Monday, January 31, 2022

သစ်ထူးလွင်

သစ်ထူးလွင်


စစ်ကောင်စီက ထန်တလန်မြို့ကို ဇန်နဝါရီ ၃၁ ရက်ညနေပိုင်းတွင် မီးရှို့

Posted: 31 Jan 2022 06:10 AM PST

ချင်းပြည်နယ်၊ ထန်တလန်မြို့ TABC ရပ်ကွက်ဘောလုံးကွင်းနားတွင် ယနေ့ ဇန်နဝါရီ ၃၁ ရက်ညနေပိုင်းတွင် အာဏာသိမ်းစစ်ကောင်စီကောင်စီတပ်က ထပ်မံမီးရှို့လို့ ညနေ ၆ နာရီကျော်အထိ မီးလောင်နေဆဲလို့သိရတယ်။ မနေ့ ဇန်နဝါရီ ၃၀ ရက် နေ့လည်ပိုင်းကလည်း မီးလောင်သွားကြောင်းသိရပါတယ်။Zalen 

တောင်ကြီးမြို့ ဆိုင်တချို့ ကြိုတင်ပိတ်ထားကြ

Posted: 31 Jan 2022 06:06 AM PST

ဇန်နဝါရီ ၃၁သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တွင် ဖေဖော်ဝါရီ (၁)ရက် မတိုင်ခင်ကတည်းက စျေးသည်များမှအပ သွားလာသည့် ပြည်သူများ အနည်းအကျဉ်းသာ ရှိတော့ကြောင်း စုံစမ်းသိရှိရသည်။ဖေဖော်ဝါရီ (၁)ရက်နေ့သည် စစ်တပ်မှ နိုင်ငံတော် အာဏာသိမ်းခြင်း (၁)နှစ်ပြည့်ပြီး တစ်နိုင်ငံလုံး အသံတိတ်သပိတ် ပြုလုပ်မည်ကို စစ်ကောင်စီက နည်းမျိုးစုံဖြင့် ခြိမ်းခြောက်နေ‌ကြောင်း စုံစမ်းသိရှိရသည်။"တောင်ကြီးမြို့တွင်း အခြေနေက ဆိုင်တွေကျ

သျှမ်းရှေ့ ပြည်သူများ စစ်တပ်ထောက်ခံပွဲ ပါဝင်ပေးရန် ဖိအားပေးခံရ

Posted: 31 Jan 2022 06:05 AM PST

ဇန်နဝါရီ ၃၁ သျှမ်းပြည် အရှေ့ပိုင်း မိုင်းဖြတ်နှင့် မိုင်းတုံမြို့မှ ပြည်သူများသည် စစ်တပ်ထောက်ခံပွဲ၌ ပါဝင်ပေးရန် ဖိအားပေး စေခိုင်းခံရကြောင်း သတင်းသိရသည်။ ယနေ့ (ဇန်နဝါရီ ၃၁)ရက်တွင် မိုင်းတုံမြို့မှ ပြည်သူများသည် စစ်တပ်မှ နိုင်ငံတော် အာဏာသိမ်းမှု တစ်နှစ်ပြည့် အထိမ်းအမှတ်အနေဖြင့် တပ်မတော်ထောက်ခံပွဲ ပါဝင်ရန် ဖိအားပေးစေခိုင်းခံရကြောင်း ဒေသခံ အမျိုးသားတစ်ဉီးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ "သက်ဆိုင်ရာ ရပ်

လေးကေကော်ဒေသတွင် စစ်ကောင်စီတပ်အင်အား ၁၀၀ ကျော် ပြန်ဆုတ်သွားသော်လည်း နယ်မြေအခြေချစစ်ကြောင်းများ ဆက်ရှိနေသေး

