Wednesday, January 12, 2022

သစ်ထူးလွင်

သစ်ထူးလွင်


ဘီးလင်းမှတက်လာသည့် စစ်ကောင်စီယာဉ်တန်းတိုက်ခိုက်ခံရ၊ ၆ ဦးသေ၊ ၁ ဦးဒဏ်ရာရ

Posted: 11 Jan 2022 03:14 PM PST

ဇန်နဝါရီလ ၁၁ ရက်နေ့၊ ၂၀၂၂မွန်ပြည်နယ် ဘီးလင်းမြို့နယ် နတ်ကြီး၊ ဆူးချောင်းကျေးရွာဖက်သွားသောကားလမ်းတွင် ဇန်နဝါရီလ ၈ ရက်နေ့ မနက် ၈ နာရီ ၂၀ မိနစ်အချိန်မှာ ဘီးလင်းမှတက်လာတဲ့စစ်ကောင်စီယာဉ် ၆ စီးပါယာဉ်တန်းကို ဆူးချောင်းကျေးရွာနားရှိတံတားတွင် KNLA တပ်ရင်း ၃ တပ်ခွဲ ၃ အဖွဲ့မှ မိုင်းဆွဲတိုက်ခိုက်တာကြောင့် ကား ၁ စီးတိမ်းမှောက်ပြီး ကားမောင်းသူအပါအဝင် စစ်ကောင်စီနှင့် BGF တပ်ဖွဲ့ဝင် ၆ ဦးသေဆုံးပြီး ၁ ဦးဒဏ်ရာရရှိ

စစ်ကောင်စီအားပေး Non-CDMများကို စစ်ရေးပစ်မှတ်အဖြစ် သတ်မှတ်ကြောင်း ကျိုက်ထိုတော်လှန်ရေးအင်အားစု နောက်ဆုံးအကြိမ်သတိပေး

Posted: 11 Jan 2022 02:50 PM PST

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်အတွင်းရှိ စစ်ကောင်စီယန္တရားများလည်ပတ်အောင် အထောက်အကူပြုနေသော Non-CDM ဝန်ထမ်းများနှင့် ဌာနဆိုင်ရာများကို စစ်ရေးပစ်မှတ်အဖြစ်သတ်မှတ်၍ တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ကျိုက်ထိုတော်လှန်ရေးအင်အားစု(KRF)က နောက်ဆုံးအကြိမ် သတိပေးလိုက်သည်။ထွေအုပ်၊ စည်ပင်၊ အခွန်၊ မြေစာရင်း၊ စီးပွားရေးဘဏ်၊ လဝက၊ စိုက်ဘဏ်၊ လျှပ်စစ်၊ တ ရားရုံး၊ ဥပဒေရုံးနှင့် အခြားစစ်ကောင်စီအားပေးကြသော အဖွဲ့အစည်းနှင့်

ဒေါ်လာ​ဈေး ၂,၀၀၀ ကျပ်အထိပြန်တက်လာ

Posted: 11 Jan 2022 02:37 PM PST

ပြည်တွင်း​​​မှောင်ခိုငွေလဲလှယ်​သော​ ဈေးကွက်တွင် ယ​နေ့(ဇန်နဝါရီ ၁၁)ဒေါ်လာဈေး တစ်ဒေါ်လာကိုကျပ် ၂,၀၀၀အထိပြန်လည်မြင့်တက်လာကြောင်း ပြည်တွင်းငွေလဲလုပ်ငန်းဆောင်ရွက်နေသူများက ပြောသည်။ ၂၀၂၁ အောက်တိုဘာလဆန်းပိုင်းမှ စတင်ပြီး တစ်ဒေါ်လာကို ကျပ် ၂,၀၀၀​အောက်ပြန်လည်းကျဆင်းခဲ့သည့် ဒေါ်လာဈေးသည် ဇန်နဝါရီ ၁၁ ရက်တွင်  ၂,၀၀၀ ကျပ်ကို ပြန်လည် မြင့်တက်လာခြင်းဖြစ်သည်ဟု ငွေလဲလုပ်ငန်းဆောင်ရွက်နေသူများက ပြောသည်။ "ဒီနေ ညနေ

လောင်းကစားဝိုင်းထောင်ပြီး ငါးဖမ်းလှေသမားတွေမှာ ငွေညှစ်နေတဲ့ လောင်းလုံးက သဘော့ဆိပ် ပျူစောထီးခေါင်းဆောင် ပစ်ခတ်ရှင်းလင်းခံရ

