သစ္ထူးလြင္ |
- တန့်ဆည်မြို့ရှိ နေအိမ်အချို့ကို လိုက်လံချိတ်ပိတ်သည့် စစ်ကောင်စီတပ်သားများ မိုင်းမိ၊ ငါးဦးသေဟုဆို
- ပုသိမ်ကညနရုံးကို ဒေသခံကာကွယ်ရေးအဖွဲ့ မီးပုလင်းပစ် မီးရှို့
- မန္တလေးမြို့ ကျွန်းလုံးဥသျှောင်ရပ်ကွက် အကွက်မှူးတစ်ဦး သေနတ်ဖြင့် လေးချက် ပစ်ခတ်ခံရ
- ကျောက်ဆည်မြို့ ရဲမှူးနေအိမ်ကို ဗုံးပစ်ခွဲ တိုက်ခိုက်ခဲ့ဟု စဉ့်ကိုင် LPDF ဆို
- တောင်တွင်းကြီးမှာ ပျူစောထီးအဖွဲ့ဝင် ပြည်ခိုင်ဖြိုးမြို့နယ်အတွင်းရေးမှုး သေနတ်နဲ့ပစ်ခတ်ခံရလို့ သေဆုံး
- ချောက်မြို့က ကြံ့ခိုင်ရေးအဖွဲ့ဝင် မှုခင်းသတင်းထောက်တဦး သေနတ်နဲ့ပစ်ခံရပြီး သေဆုံး
- လေးကေ့ကော်နေရာလို PDF ကိုလက်မခံဖို့ KNU တပ်မဟာ ၁ ကို စစ်ကောင်စီစာပို့တောင်းဆို
- ဝင်းရေးမြို့နယ်တွင် တစ်ရက်အတွင်း တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွား
- လေးကေကော်တွင် စစ်ကောင်စီတပ်မှ လက်နက်ကြီးများစတင်မှုနှင့်အတူ မြေပြင်တိုက်ပွဲဆက်လက်ဖြစ်ပွားနေ
- ရေဦးမြို့နယ်တွင် စစ်ကောင်စီတပ်မှကြမ်းလှပါသည်ဟု နာမည်ကျော်ကြားသော တပ်မ (၇၇) မှတပ်သားများ မိုင်းဆွဲခံရ၍ (၅) ဦးသေဆုံး
တန့်ဆည်မြို့ရှိ နေအိမ်အချို့ကို လိုက်လံချိတ်ပိတ်သည့် စစ်ကောင်စီတပ်သားများ မိုင်းမိ၊ ငါးဦးသေဟုဆို Posted: 01 Jan 2022 03:06 PM PST (တန့်ဆည်မြို့ရှိ နေအိမ်တစ်လုံးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ချိတ်ပိတ်နေစဥ်၊ ဓာတ်ပုံ - CJ)တန့်ဆည်မြို့ပေါ်ရှိ ပြည်သူအချို့၏နေအိမ်များကို လိုက်လံချိတ်ပိတ်နေသည့် စစ်ကောင်စီတပ်နှင့်၎င်း၏ လက်ဝေခံများအား မိုင်းခွဲတိုက်ခိုက်ရာ ငါးဦးသေဆုံးကြောင်း တန့်ဆည်ဖီးနစ်မြို့ပြပျောက်ကြားတပ်ဖွဲ့က ယနေ့(ဇန်နဝါရီ ၁) ထုတ်ပြန်သည်။ယနေ့ညနေ ၃ နာရီခန့်တွင် တန့်ဆည်မြို့ မြေစာရင်းရုံးတောင်ဘက်(မြို့ပါတ်လမ်းခွဲ)အနီး ပြည်သူပိုင် |
ပုသိမ်ကညနရုံးကို ဒေသခံကာကွယ်ရေးအဖွဲ့ မီးပုလင်းပစ် မီးရှို့ Posted: 01 Jan 2022 03:04 PM PST အာဏာသိမ်းစစ်ကောင်စီအတွက် လက်နက်ဖိုး၊ကျည်ဆံဖိုး ရှာဖွေပေးနေသည့် ဆိုသော ပုသိမ်မြို့ရှိ ကညနရုံးအား မီးပုလင်းများဖြင့် ပစ်ခတ်မီးလောင်တိုက်သွင်းခဲ့ကြောင်း ဧရာဝတီဒေသခံကာကွယ်ရေးတပ်ဖွဲ့က ရုပ်သံမှတ်တမ်း ထုတ်ပြန်ကာ လူထုအား အသိပေးသည်။ပုသိမ်မြို့ ကင်မလင်းကျွန်းလမ်းရှိ ကညနရုံးကို ယနေ့(ဇန်နဝါရီ ၁) နံနက် ၄နာရီ ၄၃ မိနစ်တွင် မီးပုလင်းများဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။အဆိုပါကညနရုံးသည် စစ်ကောင်စီကို လက်နက်ဖိုး၊ကျည် |
