Friday, January 14, 2022

သစ်ထူးလွင်

သစ်ထူးလွင်


ကလေးမြို့နယ် ချောင်းခွရွာနှင့် ကျောက်ပြုတ်ရွာတိုက်ပွဲတွင် စစ်ကောင်စီတပ်သားနှင့် ပျူစောထီး အနည်းဆုံး (၉) ဦးသေဆုံး

Posted: 13 Jan 2022 04:29 AM PST

ဇန်နဝါရီ ၁၃စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် ချောင်းခွရွာဘက်မှ ဖလမ်းမြို့နယ် ဝေဘူလမြို့ဘက်သို့ ဦးတည်၍ စစ်ကြောင်းထိုးလာသော အင်အား (၂၀၀) ကျော်ပါဝင်သည့် စကစတပ်အား ဇန်နဝါရီလ ၆ ရက်နေ့က PDF-Kalay၊ CNDF ၊ Zomi PDF ၊ RKDF နှင့် ပ.က.ဖ ပူးပေါင်းတပ်ဖွဲ့များက ဝေဘူလမြို့မရောက်မီ တောင်ကြောတနေရာတွင် ကြားဖြတ်တိုက်ခိုက်ခဲ့ရာ မင်းအောင်လှိုင်လက်ပါးစေ အကြမ်းဖက်စစ်သား အနည်းဆုံး (၄)ဦး သေဆုံးကြောင်းသိရသည်။ ထို့ပြင် ကလေး

အရာတော်မြို့နယ်တွင် ARA မြောင်ပိုင်းတပ်ခွဲက မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စကစတပ်သား (၁) ဦး မိုးပေါ်မြောက်တက်သွား၍ (၁၀) ဦးထက်မနည်းသေဆုံး၊ (၂၀) ဦးခန့် အပြင်းအထန်ဒဏ်ရာရ

Posted: 13 Jan 2022 04:28 AM PST

ဇန်နဝါရီ ၁၃ စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ ကြာပင်လှကျေးရွာအနီးတွင် ပြည်သူများအား (၄) ရက်တိုင်တိုင် စိတ်ဒုက္ခပေးနေသော စစ်ကောင်စီတပ်များအား ယနေ့ မနက် ၈ နာရီ ၂၀ မိနစ်တွင် ARA မြောင်ပိုင်းတပ်ဖွဲ့ခွဲမှ မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား (၁) ဦး မိုးပေါက်မြောက်တက်သွား၍ (၁၀) ဦးထက်မနည်းသေဆုံးကာ (၂၀) ဦးခန့် အပြင်းအထန်ဒဏ်ရာရရှိသွားကြောင်း ARA မြောက်

KNU မူတြော်ခရိုင်ကို သန်းခေါင်အချိန် စစ်ကောင်စီက လေယာဉ်ဖြင့်ဗုံးကြဲ၊ ပြည်သူ ၁ ဦးထိမှန်သေဆုံး

Posted: 13 Jan 2022 04:21 AM PST

မဲခေါင်၊ ဇန်နဝါရီ ၁၃KNU မူတြော်ခရိုင်၊ ဒွယ်လိုးမြို့နယ်၊ ဝေါ်မူကျေးရွာအုပ်စု၊ ရွှေညောင်ပင်ကျေးရွာအတွင်းသို့ ဇန်နဝါရီ ၁၃ မနက် ၁ နာရီတွင် စစ်ကောင်စီက လေယာဉ် ၂ စင်းဖြင့် ဗုံး ၄ လုံးကြဲချခဲ့ကြောင်း KNU က ထုတ်ပြန်သည်။စစ်ကောင်စီကြဲချသည့် ဗုံးများကြောင့် ပြည်သူ ၁ ဦးသေဆုံးပြီး ၃ ဦးထိခိုက်ဒဏ်ရာများရရှိခဲ့သည်။ အဆောက်အဦ ၅ လုံးလည်း ထိခိုက်ပျက်စီးခဲ့သည်။ဇန်နဝါရီ ၁၂ မနက် ၁ နာရီခန့်ကလည်း ဒွယ်လိုးမြို့နယ်

