သစ္ထူးလြင္ |
- ရေးမြို့နယ်အခြေစိုက် စစ်ကောင်စီတပ်ရင်းနှစ်ခုကို တိုက်ခိုက်၊ စစ်ကောင်စီဘက်မှ ၂ ဦးသေ၊ ၈ ဦးဒဏ်ရာပြင်းထန်
- မတူပီမှာ စစ်တပ်မှ ဖမ်ဆီးသတ်ဖြတ်ခံရတဲ့ နှစ်ယောက်အနက် တစ်ယောက်မှာ Pu Tui Dim ဖြစ်ကြောင်းသိရ
- ရွာငံမြို့နေ အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရ
- ကရင်နီပြည်တွင်းနဲ့နယ်စပ်အခြေအနေကို KNPP အရေးပေါ်သတင်းထုတ်ပြန်
- ဒီးမော့ဆို PDF ထံ ခမရ (၁၀၈) တပ်ရင်းမှ တပ်ကြပ်ကြီးတဦးလက်နက်နဲ့အတူ CDM ပြုလုပ်
- ပြည်က တောင်သူလယ်သမားသင်တန်းကျောင်း ဗုံးခွဲတိုက်ခိုက်ခံရ
- မန္တလေး၌ အမျိုးသား (၂) ဦးစီးလာသည့် ဆိုင်ကယ်နှင့်လူမှန်သမျှကို ယနေ့ညနေပိုင်းတွင် ဖမ်းဆီးနေ
- မြောက်ဒဂုံနှင့် အရှေ့ဒဂုံတွင် ဗုံး ၄ ကြိမ်ပေါက်၊ စစ်ကောင်စီတပ်သား ၂ ဦး ထိခိုက်
- ခလရ (၆၁)တပ်ကို PDF က ရှော့တိုက်ဒုံးဖြင့် ပစ်ခတ် တိုက်ခိုက်
- မတူပီမှာ လမ်းပြအဖြစ် ဖမ်းဆီးခေါ်ဆောင်ခံရတဲ့ ဒေသခံကိုးဦးမှ (၂)ဦးအလောင်းတွေ့၊ ကျန်တဲ့လူများလဲ သတ်ဖြတ်ခံရနိုင်ကြောင်း CDF ပြော
- မုံရွာတွင် စစ်ကောင်စီအုပ်ချုပ်ရေးမှူးအိမ်အပါအဝင်နေရာအနှံ့ စစ်ကောင်စီကင်းပုန်းဝပ်ရာများကို ဗုံးခွဲတိုက်ခိုက်
- မန္တလေး လွှတ်တော်ဂိတ်မှာဗုံးကွဲ၊ အရာရှိတစ်ဦးအပါအဝင် စစ်ကောင်စီဝင် ၃ ဦးသေဆုံးဖွယ်ရှိ၊
- တကူရွာမှာ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေ ရော်ဘာဂိုဒေါင်တစ်လုံးနဲ့ ကားတစ်စီးကို မီးရှို့၊ တဲအိမ်တွေကိုဖျက်ဆီး
- တိုက်ပွဲတွင် လက်နက်ကြီးထိမှန်ခဲ့သည့် KNDF ရဲဘော်နှစ်ဦး အသက်အန္တရာယ်စိုးရိမ်နေရပြီး ဆေးကုသစရိတ်လိုအပ်နေ
- အလှည့်ကျတိုက်ပွဲဝင်နေရင်း တိုက်ပွဲရဲ့ရှေ့တန်းမှာ အမျိုးသမီးရဲဘော်များလည်း ရဲရဲဝံ့ဝံ့တိုက်ပွဲဝင်နေကြ
- ဖာပွန်မြို့က ခရိုင်ရုံးမိုင်းဖြင့်ဖောက်ခွဲခံရ၊ အဆောက်အဦးတစ်ခုလုံးပျက်စီး
- KNU တပ်မဟာ ၄ နယ်မြေမှာ စစ်ကောင်စီစစ်ကြောင်းထိုးလို့ တိုက်ပွဲဖြစ်ပွား၊ လူနေအိမ်တချို့မီးလောင်
- တိုက်ပွဲသတင်းထုတ်ပြန်ကြေညာချက်
- ယနေ့ လွိုင်ကော်မြို့တွင်းတိုက်ပွဲ၌ ရဲဘော်တစ်ဦး ကျဆုံး
- ကန်ပက်လက်၌ စစ်ကောင်စီတပ်အချင်းချင်း ပစ်ခတ်ခဲ့ရာ တပ်ရင်းမှူး ဗိုလ်ကြီး နှင့် တပ်ကြပ်ကြီး အပါအဝင် ၄ ဦး သေဆုံး
- လွိုင်ကော်တိုက်ပွဲ PDF ၁ ဦးကျ၊ စစ်ကောင်စီဘက်က အသေအပျောက်များနိုင်ပြီး သံချပ်ကာကားများကို လက်နက်ကြီးဖြင့် ပြန်ပစ်ခတ်တိုက်ခိုက်
