Friday, January 14, 2022

သစ်ထူးလွင်

သစ်ထူးလွင်


မြစ်ခြေရဲစခန်းအနီး ဗုံးပေါက်

Posted: 14 Jan 2022 05:11 AM PST

မကွေးတိုင်း မြစ်ခြေမြို့ရဲစခန်းအနီးတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံများက လူထုနွေဦးသို့ ပြောသည်။ယနေ့(ဇန်နဝါရီ ၁၄) နံနက်၈နာရီခွဲခန့်တွင် မြို့သစ်ရပ်ကွက် မြစ်ခြေရဲစခန်းလမ်းထိပ်အနီး၌ အိတ်အမဲဖြင့် ထုပ်ထားသည့် ဗုံးသုံးလုံးပေါက်ကွဲခဲ့ခြင်းဟု ၎င်းတို့က ဆိုသည်။"ရဲကတုတ်နဲ့ သွားထိုးတုန်းပေါက်တာ။ ရဲတစ်ယောက်တော့ ထိသွားတယ်"ဟု မြို့ခြေမြို့မှ အငြိမ်းစားအစိုးရ ဝန်ထမ်းတစ်ဦးက ပြောသည်။ဗုံးပေါက်ကွဲမှု

ဒီပဲယင်း ယဉ်ကျေးရွာကို စစ်ကောင်စီက ရဟတ်ယာဉ်ဖြင့် စီးနင်းတိုက်ခိုက်၊ PDFများကလည်း စိုင်ပြင်စခန်းကို မိုင်းဖြင့်တိုက်ခိုက်

Posted: 14 Jan 2022 05:09 AM PST

စစ်ကိုင်းတိုင်း ယဉ်ကျေးရွာကို စစ်ကောင်စီတပ်က ရဟတ်ယာဉ်ဖြင့် ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ခြင်းကြောင့် ပြည်သူ့ကာကွယ်ရေးတပ်(PDF)များက ယဉ်ကျေးရွာနှင့် ၁၀မိုင်ခန့်အကွာရှိ စိုင်ပြင်ရဲစခန်းကို တိုက်ခိုက်ခဲ့သည်ဟု ဒီပဲယင်းဒေသခံတစ်ဦးက ပြောသည်။" PDF တွေရှိတယ်လို့ သူတို့ သတင်းရလို့ လာပစ်တာနေမှာပေါ့။ ရွာကတော့ ထိတယ်။ ဘုန်းကြီးကျောင်း မီးရှို့ထားခဲ့တယ်။ ယဉ်ကျေးတောကျောင်းကို မီးရှို့တာ။ ရွာထဲမှာလည်းအခုရှိနေသေး

မန္တလေး၌ လျှပ်စစ်မီတာခများ ခြိမ်းခြောက်ကောက်ခံနေချိန် မဟာအောင်မြေ EPC ရုံး ပေါက်ကွဲမှုဖြစ်၊

Posted: 14 Jan 2022 05:08 AM PST

ဇန်နဝါရီ - ၁၄ မန္တလေးမြို့ ၃၅ လမ်းနှင့် ၈၆ လမ်းအနီးရှိ မဟာအောင်မြေမြို့နယ် လျှပ်စစ်ရုံးတွင် ယနေ့ ဇန်နဝါရီ(၁၄)ရက် နံနက်(၇) နာရီကျော်အချိန်က ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများက MFP သို့ ပြောသည်။ကျယ်လောင်သော ပေါက်ကွဲသံ ကြားရပြီးနောက် သေနတ်ပစ်ခတ်သံလည်း ကြားရကြောင်း ဒေသခံများက ဆိုသည်။ အဆိုပါ ပေါက်ကွဲမှုနှင့်ပတ်သက်၍ MFP အနေဖြင့် အသေးစိတ် အခြေအနေများ မသိရသေးပါ။လက်ရှိတွင် စစ်ကောင်စီက မန္တလေးမြို့အ

မတ္တရာ ကောက်ရိုးပုံရွာကို စစ်အုပ်စုက လေးကြိမ်မြောက် ဝင်စီးကာ မီးရှို့နေ၊ အသတ်ခံရသူ ဒလန်၏သား ဒု-ရဲအုပ်က အဖွဲ့ခေါ်ကာ မီးရှို့သောင်းကျန်းနေဟုဆို၊

