သစ္ထူးလြင္ |
- အကြမ်းဖက်စစ်အုပ်စုအား ထောက်ပံ့ကူညီပေးနေသော လက်နက်ပွဲစား ၉ ဦး၏ အမည်စာရင်း NUG ကြေညာ၊ စီးပွားရေးလုပ်ငန်းများကို အမည်ပျက်စာရင်းသွင်း
- Data နှုန်းထားများ အဆမတန်တိုးမြှင့် ကောက်ခံမှုကို တုန့်ပြန်သွားမည်ဟု မန္တလေး M.P.F အဖွဲ့ သတိပေး
- အာဏာသိမ်းနှစ်ပတ်လည်နေ့တွင် အသံတိတ်တိတ်၊ အသံ ထွက်ထွက် အရေးယူမည်ဟု စစ်ကောင်စီခြိမ်းခြောက်
- ရှမ်းတောင်၌ CDM နှင့် PDF များကို စောင့်ကြည့်ရန် ရပ်ကွက်တစ်ခုလျှင် ဒလန် ၃ ဦးနှင့်အထက်ဖြင့် ဖွဲ့စည်းရန် စစ်ကောင်စီပြင်ဆင်နေ
- သထုံမြို့နယ်မှာ ရှေ့တန်းထွက်သည့် စစ်ကောင်စီယာဉ်တန်းတိုက်ခိုက်ခံရ၊ ၇ ဦးသေ၊ ၄ ဦးဒဏ်ရာရ
- ရွှေဘို ရွာစိုးရွာကို စစ်အုပ်စုက စီးနင်းဝင်ရောက်ကာ ဒေသခံများကို သတ်ဖြတ်ပြီး ရွာကို မီးရှို့၊
- ဆားလင်းကြီးတွင် စကစကားကို မိုင်းအလုံး (၂၀)ဖြင့် ဖောက်ခွဲတိုက်ခိုက်၊ စကစ (၇)ဦးသေဟုဆို
- ဖေဖော်ဝါရီလ(၁)ရက်နေ့တွင် တစ်နိုင်ငံလုံး လုပ်ဆောင်မည့် အသံတိတ်သပိတ် အစီအစဉ်ကို အာဏာသိမ်းအဖွဲ့က ကြောက်လန့်တကြား လိုက်လံ တားမြစ်နေ
- စေတုတ္တရာနှင့် ငဖဲနယ်တွင် စစ်ဆိုင်ထားဆဲဖြစ်၍ စစ်ကောင်စီတပ်နှင့် နီးကပ်စွာမနေရန် PRA သတိပေး
- ကျောက်ထုနယ်မြေ တိုက်ပွဲတွင် လေးရက်အတွင်း စစ်ကောင်စီတပ်သား ၂၂ဦးသေဟု PDFပြော
- မကွေးတိုင်းအတွင်း ကြက်၊ ဆီ၊ ဆန်၊ ဆား၊ ငါးပိ၊ ငရုတ်၊ ကြက်သွန်မှအစ အမျိုးသမီးလုံချည်အဆုံး လှည့်ပတ်ခိုးယူနေသည့် စစ်ကောင်စီ တပ်နှင့် ကျောက်ထု PDF တို့ (၄)ရက်ဆက်တိုက် တိုက်ပွဲဖြစ်ပွား
- ပြည်ထောင်စုဝန်ကြီး ဦးမင်းသူအား အာဏာသိမ်းအဖွဲ့က အဂတိလိုက်စားမှုဖြင့် အမှုဖွင့်
- အကြမ်းဖက်စစ်ကောင်စီတပ်က မြိုင်နှင့်ပေါက်မြို့နယ်တဝိုက်မှ ရေနံတွင်းများကို မီးရှို့မှုများဆက်တိုက်လုပ်နေ
- အင်းတော်၌ PDF အယောင်ဆောင်ငွေကောက်နေသည့် ပျူစောထီး (၂) ဦးကို ဖမ်းဆီးရမိ
- အရာတော်ပူပေါင်းအဖွဲ့ ဖမ်းမိတဲ့ပျူစောထီးတဦး ထွက်ပြေးမယ်ကြံလို့ သုတ်သင်ခံရ
- Non CDM ဝန်ထမ်း မိသားစုဝင်တွေ ကိုဗစ်ကာကွယ်ဆေးမထိုးရင် ဝန်ထမ်းကို အရေးယူမယ်လို့ စစ်ကောင်စီ ဖိအားပေး
- NUG နဲ့ PDF လှုပ်ရှားမှု သတင်းမတင်နိုင်တဲ့ ရဲတပ်ဖွဲ့ဝင်တွေကို ရှေ့တန်းပို့မယ်လို့ စစ်တပ်ဘက်က ခြိမ်းခြောက်လာ
- မင်းကင်းမြို့နယ် ကူလဲကျေးရွာတွင် ဒလန် (၂) ယောက်ထပ်မံအသတ်ခံရ မိုးကြိုးမုန်တိုင်းအဖွဲ့မှ ရှင်းလင်းခဲ့ဟုဆို
- စစ်ကောင်စီစစ်ကြောင်းကိုစောင့်တိုက် ၆ ဦးသေပြီး ၁၂ ဦးဒဏ်ရာရကာ တပ်ဆုတ်ပြေး
