သစ္ထူးလြင္ |
- ထားဝယ်-ထီးခီးလမ်းက စစ်ကောင်စီဂိတ်တစ်ခုဝင်ပစ်ခံရ၊ စစ်ကောင်စီတပ်သားတစ်ဦးသေ
- နဘုလယ်မှာ ဒလန်ဆိုသူတစ်ဦး ပစ်သတ်ခံရပြီးနောက် စစ်တပ်က ပြည်သူတွေကို အကြမ်းဖက်ဖမ်းဆီး၊ အမျိုးသားတစ်ဦးကို သေနတ်နဲ့တေ့ပစ်ပြီးဖမ်းခေါ်သွား၊ လယ်တဲတွေကိုလည်းမီးရှို့
- မန္တလေးမြို့တွင် စကစကင်းစခန်းတစ်ခု ဗုံးပစ်တိုက်ခိုက်ခံရ၍ စကစတပ်သား (၄) ဦးသေဆုံး
- သံလွင်မြစ်ကမ်း မယ့်ခါးထာ့စစ်ကောင်စီတပ်ကို ထိုင်းဘက်က ရိက္ခာပို့ပေး
- KNU တပ်မဟာ ၁ နှင့် ၅ နယ်မြေအတွင်း နေ့တိုင်းတိုက်ပွဲပြင်းထန်
- ငါးဆူတောင်တွင် ဒလန်ဟု ကျော်ကြားသူတစ်ဦး ပစ်သတ်ခံရ
- စစ်ကောင်စီ၏ တိုက်လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခြင့်ဖြင့် စစ်ရှောင်စခန်းမှ ကလေးအပါအဝင် ၃ဦးနှင့် ဆေးဝန်ထမ်း ၃ ဦးကျဆုံး
- ကလေးမြို့က ဆွံ့အ နားမကြား ပြည်သူတစ်ဦးကို စစ်ကောင်စီတပ် ပစ်သတ်
- မုံရွာမြို့တွင် သတင်းပေး(ဒလန်)ဟု နာမည်ကြီးသူ ရဲကတော်တစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရ
- နေပြည်တော်တွင် NLDသီချင်းအော်ဟစ်သီဆိုသူကို စစ်ကောင်စီတပ်ကဖမ်းဆီးပြီး ၂နာရီအတွင်းပစ်သတ်
- ဖာပွန်က BGF စခန်း ၁ ခု KNU တပ်မဟာ ၅ သိမ်းပိုက်
- ဖရူဆိုက စစ်ဘေးရှောင်စခန်းကို လေယာဥ်ဖြင့် ဗုံးကြဲ၊ စစ်ဘေးရှောင် ၇ နှစ်သမီးအပါအဝင် ၃ ဦးသေဆုံး
- မုံရွာမြို့ပေါ်ရှိ တည်းခိုခန်းများနှင့် ဟိုတယ်များတွင် စစ်ကောင်စီမှ ဧည့်စာရင်းစစ်နေ
- ရေကြည်မြို့နယ်တွင် သတင်းပေး (ဒလန်)ဟု နာမည်ကြီးသည့် ဆန်းတင့် သေနတ်ဖြင့် ပစ်ခတ်ခံရ
- ကျောက်ထုမြို့နယ်၊ ကံကြီးကျေးရွာ မိဘမဲ့ပရဟိတကျောင်းထိုင် ဆရာတော်ကို စစ်ကောင်စီက လူဝတ်လဲဖမ်းဆီးကာ ကျောင်းရှိ ဆန်အိတ် ၂၅၀ ကျော်ကိုကားဖြင့် အဓမ္မသယ်ဆောင်သွား
- နာမည်ကြီးပျူစောထီးနှစ်ဦးပါဝင်သည့် စစ်ကောင်စီလက်ဝေခံအစည်းအဝေး တိုက်ခိုက်ခံရ ပျူစောထီးနှစ်ဦး ထိခိုက်မှုပြင်းထန်ဟုဆို
- စစ်ကောင်စီ၏ဒုရဲအုပ်အပါအဝင် ရဲလေးဦး ကလေး-တမူးလမ်းတွင် မိုင်းဆွဲတိုက်ခိုက်ခံရ၍သေ၊ သေနတ် ၃လက်ရရှိ