Posted: 14 Jan 2022 05:06 AM PST

မတ္တရာမြို့နယ် ကောက်ရိုးပုံရွာရှိ နေအိမ်များကို ယနေ့ ဇန်နဝါရီ(၁၄)ရက်တွင် စစ်အုပ်စုက မီးရှို့ဖျက်ဆီးနေစဉ်/ Photo - CJဇန်နဝါရီ - ၁၄မန္တလေးတိုင်း မတ္တရာမြို့နယ် ကောက်ရိုးပုံရွာသို့ စစ်အုပ်စုက လေးကြိမ်မြောက် စီးနင်းဝင်ရောက်ကာ နေအိမ်များကို မီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံများက MFP သို့ ပြောသည်။ယမန်နေ့ ဇန်နဝါရီ(၁၃)ရက် ညပိုင်းမှ စတင်ကာ ကောက်ရိုးပုံရွာအတွင်း မီးရှို့နေခြင်း ဖြစ်ပြီး ဒေသခံများ ရွာလုံးကျွတ်

ဖာပွန်မြို့ပြင်အခြေစိုက် ခမရ (၄၃၄) ကို KNU တပ်မဟာ (၅) ဝင်တိုက်၊ စစ်ကောင်စီတပ်သား ၁ ဦး သေဆုံး

Posted: 14 Jan 2022 05:02 AM PST

ဓာတ်ပုံ - KNU ကရင်ပြည်နယ်၊ ဖာပွန်မြို့အခြေစိုက် ခမရ (၄၃၄) တပ်အား ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၅) တပ်ဖွဲ့ဝင်များက ယနေ့ (ဇန်နဝါရီ ၁၄ ရက်) နံနက်ပိုင်းတွင် ဝင်ရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သတင်းထုတ်ပြန်သည်။ယနေ့ နံနက် ၆ နာရီ ၄၀ မိနစ်ခန့်က ဝင်ရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ပစ်ခတ်မှုအတွင်း စစ်ကောင်စီတပ်သား ၁ ဦး သေဆုံးကြောင်း သိရသည်။ ထိုသို့ ပစ်ခတ်မှု ပြုလုပ်ပြီးနောက် စစ်ကောင်စီတပ်၏ မထော

စစ်ကောင်စီက ဒီပဲယင်းတွင် ရဟတ်ယာဉ်ဖြင့်ပစ်ခတ်တိုက်ခိုက်

Posted: 14 Jan 2022 04:59 AM PST

ဒီပဲယင်း - ဇန်နဝါရီ ၁၄၊ ၂၀၂၂။ စစ်ကောင်စီတပ်က ရဟတ်ယာဉ်သုံးစင်းဖြင့် စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် ယဉ်ကျေးကျေးရွာကို ယနေ့ မွန်းလွှဲ ၁ နာရီခွဲခန့်က လာရောက်ပစ်ခတ်ခဲ့ကြောင်း သိရသည်။ရဟတ်ယာဉ်သည် ယနေ့နံနက်ပိုင်းမှစ ဒီပဲယင်းမြို့နယ် ဝေဟင်တွင် ဝဲနေခဲ့ပြီး မွန်းလွှဲ ၁ နာရီခွဲခန့်က ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ခိုင်လုံသည့် သတင်းရင်းမြစ်တစ်ဦးက The 74 Media ကိုပြောသည်။ "၁၁ လောက်စပြီး ဝဲနေပါတယ်။ ပုဇဉ်းသုံးကောင်