- ဧရာဝတီ မြစ်အတွင်း သွားလာနေသည့် စစ်ကောင်စီ သင်္ဘောများကို KIAနှင့်PDF က ပူးပေါင်းတိုက်ခိုက်၊ မော်တော် ၁စီး နစ်မြုပ်ပြီး စစ်သား ၅ဝ ထက်မနည်း သေဆုံး
- ဝန်ကြီးဌာနအသီးသီးရှိ CDM ဝန်ထမ်းများ၏ ကိုယ်ရေးအကျဉ်းများ ကောက်ခံရန် စစ်ကောင်စီ အမိန့်ထုတ်
- လှိုင်သာယာ၊ ရွှေလင်ဗန်း ၂၃ ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးအိမ်ကို မြို့ပြပြောက်ကျား မဟာမိတ်အဖွဲ့များမှ ပစ်ခတ်တိုက်ခိုက်၊ ရပ်ကျေးအဖွဲ့ဝင်များ ထိခိုက်မှုရှိ
- စစ်ကောင်စီတပ်ကားကို ပဒေသာမိုင်း သုံးလုံးဖြင့်တိုက်ခိုက်ခဲ့ဟု တန့်ဆည် (ပကဖ)ထုတ်ပြန်
Posted: 08 Jan 2022 06:30 PM PST ရေးမြို့နယ်အခြေစိုက် စစ်ကောင်စီတပ်ရင်းနှစ်ခုကို တိုက်ခိုက်ခဲ့ဟု မွန်အခြေပြုတော်လှန်ရေးအစည်းအရုံး ထုတ်ပြန်▪️စစ်ကောင်စီဘက်မှ ၂ ဦးသေ၊ ၈ ဦးဒဏ်ရာပြင်းထန်ရေးမြို့နယ်အခြေစိုက် တပ်ရင်းနှစ်ခုအား ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း မွန်ပြည်နယ်အခြေပြု တော်လှန်းရေးအစည်းအရုံး (MSRU)က ယမန်နေ့(ဇန်နဝါရီ ၈) ထုတ်ပြန်သည်။စစ်ကောင်စီတပ် အမှတ်(၁၉) စစ်ဆင်ရေးကွပ် ကဲမှုဌာနချုပ်လက်အောက်ခံ အာယုတောင်ကျေးရွာအနီးရှိ ခြေမြန်တပ်ရင်း |
မတူပီမှာ စစ်တပ်မှ ဖမ်ဆီးသတ်ဖြတ်ခံရတဲ့ နှစ်ယောက်အနက် တစ်ယောက်မှာ Pu Tui Dim ဖြစ်ကြောင်းသိရ Posted: 08 Jan 2022 06:22 PM PST Jan 9Pu Tui Dim (Pu Tui/Pu Dim) ကို အကြမ်းဖက်စစ်ကောင်စီတပ်မှ Jan 7 မနက်မှာ ဖမ်းဆီးကြရာ Jan 9 နေ့မှာတော့ သေဆုံး သတ်ဖြတ်ကြပြီလို့ သတင်းရရှိပါတယ်။ Pu Tui Dim ဟာ အကြမ်းဖက်စစ်ကောင်စီတပ်မှ Matupi ဘက်မှာ လူ 7 ဦး ဖမ်းဆီးခေါ်ဆောင်တဲ့ အထဲမှာ ပါဝင်ခဲ့ရာ ကံမကောင်းစွာဘဲ ၂ ဦး သတ်ဖြတ်တဲ့ အထဲမှာလည်း ပါခဲ့ပါတယ်။Pu Tui Dim ဟာ CNA/F မှာ နှစ်ကြာမြင့်စွာ တာဝန်ထမ်းဆောင်ရာကနေ သူကျွမ်းကျင်လှတဲ့ သတင်းမီဒီယာဘက်မှာ |
ရွာငံမြို့နေ အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရ Posted: 08 Jan 2022 11:06 AM PST ဇန်နဝါရီ ၈သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့ ကွက်သစ်ရပ်ကွက်တွင် နေထိုင်သည့် အမျိုးသားတစ်ဦးသည် ယနေ့ (ဇန်နဝါရီ ၈)ရက် ညနေ ၄ နာရီခွဲကျော်တွင် သေနတ်ဖြင့် ပစ်သတ်ခြင်းခံရကြောင်း သတင်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၈ )ရက် ညနေ ၄ နာရီခွဲကျော်တွင် ရွာငံမြို့ ကွက်သစ်ရပ်ကွက်တွင် နေထိုင်သည့် အမျိုးသားတစ်ဦးသည် ၎င်း၏ နေအိမ်၌ သေနတ်ဒဏ်ရာဖြင့် သေဆုံးနေကြောင်း မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအသင်း (ရွာငံ) မြို့မှ အသင်းသားတစ်ဦးက |