Posted: 31 Jan 2022 06:02 AM PST

ဇန်နဝါရီ ၃၁ ရက်၊ ၂၀၂၂ ခုနှစ်။လေကေကော် ဒေသအတွင်း ဖလူးကြီး၊ ဖလူးလေးကျေးရွာဘက်အခြမ်း စစ်အင်အား တိုးချဲ့ နေရာယူထားသည့် တပ်မ ၄၄ လက်အောက်ခံ တပ်ရင်းအချို့ ပြန်ဆုတ်သွားသော်လည်း တပ်မ ၂၂ လက်အောက်ခံတပ်များ၊ ကမ်းရိုး တိုင်းစစ်ဌာနချုပ် လက်အောက်ခံတပ်များ၊ နယ်ခြားစောင့်တပ်-BGF တပ်ဖွဲ့များမှာ ဘုန်းကြီးကျောင်း၊ ဆေးခန်း၊ စာသင်ကျောင်းနှင့် လမ်းမအနီးဒေသခံနေအိမ်များတွင် စခန်းချနေထိုင်ဆဲဖြစ်ကြောင်း သိရသည်။"တပ်မ ၄၄

ဒီပဲယင်းမြို့နယ် ကျေးရွာ ၃ ရွာအတွင်း ဒေသခံများသိမ်းဆည်းထားသော စပါးများနှင့် နေအိမ် ၇လုံးအား စစ်ကောင်စီတပ်မှ မီးရှို့ဖျက်ဆီးခဲ့

Posted: 31 Jan 2022 06:01 AM PST

Photo- Voice of DepeyinJanuary 31,2022စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်က ကျေးရွာသုံးခုရှိလူနေအိမ်များနှင့် သိမ်းဆည်းထားသော စပါးများအား  စစ်ကောင်စီတပ်များကတစ်ရွာဝင်တစ်ရွာထွက်၍ မီးရှို့နေကြောင်း ဒေသခံများ ထံမှ သိရသည်။ယမန်နေ့  ဇန်နဝါရီလ ၃၀ ရက်နေ့ ညပိုင်းမှ စတင်ကာ ဝပါကျေးရွာနှင့် သပြေသာကျေးရွာ ရှိလူနေအိမ်များကို စတင်မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ပြီး ယနေ့ နံနက်ပိုင်းတွင် ငဝဲတောကျေးရွာတို့ ဝင်

သံလွင်မြစ်ကမ်း မယ်ခါးထာ့စစ်ကောင်စီတပ်ဖွဲ့ ဒီနေ့ည လက်နက်ကြီး၊ လက်နက်ငယ်ပစ်ခတ်

Posted: 30 Jan 2022 08:16 AM PST

ဓာတ်ပုံ - သံလွင်မြစ်ကမ်းက မယ်ခါးထာ့စစ်ကောင်စီတပ်စခန်းကိုတွေ့ရစဉ်။ (Photos: Salween Press)ဇန်နဝါရီလ ၃၀ ရက်နေ့၊ ၂၀၂၂ ဖာပွန်ခရိုင် KNU တပ်မဟာ ၅ နယ်မြေက သံလွင်မြစ်ကမ်းပေါ်ရှိ မယ်ခါးထာ့စစ်ကောင်စီတပ်စခန်းမှ တပ်ဖွဲ့ဝင်တွေက ဒီနေ့ညနေ ၁၀ နာရီနှင့် ၁၁ နာရီအချိန်မှာ လက်နက်ကြီး၊ လက်နက်ငယ်တွေ ပစ်ခတ်ခဲ့တယ်လို့ အနီးနားရှိဒေသခံရွာသားတွေကပြောပါတယ်။ "အိပ်ပျော်ခါနီးမှာ လက်နက်ပစ်ခတ်သံတွေကြားတယ်။ လက်နက်ကြီးရော၊

