သစ္ထူးလြင္ |
- မုံရွာမှဆန်တက်လာသည့် အကြမ်းဖက် စစ်တပ်၏ ထေက်ပို့ရေယာဉ်ကို ဒေသကာကွယ်ရေးအဖွဲ့များက တိုက်ခိုက်
- မန္တလေး (၆၂)လမ်းနှင့် စက်မှုပန်းခြံလမ်းတွင် ပြည်သူများအား စစ်ဆေး ငွေညှစ်နေသည့် စစ်ကောင်စီတပ်သားများ ဗုံးဖြင့် ပစ်ခွဲခံရ
- ပခုက္ကူ ကမ္ဘောဇဘဏ် မိုင်းခွဲသတိ့ပေးခံရ
- မြောင်မြို့နယ်တွင် စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးခဲ့သော နေအိမ်များအား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ငွေနှင့်ပစ္စည်းများ ထောက်ပံ့
- မန္တလေးမြို့ (စ)စျေးအနီးတွင် သတင်းပေးဒလန်ဆိုသူ အမျိုးသားတစ်ဦး ပစ်သတ်ခံရ၊
- တန့်ဆည် ကံထူးမရွာ၌ စကစများ မိုင်းဆွဲခံရ၊ ရမ်းကားပစ်ခတ် ရန်ပြုနေ၊
- စစ်ကောင်စီနဲ့ MNDAA တို့ တိုက်ပွဲကြောင့် ၅ လကျော်ကြာ စစ်ရှောင်နေကြတဲ့ ရွာခံတွေအတွက် စားနပ်ရိက္ခာ ခက်ခဲလာ
- CDM လုပ်တဲ့ မန်တုံက ပညာရေးဝန်ထမ်းကို ဝန်ထမ်းအိမ်ရာကနေ ပစ္စည်းတွေ အတင်းအဓမ္မ ရွှေ့ခိုင်းနေ
- လယ်မူလားမြို့နယ်မှာ စစ်ကောင်စီထောင်ထားတဲ့ မိုင်းကြောင့် ကိုယ်ဝန်ဆောင်တစ်ဦးသေဆုံးပြီး ကလေးတစ်ဦး ပြင်းထန်စွာဒဏ်ရာရရှိ
- "မနေ့က အောင်သာကုန်းကျေးရွာမှ အပြန် မိုင်းထိသွားသော စစ်ကောင်စီတပ်ဖွဲ့များ၏ ကားနှစ်စီး"
- ရေဦးတွင် စစ်ကောင်စီစစ်ကြောင်းမိုင်းဆွဲတိုက်ခိုက်ခံရ၊ စစ်ကြောင်းဝင်လာသဖြင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်
- ပင်လည်ဘူးတွင် စစ်ကောင်စီစခန်းအား PDF က ဝင်ရောက်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီအရာရှိ (၂) ဦးနှင့် တပ်သား (၂၀) ကျော်သေဆုံး
- ဒီးမော့ဆိုတွင် ဇန်နဝါရီလ ၂၃ ရက် နံနက် ၈ နာရီမှ ည ၆ နာရီထိတိုက်ပွဲတစ်နေကုန်ဖြစ်ပွား၊ စစ်ကောင်စီတပ်က အပြစ်မဲ့ အရပ်သား ပြည်သူ ၂ ဦးအား သတ်ဖြတ်သွား
- ချင်းတွင်းမြစ်အတွင်း မော်တော်များအစုန် အဆန် မပြုလုပ်ရန် မင်းကင်း PDF သတိပေး
- မြို့နယ်လျှပ်စစ်ရုံးသို့ဆောင်မည့် မီတာခများကို PDF က ကြားဖြတ်သိမ်းယူ
- မန္တလေးတိုင်း အမရပူရ ယက္ကန်းတော်ရွာ ရဲ့ ရာအိမ်မှူးအိမ်ကို ဗုံးပစ်တိုက်ခိုက်ခံရ
- ဝါးခယ်မမြို့တွင် အမျိုးသမီးငယ်တစ်ဦး ဖမ်းဆီးခံရပြီးနောက် ၁ပတ်ကြာသည်အထိ မိသားစုနှင့် အဆက်သွယ်ပြတ်
- ငွေဆောင်ကမ်းခြေ ဘုန်းမောင်ဂျိုင်ကျေးရွာက ဒေသခံ အမျိုးသား ၁၄ဦးအား စစ်ကောင်စီဖမ်းဆီး
- ပေါက်က ကျေးရွာအချို့ကို စစ်တပ်က ဝင်ရောက်ဖျက်ဆီးပြီး ရွာသား ၁ ဦးကို မီးရှို့ခဲ့ဟုဆို
