သစ္ထူးလြင္ |
- လွတ်လပ်ရေးနေ့ည တာမွေတွင် ဗုံးသုံးလုံးပေါက်
- မြန်မာတွင် ကမ္ဘောဒီးယားဝန်ကြီးချုပ် ခြေချခွင့်လုံး၀မရအောင် လုပ်ဆောင်မည်ဟု တော်လှန်ရေးအဖွဲ့ ၃၀၀ခန့် ထုတ်ပြန်
- စစ်ကောင်စီကိုဆီသွင်းပေးသူဟုသတင်းထွက်နေသော မြတ်မေတ္တာမွန် ဆီဆိုင်တွင် ဗုံးပေါက်
- စစ်ကောင်စီဗိုလ်ကြီးတစ်ဦးနှင့် စစ်သား၂၄ယောက် သေဆုံးသည်ဟု အင်းတော်မြို့နယ် PDF ထုတ်ပြန်
- သီရိမင်္ဂလာစျေးသစ်ရှိ စည်ပင်ရုံးပစ်ခတ်ခံရ
- ဝက်လက် ညောင်ပင်ကြီးတောရွာ လေကြောင်းမှ ပစ်ခတ်ခံရမှု ဒေသခံနှစ်ဦး ထက်မနည်း သေဆုံး၊ အကြမ်းဖက် စစ်ကောင်စီက ဝက်လက်နယ်အတွင်း ရွာများကို ဆက်လက်မွှေနှောက်သောင်းကျန်းနေ၊
- စစ်ကိုင်း ပညာရေးကောလိပ် ကျောင်းသားနှစ်ဦးကို အကြမ်းဖက်စကစများ ဖမ်းဆီးနှိပ်စက် နေသဖြင့် အသက်အန္တရာယ် စိုးရိမ်ရ၊
- တကူရဲစခန်းကို ဒေသကာကွယ်ရေးအဖွဲ့တွေ ဝင်ရောက်စီးနင်း
- ကျိုက်ထိုမြို့ အဂ်ဘိုကျေးရွာ ဆီအုန်းခြံတွင် တပ်စွဲထားသေ ာအကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များ ချောင်ပိတ်ပစ်ခတ်ခံရပြီး ၃၄ ဦးသေဆုံး
- စစ်ကောင်စီတပ်ပစ်လိုက်သည့် လက်နက်ကြီးကြောင့် နေရပ်ပြန် အမျိုးသမီးတစ်ဦး ကျည်ထိမှန်သေဆုံး
- မန္တလေးကျောက်ဝိုင်း ဗုံးပေါက်ကွဲပြီး ကျောက်သမားတစ်ဦးသေဆုံး
- စစ်ကောင်စီထောက်ပို့ယာဉ် ၁၂ ဘီးကား မိုင်းဆွဲတိုက်ခိုက်ခံရပြီးပျက်စီး
- မုံရွာလဝကရုံးနှင့် စစ်ကောင်စီတပ်သားမျာစုနေသောနေရာကို ဒေသခံတော်လှန်ရးအဖွဲ့များ ဗုံးခွဲတိုက်ခိုက်
- ကချင်ဘက်မှ ဆင်းလာသော စကစကား အစီး(၃၀)ခန့်ကို ထီးချိုင့်တွင် မိုင်းဆွဲ၊ လက်နက်ကြီးဖြင့်ထု
- မတ္တရာတွင် စကစ ကားများ မိုင်းဆွဲခံရ၊ အသေများနိုင်
- ဖားကန့်လမ်းတွင် တိုက်ပွဲဖြစ်ပြီးနောက် ပြည်သူ ၂ ဦးကို စစ်ကောင်စီတပ် ဖမ်းဆီးခေါ်ဆောင်သွား
- အင်းတော် နှင့် ထီးချိုင့်အစပ်မှာ စစ်ကောင်စီတပ် ဂျက်လေယာဥ်ဖြင့်ဗုံးကြဲမှုကြောင့် ပြည်သူ ၁ ဦး သေဆုံး
- ရေဦးမှာ လွတ်လပ်ရေးနေ့ကျင်းပဖို့ရှိတဲ့ထွေအုပ်ရုံးခန်းမ ဗုံးပစ်ခံရ
- မွန်ဝန်ကြီးချုပ်ဟောင်းဒေါက်တာအေးဇံရဲ့ဇနီးနဲ့သား ဖမ်းဆီးခံရ
- လွိုင်ကော်မြို့ ခရိုင်စုပေါင်းရုံးကို KDF ဝင်ရောက်တိုက်ခိုက်
- လေးကေ့ကော်တွင် ယနေ့ လွတ်လပ်ရေးရေးနေ့ နံနက်အစောပိုင်းက တိုက်ပွဲဖြစ်ပွား
- တံတားဦးတွင် စစ်ကားနှစ်စီးကို မိုင်းဆွဲ၊ နှစ်စီးလုံးထိပြီး စကစ (၁၅)ဦးခန့် သေဟုဆို