- ရွှေဘိုမှာ စစ်ကောင်စီနဲ့ PDF တိုက်ပွဲဖြစ်ပြီး စစ်သား ၁၅ ဦးသေဆုံး၊ ပြည်သူ နှစ်ဦးကို စစ်ကောင်စီက သေနတ်နဲ့ ပစ်သတ်
- ဒီးမော့ဆိုမြို့နယ်မှာ တိုက်ပွဲပြင်းထန်လျက်ရှိပြီး တစ်ရက်ထဲမှာ စစ်ကောင်စီက ရဟတ်ယာဥ်ဖြင့် (၃) ကြိမ်လာရောက်ပစ်ခတ်ခဲ့
- မိုင်းကိုင် ထွေအုပ်ရုံးအနီး ဗုံးပေါက်ကွဲ
- သျှမ်းမြောက်တွင် လက်နက်ကိုင်တပ်ဖွဲ့ အမည်ခံပြီး ငွေကြေးကောက်ခံမှုရှိနေ
- ကော့ကရိတ်မြို့နယ် NLD ပါတီ (EC) အဖွဲ့ဝင် နော်စေးဖောအား စစ်ကောင်စီက ဖမ်းဆီးပြီးနောက် မိသားစုနှင့်တွေ့ခွင့်မပေး
- ကနီနယ်အတွင်း စစ်ကောင်စီတပ်မှ လူနေအိမ် ၄၀ ကျော်ကိုမီးရှို့ဖျက်ဆီးခဲ့
Posted: 25 Jan 2022 08:49 AM PST အကြမ်းဖက်စစ်အုပ်စုအား ထောက်ပံ့ကူညီပေးနေသော လက်နက်ပွဲစား ၉ ဦး၏ အမည်စာရင်းများကို ကြေညာပြီး ၎င်းတို့၏ စီးပွားရေးလုပ်ငန်းများကို အကြမ်းဖက်မှုနှင့်စစ်ရာဇဝတ်မှုကို အားပေးသောလုပ်ငန်းများအဖြစ် အမည်ပျက်စာရင်းသွင်းလိုက်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ယနေ့ ထုတ်ပြန်လိုက်သည်။ ၎င်းတို့သည် နိုင်ငံတော်ပုန်ကုန်မူနှင့် စစ်ရာဇဝတ်မူများကျုးလွန်ထားသည့် အကြမ်းဖက်စစ်အုပ်စုကို လက်နက်ဝယ်ယူရရှိနိုင်ရေးအတွက် |
Data နှုန်းထားများ အဆမတန်တိုးမြှင့် ကောက်ခံမှုကို တုန့်ပြန်သွားမည်ဟု မန္တလေး M.P.F အဖွဲ့ သတိပေး Posted: 25 Jan 2022 08:47 AM PST (စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်အတွင်း Mytel တာဝါတိုင်တစ်ခု တိုက်ခိုက်ခံရသည်ကို ၂၀၂၁ စက်တင်ဘာ ၁၀ရက်က တွေ့ရစဥ် ၊ဓာတ်ပုံ-CJ)Telecom ကုမ္ပဏီများက အာဏာသိမ်းစစ်ကောင်စီအလိုကျ Data နှုန်းထားများကို အဆမတန်တိုးမြှင့် ကောက်ခံ နေကြောင်း တိုင်ကြားမှုများရှိ၍ မဟာမိတ်အဖွဲ့များနှင့်ပူးပေါင်းပြီး တုန့်ပြန်မည်ဟု Mandalay Phoenix Force - M.P.F အဖွဲ့က သတိပေးလိုက်သည်။ပြည်သူအများစုက Wifi ကို အားထားအသုံးပြုနေချိန်တွင် |
အာဏာသိမ်းနှစ်ပတ်လည်နေ့တွင် အသံတိတ်တိတ်၊ အသံ ထွက်ထွက် အရေးယူမည်ဟု စစ်ကောင်စီခြိမ်းခြောက် Posted: 25 Jan 2022 08:45 AM PST ဇန်နဝါရီ ၂၅ ရက်စစ်အာဏာသိမ်းနှစ်ပတ်လည်နေ့ ဖေဖော်ဝါရီ ၁ ရက်နေ့တွင် အသံတိတ်လျှင်သော်လည်းကောင်း၊ အသံထွက်လျှင်သော်လည်းကောင်း နိုင်ငံတော်ပုန်ကန်မှုဥပဒေအပါ အဝင် အခြားပုဒ်မသုံးခုဖြင့် ဖမ်းဆီးတရားစွဲဆို ဆောင် ရွက်မည်ဖြစ်ကြောင်း ၎င်းတို့ထိန်းချုပ်ထားသည့်မီဒီယာများကတဆင့် ယနေ့တွင် ခြိမ်းခြောက်ထုတ်ပြန်ထားကြောင်း သိရသည်။အဆိုပါနေ့တွင် အသံမထွက်တိတ်ဆိတ်ခြင်းသပိတ်ပြု လုပ်သူများကိုအရေးယူမည်ဖြစ်သလိုအသံထွက်၍ |
