Monday, January 10, 2022

သစ်ထူးလွင်

သစ်ထူးလွင်


ဓါတ်အားလိုင်းမိုင်းခွဲခံရပြီး​နောက် ​နေပြည်​တော်တွင် မီးပြတ်၍ ရပ်ကွက်များကို အလှည့်ကျမီး​​ပေး

Posted: 09 Jan 2022 03:23 PM PST

ကရင်နီပြည်နယ်တွင်လျှပ်စစ်ဓာတ်အားလိုင်းများမိုင်းခွဲဖျက်ဆီးခံရပြီး​နောက် နေပြည်တော်တွင် လျှပ်စစ်မီးပြတ်တောက်ပြီး ရပ်ကွက်များကိုအလှည့်ကျ လျှပ်စစ်မီးပေးနေကြောင်း မြို့ခံများကပြောသည်။ "ရပ်ကွက်တော်တော်များ ပျက်နေကြတယ်တောက်လျှောက်ကြီး ပြတ်တာတော့ မဟုတ်ဘူး ၊လာလိုက်ပြတ်လိုက်ဘဲ"ဟု ဇမ္ဗူသီရီမြို့နယ်တွင်နေထိုင်သူတစ်ဦးက ယနေ့တွင် ပြောသည်။ ယနေ့(ဇန်နဝါရီ ၉ရက်) နေလယ်ပိုင်းတွင် ဇေယျသီရီမြို့နယ်၌ ရပ်ကွက်များ

အဝေးထိန်းစနစ်နဲ့ လောင်းရှည်မီးသတ်စခန်း မိုင်းခွဲတိုက်ခိုက်ခံရ

Posted: 09 Jan 2022 10:47 AM PST

လောင်းရှည်၊ ဇန်နဝါရီ ၉၊ ၂၀၂၂။ အဝေးထိန်းဖုန်းနည်းပညာသုံးပြီး လောင်းရှည်မြို့မီးသတ်စခန်းကို ဇန်နဝါရီ ၉ ရက် ဒီနေ့မနက် ၁၀ နာရီလောက်က မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့  လောင်းရှည်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - LSRPDF ဆီကသိရပါတယ်။ မကွေးတိုင်း၊ လောင်းရှည်မြို့မီးသတ်စခန်းမှာ စစ်ကောင်စီကတပ်စွဲထားတာကြောင့် ခုလိုတိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ခိုက်မှုကြောင့် စစ်သား ၄ ဦးဒဏ်ရာရရှိခဲ့တယ်လို့  LSRPDF တာဝန်ခံကပြောပါတယ်။ "

ကြွက်ထိုးပြီးပြန်လာတဲ့ ရွာသား ၁ ဦးကို စစ်ကောင်စီ သေနတ်နဲ့ပစ်သတ်

Posted: 09 Jan 2022 10:47 AM PST

နတ်တလင်း၊ ဇန်နဝါရီ ၉၊ ၂၀၂၂။ပဲခူးတိုင်းအနောက်ခြမ်း၊ နတ်တလင်းမြို့နယ်၊ သက်ငယ်ပြင်ကျေးရွာမှာ မနေ့ညက ကြွက်ထိုးပြီးပြန်လာတဲ့ ရွာသားတဦးကို စစ်ကောင်စီတပ်တွေက သေနတ်နဲ့ပစ်သတ်ပြီး အလောင်းကို ငွေကျပ် ၆ သိန်းဖြင့်လာရွေးဖို့ မိသားစုကို ပြောဆိုခဲ့တယ်လို့ ဒေသခံတဦးထံမှ သိရပါတယ်။သေဆုံးသူမှာ သက်ငယ်ပြင်ကျေးရွာက ကိုစန်းထူးဆိုသူဖြစ်ပြီး၊ မနေ့ကည ၇ နာရီခန့်လောက်က သူနဲ့အတူ တခြားကြွက်ထိုးပြီး ပြန်လာတဲ့ သူငယ်ချင်းတဦးတို့