- စစ်ကောင်စီတပ်က ထန်တလန်CDF နှင့်တိုက်ပွဲဖြစ်ပြီးနောက် မြို့ကို မီးထပ်ရှို့ ၊အိမ်၅၀ခန့်နှင့် ဘုရားကျောင်းနှစ်ကျောင်းမီးလောင်
- စစ်ကောင်စီတပ်ကို CDF မတူပီက နှစ်နေရာတွင်တိုက်ခိုက်၊ စစ်ကောင်စီတပ် ၅ဦးသေ၊ ၂ ဦးအရှင်ဖမ်းမိ၊၁၀ဦးဒဏ်ရာရ
လွတ်လပ်ရေးနေ့ည တာမွေတွင် ဗုံးသုံးလုံးပေါက် Posted: 04 Jan 2022 10:05 AM PST လွတ်လပ်ရေးနေ့ညတွင် တာမွေမြို့နယ်အတွင်း ဗုံး သုံးကြိမ်ပေါက်ကွဲခဲ့ကြောင်း ဒေသခံများကပြောသည်။ ယနေ့ညနေ ၆ နာရီမှ ည ၈နာရီကြားပေါက်ကွဲခဲ့ခြင်းဖြစ်သည်။ပေါက်ကွဲမှု သုံးခုကို တာမွေမြို့နယ်နေရာအနှံပြားက ကြားခဲ့ရပြီး ထိခိုက်ဒဏ်ရာရရှိမူကိုတော့ မသိရကြောင်း တာမွေမြို့နယ်တွင် နေထိုင်သူတစ်ဦးက ပြောသည်။ "ပေါက်ကွဲသံကြီးတော့ကြားလိုက်ရတယ်။ ပြီးတော့ ရဲတွေ စစ်သားတွေရောက်လာပြီးလမ်းတွေ ပိတ်ပြီးစစ်နေတယ်"ဟု တာမွေမြို့ |
Posted: 04 Jan 2022 10:04 AM PST (မန္တလေးမြို့တွင် ဝန်ကြီးချုပ် ဟွန်ဆန်ကို ကန့်ကွက်ရှုတ်ချကြောင်း ဆန္ဒပြကန့်ကွက်နေသည်ကို တွေ့ရစဥ်၊ ဓာတ်ပုံ - Poison)ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန်ကို မြန်မာနိုင်ငံတွင် လုံး၀ခြေချခွင့်မရအောင် နည်းလမ်းပေါင်းစုံဖြင့် ဆန့်ကျင်ကန့်ကွက်သွားမည်ဟု တော်လှန်ရေးအဖွဲ့အစည်း ၃၀၀ခန့်က ယနေ့(ဇန်နဝါရီ ၄ရက်) ထုတ်ပြန် ကြေညာသည်။ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန်၏ မြန်မာနိုင်ငံခရီးစဉ်သည် မြန်မာပြည်သူတရပ်လုံး၏ |
စစ်ကောင်စီကိုဆီသွင်းပေးသူဟုသတင်းထွက်နေသော မြတ်မေတ္တာမွန် ဆီဆိုင်တွင် ဗုံးပေါက် Posted: 04 Jan 2022 10:01 AM PST အကြမ်းဖက်စစ်ကောင်စီအတွက် စက်သုံးဆီ အပါအဝင် လေယာဥ်ဆီများ ဖြည့်တင်းပေးနေသည် ဟု နာမည်ကြီးသည့် တာမွေရှိ မြတ်မေတ္တာမွန်(MMTM) ဆီဆိုင်တွင် ဗုံးပေါက်ကွဲကြောင်းဒေသခံများက လူထုနွေဦးသို့ပြောသည်။ယနေ့(ဇန်နဝါရီ ၄ ရက်) ညနေ ၆ နာရီခန့်က ကျယ်လောင် သော အသံ၊တုန်ခါမှုနှင့်အတူ မြတ်မေတ္တာမွန်ဆီဆိုင်အနီး ပေါက်ကွဲမှုဖြစ်ပွားခြင်းဟု မျက်မြင်တွေ့ရှိသူတစ်ဦးက ဆိုသည်။"လမ်စလျှောက်နေတုန်း မြေကြီးပါတုန်တယ်။ဓာတ်ဆီဆိုင်နဲ့ |
