သစ္ထူးလြင္ |
- လေးကေကော်နှင့်ဖလူးတိုက်ပွဲဂယက်ကြောင့် ဒေသခံပြည်သူ ၁၀၀၀ ခန့် ထိုင်းဘက်သို့ ထပ်မံစစ်ရှောင်
- ထန်တလန်မြို့ ထပ်မံမီးလောင်
- ထီးချိုင့်မြို့နယ်ရှိ ကျေးရွာအများစုကို ထိန်းချုပ်ထားနိုင်ပြီဟု ဒေသခံ PDF တပ်ဖွဲ့ပြော
- ဝင်းရေးမြို့နယ်အတွင်း ည ၇ နာရီနောက်ပိုင်းခရီးမသွားကြဖို့ ထုတ်ပြန်
- ဒီပဲယင်းနယ်တွင် ပျံဝဲသည့် စစ်ရဟတ်ယာဉ်များ အလောင်းလာသယ်ခြင်းဖြစ်၊ ဒီပဲယင်းရှိ သေဆုံး၊ဒဏ်ရာရ စကစများကို ရဟတ်ယာဉ်ဖြင့် လာသယ်သွားဟု ဂဠုန်တပ်တော် ပြော၊
- မြောင်နယ်က အသက်(၅၀)ကျော်အရွယ် CDM ကျောင်းဆရာကို စကစ ဖမ်းဆီးပြီး မီးရှို့သတ်ဖြတ်၊
- ဒီမော့ဆို ၊ ငွေတောင်ဆည်အနီးကတိုက်ပွဲမှာ စစ်ကောင်စီဘက်ကအကျအဆုံးများခဲ့ပြီး PDF ဘက်က သူရဲကောင်း (၂) ဦးလည်း ကျဆုံးခဲ့
- မိုးဗြဲတွင် စစ်ကောင်စီတပ်၏ လက်နက်ကြီးထိမှန်ခဲ့သော အမျိုးသမီးတစ်ဦး ဒဏ်ရာပြင်းထန်
- ဒီပဲယင်းမြို့နယ်တွင် ဂဠုန်တပ်သားတို့၏မိုင်းခွဲတိုက်ခိုက်မှုကြောင့် စကစတပ်သား (၅) ဦးသေဆုံး၍ (၂၀) ဦးခန့် အကျိုးအကန်းများဖြစ်ကာ ထော့နဲ့ထော့နဲ့ဖြင့်ထွက်သွား
- စိတ်ဓါတ်ရေးရာ ပျက်ပြားနေပြီး လက်နက်စွန့်ခွာ ထွက်ပြေးသွားသည့် အာဏာသိမ်းစစ်တပ်၏ လက်နက်ခဲယမ်းများ အများအပြားကို MNDAA သိမ်းဆည်းရမိ
- မြဝတီမှ ဆင်းလာသည့် စစ်ကောင်စီ လေယာဉ်ဆီတင် ဆီဘောက်ဆာ ကား ၂ စီး ပစ်ခတ်ခံရပြီး မီးလောင်ပျက်စီး
- ချင်းပြည်နယ်၊မတူပီမြို့တွင်စစ်ကောင်စီမှနေ့စဉ်ဖမ်းဆီးမှုများရှိနေကြောင်းသတင်းရရှိ
- ယနေ့ ညနေတိုက်ပွဲကြောင့် ဖလူးရွာသားများထွက်ပြေးနေရ
- ဘဏ်များပုံမှန်မလည်ပတ်နိုင်တော့၍ အပ်ငွေတိုးရန်အပြိုင်အဆိုင်စည်းရုံးနေ
- ကောလင်းမြို့ရှိ စီးပွားရေးလုပ်ငန်းရှင်များကို စကစ ဆက်လက်ဖမ်းဆီးနေ၊ အဖမ်းခံရသူ (၂၀)ခန့်ရှိလာ
- လေးကေကော် မြို့သစ်ရှိ နီပွန်ဖောင်ဒေးရှင်းမှ လှူဒါန်းထားသည့် ပစ္စည်းများအား စစ်ကောင်စီတပ် ဝင်ရောက်ဖျက်ဆီးမှုများ ပြုလုပ်ခဲ့
- ပေါင်းတည်ဘူတာအနီး ဗုံးခွဲတိုက်ခိုက်ခံရလို့ စစ်ကောင်စီ ၂ ဦးသေ ၃ ဦးဒဏ်ရာရ
- ပင်းတယမြို့နယ် ပရဟိတသမားအပါအဝင် ပြည်သူ ၆ ဦးကို စစ်ကောင်စီမှ ဖမ်းဆီးသွား
- ဒုရဲအုပ်ချယ်ရီထက်ကို ထောင် ၃ နှစ်ချကာ ရမည်းသင်းထောင်ပို့
- မင်းအောင်လှိုင်အတွက် ဖမ်းဝရမ်းလက်မခံရန်စာ ပေါက်ကြားမှုကြောင့်ဆိုကာ တရားလွှတ်တော်ချုပ်၊ သုတေသနဌာနတစ်ခုလုံးကို စစ်ကောင်စီတရားစွဲဆို
- ထီးချိုင့်နှင့် ကသာကြားတွင် စစ်ကောင်စီ သင်္ဘော ၂စီးကို PDF များ ကြားဖြတ်တိုက်ခိုက်၊ ၃၀ ကျော်ခန့်သေဆုံးနိုင်သည် ဟု ဆို