Posted: 11 Jan 2022 02:25 PM PST

တနင်္သာရီတိုင်းမ် ၊ ဇန်နဝါရီ ၁၁ လောင်းကစားဝိုင်း‌ထောင်ပြီး ငါးဖမ်းလှေသမားတွေဆီမှာ ငွေညှစ် ပိုက်ဆံရှာနေတဲ့ ထားဝယ်ခရိုင် လောင်းလုံးမြို့နယ် သဘော့ဆိပ်ရွာ အုပ်ချုပ်ရေးမှူးဆိုတဲ့ ပျူစောထီးခေါင်းဆောင် ဒီနေ့ ပစ်ခတ်ရှင်းလင်းခံလိုက်ရပါတယ်။ ပျူစောထီးခေါင်းဆောင်လည်းဖြစ် ကြံ့ခိုင်ရေးပါတီအမာခံတစ်ဦးလည်းဖြစ်တဲ့ ဦးလေးလေးဆိုသူကို လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(LPDF)က ဇန်နဝါရီလ ၁၁ ရက် ညနေမှာ ပစ်ခတ်

တနင်္သာရီမြို့နယ်မှာ စစ်ကောင်စီတပ်တွေနဲ့ PDF တွေ တိုက်ပွဲ သုံးကြိမ်ဖြစ်၊ စစ်ကောင်စီတပ်သားနှစ်ဦးသေ

Posted: 11 Jan 2022 02:24 PM PST

တနင်္သာရီတိုင်းမ်၊ ဇန်နဝါရီ ၁၁ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ သာရဘွင်ရွာအုပ်စုက ကျားခေါင်းတောင်မှာ အကြမ်းဖက်စစ်ကောင်စီတပ်တွေနဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်တဲ့ ဘက်မလိုက် ပြောက်ကျားအဖွဲ့တို့တိုက်ပွဲ သုံးကြိမ်ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။ ဒီနေ့ မွန်းလွဲ ၂ နာရီကနေ ၅ နာရီအတွင်း တိုက်ပွဲသုံးကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သားနှစ်ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။ တိုက်ပွဲမှာ စစ်

စစ်ကောင်စီခန့် ပြည်နယ်ဝန်ကြီးချုပ်ခရီးစဉ်အပါအဝင် တာချီလိတ်တွင် ၃ရက်ဆက် ဖောက်ခွဲခဲ့ကြောင်း KKK ထုတ်ပြန်

Posted: 11 Jan 2022 02:21 PM PST

မဲခေါင်၊ ဇန်နဝါရီ ၁၁အာဏာသိမ်းစစ်ကောင်စီခန့် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ‌ဒေါက်တာကျော်ထွန်းက တာချီလိတ်မြို့သို့ လာရောက်စဉ် ၃ရက်ဆက်တိုက် ဖောက်ခွဲမှုများ လုပ်ဆောင်ခဲ့ကြောင်း TCL.KKK.SHNမှ ယနေ့ အသိပေးထုတ်ပြန်သည်။တာချီလိတ်မြို့တွင် ဇန်နဝါရီလ ၈ရက်မှ ၁၀ရက်အထိ ၃ဆက်တိုက်ဖောက်ခွဲမှုများကို TCL.KKK.SHNက လုပ်ဆောင်ခဲ့ပြီး ဇန်နဝါရီလ ၈ရက်က စစ်ကောင်စီခန့် ရှမ်းပြည်နယ်ဝန်ကြီးချုပ်‌ဒေါက်တာကျော်ထွန်းနှင့် ပြည်နယ်

မင်းအောင်လှိုင်ခွေးဖြစ်ချိန်နီးပြီ တပ်တွင်ပြိုကွဲမှုများစတင်လာနေ

Posted: 11 Jan 2022 01:48 PM PST

"တပ်တွင်းမယုံကြည်မှု့များ"၁။ မင်းအောင်လှိုင် အာဏာမသိမ်းခင် အချိန်တွင် စစ်ဗိုလ်ချုပ်အချို့ သဘောမတူကြသကဲ့သို့ ဗိုလ်ချုပ် အဟောင်းများ အချို့မှာလည်း ၎င်းတို့၏ ပိုင်ဆိုင်မှုများထိခိုက် မည်ကို စိုးရိမ်သဖြင့် သဘောမတူခဲ့ကြောင်း အတွင်းသတင်းများအရ သိရှိခဲ့ရသော်လည်း မင်းအောင်လှိုင်၏မိုက်ရူးရဲ အာဏာရူးကာ စစ်တပ်၏ ထုံးစံအတိုင်း အချင်းချင်းပင် ရန်ပြု ဖမ်းဆီးခဲ့သည့်ဖြစ်စဥ်များကြောင့် မင်းအောင်လှိုင်ဘက်သို့ မဖြစ်မ