ထားဝယ်-ထီးခီးလမ်းက စစ်ကောင်စီဂိတ်တစ်ခုဝင်ပစ်ခံရ၊ စစ်ကောင်စီတပ်သားတစ်ဦးသေ Posted: 17 Jan 2022 09:39 AM PST တနင်္သာရီတိုင်းမ်၊ ဇန်နဝါရီ ၁၇ ထားဝယ်မြို့ကနေ ထိုင်းနိုင်ငံနယ်စပ်ထီးခီးရွာကို ဆက်သွယ်ထားတဲ့လမ်းမှာရှိတဲ့ ဝါးတောရွာက စစ်ကောင်စီဂိတ်တစ်ခု မနေ့ညက ဝင်ရောက်ပစ်ခတ်ခံခဲ့ရတယ်လို့ ထီးခီးကိုရောက်ရှိနေသူတွေထံက သိရပါတယ်။ ဇန်နဝါရီလ ၁၆ ရက်ည ၁၀ နာရီဝန်းကျင် မှာ ဝါးတောရွာက စစ်ကောင်စီဂိတ်ကို အမည်မသိလက်နက်ကိုင်အဖွဲ့တစ်ခုက ဝင်ရောက်ပစ်ခတ်ခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်သားတစ်ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။ ဝါးတောရွာက ဂိတ် |
Posted: 17 Jan 2022 09:38 AM PST တနင်္သာရီတိုင်းမ်၊ ဇန်နဝါရီ ၁၇ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ နဘုလယ်ဒေသက ထိန်ကြီးရွာမှာ ဒလန်လို့နာမည်ကြီးသူတစ်ဦး ပစ်သတ်ခံရပြီးနောက်ပိုင်း စစ်ကောင်စီတပ်တွေဟာ ပြည်သူတွေကိုအကြမ်းဖက်ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ထိန်ကြီးရွာက ဦးဇော်ဆိုသူဟာ ဇန်နဝါရီလ ၁၂ ရက်ညနေပိုင်းက သေနတ်နဲ့ပစ်သတ်ခံခဲ့ရပါတယ်။ အဲဒီနေ့ညမှာပဲ ထိန်ကြီးရွာက ဦးထွန်းငြိမ်း၊ ဦးဝင်းဇော်နဲ့ မူးဒူးရွာကကိုဇော်ဦးနဲ့ ကိုဇေယျာဦးတို့ကို |
မန္တလေးမြို့တွင် စကစကင်းစခန်းတစ်ခု ဗုံးပစ်တိုက်ခိုက်ခံရ၍ စကစတပ်သား (၄) ဦးသေဆုံး Posted: 17 Jan 2022 09:35 AM PST ဇန်နဝါရီ ၁၇မန္တလေးမြို့၊ ချမ်းအေးသားစံမြို့နယ်အတွင်းရှိ စစ်ကောင်စီကင်းစခန်းတစ်ခုအား ယနေ့ ည ၆ နာရီခွဲခန့်က ဗုံးပစ်တိုက်ခိုက်ခံရ၍ စကစတပ်သား (၄) ဦးသေဆုံးကြောင်း သိရသည်။" ယနေ့ညအစောပိုင်းတွင် မန္တလေးမြို့ ၃၅လမ်း၊ ၈၉-၉၀ ကြားရှိ စခ ကင်းစခန်းတစ်ခုအား Justice Mandalay People Defense Force (JMPDF) နှင့် Phoenix အထူးပြောက်ကျားတပ်ဖွဲ့ (ရေစကြို) ပူးပေါင်းအဖွဲ့မှ ဩဇာသီး ကျွေးခဲ့ရာ စခ (၄) ကောင် မုန့်ဟင်းခါးပွဲ |
သံလွင်မြစ်ကမ်း မယ့်ခါးထာ့စစ်ကောင်စီတပ်ကို ထိုင်းဘက်က ရိက္ခာပို့ပေး Posted: 17 Jan 2022 09:30 AM PST ဓာတ်ပုံ - မယ့်ခါးထာ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို လှေတစ်စင်းက ဒီနေ့ရိက္ခာသွားပို့ခဲ့သည့်မြင်ကွင်း။ ဇန်နဝါရီလ ၁၇ ရက်နေ့၊ ၂၀၂၂ ထိုင်း-မြန်မာနယ်စပ် သံလွင်မြစ်ကမ်းမှာရှိတဲ့ မယ့်ခါးထာ့စစ်ကောင်စီတပ်စခန်းကို ဒီနေ့ဇန်နဝါရီ ၁၇ ရက်နေ့မှာ ထိုင်းဘက်ခြမ်းရှိ သောလယ်ထာ့ရွာမှ လှေတစ်စင်းက စားသောက်ကုန်တချို့ပို့ဆောင်ပေးတယ်လို့ မျက်မြင်ဒေသခံတချို့ကပြောပါတယ်။ စစ်ကောင်စီတပ်ဖွဲ့တွေအတွက် ဒီနေ့ပို့ဆောင်သည့် ရိက္ခာတွေထဲမှာ |