Posted: 25 Jan 2022 08:43 AM PST ပုံအညွှန်း - တောင်ကြီးတွင် ၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၁၇ ရက်က စစ်တပ်ထောက်ခံသူများဆန္ဒပြနေစဉ်မဲခေါင်၊ ဇန်နဝါရီ ၂၅ရှမ်းပြည်နယ်တောင်ပိုင်းဒေသတွင် CDM နှင့် PDF များကို စောင့်ကြည့်ရန် ရပ်ကွက်တစ်ခုလျှင် ဒလန် ၃ ဦးနှင့်အထက် ဖွဲ့စည်းရန် စစ်ကောင်စီပြင်ဆင်နေကြောင်း စစ်ကောင်စီအသိုင်းအဝိုင်း၏ သတင်းပေးများထံမှ သိရသည်။ရှမ်းတောင်ရှိမြို့နယ်များတွင် CDM နှင့် PDF များကို စောင့်ကြည့်ရန် ရပ်ကွက်တစ်ခု၌ အနည်းဆုံး ဒလန် ၃ |
သထုံမြို့နယ်မှာ ရှေ့တန်းထွက်သည့် စစ်ကောင်စီယာဉ်တန်းတိုက်ခိုက်ခံရ၊ ၇ ဦးသေ၊ ၄ ဦးဒဏ်ရာရ Posted: 25 Jan 2022 08:39 AM PST ဓာတ်ပုံ - KNU နယ်မြေထဲ ရှေ့တန်းထွက်သည့်စစ်ကောင်စီကားတချို့ကိုတွေ့ရစဉ်။ (Photo: Saw Welkoe / Facebook) ဇန်နဝါရီလ ၂၅ ရက်နေ့ ၊ ၂၀၂၂မွန်ပြည်နယ် သထုံမြို့နယ် ကရင်လေးဆိပ်နှင့်ဘိုခမ်းကွင်းကြား ယမန်နေ့ ၂၄ ရက်နေ့ည ၁၂ နာရီ ၅၀ အချိန်တွင် ကျိုက်ထိုဖက်မှလာသော စစ်ကောင်စီယာဉ်တန်းကို KNLA တပ်ရင်း ၂ တပ်ခွဲ ၃ ပူးပေါင်းတပ်ဖွဲ့တို့မှ မိုင်းဆွဲတိုက်ခိုက်တာကြောင့်စစ်ကောင်စီဖက်မှ ၇ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရရှိခဲ့တယ်လို့ |
ရွှေဘို ရွာစိုးရွာကို စစ်အုပ်စုက စီးနင်းဝင်ရောက်ကာ ဒေသခံများကို သတ်ဖြတ်ပြီး ရွာကို မီးရှို့၊ Posted: 25 Jan 2022 08:32 AM PST ဇန်နဝါရီ - ၂၅စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ် ရွာစိုးရွာကို စစ်အုပ်စုက ယမန်နေ့ ဇန်နဝါရီ(၂၄)ရက် မနက်ပိုင်းမှ စတင်ကာ အကြမ်းဖက် စီးနင်းဝင်ရောက်ပြီး ရွာသူရွာသားများကို ပစ်ခတ်သတ်ဖြတ်ခြင်းနှင့် နေအိမ်များကို မီးရှို့ ဖျက်ဆီးခြင်းများ လုပ်ဆောင်နေကြောင်း ဒေသခံများက ပြောသည်။"တစ်ရွာလုံးလည်း ပြေးနေရတယ်။ လူလေးယောက် အသတ်ခံရတယ်" ဟု ဒေသခံတစ်ဦးက ပြောသည်။ဒေသခံများ ထွက်ပြေးနေရသလို အဆက်အသွယ် ပြတ်တောက်နေသဖြင့် |