ဒီးမော့ဆိုကို လက်နက်ကြီးလှမ်းထုနေ၊ စစ်ရှောင်တွေ ထပ်မံတိမ်းရှောင်နေရ

Posted: 09 Jan 2022 10:42 AM PST

Video - CJကရင်နီပြည်နယ်၊ လွိုင်ကော်မြို့ကနေ ဒီးမော့ဆိုမြို့ရှိ ကျေးရွာဖက်ကို စစ်ကောင်စီတပ်မှ ဒီကနေ့(ဇန်နဝါရီလ ၉ရက်) ည ၉နာရီခွဲအချိန်မှာ စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ လှမ်းထုနေတာကြောင့် ဒေသခံတွေ ထပ်မံတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။" ကျေးရွာဖက်ကို လက်နက်ကြီးတွေကျတာ စစ်ရှောင်တွေအများစုရှိတဲ့နေရာမှာ ဖြစ်တယ်။ ခု ထပ်ဆင့် စစ်ရှောင်ရတော့မယ် အိမ်နားလေးတင် လက်နက်ကြီးတွေက ကျနေတာ အိမ်တောင်တုန်တယ်။" လို့

လူသားဒိုင်းအဖြစ်ခေါ်ဆောင်သွားခံရသည့် အပြစ်မဲ့ပြည်သူများကို ပြန်လွှတ်ပေးပြီ လာတိုက်ပါဟု ဝက်လက် PDF ထုတ်ပြန်

Posted: 09 Jan 2022 10:38 AM PST

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် ရှားကွဲကျေးရွာက ရွာသူရွာသား ၅၀ ကျော်နှင့် သစ်ဆိမ့်ရွာက ၆၀ ဦးဝန်းကျင်လောက်ကို အကြမ်းဖက်စစ်ကောင်စီက ဖမ်းဆီးထားကာ လူသားဒိုင်းအဖြစ်အသုံးပြုပြီး အနီးနားတဝိုက်နေရာ‌တွေကို PDF များရှိနေသည်အထင်ဖြင့်တောနင်းရှာဖွေတယ်လို့ သိရပါတယ်။လူသားဒိုင်းအဖြစ်ခေါ်ဆောင်သွားတဲ့ အပြစ်မဲ့ပြည်သူတွေကို ပြန်လွှတ်ပေးပြီး လာတိုက်ပါလို့ ဝက်လက်ပြည်သူ့ကာကွယ်ရေးတပ်ရင်း(၂)မှထုတ်ပြန်ထားပါတယ်။Zalen 

မြိုင် PDF ရဲ့တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ၁၇ ဦးသေဆုံး

Posted: 09 Jan 2022 10:34 AM PST

မြိုင်၊ ဇန်နဝါရီ ၉၊ ၂၀၂၂။ မြိုင်မှာ ဇန်နဝါရီ ၉ ရက် ဒီနေ့တရက်တည်းမှာပဲ စစ်ကောင်စီတပ်တွေ  ၂ ကြိမ် တိုက်ခိုက်ခံရပြီး တပ်သား ၁၇ ဦးသေဆုံးခဲ့တယ်လို့  မြိုင် PDF ဆီကသိရပါတယ်။ ဒီနေ့မနက် ၁၂ နာရီလောက်က မြိုင် - ပခုက္ကူလမ်း ကိုင်းကွေ့နားမှာ ကားရပ်ပြီး မိုင်းရှာနေတဲ့ စစ်သားတွေကို မိုင်း ၁၆ လုံးနဲ့ ပထမအကြိမ်တိုက်ခိုက်ခဲ့ပြီး အဲ့ဒီတိုက်ခိုက်မှုမှာ စစ်သား ၁၀ ဦး သေဆုံးခဲ့တယ်လို့ မြိုင် PDF ရဲ့တာဝန်ခံကပြောပါတယ်။ 

လွှတ်တော်ကိုယ်စားလှယ်ရဲ့ သက်ကြီးရွယ်အို‌ မိဘဆွေမျိုးတွေကို နှင်ချပြီး နေအိမ်ကို ချိတ်ပိတ်