- ဝက်လက် ညောင်ပင်ကြီးတောတွင် အကြမ်းဖက် စစ်အုပ်စုက ရဟတ်ယာဉ်ဖြင့် ပစ်ခတ်နေ
- မြောင်နယ်က အသက်(၅၀)ကျော်အရွယ် CDM ကျောင်းဆရာကို စကစ ဖမ်းဆီးပြီး မီးရှို့သတ်ဖြတ်
- ရန်ကုန် - မန္တလေး အမြန်လမ်းပေါ်တွင် စစ်ကားကို နှစ်ကြိမ်မိုင်းဆွဲတိုက်ခိုက်
- ထီးချိုင့်မြို့နယ်ရှိ ကျေးရွာအများစုကို ထိန်းချုပ်ထားနိုင်ပြီဟု ဒေသခံ PDF တပ်ဖွဲ့ပြေ
လေးကေကော်နှင့်ဖလူးတိုက်ပွဲဂယက်ကြောင့် ဒေသခံပြည်သူ ၁၀၀၀ ခန့် ထိုင်းဘက်သို့ ထပ်မံစစ်ရှောင် Posted: 03 Jan 2022 06:02 AM PST Photo_Kahsaw Wah _ပုံဟောင်းဇန်နဝါရီ ၃ ရက်၊ ၂၀၂၂ ခုနှစ်။ မြဝတီမြို့၏တောင်ဘက် လေးကေကော်နှင့် ဖလူးကြီးရွာအနီးတွင် ယနေ့ ဇန်နဝါရီ ၃ရက် ညနေ ပိုင်းက ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် -KNLA မဟာမိတ်ပူးပေါင်းအဖွဲ့နှင့် စစ်ကောင်စီတပ်ဖွဲ့ တို့ ဖြစ်ပွားလျက်ရှိသော တိုက်ပွဲဂယက်ကြောင့် ဒေသခံပြည်သူ ၁၀၀၀ ဝန်းကျင်ခန့်မှာ ထိုင်းဘက်ခြမ်းသို့ ထပ်မံတိမ်းရှောင်နေကြကြောင်း သိရသည်။ယနေ့ နံနက်ပိုင်းကတည်းက စစ်ကောင်စီဘက်မှ |
Posted: 03 Jan 2022 06:01 AM PST ချင်းပြည်နယ် ထန်တလန်မြို့ အမှတ် ၁ ရပ်ကွက်တွင် ဒီနေ့ ဇန်နဝါရီ ၃ ရက် ညနေ ၂ နာရီခွဲကျော်ကျော်ကစပြီး မီးလောင်သွားတယ်လို့သတင်းရရှိပါတယ်။မြို့ထဲမှာ CDF Thantlang နဲ့ အာဏာသိမ်းစစ်ကောင်စီတို့ပစ်ခတ်ကြရာ စစ်ကောင်စီဘက်က မီးလောင်ဗုံးအသုံးပြုတာကြောင့် လူနေအိမ်တွေမီးလောင်ခြင်းဖြစ်ပါတယ်။ ယင်းမီးလောင်မူတွင် Johson Memorial Baptist Church လည်းမီးလောင်သွားတယ်လို့ယူဆရပေမယ့် အတည်ပြုလို့မရသေးပါ။၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၃၀ |
ထီးချိုင့်မြို့နယ်ရှိ ကျေးရွာအများစုကို ထိန်းချုပ်ထားနိုင်ပြီဟု ဒေသခံ PDF တပ်ဖွဲ့ပြော Posted: 03 Jan 2022 05:58 AM PST ဓာတ်ပုံ- ထီးချိုင့်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထီးချိူင့်၊ ဇန်နဝါရီ ၃စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ်အတွင်းရှိ ကျေးရွာအများစုကို လူထုထောက်ခံမှုအားကောင်းသော ထီးချိုင့်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထိန်းချုပ်ထားနိုင်ပြီဟု သိရသည်။ဥပမာအနေဖြင့် စစ်ကောင်စီသည် ထီးချိုင့်မြို့နယ်၌ မြို့ပေါ်ရပ်ကွက်နှင့် ပတ်၀န်းကျင်ရှိ ကျေးရွာ ၄ ခုကိုသာ အုပ်ချုပ်ခွင့်ရရှိပြီး ကျန်ရှိသည့် ကျေးရွာများကို တော်လှန်ရေးတပ်ဖွဲ့များက |