ဆားလင်းကြီးတွင် စကစကားကို မိုင်းအလုံး (၂၀)ဖြင့် ဖောက်ခွဲတိုက်ခိုက်၊ စကစ (၇)ဦးသေဟုဆို Posted: 25 Jan 2022 08:30 AM PST ဆားလင်းကြီး - ညောင်ပင်ကြီးလမ်းတွင် မိုင်းဆွခြံရပြီးနောက် စကစများ ကျန်ရစ်သည့် ဦးထုပ်များ/ Photo - Salingyi G-Z Local PDFဇန်နဝါရီ - ၂၅စစ်ကိုင်းတိုင်း မုံရွာမြို့၏ မြစ်တဖက်ကမ်း ဆားလင်းကြီးမြို့နယ်တွင် စကစများ လိုက်ပါလာသည့် ကားတစ်စီးကို မိုင်းအလုံး (၂၀)ဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စကစ (၇)ဦး သေကြောင်း ဆာလင်းကြီး G-Z ပြောက်ကျားတပ်ဖွဲ့ Salingyi G-Z Local PDF က သတင်းထုတ်ပြန်သည်။ယနေ့ ဇန်နဝါရီ(၂၅)ရက် |
Posted: 25 Jan 2022 08:28 AM PST လာမည့် ဖေဖေါ်ဝါရီလ (၁) ရက်နေ့တွင် စစ်အာဏာသိမ်းခံရမှု တစ်နှစ်ပြည့်အဖြစ် လူထုက လက်နက်မကိုင်ဘဲ ငြိမ်းချမ်းစွာတော်လှန်ကြမည့် Silent Strike ကို အာဏာသိမ်းစစ်ကောင်စီက ကြောက်လန့်တကြားဖြင့် ရန်ကုန်တိုင်း နှင့် မန္တလေးတိုင်းအပါအဝင် တိုင်းနှင့်ပြည်နယ်များတွင် လိုက်လံတားမြစ်နေသည်ကို တွေ့ရသည်။အာဏာသိမ်းခံရသည့် တစ်နှစ်ပြည့်မည့် ဖေဖေါ်ဝါရီလ (၁) ရက်နေ့တွင် စစ်အာဏာရှင်ပြုတ်ကျရေး အသံတိတ်သပိတ် (Silent Strike) |
စေတုတ္တရာနှင့် ငဖဲနယ်တွင် စစ်ဆိုင်ထားဆဲဖြစ်၍ စစ်ကောင်စီတပ်နှင့် နီးကပ်စွာမနေရန် PRA သတိပေး Posted: 25 Jan 2022 08:27 AM PST မကွေးတိုင်းရှိ ငဖဲ-စေတုတ္တရာကားလမ်းတလျှောက်အကြမ်းဖက်စစ်ကောင်စီတပ်များနှင့်နီးကပ်စွာရှိမနေရန်အပါ အဝင်ဒေသနေပြည်သူများရှောင်ရန် အချက်များကိုလူထုတော်လှန်ရေးမဟာမိတ် (PRA) က ယနေ့ ထုတ်ပြန်သည်။ စေတုတ္တရာမြို့နယ် သက္ကယ်ကျင်းကျေးရွာအနီး တွင် ယမန်နေ့(ဇန်နဝါရီ ၂၄ရက်)က တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှု ရှိခဲ့ပြီးနောက် လက်ရှိအချိန်ထိ နှစ်ဖက်စစ်ဆိုင်နေဆဲဖြစ် သည်ဟု PRAက ဆိုသည်။ ထို့ကွော |
ကျောက်ထုနယ်မြေ တိုက်ပွဲတွင် လေးရက်အတွင်း စစ်ကောင်စီတပ်သား ၂၂ဦးသေဟု PDFပြော Posted: 25 Jan 2022 08:25 AM PST မကွေးတိုင်း ကျောက်ထုနယ်မြေတိုက်ပွဲတွင် လေးရက်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်သား ၂၂ဦးထက်မနည်းသေဆုံးကြောင်း ကျောက်ထု PDFက ယနေ့ (ဇန်နဝါရီ ၂၅ရက်)တွင် ထုတ်ပြန် သည်။ "လက်ရှိ စစ်ခွေးတွေရဲ့အနေအထားက ကျောက်ထု အမြှောက်တပ်မှာ ပြန်စုနေတယ်။သေတဲ့သူတွေရော ဒဏ်ရာရတဲ့သူတွေကိုပါ အမြှောက်တပ်ထဲ ထည့်ထားတယ်။ကျွန်တော်တို့ဘက်က ဒီလေးရက်အတွင်း သုံးယောက်ကျပါတယ်ဗျ"ဟု ကျောက်ထု PDF ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ |
Posted: 25 Jan 2022 08:22 AM PST မကွေးတိုင်းအတွင်း ကျေးရွာများအထိ စစ်ကြောင်းထိုးကာ နေအိမ်များကို ဖျက်ဆီးပြီး ကြက်၊ ဆီ၊ ဆန်၊ ဆား၊ ငါးပိ၊ ငရုတ်၊ ကြက်သွန်မှအစ အမျိုးသမီးလုံချည်(ထဘီ)အဆုံး လှည့်ပတ်ခိုးယူနေသည့် စစ်ကောင်စီ တပ်နှင့် ကျောက်ထု PDF သို့ (၄)ရက်ဆက်တိုက် တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ်ဘက်က သေဆုံးသူ များပြားကြောင်း ကျောက်ထု PDF က ယနေ့ ဇန်နဝါရီလ(၂၅) ရက်တွင် သတင်း ထုတ်ပြန်လာသည်။ အကြမ်းဖက် စစ်ကောင်စီတပ်သည် ဇန်နဝါရီ (၂၂)ရက်က ကြီး |
ပြည်ထောင်စုဝန်ကြီး ဦးမင်းသူအား အာဏာသိမ်းအဖွဲ့က အဂတိလိုက်စားမှုဖြင့် အမှုဖွင့် Posted: 25 Jan 2022 08:18 AM PST ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသူကို အာဏာသိမ်းအဖွဲ့၏ လက်အောက်ခံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က အဂတိမှုဖြင့် ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၂၅ ရက်နေ့တွင် အမှုဖွင့်သည်ဟု သိရသည်။အာဏာသိမ်းစစ်ကောင်စီ လက်အောက်ရှိ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က ပြည်ထောင်စုဝန်ကြီး ဦးမင်းသူကို နေပြည်တော်ရှိ ဘုရားကုန်းမြို့မရဲစခန်းတွင် အမှုဖွင့်ထားခြင်းဖြစ်သည်ဟု သိရသည်။ပြီးခဲ့သည့် |
Posted: 25 Jan 2022 05:07 AM PST ဓာတ်ပုံ-အကြမ်းဖက်စစ်တပ်က ရေနံတွင်းများကို မီးရှို့ဖျက်ဆီးထားစဉ်မကွေး၊ ဇန်နဝါရီ ၂၅မကွေးတိုင်း မြိုင်မြို့နယ်နှင့်ပေါက်မြို့နယ်အစပ်မှ ရေနံတွင်းများကို စစ်ကောင်စီတပ်များ မီးရှို့ဖျက်ဆီးနေသည်မှာ တစ်ပတ်ကျော်နေပြီဖြစ်ကြောင်း ဒေသခံများထံကသိရသည်။စစ်ကောင်စီတပ်များက မြိုင်မြို့နယ်အနောက်ပိုင်းနှင့် ပေါက်မြို့နယ်တို့ကို ဝင်ရောက်မွှေနှောက်နေပြီး လူရှိနေသည့်ရေနံတွင်းများ ကို ရေနံတွင်း တစ်ခုလျှင် ငွေကျပ် |
အင်းတော်၌ PDF အယောင်ဆောင်ငွေကောက်နေသည့် ပျူစောထီး (၂) ဦးကို ဖမ်းဆီးရမိ Posted: 25 Jan 2022 05:06 AM PST အင်းတော်၊ ဇန်နဝါရီ ၂၅စစ်ကိုင်းတိုင်း၊ အင်းတော်မြိုနယ်၌ PDF အယောင်ဆောင် ငွေကြေးကောက်ခံနေသည့် ပျုစောထီးတပ်ဖွဲဝင် (၂) ဦးကို ဖမ်းဆီးရမိခဲ့သည်ဟု အင်းတော်မြိုနယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ယနေ့ ထုတ်ပြန်သည်။ယမန်နေ့ ဇန်နဝါရီ(၂၄) ရက်က အင်းတော်မြိုနယ်၊ စက်တောကုန်းကျေးရွာအနီး လက်နက်ကိုင်လူတစ်စုမှ အချိန်လွန်ခရီးသွားယာဉ်များကို PDF အမည်ခံ၍ အဓမ္မငွေကြေးကောက်ခံနေကြောင်း သတင်းရသည့်အတွက် အင်းတော် PDF က သွားစစ်ဆေး |
