သစ္ထူးလြင္ |
- တမူးမြို့နယ်က ရဲဘက်စခန်းကိုဝင်တိုက်ရာ ထောင်မှူးလင်မယားအပါအဝင် ၄ယောက်မက သေဆုံးပြီး PDF ၂ ယောက်ကျဆုံး
- ဝက်လက်မြို့နယ်တွင် စစ်ကောင်စီတပ်မှ ဗိုလ်ကြီးတစ်ဦးနှင့် ဒုတပ်ကြပ်တစ်ဦး မြွေပွေးကိုက်ခံရ၊ ဒုတပ်ကြပ်သေ
- ကနီနယ်ရှိ စကစနှင့် ပျူ ပူးပေါင်းစခန်းကို တိုက်ခိုက်၊ ပျူတစ်ဦး သေကာ သုံးဦး ဒဏ်ရာရ
- တနင်္သာရီမြို့နယ် တကူရွာမှာ စစ်ကောင်စီတပ်တွေနဲ့ PDF တပ်တွေ အပြန်အလှန်ပစ်ခတ်
- ဘားအံမြို့ စစ်ဆေးရေးဂိတ်တစ်ခုတွင် ပစ်ခတ်ခံရ၍ ရဲနှစ်ဦးနှင့် BGF တစ်ဦးသေ ပြည်နယ်စည်ပင်ရုံးတွင်လည်း ဗုံးပေါက်၊ တစ်ဦးသေ
- စစ်ကိုင်းမြို့တွင် အရွယ်မရောက်သေးသူတဦးအပါအဝင် အမျိုးသား ၃ဦးကို စစ်ကောင်စီအဖွဲ့မှ ဖမ်းဆီး
- မုံရွာတွင် CCTVမှတ်တမ်းကတဆင့် စစ်ကောင်စီတပ်သားများမှ ပါဆယ်ဗုံးလာချသည်ကို သိ၍ သွားရောက် စပ်စု၊ စပ်စုနေချိန် ဗုံးထပေါက်ကွဲ၊ စစ်ကောင်စီတပ်သား ၄ဦးဗုံးထိသေ၊ ဒုရဲအုပ်တစ်ဦး ဦးနှောက်ခွံ့လန်သေဆုံး၍ Non CDMများပါ ဗုံးထိမှန်
- ဝေဘူလမြို့ကို ထိုးစစ်ဆင်လာသော စစ်ကောင်စီတပ် မိုင်းနင်းမိပြီး အပြားအများ သေဆုံးဒဏ်ရာရ
- လွိုင်ကော်မြို့ဟာ စစ်မြေပြင်လိုဖြစ်နေပြီးလို့ ဒေသခံပြော
- ကော့ကရိတ်တွင် စစ်ကောင်စီတပ်က လေယာဥ် ၂ စီးဖြင့် ကျေးရွာများဘက်သို့ ဗုံးကြဲ တိုက်ခိုက်
- ဟဲဟိုးထွေအုပ်ရုံးရှေ့၌ ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး မြို့တွင်း၌ သေနတ်ပစ်ခတ်သံများ ထွက်ပေါ်
- ပုလဲ PDF ဗိုလ်နဂါးတို့အဖွဲ့ အစည်းအဝေးနေရာကို လေယာဉ်နဲ့ ပစ်ခံရပေမယ့် ထိခိုက်မှုမရှိ
- CDF-KKG ထံသို့ ဗိုလ်ကြီးတစ်ဦးအလင်းဝင်၊ ဆုကြေးငွေပေးအပ်ပြီး မိသားစုကိုလုံခြုံတဲ့နေရာသို့ ပို့ဆောင်ပေး
- မြောင်မြို့နယ်ကို စစ်ကောင်စီတပ် ထိုးစစ်ဆင်နေ၍ ဒေသခံ ၅,၀၀၀ခန့် စစ်ရှောင်နေရ
- မန္တလေးမှာ ရထားလမ်းပေါက်ကွဲမှုဖြစ်ပြီးနောက် အနီးပတ်ဝန်းကျင်က ကျုးကျော်တွေကိုဘူဒိုဇာနဲ့စစ်ကောင်စီ ရှင်းလင်း
- စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် နမ့်မယ်ခုံရွာ အမျိုးသမီးတစ်ဦး သေဆုံး
- လွိုင်ကော် မှ သျှမ်းတောင်သို့လာသည့် စစ်ရှောင်များကို PNO တပ်ဖွဲ့လမ်းတွင် စစ်ဆေးမှုပြုလုပ်
- ဒီပဲယင်းနယ် ရွှေဒါးကန်ရွာမှ ဒေသခံနှစ်ဦးကို စစ်ကောင်စီက ဖမ်းဆီး၊ ကြိုးတုပ်ကာ လည်လှီး သတ်ဖြတ်