စစ်ကောင်စီတပ်များအထိနာခဲ့သည့် ချင်းပြည်နယ်သို့ နည်းလမ်းအမျိုးမျိုးဖြင့် စစ်အင်အားတိုးချဲ့နေ

Posted: 13 Jan 2022 04:14 AM PST

ချင်း၊ ဇန်နဝါရီ ၁၃ ရက်အာဏာသိမ်းပြီးနောက်ပိုင်း ဒေသခံတော်လှန်ရေးတပ်ဖွဲ့တွေရဲ့ နည်းလမ်းအမျိုးမျိုးနဲ့ တိုက်ခိုက်မှုတွေ ကြောင့်် စစ်ကောင်စီတပ်တွေအထိနာခဲ့တဲ့ ချင်းပြည်နယ်ကို ဇန်နဝါရီလဆန်းပိုင်းကစတင်ကာ နည်းလမ်းအမျိုးမျိုးနဲ့ အင်အားတိုးချဲ့တာတွေပြုလုပ်လာတယ်လို့ သိရပါတယ်။ ချင်းပြည်နယ်ထဲကို စစ်ကောင်စီက အင်အားတိုးချဲ့ဖို့အတွက် ချင်းနဲ့ စစ်ကိုင်းနယ်စပ်ကနေ ပြောက်ကျားပုံစံ အင်အားတိုးချဲ့တာတွေ လေကြောင်းနဲ့ လာ

ဗိုလ်ချုပ်ကြီးမောင်မောင်ကျော် ကို ဘာကြောင့်အနားပေးတာလဲ

Posted: 13 Jan 2022 03:52 AM PST

Caption: Gen Maung Maung Kyaw (right) on his visit in India in 2019. Photo: Indian Air Force / Twitterဇန်နဝါရီလ ၁၃ ရက်နေ့၊ ၂၀၂၂ ကာကွယ်ရေးဦးစီးချုပ် ( လေ ) ဗိုလ်ချုပ်ကြီးမောင်မောင်ကျော်ကို အနားပေးလိုက်တာနဲ့ပတ်သက်လို့မြန်မာ့ အရေး လေ့လာသုံးသပ်သူများကြား ထင်ကြေးမျိုးစုံပေးနေကြပါတယ်။စစ်ကောင်စီဥက္ကဌ ဗိုလ်ချုပ်မှူး ကြီးမင်း အောင် လှိုင်က မကြိုက် လို့အနားပေး တာလို့ထင်ကြေးပေးပြောဆိုသူတွေလည်းရှိပါတယ်။မ

တောပုကျေးရွာမှ ပျူစောထီး အဖွဲ့ဝင်တစ်ဦး အသတ်ခံရ

Posted: 12 Jan 2022 06:01 AM PST

၂၀၂၂ ခုနှစ် ၊ ဇန်နဝါရီလ၊ ၁၂ရက် ယနေ့ ညနေ၅နာရီခန့်တွင် မုံရွာမြို့နယ် တောပုကျေးရွာမြောက်ပိုင်းမှ ပျူစောထီးအဖွဲ့ဝင် ဦးငြိမ်းဆောင် (အသက်၆၀ခန့်) အသ တ် ခံရကြောင်း သိရှိရပါသည်။၄င်းသည် လက်သမားဆရာတစ်ဦး ဖြစ်ပြီး သစ်သားဝယ်ရန် ဆိုက်တွဲနှင့် တောပုမှ အ​နောက်ကျွန်းဘက်သို့ အလာ ညောင်ဖြူပင် နှင့် ကျွန်းကြီးကျေးရွာ ကြားရှိ လက်ပံပင်တန်း အနီးတွင် သေနတ်ဖြင့် ပစ်သ တ်ခံခဲ့ရသည်ဟု သိရပါသည်။သေဆုံးသူသည် တောပုကျေးရွာမှ ပျူ

မတ္တရာမြို့နယ် ကောက်ရိုးပုံကျေးရွာမှာ ဒလန်ဆိုသည့်အိမ် မီးရှို့ခံရပြီးနောက် စစ်ကောင်စီတပ်များတပ်ဆွဲထား