မန္တလေးမြို့ ကျွန်းလုံးဥသျှောင်ရပ်ကွက် အကွက်မှူးတစ်ဦး သေနတ်ဖြင့် လေးချက် ပစ်ခတ်ခံရ Posted: 01 Jan 2022 03:01 PM PST MFP ၊ ဇန်နဝါရီ - ၁မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် ကျွန်းလုံးဥသျှောင်ရပ်ကွက် အကွက်မှူးတစ်ဦး ယနေ့ ညနေပိုင်းတွင် သေနတ်ဖြင့် ပစ်ခတ်ခံသဖြင့် ထိခိုက်ဒဏ်ရာရကာ မန္တလေးဆေးရုံကြီးသို့ ပို့ဆောင်ထားရကြောင်း ဒေသခံ သတင်းရင်းမြစ်များက MFP သို့ ပြောသည်။ယနေ့ ဇန်နဝါရီ(၁)ရက် ညနေ(၅)နာရီခွဲဝန်းကျင်က ချမ်းစည်မြို့နယ်၊ ကျွန်းလုံးဥသျှောင်ရပ်ကွက်၊ အကွက်(၅၀၁) ရွာလယ်လမ်းပေါ်တွင် ယင်းအကွက်မှူးဖြစ်သူ အသက်(၆၀)အရွယ် |
ကျောက်ဆည်မြို့ ရဲမှူးနေအိမ်ကို ဗုံးပစ်ခွဲ တိုက်ခိုက်ခဲ့ဟု စဉ့်ကိုင် LPDF ဆို Posted: 01 Jan 2022 02:51 PM PST MFP ၊ ဇန်နဝါရီ - ၁မန္တလေးတိုင်း ကျောက်ဆည်မြို့ရှိ စကစလက်အောက်ခံ ရဲမှူး၏ နေအိမ်ကို ယနေ့ ညဦးပိုင်းတွင် ဗုံးပစ်ခွဲကာ တိုက်ခိုက်ခဲ့ကြောင်း စဉ့်ကိုင်မြို့နယ် ဒေသကာကွယ်ရေးတပ်ဖွဲ့ - စဉ့်ကိုင် LPDF က သတင်းထုတ်ပြန်သည်။ယနေ့ ဇန်နဝါရီ(၁)ရက် ည(၇)နာရီဝန်းကျင်တွင် ကျောက်ဆည်မြို့ ရဲစုရပ်ကွက်ရှိ စစ်ကောင်စီ လက်အောက်ခံ ရဲမှူး၏ နေအိမ်ကို ဗုံးပစ်ခွဲ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး အထိအခိုက် အသေအပျောက် အခြေအနေ မသိရသေးဟု |
တောင်တွင်းကြီးမှာ ပျူစောထီးအဖွဲ့ဝင် ပြည်ခိုင်ဖြိုးမြို့နယ်အတွင်းရေးမှုး သေနတ်နဲ့ပစ်ခတ်ခံရလို့ သေဆုံး Posted: 01 Jan 2022 02:48 PM PST ဇန်နဝါရီ ၁၊၂၀၂၂မကွေးတိုင်း တောင်တွင်းကြီးမြို့နယ်မှာ မနေ့ညနေပိုင်းက စစ်တပ်ရဲ့အမာခံသတင်းပေးအဖွဲ့ဖြစ်တဲ့ ပျူစောထီးအဖွဲ့ဝင်တဦး သေနတ်နဲ့ပစ်ခတ်ခံရပြီး သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။တော်လှန်ရေးလူငယ်များနဲ့ဒီမိုကရေစီအရေးလှုပ်ရှာသူတွေဖမ်းဆီးနိူင်ရေးအတွက် စစ်တပ်နဲ့ရဲတွေကို သတင်းပေးနေတဲ့အတွက်ပျူစောထီးအဖွဲ့ဝင်တဦးကို သူရဲ့နေအိမ်ရှေမှာ သေနတ်နဲ့ပစ်သတ်ခဲ့တာဖြစ်မယ်လို့ ဒေသခံတဦးက ပြောပါတယ်။"သူက ပြည် |
ချောက်မြို့က ကြံ့ခိုင်ရေးအဖွဲ့ဝင် မှုခင်းသတင်းထောက်တဦး သေနတ်နဲ့ပစ်ခံရပြီး သေဆုံး Posted: 01 Jan 2022 09:25 AM PST ပုံစာ - သေနတ်နဲ့ ပစ်ခံရတဲ့ တမာအိုင့်ရပ်ကွက်ထိပ်ကချောင်းပုံ( ပုံဟောင်း )ချောက်၊ ဇန်နဝါရီ ၁၊ ၂၀၂၂။ချောက်မြို့က မှုခင်းသတင်းထောက်တဦး ဒီဇင်ဘာ ၂၉ ရက် ည ၇ ခွဲလောက်မှာ သေနတ်နဲ့ပစ်ခံရပြီး သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ မကွေးတိုင်း၊ ချောက်မြို့၊ အမှတ် ၁၅ နယ်မြေ တမာအိုင့်ရပ်ကွက်အနောက်ကုန်းမှာနေတဲ့ ကိုမောင်မောင်ဆိုသူဖြစ်ပြီး သူဟာ ကြံ့ခိုင်ရေးအဖွဲ့ဝင်လည်းဖြစ်ပြီး လက်ရှိမှာတော့ မှုခင်းသတင်းထောက် |