Posted: 09 Jan 2022 10:33 AM PST

ပြည်၊ ဇန်နဝါရီ ၉၊ ၂၀၂၂။ပြည်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာခင်စိုးစိုးကြည်ရဲ့ အိပ်ယာထဲလဲနေတဲ့  သက်ကြီးရွယ်အိုအဖေနဲ့ အဒေါ်ဖြစ်သူကို အားချင်းနှင်ချပြီး နေအိမ်နဲ့ လုပ်ငန်းကို ဇန်နဝါရီ ၁ ရက်က ချိတ်ပိတ်သွားခဲ့တာဖြစ်တယ်လို့ ကာယကံရှင်တွေဆီက သိရပါတယ်။အဲ့ဒီသက်ကြီးပိုင်း နှစ်ဦးဟာ မဖြစ်မနေ ဘေးမှာနေပြီး စောင့်ရှောက်ပေးဖို့ လိုအပ်နေသူတွေ ဖြစ်ပြီး အဲ့ဒီလူတွေကိုပါ ချက်ချင်းနှင်ချကာ ချိတ်ပိတ်သွားခဲ့

ရွှေကူတွင် စစ်ကောင်စီတပ်အချို့ကို မြို့လှ PDF နှင့် KIA ပူးပေါင်းတပ် တိုက်ခိုက်၊ သေဆုံးထိခိုက်မှု အများအပြားရှိ

Posted: 09 Jan 2022 10:30 AM PST

ဓာတ်ပုံ -မြို့လှ PDF တပ်ဖွဲ့ရွှေကူ၊ ဇန်နဝါရီ ၉ရွှေကူမြို့နယ် ပိန်းခွံဘက်မှ ဆင်းလာသည့် အကြမ်းဖက်စစ်ကောင်စီတပ် အင်အား ၁၅၀ ခန့်ကို ယမန်နေ့ ဇန်နဝါရီ ၈ ရက်နေ့ မနက် ၁၀ နာရီခန့်က ရွှေငြိမ်းချမ်းရွာအနီးတွင် မြို့လှ PDF နှင့် KIA ပူးပေါင်းတပ်က ကြိုးမိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း မြို့လှ PDF က ယနေ့ ထုတ်ပြန်သည်။ထို့ပြင် ယင်းနေ့ညနေပိုင်းကလည်း မင်းကျောင်းကုန်း မှ ချီ

လွိုင်ကော်မြို့ကို ဗုံးကျဲတိုက်ခိုက်မည်ဟု သတင်းများထွက်ပေါ်နေမှုကြောင့် ဒေသခံအများအပြား နေရပ်စွန့်ခွာနေရ

Posted: 09 Jan 2022 10:28 AM PST

( ကရင်နီပြည်နယ်အတွင်းမှပြည်သူများ ရှမ်းပြည်နယ်ဘက်သို့ စစ်ဘေးတိမ်းရှောင်နေသည့် ဇန်နဝါရီလ ၉ ရက် ညဦးပိုင်းမြင်ကွင်း/ဓာတ်ပုံ-CJ)လွိုင်ကော်၊ ဇန်နဝါရီ ၉ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့ကို အထိနာနေသည့် အကြမ်းဖက် အာဏာသိမ်း စစ်ကောင်တပ်များက ဗုံးကျဲတိုက်ခိုက်မှု ပြုလုပ်မည်ဟု သတင်းများ ထွက်ပေါ်နေသဖြင့် ဒေသခံအများစုသည် ယခုအချိန်အထိ နေရပ်စွန့်ခွာ ထွက်ပြေးနေရကြောင်း သိရသည်။တော်လှန်ရေးတပ်များနှင့် စစ်ကောင်စီတပ်