Posted: 12 Jan 2022 05:51 AM PST

မတ္တရာ၊ ဇန်နဝါရီ ၁၂မတ္တရာမြို့နယ် ကောက်ရိုးပုံကျေးရွာမှာ ဒလန်ဟုဆိုသည့်အိမ် မီးရှို့ခံရပြီးနောက် စစ်ကောင်စီတပ်များ ဝင်ရောက် တပ်ဆွဲလာသောကြောင့် ရွာသူရွာသားများထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများထံမှ သိရသည်။အဆိုပါကျေးရွာမှ စစ်ကောင်စီသတင်းပေး တိုးဆောင်ဆိုသူသည် PDF များကို ရိုင်းစိုင်းစွာ ဆဲဆိုစိန်ခေါ်ပြီးနောက် ဇန်နဝါရီလ ၈ရက် ညပိုင်းတွင် ၎င်း၏နေအိမ်မီးရှို့ခံခဲ့ရခြင်းဖြစ်သည်။ထို့နောက် ယနေ့ (

လက်ယက်မရွာမှ ဒေသခံ ၃၀၀ကို အကြမ်းဖက်စစ်ကောင်စီ ဖမ်းဆီးခေါ်ဆောင်ထားပြီး စစ်ကြောင်းကို မိုင်းခွဲပါက မီးရှို့သတ်မည်ဟု ခြိမ်းခြောက်နေ

Posted: 12 Jan 2022 05:50 AM PST

ဇန်နဝါရီ ၁၂မကွေးတိုင်း၊ မြိုင်မြို့နယ် လက်ယက်မရွာမှ ဒေသခံ ၃၀၀ ကို အကြမ်းဖက်စစ်ကောင်စီမှ ဖမ်းဆီးခေါ်ဆောင် ထားပြီး အကြပ်ကိုင်ခြိမ်းခြောက်နေကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။အဆိုပါရွာသားများကို ဓါးစာခံသဘောဖမ်းဆီးထားပြီး ရွာနီးချုပ်စပ်ကိုဝင်ရောက်မွှေနှောက်ခြင်း ၎င်းတို့လာချိန် တိုက်ခိုက်မှုများပြုလုပ်ပါက ဖမ်းထားသူများကို မီးရှို့သတ်မည်ဟု ခြိမ်းခြောက်နေကြောင်း မြိုင်မြို့နယ်ဒေသခံ တစ်ဦးက လူငယ့်

ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ အနိုင်ရ လွှတ်တော်ကိုယ်စားလှယ် ပူးရှန်မန်း၏ နေအိမ် ချိတ်ပိတ်ခံရ

Posted: 12 Jan 2022 05:35 AM PST

ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် - CNLD ၏ တစ်ဦးတည်းသော အနိုင်ရကိုယ်စားလှယ်ဖြစ်သည့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် Pu Siang Mang(ပူးရှန်မန်း)၏ နေအိမ် ချိတ်ပိတ်ခံရကြောင်း သိရသည်။အာဏာသိမ်းမှု အောင်မြင်ရေးအတွက် တစ်နိုင်ငံလုံးတွင် အကြမ်းဖက်နေသည့် စစ်ကောင်စီက ချင်းပြည်နယ်၊ ဟားခါးမြို့ရှိ နေအိမ်ကို   ၂၀၂၂ ခုနှစ် ဇန်နဝါရီလ (၁၂) ရက်နေ့တွင် ချိတ်ပိတ်လိုက်ခြင်း ဖြစ်သည်။အာဏာသိမ်းအုပ်စုက NLD ပါတီနှင့် ပါတီ

စစ်ခွေးနှစ်ကောင်အား CDF-Matupi မှ Sniper ဖြင့် ရှင်းလင်းပစ်နိုင်ခဲ့

Posted: 12 Jan 2022 05:32 AM PST

Jan 12ဇန်နဝါရီလ (၁၂) ရက်နေ့ ညနေ(၄)နာရီတွင် မတူပီ-ပလက်ဝ လမ်းအခြေစိုက် ထယ်ဘွေးတပ်စခန်းရှိ အကြမ်းဖက် စစ်ကော်စီတပ်ဖွဲ့ဝင်များကို CDF-Matupi မှ Sniper ဖြင့် ပစ်ခတ်ရာ စစ်ခွေး နှစ်ကောင်သေဆုံးပြီး CDF-Matupi ဘက်မှ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရသည်။ 𝐌𝐚𝐭𝐮𝐩𝐢 𝐑𝐞𝐯𝐨𝐥𝐮𝐭𝐢𝐨𝐧 𝐍𝐞𝐰𝐬