KNU တပ်မဟာ ၁ နှင့် ၅ နယ်မြေအတွင်း နေ့တိုင်းတိုက်ပွဲပြင်းထန် Posted: 17 Jan 2022 09:26 AM PST ဓာတ်ပုံ - ကရင်ပြည်နယ်က KNLA တပ်ဖွဲ့မှ သိမ်းဆည်းရမိတဲ့ စစ်ကောင်စီရဲ့လက်နက်ခဲယမ်းတွေကိုတွေ့ရစဉ်။ (Photos: KNLA)ဇန်နဝါရီလ ၁၇ ရက်နေ့ ၊ ၂၀၂၂မွန်ပြည်နယ် KNU တပ်မဟာ ၁ နှင့် ကရင်ပြည်နယ် ဖာပွန်ခရိုင် KNU တပ်မဟာ ၅ နယ်မြေအတွင်းမှာ နေ့တိုင်းလိုလို တိုက်ပွဲပြင်းထန်နေပြီး စခန်းသိမ်းတိုက်ပွဲ၊ မိုင်းဆွဲတိုက်ခိုက်သည့်တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ နယ်မြေခံ KNLA သတင်းရင်းမြစ်ထံမှ သိရပါတယ်။ ဒီနေ့ ဇန်နဝါရီ ၁၇ ရက်နေ့ |
ငါးဆူတောင်တွင် ဒလန်ဟု ကျော်ကြားသူတစ်ဦး ပစ်သတ်ခံရ Posted: 17 Jan 2022 09:42 AM PST ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်၊ငါးဆူတောင်ဒေသတွင် ယမန်နေ့ ဇန်နဝါရီလ ၁၆ရက်နေ့ ညနေ ၅နာရီအကျော်ခန့်က ဒေသခံများက ဒလန်ဟု သတ်မှတ်ထားသူ ကိုလှဌေးကို အမည်မသိအဖွဲ့က သေနတ်ဖြင့် ပစ်သတ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ငါးဆူတောင် လေးရပ်ကွက်တွင် နေထိုင်သူ အသက်လေးဆယ်ခန့်ရှိပြီဖြစ်သော ကိုလှဌေးသည် ၄င်း၏နေအိမ်ရှေ့တွင် သေနတ်ဖြင့် သုံးချက်ပစ်ခတ်ခံခဲ့ရခြင်းဖြစ်ကာ လှည်းကူးမြို့နယ်ဆေးရုံတွင်သေဆုံးခဲ့သည်ဟု ဒေသခံများမှ |
Posted: 17 Jan 2022 09:15 AM PST အာဏာသိမ်းစစ်ကောင်စီသည် ပြည်သူလူထုအပေါ် အသက်အိုးစည်းစိမ်ကို သက်ညာထောက်ထားခြင်းမရှိဘဲ စစ်ရေး အရှိန်မြင့်တိုးမြင့်လာသည့်အလျောက် ဇန်နဝါရီလ ၆ ရက်နေ့ကစပြီး တိုက်လေယာဉ်တို့စသည့် အရာဖြင့် တိုက်ခိုက်လာသည်။ ဇန်နဝါရီလ ၁၆ ရက်နေ့ ညမှာ ဒီးမော့ဆို အနောက်ဖက်ခြမ်း နန်းမယ်ခုံ နှင့် ဖရူဆိုမြို့အနောက်ဖက်ခြမ်း ရခီးဘူး စစ်ရှောင် စခန်းကို တိုက်လေယာဉ်ဖြင်ဗုံးကျဲခဲ့ခြင့်ကြောင့် စစ်ရှောင်စခန်းမှ ကလေးငယ်အပါအဝင် ၃ ဦးနှ |