- စစ်ကောင်စီက ရွေးကောက်ပွဲ မဲမသမာ စာအုပ် ဖြန့်ဝေဆပ်ကပ်တာဟာ ဘာသာရေးကို ခုတုံးလုပ်တာလို့ ရဟန်းသံဃာတော်တွေ ဝေဖန်
- ရေဦးမြို့နယ် ငှက်ကျဘုန်းကြီးကျောင်းအနီးတွင် စစ်ကောင်စီတပ်ဖွဲ့ မိုင်းဆွဲတိုက်ခိုက် အကြမ်းဖက်စစ်ကောင်စီဘက်မှ ၁၀ ဦးသေဆုံးကာ ၃၀ ခန့်ဒဏ်ရာရရ
- ဂန့်ဂေါနယ်မြစ်ညာဒေသမှာ စစ်တပ်က ပျူစောထီးတွေကို လက်နက်ပေးမည်ဟု သတင်းထွက်နေ၊ စစ်တပ်က တန်ပြန်ပြည်သူ့စစ်ကို သုံးမည်ဟုဆို
- ဂန့်ဂေါအပါအဝင် မကွေးတိုင်းအထက်ပိုင်း၆မြို့နယ်မှာ စစ်တပ်အုပ်ချုပ်ရေး ယန္တရားရပ်ဆိုင်းလုဖြစ်နေကြောင်း ဗိုလ်မှူးကြီးကျော်ကျော်လင်း ဝန်ခံ၊ ပျူစောထီးများကို အဓိကအသုံးချသွားမည်ဟုပြော
- ခါးသီးမှုကြားမှ ကျေနပ်ပီတိမှု - ထန်တလန်မြို့နယ်
- ဝမ်းတွင်းမြို့နယ်အတွင်း တောင်သူများထံ ချေးငွေ ပြန်တောင်းနေသည့် စိုက်/ဘဏ် ဝန်ထမ်းများအားလုံးကို WTRF က သတိပေး
မုံရွာမှဆန်တက်လာသည့် အကြမ်းဖက် စစ်တပ်၏ ထေက်ပို့ရေယာဉ်ကို ဒေသကာကွယ်ရေးအဖွဲ့များက တိုက်ခိုက် Posted: 24 Jan 2022 05:20 AM PST စစ်ကိုင်းတိုင်း၊ မုံရွာမှဆန်တက်လာသည့် အကြမ်းဖက် စစ်ကောင်စီတပ်၏ ထောက်ပို့ရေယာဉ်များကို ယနေ့ ဇန်နဝါရီလ(၂၄)ရက်နေ့တွင် ဒေသကာကွယ်ရေးအဖွဲ့များက တိုက်ခိုက်ရာ စစ်ကောင်စီ၏ ဗိုလ်ကြီး အပါအဝင် (၅)ဦးသေကြောင်း ကနီ PDF က သတင်းထုတ်ပြန်လာသည်။ရွာမှ ဆန်တက်လာသည့် အကြမ်းဖက် စစ်ကောင်စီတပ်၏ ထောက်ပို့ရေယဉ်များကို မုဋ္ဌောရွာနှင့် ညောင်ပင်ဝန်းရွာကြားတွင် KLG PDF၊ MPDF၊ Golden Triangle Forces၊ M&K The Boys အစရှိသော |
Posted: 24 Jan 2022 05:18 AM PST မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ်၊( ၆၂)လမ်းနှင့် စက်မှုပန်းခြံလမ်းတွင် ပြည်သူများအား စစ်ဆေးငွေညှစ်နေသည့် အကြမ်းဖက် စစ်ကောင်စီတပ်သားများကို ယနေ့ ၂၀၂၂ ခုနှစ် ဇန်နဝါရီလ (၂၄) ရက်နေ့ ညနေပိုင်းက ဗုံးအပစ်ခံခဲ့ရကြောင်း သိရသည်။အဆိုပါ ပစ်ခတ်မှုကို မန္တလေးမြို့ပြပျောက်ကြားအဖွဲ့ Mandalay Ranger Force နှင့် YNO Mandalay PDF အဖွဲ့တို့က ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။"ပြည်သူတွေကို မတရားစစ်ဆေး |