စစ်ကောင်စီက မူသယ်ဒေသရှိ ကျေးရွာများကို လက်နက်ကြီးဖြင့်ပစ်ခတ်၍ စစ်ရှောင် ၂,၀၀၀ ကျော်ရှိ လာဟု KNU ထုတ်ပြန်

Posted: 12 Jan 2022 05:31 AM PST

အာဏာသိမ်းစစ်ကောင်စီတပ်က ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၃)နယ်မြေရှိ ကျေးရွာများကို ပစ်မှတ်ထားပြီး လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သောကြောင့် ဒေသခံ ၂,၀၀၀ကျော် စစ်ဘေးတိမ်းရှောင်နေကြရသည်ဟု KNU ဗဟို သတင်းနှင့် ပြန်ကြားရေးဌာနက ယမန်နေ့တွင် ထုတ်ပြန်သည်။KNU ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ် မူသယ်ဒေသတွင် ယခုနှစ် ဇန်ဝါရီလဆန်းမှစ၍ စစ်ကောင်စီတပ်က စစ်ရေးလှုပ်ရှားမှု ပိုမိုပြုလုပ်လာပြီး KNU တပ်မဟာ(၅)

ကရင်အချင်းချင်း မတိုက်လိုသော်လည်း စစ်ကောင်စီကို ဆက်ကူညီနေပါက ကရင်BGFကို တိုက်ခိုက်ရတော့မည်ဟု KNU တပ်မဟာ(၅)ထုတ်ပြန်

Posted: 12 Jan 2022 05:56 AM PST

(BGF ​ခေါင်း​ဆောင် ဗိုလ်မှူးကြီး​စောချစ်သူနှင့် စစ်​ကောင်စီတပ် တာဝန်ရှိသူတို့ အတူ​တွေ့ရစဥ်)ကရင်နယ်ခြားစောင့်တပ်ဖွဲ့(BGF)တပ်များအနေဖြင့် လာမည့် ဇန်နဝါရီ ၁၅ရက်မှစ၍ စစ်ကောင်စီကို ပူးပေါင်းကူညီပံ့ပိုးခြင်းမပြုရန် ကရင်အမျိုးသားအစည်းအရုံး (KNU/KNLA) တပ်မဟာ(၅) တပ်မဟာမှူး ဗိုလ်မှူးချုပ် စောမူဟဲက လက်မှတ်ရေးထိုးထုတ်ပြန်လိုက်ပြီး ဆက်လက်ပံ့ပိုးနေပါက ကရင်အချင်းချင်း မတိုက်လိုသော်လည်း ကရင်BGFကို တိုက်ခိုက်ရ

နမ့်ခမ်းမြို့နယ်ထဲမှာ TNLA နဲ့ စစ်ကောင်စီ တိုက်ပွဲ ထပ်မံဖြစ်ပွားပြီး စစ်တပ်ဘက်က သေဆုံးမှုရှိ

Posted: 12 Jan 2022 05:20 AM PST

ဇန်နဝါရီ ၁၂ ရက်၊ နမ့်ခမ်းဒီနေ့ နေ့လယ် ၁ နာရီခွဲကနေ ၂ နာရီခွဲအထိ ရှမ်းမြောက် နမ့်ခမ်းမြို့နယ်ထဲမှာ တအာင်းတပ်မတော် (TNLA)နဲ့ စစ်ကောင်စီတို့အကြား တိုက်ပွဲ ထပ်မံဖြစ်ပွားခဲ့ပါတယ်။တိုက်ပွဲဟာ လွယ်လောင်နဲ့ မန်လွယ်ကျေးရွာအနီးမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က သေဆုံးမှုတွေ ရှိနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။"စစ်တပ်က မန်လွယ်ကနေ ထိုးတက်လာတာကို TNLA ဘက်က ကြိုစောင့်ပြီး ထိတွေ့ပြီးတော့