ဝင်းရေးမြို့နယ်အတွင်း ည ၇ နာရီနောက်ပိုင်းခရီးမသွားကြဖို့ ထုတ်ပြန် Posted: 03 Jan 2022 05:49 AM PST ကေအဲန်ယူ-ဒူးပလာယာခရိုင် ဝင်းရေးမြို့နယ်အတွင်းက ခရီးသွားပြည်သူလူထုတွေကို ဘေးအန္တရာယ်မဖြစ်အောင် ည ၇ နာရီကနေ မနက် ၆ နာရီအတွင်း ခရီးသွားလာခွင့်မပြုဘူးလို့ ဝင်ရေးမြို့နယ်က သတင်းထုတ်ပြန်လိုက်ပါတယ်။ ကေအဲန်ယူ-ဝင်းရေးမြို့နယ်ရဲ့ ထုတ်ပြန်ချက်ထဲမှာ ခရီးသွားပြည်သူတွေအနေနဲ့ အရေးပေါ်ကိစ္စရှိလာပါက သက်ဆိုင်ရာတာဝန်ရှိသူတွေထံ အကြောင်းကြားထောက်ခံချက် ရယူရမှာဖြစ်ပြီး ထောက်ခံချက်ရယူခြင်းမပြုပဲ ခရီးသွားလာပါက ပြသနာ |
Posted: 03 Jan 2022 05:32 AM PST အလောင်းသယ် စကစ ရဟတ်ယာဉ်တစ်စီး/ Photo – မုံရွာမြို့နယ် သတင်းမှန်ပြန်ကြားရေးဇန်နဝါရီ - ၃စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်အတွင်း ယနေ့ နေ့လည်ပိုင်းအချိန် ပျံဝဲခဲ့သည့် စစ်ရဟတ်ယာဉ်များသည် စကစ အလောင်းများကို လာသယ်ခြင်း ဖြစ်ကြောင်း ဒီပဲယင်းဒေသ တော်လှန်ရေး အင်အားစုများက MFP သို့ ပြောသည်။ယနေ့ ဇန်နဝါရီ(၃)ရက် နေ့လည်ပိုင်းတွင် ဒီပဲယင်းမြို့နယ်နှင့် ဘုတလင်နယ်အစပ် လက်ပံအရှေ့ရွာအနီးသို့ စစ်ရဟတ်ယာဉ် သုံးစီးခန့် |
မြောင်နယ်က အသက်(၅၀)ကျော်အရွယ် CDM ကျောင်းဆရာကို စကစ ဖမ်းဆီးပြီး မီးရှို့သတ်ဖြတ်၊ Posted: 03 Jan 2022 05:30 AM PST စစ်ကိုင်းတိုင်း မြောင်မြို့နယ်က အသက်(၅၀)ကျော်အရွယ် CDM ကျောင်းဆရာတစ်ဦးကို စစ်ကောင်စီ လက်နက်ကိုင်တွေက ဖမ်းဆီးပြီး မီးရှို့သတ်ဖြတ်သွားတယ်လို့ ကျန်ရစ်သူ မိသားစုဝင်တွေက MFP ကို ပြောပါတယ်။ပြီးခဲ့တဲ့ ဒီဇင်ဘာ ဒုတိယအပတ်က မြောင်မြို့နယ်အတွင်းက ကျေးရွာတွေကို စစ်ကောင်စီ လက်နက်ကိုင်တွေ ရွာစဉ်ပတ်မွှေပြီး ဒေသခံ အရပ်သားနဲ့ ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေကို ဖမ်းဆီးသတ်ဖြတ်ရာမှာ CDM အလယ်တန်းပြ ကျောင်းဆရာ ဦးညီညီစိန်ကိုပါ |
Posted: 03 Jan 2022 05:23 AM PST ဇန်နဝါရီ၊၃ ကယားပြည်နယ် ၊ ဒီမော့ဆိုမြို့နယ် ၊ ငွေတောင်ဆည်အနီးမှာ အကြမ်းဖက်စစ်ကောင်စီတပ်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ မနေ့က တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်က အများအပြားသေဆုံးခဲ့သလို တိုက်ပွဲအတွင်းမှာ PDF ဘက်ကက သူရဲကောင်း (၂) ဦးလည်းအသက်ပေးလှူ ကျဆုံး ခဲ့တယ်လို့ လွိုင်ကော် PDF က ဒီကနေ့မှာ သတင်းထုတ်ပြန်ပါတယ်။ မနေ့ကတိုက်ပွဲမှာ လွိုင်ကော် PDF ၊ ဒီးမော့ဆို PDF ၊ ကရင်နီတပ်မတော် KA ၊ မိုးဗြဲ PDF ၊ |