ကရင်နီပြည်တွင်းနဲ့နယ်စပ်အခြေအနေကို KNPP အရေးပေါ်သတင်းထုတ်ပြန် Posted: 08 Jan 2022 11:04 AM PST ကရင်နီပြည် လွိုင်ကော်မြို့ မိုင်းလုံးရပ်ကွက်အတွင်း စစ်ကောင်စီမှ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုအခြေအနေ၊ ဇန်နဝါရီလ ၇ ရက်နေ့ ထိုင်း-ကရင်နီနယ်စပ်မှာ စစ်ကောင်စီမှ တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် စစ်ရှောင်စခန်းမှ ပြည်တွင်းဒုက္ခသည်အခြေအနေ၊ ဇန်နဝါရီလ ၈ ရက်နေ့အထိ ဆက်တိုက် တိုက်လေယာဉ်၊ စစ်ရဟတ်ယာဉ်အသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်မှုအခြေနေကို ဒီကနေ့ ဇန်နဝါရီလ ၈ ရက်နေ့မှာ ကရင်နီအမျိုးသားတိုးတက်ရေး |
ဒီးမော့ဆို PDF ထံ ခမရ (၁၀၈) တပ်ရင်းမှ တပ်ကြပ်ကြီးတဦးလက်နက်နဲ့အတူ CDM ပြုလုပ် Posted: 08 Jan 2022 11:02 AM PST ဒီးမော့ဆို၊ ဇန်နဝါရီ ၈၊ ၂၀၂၂။ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် အတွင်းကို အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးလာတဲ့ တပ်မ (၆၆) လက်အောက်ခံ ခမရ(၁၀၈)တပ်ရင်းမှ တပ်ကြပ်ကြီးတဦး ပြည်သူ့ ကာကွယ်ရေးတပ် - ဒီးမော့ဆို (DMO-PDF)ထံ CDM ပြုလုပ်လာကြောင်း အဲဒီ့အဖွဲ့ထံကသိရပါတယ်။ ဇန်နဝါရီလ (၅) ရက်နေ့ ညနေ ၂ နာရီခန့်က ဆက်သွယ်လာကာ တပ်မတော်ထုတ် MA-1 သေနတ်တလက်နဲ့အတူ ဝင်ရောက်လာခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ် - ဒီးမော့ဆို |
ပြည်က တောင်သူလယ်သမားသင်တန်းကျောင်း ဗုံးခွဲတိုက်ခိုက်ခံရ Posted: 08 Jan 2022 11:01 AM PST ပြည်၊ ဇန်နဝါရီ ၈၊ ၂၀၂၂။ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်မြို့နယ်၊ ဇီးအုပ် စိုက်ပျိုးရေးဝန်းမှာရှိတဲ့ တောင်သူလယ်သမားသင်တန်းကျောင်းမှာ ဇန်နဝါရီ ၈ ရက် ဒီနေ့ညနေ ၄ နာရီခွဲလောက်က ဗုံးပေါက်ကွဲခဲ့တယ်လို့သိရပါတယ်။ အဲ့ဒီကျောင်းကို လာမယ့်ဇန်နဝါရီ ၉ ရက်မနက်ဖြန်မှာ စစ်ကောင်စီခန့် စိုက်ပျိုးမွေးမြူရေးနဲ့ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စု ဒုတိယဝန်ကြီးနဲ့ တိုင်းဒေသကြီး စိုက်မွေးဆည် ဝန်ကြီးတို့လာရောက်မယ်လို့ သတင်းကြား |