စစ်ကောင်စီဗိုလ်ကြီးတစ်ဦးနှင့် စစ်သား၂၄ယောက် သေဆုံးသည်ဟု အင်းတော်မြို့နယ် PDF ထုတ်ပြန် Posted: 04 Jan 2022 09:56 AM PST 4 January 2022မနေ့က စစ်ကောင်စီစစ်သား အယောက် ၅၀ ကျော်စီးနှင်းလိုက်ပါလာပြီး မြစ်ကြီးနားမြို့မှ မန္တလေးဘက်သို့ ထွက်ခွာလာသည့် စစ်ကောင်စီကားတစ်စီးကို အင်းတော်မြို့နယ် စီပိန်းနှင့် ဖားပန့်ကျေးရွာကြားတွင် KIA နှင့် အင်းတော်မြို့နယ် PDF တို့ ပြောက်ကျားချုံခိုတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က သေဆုံးသူနှင့် ဒဏ်ရာရရှိသူများကြောင်း အင်းတော်မြို့နယ် PDF မှ သတင်းထုတ်ပြန်ထားသည်။သေဆုံးသူမှာ ဗိုလ်ကြီးတစ်ဦးနှင့် |
သီရိမင်္ဂလာစျေးသစ်ရှိ စည်ပင်ရုံးပစ်ခတ်ခံရ Posted: 04 Jan 2022 09:49 AM PST ရန်ကုန်၊ ဇန်နဝါရီ ၄ဒီဇင်ဘာလကုန်ပိုင်းက အသေးစားပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် သီရိမင်္ဂလာစျေးသစ်ရှိ စည်ပင် ရုံးကို အမည်မသိလက်နက်ကိုင်အဖွဲ့ က ယနေ့ (ဇန်နဝါရီ ၄ ) ည ၈ နာရီဝန်းကျင်ကဝင်ရောက် ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း စျေးသူစျေးသားများထံမှသိရသည်။"ပစ်သွားတာတော့ဟုတ်တယ်။ စျေးထဲကလူတော်တော်များများလဲ ပြန်ကုန်ကြတယ်။ ဟိုတစ်ခေါက်ကလိုဖြစ်မှာစိုးလို့"ဟု သီရိမင်္ဂလာစျေးသစ်ရှိ သစ်သီးပွဲရုံတစ်ခုတွင် အလုပ်လုပ် ကိုင်နေ |
Posted: 04 Jan 2022 09:45 AM PST ဇန်နဝါရီ - ၄စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ် ညောင်ပင်ကြီးတောရွာကို အကြမ်းဖက် စစ်ကောင်စီက ဇန်နဝါရီ(၃)ရက် နေ့လည်ပိုင်းတွင် ရဟတ်ယာသ်လေးစီးဖြင့် ပစ်ခတ်တိုက်ခိုက် ဗုံးကျဲခဲ့ရာ ဒေသခံ အရပ်သားပြည်သူ နှစ်ဦး ထက်မနည်း သေဆုံးကြောင်း နီးစပ်သူများက MFP သို့ ပြောသည်။"မနေ့က လေယာဉ်တွေနဲ့ ဗုံးလာကျဲတော့ ဆုံးတာပေါ့။ နှစ်ဦးသေတယ်။ အခုထိ အလောင်းတွေက မကောက်နိုင်သေးဘူး။ ရွာထဲမှာလည်း စစ်ခွေးတွေက တပ်စွဲထားတယ်" ဟု ဒေသခံတစ်ဦးက |
Posted: 04 Jan 2022 09:46 AM PST အကြမ်းဖက် စစ်အုပ်စုက ကျောင်းသားလူငယ်နှစ်ဦး ညှဉ်းပန်းနှိပ်စက်ခံနေ/ Photo - ပညာရေးကောလိပ် ကျောင်းသားမဂ္ဂ ကိုယ်စားပြုကော်မတီ, Htoo Khant Zawဇန်နဝါရီ - ၄စစ်ကိုင်း ပညာရေးကောလိပ် ကျောင်းသား ကိုမင်းခန့်ဇော်(ခ)မင်းခန့်နှင့် အသက်မပြည့်သေးသူ တစ်ဦးဖြစ်သော မောင်အောင်ပြည့်ဖြိုးတို့ကို အကြမ်းဖက် စစ်အုပ်စုက ဖမ်းဆီးနှိပ်စက်နေသဖြင့် အသက်အန္တရာယ် စိုးရိမ်နေရကြောင်း ပညာရေးကောလိပ် ကျောင်းသားများသမဂ္ဂ ကိုယ်စားပြု |