မုံကိုးတွင် စစ်ကောင်စီနှင့် ကေအိုင်အေတိုက်ပွဲဆက်လက်ပြင်းထန်

Posted: 14 Jan 2022 04:57 AM PST

မုံကိုး - ဇန်နဝါရီ ၁၄၊ ၂၀၂၂။စစ်ကောင်စီတပ်နှင့် ကချင်လွတ်မြောက်ရေးတပ်(KIA) တို့ကြား ယနေ့နေ့လည် ၁၂ နာရီခန့်က မုံကိုးမြို့နယ် ဆမာ့ကျေးရွာအနီးတွင် တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ကြောင်း သိရသည်။ကေအိုင်အေ တပ်မဟာ ၆ တပ်ရင်း ၃၆ တပ်စခန်းရှိရာသို့ စစ်ကောင်စီစစ်ကြောင်း ချီတက်လာသောကြောင့် တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးက The 74 Mediaကိုပြောသည်။ "စစ်တပ်ဘက်က စစ်ကြောင်းထိုးလာတာပေါ့ ဆမာ့ရွာ

ဖလူးလေးကျေးရွာတိုက်ပွဲ မြန်မာစစ်တပ်က တိုက်ခိုက်ရေးသုံး စစ်ရဟတ်ယာဉ် (၂) စင်းဖြင့်လာရောက်တိုက်ခိုက် ဒေသခံများထိုင်းဘက်တိမ်းရှောင်

Posted: 14 Jan 2022 04:55 AM PST

ဇန်နဝါရီ -  ၁၄  -  ၂၀၂၂ယနေ့ မြန်မာစံတော်ချိန် နေ့လယ် (၁၂) နာရီခန့်တွင်  မြဝတီတောင်ဘက်အရပ်  ဖလူးလေးကျေးရွာရှိ 'ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် ( DKBA) ဗိုလ်စလုံးစခန်းကို မြန်မာစစ်တပ်က တိုက်ခိုက်ရေးရဟတ်ယာဉ် (၂) စင်းဖြင့်လာရောက်တိုက်ခိုက်နေသည့်အတွက် ဒေသခံများထိုင်းဘက်ခြမ်းသို့ တိမ်းရှောင်နေကြရသည်။မြန်မာစစ်တပ်သည် ဖလူလေးကျေးရွာရှိ  ဗိုလ်စလုံးစခန်းကို မြေပြင်ထိုးစစ်ဖြင့် တိုက်ခိုက်သိမ်းပိုက်နိုင်ရန်

ထီးချိုင့်မြို့နယ် မရသိမ်ရွာတိုက်ပွဲတွင် စစ်ကောင်စီတပ်မှ အချင်းချင်း ဗုံးမှားကျဲမိ၍ စကစတပ်သား (၂၀) ခန့်သေဆုံး

Posted: 14 Jan 2022 04:49 AM PST

Photo - အကြမ်းဖက်စစ်ကောင်စီ တိုက်လေယာဉ်များ ဇန်နဝါရီ ၁၄စစ်ကိုင်းတိုင်းဒေသကြီး၊ ထီးချိူင့်မြို့နယ် မရသိမ်ရွာတွင် ယမန်နေ့က စစ်ကောင်စီတပ်မှ အချင်းချင်းဗုံးမှားကျဲမိ၍ စစ်ကောင်စီတပ်သား (၂၀) ဦးခန့် သေဆုံးခဲ့ကြောင်း သိရသည်။ယမန်နေ့ မနက် ၉ နာရီခွဲမှစတင်၍ ထီးချိုင့်မြို့နယ် တောမရွာ၊ မရသိမ်ရွာ၊ မင်းဝံတောင်ခြေတန်းဖက်အား PDF များ အထိုင်ချနေသည်ဟု သတင်းရ၍ တိုက်လေယာဉ် (၃) စီးဖြင့် တစ်ကြိမ်လျှင် ဗုံးသီး (၁၀) လုံး

ဒဏ်ရာရရှိသော ရဲဘော် (၂) ဦးအား အကြမ်းဖက်စစ်ကောင်စီလက်မှ ဝင်ရောက်ကယ်ထုတ်ရင်း ဒီးမော့ဆို PDF မှ အသက် (၂၁) အရွယ် လူငယ်တစ်ဦးကျဆုံး