မန္တလေး၌ အမျိုးသား (၂) ဦးစီးလာသည့် ဆိုင်ကယ်နှင့်လူမှန်သမျှကို ယနေ့ညနေပိုင်းတွင် ဖမ်းဆီးနေ Posted: 08 Jan 2022 10:57 AM PST ပုံစာ - ပုံအဟောင်း အသုံးပြုထားခြင်းဖြစ်သည်။မန္တလေး၊ ဇန်နဝါရီ ၈မန္တလေးမြို့၌ ယနေ့ နံနက်ပိုင်းကစတင်ပြီး ရပ်ကွက်အလိုက် အရပ်ဝတ်၊ ယူနီဖောင်းဝတ်အစုံဖြင့် အကြမ်းဖက်စစ်ကောင်စီလက်ပါးစေများ လှည့်ပတ်စစ်ဆေးနေပြီး ယနေ့နေ့လယ်ပိုင်းကစ၍ အဖမ်းခံရသူများပြားနေကြောင်း မြို့ခံများထံက သိရသည်။ယနေ့နေ့လည်ပိုင်းက မန္တလေးမြို့ တမ္ပဝတီရပ်ကွက်တွင် ဆိုင်ကယ်စီးလာသည့် အမျိုးသား (၂) ဦးကို စစ်ကောင်စီလက်ပါးစေများက အကြောင်းမဲ့ |
မြောက်ဒဂုံနှင့် အရှေ့ဒဂုံတွင် ဗုံး ၄ ကြိမ်ပေါက်၊ စစ်ကောင်စီတပ်သား ၂ ဦး ထိခိုက် Posted: 08 Jan 2022 10:55 AM PST ဓာတ်ပုံ- ယမန်နေ့က ပြုလုပ်သည့် ရန်ကုန်မြို့ပြသပိတ်မြင်ကွင်းရန်ကုန်၊ ဇန်နဝါရီ ၈ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ်နှင့် မြောက်ဒဂုံမြို့နယ်အတွင်း ယနေ့ ဇန်နဝါရီ ၈ ရက် ညပိုင်းတွင် တစ်နာရီခြားကာ ဗုံးပေါက်ကွဲမှု ၄ ကြိမ်ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်သား ၂ ဦးထိခိုက်ခဲ့ကြောင်း အဆိုပါမြို့နယ်အတွင်း နေထိုင်သူများထံမှ သိရသည်။ အနော်ရထာလမ်းနှင့် ရာဇဓိရာဇ်လမ်းထောင့်ရှိ မြောက်ဒဂုံမြို့နယ် ပြည်သူ့ဆေးရုံရှေ့ |
ခလရ (၆၁)တပ်ကို PDF က ရှော့တိုက်ဒုံးဖြင့် ပစ်ခတ် တိုက်ခိုက် Posted: 08 Jan 2022 10:45 AM PST မွန်ပြည်နယ်၊ ရေးမြို့နယ်ရှိ အာဏာသိမ်းစစ်ကောင်စီ၏ အမှတ်(၆၁)ခြေလျင်တပ်ကို ရေးပြည်သူ့ကာကွယ်ရေးတပ်က ယနေ့ ဇန်နဝါရီလ(၈)ရက်၊ နေ့လည်(၁၂)နာရီ(၂၈)မိနစ်အချိန်က ရှော့တိုက်ဒုံးဖြင့် ပစ်ခတ် တိုက်ခိုက်လိုက်ကြောင်း ရေး PDF က သတင်းထုတ်ပြန်ထားသည်။ယင်းတိုက်ခိုက်မှုကြောင့် အကြမ်းဖက်စစ်ကောင်စီတပ်သား သေဆုံး၊ ထိခိုက်မှုကို အတည်မပြုနိုင်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်သားများက ပြောက်ကျားစနစ်ဖြင့် တိုက်ခိုက်ကြခြင်း |
Posted: 08 Jan 2022 10:42 AM PST Jan ၊ 8 ၊ 202wချင်းပြည်နယ် မတူပီမြို့ မြောက်ဘက် ရွာလေးရွာက ဒေသခံအမျိုးသား ကိုးဦးဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၅ ရက် နေ့က စပြီး စစ်ကောင်စီက လမ်းပြအဖြစ် အသီးသီး ဖမ်းဆီးခေါ်ဆောင်ခံရပြီးနောက် အဲဒီအထဲ သတ်ဖြတ်ခံထားရတဲ့ အမျိုးသားနှစ်ဦးရဲ့ ရုပ်အလောင်းကို တောတွင်းတစ်နေရာမှာ ဒီနေ့ တွေ့ရှိရတယ်လို့ မတူပီ CDF အဖွဲ့က ပြောပါတယ်။ကျန်တဲ့အမျိုးသား ခုနစ်ဦးဟာလည်း အလားတူသတ်ဖြတ်ခံထားရတယ်ဆိုတဲ့ အထောက်အထားတွေ ရရှိထားတယ်လို့ မ |