တကူရဲစခန်းကို ဒေသကာကွယ်ရေးအဖွဲ့တွေ ဝင်ရောက်စီးနင်း Posted: 04 Jan 2022 03:45 AM PST တနင်္သာရီ၊ ဇန်နဝါရီ ၄တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်၊ တကူကျေးရွာရှိ တကူရဲစခန်း ဇန်နဝါရီလ ၃ ရက်နေ့ ညနေပိုင်းက မီးရှို့ဖျက်စီးခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။အဆိုပါ မီးရှို့ဖျက်စီးမှုကို ဒေသကာကွယ်ရေးအဖွဲ့တစ်ခုဖြစ်တဲ့ ဘက်မလိုက်ပြောက်ကျားအဖွဲ့က လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။မီးရှို့ဖျက်စီးခံရတာကြောင့် ရဲစခန်းရှိ စာရွက်စာတမ်းတွေ၊ လျှပ်စစ်ပစ္စည်းတွေ၊ ပရိဘောဂပစ္စည်းတွေ၊ ယူနီဖောင်းတွေ၊ အသုံးအဆောင် |
Posted: 04 Jan 2022 03:33 AM PST မွန်ပြည်နယ် ကျိုက်ထိုမြို့ အဂ်ဘိုကျေးရွာ ဆီအုန်းခြံ တွင်တပ်စွဲထားသောအကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ ချောင်ပိတ်ပစ်ခတ်ခံရပြီး ၃၄ဦး သေဆုံးသွားကြောင်း သိရသည်။ဇန်နဝါရီ ၄ ရက် နံနက် ၇ နာရီခန့်တွင် ကျိုက်ထိုမြို့ တော်လှန်ရေးအဖွဲ့ Kyaikhto Revolution and Information Networkမှ ချောင်ပိတ်ပစ်ခတ်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီဘက်မှ အထိအခိုက်အကျဆုံးများကြောင်းသိရသည်။အဆိုပါ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် ယနေ့ |
စစ်ကောင်စီတပ်ပစ်လိုက်သည့် လက်နက်ကြီးကြောင့် နေရပ်ပြန် အမျိုးသမီးတစ်ဦး ကျည်ထိမှန်သေဆုံး Posted: 04 Jan 2022 03:30 AM PST ဇန်နဝါရီ ၄ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီမြဝတီတောင်ဘက်ရှိ လေးကေကော်ဒေသတွင် ယမန်နေ့ ဇန်နဝါရီလ ၃ ရက် ညနေက စစ်ကောင်စီတပ်မှ ပစ်လိုက်သည့် လက်နက်ကြီးကြောင့် နေရပ်ပြန်သည့် အသက် ၄၀ နှစ်အရွယ် ဖလူးကြီးဒေသခံ အမျိုးသမီးတစ်ဦး လက်နက်ကြီး ကျည်ထိမှန်သေဆုံးခဲ့သည်ဟု သိရသည်။အမည်မဖော်လိုသူ စစ်ရှောင်ကူညီကယ်ဆယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက " မနေ့ ညနေ ၃ နာရီခွဲ လောက်မှာ တိုက်ပွဲဖြစ်လို့ စစ်တပ်ပစ်လိုက်တဲ့ လက်နက်ကြီးနဲ့မှန်တာ |