မိုးဗြဲတွင် စစ်ကောင်စီတပ်၏ လက်နက်ကြီးထိမှန်ခဲ့သော အမျိုးသမီးတစ်ဦး ဒဏ်ရာပြင်းထန် Posted: 03 Jan 2022 05:19 AM PST မိုးဗြဲ - ဇန်နဝါရီ ၃၊ ၂၀၂၂။စစ်ကောင်စီတပ်ဖွဲ့က လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့မှုကြောင့် ယနေ့နံနက် ခြောက်နာရီခန့်တွင် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးဗြဲမြို့နယ်မှ အမျိုးသမီးတစ်ဦး စိုးရိမ်ရသည့် အခြေအနေတွင်ရှိကြောင်း သိရသည်။နေအိမ်တွင်နေထိုင်နေစဉ် လက်နက်ကြီးကျရောက်မှုကြောင့် ဒဏ်ရာပြင်းထန်စွာရရှိခဲ့ခြင်းဖြစ်သည်ဟု မိုးဗြဲလူမှုကူညီရေးအသင်းမှ အဖွဲ့ဝင်တစ်ဦးက The 74 Media ကိုပြောသည် |
Posted: 03 Jan 2022 05:16 AM PST ဇန်နဝါရီ ၃ဒီပဲယင်းမြို့နယ်တွင် ယမန်နေ့ နံနက်မှစ၍ နေ့တဝက်ကျိုးသည်အထိ Galon PDF မှ ဂဠုန်တပ်သားတို့၏ မိုင်း (၂) လုံးခွဲတိုက်ခိုက်မှုနှင့် ပစ်ခတ်မှုများကြောင့် စကစတပ်သား (၅) ဦးခန့်သေဆုံးပြီး (၂၀) ဦးခန့် ဒဏ်ရာရရှိကာ အကျိုးအကန်းများဖြစ်သွားကြကြောင်း သိရသည်။ထို့နောက် စာအုပ်ရောင်းကြမည့် အကျိုးအကန်းစကစတပ်သားများသည် ပတ်တီးအဖွေးသားဖြင့် လက်ပံမြောက်ရွာစာသင်ကျောင်းသို့ ကွေ့ပတ်သွားကြကြောင်းသိရသည်။ယင်းနောက်တွင် |
Posted: 03 Jan 2022 05:07 AM PST ဇန်နဝါရီ ၃၊ ၂၀၂၂ရှမ်းပြည်နယ် (မြောက်ပိုင်း) ကိုးကန့်ဒေသကို အာဏာသိမ်းစစ်တပ်က ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ (၃) ရက်နေ့တွင် အပြင်းအထန်တိုက်ခိုက်သည့် တိုက်ပွဲကို MNDAA က ခုခံနိုင်ခဲ့ပြီး အာဏာသိမ်းစစ်ကောင်စီတပ်ဘက်မှ အများအပြားသေဆုံးသလို လက်နက်စွန့်ခွာထွက်ပြေးသွားသည့်အတွက် ကျန်ရစ်သည့် လက်နက်ခဲယမ်းအများအပြားကို MNDAA က သိမ်းဆည်းရမိခဲ့ကြောင်း ထုတ်ပြန်သည်။ယနေ့ ဇန်နဝါရီလ (၃) ရက်နေ့ နံနက် (၉)နာရီခွဲကျော်မှစ၍ |
မြဝတီမှ ဆင်းလာသည့် စစ်ကောင်စီ လေယာဉ်ဆီတင် ဆီဘောက်ဆာ ကား ၂ စီး ပစ်ခတ်ခံရပြီး မီးလောင်ပျက်စီး Posted: 03 Jan 2022 05:04 AM PST ဓာတ်ပုံ- လေယာဉ်ဆီတင် ဆီဘောက်ဆာကား ၂ စီး ။ (ပုံအဟောင်းဖြစ်ပါသည်)ရန်ကုန်၊ ဇန်နဝါရီ ၃ကရင်ပြည်နယ်၊ မြဝတီမြို့မှတဆင့် အာရှလမ်းမကြီးအတိုင်း ဆင်းလာသော အကြမ်းဖက်စစ်ကောင်စီ၏ လေယာဉ်ဆီတင် ဆီဘောက်ဆာ ကား ၂ စီးသည် ဇန်နဝါရီလ ၃ ရက် ယနေ့ မွန်းလွဲ ၂ နာရီခွဲခန့်တွင် KNLA နှင့် ပူးပေါင်းတပ်ဖွဲ့က ပစ်ခတ်တိုက်ခိုက်မှုကြောင့် မီးလောင် ပျက်စီးသွားကြောင်း သတင်းရရှိသည်။လက်ရှိအချိန် အဆိုပါနေရာတွင် ကရင်နယ်ခြားစောင့်တပ် BGF က |
