခိုက်ခံရပြီး မီးရှို့ခံရခြင်း ဖြစ်ကြောင်း

မတ္တရာတွင် ရဲကင်း တိုက်ခိုက်ခံရချိန် ထွက်ပြေးသော စကစများ ရွာသို့ပြန်ဝင်လာပြီး ဒေသခံ(၂၀)ကျော်ကို ဖမ်းဆီး နှိပ်စက်နေ

Posted: 19 Dec 2021 05:35 AM PST

MFP ၊ ဒီဇင်ဘာ - ၁၉မန္တလေးတိုင်း မတ္တရာမြို့နယ် ရုန်းပင်ရွာရဲကင်းကို ယနေ့ မနက်(၁)နာရီဝန်းကျင်တွင် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များက စီးနင်းဝင်ရောက် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ လက်နက်ကိုင်များသည် ၄င်းတို့၏ အမျိုးသမီးနှင့် မိသားစုများကို ချန်ထားရစ်ကာ ထွက်ပြေးသွားကြောင်း ဒေသခံများက MFP သို့ ပြောသည်။ယနေ့ ဒီဇင်ဘာ(၁၉)ရက် မနက်(၁)နာရီဝန်းကျင်တွင် ကာကွယ်ရေးတပ်ဖွဲ့များက ရဲကင်းကို စီးနင်းဝင်ရောက် တိုက်ခိုက်ခဲ့ရာ

မတ္တရာမြို့ရှိ ရုံးပင်ရဲစခန်းကို ဒေသကာကွယ်ရေးအဖွဲ့များက ဝင်တိုက်၊ ရဲများက မိသားစုဝင်များကို ထားခဲ့ကာ လက်နက်ယူပြီး နောက်ဖေးပေါက်က ထွက်ပြေး

Posted: 19 Dec 2021 05:33 AM PST

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အတွင်းရှိ ရုံးပင်ရဲကင်းစခန်းအား ဒေသကာကွယ်ရေးအဖွဲ့များက  တိုက်ခိုက်သိမ်းပိုက်လိုက်ကာ ပင်မဆောင်ကို မီးရှို့လိုက်ပြီး ဖမ်းဆီးရမိသည့် ရဲမိသားစုဝင်များကို ပြန်လွှတ်ပေးလိုက်ကြောင်း သိရသည်။ယနေ့ ၂၀၂၁ခုနှစ် ဒီဇင်ဘာလ(၁၉)ရက်နေ့ အကူးပိုင်းအချိန်က ဒေသကာကွယ်ရေးအဖွဲ့များမှ ရုံးပင်ရဲကင်းစခန်းအား ဝင်တိုက်စဉ် အာဏာသိမ်းစစ်တပ်၏ လက်အောက်ခံရဲတပ်ဖွဲ့ဝင်များက မိသားစုဝင်များကို ထားရစ်ခဲ့ကာ

ဗုံးပေါက်ကွဲမှုဖြစ်ပြီးနောက် မြဝတီမြို့ ဈေးပွဲတော်ဖျက်သိမ်း

Posted: 19 Dec 2021 05:29 AM PST

ဒီဇင်ဘာ ၁၉ ရက်၊ ၂၀၂၁ ခုနှစ်။ ကေအိုင်စီဗုံးပေါက်ကွဲမှုများ ဖြစ်သွားပြီးနောက် မြဝတီမြို့ဓိဌာန်အောင်ဘုရားကွင်းအတွင်း ကျင်းပပြုလုပ်လျက်ရှိသော ဈေးပွဲတော်မှဆိုင်ခန်းတစ်ချို့ ပြန်လည်ဖျက်သိမ်းသွားကြောင်း သိရသည်။ယမန်နေ့ညက ဗုံးပေါက်ကွဲမှုများ ဖြစ်ခဲ့သည့်အတွက် ယနေ့ နံနက်ပိုင်းမှာ ဈေးဆိုင်ခန်းတစ်ချို့ ပြန်လည်ဖျက်သိမ်းနေခြင်းကို တွေ့ရသည်ဟု မြို့ခံတစ်ဦးက ကေအိုင်စီသို့ ယခုလို ပြောသည်။"ဒီမနက် ဓိဌာန်အောင်ဘုရား

လေးကေကော်ဒေသ မေတ္တာလင်းမြိုင်နှင့် မယ့်ထော်သလေးကြား တိုက်ပွဲ ပြင်းထန်နေ

Posted: 19 Dec 2021 05:24 AM PST

ဒီဇင်ဘာ ၁၉ ရက်၊ ၂၀၂၁ခုနှစ်။ ကေအိုင်စီမြဝတီမြို့တောင်ဘက်ရှိ လေးကေကော်မြို့သစ်အနီး မေတ္တာလင်းမြိုင်နှင့် မယ့်ထော်သလေးကြားတွင် ယနေ့ နေ့လည် ၁၂ နာရီ မိနစ် ၅၀ မှစတင်ကာ တိုက်ပွဲများပြန်လည် ဖြစ်ပွားပြီး နှစ်ဘက်တိုက်ပွဲ ပြင်းထန်နေသည်ဟု မြေပြင်သတင်းအရ သိရသည်။ မယ့်ထော်သလေးရွာ ထိန်းချုပ်ထားသည့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် -KNLA ၊ ကရင်အမျိုး သားကာကွယ်ရေးတပ်ဖွဲ့-KNDOနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- PDF