Posted: 14 Jan 2022 04:47 AM PST

ဇန်နဝါရီ ၁၄ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ငွေတောင်ဆည်အနီး ရွှေယောက်ရပ်ကွက်တွင် ကင်းပုန်းဝပ်ချထားသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များအား ဒီးမော့ဆိုပြည်သူ့ကာကွယ်ရေးတပ် DMO-PDF တပ်ဖွဲ့က ယမန်နေ့ မွန်းလွဲ ၂ နာရီခန့်က ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်းသိရသည်။အဆိုပါတိုက်ပွဲအတွင်း ဒဏ်ရာရရှိခဲ့သော ရဲဘော် (၂) ဦးအား ဝင်ရောက်ကယ်ဆယ်ရင်း အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့၏ စနိုက်ဘာလက်ချက်ကြောင့် ဒီးမော့ဆို PDF မှ တပ်ဖွဲ့ဝင်

တာချီလိတ် ပုန်းထွန်တာဝါတိုင်ကုန်း အနီးတဝိုက် ၂ကြိမ်ဆက် ပေါက်ကွဲမှုဖြစ်

Posted: 14 Jan 2022 04:41 AM PST

မဲခေါင်၊ ဇန်နဝါရီ ၁၄ပေါက်ကွဲမှုများ ဆက်တိုက်ဖြစ်နေသည့် တာချီလိတ်မြို့တွင် ဇန်နဝါရီလ ၁၄ရက် နံနက် ၁၁နာရီ ကျော်ခန့်က ပုန်းထွန်ရပ်ကွက် တာဝါတိုင်ကုန်းအနီးတွင် ပေါက်ကွဲမှု ၂ကြိမ်ဆက် ဖြစ်ပွားကြောင်း ဒေသခံများထံမှ စုံစမ်းသိရသည်။"၂ကြိမ်ဆက်တိုက်ပေါက်တာပဲ။ ပုန်းထွန်တာဝါတိုင်ကုန်းနားတဝိုက်ကနေ ကြားရတာ။ မြို့နယ်ရဲစခန်း အနောက်ပေါက်ကို ဝင်ပစ်တာလို့လည်း ပြောတယ်။ သေချာတော့မသိရသေးဘူး" ဟု ဒေသခံတစ်ဦးက ပြောသည်။လက်ရှိ

တောင်ကြီးတွင် အာဏာသိမ်းစစ်ခေါင်းဆောင်ကို ဆဲဆိုထားသည့်စာတန်းအား စစ်တပ်မှ လာဖြုတ်စဉ် ဗုံးပေါက်ကွဲ

Posted: 14 Jan 2022 04:40 AM PST

မဲခေါင်၊ ဇန်နဝါရီ ၁၄ရှမ်းပြည်နယ်၏မြို့တော်၊ တောင်ကြီးမြို့တွင် ယနေ့၊ မွန်းလွှဲပိုင်းအချိန်က အာဏာသိမ်းစစ်ခေါင်းဆောင်ကို ဆဲဆိုထားသည့်စာတန်းအား စစ်တပ်မှ လာဖြုတ်စဉ် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း ဒေသခံပြည်သူများထံမှ သိရသည်။တောင်ကြီးမြို့ မြကန်သာအဝိုင်းအနီး ယနေ့နံနက်ပိုင်းကချိတ်ဆွဲခဲ့သော စာတန်းအားလာဖြုတ်သည့် စစ်ကောင်စီတပ်သားများအား တောင်ကြီး Local PDFအဖွဲ့တစ်ခုမှ ဗုံးခွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်

မုံရွာတွင် စစ်ကောင်စီမှဦးစီးကျင်းပသည့် လမ်းဖွင့်ပွဲအခမ်းအနား ပွဲပျက်ပြီးဆုံး၊ပေါက်ကွဲသံများနှင့်အတူ စစ်ကောင်စီတပ်သားများ ထွက်ပြေးရ