ချင်းပြည်နယ်၊မတူပီမြို့တွင်စစ်ကောင်စီမှနေ့စဉ်ဖမ်းဆီးမှုများရှိနေကြောင်းသတင်းရရှိ Posted: 03 Jan 2022 05:03 AM PST ဇန်နဝါရီ ၃၊မတူပီမြို့တွင် "အဓိက ကCDM ဝန်ထမ်းတွေကို ပစ်မှတ်ထားပြီး လိုက်လံဖမ်းဆီးထိန်းသိမ်းနေတာကြောင့် CDM တွေအနေနဲ့ ခေတ္တရှောင်ပုန်းနေရတာတွေရှိပါတယ်"လို့ CDM ဝန်ထမ်းတစ်ယောက်ကပြောပါတယ်။နောက်ပြီး လူငယ် လူလတ်ပိုင်း တွေကိုလည်း နေ့စဉ်ရှာဖွေ ဖမ်းဆီးနေပြီး အရေအတွက်ကတော့ တိတိကျကျ မသိရှိနိုင်ပါဘူး အချို့လူတွေတော့ တစ်ညထိန်းသိမ်းပြီး နောက်နေ့ပြန်လွတ်ပေးတာတွေ လည်းရှိနေပါတယ်။ဖမ်းဆီးထိန်းသိမ်းခံရသူတွေထဲ အဆိုး |
ယနေ့ ညနေတိုက်ပွဲကြောင့် ဖလူးရွာသားများထွက်ပြေးနေရ Posted: 03 Jan 2022 03:44 AM PST ပုံစာ - မြန်မာ- ထိုင်းနယ်စပ် သောင်ရင်းမြစ်ကမ်းပေါ်ရှိ စစ်ဘေးရှောင်များလေးကေ့ကော်အနီး ဖလူးကြီးရွာ၌ ယနေ့ ညနေပိုင်း၌ ဖြစ်ပွားနေသည့်တိုက်ပွဲကြောင့် ဒေသခံပြည်သူများထွက်ပြေးနေကြရသည်ဟု သိရသည်။ဖလူးကြီးရွာ၌ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ ဒေသခံပူးပေါင်းတပ်များ ယနေ့ ဇန်နဝါရီလ ၃ ရက် ညနေ ၃နာရီ ကျော်ကျော်အချိန်၌ တိုက်ပွဲဖြစ်ပွားလျှက်ရှိနေသည် ။" ရွာသားတွေ အခုပြေးနေကြရတယ်။ စစ်ရှောင်စခန်းကလူတွေကတော့ မပြေးကြသေးဘူး။ အသ |
ဘဏ်များပုံမှန်မလည်ပတ်နိုင်တော့၍ အပ်ငွေတိုးရန်အပြိုင်အဆိုင်စည်းရုံးနေ Posted: 03 Jan 2022 03:35 AM PST ပြည်တွင်းဘဏ်များသည်ပုံမှန်မလည်ပတ်နိုင်တော့၍ အပ်ငွေများပိုမိုအပ်လာစေရန် အပြိုင်အဆိုင်စည်းရုံး နေရသည်ဟု ဘဏ်ဝန်ထမ်းအချို့က ပြောသည်။ ပြည်တွင်းဘဏ်များတွင် အပ်ငွေများနည်းပါးလာ၍ ဘဏ်ကန့်သတ်များ ဖြေလျော့မူများပေးသယောင် ကြေညာပြီး ဆွဲဆောင်နေကြခြင်းဖြစ်သည်ဟု ဘဏ်ဝန်ထမ်းအချို့က ပြောသည်။ "ဘဏ်တွေမှာ အပ်တဲ့သူ မရှိတော့လို့ အပ်ငွေလာအပ်အောင် လုပ်ရမယ်လို့ စစ်တပ်က ညွန့်ကြားလာတာရှိတယ်။ ဘဏ်တွေကလည်း ဒီအတိုင်းလိုက်လုပ်ပေး |
ကောလင်းမြို့ရှိ စီးပွားရေးလုပ်ငန်းရှင်များကို စကစ ဆက်လက်ဖမ်းဆီးနေ၊ အဖမ်းခံရသူ (၂၀)ခန့်ရှိလာ Posted: 03 Jan 2022 03:32 AM PST MFP ၊ ဇန်နဝါရီ - ၃စစ်ကိုင်းတိုင်း ကောလင်းမြို့ရှိ ဆန်စက်ပိုင်ရှင်များနှင့် ဒေသခံ စီးပွားရေး လုပ်ငန်းရှင်များကို အကြမ်ဖက် စစ်ကောင်စီက ဆက်လက်ဖမ်းဆီးနေပြီး ယနေ့ ဇန်နဝါရီ(၃)ရက်တွင်လည်း အနည်းဆုံး လုပ်ငန်းရှင် ငါးဦးခန့် ဖမ်းဆီးခံရကြောင်း ဒေသခံများက MFP သို့ ပြောသည်။ကောလင်းမြို့ရှိ ဆန်စက်ပိုင်ရှင်၊၊ လက်ဖက်ရည်ဆိုင်ပိုင်ရှင် စသည့် စီးပွားရေးလုပ်ငန်းရှင်များကို PDF များအား ထောက်ပံ့မှု၊ လျှပ်စစ်မီတာခ မပေး |