လေးကေ့ကော်နေရာလို PDF ကိုလက်မခံဖို့ KNU တပ်မဟာ ၁ ကို စစ်ကောင်စီစာပို့တောင်းဆို Posted: 01 Jan 2022 09:16 AM PST ဇန်နဝါရီလ ၁ ရက်နေ့၊ ၂၀၂၂ KNU တပ်မဟာ ၁ အနေနဲ့ ၎င်းတို့နယ်မြေတွေမှာ PDF ကိုလက်မခံဖို့ စစ်ကောင်စီက တပ်မဟာ ၁ တာဝန်ရှိသူဆီကို စာရေးသားတောင်းဆိုတယ်လို့ KNLA တပ်မဟာ ၁ တပ်ရင်း ၂ မှ တပ်မှူးတစ်ဦးကပြောပါတယ်။ စစ်ကောင်စီတပ်က အဲ့ဒီစာကို ဒေသခံရွာသူကြီးတစ်ဦးကို ပို့ခိုင်းပြီး စာနဲ့ပတ်သက်ပြီး မပေါက်ကြားဖို့နှင့် မဖြန့်ဝေဖို့လည်း ရွာသူကြီးမှတဆင့်မှာခဲ့တယ်လို့ အဆိုပါတပ်မှူးကပြောပါတယ်။ စာမှာ စီးတံဆိပ် လက်မှတ်ရေးထိုး |
ဝင်းရေးမြို့နယ်တွင် တစ်ရက်အတွင်း တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွား Posted: 01 Jan 2022 09:12 AM PST ဇန်နဝါရီ ၁၊ ၂၀၂၂။ ဒူးပလာယာယနေ့ နေ့ခင်း (၁၁း၁၅)မိနစ်အချိန်တွင် အာဏာသိမ်းစစ်ကောင်စီတပ် နှင့် KNLA တပ်ရင်း(၁၆) လက်အောက်ခံ၊ တပ်ခွဲ (၃)တို့နှင့် ကေအဲန်ယူ- ဒူးပလာယာခရိုင်၊ ဝင်းရေးမြို့နယ်ကျားမီးတိုကျေးရွာအပြင်ဘက်တွင် ထိပ်တိုက်တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။အာဏာသိမ်းစစ်ကောင်စီတပ်မှ KNU ထိန်းချုပ်နယ်မြေ ဝင်းရေးမြို့နယ် ကျားမီးတိုကျေးရွာသို့ တက်လာရန်တွင် အကြောင်းကြားခြင်းမရှိသည့်အပေါ် KNLA တပ်တို့နှင့် (၅) |
လေးကေကော်တွင် စစ်ကောင်စီတပ်မှ လက်နက်ကြီးများစတင်မှုနှင့်အတူ မြေပြင်တိုက်ပွဲဆက်လက်ဖြစ်ပွားနေ Posted: 01 Jan 2022 09:10 AM PST ဇန်နဝါရီ ၁ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီမြဝတီတောင်ဘက် လေးကေကော်မြို့သစ် ဗျူးပွိုင့်အနောက်ဘက် ရသေ့ဂူကျေးရွာဘက်သို့ ယနေ့ဇန်နဝါရီ ၁ရက် ၊ နံနက် ၆နာရီခန့်မှ စတင်၍ စစ်ကောင်စီတပ်များ မှ မော်တာစိန်ပြောင်း လက်နက်ကြီးများ စတင်ပစ် ခတ်နေသဖြင့် KNU တပ်မဟာ ၆ နယ်မြေ၊ ကရင်မျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းတပ်များနှင့် မြေပြင်တိုက်ပွဲဆက်လက်ဖြစ်ပွားနေကြောင်း သိရှိရသည်။အဆိုပါ တိုက်ပွဲ ဖြစ်ပွားရာနေရာမှာ ဖ |
Posted: 01 Jan 2022 09:04 AM PST ဇန်နဝါရီ ၁၊ ရေဦးမြို့နယ်၊ အင်တောကျေးရွာတွင် ကင်းပတ်နေသော စစ်ကောင်စီတပ်များအား ယနေ့မနက် ၈ နာရီ ၄၅ မိနစ်ခန့်က တန့်ဆည်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ)နှင့် ရေဦးမြို့နယ် (ပ.က.ဖ) တို့ ပူးပေါင်း၍ မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်းသိရသည်။အဆိုပါမိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား (၃) ဦး လုံးဝမလှုပ်နိုင်တော့ဘဲ ပွဲချင်းပြီးသေဆုံးကာ ဒဏ်ရာရရှိသူအများအပြားရှိခဲ့ကြောင်းသိရပြီး (၂) ဦးမှာ ဒဏ်ရာ |
You are subscribed to email updates from THIT HTOO LWIN (Daily News). To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google, 1600 Amphitheatre Parkway, Mountain View, CA 94043, United States |
No comments:
Post a Comment
5
Note: Only a member of this blog may post a comment.