စစ်အုပ်စုပါတဲ့ ကားနှစ်စီး မိုင်းဆွဲတိုက်ခိုက်ခံရပြီး အနည်းဆုံး ၄ဦးသေဆုံး

Posted: 30 Jan 2022 08:11 AM PST

ချောင်းဦး၊ ဇန်နဝါရီ ၃၀၊ ၂၀၂၂။စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့ကနေ ဆင်ဖြူရှင်ဘက်ကို ထွက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေပါတဲ့ ကားနှစ်စီးကို PDF ၃ဖွဲ့ပေါင်းပြီး မိုင်းခွဲတိုက်ခိုက်ခဲ့လို့ ၄ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူတွေလည်းရှိခဲ့တယ်လို့ 27 Revolution Force-မြင်းခြံတာဝန်ခံဆီက သိရပါတယ်။ဇန်နဝါရီလ ၂၈ရက် ည၁၁ နာရီဝန်းကျင်လောက်မှာ ချောင်းဦး PDF ရဲ့ သတင်းပေးချက်အရ Pajaro ကားနဲ့ဲ့Honda Fit ကား ၂စီးပေါင်း စစ်

ချင်းပြည်နယ်မှ လူငယ်လူရွယ်များ ပြည်ပသို့ ထွက်ပြေးတိမ်းရှောင်မှုမလုပ်ကြရန် CDF နှိုးဆော်

Posted: 30 Jan 2022 08:08 AM PST

ကန်ပက်လက်၊ ဇန်နဝါရီ ၃၀ချင်းပြည်နယ်အတွင်းရှိ လူငယ်နှင့်လူလတ်ပိုင်းအရွယ်များ ပြည်နယ်ကို စွန့်ခွာတိမ်းရှောင်ခြင်းမပြုဘဲ တိုက်ပွဲဝင်ကြရန် ချင်းပြည်သူ့ကာကွယ်ရေးတပ် (ကန်ပက်လက်) အဖွဲ့က ယနေ့ ဇန်နဝါရီ (၃၀) ရက်တွင် တိုက်တွန်းလိုက်သည်။ အကြမ်းဖက်စစ်ကောင်စီက နိုင်ငံ့အာဏာသိမ်းယူပြီးနောက် ရရာလက်နက်စွဲကိုင်တော်လှန်ခဲ့ပြီး စစ်ကောင်စီဖက်ကလည်း ချင်းပြည်အပါအဝင် တိုင်းရင်းသားဒေသများကို ထိုးစစ်ဆင်ကာ စစ်ရေးတင်းမာလျက်

မြိုင်မြို့နယ် မြို့ခင်းသာရွာအတွင်း စစ်ကောင်စီတပ်၏ အကြမ်းဖက်မှုကြောင့် နေအိမ်(၄)လုံး နှင့် ဆိုင်ကယ်(၄)စီး မီးလောင်ပျက်စီး

Posted: 30 Jan 2022 08:03 AM PST

မကွေးတိုင်း၊ မြိုင်မြို့နယ်‌၊ မြို့ခင်းသာရွာအတွင်းသို့ အကြမ်းဖက် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့်  နေအိမ် မီးလောင်ပျက်စီးခဲ့ရကြောင်း သိရသည်။အကြမ်းဖက် စစ်ကောင်စီတပ်သည် ယနေ့ ၂၀၂၂ခုနှစ် ဇန်နဝါရီလ(၃၀)ရက်နေ့အကူး နံနက်(၁)နာရီဝန်းကျင်အချိန်က စပြီး မြို့ခင်းသာရွာအတွင်းသို့ လက်နက်ကြီးများဖြင့် (၇)ကြိမ် ပစ်ခတ်မှုကြောင့် နေအိမ်တစ်လုံးပေါ် ကျရောက် မှုကြောင့် နေအိမ်တစ်လုံး အရင်ဆုံး

ကောလင်းမြို့နယ်အတွင်း ရွှေတွင်းရွာတွင် အကြမ်းဖက် စစ်ကောင်စီတပ်က နေအိမ်အတွင်း‌ မွှေနှောက်ရှာဖွေကာ တန်ဖိုးရှိပစ္စည်းများ ခိုးယူသွား