ပခုက္ကူ ကမ္ဘောဇဘဏ် မိုင်းခွဲသတိ့ပေးခံရ Posted: 24 Jan 2022 05:16 AM PST မကွေးတိုင်း၊ ပခုက္ကူမြို့ပေါ်ရှိ စစ်ကောင်စီ၏ထောက်တိုင်ကမ္ဘောဇဘဏ်( KBZ )ဘဏ်ခွဲတစ်ခုအား ရှေ့ထွက်မိုင်းအသုံးပြုဖောက်ခွဲခဲ့ကြောင်း ပခုက္ကူအခြေစိုက် Earthquake People's Defence Force -UGအဖွဲ့ကသတင်းထုတ်ပြန်သည်။ ယနေ့ (ဇန်နဝါရီလ ၂၄ ရက်) မွန်းလွဲ ၁၂း၅၄ အချိန်က ပခုက္ကူမြို့၊ ထင်းတန်းလမ်းပေါ်ရှိ KBZ ဘဏ်ခွဲအား Earthquake People's Defence Force - UG က ရှေ့ထွက်မိုင်း အသုံးပြု၍ဖောက်ခွဲ ဖျက်ဆီးခဲ့ကြောင်း၊ ကမ္ |
Posted: 24 Jan 2022 05:15 AM PST စစ်ကိုင်းတိုင်း မြောင်မြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးခြင်းခံရသော နေအိမ်၁၉လုံးမှ အိမ်ထောင်စုများအား ပြည်သူ့ကာကွယ်ရေးအဖွဲ့များက ထောက်ပံ့ကူညီမှုများ ပြုလုပ်ခဲ့သည်။ မြောင်မြို့နယ်ရှိ ချောင်းဇင်းရွာတွင် အကြမ်းဖက်စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးခြင်းခံလိုက်ရသော နေအိမ်များအတွက် မြောင်မြို့နယ်ကာကွယ်ရေးအဖွဲ့များမှ ပြည်သူများ၏ ထောက်ပံ့ကူညီငွေများဖြင့် ပြန်လည်ဝိုင်းဝန်းကူညီ စောင့်ရှောက် |
မန္တလေးမြို့ (စ)စျေးအနီးတွင် သတင်းပေးဒလန်ဆိုသူ အမျိုးသားတစ်ဦး ပစ်သတ်ခံရ၊ Posted: 24 Jan 2022 05:12 AM PST မန္တလေးမြို့၊ အမရပူရမြို့နယ်၊ ယက္ကန်းတော်ရပ်ရှိ ကျေးရွာရာအိမ်မှူးနေအိမ် ဖောက်ခွဲ တိုက်ခိုက်ခံရပြီးနောက် အပျက်အစီးများကို တွေ့ရစဉ်/ Photo - ပေးပို့ဇန်နဝါရီ - ၂၄မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ ရတနာပုံ (စ)စျေးအနီးတွင် ယနေ့ မနက်ပိုင်းက စကစ သတင်းပေးဒလန်အဖြစ် နာမည်ကြီးသူ အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရကာ ပွဲချင်းပြီး သေဆုံးကြောင်း ဒေသခံ သတင်းရင်းမြစ်များက MFP သို့ ပြောသည်။ယနေ့ ဇန်နဝါရီ(၂၄)ရက် |
တန့်ဆည် ကံထူးမရွာ၌ စကစများ မိုင်းဆွဲခံရ၊ ရမ်းကားပစ်ခတ် ရန်ပြုနေ၊ Posted: 24 Jan 2022 05:11 AM PST ကံထူးမရွာလယ်အဝိုင်းပတ် (ပုံဟောင်း)/ Photo – CJဇန်နဝါရီ - ၂၄စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ် ကံထူးမရွာအတွင်း လှည့်ပတ်သွားလာနေသော စကစများကို ယနေ့ ညနေပိုင်းတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး အသေအပျောက် အခြေအနေကို မသိရသေးကြောင်း တန်ဆည်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ က သတင်းထုတ်ပြန်သည်။ယနေ့ ဇန်နဝါရီ(၂၄)ရက် ညနေ(၃)နာရီကျော်အချိန်က စကစ (၁၅)ဦးခန့် လိုက်ထရပ်ကားဖြင့် ကံထူးမရွာအတွင်း လှည့်ပတ် သွားလာနေချိန် |