စစ်ကိုင်းမြို နယ် ရဲတပ်ဖွဲ့မှူးမှ ဆိုင်ကယ် နှစ်ယောက်ပိုးစီးသူများကိုဖမ်းဆီး

Posted: 09 Jan 2022 10:23 AM PST

ဇန်နဝါရီ ၉၊  SGGစစ်ကိုင်းမြို့မှာ ဆိုင်ကယ်နှစ်ယောက်ပိုးစီးနင်းတဲ့အတွက် စစ်ကောင်စီအဖွဲ့မှ ယနေ့ ဇန်နဝါရီလ ၉ရက်‌နေ့မှာ ဖမ်းဆီးမှုအချို့ကိုပြုလုပ်ခဲ့တယ်လို့သိရပါတယ်။စစ်ကိုင်းမြို့နယ် ညောင်ကုန်းကျေးရွာမှ လူငယ်တဦးနှင့် သလွန်ဖြူကျေးရွာမှ လူငယ်တဦး နေ့လည် ၁၁ နာရီအချိန်ခန့်က  ဆွမ်းချက်ရပ်ကွက်နာရေးတခုမှပြန်လာစဉ် စစ်ကိုင်းမြို့ အသင်္ခယာ‌စောယွန်းအဝိုင်းပတ်မှာ ဆိုင်ကယ်နှစ်ယောက်ပိုးစီးလာတဲ့အတွက် စစ်ကိုင်း

စစ်တပ်ကရိုက်နှက်ခဲ့တဲ့ နှမ်းခါးရွာသားစိတ်ဝေဒနာရှင် ဆုံးပါး

Posted: 09 Jan 2022 10:22 AM PST

ဂန့်ဂေါ ဇန်နဝါရီ ၉ နှမ်းခါးရွာမှာ (29.12.2021)ရက်နေ့က ညအိပ်တပ်စွဲနေထိုင် သွားတဲ့ စစ်ခွေးများ ရိုက်နှက်နှိပ်စက်ထားခဲ့လို့ အပြစ်မဲ့ပြည်သူစိတ်ဝေဒနာရှင်(စကားမပြောတတ်၊နားမကြား) ဦးပေတုံးဟာ ဒဏ်ရာများ ပြင်းထန်လို့ 8.1.2022ရက်နေ့က သေဆုံးသွားကြောင်း သိရပါတယ်။  နှမ်ခါးရွာမှာ စစ်ခွေးများ ရိုက်နှက် သတ်ဖြတ်မှုများကြောင့် အပြစ်မဲ့ပြည်သူ သေဆုံးမှု ၆ ယောက်ရှိပြီဖြစ်ပါတယ်။ Gangaw Youths Voice

ဟားခါးလေးကျေးရွာတွင် စကစတပ်သတ်ဖြတ်ခံရတဲ့ အမျိုးသားတစ်ဦးရဲ့ အရိုးစုများအား ကျင်းထဲတွင်တွေ့ရှိ

Posted: 09 Jan 2022 10:20 AM PST

ကလေးမြိုနယ်၊ ဟားခါးလေးကျေးရွာတွင် စကစတပ်မှ ဖမ်းဆီးသတ်ဖြတ်ခြင်းခံရတဲ့ အမျိုးသားတစ်ဦးရဲ့ အရိုးစုအား ရွာအတွင်းကျင်းတစ်ခုထဲတွင် ယနေ့ ဇန်နဝါရီ ၉ရက်နေ့တွင် တွေ့ရှိခဲ့ကြောင်း သတင်းရရှိပါတယ်။ ဟားခါးလေးရွားသားတစ်ဦးက "အရိုးစုတွေကိုရွာအတွင်းကျင်းတစ်ခုထဲမှာ ဒီနေ့တွေ့ရှိပါတယ်။ အသက် ၆၀နှစ်အရွယ် ဦးသင်ထန် ဖြစ်ပါတယ်။ ဒီဇင်ဘာ ၂၉ရက်နေ့တုန်းက စစ်တပ်ရွာထဲရောက်ရှိနေစဉ် သူ့အမေနဲ့အတူ ပစ်သတ်ခံရတယ်လို့ ယူဆပါတယ်" လို့ ပြော