ကလေးမြို့က ဆွံ့အ နားမကြား ပြည်သူတစ်ဦးကို စစ်ကောင်စီတပ် ပစ်သတ် Posted: 17 Jan 2022 09:13 AM PST ဇန်နဝါရီ ၁၇ ရက်၊ ၂၀၂၂ ခုနှစ်။ စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့ မှာရှိတဲ့ ဆွံ့အနားမကြား ပြည်သူတစ်ဦးကို အာဏာသိမ်းစစ်ကောင်စီရဲ့တပ်ဖွဲ့ဝင်တွေက အကြောင်းမဲ့ပစ်သတ်သွားခဲ့တယ်လို့ ဒေသခံတွေက သံလွင်ခက်ကိုပြောပါတယ်။ကလေးမြို့ အောင်သစ်စာရပ်ကွက်မှာနေထိုင်တဲ့ ဆွံ့အနားမကြားသူ အသက် ၂၂ အရွယ်ရှိတဲ့ ရဲရင့်ဇော်ကို ယခုလ ဇန်နဝါရီ ၁၅ ရက် ည ၉နာရီ ဝန်းကျင်မှာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ပစ်သတ်သွားခဲ့တာဖြစ်ပါတယ် ။ စစ် |
မုံရွာမြို့တွင် သတင်းပေး(ဒလန်)ဟု နာမည်ကြီးသူ ရဲကတော်တစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရ Posted: 17 Jan 2022 09:07 AM PST ဇန်နဝါရီ ၁၇ ရက်စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့တွင် ယနေ့မနက်ပိုင်းက သတင်းပေး(ဒလန်)ဟု နာမည်ကြီးသူ ရဲကတော်တစ်ဦးအား သေနတ်ဖြင့် ပစ်ခတ်ခံရကြောင်း သတင်းရရှိသည်။သေဆုံးသူမှာ ရဲတပ်ဖွဲ့ဝင်တစ်ဦး၏ ဇနီးဖြစ်သူဖြစ်ပြီး မုံရွာမြို့ ကန်သာယာစျေးတွင် လိမ္မော်သီးရောင်းနေစဥ် ပစ်ခတ်ခံရခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးက ဆိုသည်။" ကန်သာယာစျေးထဲ စျေးရောင်းနေတုန်း ပစ်သတ်ခံရတာလို့သိရတယ်။ သူက ချဲလည်းရောင်းတယ်။ သူယောက်ျားက |
နေပြည်တော်တွင် NLDသီချင်းအော်ဟစ်သီဆိုသူကို စစ်ကောင်စီတပ်ကဖမ်းဆီးပြီး ၂နာရီအတွင်းပစ်သတ် Posted: 17 Jan 2022 09:06 AM PST ဓာတ်ပုံ - လူမှုကွန်ရက်ဇန်နဝါရီ ၁၇ ရက်စစ်ကောင်စီရုံးစိုက်ရာနေပြည်တော်ကောင်စီနယ်မြေ ပုဗ္ဗသီရိမြို့နယ်၊ဝဏ္ဏဒီပရပ်ကွက်နေထိုင်သူတဦးကို NLD သီချင်းများအော်ဟစ်သီဆိုသည်ဟုဆိုကာ ယမန်နေ့ (ဇန်နဝါရီ ၁၆ ရက်)နေ့လည်ပိုင်းတွင် စစ်ကောင်စီတပ်ကလာရောက်ဖမ်းဆီး၍ ရဲစခန်းတွင် ပစ်သတ်လိုက်ကြောင်းဒေသခံများထံကသိရသည်။ပစ်သတ်ခံရသူမှာ အသက် ၃၆နှစ်ရှိသူ ကိုအောင်စိုးဝင်းဆိုသူဖြစ်ပြီး စစ်ကောင်စီခန့်ဝဏ္ဏဒီပရပ်ကွက်အုပ်ချုပ်ရေးမှူးက |
ဖာပွန်က BGF စခန်း ၁ ခု KNU တပ်မဟာ ၅ သိမ်းပိုက် Posted: 17 Jan 2022 09:06 AM PST မဲခေါင်၊ ဇန်နဝါရီ ၁၇ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်၊ မဲပလိကျေးရွာမှ စစ်ကောင်စီလက်အောက်ခံ BGF စခန်း ၁ ခုကို KNU တပ်မဟာ ၅ က သိမ်းပိုက်လိုက်ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များအရ သိရသည်။စစ်ကောင်စီအား ကူညီနေသည့် ကရင် BGF တပ်ဖွဲ့ဝင်များအား ဇန်နဝါရီ ၁၅ နောက်ဆုံးထားပြီး ကရင်လူမျိုးများဘက်မှရပ်တည်ရန် KNU က သတိပေးပြီးနောက် BGF စခန်းတခုကို တိုက်ခိုက်သိမ်းပိုက်လိုက်ခြင်းဖြစ်သည်။ကရင် BGF တပ်ဖွဲ့သည် စစ်ကောင်စီအတွက် |