- မြိုင်မြို့နယ်တွင် အကြမ်းဖက်စစ်တပ်နှင့် ပြည်သူ့ကာကွယ်ရေး တပ်များ တိုက်ပွဲဖြစ်ပွါးနေ
- ရေဦးတွင် ပျောက်ကြားစနစ်ဖြင့်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ဆယ်ဦး သေဆုံး
တမူးမြို့နယ်က ရဲဘက်စခန်းကိုဝင်တိုက်ရာ ထောင်မှူးလင်မယားအပါအဝင် ၄ယောက်မက သေဆုံးပြီး PDF ၂ ယောက်ကျဆုံး Posted: 10 Jan 2022 09:11 AM PST ပုံ- အုတ်ဖိုကန်ဘောင် အကျဉ်းရဲဘက်စခန်း ထောင်မှူးနဲ့ ဇနီးJanuary 10, 2022 by Zalen Mediaစစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ်၊ အုတ်ဖိုကန်ဘောင် အကျဉ်းရဲဘက်စခန်းကို ဒီနေ့ ဇန်နဝါရီလ ၁၀ ရက် မနက် ၅ နာရီတွင် PDF-Tamu တပ်ရင်း-၁ တပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ရာ ထောင်မှူး ဦးအောင်ကျော်ဆန်း၊ ထောင်မှူးဇနီး အပါအဝင် ၄ ယောက်မက သေဆုံးသွားတယ်လို့ PDF-Tamu တပ်ရင်း-၁ထံက သတင်းရရှိထားပါတယ်။PDF-Tamu တပ်ရင်း-၁ ဘက်က ရဲဘော် ၂ |
Posted: 10 Jan 2022 09:07 AM PST စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်ရှိ ဒေသကာကွယ်ရေးတပ်(PDF)များကို တောနင်းရှာဖွေသော စစ်ကောင်စီတပ်မှ ဗိုလ်ကြီးတစ်ဦးနှင့် ဒုတပ်ကြပ်တစ်ဦး မြွေပွေးကိုက်ခံရပြီး တစ်ဦးသေဆုံးကြောင်း ဝက်လက်မြို့နယ် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။ယနေ့(ဇန်နဝါရီ ၁၀ ရက်)နေ့လည် ၂ နာရီခန့်က ရှားကွဲရွာမြောက်ဘက် မန်းတောင်အထက်တွင် အကြမ်းဖက်စစ်ကောင်စီတပ်မှ နှစ်ဦး မြွေးပွေးကိုက်ခံရခြင်းဖြစ်သည်။"ဒု |
ကနီနယ်ရှိ စကစနှင့် ပျူ ပူးပေါင်းစခန်းကို တိုက်ခိုက်၊ ပျူတစ်ဦး သေကာ သုံးဦး ဒဏ်ရာရ Posted: 10 Jan 2022 09:02 AM PST ကနီ PDF ရဲဘော်များ/ Photo - People's Defense Force (Kani)MFP ၊ ဇန်နဝါရီ - ၁၀စစ်ကိုင်းတိုင်း အထက်ပိုင်း ကနီမြို့နယ် ရေလည်ကျွန်းရွာရှိ အကြမ်းဖက် စကစ နှင့် ပျူစောထီး ပူးပေါင်းစခန်းကို ဝင်ရောက် တိုက်ခိုက်ခဲ့ရာ ပျူ တစ်ဦးသေပြီး သုံးဦး ဒဏ်ရာရသွားကြောင်း ကနီမြို့နယ် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ - People's Defense Force (Kani) က သတင်းထုတ်ပြန်သည်။ယနေ့ ဇန်နဝါရီ(၁၀) ရက် ညနေ(၂)နာရီခွဲဝန်းကျင်က ကနီမြို့နယ်၊ ရေလည် |