မင်းတုန်းတွင် စစ်သားသစ်စုဆောင်းရန်လာသော စစ်ကောင်စီတပ်သားများ မိုင်းဆွဲခံရ ၈ ဦးခန့်သေဆုံးနိုင်

Posted: 11 Jan 2022 08:04 AM PST

မင်းတုန်း၊ ဇန်နဝါရီ ၁၁၊ ၂၀၂၂။ မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်တွင် ပြည်သူ့စစ်ဖွဲ့စည်းရန် တပ်ဖြန့်လာသော စစ်ကောင်စီတပ်သားများ မိုင်းဆွဲခံရပြီး ၈ ဦးခန့်သေဆုံးနိုင်ကြောင်း People's Defence Force-Thayet တာဝန်ရှိသူတဦး ကပြောသည်။အဆိုပါမိုင်းဆွဲတိုက်ခံမှုကို သရက်-ကံမ ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ဆင်ရေးအဖွဲ့ က ပြုလုပ်ခဲ့တာဖြစ်ပြီး ဇန်နဝါရီလ ၁၁ ရက်နေ့ နံနက် ၉ နာရီနှင့် ၁၁ နာရီကြားတွင် ယော/သ

PDF ထောင်ထားတဲ့မိုင်းနင်းမိပြီး စစ်ကောင်စီဘက်က အရာခံဗိုလ်တဦးအပါအဝင် ၂ ဦးသေဆုံး၊ ၆ ဦးဒဏ်ရာရ

Posted: 11 Jan 2022 08:03 AM PST

ကနီ၊ ဇန်နဝါရီ ၁၁၊ ၂၀၂၂။ ကနီမြို့နယ်ထဲမှာ ဇန်နဝါရီ ၁၀ ရက် မနေ့က နေ့လည် ၁၂ နာရီ‌ လောက်က PDF ထောင်ထားတဲ့ မိုင်းကိုနင်းမိပြီး စစ်ကောင်စီဘက်က အရာခံဗိုလ်တဦးအပါအဝင် ၂ ဦးသေဆုံးကာ ၆ ဦးဒဏ်ရာရရှိခဲ့တယ်လို့ KLG Kani PDF ဆီကသိရပါတယ်။ အင်အား ၂၀ ကျော်ပါ စစ်သားနဲ့ပျူစောထီးပူးပေါင်းအဖွဲ့ဟာ  စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ အလယ်ကျွန်းရွာနဲ့ ငါးဖျက်တောတိုက်ကြားအရောက်မှာ နင်းမိခဲ့တာဖြစ်တယ်လို့ ကနီ PDF ရဲ့တာဝန်ခံ AT

လွိုင်​ကော်မြို့ကို စစ်​ကောင်စီတပ် တိုက်​လေယာဥ်ဖြင့်တိုက်ခိုက်စဥ် စ​နေအသင်းဘုရား​ကျောင်းပြိုကျပြီး ပြည်သူများ ပိတ်မိ

Posted: 11 Jan 2022 08:00 AM PST

(တိုက်ပွဲ​​များကြောင့် ထွက်​ပြေးတိမ်း​ရှောင်​နေရ​သောပြည်သူအချို့ )လွိုင်ကော်မြို့ပေါ်အားအကြမ်းဖက်စစ်ကောင်စီက ယ​နေ့ည​နေတွင်တိုက်လေယာဥ်ဖြင့် လာရောက်ပစ်ခတ်ရာ ဒေါဥခူရပ်ကွက်ရှိ စနေအသင်းဘုရားကျောင်းပြိုကျပြီးပြည်သူများပိတ်မိနေ ယကြောင်း မြို့ခံများက ပြောသည်။စစ်ကောင်စီကလွိုင်ကော်မြို့ ဒေါအူခူနှင့် မိုင်းလုံးရပ်ကွက်ကို  ယနေ့(ဇန်နဝါရီ ၁၁) ညနေ ၅ နာရီ မိနစ် ၄၀တွင် တိုက်လေယာဥ်ဖြင့် လာရောက်ပစ်ခတ်ခြင်းဖြစ်သည်။

လွိုင်ကော်တိုက်ပွဲ စစ်ကောင်စီတပ်မှ ၂၀ဦးသေ၊ ထွက်ပြေးလာသည့်စစ်ကောင်စီတပ်သားသုံးဦးဖမ်းမိဟု KNDF ထုတ်ပြန်