နောင်မွန်​တွင် ရဲတပ်သားများ၏ အမျိုးသမီးများကို စစ်သင်တန်းပို့ချနေ

Posted: 19 Dec 2021 05:20 AM PST

ပူတာအိုခရိုင်၊ နောင်မွန်မြို့တွင် စစ်ကောင်စီ ရဲတပ်သားများ၏ အမျိုးသမီးများကို ဒီဇင်ဘာလဆန်းပိုင်းအတွင်းမှစတင်ကာ စစ်သင်တန်းပို့ချပေးနေကြောင်းသိရသည်။စစ်သင်တန်းတက်နေသည့် အမျိုးသမီးများကို ရှေ့တန်းလုံခြုံရေးအတွက် လိုအပ်သည်ဟု ပြောဆိုကာ ရဲအရာရှိ တာဝန်ရှိသူများက သင်ကြားပေးနေသည်ဟု နောင်မွန်ဒေသခံတစ်ဦးထံမှသိရသည်။"နီးစပ်တဲ့ သူတွေကို မေးကြည့်တော့ ရှေ့တန်းထွက်ရင် စခန်းတွေကို လုံခြုံရေးယူပေးနိုင်ဖို့လို့ပြောတယ်

မုံးကိုးမှာ အမျိုးသမီး၁ ဦး လက်နက်ထိမှန်ပြီးဒဏ်ရာရ

Posted: 19 Dec 2021 05:19 AM PST

ဒီဇင်ဘာ ၁၉၊ ၂၀၂၁ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ မုံးကိုးမြို့နယ်ခွဲရှိ ဖော်မော်ရွာသစ်က အမျိုးသမီး ၁ ဦး ယမန်နေ့  မွန်းလွဲ ၁ နာရီ ဝန်းကျင်က လက်နက်ကျည်ထိ ဒဏ်ရရှိသွားကြောင်း ဒေသခံတွေဆီက သိရပါတယ်။မုံးကိုး ရွာသစ်က ဒေါ်နန်တွဲဆိုတဲ့ ကလေး ၁ ယောက်အမေ အမျိုးသမီး ၁ ဦးကို ယမန်နေ့ ဒီဇင်ဘာလ ၁၈ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်က လက်နက်ကျည် ထိမှန် ဒဏ်ရာရခဲ့ကြောင်း "သူတို့ အဲဒီ ဖော်မော် ရွာသစ်ကနေ ရှောင်ခိုင်းလို့

လုံးခင်းက သံဘောင် ဘေလီတံတားတစ်စင်း ကျိုးကျ

Posted: 19 Dec 2021 05:10 AM PST

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ထဲက လုံးခင်းကျေးရွာမှာ ဥရုချောင်းကိုဖြတ်ထားတဲ့ သံဘောင်ဘေလီတံတားတစ်စင်း ကျိုးကျမှု မနေ့ ဒီဇင်ဘာလ ၁၈ ရက် ညဦးပိုင်းမှာ ဖြစ်ခဲ့ပါတယ်။ဘိလပ်မြေတွေအပြည့် သယ်လာတဲ့ ၁၂ ဘီးကားတစ်စင်း တံတားပေါ်ကို ဖြတ်သန်းချိန်မှာကျိုးကျခဲ့တာပါ။''ယာဉ်မောင်းကတော့ ကားပေါ်ကနေ ခုန်ချသွားတာတွေ့ရတယ်။ ဒီမနက်(ဒီဇင်ဘာလ ၁၉ ရက်)အထိ ယာဉ်မောင်းရော၊ ယာဉ်အကူကိုရောမတွေ့ရသေးဘူး''လို့ လုံးခင်းဒေသခံတစ်ဦးက ဘီဘီစီ

ကျောက်ဆည်မှာ မိုင်တဲလ်တာဝါတိုင်ဖျက်ဆီးခံရမှုကို လာကြည့်တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့တိုက်ခိုက်ခံရ

Posted: 19 Dec 2021 05:09 AM PST

မန္တလေးတိုင်း၊ ကျောက်ဆည်မြို့နယ်ထဲက ရွာပုလဲကျေးရွာမှာရှိတဲ့ မိုင်တဲလ်ဆက်သွယ်ရေးတာဝါတိုင် ဖောက်ခွဲခံရမှုကို လာကြည့်တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို မိုင်းဆွဲတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီအရာရှိတစ်ဦးအပါအဝင် ၃ ဦးသေဆုံးတယ်ဆိုပြီး ကျောက်ဆည်ဒေသကာကွယ်ရေးတပ်က လူမှုကွန်ယက်ကနေ သတင်းထုတ်ပြန်လာပါတယ်။မိုင်တဲလ်တာဝါတိုင်ကို ဒီဇင်ဘာလ ၁၇ ရက် မနက်ပိုင်းမှာ ဖောက်ခွဲဖျက်ဆီးခဲ့တာဖြစ်ပြီး အဲဒီတာဝါတိုင် ပျက်စီးမှုကို လာ

No comments:

Post a Comment

5

Note: Only a member of this blog may post a comment.