မန္တလေးကျောက်ဝိုင်း ဗုံးပေါက်ကွဲပြီး ကျောက်သမားတစ်ဦးသေဆုံး Posted: 04 Jan 2022 03:27 AM PST မန္တလေးမြို့၊ မဟာအာင်မြေကျောက်မျက်ဝိုင်းရောင်းဝယ်ရေးစခန်းအတွင်း ဗုံးပေါက်ကွဲမှုကြောင့် ကျောက်သမားတစ်ဦးသေဆုံးခဲ့ပါတယ်။ မန္တလေးကျောက်ဝိုင်းအတွင်း အရှေ့ဘက်ခြမ်းမှာ နံနက် ၈ နာရီလောက်က ဗုံးပေါက်ကွဲမှုနှစ်ကြိမ်ဖြစ်ပွားပြီး ညအိပ်စောင့်တဲ့ ကျောက်သမားတစ်ဦးသေဆုံးခဲ့တယ်လို့ ကျောက်အရောင်းအဝယ်ပြုလုပ်သူတစ်ဦးကပြောပါတယ်။" မနက်ခင်းအစောပိုင်းပဲ အုန်းခနဲအသံအကျယ်ကြီးပဲ။ ကျောက်ဝိုင်းထဲကိုအရင်လို ဝင်ပြီးအလုပ်လုပ် |
စစ်ကောင်စီထောက်ပို့ယာဉ် ၁၂ ဘီးကား မိုင်းဆွဲတိုက်ခိုက်ခံရပြီးပျက်စီး Posted: 04 Jan 2022 03:25 AM PST ဇန်နဝါရီလ ၄ရက်၊ SGGစစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်တွင် စစ်ကောင်စီထောက်ပို့ ၁၂ဘီးကား ၁စီးကို ဇန်နဝါရီလ ၃ရက်နေ့ ည ၁၂နာရီအချိန် ဝန်းကျင်တွင် စစ်ကိုင်း-ရွှေဘို ကားလမ်းမကြီးပေါ် ဘုရားပြန်တောင်ဘက်တွင် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။စစ်ကိုင်းမှရွှေဘိုဦးတည်လာတဲ့ စကစထောက်ပို့ ကားနောက်ပိုင်းကို မိုးကာအုပ်ထားတဲ့ ၁၂ဘီးကားကြီး ၁စီးကို ပရိုလိုက်အဖွဲ့ နှင့် ကြောင်လက်သည်း |
Posted: 04 Jan 2022 03:21 AM PST စစ်ကိုင်းတိုင်း၊ မုံရွာမြို့ရှိ လ.ဝ.က(လူဝင်မှုကြီးကြပ်ရေး) ရုံး ယနေ့နံနက်ပိုင်းကဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခံရကြောင်း မြို့ခံများက ပြောသည်။ ယနေ့ (ဇန်နဝါရီလ ၄ရက်နေ့) နံနက် ၁၁နာရီခန့်က စစ်ကိုင်းတိုင်း၊မုံရွာမြို့ အမြင့်လမ်းခွဲရှိ လဝကရုံးအား Monywa Revolution Army၊ Monywa Heroes Groupနှင့် South Monywa-PDF တို့ကလက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ၎င်းတို့က ထုတ်ပြန်သည်။အဆိုပါ ဗုံးပစ် |
ကချင်ဘက်မှ ဆင်းလာသော စကစကား အစီး(၃၀)ခန့်ကို ထီးချိုင့်တွင် မိုင်းဆွဲ၊ လက်နက်ကြီးဖြင့်ထု Posted: 04 Jan 2022 03:20 AM PST ကားလေးစီး ထိပြီး စကစများ အသေအပျောက်ရှိနိုင်ဟုဆို၊MFP ၊ ဇန်နဝါရီ - ၄မန္တလေး - ဗန်းမော် ကားလမ်းအတိုင်း ကချင်ပြည်နယ်ဘက်မှ ဆင်းလာသော စကစ ကားအစီး(၃၀)ခန့်ကို ယန့ မနက်ပိုင်းတွင် ထီးချိုင့်မြို့နယ်၌ ဒေသ ကာကွယ်ရေး တပ်ဖွဲ့များက မိုင်းဆွဲ၍ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ထီးချိုင့် တော်လှန်ရေးအဖွဲ့ - TR က ပြောသည်။ယနေ့ ဇန်နဝါရီ(၄)ရက် မနက်အစောပိုင်းက အကြမ်းဖက် စစ်ကောင်စီ၏ ရိက္ခာတင်ယာဉ်တန်း ကား( |