အရာတော်ပူပေါင်းအဖွဲ့ ဖမ်းမိတဲ့ပျူစောထီးတဦး ထွက်ပြေးမယ်ကြံလို့ သုတ်သင်ခံရ Posted: 25 Jan 2022 05:04 AM PST အရာတော်၊ ဇန်နဝါရီ၂၅၊ ၂၀၂၂။စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်ထဲမှာ စစ်ကြောင်းထွက်နေတဲ့ စစ်ကောင်စီယာဥ်တန်းကို ဒေသခံပူးပေါင်းတပ်ဖွဲ့တွေကအခုလ ၂၃ ရက်နေ့မနက်စောစောက စောင့်ကြိုတိုက်ခိုက်စဥ်ဖမ်းမိတဲ့ ပျူစောထီးတယောက် ထွက်ပြေးဖို့ ကြိုးစားတဲ့အတွက် သုတ်သင်ခဲ့ရတယ်လို့ ပူးပေါင်းအဖွဲ့ဆီက သိရပါတယ်။အောင်သာကုန်းကျေးရွာကနေ ဖောကား ၂ စီးနဲ့ စစ်ကြောင်းထွက်လာတဲ့ စစ်ကောင်စီနဲ့ ပျူစောထီးတွေကို ကျောက်စရစ်ကန်ရွာနဲ့ ဝါး |
Non CDM ဝန်ထမ်း မိသားစုဝင်တွေ ကိုဗစ်ကာကွယ်ဆေးမထိုးရင် ဝန်ထမ်းကို အရေးယူမယ်လို့ စစ်ကောင်စီ ဖိအားပေး Posted: 25 Jan 2022 05:03 AM PST မော်လမြိုင် ၊ ဇန်နဝါရီ (၂၅)မွန်ပြည်နယ်မှာ ရုံးတက်နေတဲ့ Non CDM ဝန်ထမ်း မိသားစုဝင်တွေ ကိုဗစ်ကာကွယ်ဆေးမထိုးရင် ဝန်ထမ်းတွေကို အရေးယူမယ်လို့ စစ်ကောင်စီက ဖိအားပေးလာကြောင်း ရုံးတက်နေတဲ့ ဝန်ထမ်း မိသားစုဝင်တွေက ပြောပါတယ်။စစ်ကောင်စီဟာ အခုနောက်ပိုင်းမှာ ရုံးတက်နေတဲ့ Non CDm ဝန်ထမ်း မိသားစုဝင်တွေအနေနနဲ့ ကိုဗစ်ကာကွယ်ဆေး မဖြစ်မနေ ထိုးနှံကြဖို့ ဆက်တိုက် ဖိအားပေးလာတာ ဖြစ်ပါတယ်။ရုံးတက်နေတဲ့ Non CDM ဝန်ထမ်း |
Posted: 25 Jan 2022 05:02 AM PST မော်လမြိုင် ၊ ဇန်နဝါရီ (၂၅)မွန်ပြည်နယ်မှာ အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ ပတ်သက်ဆက်သွယ်သူတွေ အပါအဝင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ လှုပ်ရှားမှု သတင်း မတင်နိုင်တဲ့ ရဲတပ်ဖွဲ့ဝင်တွေကို ရှေ့တန်းပို့မယ်လို့ စစ်တပ်ဘက်က ခြိမ်းခြောက်လာကြောင်း ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတွေက ပြောပါတယ်။NUG အစိုးရနဲ့ ပတ်သက်ဆက်နွယ်သူတွေ၊ ကူညီထောက်ပံ့နေသူတွေ အပါအဝင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ လှုပ်ရှားမှုနဲ့ ဖမ်းဆီးရရှိမှု |
Posted: 25 Jan 2022 05:13 AM PST ဇန်နဝါရီ ၂၅စစ်ကိုင်းတိုင်းဒေသကြီး မင်းကင်းမြို့နယ် ကူလဲကျေးရွာတွင် အကြမ်းဖက်စစ်ကောင်စီအား အထောက်ကူပြုနေသော ပျူစောထီးအဖွဲ့ဝင် ဒလန်( ၂) ယောက်အား မိုးကြိုးမုန်တိုင်းအဖွဲ့မှ သုတ်သင်ရှင်းလင်းခဲ့ကြောင်း သိရပါတယ်။မင်းကင်းနယ် ကူလဲကျေးရွာတွင် ဇန်နဝါရီ ၂၅ ရက်ဒီကနေ့ ၉ နာရီဝန်းကျင်က စစ်ကောင်စီအားပေး ပျူစောထီးအဖွဲ့ဝင်ဒလန် (၂)ယောက်ရှင်းလင်းခဲ့ကာ သားဖြစ်သူကပျူစောထီးဖြစ်ပြီး အမေက စစ်တပ်ကိုအထောက်ပံပေးနေသူဟု သတင်း |