Posted: 14 Jan 2022 04:34 AM PST

Photo-မုံရွာချင်းတွင်းရိုးမ /မုံရွာလူထုသပိတ်စစ်ကြောင်းဖြိုခွင်းသည့် စစ်ကောင်စီတပ်သားများ ပုံအဟောင်းဖြစ်သည်။ဇန်နဝါရီ၁၄၊ချင်းတွင်းရိုးမ၊မုံရွာစစ်ကိုင်းတိုင်း၊မုံရွာမြို့တွင် စစ်ကောင်စီမှဦးစီးကျင်းပသည့် လမ်းနှစ်လမ်းဖွင့်ပွဲအခမ်းအနား ဒီကနေ့မနက်အစောပိုင်းက ပွဲပျက်ပြီးဆုံးသွားကြောင်း တပ်ဘက်ဆိုင်ရာ သတင်းရပ်ကွက်ထံမှ မုံရွာချင်းတွင်းရိုးမသတင်းဌာနမှ သိရသည်။ မုံရွာမြို့ အောင်သပြေလမ်းတွင် ယနေ့ဇန်နဝါရီ၁၄ရက်

ဖလမ်းမြို့အခြေစိုက် ခလရ(၂၆၈)မှ တပ်သားတစ်ဦး လက်နက်အပြည့်စုံဖြင့် CNDF ထံ အလင်းဝင်

Posted: 14 Jan 2022 04:31 AM PST

ဇန်နဝါရီ ၁၄ ရက်ချင်းပြည်နယ်၊ဖလမ်းမြို့နယ်၊ ခလရ(၂၆၈)တပ်မှ တပ်သားတစ်ဦး လက်နက်အပြည့်စုံဖြင့် CNDF ထံ အလင်းဝင်လာကြောင်း ချင်းအမျိုးသားအဖွဲ့ချုပ် - CNO က သတင်းထုတ်ပြန်ထားသည်။၎င်းမှာ ခလရ(၂၆၈)တပ်မှ တပ်သား ဇင်လင်းအောင်(ကိုယ်ပိုင်အမှတ် တ-၅၄၂၁၂၁) ဖြစ်ပြီး မှ အကြမ်းဖက်စစ်ကောင်စီအပေါ် နာကျည်းချက်များစွာ ရှိသောကြောင့်ဟုဆိုကာ ပြည်သူနှင့်အတူပူးပေါင်းရန် CNO/CNDF ထံသို့ လက်နက်အပြည့်စုံဖြင့် အလင်းဝင်ရောက်ခဲ့

ရှေ့တန်းမှပြန်ရောက်ရောက်ချင်း ရှေ့တန်းပြန်လွှတ်သဖြင့် ဖယ်ခုံအခြေစိုက် ခမရ (၄၂၁) က စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ ဦး ထွက်ပြေး

Posted: 14 Jan 2022 04:30 AM PST

ဓာတ်ပုံ - စစ်ဆင်ရေးထွက်နေသည့်စစ်ကောင်စီတပ်ဖွဲ့ဝင်များ(ပုံဟောင်း)ဇန်နဝါရီ ၁၄ ရက်ရှမ်းပြည်နယ်(တောင်ပိုင်း)၊ဖယ်ခုံမြို့အခြေစိုက် စစ် ကောင်စီ၏ ခမရ(၄၂၁)တပ်ရင်းမှ စစ်ကောင်စီတပ် ဖွဲ့ဝင် ၈ ဦး ဇန်နဝါရီ ၁၂ ရက် မနက် ၂ နာရီခွဲဝန်းကျင်က အဆို ပါတပ်ရင်းမှ ထွက်ပြေးသွားကြောင်း ယင်းစစ်တပ်နှင့်နီးစပ်သူများထံကသိရသည်။အဆိုပါစစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ကရင်နီဒေသစစ်ဆင်ရေးနယ်မြေများမှ ဇန်နဝါရီ ၁၂ ရက်နေ့က တပ် ရင်းသို့

မြစ်ခြေမြို့မရဲစခန်းရှေ့တွင် 14/1/2022 ရက် (သောကြာနေ့) နံနက် ၈း၀၀ နာရီအချိန်ခန့်တွင် မြစ်ခြေ - ကျွန်းချောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မိုင်းဆွဲ

