Sunday, January 16, 2022

သစ်ထူးလွင်

သစ်ထူးလွင်


စော်ဝရွာနေထိုင်သူ အမျိုးသားတစ်ဦး စစ်ကြောရေးတွင် အပြင်းထန်နှိပ်စက်ခံရ၍ သေဆုံး

Posted: 15 Jan 2022 09:46 AM PST

ပုံစာ - စစ်ကြောရေးတွင်အပြင်းထန်းရိုက်နှက်ခံရပြီး သေဆုံးသူ ဦးလွင်မိုးအောင်(ခ)မောင်လွင် ဖြစ်ပါသည်။ထားဝယ် ၊ဇန်နဝါရီလ ၁၅ ရက်ထားဝယ်မြို့နယ်၊စော်ဝရွာနေထိုင်သူအမျိုးသားတစ်ဦးကို လက်နက်ကိုင်အဖွဲ့အစည်းနှင့်ချိတ်ဆက်ရှိသည်ဟု စွပ်စွဲဖမ်းဆီး၍ ရိုက်နှက်စစ်ဆေးရင်းသေဆုံးသွားသည်။ဇန်နဝါရီ(၁၅)ရက်၊နံနက်(၁၁)နာရီခန့်ကစစ်ကြောရေးတွင်ရိုက်နှက်ခံရပြီးသေဆုံးသူဦးလွင်မိုးအောင်(ခ)မောင်လွင်အသက်(၅၀)နှစ်ဆိုသူကို နေအိမ်သို့

ဖလမ်းတိုက်ပွဲ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုများ၊ နှစ်ရက်အတွင်း စစ်ကောင်စီတပ်မှကိုးဦးသေ၊ ၁၀ကျော်ဒဏ်ရာရဟု ထုတ်ပြန်

Posted: 15 Jan 2022 09:36 AM PST

ချင်းပြည်နယ် ဖလမ်းမြို့နယ်တွင် နှစ်ရက်ဆက်တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှကိုးဦးသေဆုံးပြီး ၁၀ဦးကျော်ဒဏ်ရာရခဲ့ကြောင်း ချင်းအမျိုးသားအဖွဲ့ချုပ်/ချင်းအမျိုးသား ကာကွယ်ရေးတပ်(CNO/CNDF)က ထုတ်ပြန်သည်။ဖလမ်းမြို့နယ် ဝေဘူလမြို့ဘက်မှ စစ်ကြောင်းချီလာသည့် အကြမ်းဖက်စစ်ကောင်စီတပ်များသည် ဇန်နဝါရီ ၁၄ရက် နံနက် ၃ နာရီခန့်တွင် မွှန်လီကျေးရွာနှင့် ဗားရ်စခန်းအကြား၌ CNDF မှ ထောင်ထားသော နင်းမိုင်း၊ တိုက်မိုင်းများ

ဘုတလင်တွင် စစ်​ကောင်စီတပ်ကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်သား ၅ ဦး​သေ၊PDF ရဲ​​ဘော်တစ်ဦးကျဆုံး

Posted: 15 Jan 2022 09:34 AM PST

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်အား ဒေသတွင်း ပြ​ည်သူ့ကာကွယ်ရေးအဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်​ကောင်စီတပ်မှ ၅ ဦးသေဆုံးခဲ့သည်။အဆိုပါတိုက်ခိုက်မှုတွင်ဘုတလင်အခြေစိုက် မဟူရာနတ်ဆိုးပြောက်ကျားတပ်ဖွဲ့(ဘုတလင်)မှရဲဘော်တစ်ဦးပြည်သူနှင့် နိုင်ငံအတွက် အသက်ပေးလှူသွားခဲ့​ကြောင်း အဆိုပါအဖွဲ့ကထုတ်ပြန်သည်။ဇန်နဝါရီ ၁၄ ရက် မွန်းလွဲ ၂နာရီခန့်က ဘုတလင်မြို့နယ် တွင် အကြမ်းဖက်စစ်