Posted: 03 Jan 2022 03:16 AM PST ဇန်နဝါရီ ၃ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီတိုက်ပွဲဖြစ်ပွားရာ မြဝတီတောင်ဘက် လေးကေကော်မြို့သစ် ဧရိယာအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်များသည် မြို့သစ်အတွင်းရှိ နီပွန်ဖောင်ဒေးရှင်းမှ လှူဒါန်းထည့် ပညာရေး၊ ကျန်းမာရေး အဆောက်အုံနှင့် စာသင်ကျောင်း သင်ကြားရေး အထောက်အကူပြုပစ္စည်းများအား ဝင်ရောက် ဖျက်ဆီးမှုများ ပြုလုပ်သွားခဲ့သည်ဟု မြေပြင်သတင်းအရ သိရသည်။တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေဆဲ လေးကေကော်ဒေသတွင် စစ်ကြောင်း |
ပေါင်းတည်ဘူတာအနီး ဗုံးခွဲတိုက်ခိုက်ခံရလို့ စစ်ကောင်စီ ၂ ဦးသေ ၃ ဦးဒဏ်ရာရ Posted: 03 Jan 2022 03:14 AM PST ပေါင်းတည်၊ ဇန်နဝါရီ ၃၊ ၂၀၂၂။ပဲခူးတိုင်းအနောက်ခြမ်း၊ ပေါင်းတည်ဘူတာအနီးမှာ ဒီမနက် ၈ နာရီခွဲကျော်က ဗုံးပေါက်ကွဲပြီးစစ်ကောင်စီ ၂ ဦးသေဆုံးကာ၊ ၃ ဦး ပြင်းထန်ဒဏ်ရာရရှိသွားတယ်လို့ မြို့ခံတဦးကပြောပါတယ်။မီးရထားဘူတာကို ကင်းစောင့်ဖို့လာချိန်မှာ ဗုံးဖောက်ခွဲခံရတာလို့ သိရပါတယ်။"သူတို့ကနေ့စဥ်ဘူတာကင်းစောင့်လာတယ်။ အဲအချိန်မှာ ဗုံးပေါက်တာ ၂ ယောက်သေတယ်၊ ၁ယောက်ကို ရန်ကုန်သယ်သွားတယ်။ ၂ ယောက်ကတော့ ဒဏ်ရာ ရမရမကြားမိ |
ပင်းတယမြို့နယ် ပရဟိတသမားအပါအဝင် ပြည်သူ ၆ ဦးကို စစ်ကောင်စီမှ ဖမ်းဆီးသွား Posted: 03 Jan 2022 03:11 AM PST သျှမ်းသံတော်ဆင့်၊ ဇန်နဝါရီ ၃ သျှမ်းပြည်တောင်ပိုင်း ပင်းတယမြို့နယ်ထဲတွင် ပရဟိတသမား ၂ ဦး၊ အမျိုးသမီးတစ်ဦး အပါအဝင် ပြည်သူ ၆ ဦးကို အာဏာသိမ်းစစ်ကောင်စီက အကြောင်းမဲ့ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း စုံစမ်းသိရသည်။ယမန်နေ့ ဇန်နဝါရီလ ၂ ရက်နေ့ ည ၁၀ နာရီကျော်ဝန်းကျင်တွင် ပင်းတယမြို့နယ် ရွှေပုထိုးရပ်ကွက်ရှိ နေအိမ်တစ်အိမ်ကို အင်အား ၅၀ ကျော်ရှိသည့် စစ်ကောင်စီတပ်သားတို့က ကားဖြင့် လာရောက်ပြီး အိမ်ရှင်ဖြစ်သူ လင်မယား |