စစ်ကောင်စီစစ်ကြောင်းကိုစောင့်တိုက် ၆ ဦးသေပြီး ၁၂ ဦးဒဏ်ရာရကာ တပ်ဆုတ်ပြေး Posted: 25 Jan 2022 04:57 AM PST စေတုတ္တရာ၊ ဇန်နဝါရီ ၂၅၊ ၂၀၂၂။မကွေးတိုင်းစေတုတ္တရာမြို့နယ်၊ သက္ကကျင်းရွာအနောက်တောင်ဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတွေကို ဇန်နဝါရီလ ၂၄ရက်နေ့နေ့လယ်က စောင့်ကြိုတိုက်ခိုက်ခဲ့လို့စစ်ကောင်စီ ၆ ဦးသေကာ ၁၂ဦးပြင်းထန်ဒဏ်ရာရရှိပြီး တပ်ပြန်ဆုတ်သွားခဲ့တယ်လို့ PRA-မကွေး ရဲ့တာဝန်ရှိသူက ပြောပါတယ်။နယ်မြေရှင်းလင်းဖို့ စစ်ကြောင်းထိုးလာတာကို စောင့်ကြိုတိုက်ခိုက်ခဲ့တာဖြစ်ပြီး အပြန်အလှန်ပစ်ခတ်ကြတာလို့ သိရပါတယ် |
Posted: 25 Jan 2022 04:56 AM PST ရွှေဘို၊ ဇန်နဝါရီ ၂၅၊ ၂၀၂၂။ ရွှေဘိုမြို့နယ်အတွင်းမှာ ဇန်နဝါရီ ၂၄ ရက် မနေ့က မနက် ၈ နာရီခွဲက စစ်ကောင်စီနဲ့ PDF တို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ သီးလုံးရွာကထွက်လာတဲ့ အင်အား ၂၀၀ ကျော်ပါ စစ်ကောင်စီတပ်သားတွေကို ဇီးဖြူကုန်းရွာနဲ့ ရွာစိုးရွာအကြားမှာ တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်ကလက်နက်ကြီးတွေနဲ့ တောက်လျောက်ပစ်ခတ်ခဲ့တယ်လို့ SNAKE EYES-PDF (SHWEBO) ရဲ့ |
Posted: 25 Jan 2022 04:54 AM PST Photo - CJယမန်နေ့ ( ဇန်နဝါရီလ ၂၄ရက်နေ့) ကရင်နီပြည်နယ် ဒီးမော့ဆိုမြို့ စံပြ၆မိုင်အုပ်စုမှာ တစ်နေကုန် တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီက ရဟတ်ယာဉ်ဖြင့် (၃)ကြိမ်လာရောက်ပစ်ခတ်ခဲ့တယ်လို့ KNDF က ဇန်နဝါရီလ ၂၅ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။ထိခိုက်ကျဆုံးမှုများပြားခဲ့တဲ့ စစ်ကောင်စီဟာ ရဟတ်ယာဉ်အသုံးပြု တိုက်ခိုက်ခဲ့တာကြောင့် ရဲဘော်တစ်ဦး ဒဏ်ရာအနည်းငယ်ရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ စစ်ကြောင်းထိုး |
မိုင်းကိုင် ထွေအုပ်ရုံးအနီး ဗုံးပေါက်ကွဲ Posted: 25 Jan 2022 04:51 AM PST ဇန်နဝါရီ ၂၅သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့ ရှိ အထွေထွေမြို့နယ် အုပ်ချုပ်ရေးရုံးအနီးတွင် ယမန်နေ့ (ဇန်နဝါရီ ၂၄)ရက် ညတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။ယမန်နေ့ ဇန်နဝါရီ (၂၄)ရက် ည (၁၀)နာရီခွဲခန့် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သဖြင့် ဒေသခံများ စိုးရိမ် ထိတ်လန့်နေကြကြောင်း မိုင်းကိုင်ဒေသခံ အမျိုးသား တစ်ဦးက ပြောသည်။"တော်တော်တော့ အသံကျယ်တယ်။ မြေတောင် တုန်သွားတယ်။ တစ်ချက်ပဲ ကြားရ |