Posted: 24 Jan 2022 05:06 AM PST သတင်း/ဓာတ်ပုံ- NWMဇန်နဝါရီ ၂၄ ရက်၊ မုံးကိုးရှမ်းမြောက် မြန်မာ-တရုတ်နယ်စပ် မူဆယ်ခရိုင် မုံးကိုးမြို့မှာ လွန်ခဲ့တဲ့ ၂၀၂၁ ဇူလိုင်လဆန်းကနေ ဒီနေ့အထိ စစ်ကောင်စီတပ်နဲ့ ကိုးကန့်တပ်မတော် (MNDAA)တို့ တိုက်ပွဲပြင်းထန်တာကြောင့် ၅ လကျော်ကြာ စစ်ရှောင်နေကြရတဲ့ ဒေသခံတွေအတွက် စားနပ်ရိက္ခာ ခက်ခဲလာနေတယ်လို့ စခန်းတာဝန်ခံတွေက ပြောပါတယ်။မုံးကိုး စစ်ရှောင်စခန်းတွေဟာ တရုတ်နိုင်ငံနဲ့ နီးကပ်ပြီး တရုတ်ဘက်က နယ်ခြား |
CDM လုပ်တဲ့ မန်တုံက ပညာရေးဝန်ထမ်းကို ဝန်ထမ်းအိမ်ရာကနေ ပစ္စည်းတွေ အတင်းအဓမ္မ ရွှေ့ခိုင်းနေ Posted: 24 Jan 2022 05:04 AM PST ရွှေဖီမြေ၊ ဇန်နဝါရီ ၂၄ ရက်၊ မန်တုံရှမ်းမြောက် တအာင်း (ပလောင်)ဒေသ မန်တုံမြို့နယ်ထဲက CDM မှာ ပါဝင်နေတဲ့ ပညာရေးဝန်ထမ်းကို ဝန်ထမ်းအိမ်ရာကနေ ပစ္စည်းတွေ အတင်းအဓမ္မ ရွှေ့ခိုင်းနေကြောင်း သိရပါတယ်။ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၃ ရက်မှာ အထကမန်တုံမှာ လာရောက် တာဝန်ထမ်းဆောင်နေတဲ့ ကျောင်းအုပ် ဒေါ်ချောချောဆိုသူက အာဏာဖီဆန်ရေး (CDM)မှာ ပါဝင်နေတဲ့ ဆရာ၊ ဆရာမတွေကို ဖုန်းဆက်ပြီး ရွှေ့ခိုင်းနေတာလို့ ဆိုပါတယ်။CDM မှာ ပါဝင်နေတဲ့ |
Posted: 24 Jan 2022 05:01 AM PST ဇန်နဝါရီ-၂၄၊၂၀၂၂ကေအဲန်ယူ-လယ်မူလားမြို့နယ်၊ ဘိတ်ထားဝယ်ခရိုင် ကေအဲန်ယူ-ဘိတ်ထားဝယ်ခရိုင် လယ်မူလား(ပုလော)မြို့နယ်မှာ စစ်ကောင်စီက ထောင်ထားတဲ့မိုင်းကိုနင်းမိလို့ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး သေဆုံးသွားခဲ့ပြီး ကလေးတစ်ဦးပြင်းထန်စွာဒဏ်ရာရရှိခဲ့တယ်လို့ မြေပြင်သတင်းပေးပို့ချက်အရ သိရပါတယ်။ဇန်နဝါရီ ၂၃ ရက်နေ့ ညနေ ၅ နာရီခွဲအချိန်က ကေအဲန်ယူ-လယ်မူလားမြို့နယ် ပဝတ်ဖျားကျေးရွာမှာ စစ်ကောင်စီက နေအိမ်တစ်အိမ်ရှေ့မှာ |
"မနေ့က အောင်သာကုန်းကျေးရွာမှ အပြန် မိုင်းထိသွားသော စစ်ကောင်စီတပ်ဖွဲ့များ၏ ကားနှစ်စီး" Posted: 24 Jan 2022 04:57 AM PST 24.1.2022(MON) | 1:20 PMမနေ့ ဇန်နဝါရီ(၂၃)ရက်၊ မနက်ပိုင်းက အရာတော်အနောက်နယ်၊ အောင်သာကုန်းကျေးရွာမှ ဖောကား(၂)စီးဖြင့် ပြန်လာသော စစ်တပ်/ပျူစောထီး ပူးပေါင်းတပ်ဖွဲ့ကို ညီနောင်မဟာမိတ်(၈)ဖွဲ့က နှစ်ကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်းသိရသည်။ ဝါးရောင်းကျေးရွာအနောက်ဘက်နားတွင် တစ်ကြိမ်၊ မိုင်းထိပြီး ကျောက်စရစ်ကန်ကျေးရွာဘက်သို့ ပြန်လာစဉ်တစ်ကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ပျူစောထီးတစ်ဦး သေဆုံးခဲ့သည်ဟု သပြေညို |