မတ္တရာတွင် စကစ ကားများ မိုင်းဆွဲခံရ၊ အသေများနိုင် Posted: 04 Jan 2022 03:18 AM PST MFP ၊ ဇန်နဝါရီ - ၄မန္တလေး - ထီးချိုင့်လမ်း စဥ့်ကူးဘက်မှ ဆင်းလာသော အကြမ်းဖက် စစ်ကောင်စီ၏ စစ်ကားများကို ယနေ့ မနက်ပိုင်းတွင် မတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - ပ.က.ဖ မတ္တရာက မိုင်းနှစ်လုံးခွဲ၍ တိုက်မှုခဲ့ရာ စကစများ ထိခိုက်သေဆုံးမှု များနိုင်ကြောင်း သတင်းရရှိသည်။ယနေ့ ဇန်နဝါရီ(၄)ရက် မနက်ပိုင်းတွင် စဥ့်ကူးမြို့နယ်ဘက်မှ ဆင်းလာသော စစ်ကားများကို ပတ်လည်အင်းရွာနှင့် ပဲလှော်ဖိုရွာကြားတွင် ပ.က.ဖ မတ္တ |
ဖားကန့်လမ်းတွင် တိုက်ပွဲဖြစ်ပြီးနောက် ပြည်သူ ၂ ဦးကို စစ်ကောင်စီတပ် ဖမ်းဆီးခေါ်ဆောင်သွား Posted: 04 Jan 2022 03:12 AM PST January 4, 2022/ Kachin News Groupဖားကန့်မြို့နယ် ဆိုင်းဖရာကျေးရွာတွင် ယနေ့ နံနက်ပိုင်း ၁၀ နာရီဝန်းကျင်ခန့်က စစ်ကောင်စီတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ကြား ထိတွေ့တိုက်ပွဲဖြစ်ပွားပြီးနောက် ဒေသခံ ၂ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားသည်ဟု သိရသည်။"မနက် ၁၀ နာရီလောက်မှာ တိုက်ပွဲဖြစ်ပြီး ငြိမ်သွားတော့ ဘာမှမဖြစ်တော့ဘူးထင်ပြီး မီးသွေးလုပ်တဲ့ဘက်ကို အလုပ်သွားရင်း ဖမ်းခံရတာ" ဟု အမည်မဖော်လိုသူ ဒေသခံ |
အင်းတော် နှင့် ထီးချိုင့်အစပ်မှာ စစ်ကောင်စီတပ် ဂျက်လေယာဥ်ဖြင့်ဗုံးကြဲမှုကြောင့် ပြည်သူ ၁ ဦး သေဆုံး Posted: 04 Jan 2022 03:10 AM PST January 4,2021/ Kachin News groupစစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ် နှင့် ထီးချိုင့်နယ်အစပ်ရှိ ဂဟဲရွာဟောင်းတွင် ယနေ့ နေ့လည် ၁၂နာရီဝန်းကျင်ခန့်က စစ်ကောင်စီတပ်မှ ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့သည့်အတွက် နေအိမ်အချို့မီးလောင်ပြီး ဒေသခံအမျိုးသမီး ၁ ဦး ကျည်ထိမှန်သေဆုံးခဲ့ကြောင်း သိရသည်။" လေယာဉ်နဲ့ ဗုံးကြဲတာ တစ်အိမ်မှာဘဲ နှစ်လုံးကျသွားတယ်လို့ သိရတယ်။ ဗုံးဆထိမှန်တာက အဲဗုံးကျတဲ့ဘေးအိမ်က |
ရေဦးမှာ လွတ်လပ်ရေးနေ့ကျင်းပဖို့ရှိတဲ့ထွေအုပ်ရုံးခန်းမ ဗုံးပစ်ခံရ Posted: 04 Jan 2022 03:07 AM PST စစ်ကိုင်းတိုင်း၊ ရေဦးမြို့မှာ ဒီနေ့ ဇန်နဝါရီလ ၄ ရက်၊လွတ်လပ်ရေးနေ့အခမ်းအနား ကျင်းပဖို့ရှိနေတဲ့ အထွေထွေအုပ်ချုပ်ရေးရုံးခန်းမကို ဗုံးပစ်တိုက်ခိုက်ခဲ့တယ်လို့ ဒေသကာကွယ်ရေးတပ်ဘက်က သတင်းထုတ်ပြန်လာပါတယ်။စစ်ကောင်စီရဲ့လွတ်လပ်ရေးနေ့ သဝဏ်လွှာဖတ်ကြားပြီး အခမ်းအနား မကျင်းပနိုင်အောင် ဟန့်တားတဲ့အနေနဲ့ ဒီနေ့ မနက် ၇ နာရီဝန်းကျင်မှာ အခုလိုပြုလုပ်တာလို့လည်း ဆိုပါတယ်။ခါတိုင်းနှစ်တွေမှာ လွတ်လပ်ရေးနေ့ အခမ်းအနားကို |