Posted: 30 Jan 2022 08:02 AM PST

Photo: KR-Teamစစ်ကိုင်းတိုင်း၊ ကောလင်းမြို့ အနောက်ခြမ်း ရွှေတွင်းရွာတွင် ဇန်နဝါရီလ(၂၇)ရက်နေ့ကစပြီး တပ်စွဲသွားသည့် အကြမ်းဖက် စစ်ကောင်စီတပ်က ပြည်သူ့အိမ်ထဲ ဝင်‌ရောက်ကာ ပစ္စည်းများခိုးယူသည့်အပြင် အိမ်တွင်းပစ္စည်းများကိုလည်း မွှေနှောက် ဖျက်ဆီးသွားကြောင်း ကောလင်း PDF က ယနေ့ ဇန်နဝါရီလ(၃၀)ရက်တွင် သတင်းထုတ်ပြန်လာသည်။တပ်စွဲထားသည့်ကာလအတွင်းမှာလည်း နေအိမ်တွင် မွေးထားသည့် ကြက်များကိုသတ်၍ ချက်စားသွားကြောင်း

ချင်းပြည်နယ်မှ လူငယ်တွေအနေနဲ့ ပြည်ပကို ထွက်ပြေးမတိမ်းရှောင်ဘဲ တော်လှန်ရေးမှာ အတူတူပါဝင်ဖို့ CDF-Kanpetlet တိုက်တွန်း

Posted: 30 Jan 2022 07:59 AM PST

ချင်းပြည်နယ်အတွင်းမှာရှိတဲ့ အသက် ၁၈နှစ်ကနေ ၄၀အကြား လူငယ်နဲ့လူလတ်ပိုင်းတွေအနေနဲ့ ချင်းပြည်နယ်ကို စွန့်ခွာပြီး ပြည်ပကိုထွက်ခွာတာ တော်လှန်ရေးကို မျက်ကွယ်ပြုတာတွေ မလုပ်ကြဖို့ CDF (Kanpetlet)က ဒီကနေ့ ဇန်နဝါရီလ ၃၀ရက်နေ့မှာ ထုတ်ပြန်ချက်ထုတ် လှုံဆော်လိုက်ပါတယ်။မြန်မာတစ်နိုင်ငံလုံး ဖက်ဒရယ်ဒီမိုကရေစီရရှိရေးနဲ့ ချင်းတိုင်းရင်းသားတွေ ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေး တန်းတူညီမျှမှုရှိရေးအတွက် စစ်အုပ်စုကို အမြစ်

ချောင်းဦးမြိူ့နယ်တွင်ပျူ​စောထီးများကို အကြမ်းဖက်သမားအဖြစ်သတ်မှတ်​ချေမှုန်း​တော့မည်ဟု PDF သတိ​ပေး

Posted: 30 Jan 2022 08:21 AM PST

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်တွင် ပြည်သူ့စစ်အမည်ခံ လက်နက်ကိုင်ပျူစောထီးများကိုအကြမ်းဖက်စစ်ကောင်စီ၏ လက်နက်ကိုင်အကြမ်းဖက်များအဖြစ် သက်မှတ်ကာ တိုက်ခိုက်ချေမှုန်းသွားမည်ဖြစ်ကြောင်း ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတိပေးလိုက်သည်။ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ယနေ့ဇန်နဝါရီလ ၃၀ ရက်နေ့တွင် သတိပေးကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ရာ အဆိုပါကြေညာချက်တွင် ချောင်းဦးမြို့နယ်အတွင်း

က​လေး-တမူးလမ်းတိုက်ပွဲစစ်​ကောင်စီတပ် အရာရှိတစ်ဦးအပါအဝင် သုံးဦး​သေ

Posted: 30 Jan 2022 07:56 AM PST

 (တမူး PDF တပ်ဖွဲ့ဝင်များ ။ ဓါတ်ပုံ- တမူးPDF)စစ်အာဏာသိမ်းနှစ်ပတ်လည်နေ့တွင် စစ်အာဏာရှင်အား ဆက်လက်ချေမှုန်းသွားမည်ကို သတိပေးသည့်အနေဖြင့် အကြမ်းဖက်စစ်ကောင်စီတပ်များကို ကလေး-တမူးမြို့ကြားရှိ အာရှလမ်းမကြီးတွင် ယနေ့ နှစ်ကြိမ်တိုက်ခိုက်ခဲ့ကြောင်း PDF(တမူး)တပ်ရင်း-၃ က ပြန်ကြားရေးတာဝန်ခံကပြောသည်။ တမူးမြို့မှ ကလေးမြို့သို့ထွက်ခွာလာသည့် အကြမ်းဖက်စစ်ကောင်စီတပ်များတင်လာသည့် ကားနှစ်စီးကို မိုင်းခွဲတိုက်ခိုက်