မြင်းဆေးရှူကာ စစ်ဆင်ရေးပြုလုပ်နေသော စကစတပ်များ တောထဲတွင် ပိတ်မိနေဟုဆို

Posted: 09 Jan 2022 10:15 AM PST

9 ၊ Jan ၊ 2022 လက်ရှိတွင် မတူပီမြိုနယ် အထက်ပိုင်း စင်း (Cing) ဒေသဘက် CDF - Matupi တပ်ရင်း (၂) ရှိရာဖက်သို့ မြင်းဆေးရှူကာ စစ်ဆင်ရေးပြုလုပ်နေသော စကစတပ်သား အယောက် ၁၀၀ ကျော်လောက်ဟာ ညဘက်တွင်သာ ခြေကျင်ဖြင့် တောလမ်းအတိုင်း လျှို့ဝှက်လမ်းလျှောက်ကာအလစ်အငိုက်စစ်ဆင်ရေးပြုလုပ်မူကြောင့် မတူပီမြို့ အနီးအနာမှာရှိတဲ့ ကျေးရွာသူ/သား အမြောက်အများဟာ ဖမ်းဆီးနှိပ်ဆက်အသတ်ဖြတ်ခံကြရသည်မှာ စိတ်မကောင်းဖွယ်ကြား သိရပါသည်။

မြောက်ဥက္ကလာပ ကန်သာယာလမ်းဆုံနှင့် ယခင်စစ်ကြောရေးဝန်းရှေ့တို့တွင် ဗုံးပေါက်ကွဲ

Posted: 09 Jan 2022 08:35 AM PST

(မြောက်ဥက္ကလာ ကန်သာယာလမ်းဆုံအား ပြီးခဲ့သည့်နှစ်က တွေ့ရစဥ်၊ ပုံဟောင်းအသုံပြုထားပါသည်)(ဇန်နဝါရီ ၉)ည ၇ နာရီမှစတင်ပြီး မြောက်ဥက္ကလာပမြို့နယ်အတွင်း ပေါက်ကွဲမှုများ ဆက်တိုက်ဖြစ်ပွား ခဲ့ကြောင်း ဒေသခံများက ပြောသည်။မြောက်ဥက္ကလာပမြိုနယ်၊ ကန်သာယာလမ်းဆုံနှင့် သုနန္ဒာလမ်း ဘူမိဗေဒနှင့် ဓာတ်သတ္ထု ရှာဖွေရေးကော်ပိုရေးရှင်းဝန်းရှေ့နားတို့တွင် ဗုံး ပေါက်ကွဲမှုနှစ်ကြိမ်ဖြစ်ပွားခဲ့ကြောင်း ဒေသခံများက ပြောသည်။"သုနန္ဒာ

ကန့်ဘလူနယ်တွင် ယနေ့ စကစများကို ငါးကြိမ် မိုင်းဆွဲ၊ စစ်အုပ်စု အသေအပျောက်များ၊ အထိနာသော စစ်အုပ်စုက စိတ်ဝေဒနာရှင်တစ်ဦးကို ပစ်သတ်ကာ ဒေသခံများကို ဖမ်းဆီး၊

Posted: 09 Jan 2022 08:34 AM PST

ဇန်နဝါရီ - ၉စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်၌ ယနေ့ ဇန်နဝါရီ(၉)ရက်တွင် အကြမ်းဖက် စစ်အုပ်စုကို တစ်နေ့တည်းဖြင့် နေရာ ငါးနေရာ၌ ငါးကြိမ် မိုင်းဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ စကစများ အထိနာ အသေများကြောင်း KANBALU UNDERGROUND WARRIORS – KBU UG က သတင်းထုတ်ပြန်သည်။အကြိမ်ကြိမ် မိုင်းဆွဲတိုက်ခိုက်ခံရကာ အထိနာ အသေများသော အကြမ်းဖက် စစ်အုပ်စုသည် ဇီးကုန်းမြို့အနောက်ဘက် ကျောင်းကြီးအထွက် ၄င်းတို့ မိုင်းဆွဲခံရသော နေရာအနီး

အကြမ်းဖက် စစ်အုပ်စုက ယင်းမာပင် ကျေးစာကျရွာမှ နေအိမ်များကို မီးရှီု့ဖျက်ဆီး၊ ယင်းမာပင်နယ်တွင် စကစ သောင်းကျန်းနေပြီး လေးရက်အတွင်း ရွာသုံးရွာ မီးရှို့ခံရ၊