Posted: 08 Jan 2022 10:40 AM PST စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်တွင် အာဏာသိမ်းစစ်ကောင်စီအုပ်ချုပ်ရေးမှူးနေအိမ်အပါအဝင် နေရာအနှံ့မြို့ပြပြောက်ကျားတပ်ဖွဲ့များ ဗုံးဖောက်ခွဲတိုက်ခိုက်ခဲ့သည်။ယနေ့( ဇန်နဝါရီ၈ ရက်) မွန်းလွဲပိုင်းမှစတင်ကာ မြေနဲ မင်းရွာ၊ ပုရစ်တောင်ရွာ၊ တောပုရွာ စစ်ကောင်စီကင်းပုန်းရာနေရာများ၊ ပုရစ်ကုန်းမြောက်ရွာနှင့်တောင်ရွာ၊တောပု၊အောင်မင်္ဂလာမီးပွိုင့်၊ ဘုရားနီ၊ ဇောတိကဘုန်းကြီးကျောင်းစသည့်စစ်ကောင်စီကင်းပုန်းဝပ်ရာနေရာ |
မန္တလေး လွှတ်တော်ဂိတ်မှာဗုံးကွဲ၊ အရာရှိတစ်ဦးအပါအဝင် စစ်ကောင်စီဝင် ၃ ဦးသေဆုံးဖွယ်ရှိ၊ Posted: 08 Jan 2022 10:35 AM PST မန္တလေး၊ ဇန်နဝါရီ ၈မန္တလေးတိုင်းဒေသကြီးလွှတ်တော်ဂိတ်ပေါက်မှာ ဒီကနေ့မနက် ၈ နာရီဝန်းကျင်က ဗုံး ၂ လုံးပေါက်ကွဲခဲ့ပြီး အရာရှိတစ်ဦးနဲ့ စစ်သား ၂ ဦးဟာ သေဆုံးနိုင်လောက်တဲ့ဒဏ်ရာတွေရရှိခဲ့တယ်လို့လွှတ်တော်ရုံးအနီးမှာနေထိုင်သူတွေကဆိုပါတယ်။တိုင်းဒေသကြီးလွှတ်တော်ဂိတ်ပေါက်မှာ ပထမအကြိမ်ဗုံးပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေလာရောက်စစ်ဆေးမှုတွေပြုလုပ်နေချိန်မှာ နောက်ထပ်ဗုံးတစ်လုံးထပ်မံ |
Posted: 08 Jan 2022 10:26 AM PST တနင်္သာရီတိုင်းမ်၊ ဇန်နဝါရီ ၈ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်က တကူရွာမှာ အကြမ်းဖက်စီကောင်စီတပ်သားတွေဟာ ဒေသခံရွာသားတွေရဲ့ ရော်ဘာဂိုဒေါင်နဲ့ ကားတစ်စီးကိုမီးရှို့ဖျက်ဆီးခဲ့ပြီး ရော်ဘာခြံတွေထဲက တဲအိမ် ၈ လုံးကိုလည်းရိုက်ဖျက်ခဲ့တယ်လို့ သိရပါတယ်။ တကူရွာက ကျောက်တောင်ငယ်လို့ခေါ်တဲ့နေရာမှာရှိတဲ့ ရော်ဘာခြံမှာ ဒီနေ့မနက် ၉ နာရီဝန်းကျင်က အခုလိုမီးရှို့ဖျက်ဆီးခဲ့ပြီး ဥယျာဥ်ခြံထဲသွားတဲ့ ရွာသားတွေကိုလည်း သေနတ်နဲ့ |
Posted: 08 Jan 2022 10:24 AM PST လွိုင်ကော် - ဇန်နဝါရီ ၈၊ ၂၀၂၂။စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ပွားစဉ် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်( KNDF) မှ ရဲဘော်နှစ်ဦး အသက်အန္တရာယ်စိုးရိမ်ရကြောင်း သိရသည်။ ထိခိုက်ဒဏ်ရာရသူများမှာ ယမန်နေ့ လွိုင်ကော်မြို့၊ ပန်ကန်းရပ်ကွက်နှင့် မိုင်းလုံရပ်ကွက်တိုက်ပွဲတွင် လူနာသွားသယ်ချိန် လက်နက်ကြီးစထိမှန်ခဲ့ကြခြင်းဖြစ်ပြီး အရေးပေါ်ကုသမှုခံယူနေရသည်ဟု အမည်မဖော်လိုသူ KNDF တပ်ဖွဲ့ဝင်တစ်ဦးက |