မူတြော်(ဖာပွန်)မှာ BGF ဗိုလ်မှူးသိန်းဇော်မင်း တိုက်ခိုက်ခံရပြီး ဒဏ်ရာရရှိသွား

Posted: 15 Jan 2022 09:31 AM PST

BGF တပ်ဖွဲ့ဝင်များဇန်နဝါရီ-၁၅၊ ၂၀၂၂KNLA တပ်မဟာ ၅နယ်မြေထဲမှာ နယ်ခြားစောင့်တပ် BGF က ဗိုလ်မှူးသိန်းဇော်မင်းဟာ ဒီကနေ့မှာ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရပြီး ထိခိုက်ဒဏ်ရာရရှိသွားခဲ့တယ်လို့ BGF နဲ့နီးစပ်သူတစ်ဦးထံကနေ သိရပါတယ်။BGF ကွပ်ကဲရေးက ဗိုလ်မှူးသိန်းဇော်မင်းဟာ တပ်မဟာ ၅ နယ်မြေ မူတြော်(ဖာပွန်)ခရိုင်ထဲကို BGFတပ်စစ်ဆေးဖို့အတွက် ရောက်ရှိလာတာဖြစ်ပြီး မူတြော်ကအပြန် တောင်သုံးလုံးစခန်းနားမှာ မိုင်းဆွဲတိုက်ခိုက်

တိုက်လေယာဉ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခံနေရတဲ့ ကရင်နီပြည်ကို စစ်ကောင်စီက ငြိမ်းချမ်းရေးကမ်းလှမ်း

Posted: 15 Jan 2022 09:26 AM PST

စစ်ကောင်စီရဲ့ တိုက်လေယာဉ်တွေနဲ့ အင်အားအလုံးအရင်း ပစ်ခတ်တိုက်ခိုက်ခံနေရတဲ့ ကရင်နီပြည်ကို ငြိမ်းချမ်းရေးဆွေးနွေးဖို့ စစ်ကောင်စီက နှစ်(၇၀)ပြည့် ကယားပြည်နယ်နေ့ အခမ်းအနား သဝဏ်လွှာမှာ ထည့်သွင်း ကမ်းလှမ်းလိုက်ပါတယ်။  တိုင်းရင်းသားတွေ လိုလားတဲ့ ဒီမိုကရေစီနဲ့  ဖက်ဒရယ်စနစ်ကို တပ်မတော်နဲ့အတူ နိုင်ငံ့ဝန်ထမ်းအားလုံး၊ အရပ်ဘက် အဖွဲ့အစည်းအားလုံး၊  တိုင်းရင်းသားပြည်သူတစ်ရပ်လုံးက ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်မှ

ကယားပြည်နယ်နေ့အခမ်းအနားသို့ မင်းအောင်လှိုင်ပေးပို့သည့် သဝဏ်လွှာအပေါ် ဒေသခံတို့၏တုံ့ပြန်မှုများ

Posted: 15 Jan 2022 05:42 AM PST

Photo : CJလွိုင်ကော်၊ ဇန်နဝါရီ ၁၅ယနေ့ကျရောက်သည့် နှစ် (၇၀) ပြည့် ကယားပြည်နယ်နေ့အခမ်းအနားသို့ "ကယားပြည်နယ်အတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသားပြည်သူများအားလုံး  ဒေသတွင်း တည်ငြိမ်အေးချမ်းမှု ဖော်ဆောင်နိုင်သူများ ဖြစ်ကြပါစေ၊  ဒေသဖွံ့ဖြိုးရေး၊ ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝ တိုးတက်မြင့်မားလာရေးကို အားကြိုးမာန်တက် ဆောင်ရွက်နိုင်ကြပါစေ၊ နိုင်ငံတော်နှင့် နိုင်ငံသားများ   အကျိုးစီးပွားတိုးတက်မြင့်

စစ်ကောင်စီ သင်္ဘော (၂) စီးကို မြို့လှ PDF ယနေ့ တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီလက်ပါးစေများ ထိခိုက်မှုရှိနိုင်