တနင်္သာရီမြို့နယ် တကူရွာမှာ စစ်ကောင်စီတပ်တွေနဲ့ PDF တပ်တွေ အပြန်အလှန်ပစ်ခတ် Posted: 10 Jan 2022 09:00 AM PST တနင်္သာရီတိုင်းမ်၊ ဇန်နဝါရီ ၁၀ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်က တကူရွာမှာ ဒီနေ့ညနေက စစ်ကောင်စီတပ်တွေနဲ့ PDFတပ်တွေအပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေထံကသိရပါတယ်။ ဒီနေ့ ညနေ ၅ နာရီ ၁၅ မိနစ်မှာ တကူသံတိုက်ကမ်းနားက အကြမ်းဖက်စစ်ကောင်စီတပ်သားတွေနဲ့ တနင်္သာရီမြစ်တစ်ဖက်ကမ်းက PDF တပ်သားတွေ တိုက်ပွဲ ဆယ်မိနစ်ဝန်းကျင်ကြာ ဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။ နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုကြောင့် စစ်ကောင်စီတပ်ဘက်က |
Posted: 10 Jan 2022 08:58 AM PST (ပုံစာ - ပြည်နယ်စည်ပင်ရုံးဝင်းအတွင်း ပေါက်ကွဲမှုဖြစ်ပွားခဲ့စဥ်)ဘားအံမြို့ စစ်မှုဇုံအကျော်ရှိ စစ်ဆေးရေးဂိတ်တစ်ခုတွင် ဂိတ်ကြေးပေးပြီးနောက် ပစ်ခတ်သောကြောင့် စစ်ကောင်စီလက်ပါးစေ အစောင့်ရဲနှစ်ဦးနှင့် BGF တစ်ဦး သေဆုံးသွားကြောင်း ဒေသခံများက ပြော သည်။ယနေ့(ဇန်နဝါရီ ၁၀) နေ့လယ် ၁ နာရီ ၄၀ ခန့်က ဘားအံစက်မှုဇုံအကျော်ရှိ ထိဖိုးကလုံးက စစ် ဆေးရေးဂိတ်တွင် ကားတစ်စီးမှ ဂိတ်ကြေးပေးပြီးနောက် ပစ်ခတ်သွားခြင်း |
စစ်ကိုင်းမြို့တွင် အရွယ်မရောက်သေးသူတဦးအပါအဝင် အမျိုးသား ၃ဦးကို စစ်ကောင်စီအဖွဲ့မှ ဖမ်းဆီး Posted: 10 Jan 2022 08:54 AM PST ဇန်နဝါရီ ၁၀၊ SGGစစ်ကိုင်းမြို့၊ ထုံးဘိုရပ်ကွက်နေ ဂစ်တာလုပ်ငန်းလုပ်ကိုင်သူ ကိုဖိုးပြုံးနှင့် မင်းစံရပ်နေထိုင်သူ ကိုသိန်းဇော်ထွေးတို့နှစ်ဦး ခြင်းခတ်နေစဉ်မှာ စစ်ကောင်စီအဖွဲ့က ဝင်ရောက်ဖမ်းစီးမှုပြုလုပ်ခဲ့တယ်လို့သိရပါတယ်။ယနေ့ ဇန်နဝါရီလ ၁၀ရက် ညနေ ၄:၀၀နာရီအချိန်ခန့်က ထုံးဘိုရပ်ကွက်ထဲမှာ ခြင်းခတ်နေစဉ် စစ်ကောင်စီအဖွဲ့က အိမ်စီးကား ၁စီးနဲ့ အရပ်ဝတ် အင်အား ၅ဦးဖြင့်လာရောက်ဖမ်းဆီးခဲ့တယ်လို့သိရပါတယ်။ ကိုဖိုး |
Posted: 10 Jan 2022 08:49 AM PST ဇန်နဝါရီ၁၀၊ ချင်းတွင်းရိုးမ၊ မုံရွာ စစ်ကိုင်းတိုင်း၊မုံရွာမြို့ တမာတန်းမီးပွိုင့်တွင် ယနေ့ညနေ၅နာရီဝန်းကျင်ခန့်က အကြမ်းဖက်စစ်ကောင်စီတပ်သားများသည် CCTVမှတ်တမ်းများမှတဆင့် ဗုံးလာချသည်ဟုသိရ၍ သွားရောက်စပ်စုကာ ဗုံးတွေ့ရှိချိန် ထပေါက်ကွဲ၍ စစ်ကောင်စီတပ်သား၄ဦးနေရာမှာတွင် ပွဲချင်းပြီးသေဆုံးကြောင်း မုံရွာချင်းတွင်းရိုးမသတင်းရင်းမြစ်များထံမှ သိရသည်။ အကြမ်းဖက်စစ်ကောင်စီတပ်သား၇ဦးသည် အိမ်စီးကားဖြင့် ရောက်ရှိလာ |