အလှည့်ကျတိုက်ပွဲဝင်နေရင်း တိုက်ပွဲရဲ့ရှေ့တန်းမှာ အမျိုးသမီးရဲဘော်များလည်း ရဲရဲဝံ့ဝံ့တိုက်ပွဲဝင်နေကြ Posted: 08 Jan 2022 10:22 AM PST ဇန်နဝါရီ ၈လက်နက်အင်အား မလုံလောက်မှုကြောင့် အလှည့်ကျတိုက်ပွဲဝင်နေကြရင်း 96 Soldiers PDF မှ အမျိုးသမီးရဲဘော်များလည်း ရှေ့တန်းမှာ ရဲရဲဝံ့ဝံ့တိုက်ပွဲဝင်နေကြကြောင်း သိရပါတယ်။" အလှည့်ကျတိုက်ပွဲဝင်နေတဲ့ ရှေ့တန်းကရဲဘော်တွေ ဒီနေ့တာဝန်လဲဖြစ်ကြပါတယ်။ အမျိုးသမီးရဲဘော်တွေဟာလဲ တိုက်ပွဲရဲ့ရှေ့တန်းမှာ စွမ်းစွမ်းတမံပါဝင်နေကြပါပြီ။ " ဟု လက်ရှိကရင်ပြည်နယ်တိုက်ပွဲတွင် ပါဝင်ဆင်နွှဲနေသော 96 Soldiers PDF ကထုတ်ပြန်ထားပါ |
ဖာပွန်မြို့က ခရိုင်ရုံးမိုင်းဖြင့်ဖောက်ခွဲခံရ၊ အဆောက်အဦးတစ်ခုလုံးပျက်စီး Posted: 08 Jan 2022 10:20 AM PST ဓာတ်ပုံ - ဖောက်ခွဲခံရသည့် ဖာပွန်မြို့က ခရိုင်ရုံး။ (Photos: Supplied) ဇန်နဝါရီလ ၈ ရက်နေ့၊ ၂၀၂၂ ကရင်ပြည်နယ် ဖာပွန်မြို့ပေါ်ရှိ ခရိုင်ရုံးကို ဇန်နဝါရီ ၇ ရက်နေ့ည ၈ နာရီမထိုးခင်မှာ အင်အားပြင်းမိုင်းဖြင့်ဖောက်ခွဲဖျက်စီးခံရတယ်လို့ ကရင်အမျိုးသားကာကွယ်ရေးတပ်မှူးတစ်ဦးကပြောပါတယ်။"မိုင်းခွဲခံရလို့အဆောက်အဦးတစ်ခုလုံးပျက်စီးသွားတယ်။ ဒီမနက်မှာစစ်ကောင်စီတပ်ဖွဲ့တွင်လာရောက်စစ်ဆေးမှုတွေပြုလုပ်တာရှိတယ်။ ပြည်သူတွေကို |
KNU တပ်မဟာ ၄ နယ်မြေမှာ စစ်ကောင်စီစစ်ကြောင်းထိုးလို့ တိုက်ပွဲဖြစ်ပွား၊ လူနေအိမ်တချို့မီးလောင် Posted: 08 Jan 2022 10:18 AM PST (Photo: WAE)ဇန်နဝါရီလ ၈ ရက်နေ့၊ ၂၀၂၂ ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၄ နယ်မြေရှိ တနင်္သာရီတိုင်း၊ ပုလောမြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့က လက်နက်ကြီးတွေပစ်ခတ်သလို လူနေအိမ်တချို့ကိုမီးရှို့ပြီး စစ်ကြောင်းထိုးနေလို့ ဒီနေ့ညနေမှာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။ "အခုညမှာ ကျွန်တော်တို့ရွာမှာစစ်ဖြစ်နေတာ။ ပုလောမြို့နယ်ဘက်ကပါ။ အိမ်သုံးလုံးမီးလောင်တယ်။ လူတွေထွက်ပြေးပြီး ဘယ်သူမှမရှိတဲ့အိမ်တွေ |
တိုက်ပွဲသတင်းထုတ်ပြန်ကြေညာချက် Posted: 08 Jan 2022 10:16 AM PST ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ (၈) ရက်နေ့။ ဒီးမော့ဆိုမြို့နယ်၊(၅) မိုင်၊(၆) မိုင်၊ ဒေါပိုးစီမှ၊ လွိုင်ကော်မြို့နယ်၊ မိုင်းလုံးနှင့် ပန်ကန်းရပ်ကွက်အထိ၊ တိုက်ပွဲများပြင်းထန်လျက်ရှိပါသည်။ ထိုတိုက်ပွဲအတွင်း အကြမ်းဖက် စစ်ကောင်စီတပ်များမှ ဘက်မှ ဗိုလ်အဆင့်ရှိသူတစ်ဦးအပါအဝင် အနည်းဆုံး (၃၀) ဦးသေဆုံးခဲ့ပြီး အများအပြားဒဏ်ရာရခဲ့ပါသည်။ ထိုတိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီ၏ တင့်ကားတစ်စီး မီးလောင်ပျက်စီးခဲ့ |