Posted: 09 Jan 2022 08:34 AM PST

အကြမ်းဖက် စစ်အုပ်စု မီးရှို့ဖျက်ဆီးသွားသည့် ကျေးစာကျရွာ နေအိမ်များ/ Photo - ယင်းမာပင်မြို့နယ် သတင်းမှန်ပြန်ကြားရေးဇန်နဝါရီ - ၉မုံရွာ - ယင်းမာပင် - ပုလဲ ကားလမ်းတလျှောက် ထိုးစစ်ဆင်နေချိန် မိုင်းဆွဲတိုက်ခိုက်ခံရပြီး အထိနာ အသေများနေသော အကြမ်းဖက် စစ်အုပ်စုသည် ယနေ့ မနက်ပိုင်းတွင် ယင်းမာပင်မြို့နယ် ကျေးစာကျရွာသို့ သေနတ်ပစ်ဖောက် စီးနင်းဝင်ရောက်ကာ ဒေသခံပြည်သူများ၏ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း

သင်္ဃန်းကျွန်းတွင် ဖက်ဆစ်စစ်တပ် ဆန့်ကျင်ရေး ပျောက်ကြားသပိတ် ပြုလုပ်၊ စစ်ကောင်စီက လာရောက်ပစ်ခတ်ဖမ်းဆီးသော်လည်း အချိန်မီလူစုခွဲနိုင်ခဲ့

Posted: 09 Jan 2022 08:33 AM PST

ဓာတ်ပုံ - ABFSUရန်ကုန်မြို့ သဃ်န်းကျွန်းမြို့နယ်တွင် ယနေ့(ဇန်နဝါရီ ၉) ညပိုင်း၌ ကျောင်းသားလူငယ်များက "ပြည်သူနဲ့ ဆန့်ကျင်ဘက်မှာ ဘယ်ကောင်နေရဲလဲ" စာတန်းကိုင်ဆောင်၍ အကြမ်းဖက်စစ်တပ်ဆန့်ကျင်ရေး ပျောက်ကြား သပိတ် ပြုလုပ်ခဲ့သည်။သင်္ဃန်းကျွန်းမြို့နယ် ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ၊ အ.ထ.က (၁) သင်္ဃန်းကျွန်း ကျောင်းသား များသမဂ္ဂ (‌ဗကသများအဖွဲ့ချုပ်) ၊အ.မ.က(၈) သင်္ဃန်းကျွန်းကျောင်းသားများသမဂ္ဂ (ဗကသ

ရက်ပေါင်း ၃၀၀ ကျော်အတွင်းစစ်ကောင်စီတပ်တွေ အိမ်ခြေ ၁၉၀၀ ကျော်ကိုမီးရှို့ဖျက်ဆီး

Posted: 09 Jan 2022 08:31 AM PST

စစ်တပ်အာဏာသိမ်းပြီး ရက်ပေါင်း ၃၀၀ ကျော်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေမီးရှို့ဖျက်ဆီးတဲ့ အိမ်ခြေဟာ ၁၉၆၃ လုံး ထိရှိလာပါတယ်။ဒီစာရင်ဟာ အာဏာသိမ်းတဲ့ ဖေဖော်ဝါရီလ ၁ ရက်ကနေ ဒီနှစ် ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၅ ရက်အထိ စာရင်းဖြစ်ပြီး Data for Myanmar အဖွဲ့က ပြုစုထားတာပါ။မီးရှို့ဖျက်ဆီးခံရတဲ့ ဒေသအများစုကတော့ စစ်အာဏာသိမ်းမှုကိုအပြင်းထန်ဆုံးဆန့်ကျင်တဲ့နေရာတွေဖြစ်တာတွေ့ရပါတယ်။အဲဒီဒေသတွေဟာ ချင်းပြည်နယ်၊

မုံရွာမြို့ပေါ်ရှိ စကစ လက်အောက်ခံ စည်ပင်နှင့် လဝက ဝန်ထမ်းများ၏ နေအိမ်များကို တိုက်ခိုက်၊