ဝေဘူလမြို့ကို ထိုးစစ်ဆင်လာသော စစ်ကောင်စီတပ် မိုင်းနင်းမိပြီး အပြားအများ သေဆုံးဒဏ်ရာရ Posted: 10 Jan 2022 08:50 AM PST ( ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ -CNDF )ချင်းပြည်နယ်၊ဖလမ်းမြို့နယ် ဝေဘူလမြို့ကို ထိုးစစ်ဆင်လာသော အကြမ်းဖက်စစ်ကောင်စီတပ်နှင့် CNDF တိုက်ပွဲဖြစ်ပွားပြီး၊CNDF ထောင်ထားသော မိုင်းများနင်းပြီး အများအပြားသေဆုံးဒဏ်ရာရခဲ့သည်ဟု ချင်းအမျိုးသားအဖွဲ့ချုပ်( Chin National Organization) က ယနေ့ သတင်းထုတ်ပြန်သည်။အကြမ်းဖက်စစ်ကောင်စီတပ်များသည် လက်နက်ကြီးနှင့်လူအင်အား အလုံးအရင်းဖြင့် ဝေဘူလမြို့ကို ဇန်နဝါရီ ၆ ရက် |
လွိုင်ကော်မြို့ဟာ စစ်မြေပြင်လိုဖြစ်နေပြီးလို့ ဒေသခံပြော Posted: 10 Jan 2022 03:41 AM PST ဇန်နဝါရီလ ၁၀ ရက်နေ့၊ ၂၀၂၂ လွိုင်ကော်မြို့က ပန်ကား၊ မိုင်းလုံး၊ ရွာတန်းရှည် နှင့် ဒီမော့ဆိုမြို့နယ်အပိုင် ဒေါပိုးစီ၊ ၅ မိုင် ၆ မိုင်စတဲ့နေရာတွေမှာ စစ်မြေပြင်လိုဖြစ်နေပြီး ဒေသခံတွေမနေရဲတော့ပဲ ထွက်ပြေးကုန်ပြီးလို့ ပန်ကန်းရပ်ကွက်မှ နေထိုင်ခဲ့ဖူးပြီး လက်ရှိတိမ်းရှောင်နေရသူ ဒေသခံတစ်ဦးက ပြောပါတယ်။ PDF၊ KDF နှင့် KNDF ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်ဖွဲ့တို့အကြား တိုက်ပွဲတွေပြင်းထန်နေတာဖြစ်ပြီး |
ကော့ကရိတ်တွင် စစ်ကောင်စီတပ်က လေယာဥ် ၂ စီးဖြင့် ကျေးရွာများဘက်သို့ ဗုံးကြဲ တိုက်ခိုက် Posted: 10 Jan 2022 03:37 AM PST ကရင်ပြည်နယ် ကေ့ကရိတ်မြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်က ယနေ့ နေ့လည်ပိုင်း၌ ကျေးရွာများဘက်သို့ ရဟတ်ဖြင့် ၂ စီးဖြင့် လာရောက် ဗုံးကြဲ တိုက်ခိုက်ခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။ ကော့ကရိတ်မြို့နယ် ကမိုင်းကုန်းရွာဘက်တွင် စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် လူနေအိမ် ၂လုံးမီးလောင်သွားကြောင်းသိရသည်။"အိမ်မီးလောင်တာက နှစ်အိမ်လို့သိရတယ်ဗျ ။မီးကတော့ သတ်မယ့်သူမရှိဘူး ။ ကျွန်တော်တို့လည်း |