စစ်ကား မလာမီ ရှေ့ပြေးလမ်းရှင်းရသော စစ်ကိုင်း ညောင်ပင်ဝန်းရဲစခန်းမှ စကစ ရဲနှစ်ဦး မိုင်းဆွဲခံရ၊နှစ်ဦးလုံး ပက်လက်လန်ကျသွားပြီး သေမည်ဟု ခန့်မှန်း၊

Posted: 30 Jan 2022 07:54 AM PST

ညောင်ပင်ဝန်းရွာအဝင် တံတား (ပုံဟောင်း)/ Photo - CJဇန်နဝါရီ - ၃၀မန္တလေး - မုံရွာကားလမ်းတွင် စစ်ကားများ ဖြတ်သန်းသွားလာခြင်း မပြုမီ ရှေ့ပြေး လမ်းရှင်းပေးရသော စစ်ကိုင်းမြို့ ညောင်ပင်ဝန်းရဲစခန်းမှ စကစ လက်အောက်ခံ ရဲနှစ်ဦး မိုင်းဆွဲတိုက်ခိုက်ခံရကာ နှစ်ဦးလုံး သေမည်ဟု ခန့်မှန်းကြောင်း ဒေသခံ သတင်းရင်းမြစ်များက MFP သို့ ပြောသည်။ယနေ့ ဇန်နဝါရီ(၃၀)ရက် ညနေ(၆)နာရီကျော်အချိန်က မန္တလေး - မုံရွာကားလမ်း၊ ညောင်ပင်ဝန်း

ဝမ်းတွင်းမြို့နယ် ဒလန် အသတ်ခံရမှုနှင့် ပတ်သက်၍ စစ်အုပ်စုက ဒေသခံသုံးဦးကို စွပ်စွဲကာ တစ်ဦးကို ပစ်သတ်ပြီး နှစ်ဦးကို ဖမ်းဆီး၊

Posted: 30 Jan 2022 07:52 AM PST

ဇန်နဝါရီ - ၃၀မန္တလေးတိုင်း မိတ္ထီလာခရိုင် ဝမ်းတွင်းမြို့နယ်တွင် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး၊ စကစ သတင်းပေးဒလန်ဆိုသူ အသတ်ခံရမှုနှင့် ပတ်သက်၍ စစ်အုပ်စုက ဒေသခံ သုံးဦးကို စွပ်စွဲကာ တစ်ဦးကို ပစ်သတ်ပြီး နှစ်ဦးကို ဖမ်းဆီးရမိကြောင်း သတင်းလွှင့်သည်။ပြီးခဲ့သည့် နိုဝင်ဘာလအတွင်းက စကစ သတင်းပေးအဖြစ် နာမည်ထွက်သူ ဝမ်းတွင်းမြို့နယ် သဲတောလေးကျေးရွာ ဘုန်းကြီးတစ်ပါး အသတ်ခံရမှုနှင့် ဇန်နဝါရီ(၂၈)ရက်က ဝမ်းတွင်း

မြိုင်မြို့နယ်ထဲက ရဲစခန်းတစ်ခုကို PDF ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်၊ လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရမိ

Posted: 30 Jan 2022 07:50 AM PST

ဇန်နဝါရီ ၃၀ ရက်၊ မြိုင်မကွေးတိုင်း မြိုင်မြို့နယ် လင်းကတော ရဲစခန်းကို မနေ့ နေ့လယ် ၂ နာရီဝန်းကျင်မှာ PDF ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်ပြီး မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။အဆိုပါ ရဲစခန်းကို ရေစကြို၊ မြိုင်နဲ့ ဆားလင်းကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့က ပူးပေါင်းပြီး ၁ နာရီကြာ တိုက်ပွဲဆင်နွှဲခဲ့တယ်လို့ ရေစကြို PDF က မနေ့ ဇန်နဝါရီ ၂၉ ရက် ည ၉ နာရီကျော်မှာ ထုတ်ပြန်ထားပါတယ်။ပုသိမ်မုံ

ရေဖြူမြို့နယ်၊ ရလိုင်ရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို PDF နှစ်ခုပူးပေါင်းတိုက်ခိုက်၊ စစ်ကောင်စီတပ်သားတစ်ဦးသေ

Posted: 30 Jan 2022 07:46 AM PST

တနင်္သာရီတိုင်းမ်၊ ဇန်နဝါရီ ၃၀ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်က ရလိုင်ကျေးရွာစာသင်ကျောင်းမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို ဇန်နဝါရီလ ၂၉ ရက်နေ့ မနက်က တိုက်ခိုက်ခဲ့တယ်လို့ လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန့ပါတယ်။ Launglone  People Defence Force ( LPDF ) နဲ့ Dawei Guerrilla Revolution Force ( DGRF ) တို့ အတူပူးပေါင်းပြီး မနက် ၃ နာရီ ၂၀ မိနစ်မှာဝင်ရောက်တိုက်ခိုက်ခဲ့ပြီး မိနစ်

ထားဝယ်နဲ့ ရေဖြူမြို့နယ်က ရွာတွေကို စစ်ကြောင်းထိုးတဲ့ စစ်ကောင်စီတပ်က စစ်သား ၃၀ နီးပါးသေ

Posted: 30 Jan 2022 07:45 AM PST

တနင်္သာရီတိုင်းမ်၊ ဇန်နဝါရီ ၃၀ ထားဝယ်မြို့နယ်နဲ့ ရေဖြူမြို့နယ်ထဲ ရွာတွေကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားတွေထဲက စစ်သား ၃၀ နီးပါး သေဆုံးနိုင်တယ်လို့ PDF အဖွဲ့တွေရဲ့ ထုတ်ပြန်ချက်တွေနဲ့ ဒေသခံတွေရဲ့ပြောဆိုချက်တွေအရ သိရပါတယ်။ စစ်ကောင်စီတပ်တွေဟာ ထားဝယ်မြို့နယ်ထဲက ခေါင်တိုင်ပြင်၊ မြင်းမတ်တပ်၊ ပိန္နဲချောင်း(ကုလားချောင်း)၊ မြေးခန္တီ၊ ဟာမြင်းကြီးရွာတွေကို ဇန်နဝါရီလ ၁၉ ရက်က စတင်ဝင်ရောက်လာခဲ့ပြီး ပြည်

လွိုင်ကော်တိုက်ပွဲ၌ စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦး သေဆုံးပြီး တော်လှန်ရေး ရဲဘော်တစ်ဦး ကျဆုံးခဲ့ရ

Posted: 30 Jan 2022 07:30 AM PST

                                                    ယနေ့မွန်းတည့် (၁၂း၃၀) နာရီတွင် လွိုင်ကော်မြို့နယ်၊ လွိုင်လင်လေကျေးရွာအုပ်စု ကုန်းဆွတ် ကျေးရွာအနီးတွင်  စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များကို ကရင်နီတပ်မတော် (KA)နှင့်  KNDF တို့မှ တိုက်ခိုက်ခဲ့သည်။ တိုက်ပွဲမှာ မွန်းတည့် (၁၂း၃၀) မှ  မွန်းလွဲ (၁၄း၃၀)နာရီ အထိကြာမြင့်ခဲ့ပြီး၊ လွိုင်လင်လေးဖက်မှ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့အများအပြား