Posted: 09 Jan 2022 08:27 AM PST

ဇန်နဝါရီ - ၉စစ်ကိုင်းတိုင်း မုံရွာမြို့ပေါ်ရှိ စစ်ကောင်စီ လက်အောက်ခံ စည်ပင်နှင့် လ.၀.က ဝန်ထမ်းများ၏ နေအိမ်များကိ ယနေ့ မနက်ပိုင်းတွင် ပစ်ခတ်တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ကြောင်း Monywa Nightking ပြောက်ကျားတပ်ဖွဲ့့ သတင်းထုတ်ပြန်သည်။ယနေ့ ဇန်နဝါရီ(၉)ရက် မနက်ပိုင်းက မုံရွာမြို့ ရန်ကင်းရပ်ကွက်ရှိ စစ်ကောင်စီ လက်အောက်ခံ စည်ပင်အရာရှိ ကျော်ကြီး(ခ)ကျော်ဇင် နေထိုင်သော အိမ်နှင့် အခြားသော လ.ဝ.က ဝန်ထမ်းတစ်ဦး၏

မန္တလေးမြို့၌ ယနေ့ မနက်ပိုင်း ဒုတိယအကြိမ် ရထားသံလမ်း ပေါက်ကွဲမှုဖြစ်၊

Posted: 09 Jan 2022 08:26 AM PST

မန္တလေးမြို့၌ ယနေ့ မနက် ပထမအကြိမ် ရထားလမ်း ပေါက်ကွဲမှုတွင် ရထားတွဲ လမ်းချော်သွားစဉ်/ Photo - ပေးပို့MFP ၊ ဇန်နဝါရီ - ၉မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် (၅၈)လမ်းနှင့် (၅၆)ကြားရှိ မန္တလေး-လားရှိုး ရထားသံလမ်းဘေးတွင် ယနေ့ မနက်(၁၀)နာရီဝန်းကျင်က ပေါက်ကွဲမှုတစ်ခု ထပ်မံဖြစ်ပွားခဲ့ကြောင်း ဒေသခံ သတင်းရင်းမြစ်များက MFP သို့ ပြောသည်။ယနေ့ ဇန်နဝါရီ(၉)ရက် မနက်(၁၀)နာရီဝန်းကျင်တွင် ပြည်ကြီးတံခွန်မြို့နယ်၊ (ဃ)

ပူတာအိုမှာ စစ်ကောင်စီ စစ်ကြောင်းကို KIA နဲ့ PDF တို့ ပူးပေါင်းတိုက်ခိုက်

Posted: 09 Jan 2022 08:20 AM PST

ဇန်နဝါရီ၊၉ ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်၊ခင်ဒူယန်ကျေးရွာအနီးမှာ ဆွမ်ပီယန်ကျေးရွာ တပ်စခန်းကနေ ခြေလျင်နဲ့ ထိုးစစ်ဆင်ဆင်းလာတဲ့ တဲ့ စစ်ကောင်စီစစ်အင်အား (၅၀) ခန့်ကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA)နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)တို့ ပူးပေါင်းပြီး  ဒီကနေ့မနက်(၈)နာရီလောက်မှာ စောင့်ကြို ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။ စစ်သားအယောက် (၅၀)လောက်ခြေလျင်ဆင်းလာတဲ့ စစ်အင်အားနဲ့စစ်ကား(၂)စီးကို KIAတပ်ဖွဲ့နဲ့ PDF

လောင်းလုံးမြို့နယ် အင်းဇောက်ရွာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဒုတိယအကြိမ် တိုက်ခိုက်ခံရ

Posted: 09 Jan 2022 08:18 AM PST

တနင်္သာရီတိုင်းမ်၊ ဇန်နဝါရီ ၉ ထားဝယ်ခရိုင် လောင်းလုံးမြို့နယ် အင်းဇောက်ကျေးရွာ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ဒေါ်နုသိန်းကို ထားဝယ်ခရိုင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့က ဒုတိယအကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ ဇန်နဝါရီလ ၈ ရက် မနက် ဆယ်နာရီလောက်မှာ ဒေါ်နုသိန်းနဲ့ ပျူစောထီးအဖွဲ့ဝင်တို့ စီးနင်းလိုက်ပါလာတဲ့ကားကို အင်းဇောက်ရွာဈေးအနီး ပြည်လုံးချမ်းသာလမ်းမှာ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ထားဝယ်ခရိုင်ပြည်သူ့