ဟဲဟိုးထွေအုပ်ရုံးရှေ့၌ ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး မြို့တွင်း၌ သေနတ်ပစ်ခတ်သံများ ထွက်ပေါ် Posted: 10 Jan 2022 02:55 AM PST မဲခေါင်၊ ဇန်နဝါရီ ၁၀ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ ဟဲဟိုးမြို့ရှိ စစ်ကောင်စီလက်အောက်ခံ မြို့အထွေထွေအုပ်ချုပ်ရေးမှူးရုံးရှေ့တွင် ဇန်နဝါရီလ ၉ရက်၊ ညပိုင်းအချိန်က ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း ဒေသခံပြည်သူများထံမှ သိရသည်။အဆိုပါထွေအုပ်ရုံးရှေ့၌ ည၈နာရီခွဲဝန်းကျင်အချိန်ခန့်က ဗုံးပေါက်ကွဲသံကြားရပြီးနောက် ဝါးရုံပင်ကျေးရွာအနီးတဝိုက်၌ သေနတ်ပစ်ခတ်သံ အချက် ၅၀ခန့်ကြားခဲ့ရကြောင်း ဒေသခံပြည်သူတစ်ဦးက |
ပုလဲ PDF ဗိုလ်နဂါးတို့အဖွဲ့ အစည်းအဝေးနေရာကို လေယာဉ်နဲ့ ပစ်ခံရပေမယ့် ထိခိုက်မှုမရှိ Posted: 10 Jan 2022 02:47 AM PST ပုလဲ၊ ဇန်နဝါရီ ၁၀၊ ၂၀၂၂။ပုလဲ PDF ခေါင်းဆောင် ဗိုလ်နဂါးတို့ အစည်းအဝေးလုပ်နေတဲ့ နေရာကို အနောက်မြောက်တိုင်း စစ်ဌာနချုပ်က လေယာဉ် ၃ စင်းနဲ့ လာရောက်တိုက်ခိုက်ခဲ့တယ်လို့ ချင်းတွင်းရိုးမ မဟာမိတ်တပ်ပေါင်းစုဆီက သိရပါတယ်။၂ စင်းက စစ်အင်အား လာချခဲ့တာဖြစ်ပြီး ၁ စင်းကတော့ ဖိုက်တာလေယာဉ်ဖြစ်ပြီး အစည်းအဝေးနေရာ ပတ်ပတ်လည်ကိုပစ်သွားခဲ့တာဖြစ်တယ်လို့ ချင်းတွင်းရိုးမ မဟာမိတ်တပ်ပေါင်းစုရဲ့တာဝန်ခံက ပြောပါတယ်။"ခုနေတော့ |
CDF-KKG ထံသို့ ဗိုလ်ကြီးတစ်ဦးအလင်းဝင်၊ ဆုကြေးငွေပေးအပ်ပြီး မိသားစုကိုလုံခြုံတဲ့နေရာသို့ ပို့ဆောင်ပေး Posted: 10 Jan 2022 02:45 AM PST ဇန်နဝါရီ ၁၀၊ PDF Newsflash စစ်တက္ကသိုလ် အပတ်စဉ် (၅၂) တပ်ထောက်ဗိုလ်ကြီး သင်တန်းအမှတ်စဉ် (၃၉) မှ ကြည်း ၅၅၇၂၅ ဗိုလ်ကြီးကောင်းသူဝင်းသည် အာဏာသိမ်းစစ်ကောင်စီ လက်အောက်တွင် တာဝန်ထမ်းဆောင်လိုခြင်း မရှိတော့သည့်အတွက် CDF-KKG ထံ လက်နက်အပြည့်စုံဖြင့် အလင်းဝင်လာကြောင်းသိရသည်။ " စစ်ဗျူဟာအခြေချအဖွဲ့ မတူပီ - စစ်ရေးအရာရှိ တတိယတန်း စစ်ထောက်တာဝန် တာဝန်ထမ်းဆောင်နေသည့် ( လက်ရှိတွင် မုံရွှာ၌ ကြားစခန်းမှူးအဖြစ် တာဝန် |
မြောင်မြို့နယ်ကို စစ်ကောင်စီတပ် ထိုးစစ်ဆင်နေ၍ ဒေသခံ ၅,၀၀၀ခန့် စစ်ရှောင်နေရ Posted: 10 Jan 2022 02:38 AM PST (ယနေ့(ဇန်နဝါရီ ၁၀)နံနက်ပိုင်းက စစ်ကောင်စီတပ်များ မင်းတန်းရွာသို့ ဝင်ရောက်စီးနင်းပြီး နေအိမ်အရှို့အား မီးရှို့ဖျက်ဆီးခဲ့သည်။)စစ်ကိုင်းတိုင်း မြောင်မြို့နယ်အတွင်းရှိ ကျေးရွာများကို စစ်ကောင်စီတပ်က ထိုးစစ်ဆင်လျက်ရှိကြောင်း Young Fighters People Defence Force(YFPD)မှ တာဝန်ခံကိုဒေးက လူထုနွေဦးသို့ ပြောသည်။ယနေ့(ဇန်နဝါရီ ၁၀)နံနက်ပိုင်းတွင် စစ်ကောင်စီတပ်မှ မင်းတန်းရွာအနီးလက်နက်ကြီး ပစ်ခတ်မှုများ လုပ်ဆောင် |