Posted: 11 Jan 2022 07:58 AM PST

လက်နက်ကြီး၊လက်နက်ငယ်အချို့နှင့်ကျည်များရရှိ၊ KNDFတပ်ဖွဲ့ဝင်တစ်ဦးကျဆုံး ကရင်နီ(ကယား)ပြည်နယ် လွိုင်ကော်တိုက်ပွဲ၌ စစ်ကောင်စီတပ်မှ ၂၀ဦး သေဆုံးပြီး သုံးဦးကို အရှင်ဖမ်းဆီးရ မိခဲ့ကြောင်း ကရင်နီအမျိုးသားကာကွယ်ရေးတပ်(KNDF)က ထုတ်ပြန်သည်။လွိုင်ကော်မြို့ ရွာတန်းရှည်နှင့်မိုင်းလုံးရပ်ကွက်တို့တွင် ယနေ့ နံနက် ၈နာရီမှစ၍ နှစ်ဖက် ထိတွေ့တိုက်ပွဲများ ဆက်လက်ပြင်းထန်ခဲ့ရာ စစ်ကောင်စီတပ်ဘက်မှ အထိနာ၍ ညနေပိုင်းတွင် လွို

လွိုင်​ကော်မြို့​ပေါ်၌ တစ်ရက်ထဲ တိုက်ပွဲ (၂)​နေရာဖြစ်ပွားပြီး စစ်​ကောင်စီတပ်သား (၅)ဦးခန့်​သေဆုံးကာ (၃)ဦးကို အရှင်ဖမ်းဆီးရမိ

Posted: 11 Jan 2022 07:55 AM PST

HTY Information  ( ဇန်နဝါရီလ ၁၁ ရက် )ကယား(ကရင်နီပြည်နယ်)၊ လွိုင်​ကော်မြို့၊ ​ဒေါဥခူရပ်ကွက် အကျဥ်း​ထောင်​ဘေးပတ်လည်မှာ ကင်းပုန်းဝပ်ချထား​တဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကို ပြည်သူ့ကာကွယ်​ရေးတပ်-ဒီး​မော့ဆို(DMO-PDF)၊ KDF၊ GZ 21 တပ်ဖွဲ့​တွေ ပူး​ပေါင်းပြီး ဒီကနေ့ ဇန်နဝါရီလ(၁၁)ရက်​နေ့မှာ သွား​ရောက်တိုက်ခိုက်ခဲ့ကြောင်းသိရသည်။အဆိုပါတိုက်ပွဲကို မွန်းလွဲ ၁၂နာရီခွဲအချိန်မှစ၍ ည​နေ ၄နာရီခွဲအချိန်ထိကြာ​အောင်

လွိုင်ကော်မြို့ရှိ လူနေအိမ်အချို့ ဖောက်ထွင်းခံရမှုရှိ၊ အရေးယူဆောင်ရွက်မည် ဟု KNDF က သတိပေး

Posted: 11 Jan 2022 07:46 AM PST

ပြင်းထန်တဲ့တိုက်ပွဲတွေကြောင့် မိမိနေအိမ်ကိုစွန့်ခွာပြီး နီးစပ်ရာတွေမှာ စစ်ရှောင်ကြတဲ့ ပြည်သူတွေရဲ့ နေအိမ်တွေဖောက်ထွင်းခိုးယူခံရတာနဲ့ ပတ်သက်ပြီး လက်ပူးလက်ကြပ်တွေ့ရှိပါက မသမာသူခိုးအဖွဲ့ကို အသက်အာမခံချက်မရှိဘူးလို့ KNDF က သတိပေးထားပါတယ်။"ဒါကို သေချာစုံစမ်းမယ် ပြီးတော့ တကယ်ဆိုရင်တော့ အရေးယူမှာပေါ့။ စခ ကနေလုပ်တဲ့လူလား။ သူခိုးလား။ အဲ့ဒါလေးတော့ နည်းနည်းကွဲဖို့လိုတယ်ဗျ။ အဲ့လိုလေးတော့ရှိလိမ့်မယ်။ စခ ကလည်း

လွိုင်ကော်မြို့ကို တိုက်လေယာဉ် နှစ်စီးသုံးပြီး လေကြောင်းဖြင့် တိုက်ခိုက်နေ

Posted: 11 Jan 2022 07:42 AM PST

ကန္တာရဝတီတိုင်း(မ်)ကရင်နီပြည် လွိုင်ကော်မြို့ပေါ်ရှိ ရပ်ကွက်တွေကို စစ်ကောင်စီတပ်က ဒီကနေ့(ဇန်နဝါရီလ ၁၁ရက်) ညနေ ၅နာရီ ၄၅မိနစ်မှာ တိုက်လေယာဉ်နှစ်စီးဖြင့် လေကြောင်းကနေ ထပ်မံ တိုက်ခိုက်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။"၄နာရီ ၄၅မိနစ်ဝန်းကျင်လောက်မှာ လေယာဉ်ဝဲပြီး တိုက်ပွဲဖြစ်ပွားနေတဲ့ မိုင်းလုံးဖက်တစ်ကြောကို ပစ်ခတ်နေတယ်။"လို့ လွိုင်ကော်မြို့ခံ တစ်ဦးက ကန္တာရဝတီတိုင်း(မ်)ကိုပြောပါတယ်။ဒီကနေ့  မိုင်းလုံး၊