Posted: 14 Jan 2022 04:24 AM PST

စာအမှတ်  ၃/သတ/၁/၂၀၂၂ ရက်စွဲ။ ။ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ၊ ၁၄ ရက် ၁။ အကြမ်းဖက်လက်နက်ကိုင်များကို မြစ်ခြေမြို့မရဲစခန်းရှေ့တွင် 14/1/2022 ရက် (သောကြာနေ့) နံနက် ၈း၀၀ နာရီအချိန်ခန့်တွင် ကျွန်ုပ်တို့ မြစ်ခြေ - ကျွန်းချောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့သည်။ ၂။ ၎င်းတိုက်ခိုက်မှုဖြစ်စဉ်တွင် အကြမ်းဖက်လက်နက်ကိုင် ၁ ကောင် သေဆုံးပြီး အဝီစိသို့သွားကာ ၁ကောင် ထိခိုက်ဒဏ်ရာရရှိသွားပြီး ဒုက္ခိတဘဝ

ထီးချိုင့်တွင် ‌စစ်ကောင်စီတိုက်လေယာဉ်ကို ဒေသကာကွယ်ရေးတပ်များ ပစ်ချ

Posted: 13 Jan 2022 07:33 PM PST

မဲခေါင်၊ ဇန်နဝါရီ ၁၄ထီးချိုင့်မြို့နယ်အတွင်း ‌လေကြောင်းတိုက်ခိုက်မှုပြုလုပ်သည့် စစ်ကောင်စီ၏ တိုက်လေယာဉ်တစ်စင်းကို ဒေသကာကွယ်ရေးတပ်ဖွဲ့ PDF များက ဇန်နဝါရီလ ၁၃ရက်က ပစ်ချလိုက်ကြောင်း ခိုင်လုံသည့် သတင်းရင်းမြစ်က မဲခေါင်ကိုပြောသည်။စစ်ကောင်စီက တိုက်လေယာဉ် ၂စင်းဖြင့် ထီးချိုင့်ဒေသရှိ PDF များကို တိုက်ခိုက်ခြင်းဖြစ်ပြီး ဒေသကာကွယ်ရေးတပ်များမှ ပြန်လည်ပစ်ခတ်ရာ ပျက်ကျသွားခြင်းဖြစ်ကြောင်း အဆိုပါ သတင်းရင်းမြစ်က

လောင်းလုံး သကျက်တောရွာသားတစ်ဦး နတ်ပွဲက ကြက်ဝိုင်းမှာ သေနတ်ပစ်ခတ်ခံရ

Posted: 13 Jan 2022 07:30 PM PST

တနင်္သာရီတိုင်းမ်၊ ဇန်နဝါရီ ၁၃ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ သကျက်တောရွာသားတစ်ဦး ကြက်ဝိုင်းမှာ သေနတ်ပစ်ခတ်ခံရပြီး ဆေးရုံကို အရေးပေါ်ကားနဲ့ တင်ပို့သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ သေနတ်ပစ်ခတ်ခံရတဲ့သူကတော့ ဦးသန်းထိုက်ဆိုသူဖြစ်ပြီး တောကျဲရွာနတ်ပွဲမှာ ကြက်ဝိုင်းလုပ်နေတုန်း ပစ်ခတ်သွားတာဖြစ်တယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။ "ဖြစ်တာက နေ့လည်တစ်နာရီလောက်မှာ ဖြစ်တာ။ သေနတ်ပစ်ခံရပြီး မိနစ်သုံးဆယ်လောက်ပဲကြာ

တီးတိန်မြို့နယ်တိုက်ပွဲ စကစ ၇ဦးသေဆုံး၊ ဖမ်းဆီးခံရတဲ့ တော်လှန်ရေးတပ်ဖွဲ၀င်တစ်ဦး ထွက်ပြေးလွတ်မြှောက်နိုင်ခဲ့

Posted: 13 Jan 2022 07:27 PM PST

ဇန်နဝါရီလ ၁၂ ရက်နေ့က ကလေးမြို့မှ ချင်းပြည်နယ်ဘက်ကို တက်လာသော စကစအင်းအား ၁၀၀ ကျော် နှင့် PDF Zoland၊ CDM Siyin၊ Zogam Army၊ People's Defence Army (PDA) ပူးပေါင်းတပ်ဖွဲ့အကြား ယနေ့မနက်ပိုင်း ၁၀နာရီခန့်တွင် တီးတိန်မြို့နယ်၊ ထေးဇန်ရွာအနီးတွင် တိုက်ပွဲဖြစ်ပွားပြီး စကစဘက်မှ ၇ဦး သေဆုံးခဲ့ကြောင်း PDF-Zoland မှ ထုတ်ပြန်သည်။ မနက်ပိုင်းတိုက်ပွဲဖြစ်ပွားပြီးနောက် နေ့လည် ၂ နာရီခန့်တွင် ထေးဇန်ရွာ၊ ကော်ဖီခြံရှိ