နဘုလယ်မှာ ကြံ့ခိုင်ရေးပါတီဝင်အမျိုးသားတစ်ဦး ပစ်သတ်ခံရ

Posted: 12 Jan 2022 05:12 AM PST

တနင်္သာရီတိုင်းမ်၊ ဇန်နဝါရီ ၁၂ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ နဘုလယ်ဒေသမှာ ကြံ့ခိုင်ရေးပါတီဝင်အမျိုးသားတစ်ဦး ဒီနေ့ညနေပိုင်းက ပစ်သတ်ခံခဲ့ရတယ်လို့ ဒေသခံတွေကပြောပါတယ်။ ဒီနေ့ညနေ ၄ နာရီဝန်းကျင်က နဘုလယ်ဒေသ၊  ထိန်ကြီးရွာ မှာ ဦးဇော်လို့ခေါ်တဲ့ အမျိုးသားပစ်သတ်ခံခဲ့ရတယ်လို့ ဒေသခံတွေကဆိုပါတယ်။ ဆိုင်ကယ်စီးလာတဲ့ဦးဇော်ဟာ ထိန်ကြီးရွာတံတားပေါ်မှာပစ်သတ်ခံရတာဖြစ်တယ်လို့ သိရပါတယ်။ အသက် ၅၀ ဝန်းကျင်အရွယ်ရှိတဲ့ ဦး

ရှေ့တန်းတွင်တိုက်ပွဲဝင်နေသော ရဲဘော်များအား ရိက္ခာပို့နေစဉ် စစ်ကောင်စီက ဖမ်းဆီးသတ်ဖြတ်မှုကြောင့် အသက် (၁၃) နှစ်အရွယ် ထောက်ပို့တစ်ဦးကျဆုံး

Posted: 12 Jan 2022 05:08 AM PST

ဇန်နဝါရီ ချင်းပြည်နယ်တွင် အသက် (၁၃) နှစ်အရွယ် Salai Le Nang အား ရှေ့တန်းမှာတိုက်ပွဲဝင်နေကြသော ပြည်သူ့ကာကွယ်ရေးအဖွဲ့မှရဲဘော်များထံ ရိက္ခာသွားပို့နေစဉ် အကြမ်းဖက်စစ်ကောင်စီတပ်များက ဖမ်းဆီးသတ်ဖြတ်ခဲ့ကြကြောင်း သိရသည်။" တိုင်းပြည်နှင့် အမျိုးသားရေးပေးတဲ့ တာဝန်ကိုကျေပွန်စွာ ထန်းဆောင်ခဲ့သော အာဇာနည်ရဲဘော် Salai Le Nang အား အမြင့်ဆုံးသော လေးစာမှုဖြင့် အလေးပြု အပ်ပါတယ် " ဟု CCN Channel က ယမန်နေ့က

မိုင်းထိပြီးသေဆုံးသွားသော ပျူစောထီးအလောင်းများကို သယ်ဆောင်လာသည့် စကစယာဉ်တန်း မိုင်းဆွဲခံရ၍ စစ်သားနှင့် ပျူစောထီး (၇) ဦးခန့်ထပ်မံသေဆုံး

Posted: 12 Jan 2022 05:06 AM PST

ဇန်နဝါရီ ၁၂စစ်ကိုင်းတိုင်း၊ အရာတော်အရှေ့နယ်၊ သမရိုးကျေးရွာအနီးတွင် မိုင်းထိပြီးသေဆုံးသွားသော ပျူစောထီးအလောင်းများကို ကောက်ပြီးပြန်လာသည့် စစ်ကောင်စီယာဉ်တန်းအား ယမန်နေ့ ညနေပိုင်းက အရာတော်မြို့နယ်တော်လှန်ရေးအင်အားစု - ARA မှ ဗိုလ်ရောင်နီနှင့် ဗိုလ်ယက္ခတို့ ဦးဆောင်သော Gen-Z ညီနောင်များတပ်ဖွဲ့က ဇရစ်ကျေးရွာနှင့် မြေနက်ကျေးရွာကြားတွင် စောင့်ကြိုခြုံခိုတိုက်ခိုက်ခဲ့ကြကြောင်း သိရသည်။အဆိုပါတိုက်ခိုက်မှု