သျှမ်းမြောက်တွင် လက်နက်ကိုင်တပ်ဖွဲ့ အမည်ခံပြီး ငွေကြေးကောက်ခံမှုရှိနေ Posted: 25 Jan 2022 04:49 AM PST ဇန်နဝါရီ ၂၅သျှမ်းပြည်မြောက်ပိုင်း မူဆယ်၊ နမ့်ခမ်းမြို့နယ်အတွင်း တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ အမည်ခံပြီး ပြည်သူများထံ ဖုန်းဆက်အကြောင်းကြားကာ ဆက်ကြေးတောင်းခံနေကြောင်း စုံစမ်းသိရှိရသည်။ဇန်နဝါရီလပိုင်းက စတင်ပြီး SSPP နှင့် TNLA တို့တပ်ဖွဲ့ ကို အမည်ခံကာ ဖုန်းဆိုင်များ၊ ရွှေဆိုင်များကို ငွေတောင်းပြီး Kpay သို့မဟုတ် wave money မှ တဆင့် ငွေလွှဲပေးရန် ဖုန်းဆက်အကြောင်းကြားခဲ့ကြောင်း နမ့်ခမ်းဒေသခံများက |
Posted: 25 Jan 2022 04:48 AM PST Photo- နော်စေးဖော FBဇန်နဝါရီ ၂၄ ရက်၊ ၂၀၂၂ ခုနှစ်။ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်-NLD ပါတီ၏ EC အဖွဲ့ဝင်နှင့် အမျိုးသမီး ရေ ရာကော်မတီ ဥက္ကဋ္ဌ ဖြစ်သော နော်စေးဖောအား စစ်ကောင်စီက ဖမ်းပြီးနောက် မိသားစုနှင့်တွေ့ခွင့်မပေးထား ကြောင်း သိရသည်။နော်စေးဖောအား ပြီးခဲ့သည့် ဇန်နဝါရီလ ၂၁ ရက် ညဉ့်သန်းခေါင် ချိန်တွင် ၎င်းတိမ်းရှောင်နေသည့် ကော့ကရိတ်မြို့တောင်ပိုင်း အံဖကြီးရွာတွင် စစ် |
ကနီနယ်အတွင်း စစ်ကောင်စီတပ်မှ လူနေအိမ် ၄၀ ကျော်ကိုမီးရှို့ဖျက်ဆီးခဲ့ Posted: 25 Jan 2022 04:46 AM PST January 24,02022စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့နယ်အတွင်းရှိ မုဌောရွာနှင့် နတ်ကြီးရွာမှ လူနေအိမ် ၄၀ ကျော်အား စစ်ကောင်စီတပ်မှ မီးရှို့ဖျက်စီးလိုက်သည့်အပြင် ကျေးရွာအတွင်း ဝင်ရောက်ပစ်ခတ်မူများ ပြုလုပ်ခဲ့သည့်အတွက် မီးဘေးသင့်ပြည်သူများအပါအဝင် ပြည်သူစုစုပေါင်း ၈၀၀ ကျော် ဘေးလွတ်ရာသို့ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများမှ သိရသည်။"စစ်ကောင်စီတပ်တွေက ဇန်နဝါရီလ ၂၂ ရက်နေ့ကစပြီးတော့ရေယာဉ်ရှစ်စီးနဲ့ ကနီ |
You are subscribed to email updates from THIT HTOO LWIN (Daily News). To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google, 1600 Amphitheatre Parkway, Mountain View, CA 94043, United States |
No comments:
Post a Comment
5
Note: Only a member of this blog may post a comment.