Posted: 15 Jan 2022 05:40 AM PST

ဓာတ်ပုံ - ဇန်နဝါရီ (၄) ရက်နေ့က ဆန်တက်လာသည့် သင်္ဘော (၂) စီးကို ကသာမြို့၌ တွေ့ရစဉ်မြို့လှ၊ ဇန်နဝါရီ ၁၅ကချင်ပြည်နယ်၊ ရွှေကူမြို့မှ စုန်ဆင်းလာသည့် အကြမ်းဖက်စစ်ကောင်စီ၏ သင်္ဘောနှစ်စီးကို ယနေ့ ဇန်နဝါရီ (၁၅) ရက်နေ့လယ်ပိုင်းတွင် မြို့လှ PDF ကစောင့်ကြို တိုက်ခိုက်ခဲ့သည်ဟု သတင်းထုတ်ပြန်သည်။ ပုံညာသင်္ဘောနှင့် ပြဒါးရှင်သင်္ဘောနှစ်စီးကို စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ဆင်ကုန်တိုင်ရွာအနီးမှ စောင့်ကြိုတိုက်ခိုက်

မော်လူးဒေသတွင် ပရဟိတဆေးခန်း ဖွင့်လှစ်ထားသည့် ဆရာမနှစ်ဦးကို စကစ ရဲတပ်ဖွဲ့က ဖမ်းဆီး

Posted: 15 Jan 2022 05:36 AM PST

ဇန်နဝါရီ - ၁၅ စစ်ကိုင်းတိုင်း အင်းတော်မြို့နယ် မော်လူးဒေသတွင် ပရဟိတဆေးခန်းဖွင့်လှစ်ထားသည့် ဆရာမနှစ်ဦးကို ယနေ့ ဇန်နဝါရီလ (၁၅)ရက် နံနက်ပိုင်းတွင် စကစ ရဲတပ်ဖွဲ့ဝင်များက လာရောက်ဖမ်းဆီးသွားကြောင်း Indaw Revolution က သတင်းထုတ်ပြန်သည်။ နံနက် (၁၁)နာရီခွဲခန့်တွင် အဆိုပါ ဆရာမနှစ်ဦးကို လက်ထပ်ခတ်ကာ ဖမ်းဆီးသွားကြခြင်းဖြစ်ပြီး ဖမ်းဆီးရသည့်အကြောင်းနှင့် မည်သည့်နေရာကို ခေါ်ဆောင်သွားကြောင်း မသိရသေးဟု ယင်းအဖွဲ့က

မုံရွာ MPDF ခေါင်းဆောင် ဗိုလ်သံမဏိ၏ အလုပ်ရုံကို စစ်ကောင်စီက ချိတ်ပိတ်

Posted: 15 Jan 2022 05:35 AM PST

ဓာတ်ပုံ၊ ပေးပို့ ဇန်နဝါရီ - ၁၅ စစ်ကိုင်းတိုင်း မုံရွာအခြေစိုက် MPDF ခေါင်းဆောင် ဗိုလ်သံမဏိ၏ အလုပ်ရုံကို စစ်ကောင်စီက ယနေ့ချိတ်ပိတ်လိုက်ကြောင်း သတင်းရရှိသည်။ " ဒီနေ့ မုံရွာက ကျွန်တော့်အလုပ်ရုံ ချိတ်ပိတ်ခံလိုက်ရတယ်။ အဲ့အတွက်လည်း ဘာမှ မခံစားရပါဘူး။ ဒီပွဲက ငါတို့နိုင်ပွဲ အောင်ပွဲပဲ။ အောင်နိုင်ရေးနဲ့အတူ ငါ့အလုပ်ရုံကို ငါကိုယ်တိုင် ပြန်လာဖွင့်မယ် " ဟု ဗိုလ်သံမဏိက လူမှုကွန်ရက်မှတစ်ဆင့် သတင်းစကား ပါး