မိုဆိုကျေးရွာအနီး မီးရှို့သတ်ဖြတ်ခံရမှုတွင် သစ်တောဦးစီးဌာနမှ CDMဝန်ထမ်းနှင့် မိသားစုဝင်တို့ပါဝင်

Posted: 12 Jan 2022 05:00 AM PST

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်၊ မိုဆိုကျေးရွာအနီးအစုလိုက်အပြုံလိုက် မီးရှို့သတ်ဖြတ်ခံရမှုတွင် သစ်တောဦးစီးဌာနမှ CDM ဝန်ထမ်း အငယ်တန်းစာရေး ဒေါ်ဂျူးလိယက်၏ အမျိုးသား ဦးသျှားရယ် ပါဝင်ခဲ့ပြီး၊ CDM ဝန်ထမ်း တောကြပ် ဦးလိရယ်လည်း အသတ်ဖြတ်ခံခဲ့ရကြောင်း အမျိုးသား ညီညွတ်ရေးအစိုးရ NUG၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနက ယနေ့ ဇန်နဝါရီ ၁၂ရက်တွင် ထုတ်ပြန်လိုက်သည်။ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်၊ မို

စစ်ကောင်စီအဖွဲ့များ ခေါနူးသုမ် သဘာဝသစ်တောကြိုးဝိုင်း ဧရိယာအတွင်း မီးရှို့

Posted: 12 Jan 2022 04:57 AM PST

မဲခေါင်၊ ဇန်နဝါရီ ၁၂မင်းတပ်မှ မတူပီမြို့သို့ စစ်ယာဉ်တန်း ၈၃ စီးနှင့် သံချပ်ကာ ၂ စီးပါသည့် စစ်ကောင်စီစစ်ကြောင်းများသည် ချင်းပြည်နယ်၏ ခေါနူးသုမ်သဘာဝသစ်တောကြိုးဝိုင်း ဧရိယာအတွင်းပါရှိသည့် သစ်ပင်များအား မီးရှို့ခဲ့ကြောင်း မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတင်းထုတ်ပြန်သည်။စစ်ယာဉ်တန်းနှင့် သံချပ်ကာ ၂ စီးအား CDF MINDAT က အကြိမ်ကြိမ် ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီအဖွဲ့များက ရမ်းသမ်းပစ်ခတ်

PDF ကိုဝိုင်းဖမ်းပေးခဲ့သည့် ကျောင်းကုန်းမြို့ ကြံ့ခိုင်ရေးပါတီဝင် အမျိုးသမီးကို တိုင်းစစ်ကောင်စီက ဆုငွေ သိန်း ၃၀ ပေး ( ခေါင်းကြီးပိုင်းနာရေးသတင်းစဉ်အတွက် နေရာယူခြင်း)

Posted: 12 Jan 2022 04:48 AM PST

 ဇန်နဝါရီ ၁၂ရက်PDF ကို ဝိုင်းဝန်းဖမ်းဆီး​ပေးခဲ့သည့် ဧရာဝတီတိုင်း၊ ကျောင်းကုန်းမြို့ ဆပ်ကွင်းရပ်ကွက်မှ ကြံ့ခိုင်ရေးပါတီ ဝင် ခင်လပြည့်ဝန်း (ခ)လဝန်း ဆိုသူအမျိုးသမီးကို  ဧရာဝတီတိုင်းစစ်ကောင်စီက ဇန်နဝါရီ ၁၁ ရက်တွင် ဂုဏ်ပြုဆုငွေ သိန်း ၃၀ ပေးခဲ့ကြောင်း ဒေသခံများထံကသိရသည်။ကျောင်းကုန်းမြို့ ဆပ်ကွင်းရပ်ကွက်စစ်ကောင်စီ သတင်း ပေး(ဒလန်) သီဟဇော် လျှပ်စစ်ပစ္စည်းဆိုင်နေအိမ်သို့ ဇန်နဝါရီ ၁၀ ရက်ညပိုင်းက ဝင် ရောက်