လွိုင်ကော်တွင် စစ်ကောင်စီတပ်သား အလောင်းသုံးလောင်းနှင့် လက်နက်ခဲယမ်းများကို ကရင်နီပူးပေါင်းတပ်ဖွဲ့မှ တွေ့ရှိ

Posted: 09 Jan 2022 08:14 AM PST

လွိုင်ကော် - ဇန်နဝါရီ ၉၊ ၂၀၂၂။လွိုင်ကော်မြို့၊ မိုင်းလုံရပ်ကွက်တွင် ယနေ့ မွန်းလွှဲတစ်နာရီခန့်က ကရင်နီပူးပေါင်းတပ်ဖွဲ့မှ နယ်မြေရှင်းလင်းချိန်တွင် စစ်ကောင်စီတပ်သား ရုပ်အလောင်း သုံးလောင်းကိုတွေ့ရှိခဲ့ပြီး လက်နက်ခဲယမ်းအချို့ကိုလည်း သိမ်းဆည်းရကြောင်း သိရသည်။သေဆုံးနေသော ရုပ်အလောင်း သုံးလောင်းသည် စစ်ကောင်စီတပ်မ (၆၆) မှ တပ်သားများ၏ ရုပ်အလောင်းများဖြစ်ကြောင်း KGZ (Karenni Generation Z)၏ သတင်းနှင့်

ရွှေကူမြို့နယ်တွင် KIA နှင့် PDF ​၏မိုင်းဆွဲတိုက်ခိုက်မှုကြောင့် တစ်ရက်တည်းမှာပင် စကစတပ်သား (၂၄) ဦးထက်မနည်းသေဆုံး

Posted: 09 Jan 2022 08:09 AM PST

ဇန်နဝါရီ ၉ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်တွင် KIA နှင့် PDF ​၏ပူးပေါင်းမိုင်းဆွဲတိုက်ခိုက်မှုကြောင့် ယမန်နေ့ ဇန်နဝါရီလ ၈ ရက်နေ့ တစ်ရက်တည်းမှာပင် စကစတပ်သား (၂၄) ဦးထက်မနည်းသေဆုံးခဲ့ကြောင်း မြို့လှ PDF ကထုတ်ပြန်သည်။ရွှေကူမြို့နယ်၊ ပိန်းခွံဖက်မှဆင်းလာသော အကြမ်းဖက်စစ်ကောင်စီအင်အား (၁၅၀) ခန့်အား ယမန်နေ့ နံနက် ၁၀ နာရီခန့်က ရွှေငြိမ်းချမ်းရွာအနီးတွင် မြို့လှ PDF နှင့် KIA ပူးပေါင်းတပ်မှ စောင့်ကြိုမိုင်းဆွဲ

KNU တပ်မဟာ ၄ နယ်မြေ ပုလောမြို့နယ် ပဝတ်ဖျားရွာက လူနေအိမ်တချို့ စစ်ကောင်စီမီးရှို့ဖျက်ဆီး

Posted: 09 Jan 2022 08:07 AM PST

(Video - Supplied) ဇန်နဝါရီလ ၉  ရက်နေ့၊ ၂၀၂၂ တနင်္သာရီတိုင်း ပုလောမြို့နယ်ရှိ KNU တပ်မဟာ ၄ နယ်မြေအတွင်းရှိ ပဝတ်ဖျားရွာမှာ စစ်ကောင်စီတပ်ဖွဲ့တွေမီးရှို့ခဲ့သည့်နေရာက ရုပ်သံမှတ်တမ်းတစ်ခုကို ဒေခံတစ်ဦးကပေးပို့ထားပါတယ်။ စစ်ကောင်စီတပ်ဖွဲ့တွေက KNU နယ်မြေထဲကို စစ်ကြောင်းထိုးခဲ့လို့ ဇန်နဝါရီ ၈ ရက်နေ့က စစ်ကောင်စီနှင့် PDF/ PRDF တို့အကြားတိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ စစ်ကောင်စီတပ်ဖွဲ့က လက်နက်ကြီးရမ်းသမ်းပစ်ခတ်ခဲ့

No comments:

Post a Comment

5

Note: Only a member of this blog may post a comment.