လွိုင်ကော်မြို့ ခရိုင်ရဲရုံးတိုက်ခိုက်မှု စစ်ကောင်စီတပ်မှ ခြောက်ဦးသေဟု KDF ထုတ်ပြန်

Posted: 15 Jan 2022 05:33 AM PST

ကရင်နီ(ကယား)ပြည်နယ် လွိုင်ကော်မြို့ပေါ်ရှိ ခရိုင်ရဲတပ်ဖွဲ့ရုံး၌ ကင်းပုန်းဝတ်နေသော စစ်ကောင်စီတပ်ကို ကရင်နီတော်လှန်ရေးတပ်ပူးပေါင်းအဖွဲ့က ယမန်နေ့ညပိုင်းက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ခြောက်ဦးသေဆုံးခဲ့သည်ဟု ကရင်နီ ဒီမိုကရက်တစ်တပ်ဦး(KDF)က ထုတ်ပြန် သည်။KDF၊နှင့် GZ-21(Liokaw) တို့ပူးပေါင်း၍ လွိုင်ကော်မြို့ ဒေါဥခူရပ်ကွက်ရှိ ခရိုင်ရဲရုံးကို ဇန်နဝါရီ လ၁၄ရက်နေ့ ည၁၂နာရီကျော်တွင်  ဝင်ရောက်တိုက်ခိုက်ရာ

ABSDFက စစ်ကောင်စီကို စတင်တိုက်ခိုက်/ကသာ(ပကဖ)နှင့်ပေါင်းပြီးတိုက်ခိုက်ရာ စစ်ကောင်စီတပ်မှ သေဆုံးမှုများနိုင်ဟုဆို

Posted: 15 Jan 2022 05:31 AM PST

အပစ်ရပ်လက်မှတ်ထိုးအဖွဲ့ဖြစ်​သော မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF)သည် စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်သည့် တိုက်ပွဲတွင် စတင်ပါဝင်လာပြီး ယနေ့တွင် ကသာပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)နှင့်အတူပေါင်းပြီး စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့သည်။ Katha Revolution၏ ဖော်ပြချက်အရ ဇန်နဝါရီ ၁၅ရက် မွန်းလွဲ ၂နာရီခန့်တွင် ရွှေကူမှ ကသာမြို့ဘက်သို့မောင်းနှင်လာသည့် စစ်ကောင်စီသင်္ဘောနှစ်စီးအား

PDF အယောင်ဆောင်ကာ မန္တလေးမြို့မှ ဘီယာဆိုင်အချို့ထံ ငွေလွှဲခိုင်းမှုများ ရှိနေ

Posted: 15 Jan 2022 05:29 AM PST

ဓာတ်ပုံ၊ ROM  ဇန်နဝါရီ - ၁၅ နွေဦးတော်လှန်ရေးကာလအတွင်း ဒေသကာကွယ်ရေးတပ်ဖွဲ့များအဖြစ် ပေါ်ပေါက်လာသည့် People's Defence Force – PDF အဖွဲ့အဖြစ် အယောင်ဆောင်ကာ မန္တလေးမြို့ပေါ်မှ ဘီယာဆိုင်အချို့ထံ ငွေလွှဲခိုင်းမှုများ ရှိနေကြောင်း မန္တလေးအခြေစိုက် ပျောက်ကြားတပ်ဖွဲ့တစ်ခုဖြစ်သည့် Rangers of Mandalay က ယနေ့ ထုတ်ပြန်သည်။ ၎င်းတို့ ရရှိထားသည့် သက်သေအထောက်အထား ဓာတ်ပုံနှစ်ခုနှင့်အတူ ဖြစ်စဉ်ကို ဖော်ပြခဲ့ခြင်း

ရေဦးနှင့် ဒီပဲယင်းနယ်အစပ် မစိုးရိမ်ရွာအထွက်တွင် စစ်ကောင်စီမိုင်းဆွဲခံရပြီး ငါးဦးသေ