ဖားအံတွင် စစ်ဆေးမှုများသည့်ကြားမှ ဗုံးဆက်တိုက်ပေါက်ကွဲမှုဖြစ်

Posted: 11 Jan 2022 07:39 AM PST

ဇန်နဝါရီ ၁၁ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီကရင်ပြည်နယ် ဖားအံမြို့ရှိ လမ်းဆုံလမ်းဂွနေရာများတွင် ယခုရက်ပိုင်း စစ်ကောင်စီတပ်များက စောင့်ကြည့် စစ်ဆေးမှုများ ယခင်ကထက် လုပ်ဆောင်နေသော်လည်း မြို့တွင်း ဗုံးပေါက်ကွဲမှုများ ဆက်တိုက်ဖြစ်ပွား နေသည်ဟု မြို့ခံများ၏ ပြောဆိုချက်အရ သိရသည်။ယမန်နေ့ ဇန်နဝါရီလ ၁၀ရက်နေ့တစ်ရက်ထဲတွင် ပြည်နယ် အစိုးရရုံးနှင့်မနီးမဝေးတွင်ရှိသည့် ပြည်နယ် စည်ပင်သာယာရေးရုံးရှေ့ နှင့် ဖားအံမြို့

ရေဦးမြို့ နယ်၊ ပြောင်းခင်းကျောင်းတိုက်မှ သံဃာတော် ၂ပါး စစ်ကောင်စီတပ်မှ ဖမ်းဆီးသွား၊ ချမ်းသာရွာမှ ဒေသခံ ၂ဦးပစ်သတ်

Posted: 11 Jan 2022 07:36 AM PST

January 11, 2022စစ်ကိုင်းရေဦးမြို့နယ်၊ အောင်ချမ်းသာရပ် တရုတ်တန်းလမ်း‌ဘေးတွင် ရပ်ထားသည့် ဘုန်းကြီးကျောင်း၏ ကားတစ်စီးအား စစ်ကောင်စီတပ်မှ ယူဖို့ပြင်နေစဉ် ကားရပ်ထားရာနေရာသို့ သံဃာတော် ၂ ပါးရောက်ရှိလာသည့်အတွက် ကားအပါအဝင် သံဃာတော် ၂ပါးစလုံး ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများမှ သိရသည်။" သံဃာတော်တွေက ကားခန ရပ်ထားပြီး အပြင်ခနသွားတာထင်တယ် အဲမှာ စစ်သား ၂၀လောက်က ကားကိုယူဖို့လုပ်နေတဲ့ချိန် သံဃာတော်တွေပြန်

ရေဦးမြို့၊ အောင်ဆုမွန် ကိုယ်ပိုင်အထက်တန်းကျောင်းပိုင်ရှင် ဆရာဦးကျော်ဝင်း ဖမ်းဆီးခံရ

Posted: 11 Jan 2022 07:24 AM PST

 ပုံ/ ဖမ်းဆီးခံရသည့် ဆရာကျော်ဝင်းJanuary 11,2022 စစ်ကိုင်းတိုင်း၊ ရေဦးမြို့၊ အောင်ဆန်းရပ်ကွက် ၇လမ်းနှင့်၈လမ်းကြားရှိ အောင်ဆုမွန်ကိုယ်ပိုင်အထက်တန်းကျောင်းမှ  ဆရာဦးကျော်ဝင်း အား စစ်‌ကောင်စီတပ်မှ ယနေ့ နေ့လယ်ပိုင်းအချိန်တွင် လာရောက်ဖမ်းဆီးသွားကြောင်း ဒေသခံများမှ သိရသည်။"ဘာ‌ကြောင့်လာဖမ်းသွားတာလဲတော့ မသိရသေးဘူး စစ်သားတွေ အယောက် ၂၀လောက်နဲ့ အိမ်ကနေကို လာဖမ်းသွားတယ်လို့ သိရတယ်" ဟု ဒေသခံတစ်ဦးကပြောသည်။

No comments:

Post a Comment

5

Note: Only a member of this blog may post a comment.