ဒုရဲအုပ်ချယ်ရီထက်ကို ထောင် ၃ နှစ်ချကာ ရမည်းသင်းထောင်ပို့ Posted: 03 Jan 2022 03:08 AM PST နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သက်တော်စောင့် ဒုရဲအုပ် ချယ်ရီထက်ကို ထောင် ၃ နှစ်ချလိုက်ပြီး ရမည်းသင်းထောင်ကိုပို့လိုက်တယ်လို့ တရားရေးအသိုင်းအဝိုင်းကနေသိရပါတယ်။ဒုရဲအုပ် ချယ်ရီထက်ကို ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေ နဲ့ ထောင်ချလိုက်တာဖြစ်ပြီး စွဲဆိုထားတဲ့ ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က) ကို ဆက်လက်ရင်ဆိုင်ရဦးမှာပါ။ဒုရဲအုပ်ချယ်ရီထက်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၁ ရက်က ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။ |
Posted: 03 Jan 2022 03:06 AM PST အကြမ်းဖက်စစ်ကောင်စီခေါင်းဆောင်မင်းအောင်လှိုင်ထံ နိုင်ငံတကာတရားရုံးများထံမှ ဖမ်းဝရမ်း(သို့မဟုတ်) ဆင့်ခေါ်စာပို့လာပါကလက်မခံကြရန် ဌာနတွင်း ညွှန်ကြားစာ ပြင်ပသို့ ပေါက်ကြားခဲ့မှုကြောင့်ဟုဆိုကာ ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ သုတေသနဌာနတစ်ခုလုံးကို တရားစွဲဆိုထားသည်ဟု CDM တရားရေးဝန်ထမ်းအချို့က People's Spring သတင်းဌာနသို့ပြောကြားသည်။ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ သုတေသနဌာနမှ ဝန်ထမ်းများကို စစ်ကောင်စီ၏ |
Posted: 03 Jan 2022 03:03 AM PST စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်နှင့် ကသာမြို့နယ်ကြား ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသော စစ်ကောင်စီ သင်္ဘော ၂စီးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - PDF များက ကြားဖြတ်တိုက်ခိုက်ရာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်၃၀ ကျော်ခန့် သေဆုံးနိုင်သည် ဟု TigyaingRevolution - TR က ပြောကြားသည်။ထီးချိုင့်နှင့် ကသာကြားတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် လက်နက်၊ ရိက္ခာပါသော စစ်ကောင်စီ၏ သင်္ဘော ၂စီး၊ ပုံညာနှင့် ပြဒါးရှင် ကို |
ဝက်လက် ညောင်ပင်ကြီးတောတွင် အကြမ်းဖက် စစ်အုပ်စုက ရဟတ်ယာဉ်ဖြင့် ပစ်ခတ်နေ Posted: 03 Jan 2022 02:57 AM PST စကစများ အသေများသည့် ဒီပဲယင်းနှင့် ဘုတလင်နယ်စပ်တွင်လည်း ရဟတ်ယာဉ်သုံးစင်းဖြင့် ပစ်ခတ်၊MFP ၊ ဇန်နဝါရီ - ၃စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ် ညောင်ပင်ကြီးတော၌ ယနေ့ မွန်းလွဲ (၁)နာရီဝန်းကျင်တွင် အကြမ်းဖက် စစ်ကောင်စီက ရဟတ်ယာဉ်များဖြင့် ပစ်ခတ်တိုက်ခိုက်နေသဖြင့် ဒေသခံများ ထွက်ပြေးနေရကြောင်း သတင်းရရှိသည်။ယနေ့ ဇန်နဝါရီ(၃)ရက် မွန်းလွဲ(၁)နာရီမှ စတင်ကာ အကြမ်းဖက် စစ်ကောင်စီက MI-35 ရဟတ်ယာဉ် သုံးစီးဖြင့် ဝက်လက် |