Posted: 15 Jan 2022 05:26 AM PST

ဓာတ်ပုံ၊ Google Maps ဇန်နဝါရီ - ၁၅ စစ်ကိုင်းတိုင်း ရေဦးမြို့နယ်နှင့် ဒီပဲယင်းမြို့နယ်ကြားရှိ မစိုးရိမ်ရွာကို စစ်ကောင်စီ အင်အား (၆၀) ခန့်ဖြင့် ဝင်ရောက်စီးနင်းသောင်းကြမ်းပြီး ရွာအထွက်တွင် မိုင်းဆွဲတိုက်ခိုက်ခံရသဖြင့် စစ်ကောင်စီ ငါးဦးသေဆုံးကာ နှစ်ဦး ခြေထောက်ပြတ်သွားကြောင်း ဒီပဲယင်းမြို့နယ် အခြေစိုက် ပြောက်ကျားတပ်ဖွဲ့ ဂဠုန်တပ်တော်က ပြောသည်။ ယနေ့ ဇန်နဝါရီ (၁၅) ရက် နေ့လယ်ပိုင်းက စစ်ကောင်စီအင်အား (၆၀)

KNU တပ်မဟာ ၁ နှင့် ၇ နယ်မြေတွေမှာ စစ်ကောင်စီစစ်ကားအလုံးအရင်း ရောက်လာ

Posted: 15 Jan 2022 05:13 AM PST

ဓာတ်ပုံ - KNU နယ်မြေအတွင်း လှုပ်ရှားသည့်စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ကိုတွေ့ရစဉ်။ (ပုံဟောင်း) (Photo: Salween Press)ဇန်နဝါရီလ ၁၅ ရက်နေ့ ၊ ၂၀၂၂KNU တပ်မဟာ ၁ နယ်မြေအတွင်းရှိ မွန်ပြည်နယ် ဘီးလင်းမြိုနယ်နှင့် တပ်မဟာ ၇ နယ်မြေရှိ ရှမ်းရွာသစ်ဒေသတွေမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်နှင့်စစ်ကားတွေ အလုံးအရင်းရောက်ရှိလာတယ်လို့ နယ်မြေခံသတင်းအရင်းမြစ်ကပြောပါတယ်။ မနေ့ညနေမှာ ဘီးလင်းမြို့နယ် ကျိုက်ထိုဖက်မှစစ်ကောင်ကား ၃၀ စီး

ကော့ကရိတ်တွင် ယနေ့တိုက်ပွဲ ပြင်းထန်ဖြစ်ပွား၊ စစ်ကောင်စီတပ်က လေယာဥ်ဖြင့်ပါ ပစ်ခတ်တိုက်ခိုက်

Posted: 15 Jan 2022 05:09 AM PST

ဇန်နဝါရီလ ၁၅ ရက် ၊ ၂၀၂၂ ခုနှစ်။ ယခုလအတွင်း တိုက်ပွဲများမကြာခဏဖြစ်ပွားနေသည့် ကရင်ပြည်နယ် ကော့ကရိတ်မြို့အတွင်း၌ ယနေ့ ဇန်နဝါရီလ ၁၅ရက်တွင်လည်း စစ်ကောင်စီတပ်များနှင့် ဒေသခံKNLA ပူပေါင်းတပ်တို့ တိုက်ပွဲပြင်းထန်ဖြစ်ပွားနေသည်ဟု ဒေသခံများထံမှသိရသည်။ယနေ့ နံနက်အစောပိုင်း ၆ နာရီအချိန်ကတည်းက ကော့ကရိတ်မြို့နယ် ရွာသစ်ဘက်နှင့် မြို့ဟောင်းဘက်တို့၌ တိုက်ပွဲဖြစ်ပွားနေခဲ့ပြီး စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် အဆက်မပြတ်