တိုက်ကြီးမြို့နယ်၊ သပြုရွာအား PDF ကိုဖွက်ထား ပေးခဲ့သည်ဟုဆိုကာ စစ်ကောင်စီကရွာလုံးကျွတ် ဖယ်ရှားခိုင်း

Posted: 12 Jan 2022 04:44 AM PST

ဇန်နဝါရီ ၁၂ ရက်ပြီးခဲ့သည့် ဇူလိုင်လအတွင်းက PDFများအားဖမ်း ဆီးရမိခဲ့သည်ဟုဆိုကာ ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ်၊သပြုရွာအား  စစ်ကောင်စီတပ်က ရွာလုံးကျွတ်အဓ္ဓမဖယ်ရှားခိုင်းခဲ့ကြောင်း သပြုရွာဒေသခံများထံက သိရသည်။ဒီဇင်ဘာလ ၁၇ ရက်နေ့က အဆိုပါသပြုကျေးရွာသို့ စစ်ကောင်စီတပ်များကရောက်ရှိလာပြီး ၇ ရက် အတွင်းဖယ်ရှားပေးရန်ဖိအားပေးပြောဆိုခဲ့ကာ အေး အေးဆေးဆေးမဖယ်ရှားပါက ရွာသားများကို ပစ်သတ်ပြီးနေအိမ်များကိုပါမီးရှို့

အရာတော်မြို့နယ်ရှိ အမှတ်(၁၀)တပ်တွင်းသို့ လက်နက်ကြီး ​လေးလုံးဖြင့်တိုက်ခံရ

Posted: 12 Jan 2022 04:41 AM PST

(သ​ပြေညို​​ပြောက်ကြားတပ်သားများကို ​တွေ့ရစဥ်)အရောတော်မြို့နယ်ရှိ အမှတ်(၁၀)အ​ခြေခံ စစ်လေ့ကျင့်ရေးတပ်အတွင်းသို့ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း အရာတော်အခြေစိုက် သ​ပြေညို​ပြောက်ကြားတပ်ဖွဲ့က ယနေ့ (ဇန်နဝါရီ ၁၂)ထုတ်ပြန်သည်။ယနေ့နံနက် ၆ နာရီခန့်တွင် စခတ(၁၀)လေ့ကျင့်ရေးတပ်အတွင်းသို့ အဝေးပစ်လက်နက်ကြီး ​လေးလုံးပစ်သွင်းတိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။"ထိုတပ်ထဲတွင် အရာရှိဟောင်းများ,

မြိုင်မြို့နယ်တွင် စစ်​ကြောင်းထိုးလာ​သောစစ်​ကောင်စီတပ်ကို​ဒေသခံPDFများခုခံတိုက်ခိုက် စစ်​ကောင်စီတပ် ၇ဦး​သေ

Posted: 12 Jan 2022 04:39 AM PST

(အကြမ်းဖက်စစ်​ကောင်စီတပ်ဖွဲ့ဝင်များ ဓါတ်ပုံ-AFP)-စစ်​ကောင်စီတပ်က​ကျေးရွာများကိုဖျက်ဆီး၊ ပြည်သူ၃၀၀ခန့်အားလူသားဒိုင်းလုပ်၍​ဒေသခံများထွက်​ပြေး​နေရမကွေးတိုင်း၊ ​မြိုင်မြို့နယ်တွင် စစ်ကြောင်းထိုးလာသည့် အကြမ်းဖက်စစ်ကောင်စီတပ်များအား ဒေသတွင်းမဟာမိတ်အဖွဲ့များက ခုခံတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်​ကောင်စီတပ်ဘက်မှ ၇ ဦးသေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အဆိုပါအဖွဲ့များက သတင်းထုတ်ပြန်သည်။ယမန်နေ့ (