မွန်ဝန်ကြီးချုပ်ဟောင်းဒေါက်တာအေးဇံရဲ့ဇနီးနဲ့သား ဖမ်းဆီးခံရ Posted: 04 Jan 2022 03:06 AM PST မွန်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဒေါက်တာအေးဇံရဲ့ ဇနီး ဒေါ်ခင်အေးမူနဲ့ သားဖြစ်သူ ကိုနေဖြိုးဇံတို့ကို စစ်ကောင်စီက ဇန်နဝါရီလ ၃ရက်မှာ လာရောက် ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။ကျိုက်ထိုမြို့နယ်၊ သိမ်ဆိပ်ဇရပ်မြို့၊ သုံးခွကျေးရွာက နေအိမ်မှာရှိနေချိန် ည ၈ နာရီဝန်းကျင်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အင်အားအများအပြားနဲ့လာရောက် ဖမ်းဆီးခဲ့တာလို့ သိရပါတယ်။သူတို့ကို ဖမ်းဆီးချိန် စစ်ကောင်စီဘက်က အိမ်အနီးဝန်းကျင်နဲ့နေအိမ် |
လွိုင်ကော်မြို့ ခရိုင်စုပေါင်းရုံးကို KDF ဝင်ရောက်တိုက်ခိုက် Posted: 03 Jan 2022 06:37 PM PST ကယားပြည်နယ် လွိုင်ကော်မြို့ ဒေါဥခူရပ်ကွက်ရှိ ခရိုင်စုပေါင်းရုံးကို ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သားသုံးဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိကြောင်း ကရင်နီဒီမိုကရက်တစ်တပ်ဦး (KDF) က ယနေ့(ဇန်နဝါရီ ၄ ရက်)တွင် ထုတ်ပြန်သည်။ တိုက်ပွဲ ဖြစ်စဥ်မှာ ဇန်နဝါရီ ၃ရက် ည၁၁နာရီခန့်တွင် ပြည်သူများ၏သတင်းပေးပို့ချက်အရ ကရင်နီဒီမိုကရက်တစ်တပ်ဦး (KDF) နှင့် GZ-21 ညီနောင် နှစ်ဖွဲ့ပူးပေါင်း၍ ခရိုင်စုပေါင်းရုံးရှိ ကင်းပုန်း |
လေးကေ့ကော်တွင် ယနေ့ လွတ်လပ်ရေးရေးနေ့ နံနက်အစောပိုင်းက တိုက်ပွဲဖြစ်ပွား Posted: 03 Jan 2022 06:28 PM PST ကရင်ပြည်နယ် မြဝတီမြို့တောင်ဘက် ကေအဲန်ယူတပ်မဟာ ၆ နယ်မြေအတွင်းရှိ လေးကေ့ကော်မြို့သစ်တွင် ယနေ့ ဇန်နဝါရီလ ၄ ရက် လွတ်လပ်ရေးနေ့၌ နံနက်အစောပိုင်းကတည်းက တိုက်ပွဲဖြစ်ပွားနေခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။လေးကေ့ကော်မြို့သစ်အတွင်း ဝင်ရောက်တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်များ နှင့် ဒေသခံပူးပေါင်းတပ်များ ယနေ့ နံနက် ၄ နာရီကျော်ကျော်အချိန်ကတည်းက တိုက်ပွဲဖြစ်နေခဲ့သည်ဟု ဒေသခံသတင်းအရင်းမြစ်တစ်ဦးက ပြောသည်။" မနက် |