တောင်ကြီးတွင် လူနေအိမ်သို့ သွယ်တန်းထားသည့် လျှပ်စစ်မီးကြိုးများ ခိုးယူခံရပြန်

Posted: 15 Jan 2022 04:53 AM PST

မဲခေါင်၊ ဇန်နဝါရီ ၁၅ရှမ်းပြည်နယ်၏ မြို့တော်၊ တောင်ကြီးမြို့တွင် ဓာတ်တိုင်မှ လူနေအိမ်သို့ သွယ်တန်းထားသည့် လျှပ်စစ်မီးကြိုးများကို ဇန်နဝါရီလ ၁၄ရက်က ခိုးယူခံခဲ့ရကြောင်း ဒေသခံပြည်သူများထံမှ သိရသည်။တောင်ကြီးမြို့၊ ကံကြီးရပ်ကွက်တစ်နေရာတွင် လူနေအိမ်သို့ သွယ်တန်းထားသည့် လျှပ်စစ်မီးကြိုးများကို ဖြုတ်ခိုးယူသွားခြင်းဖြစ်ကြောင်း ခိုးယူခံရသည့် အိမ်ရှင်က ပြောသည်။"ခေတ်မကောင်းတာကို အခွင့်ကောင်းယူတဲ့သူတွေပေါ့။ ခု

ဝါးခယ်မမြို့တွင် စစ်ကောင်စီတပ်သားတွေက မဖော်ထုတ်နိုင်တဲ့အမှုတွေအတွက် အပြစ်မဲ့အရပ်သားတွေကို ဖမ်းဆီးနေ

Posted: 15 Jan 2022 04:51 AM PST

ဝါးခယ်မ၊ ဇန်နဝါရီ ၁၅ ရက်ဧရာဝတီတိုင်း၊ ဝါးခယ်မမြို့နယ်မှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီနဲ့သက်ဆိုင်တဲ့ နေရာ တွေမှာ ဗုံးပေါက်ကွဲမှုတွေနဲ့ ပတ်သက်ပြီး အပြစ်မဲ့အရပ်သားတွေကို စွပ်စွဲဖမ်းဆီးတာတွေပြုလုပ်နေတယ်လို့ သိရပါတယ်။ စစ်ကောင်စီနဲ့သက်ဆိုင်တဲ့နေရာတွေမှာ ဗုံးပေါက်ကွဲတာတွေဖြစ်ရင် တရားခံဖမ်းမမိတဲ့အခါ အပြစ်မဲ့ အရပ်သားတွေကို ဖမ်းဆီးတာ ဒီဇင်ဘာလကစတင်ခဲ့တာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ " ခုက

မုံရွာမြို့နယ်တွင် စစ်ကောင်စီသတင်းပေး နာမည်ကြီး(ဒလန်)ဘိုမင်း အသတ်ခံရ

Posted: 15 Jan 2022 04:49 AM PST

ဇန်နဝါရီ ၁၅ ရက်စစ်ကိုင်းတိုင်း၊မုံရွာမြို့နယ်၊ဘုဘ​ကျေးရွာတွင် စစ်ကောင်စီသတင်းပေး ဘိုမင်း ဆိုသူကိုဇန်နဝါရီလ ၁၄ ရက်နေ့ တွင် အသတ်ခံလိုက်ရကြောင်း မုံရွာ_အမြင့်လမ်းသတင်းမှန်ပြန်ကြားရေးကထုတ်ပြန်ကြေညာသည်။ဇန်နဝါရီလ ၁၄ ရက်နေ့ နံနက်ပိုင်းတွင် အဆိုပါစစ်ကောင်စီသတင်းပေး ဘိုမင်းကို ကျောင်းစုရွာ အနီးက သဖန်းပင်အောက်တွင်အသတ်ခံရကြောင်း မုံရွာ_အမြင့်လမ်းသတင်းမှန်ပြန်ကြားရေးက ဆိုသည်။စစ်ကောင်စီသတင်းပေး ဘိုမင်း ကို