ယနေ့ လွိုင်ကော်မြို့တွင်းတိုက်ပွဲ၌ ရဲဘော်တစ်ဦး ကျဆုံး Posted: 08 Jan 2022 10:15 AM PST ယနေ့ ဇန်နဝါရီလ ၈ ရက်တွင် ကရင်နီပြည် လွိုင်ကော်မြို့တွင်း၌ ဖြစ်ပွားသည့်တိုက်ပွဲ၌ ပြည်သူ့တော်လှန်ရေးရဲဘော်တစ်ဦး ကျဆုံးခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။အဆိုပါ ရဲဘော်သည် အကြမ်းဖက်စစ်ကောင်စီတပ်၏ တင့်ကားပေါ်မှ ပစ်ခတ်ခဲ့သော စစ်လက်နက်ထိမှန်၍ ယနေ့ နေ့လည်ပိုင်း၌ ကျဆုံးခဲ့ခြင်းဖြစ်ပြီး လွိုင်ကော်ပြည်သူ့ကာကွယ်ရေးတပ် PDF တပ်ဖွဲ့ဝင်တစ်ဦး ဖြစ်သည်ဟု ၎င်း၏ မိတ်ဆေတွစ်ဦးက ပြောသည်။ယနေ့ လွိုင်ကော်မြို့ပေါ်တိုက်ပွဲ၌ |
Posted: 08 Jan 2022 10:13 AM PST ချင်းပြည်နယ် ၊ ကန်ပက်လက်၌ စစ်ကောင်စီတပ်ဖွဲ့ဝင်အချင်းချင်း ပစ်ခတ်ခဲ့ရာ တပ်ရင်းမှူး ဗိုလ်ကြီး နှင့် တပ်ကြပ်ကြီး အပါအဝင် ၄ ဦး သေဆုံးခဲ့သည်ဟု ကန်ပက်လက် CDF က ဖော်ပြထားသည်။ ကန်ပက်လက်မြို့တွင်း တပ်စွဲထားသောအကြမ်းဖက်စစ်ကောင်စီတပ်မှ စကစများ တပ်တွင်းအချင်းများပြီး အချင်းချင်းပြန်လည်ပစ်ခတ်ကြရာမှ လေးဦးသေဆုံးခဲ့သည်။သေရှုံးသူများတွင် တပ်ရင်းမှူး ဗိုလ်ကြီး ၊ တပ်ကြပ်ကြီးနှင့် တပ်သားများဖြစ်ကြကြောင်း ကနဦးသတင်းရ |
Posted: 08 Jan 2022 10:10 AM PST Photo: လွိုင်ကော် PDFမဲခေါင်၊ ဇန်နဝါရီ ၈လွိုင်ကော်မြို့ရှိ မိုင်းလုံးရပ်ကွက်၊ ပန်ကန်းရပ်ကွက်၊ ရွာတန်းရှည်ရပ်ကွက် နှင့် ဆက်စပ် ရပ်ကွက် ကျေးရွာများတွင် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်များနှင့် အကြမ်းဖက် စစ်ကောင်စီတို့ ယနေ့မနက်မှ စတင်ကာ ညအချိန်ထိ ရင်ဆိုင်တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။ ယနေ့တိုက်ပွဲသည် ပြင်းထန်စွာ ဖြစ်ပွားပြီး အကြမ်းဖက် စစ်ကောင်စီဘက်မှ အကြီးအကျယ် ထိခိုက်ပျက်စီးခဲ့သည်။ စစ်ကောင်စီ၏ သံချပ် |
Posted: 08 Jan 2022 10:06 AM PST ရန်ကုန်၊ ဇန်နဝါရီ ၈ ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်း နယ်စပ်ရှိ ဧရာဝတီ မြစ်အတွင်း သွားလာနေသည့် အကြမ်းဖက် စစ်ကောင်စီ သင်္ဘောများကို မြို့လှ PDF တပ်ဖွဲ့နှင့် KIA တပ်ဖွဲ့တို့က ဇန်နဝါရီ ၇ရက်နေ့နှင့် ၅ရက်နေ့တို့တွင် စောင့်ကြိုတိုက် ခိုက်ခဲ့ခြင်းကြောင့် မော်တော် ၁စီး နစ်မြုပ်ပြီး စစ်သား ၅ဝ ထက်မနည်းသေဆုံးခဲ့ကြောင်း မြို့လှ PDF တပ်ဖွဲ့ထံမှ သိရသည်။ ဗန်းမော်မြို့နယ် နတ်ခုတ်ရွာအနီးတွင် ဇန်နဝါရီ ၇ |