Posted: 24 Jan 2022 04:55 AM PST ရေဦး - ဇန်နဝါရီ ၂၄၊ ၂၀၂၂။ စစ်ကိုင်းတိုင်း ရေဦးမြို့နယ်တွင် စစ်အင်အား ၁၅၀ ခန့်ပါ စစ်ကြောင်းတစ်ခုကို ဒေသခံတော်လှန်ရေးအဖွဲ့များက ယနေ့နံနက် ၆ နာရီခွဲခန့်က မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ယမန်နေ့ည စည်းကြီးကျေးရွာတွင် ညအိပ်ပြီး ယနေ့နံနက် တမတောကျေးရွာသို့ ထွက်ခွာစဉ် မိုင်းဆွဲခံရခြင်းဖြစ်သည်ဟု သတင်းရင်းမြစ်တစ်ဦးက The 74 Media ကိုပြောသည်။ "စကစတွေ မနေ့ညက စည်းကြီး၊ ပေကြီးရွာအိပ်ပြီး ဒီကနေ့နံနက်ပိုင်း |
Posted: 24 Jan 2022 04:49 AM PST Photo - အကြမ်းဖက်စစ်ကောင်စီတပ်များ (ပုံဟောင်း)ဇန်နဝါရီ ၂၄စစ်ကိုင်းတိုင်း၊ ပင်လယ်ဘူးမြို့ပေါ်တွင် ရဲများနှင့် စစ်သားများနေထိုင်ရာ ရဲစခန်းဝင်ရောက်တိုက်ခိုက်ခံရ၍ အရာရှိ (၂) ဦးနှင့် စကစတပ်သား (၂၀) ကျော် သေဆုံးခဲ့ကြောင်း သိရသည်။ပြီးခဲ့သည့် ဇန်နဝါရီလ ၁၈ ရက်နေ့ မနက် ၃ နာရီ ၄၅ မိနစ်ဝန်းကျင်က PDF များက ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး " မြို့ပေါ်ခွေးစခန်းတိုက်ပွဲတွင် စခအကောင်ကြီး အမြီးရှည် (၂) ကောင်ဂန့် |
Posted: 24 Jan 2022 04:46 AM PST ကရင်နီပြည် ဒီးမော့ဆိုတွင် ဇန်နဝါရီလ ၂၃ ရက်တွင် နံနက် ၈ နာရီမှ ည ၆ နာရီတိုက်ပွဲတစ်နေကုန်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးမှု များခဲ့သည်ဟု KNDF က ယနေ့ ဇန်နဝါရီလ ၂၄ ရက်တွင် ထုတ်ပြန်ထားသည်။ ဇန်နဝါရီလ၂၃ ရက်တွင် ဒီးမော့ဆိုမြို့နယ်၊ စံပြ (၆) မိုင်ကျေးရွာအုပ်စု၊ ဟိုဖိတ်ကျေးရွာနှင့် စိုက်ကွင် (၂) ကျေးရွာတို့တွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့မှ စစ်ကြောင်းထိုးလာသဖြင့် နှစ်ဖက် ထိတွေ့တိုက်ပွဲ |
ချင်းတွင်းမြစ်အတွင်း မော်တော်များအစုန် အဆန် မပြုလုပ်ရန် မင်းကင်း PDF သတိပေး Posted: 24 Jan 2022 04:43 AM PST မဲခေါင်၊ ဇန်နဝါရီ ၂၄စစ်ကောင်စီမော်တော်အုပ်စုများ မင်းကင်းမြို့နယ်အတွင်းကို ၀င်ရောက်လာတော့မှာဖြစ်သည့်အတွက် ယနေ့မှစ၍ မော်တော်များကို အစုန်အဆန်မပြုလုပ်ကြရန် မင်းကင်း PDF က သတိပေးထုတ်ပြန်သည်။ချင်းတွင်းမြစ်အတွင်း အချိန်မရွေးတိုက်ပွဲများ ဖြစ်ပွားနိုင်သောကြောင့် အစုန်အဆန်ပြုလုပ်သည့်နေရာမှာပင် ရပ်နားထားကြရန် မေတ္တာရပ်ခံထားသည်။အန္တရာယ်ကင်းပါက အစုန်အဆန်ပြုလုပ်နိုင်မည့်အချိန်တွင် ပြန်လည်ကြေငြာပေးသွားပါမည် |