ဒီပဲယင်း ယဉ်ကျေးရွာအား စစ်ကောင်စီလေကြောင်းမှ တိုက်ခိုက်ပြီး ဝင်စီးမီးရှို့

Posted: 15 Jan 2022 04:46 AM PST

မဲခေါင်၊ ဇန်နဝါရီ ၁၅စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်အရှေ့ခြမ်းရှိ ယဉ်ကျေးရွာအား အကြမ်းဖက်စစ်ကောင်စီအဖွဲ့များက ယမန်နေ့ ( ဇန်နဝါရီ ၁၄) တွင် ရဟတ်ယာဉ်ဖြင့် ပစ်ခတ်ကာ ကျေးရွာအတွင်း ဝင်ရောက်စီးနင်းပြီး ကားနှင့်ဆိုင်ကယ်များအား မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။ယမန်နေ့ညနေပိုင်းတွင် ရဟတ်ယာဉ်ဖြင့် ပစ်ခတ်ပြီးနောက် မြေပြင်တပ်များက ဝင်ရောက်မီးရှို့ခဲ့ခြင်းဖြစ်ပြီး ယဉ်ကျေးရွာတောရဘုန်းကြီးကျောင်းတခုလည်း ရဟတ်ယာဉ်

လွိုင်ကော်ခရိုင်ရဲရုံး ကင်းပုန်းများကို ဝင်ပစ်၊ စစ်ကောင်စီ ၆ ယောက်သေဟု KDF ထုတ်ပြန်

Posted: 15 Jan 2022 04:59 AM PST

မဲခေါင်၊ ဇန်နဝါရီ ၁၅လွိုင်ကော်မြို့၊ ဒေါဥခူရပ်ကွက် အနောက်ပိုင်း၊ အကျဥ်းဦးစီးဌာနအနီး၊ ခရိုင်ရဲရုံး၌ ကင်းပုန်းဝတ်လျက်ရှိသော စစ်ကောင်စီအဖွဲ့ကို မြို့ပြညီနောင်​ပြောက်ကျားအဖွဲ့များဖြစ်သော ကရင်နီဒီမိုကရက်တစ်တပ်ဦး (KDF)နှင့် GZ-21(Liokaw) တို့ပူးပေါင်းပြီး ယမန်နေ့ ညက ရှောင်တခင် ဝင်ရောက်တိုက်ခိုက်ခဲ့သည်။မြို့ပြပြောက်ကျားတိုက်ပွဲ ဖြစ်သည့်အတွက် တိုက်ပွဲကြာချိန်သည် ၂၀ မိနစ်ခန့် ကြာခဲ့ပြီး စစ်ကောင်စီဘက်က 

မကွေးတိုင်း ကံမမြို့နယ်ရှိ PDF စခန်းငယ်အား စီးနင်းတိုက်ခိုက်ခံရ၍ PDF တပ်ဖွဲ့ဝင် သုံးဦး ဖမ်းဆီးခံခဲ့ရ

Posted: 15 Jan 2022 04:42 AM PST

( ဇန်နဝါရီလ ၁၅ ရက် )မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်နှင့် ၃၃ မိုင်ခန့်အကွာရှိ ကံမ PDF စခန်းငယ် တစ်ခုကို စစ်ကောင်စီတပ်က အင်အားအလုံးအရင်းဖြင့် ယမန်နေ့ ဇန်နဝါရီလ ၁၄ ရက်နေ့က ဝင်ရောက်စီနင်းတိုက်ခိုက်ခံရ၍ PDF အဖွဲ့ဝင် သုံးဦး ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။အဆိုပါ ဝင်ရောက်စီနင်းမှုကြောင့် နှစ်ဖက် ပစ်ခတ် တိုက်ပွဲ ဖြစ် ပေါ်ခဲ့ပြီး PDF အဖွဲ့ဝင် အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ ဖမ်းဆီးခြင်းခံ

ဖမ်းဆီးခံထားရသည့် ရဲဘော်တချို့ရဲ့ လူမှု့ကွန်ယက်စာမျက်နှာများကို အသုံးပြု၍ ဝါဒဖြန့်မှုများပြုလုပ်နေ