တံတားဦးတွင် စစ်ကားနှစ်စီးကို မိုင်းဆွဲ၊ နှစ်စီးလုံးထိပြီး စကစ (၁၅)ဦးခန့် သေဟုဆို Posted: 03 Jan 2022 06:41 PM PST MFP ၊ ဇန်နဝါရီ - ၃မန္တလေးတိုင်း တံတားဦးမြို့နယ်တွင် အကြမ်းဖက် စစ်ကောင်စီ လက်နက်ကိုင်များ လိုက်ပါလာသော ကားနှစ်စီးကို ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စကစ (၁၅)ဦးထက် မနည်း သေပြီး ငါးဦးခန့် ထိခိုက်ဒဏ်ရာရသွားကြောင်း မြောင်မြို့နယ် TGR ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့က သတင်းထုတ်ပြန်သည်။ယနေ့ ဇန်နဝါရီ(၃)ရက် မနက်ပိုင်းက တံတားဦးမြို့မှ ထွက်လာသော စခကား နှစ်စီးကို ကံကြီးရွာအကျော် (၉)မိုင်ဆီဆိုင်ကွေ့တွင် တော်လှန်ရေး မဟာမိတ် |
Posted: 03 Jan 2022 06:22 PM PST (စစ်ကောင်စီတပ်က ထန်တလန်မြို့ကို ယနေ့မီးထပ်ရှို့ပြန်သည်။ ဓါတ်ပုံ-CJ)ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဖြစ်သည့် CDF-ထန်တလန်နှင့် တိုက်ပွဲဖြစ်ပွားပြီးနောက် အကြမ်းဖက်စစ်ကောင်စီက ထန်တလန်မြို့ကို မီးလောင်ဗုံးဖြင့် ပစ်ခတ်ပြီးထပ်မံမီးရှို့ခဲ့ကြောင်း ဒေသခံများက ပြောသည်။ မီးလောင်ဗုံးဖြင့်ပစ်ခတ်သောကြောင့် ထန်တလန်မြို့ အမှတ်(၁)ရပ်ကွက်မှ လူနေအိမ် ၅၀ ခန့်နှင့် ခရစ်ယာန်ဘုရားကျောင်း နှစ်ကျောင်းတို့ မီးလောင်သွားသည်ဟု |
Posted: 03 Jan 2022 06:19 PM PST ချင်းပြည်နယ်၊ မတူပီတွင် အကြမ်းဖက်စစ်ကောင်စီတပ်ကို ယနေ့ တစ်ရက်တည်း၌ နှစ်နေရာ ဝင်တိုက်ရာတွင် စစ်သား ၅ ဦးသေ၊ ၁၀ ဦး ဒဏ်ရာရပြီး ၂ ဦး အရှင်ဖမ်းမိထားသည်ဟု ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့ -CDF(မတူပီ)က သတင်း ထုတ်ပြန်သည်။ ထိုတိုက်ပွဲများသည် ယနေ့ (ဇန်နဝါရီ ၃ ရက်)တွင် မတူပီ-ပလက်ဝလမ်းနှင့် မတူပီ-ဟားခါးလမ်းပေါ်တို့၌ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။မတူပီ - ပလက်၀ လမ်းမပေါ်ရှိ စစ်ကောင်စီတပ်စွဲထားသောထယ်ဘွေး တပ်စခန်းကို ယနေ့ |
You are subscribed to email updates from THIT HTOO LWIN (Daily News). To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google, 1600 Amphitheatre Parkway, Mountain View, CA 94043, United States |
No comments:
Post a Comment
5
Note: Only a member of this blog may post a comment.