Posted: 10 Jan 2022 02:36 AM PST မန္တလေးမှာ ကျုးကျော်တွေကိုရှင်းလင်းတဲ့ စည်ပင်ကားတစ်စီးမန္တလေး − လားရှိုးရထားလမ်းပိုင်း ပေါက်ကွဲမှု ဖြစ်ပြီးတဲ့နောက် အနီးပတ်ဝန်းကျင် သံလမ်းဘေးက ကျုးကျော်တဲတွေကို စစ်ကောင်စီဟာ နေ့တွင်းချင်း ဘူဒိုဇာနဲ့ထိုးပြီး ဖယ်ရှားလိုက်တယ်လို့သိရပါတယ်။မနေ့က ဇန်နဝါရီလ ၉ ရက်မနက်ပိုင်းက ကျုးကျော်ရှင်းလင်းရေးအဖွဲ့တွေလိုက်ပါလာတဲ့ ရထားတွဲဟာ မန္တလေး − လားရှိုး ရထားလမ်းပိုင်းမှာ ပေါက်ကွဲမှု ၂ ကြိမ်ကြုံခဲ့တာပါ။ပေါက်ကွဲ |
စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် နမ့်မယ်ခုံရွာ အမျိုးသမီးတစ်ဦး သေဆုံး Posted: 10 Jan 2022 02:33 AM PST သျှမ်းသံတော်ဆင့်၊ ဇန်နဝါရီ ၁၀ကရင်နီ (ကယားပြည်) တွင် ယမန်နေ့ (ဇန်နဝါရီ ၉)ရက်တွင် အာာဏာသိမ်း စစ်ကောင်စီ မှ လေကြောင်းဖြင့် တိုက်ခိုက်ကာ ဒီးမော့ဆိုမြို့နယ် နမ့်မယ်ခုံကျေးရွာတွင် ပြည်သူပိုင် အဆောက်အအုံများစွာ ထိခိုက်ပျက်စီးပြီး အသက် ၅၅ နှစ် အရွယ်ရှိ အမျိုးသမီး သေဆုံးသွားကြောင်း သတင်းသိရသည်။ ယမန်နေ့ ဇန်နဝါရီလ ၉ ရက်နေ့ မနက်ပိုင်းတွင် စစ်ကောင်စီတို့သည် ဒီးမော့ဆိုမြို့နယ်အတွင်းကို ရဟတ်ယာဉ်ဖြင့် (၃) ကြိမ် |
လွိုင်ကော် မှ သျှမ်းတောင်သို့လာသည့် စစ်ရှောင်များကို PNO တပ်ဖွဲ့လမ်းတွင် စစ်ဆေးမှုပြုလုပ် Posted: 10 Jan 2022 02:31 AM PST ပုံစာ- လွိုင်ကော်မှ သျှမ်းတောင်သို့ စစ်ရှောင်လာသည့် ယာဉ်တန်းများသျှမ်းသံတော်ဆင့်၊ ဇန်နဝါရီ ၁၀ကရင်နီပြည် (ကယား) လွိုင်ကော်မြို့ မှ ထွက်ပြေးလာကြသည့် စစ်ဘေးရှောင် ပြည်သူများကို ညောင်ရွှေမြို့နယ် ထီရိကျေးရွာတွင် ပအိုဝ်းအမျိုးသားအဖွဲ့အစည်း (PNO)တပ်ဖွဲ့က စစ်ရှောင်များကို စစ်ဆေးလျက်ရှိကြောင်း စုံစမ်းသိရှိရသည်။ ယမန်နေ့ ဇန်နဝါရီ ၉ ရက် လွိုင်ကော်မြို့နယ်တွင် စစ်ကောင်စီနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တို့ |