မြောင်နယ်က အသက်(၅၀)ကျော်အရွယ် CDM ကျောင်းဆရာကို စကစ ဖမ်းဆီးပြီး မီးရှို့သတ်ဖြတ် Posted: 03 Jan 2022 02:55 AM PST စစ်ကိုင်းတိုင်း မြောင်မြို့နယ်က အသက်(၅၀)ကျော်အရွယ် CDM ကျောင်းဆရာတစ်ဦးကို စစ်ကောင်စီ လက်နက်ကိုင်တွေက ဖမ်းဆီးပြီး မီးရှို့သတ်ဖြတ်သွားတယ်လို့ ကျန်ရစ်သူ မိသားစုဝင်တွေက MFP ကို ပြောပါတယ်။ပြီးခဲ့တဲ့ ဒီဇင်ဘာ ဒုတိယအပတ်က မြောင်မြို့နယ်အတွင်းက ကျေးရွာတွေကို စစ်ကောင်စီ လက်နက်ကိုင်တွေ ရွာစဉ်ပတ်မွှေပြီး ဒေသခံ အရပ်သားနဲ့ ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေကို ဖမ်းဆီးသတ်ဖြတ်ရာမှာ CDM အလယ်တန်းပြ ကျောင်းဆရာ ဦးညီညီစိန်ကိုပါ |
ရန်ကုန် - မန္တလေး အမြန်လမ်းပေါ်တွင် စစ်ကားကို နှစ်ကြိမ်မိုင်းဆွဲတိုက်ခိုက် Posted: 03 Jan 2022 02:51 AM PST မပေါက်ကွဲသေးသော မိုင်းများလည်း တွေ့ရှီပြီး စစ်အုပ်စုက အနီးအနားရွာများကို ဝင်မွှေ၊MFP ၊ ဇန်နဝါရီ - ၃ရန်ကုန်- မန္တလေး အမြန်လမ်း မိုင်တိုင်(၃၄၂)အနီးတွင် မန္တလေးသို့ ဦးတည်မောင်းနှင်လာသော စစ်ကားများကို ယမန်နေ့က မိုင်းနှစ်ကြိမ် ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး စကစများ အထိအခိုက် ရှိနိုင်ကြောင်း ကျောက်ဆည်ခရိုင် ကာကွယ်ရေးတပ်ဖွဲ့ (KDDF)က သတင်းထုတ်ပြန်သည်။ယမန်နေ့ ဇန်နဝါရီ(၂)ရက်က နေ့လည်(၂)နာရီဝန်းကျင်နှင့် ညနေ(၄) |
ထီးချိုင့်မြို့နယ်ရှိ ကျေးရွာအများစုကို ထိန်းချုပ်ထားနိုင်ပြီဟု ဒေသခံ PDF တပ်ဖွဲ့ပြေ Posted: 03 Jan 2022 02:47 AM PST ထီးချိူင့်၊ ဇန်နဝါရီ ၃စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ်အတွင်းရှိ ကျေးရွာအများစုကို လူထုထောက်ခံမှုအားကောင်းသော ထီးချိုင့်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထိန်းချုပ်ထားနိုင်ပြီဟု သိရသည်။ဥပမာအနေဖြင့် စစ်ကောင်စီသည် ထီးချိုင့်မြို့နယ်၌ မြို့ပေါ်ရပ်ကွက်နှင့် ပတ်၀န်းကျင်ရှိ ကျေးရွာ ၄ ခုကိုသာ အုပ်ချုပ်ခွင့်ရရှိပြီး ကျန်ရှိသည့် ကျေးရွာများကို တော်လှန်ရေးတပ်ဖွဲ့များက ထိန်းချုပ်ထားနိုင်ခဲ့သည်ဟု ထီးချိုင့် ပြည်သူ့ |
You are subscribed to email updates from THIT HTOO LWIN (Daily News). To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google, 1600 Amphitheatre Parkway, Mountain View, CA 94043, United States |
No comments:
Post a Comment
5
Note: Only a member of this blog may post a comment.