နေအိမ်တွေကို မီးရှို့ပြီး PDF ‌တွေကို တောနင်းရှာဖွေတဲ့ စစ်အုပ်စု မြွေကိုက်ခံရလို့ ၂ ဦးသေဆုံး

Posted: 13 Jan 2022 07:25 PM PST

ရေစကြို၊ ဇန်နဝါရီ ၁၃၊ ၂၀၂၂။ရေစကြိုက နေအိမ်အချို့ကို မီးရှို့ ဖျက်ဆီးပြီး PDF တွေကို တောနင်းရှာဖွေဖို့သွားတဲ့ စစ်ကောင်စီတပ်သားတွေထဲက ၂ ဦး မြွေကိုက်ခံရပြီး သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ စစ်ကောင်စီတပ်တွေဟာ ဇန်နဝါရီ ၁၂ ရက် မနေ့ကညနေပိုင်းက မကွေးတိုင်း၊ ရေစကြို့ မြို့နယ်၊ လှေခုတ်ရွာရှိ နေအိမ်အချို့နဲ့ ပစ္စည်းတွေကို မီးရှို့ဖျက်ဆီးတာတွေအပြင် အိမ်မွေးတိရိစ္ဆာန်တွေကိုပါ သတ်ဖြတ်စားသောက်ပြီးတဲ့

PDF တွေ ပုလဲမြို့မရဲစခန်းကို ‌လက်နက်ကြီးနဲ့စမ်းသပ်ပစ်ကြည့်

Posted: 13 Jan 2022 07:22 PM PST

ပုလဲ၊ ဇန်နဝါရီ ၁၃၊ ၂၀၂၂။ စစ်ကိုင်းတိုင်း၊ ပုလဲမြို့မရဲစခန်းကို ဇန်နဝါရီ ၁၂ ရက် မနေ့ကည ၁၁ နာရီလောက်က PDF ၄ ဖွဲ့ပေါင်းပြီး တာဝေးပစ်ဒုံးနဲ့ စမ်းသပ်ပြီး ပစ်ခတ်ခဲ့တယ်လို့  ကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့ဆီကပြောပါတယ်။ " ကျနော်တို့ပစ်တာကတော့ ၄ လုံးပစ်တာဗျ၊ ရဲစခန်းအနောက်ဘက် ၁ မိုင်ခန့်အကွာကာနေပစ်တာ၊ ကျနော်တို့ထုတ်လုပ်ထားတဲ့ လက်လုပ်တာဝေးပစ်လက်နက်ကို စမ်းသပ်တဲ့သဘောနဲ့ သွားပစ်တာပါ၊ ခုအချိန်အထိသတင်းအရဆိုရင်

မတ္တရာ ကောက်ရိုးပုံရွာကို စကစ ဝင်မွှေပြီးနောက် ကျေးရွာနေ သတင်းပေးဆိုသူ သုံးဦး အသတ်ခံရ

Posted: 13 Jan 2022 07:16 PM PST

မတ္တရာမြို့နယ် ကောက်ရိုးပုံရွာကို ယနေ့ ဇန်နဝါရီ(၁၃)ရက်တွင် စစ်အုပ်စုက ဝင်မွှေကာ နေအိမ်များကို မီးရျို့ဖျက်ဆီးသွားစဉ်/ Photo - ပေးပို့MFP ၊ ဇန်နဝါရီ - ၁၃မန္တလေးတိုင်း မတ္တရာမြို့နယ် ကောက်ရိုးပုံရွာကို စစ်အုပ်စုက ဝင်ရောက်မွှေနှောက်ကာ နေအိမ်များကို မီးရှို့ဖျက်ဆီးပြီးနောက် ယင်းကျေးရွာနေ တပ်သတင်းပေးဟုဆိုသူ အမျိုးသားသုံးဦး ယနေ့ အသတ်ခံရကြောင်း ဒေသခံများက MFP သို့ ပြောသည်။ယနေ့ ဇန်နဝါရီ(၁၃)ရက် နေ့လည်