မြို့နယ်လျှပ်စစ်ရုံးသို့ဆောင်မည့် မီတာခများကို PDF က ကြားဖြတ်သိမ်းယူ Posted: 24 Jan 2022 04:42 AM PST မဲခေါင်၊ ဇန်နဝါရီ ၂၄ရေနံချောင်းမြို့နယ်၊ ရွှေတုတ်ကန်ကျေးရွာမှ အတင်းအဓမ္မကောက်ယူထားသော လျှပ်စစ်မီတာဘေ(၈သိန်း)ကျပ်အား မြို့နယ်လျှပ်စစ်မီတာရုံးသို့ သွားရောက်ပို့ဆောင်စဉ် လမ်းခုလတ်တစ်နေရာ၌ ရေနံချောင်း PDF နှင့် Rangers Of Tropical Land(ROTL) တို့မှပူးပေါင်း တားဆီးသိမ်းယူခဲ့သည်ဟု ယနေ့ထုတ်ပြန်သည်။အုပ်ချုပ်ရေးမှူးအပါအဝင် သွားရောက်ပို့ဆောင်သူ ၃ဦးအား ပြင်းပြင်းထန်ထန် သတိပေး ဆုံးမခဲ့ပြီး ငွေကျပ်(၈သိန်း) |
မန္တလေးတိုင်း အမရပူရ ယက္ကန်းတော်ရွာ ရဲ့ ရာအိမ်မှူးအိမ်ကို ဗုံးပစ်တိုက်ခိုက်ခံရ Posted: 24 Jan 2022 04:40 AM PST ( ဇန်နဝါရီလ ၂၄ ရက် )မန္တလေးဒေသကြီး၊ အမရပူရမြို့နယ် ယက္ကန်းတော်ရွာ ရဲ့ ရာအိမ်မှူး နေအိမ်ကို ဒီက နေ့မနက်အစောပိုင်း (၅:၀၀)ဝန်းကျင်ခန့်က ဗုံးပစ်ခံလိုက်ရတယ်လို့ဒေသခံများထံမှသိရပါတယ်။အဆိုပါ ဗုံးပစ် တိုက်ခိုက်ခံရမှုကြောင့် နေအိမ်အတွင်းပိုင်းပျက်စီးခဲ့ပြီး လူထိခိုက်မှုမရှိဘူးလို့ သိရပါတယ်။လာရောက်ပစ်ခတ်တိုက်ခိုက်မှုနဲ့ပတ်သက်၍ မည်သည့်အဖွဲ့ကလုပ်ဆောင်ခဲ့တယ်ဆိုတာ မတွေ့ရှိရသေးလို ပစ်ခတ်တိုက်ခိုက်ခဲ့သူတွေကို |
ဝါးခယ်မမြို့တွင် အမျိုးသမီးငယ်တစ်ဦး ဖမ်းဆီးခံရပြီးနောက် ၁ပတ်ကြာသည်အထိ မိသားစုနှင့် အဆက်သွယ်ပြတ် Posted: 24 Jan 2022 04:39 AM PST ဝါးခယ်မ ၊ဇန်နဝါရီ ၂၄ ရက် ဧရာဝတီတိုင်း၊ဝါးခယ်မမြို့ ရေကျော်ရပ်ကွက်မုခ်ဝတီကျောင်းလမ်းနေ မဇင်မာအောင်အား စစ်ကောင်စီတပ်များက ဇန်နဝါရီ ၁၈ ရက်နေ့တွင်လာရောက်ဖမ်းဆီးသွားပြီးနောက် ယနေ့အချိန်အထိ မိသားစုနှင့် အဆက်သွယ် ပြတ်တောက်နေကြောင်း ဒေသခံတစ်ဦးထံမှ သိရသည်။မဇင်မာအောင်အား ဖုန်းအတွင်းစစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့်အကြောင်းအရာများ ရေးသားသည်ဟုစွပ်စွဲပြီဖမ်းဆီးပြီးစစ်ကြောရေးပို့ရန်ခေါ်ဆောင်သွားကြောင်းသိရ |
ငွေဆောင်ကမ်းခြေ ဘုန်းမောင်ဂျိုင်ကျေးရွာက ဒေသခံ အမျိုးသား ၁၄ဦးအား စစ်ကောင်စီဖမ်းဆီး Posted: 24 Jan 2022 04:34 AM PST ငွေဆောင် ၊ဇန်နဝါရီ ၂၄ ရက်ဧရာ၀တီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၊ ငွေဆောင်မြို့ရှိ ဘုန်းမောင်ဂျိုင်ကျေးရွာမှ ဒေသခံရွာသား၁၄ဦးအား ယမန်နေ့က စစ်ကောင်စီတပ်များ ဖမ်းသွားကြောင်း သတင်းရရှိသည်။"ငွေဆောင်ဘူးကွဲအထိုင်တပ်ကအင်အားတော်တော်များတယ်လက်နက်အပြည့်အစုံနဲ့ ရွာကိုပိတ်ဆို့ပြီး နာမည်အတိအကျနဲ့ဖမ်းခေါ်သွားတာ"ဟု ငွေဆောင်မြို့ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။ဖမ်းဆီးခံရတဲ့ ရွာသား၁၄ဦးမှာ PDF နှင့် အဆက်အသွယ်ရှိ |