ဖရူဆိုက စစ်ဘေးရှောင်စခန်းကို လေယာဥ်ဖြင့် ဗုံးကြဲ၊ စစ်ဘေးရှောင် ၇ နှစ်သမီးအပါအဝင် ၃ ဦးသေဆုံး Posted: 17 Jan 2022 09:05 AM PST မဲခေါင်၊ ဇန်နဝါရီ ၁၇ကရင်နီပြည်နယ်၊ ဖရူဆိုမြို့အနောက်ဘက်ရှိ စစ်ဘေးရှောင်စခန်း ၁ ခုအား စစ်ကောင်စီက လေကြောင်းမှ ယနေ့မနက်ပိုင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် စစ်ဘေးရှောင် ၇ နှစ်သမီးအပါအဝင် ၃ ဦးသေဆုံးခဲ့သည်။ယနေ့မနက်အစောပိုင်း ၁ နာရီ ၁၀ မိနစ်ခန့်က စစ်ဘေးရှောင်စခန်းပေါ်သို့ လေယာဥ်ဖြင့် ဗုံး ၄ လုံးကြဲချခဲ့ခြင်းဖြစ်ပြီး အသက် ၅၀ အရွယ်အမျိုးသား ၁ ဦး၊ အသက် ၁၈ နှစ်အရွယ် အမျိုးသမီး ၁ ဦးနှင့် ၇ နှစ်အရွယ် |
မုံရွာမြို့ပေါ်ရှိ တည်းခိုခန်းများနှင့် ဟိုတယ်များတွင် စစ်ကောင်စီမှ ဧည့်စာရင်းစစ်နေ Posted: 17 Jan 2022 09:03 AM PST ဓာတ်ပုံ-creditဇန်နဝါရီ၁၇၊ မုံရွာစစ်ကောင်စီခန့် စစ်ကိုင်းတိုင်းဝန်ကြီးချုပ်မြတ်ကျော်မှ ၎င်း၏အုပ်ချုပ်ရေးအာဏာ ပျက်ပြားနေခြင်းကြောင့် ဖိအားပေးအမိန့်ပေးစေခိုင်းချက်အရ မုံရွာမြို့ပေါ်ရှိ တည်းခိုခန်းများနှင့် ဟိုတယ်များသို့ စစ်ကောင်စီ၏လက်အောက်ခံများဖြစ်သော ထွေအုပ်၊ရဲနှင့်စစ်ကောင်စီတပ်သားများမှ အခုရက်ပိုင်းတွင် ဧည့်စာရင်းများလိုက်လံစစ်ဆေးနေကြောင်း တည်းခိုခန်းပိုင်ရှင်တစ်ဦးထံမှ မုံရွာချင်းတွင်းရိုးမသတင်း |
ရေကြည်မြို့နယ်တွင် သတင်းပေး (ဒလန်)ဟု နာမည်ကြီးသည့် ဆန်းတင့် သေနတ်ဖြင့် ပစ်ခတ်ခံရ Posted: 17 Jan 2022 08:56 AM PST (ရေကြည်)၊ ဇန်နဝါရီ ၁၇ ရက်ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့နယ်တွင် ယနေ့မနက်ပိုင်းက စစ်ကောင်စီ၏ သတင်းပေး (ဒလန်)ဟု နာမည်ကြီးသူ ဆန်းတင့်ဆိုသူ သေနက်ဖြင့် ပစ်ခတ်ခံရကြောင်း သတင်းရရှိသည်။ယနေ့ မနက် ၁၀ နာရီခန့်က ၎င်းနေထိုင်ရာ ကျေးရွာမှ ရေကြည်မြို့သို့ သွားရာလမ်းတစ်နေရာတွင် အမည်မသိသေနတ်သမားက သေနတ်ဖြင့် ၂ချက် ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ၎င်း၏ လက်အား ကျည်ထိမှန်ခဲ့သော်လည်း အသက်သေဆုံးခြင်းမရှိခဲ့ကြောင်း ရေကြည် |