ဝန်ကြီးဌာနအသီးသီးရှိ CDM ဝန်ထမ်းများ၏ ကိုယ်ရေးအကျဉ်းများ ကောက်ခံရန် စစ်ကောင်စီ အမိန့်ထုတ် Posted: 08 Jan 2022 10:04 AM PST ရန်ကုန်၊ ဇန်နဝါရီ ၈ အကွမျးဖကျစစျကောငျစီက ဝနျကွီးဌာနအသီးသီးရှိ CDM ဝနျထမျးမြား၏ ကိုယျရေးအကဉြျးမြားကို ကောကျယူရနျ အမိနျ့ထုတျထားပွီး ဖမျးဆီးရနျ ရှိသညျဆိုသော သတငျးမြား ထှကျပေါျနကွေောငျး ကနြျးမာရေးဝနျကွီးဌာနအသိုငျးအဝိုငျးက ရနျကုနျခတျေသစျသတငျးဌာထံသို့ ပွောဆိုသညျ။ "CDM တွေရှောင်နေကြပါ၊ ကျန်းမာရေး၊ ပညာရေး၊ မီးရထားဝန်ထမ်းများ အဓိ ကပါ၊ အခြားဝန်ကြီးဌာနတွေလည်းစာထုတ်ထားပါတယ်၊ ကိုယ်ရေးအချက် အလက်နဲ့ လိုက်မှာပါ၊ |
Posted: 08 Jan 2022 10:02 AM PST (ဇန်နဝါရီ ၈ ရက်)ရန်ကုန်၊ လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်း ၂၃ ရပ်ကွက်ရှိ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူး၏ နေအိမ်ကို ယနေ့ ဇန်နဝါရီ ၈ ရက်၊ ည ၈:၀၀ နာရီဝန်းကျင်က သေနတ် ပစ်ခတ်တိုက်ခိုက်ခံခဲ့ရပြီး လူနှစ်ဦး ထိခိုက်ဒဏ်ရာရသည်ဟု သိရသည်။"ပစ်ခံရပြီးသိပ်မကြာဘူး ဆိုင်ကယ်တွေ အတန်းလိုက်နဲ့ အိမ်စီးကားနှစ်စီးနဲ့ ခရာတွေမှုတ်ပြီးထွက်သွားကြတယ်၊ နှစ်ယောက်ထိတယ်လို့ပြောတယ် အုပ်ကြီးလား၊ သူ့တပည့်တွေလားတော့ မသိသေးဘူး" ဟု မြို့နေ |
စစ်ကောင်စီတပ်ကားကို ပဒေသာမိုင်း သုံးလုံးဖြင့်တိုက်ခိုက်ခဲ့ဟု တန့်ဆည် (ပကဖ)ထုတ်ပြန် Posted: 08 Jan 2022 10:01 AM PST တန့်ဆည်-ကံထူးမလမ်းပိုင်းတွင် စစ်ကောင်စီတပ်မှ ကားတစ်စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ပြည်သူ့ကာကွယ် ရေးအဖွဲ့(တန့်ဆည်)က ယနေ့(ဇန်နဝါရီ ၈) ထုတ်ပြန်သည်။ကံထူးမရဲစခန်းမှ စစ်ကောင်စီတပ်များ တန့်ဆည်စခန်းသို့အပြန် တန့်ဆည်-ကံထူးမလမ်းပိုင်း တောင်ပို့ရင်း တံတားအနီးတွင် ပဒေသာမိုင်း သုံးလုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။အဆိုပါ စစ်ကောင်စီတပ်များသည် ယနေ့နံနက် ၁၁ နာရီခန့် |
You are subscribed to email updates from THIT HTOO LWIN (Daily News). To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google, 1600 Amphitheatre Parkway, Mountain View, CA 94043, United States |
No comments:
Post a Comment
5
Note: Only a member of this blog may post a comment.