ပေါက်က ကျေးရွာအချို့ကို စစ်တပ်က ဝင်ရောက်ဖျက်ဆီးပြီး ရွာသား ၁ ဦးကို မီးရှို့ခဲ့ဟုဆို Posted: 23 Jan 2022 11:05 AM PST ပေါက်၊ ဇန်နဝါရီ ၂၃၊ ၂၀၂၂။မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ထန်းတောဦးရွာကို ဇန်နဝါရီ ၂၂ ရက်မနေ့က စစ်တပ်ကဝင်ရောက်ဖျက်ဆီးပြီး ရွာသားတဦးကိုလည်း မီးရှို့သတ်ဖြတ်သွားတယ်လို့ King Fight SGF ဆီကသိရပါတယ်။အင်အား ၂၀၀ ကျော်ပါတဲ့ စစ်ကောင်စီတပ်တွေဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၁ ရက်ကတည်းက အဲ့ဒီရွာထဲမှာ တပ်စွဲထားပြီး မနေ့ကမှ ရွာထဲက အိမ်တွေကို တအိမ်တက်တအိမ်ဆင်း မွှေနှောက်ရွာဖွေတာတွေလုပ်ပြီး ရွာသားအချို့ကို ဖမ်းဆီးကာ အဲ့ဒီထဲ |
Posted: 23 Jan 2022 11:02 AM PST မော်လမြိုင် ၊ ဇန်နဝါရီ (၂၃)အာဏာသိမ်း စစ်ကောင်စီက ၂၀၂၀ အထွေထွေရွေးကောက်ပွဲ မဲမသမာမှု စုံစမ်းတွေ့ရှိချက် အစီရင်ခံစာ စာအုပ် ဖြန့်ဝေဆပ်ကပ်တာဟာ ဘာသာရေးကို ခုတုံး လုပ်တာ ဖြစ်တယ်တယ်လို့ ရဟန်းသံဃာတော်တွေက ဝေဖန်လိုက်ပါတယ်။အာဏာသိမ်း စစ်ကောင်စီက သူတို့ ပြုစုထားတဲ့ ၂၀၂၀ ရွေးကောက်ပွဲ မဲမသမာမှာ စုံစမ်းတွေ့ရှိချက်အစီရင်ခံစာ စာအုပ်ကို အများပြည်သူ ကျယ်ကျယ်ပြန့်ပြန့်သိရှိဖို့အတွက် ဘုန်းတော်ကြီးကျောင်းနဲ့ စာသင် |
Posted: 23 Jan 2022 10:59 AM PST ဇန်နဝါရီ ၂၃စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ ရဲမာန်ကျေးရွာအရှေ့ဘက်ရှိ ငှက်ကျဘုန်းကြီးကျောင်းအနီးတွင် စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကောင်စီ အင်အား ၆၀ပါ ခမရ (၃၆၈)တပ်အား ပြီးခဲ့တဲ့ ဇန်နဝါရီလ၂၁ ရက် နံနက် ၉ နာရီခန့်က ရှော့ဂန်း (shotgun)သုံးလုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး မိုင်းဆွဲတိုက်ခိုက်မှုပါ ပြုလုပ်ခဲ့ရာစစ်ကောင်စီဘက်မှ ၁၀ ဦး သေဆုံးကာ ၃၀ ခန့် ဒဏ်ရာရရှိကြောင်း သိရသည်။ထိုဒဏ်ရာရတဲ့အကြမ်းဖက်စစ် |