ယတြာအစီအရင်များရေးဆွဲထားသည့် ကျပ် ၅၀၀၀ တန်များ လေယာဉ်ဖြင့် စစ်တောင်းမြစ်ထဲကြဲချ

Posted: 30 Jan 2022 07:28 AM PST

မဲခေါင်၊ ဇန်နဝါရီ ၃၀ယတြာအစီအရင်များ၊ အင်းကွက်များ ရေးဆွဲထားသည့် ကျပ် ၅၀၀၀ တန်များကို တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ် အရှေ့ဘက် စစ်တောင်းမြစ်ထဲသို့ စစ်ကောင်စီက လေယာဉ်ဖြင့် ကြဲချကြောင်း ဒေသခံများက သတင်းပေးပို့သည်။ပလပ်စတစ်လောင်းထားသည့် ၅၀၀၀ ကျပ်တန်များမှာ အတုအစစ် သေချာစွာမသိရသော်လည်း ရှေ့ဘက်ရော နောက်ဘက်တွင်ပါ အင်းကွက်များ၊ ယတြာရုပ်ပုံများ ရေးဆွဲထားကြောင်း ဒေသခံများ ပေးပို့လာသည့် ပုံများအရသိရသည်။

ချောင်းဦးမြို့မှ ဖြတ်သန်းလာသော စစ်ကောင်စီအိမ်စီးကား၂စီးကို မြင်းခြံ PDFတပ်ပေါင်းစုများမှ မိုင်းခွဲးတိုက်ခိုက်ရာ စကစ ယာဥ်မောင်း တစ်ဦးသေဆုံး

Posted: 30 Jan 2022 07:26 AM PST

မဲ‌ခေါင်၊ ဇန်နဝါရီ ၃၀စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့မှ ဖြတ်သန်းလာသော စစ်ကောင်စီဘက်မှ Pajaroကားနှင့် Honda Fit ကား ၂စီးကို ချောင်းဦးဆင်ဖြူရှင်လမ်းပိုင်း၌ PDF မဟာမိတ် (၃)ဖွဲ့မှ ပဒေသာမိုင်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း 27 Revolution Forceမှ ယနေ့ ထုတ်ပြန်ထားသည်။ယင်းတိုက်ခိုက်မူတွင် 27 Revolution Force (မြင်းခြံ)၊Myaung Special People's Defense Force (MSPDF)၊TTA ပြောက်ကျားတပ် (တောင်သာ)ညီနှောင်

စစ်ကောင်စီလက်ထက်ပေါများလာသော ခိုးဆိုးလုနှိုက် များကို သတိပေးချက်မထုတ်တော့ပဲ ကျည်ဆံနဲ့သာအဆုံးဖြတ်ပေးမည်ဟု GOD က ထုတ်ပြန်

Posted: 30 Jan 2022 07:25 AM PST

( ဇန်နဝါရီလ ၃၀ ရက် )အာဏာသိမ်းစစ်ကောင်စီလက်ထက် အထိန်းအကွပ်မဲ့စွာနဲ့ ခိုးဆိုးလုနှိုက်အဖွဲ့များ အနယ်နယ် အရပ်ရပ်တွင် ပိုမိုများပြားလာခဲ့ပြီး လှိုင်သာယာမြို့နယ်တွင်လည်း ပေါ်ပေါ်တင်တင်ဆိုးရွာလာတဲ့အတွက် ဒေသအခြေစိုက် မြို့ပြပြောက်ကျားတပ်ဖွဲ့ဖြစ်တဲ့ Gods Of Death (GOD) က ကျည်ဆံနဲ့သာအဆုံးအဖြတ်ပေးတော့မည်ဟု ယမန်နေ့က ထုတ်ပြန်ထားပါတယ်။" နိုင်ငံရေးမတည်ငြိမ်တဲ့ကာလမှာ ကမ္ဘာမီးလောင် သားကောင်ချနင်းဆိုသလို ဗြောင်းကျ

စစ်ကောင်စီမှ မုံရွာမြို့ပေါ်ရှိ ဈေးဆိုင်အချို့ကို ဓာတ်ပုံရိုက်မှတ်တမ်းယူ၊အသံတိတ်သပိတ်တွင်ပါဝင်ပါက ဆိုင်ခန်းအားချိတ်ပိတ်အရေးယူမည်ဟု ခြိမ်းခြောက်