မုံရွာတွင် ခိုးဆိုးလုနှိုက်သောင်းကျန်နေသော အမျိုးသား၃ဦးကို Monywa Satanအဖွဲ့မှ လက်နက်နှင့်အတူ ဖမ်းဆီးရမိ

Posted: 12 Jan 2022 04:37 AM PST

ဓာတ်ပုံ-Monywa Satanဇန်နဝါရီ၁၂စစ်ကိုင်းတိုင်း၊မုံရွာမြို့ စက်မှုဇုန်အတွင်းတွင် ညစဉ် ခိုးယူလုယက်ယုံသာမက အိမ်ရှင်များကိုဓားထောက်၊လူပြတ်သည့်နေရာများတွင် အသက်အန္တရာယ်ပေးကာ၊ခိုးဆိုးလုနှိုက်အဖွဲ့ထဲမှ အမျိုးသား၃ဦးအား Monywa Satanအဖွဲ့မှ သက်သေခံပစ္စည်းများနှင့် ဖမ်းယူရမိကြောင်း ထုတ်ပြန်ကြေညာသည်။ အဆိုပါဖမ်းဆီးရမိသည့်လူငယ်၃ဦးမှ မိမိတို့သည် ခိုးဆိုးလုယက်သူများဖြစ်ကြောင်း၊ဆိုင်ကယ်ခိုးဖို့အတွက် ယူဆောင်လာသည့်

KNU တပ်မဟာ(၅)ကို စစ်ကောင်စီ လေယာဉ်ဖြင့် ညသန်းခေါင်ချိန် တိုက်ခိုက်၊ ​​ပျက်စီးမှုများရှိ

Posted: 12 Jan 2022 03:19 AM PST

ဇန်နဝါရီ ၁၂ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီKNU မူတရော်(ဖာပွန်)ခရိုင်၊ တပ်မဟာ(၅)နယ်မြေကို စစ်ကောင်စီဘက်က ဇန်နဝါရီလ ၁၂ရက် မနက် ၁နာရီဝန်း ကျင်တွင် လေယာဉ်ဖြင့် သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ဒွယ်လိုးမြို့နယ်ရှိ ဝါးခါ့ဒဲဆေးရုံ အဆောက်အဦးများ ပျက်စီးသွားခဲ့ကြောင်း နယ်မြေခံ KNU တာဝန်ရှိသူများထံမှ သိရသည်။လာရောက်တိုက်ခိုက်သည့် လေယာဉ်အမျိုးအစားကို ကေအိုင်စီက အတိအကျ မသိရသော်လည်း ညအချိန် ဇန်န ဝါရီလ ၁၂ရက်၊ မနက်

ရဲစခန်းမှာ ဖမ်းထားတဲ့ ပြည်သူ ၅ ဦးကို PDF ၃ ဖွဲ့ ပေါင်းပြီး ကယ်ထုတ်နိုင်ခဲ့

Posted: 12 Jan 2022 03:16 AM PST

ယင်းမာပင်၊ ဇန်နဝါရီ ၁၂၊ ၂၀၂၂။စစ်ကိုင်းတိုင်း၊ ယင်မားပင်မြို့နယ်ရဲစခန်းမှာ ဇန်နဝါရီ ၈ ရက်က ဖမ်းဆီးခံထားရတဲ့ ပြည်သူ ၅ ဦးကို ဇန်နဝါရီ ၁၁ ရက် မနေ့က ညပိုင်းမှာ ကယ်ထုတ်လာခဲ့တယ်လို့ ချင်းတွင်းရိုးမ မဟာမိတ်တပ်ပေါင်းစုဆီက သိရပါတယ်။  အဲ့ဒီရဲစခန်းကို မနေ့က ည ၇ နာရီခွဲလောက်ကတည်းက လက်နက်ကြီးနဲ့ စတင်တိုက်ခိုက်ခဲ့ပြီး၊ ၈ နာရီလောက်မှာ ကယ်ထုတ်လာနိုင်ခဲ့တာဖြစ်တယ်လို့ ချင်းတွင်းရိုးမ မဟာမိတ်တပ်ပေါင်းစုရဲ့ တာဝန်ခံက

No comments:

Post a Comment

5

Note: Only a member of this blog may post a comment.