Posted: 23 Jan 2022 10:56 AM PST ဂန့်ဂေါ ဇန်နဝါရီ ၂၃ ဂန့်ဂေါနယ် မြစ်ညာဒေသ ရွာတစ်ချို့က ပျူစောထီးတွေကို စစိတပ်က လက်နက်တပ်ဆင်ပေးမယ်လို့ ခိုင်လုံတဲ့သတင်းများအရ သိရပါတယ်။ လက်ရှိမှာ ဂန့်ဂေါနယ်အတွင်း စစ်တပ်အင်အားမလုံလောက်တာကြောင့် ပျူစောထီးတွေ အင်အားတိုးလာအောင် စစ်တပ်ဘက်က ဆောင်ရွက်နေပါတယ်။ ဂန့်ဂေါနယ် မြောက်ပိုင်း ဟံသာဝတီ၊မြောက်ခင်ရန်း၊ ကုက္ကား စတဲ့ရွာတွေမှာတော့ စစ်တပ်နဲ့ ဘူးလက်လှဆွေရဲ့ ထောက်ပံ့ပေးမှုကြောင့် ပျူစောထီးတွေ ကြီးစိုး |
Posted: 23 Jan 2022 10:55 AM PST ဓာတ်ပုံ- မကွေးတိုင်းစစ်ကောင်စီ ဗမက ကျော်ကျော်လင်းဂန့်ဂေါ ဇန်နဝါရီ ၂၃ မကွေးတိုင်းအတွင်းရှိ ၆ မြို့နယ်မှာ အစိုးရ အုပ်ချုပ်ရေးယန္တရား ရပ်ဆိုင်းလုဖြစ်နေပြီး နယ်မြေခံမှလွဲ၍ အစိုးရဝန်ထမ်းများ ထွက်ပြေးနေရကြောင်း မကွေးတိုင်းစစ်ကောင်စီ၏ နယ်စပ်ရေးရာနှင့်လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီးကျော်ကျော်လင်းက ပြောဆိုလိုက်ပါတယ်။ ဇန်နဝါရီလ ၁၉ ရက်နေ့ မကွေးတိုင်းစစ်ကောင်စီ၏ နယ်မြေကွင်းဆင်းဆောင် ရွက်နိုင်ရေး လုပ်ငန်း |
ခါးသီးမှုကြားမှ ကျေနပ်ပီတိမှု - ထန်တလန်မြို့နယ် Posted: 23 Jan 2022 10:53 AM PST CDF-Thantlang ခေါင်းဆောင်တစ်ဉီးက ကျန်တော့်ကို ရယ်မောရင်း ပြောတယ် "စစ်ကောင်စီတပ်က ထန်တလန်မြို့နယ်အတွင်း ၁၀ ဧက ခန့်သာ ထိန်းချုပ်နိုင်တယ်၊ ကျန်တာ အကုန်လုံး ကျန်တော်တို့က အပြည့်ဝ ထိန်းချုပ်ထားတယ်"တဲ့။ထန်တလန်မြို့နယ်က ဧကပေါင်း ၈၇၇,၀၀၀ ခန့် ကျယ်ဝန်းတယ်။ မြို့နယ်ရဲ့ ၉၉ ရာခိုင်နှုန်းကို သူတို့ထိန်းချုပ်နိုင်တယ် ဆိုတဲ့သဘော။ဟုတ်ပါတယ်။ စကစတပ်က ထန်တလန်မြို့ရဲ့ ရပ်ကွက် နှစ်ခုသာ ထိန်းချုပ်နိုင်တာဖြစ်တယ်။ မြို့ |
Posted: 23 Jan 2022 10:51 AM PST စစ်တပ်၏ အာဏာသိမ်းခံထားရမှုကြောင့် စီးပွားရေးအဆင်မပြေမှုများနှင့် ရင်ဆိုင်လာရသည့် ဝမ်းတွင်းမြို့နယ်အတွင်းမှ တောင်သူများအပေါ် စိုက်/ဘဏ်က ချေးငွေများ ပြန်လည်ပေးတောင်းနေမှုနှင့် ပတ်သက်၍ ဝမ်းတွင်းမြို့နယ်ဒေသခံပြည်သူ့ကွယ်ရေးအင်အားစု(WTRF)က စိုက်/ဘဏ်ဝန်ထမ်းများကို ယနေ့ ၂၀၂၂ခုနှစ် ဇန်နဝါရီလ(၂၃)ရက်နေ့တွင် သတိပေးစာ ထုတ်ပြန်လာသည်။ပြည်သူများအပေါ် ယခုလို လုပ်ဆောင်ချက်များသည် မလျော်ကန် မလုပ်သင့် မလုပ်ထိုက် |
You are subscribed to email updates from THIT HTOO LWIN (Daily News). To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google, 1600 Amphitheatre Parkway, Mountain View, CA 94043, United States |
No comments:
Post a Comment
5
Note: Only a member of this blog may post a comment.