Posted: 30 Jan 2022 07:23 AM PST

ဇန်နဝါရီ၃၀၊မုံရွာစစ်ကိုင်းတိုင်း၊မုံရွာမြို့တွင် အကြမ်းဖက်စစ်ကောင်စီမှ ဖေဖော်ဝါရီ၁ရက်နေ့နိုင်ငံတဝှမ်းပြုလုပ်ကျင်းပမည့် အသံတိတ်သပိတ်တွင် ဈေးဆိုင်ခန်းများပိတ်ထားပါက ဆိုင်အားချိတ်ပိတ်အရေးယူ၍ ယနေ့တွင်ဆိုင်ခန်းများအား ဓာတ်ပုံရိုက်သွားကြောင်း ချင်းတွင်းရိုးမသတင်းရင်းမြစ်ထံမှသိရသည်။အကြမ်းဖက်စစ်ကောင်စီတပ်သားများသည် မြို့ပေါ်ရှိဈေးဆိုင်တချို့ကိုဓာတ်ပုံရိုက်မှတ်တမ်းယူကာ ဈေးသည်များအနေဖြင့်အသံတိတ်သပိတ်တွင်

လွိုင်ကော်မြို့နယ် ကုန်းဆွတ်ကျေးရွာ နှင့် ခလရ ၂၅၁ တပ်ရင်းအနီး တို့တွင် တိုက်ပွဲများဖြစ်ပွား စစ်ကောင်စီတပ်သား ၆ ဦးသေ

Posted: 30 Jan 2022 07:22 AM PST

ဓာတ်ပုံ - KNDFဇန်နဝါရီ ၃၀ ရက်ကရင်နီ(ကယား)ပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ ကုန်းဆွတ်ကျေးရွာအနီးတွင် စစ်ကောင်စီတပ်နှင့် ကရင်နီ တပ် မတော်-KAနှင့် KNDFပူးပေါင်းအဖွဲ့များ ယနေ့နေ့လည် ၁၂ နာရီခွဲခန့်တွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့- KNDFက သတင်းထုတ်ပြန်ထားသည်။အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦး သေ ဆုံးခဲ့ကာ ဒဏ်ရာရရှိသူများပြားခဲ့ပြီး KNDF ဘက်မှ တပ် ဖွဲ့ဝင် ၁ ဦး ကျ

အသံတိတ်သပိတ်တွင် ပါဝင်ကြဖို့ လူမှုကွန်ရက်စာမျက်နှာမှတဆင့် လှုံ့ဆော်ခဲ့သည်ဟုဆိုကာ ပုသိမ်မြို့ခံအမျိုးသမီး ၂ ဦးအား စစ်ကောင်စီ ဖမ်းဆီး

Posted: 30 Jan 2022 07:20 AM PST

ပုသိမ်၊ ဇန်နဝါရီ ၃၀ ရက်ဧရာ၀တီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် အသံတိတ်သပိတ် - Silence Strikeတွင် ပါဝင်ကြဖို့ လူမှုကွန်ရက်စာမျက်နှာမှတဆင့် လှုံ့ဆော်ခဲ့သည်ဟုဆိုကာ မြို့ခံအမျိုးသမီး ၂ ဦးအား စစ်ကောင်စီက ယမန်နေ့က ဖမ်းဆီးထားသည်ဟု ပုသိမ်မြို့နယ် စစ်ကောင်စီက သတင်းထုတ်ပြန်ထားသည်။ဖမ်းဆီးခံရသူ ၂ ဦးမှာ ပုသိမ်မြို့၊အမှတ် (၆) ရပ်ကွက်​နေ မဝါဝါလှိုင်နှင့် အမှတ်(၄)ရပ်ကွက်နေ မငြိမ်းအေးအောင်တို့ ၂ဦးအား စစ်ကောင်စီက

No comments:

Post a Comment

5

Note: Only a member of this blog may post a comment.