Posted: 17 Jan 2022 08:55 AM PST ဓာတ်ပုံ- စစ်ကောင်စီတပ်သိမ်းယူသွားသည့် မိဘမဲ့ ပရဟိတကျောင်းကဆန်အိတ်များဇန်နဝါရီ ၁၇ ရက်မကွေးတိုင်း၊ကျောက်ထုမြို့နယ်၊ ကံကြီးကျေးရွာ မိဘမဲ့ပရဟိတ ကျောင်းထိုင်ဆရာတော် ဦးသုမနကို ယမန်နေ့ ( ဇန်န ဝါရီ ၁၆ ရက်)နေ့လည်ပိုင်းက ကျောင်းဝန်းအတွင်း လက် နက်များ ရှိဟုဆိုကာလူဝတ်လဲဖမ်း ဆီးသွားပြီး ကျောင်းပိုင် ဆန်အိတ် အလုံး (၂၅၀ )ကျော်ကိုလည်း ကားဖြင့်အဓမ္မယူဆောင်သွားကြောင်း ဒေသခံများထံကသိရသည်။"မနေ့က ဆရာတော်ကိုလူဝတ် |
Posted: 17 Jan 2022 08:51 AM PST နာမည်ကြီးပျူစောထီးနှစ်ဦးပါဝင်သည့် စစ်ကောင်စီလက်ဝေခံများ၏ လျှို့ဝှက်အစည်း အဝေးပြုလုပ်သည့် နေရာအား တိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်း ပခုက္ကူမြို့ပြပြောက်ကျားတပ်ဖွဲ့က ယနေ့(ဇန်နဝါရီ ၁၇)ထုတ်ပြန်သည်။ယမန်နေ့(ဇန်နဝါရီ ၁၆)ညနေပိုင်းက ပခုက္ကူမြို့သို့ရောက်ရှိနေသည့် ညောင်ဦးမြို့နယ်မှ နာမည်ကြီးပျူစောထီး နှစ်ဦး၊ ရဲတစ်ဦးနှင့် မြို့ခံအမျိုးသမီးတစ်ဦးတို့ပြုလုပ်နေသည့် လျှို့ဝှက်အစည်းအဝေးနေရာကို ဗုံးပစ်တိုက်ခိုက် |
စစ်ကောင်စီ၏ဒုရဲအုပ်အပါအဝင် ရဲလေးဦး ကလေး-တမူးလမ်းတွင် မိုင်းဆွဲတိုက်ခိုက်ခံရ၍သေ၊ သေနတ် ၃လက်ရရှိ Posted: 17 Jan 2022 08:50 AM PST စစ်ကိုင်းတိုင်း တမူးမြို့နယ် အာရှလမ်းကြီးပေါ် တွင်အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံရဲများစီးနင်းလာသော ကားတစ်စီးကို မိုင်းခွဲတိုက်ခိုက်ရာတွင် ဒုရဲအုပ်အပါအဝင်ရဲ လေးဦးသေဆုံးသွားကြောင်း တမူးပြည်သူကာကွယ်ရေးတပ်-တပ်ရင်း(၃)မှ တာဝန်ရှိသူတစ်ဦးကပြောသည်။ ကလေး-တမူးကို ဆက်သွယ်ထားသည် အာရှလမ်းမကြီးပေါ်ရှိ ဝိတုတ်ကျေးရွာနှင့် ရန်လင်းဖိုင်ကျေးရွာအနီးတွင် အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံရဲများက အရပ်သားပုံစံဖမ်း၍ အရပ် |
You are subscribed to email updates from THIT HTOO LWIN (Daily News). To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google, 1600 Amphitheatre Parkway, Mountain View, CA 94043, United States |
No comments:
Post a Comment
5
Note: Only a member of this blog may post a comment.