စစ်ကိုင်း ဆားတောင်မြို့၌ ဆက်ကြေးတောင်းနေသူ စကစ နယ်ထိန်းရဲကို သုတ်သင်ရှင်းလင်း

Posted: 13 Jan 2022 07:13 PM PST

MFP ၊ ဇန်နဝါရီ - ၁၃စစ်ကိုင်းမြို့နယ် ဆားတောင်မြို့၌ ဆက်ကြေးလိုက်တောင်းနေသူ စကစ လက်နက်ကိုင် နယ်ထိန်းရဲ သန်းတိုးအောင်ကို ယမန်နေ့ ညပိုင်းတွင် သုတ်သင်ရှင်းလင်းခဲ့ကြောင်း Poisonous Young People – MDY အဖွဲ့က သတင်းထုတ်ပြန်သည်။ဇန်နဝါရီ(၁၂)ရက် ည(၉)နာရီကျော်အချိန်က နယ်ထိန်း သန်းတိုးအောင်ကို လက်လုပ်သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ ပွဲချင်းပြီး သေသည်ဟု ဆိုသည်။အဆိုပါ စကစ လက်နက်ကိုင်သည် ပြီးခဲ့သည့် အောက်တိုဘာက ဆားတောင်

တိုက်ပွဲအတွင်း သေဆုံးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ အလောင်းကို KNDFက မီးရှို့သင်္ဂြိုလ်ပေးခဲ့

Posted: 13 Jan 2022 07:11 PM PST

လွိုင်ကော်မြို့၊ ရွာတန်းရှည်နဲ့ မိုင်းလုံးရပ်ကွက်မှာ ပြီးခဲ့တဲ့ တိုက်ပွဲတွေအတွင်း သေဆုံးပြီး ကောက်ယူ သင်္ဂြိုလ်ပေးမယ့်သူမရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ အလောင်းကို KNDFနဲ့ ပူးပေါင်းတပ်ဖွဲ့တွေက မီးရှို့သင်္ဂြိုလ်ပေးခဲ့တယ်လို့ ဒီကနေ့(ဇန်နဝါရီ၁၃ရက်)မှာ KNDFက သတင်းထုတ်ပြန်ထားပါတယ်။ဒီကနေ့မှာဆိုရင်လည်း မိုင်းလုံးရပ်ကွက်၊ နည်းပညာတက္ကသိုလ် အနီးတစ်ဝိုက်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်နဲ့ KA၊ KNDF၊

လေကြောင်းကအတိုက်ခံရတဲ့ လွှိုင်ကော် သံဃာတော်များပါ ဘေးလွတ်ရာတိမ်းရှောင်

Posted: 13 Jan 2022 07:04 PM PST

ကယားပြည်နယ် လွိုင်ကော်မြို့မှာ လေကြောင်းက တိုက်ခိုက်ခဲ့တဲ့အတွက် ဒေသခံပြည်သူတွေရော ၊ ရဟန်း သံဃာတွေပါ စစ်ဘေးလွတ်ရာ တိမ်းရှောင်နေရပါတယ်။ ပုဗ္ဗာရုံ စာသင်တိုက်က သံဃာတွေ အပါအဝင် ရာနဲ့ချီတဲ့ ရဟန်းသံဃာတော်တွေ ဘေးလွတ်ရာကို တိမ်းရှောင်ရတဲ့ အတွက် ၊ တချို့ ဘုန်းကြီးကျောင်းတွေမှာ သံဃာ ၃- ၄ ပါးလောက်သာ ကျန်တော့တာပါ ။မြို့မှာ ကျန်နေတဲ့ သံဃာတွေမှာလည်း အခက်အခဲတွေ ရှိနေတဲ့အကြောင်း ရန်ကုန်ကလာတဲ့ သတင်းကို မခင်ဖြူထွေး

No comments:

Post a Comment

5

Note: Only a member of this blog may post a comment.