ဒီပဲယင်းနယ် ရွှေဒါးကန်ရွာမှ ဒေသခံနှစ်ဦးကို စစ်ကောင်စီက ဖမ်းဆီး၊ ကြိုးတုပ်ကာ လည်လှီး သတ်ဖြတ် Posted: 10 Jan 2022 02:22 AM PST စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် ရွှေဒါးကန်ရွာက ဒေသခံအမျိုးသားနှစ်ဦးကို စစ်ကောင်စီက ဖမ်းဆီးပြီး ကြိုးတုပ်ကာ လည်လှီးသတ်ဖြတ်သွားတယ်လို့ ကျန်ရစ်သူ မိသားစုဝင်တွေက MFP ကို ပြေပါတယ်။စစ်အုပ်စုဟာ ဒီဇင်ဘာ ၃၁ ရက်မှာ ရွှေဒါးကန်ရွာကို ဝင်ရောက်စီးနင်းခဲ့တာဖြစ်ပြီး သူတို့ ဖမ်းမိတဲ့ ရွာသားနှစ်ဦးကို ကြိုးတုပ်ပြီးတော့ လည်လှီးသတ်ဖြတ်သွားတာလို့ ဆိုပါတယ်။ဖမ်းဆီးသတ်ဖြတ်ခံရတဲ့ ရွှေဒါးကန်ရွာသား နှစ်ဦးဟာ သာမန် |
မြိုင်မြို့နယ်တွင် အကြမ်းဖက်စစ်တပ်နှင့် ပြည်သူ့ကာကွယ်ရေး တပ်များ တိုက်ပွဲဖြစ်ပွါးနေ Posted: 10 Jan 2022 02:20 AM PST မြိုင်၊ ဇန်နဝါရီ ၁၀မြိုင်မြို့နယ်အတွင်း စစ်ကောင်စီက အင်အားဖြည့်တင်း ဝင်ရောက်လာသောကြောင့် မြိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် ထိတွေ့တိုက်ပွဲ ဖြစ်နေကြောင်းဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များထံက သိရသည်။ယနေ့နံနက်ပိုင်းတွင် စစ်ကောင်စီတပ်က ပခုက္ကူဘက်မှဖြည့်တင်းအင်အား ၄၀၀ ခန့်ဖြင့် မြိုင်မြို့နယ်ကို ထိုးစစ်ဆင်လာသောကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် ထိပ်တိုက် တိုက်ပွဲဖြစ်နေသည်ဟု မြိုင်ပြည်သူ့ |
ရေဦးတွင် ပျောက်ကြားစနစ်ဖြင့်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ဆယ်ဦး သေဆုံး Posted: 10 Jan 2022 02:16 AM PST ရေဦး၊ ဇန်နဝါရီ ၁၀စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီ၏ စစ်ကြောင်းကို ပျောက်ကျားစနစ်ဖြင့် ယနေ့နံနက်ပိုင်းတွင် ထိုးစစ်ဆင်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့၀င် ၁၀ ဦးခန့် ဒဏ်ရာရရှိခဲ့သည်ဟု Area-21 Network က ထုတ်ပြန်လိုက်သည်။ရေဦးမြို့နယ်၊ မန်ကျည်းနီကျေးရွာမှ တင်းတိမ်ရံကျေးရွာသို့ ထွက်ခွာလာသည့် အင်အား ၅၀ ခန့်ပါသော စစ်ကောင်စီ၏ စစ်ကြောင်းကို ပျောက်ကျားစနစ်ဖြင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များက ထိုးစစ် |
You are subscribed to email updates from THIT HTOO LWIN (Daily News). To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google, 1600 Amphitheatre Parkway, Mountain View, CA 94043, United States |
No comments:
Post a Comment
5
Note: Only a member of this blog may post a comment.