Posted: 15 Jan 2022 04:40 AM PST

ဇန်နဝါရီ၁၅၊ချင်းတွင်းရိုးမ၊မုံရွာမြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်တချို့ စစ်ကောင်စီမှဖမ်းဆီးခြင်းခံလိူက်ရပြီးနောက် ၎င်းတို့၏လူမှု့ကွန်ယက်စာမျက်နှာအသုံးပြု၍ ဝါဒဖြန့်မှုများပြုလုပ်လာလေ့ရှိသည်။ မုံရွာ သံမဏိတပ်ဖွဲ့ရဲဘော်တစ်ဦးဖြစ်သည့် လူမှု့ကွန်ယက်စာမျက်နှာတွင် "မသေချင်ရင် ငါ့လိုပဲ စောစောအဖမ်းခံကြပါ"ဟု စာသားဖြင့် ယခင်ဓာတ်ပုံများကိုအသုံးပြု၍ ဝါဒဖြန့်သတင်းအမှားကို မနေ့ကဇန်နဝါရီ၁၄ရက်နေ့မှာ ဖြန့်ဝေလိုက်ပါသည်။ 

ကျောင်းကုန်းမြို့ အ.ထ.က (၂) ကျောင်းတွင် စာသင်နေသည့်ကျောင်းဆရာတစ်ဦးအား စစ်ကောင်စီဖမ်းဆီး

Posted: 15 Jan 2022 04:38 AM PST

(ကျောင်းကုန်း)၊ ဇန်နဝါရီ ၁၅ ရက်ဧရာ၀တီတိုင်းဒေသကြီး၊ကျောင်းကုန်းမြို့နယ်မှာ CDM လှုပ်ရှားမှုမှာပါဝင်ခဲ့ပြီးနောက် အလုပ်ပြန်လည်ဝင်ရောက်နေသူ ကျောင်းဆရာတစ်ဦးအား ဇန်နဝါရီလ ၁၂ ရက်နေ့တွင် စစ်ကောင်စီတပ်များက ဖမ်းဆီးသွားတယ်လို့ ဒေသခံများထံမှ သိရပါတယ်။ဖမ်းဆီးခံရသူများမှာ ကျောင်းကုန်းမြို့၊အ.ထ.က(၂)ကျောင်းက အထက်တန်းပြဆရာ ဦးပိုပိုအောင်ဆိုသူဖြစ်ပြီး ၎င်းအား စာသင်ခန်းပတွင်း စာသင်နေစဥ် စစ်ကောင်စီတပ်များက ဝင်

ညောင်ပင်ကြီးရဲစခန်းတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က ရဲစခန်း ကိုက် ၃၀၀ အတွင်းနေအိမ်များဖယ်ရှားခိုင်းပြီး ဖြတ်သန်းသွားလာခွင့်ပိတ်ထား

Posted: 15 Jan 2022 04:36 AM PST

ဇန်နဝါရီ ၁၅ ရက်စစ်ကိုင်းတိုင်း၊ဆားလင်းကြီးမြို့နယ်လက်ပံတောင်း တောင်ဒေသ အနီး ညောင်ပင်ကြီးရွာ ရဲစခန်းတိုက် ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က ရဲစခန်းတဝိုက် ကိုက် ၃၀၀ အတွင်း ဖြတ်သန်းသွားလာခွင့် ကန့်သတ်ထားကြောင်း ဒေသခံများထံကသိရသည်။အဆိုပါ ညောင်ပင်ကြီး ရဲစခန်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့်ရဲများတပ်စွဲထားခြင်းဖြစ်ပြီး  ဇန် နဝါရီလ၂ ရက်နေ့တွင် ဆားလင်းကြီး Local GZ PDF က တိုက်ခိုက်ခဲ့သဖြင့် ရဲတပ်ဖွဲ့ဝင်

No comments:

Post a Comment

5

Note: Only a member of this blog may post a comment.