သစ္ထူးလြင္ |
- မြင်းခြံမြို့နယ် ညောင်တိုရွာသားများကို အကြမ်းဖက်စစ်တပ်က နှိပ်စက်ညှင်းပန်းနေ
- ရန်ကုန်တွင် ဆန္ဒပြကျောင်းသားလူငယ်များ အများအပြားပစ်ခတ်ဖမ်းဆီးခံရ/တစ်ဦးသေဆုံး နှစ်ဦးဒဏ်ရာရ ဟု MSI youth defense force ထုတ်ပြန်ထား
- မရမ်းကုန်းတွင် အာဏာသိမ်းစစ်တပ်၏ ပစ်ခတ်ဖမ်းဆီးမှုအတွင်း လူငယ်(၁)ဦး သေဆုံး၊ (၂)ဦး ဒဏ်ရာရကာ (၄)ဦး ဖမ်းခံရ
- ရန်ကုန်တိုင်းအတွင်း ယနေ့ညတွင် ရဲစခန်း နှစ်ခု အပါအဝင် နေရာအတော်များများတွင် ပေါက်ကွဲမှု ဖြစ်ပွား
- ပခုက္ကူစည်ပင်ရုံးကို တော်လှန်ရေးရဲမေများက ပစ်ခတ်သတိပေး
- နမ့်မယ်ခုံမြို့နယ်တိုက်ပွဲ စစ်ကောင်စီတပ်သား ၂၀ကျော်သေဟု KDF အသိပေး
- ရွှေဘို ဂွေးကုန်းရွာရှိ ပျူနှစ်ဦးကို သုတ်သင်၊ သေနတ် နှစ်လက် သိမ်းယူရရှိဟုဆို
- ရွှေဘိုတွင် ရွာမီးရှို့နေသည့် စကစနှင့်ပျူအုပ်စုကို မိုင်း(၉)လုံးဖြင့် ဖောက်ခွဲရာ အကောင်(၃၀)ကျော်သေဟုဆို
- တနင်္သာရီမှာ စစ်ကောင်စီတပ်နဲ့ PDF တို့ ၃ နာရီဝန်းကျင်အကြာ တိုက်ပွဲဖြစ်၊ စစ်ကောင်စီဘက်လက်နက်ကြီးဆက်တိုက်ပစ်ခတ်ခဲ့
- စစ်ကောင်စီစစ်ကြောင်းက ကျေးရွာအတွင်း လက်နက်ကြီးများပစ်ခတ်ခဲ့သောကြောင့် ပြည်သူအချို့သေဆုံးဟုဆို
- CDM ဝန်ထမ်းများဖယ်ပေးရသည့် ဝန်ထမ်းအိမ်ယာများကို စစ်တပ်အသိုင်းအဝိုင်း အပြိုင်လုနေ
- ရေစကြိုမြို့နယ်က လမ်းမပေါ် တွင် ပြည်သူများထံ ငွေကြေးကောက်ခံနေသောစစ်ကောင်စီတပ်ဖွဲ့ကို PDF ဝင်ရောက်တိုက်ခိုက်၍ ဗိုလ်အပါအဝင် (၂)ဦးသေဆုံး
မြင်းခြံမြို့နယ် ညောင်တိုရွာသားများကို အကြမ်းဖက်စစ်တပ်က နှိပ်စက်ညှင်းပန်းနေ Posted: 25 Feb 2022 09:08 AM PST မြင်းခြံ၊ ဖေဖော်ဝါရီ ၂၅အကြမ်းဖက်စစ်တပ်သည် မြင်းခြံမြို့နယ် ညောင်တိုရွာရှိ ရွာသူရွာသားများကို ဖမ်းဆီးနှိပ်စက်ခြင်း၊ ပစ္စည်းများကို မတရားလုယူခြင်း၊ ငွေညစ်ခြင်း စသည့်နိုင်ထက်စီးနင်းမှုများ ပြုလုပ်နေသည်ဟု မြင်းခြံမြို့နယ် လူထုလှုပ်ရှားမှု ကော်မတီက ယနေ့ထုတ်ပြန်သည်။"မနေ့က မနက်ပိုင်း အထက်ကနေ စုန်ဆင်းလာတဲ့သင်္ဘော ၁ စီးက ညောင်တိုရွာကမ်းကပ် ဓာတ်ဆီဆင်းဝယ်ယူတဲ့ သင်္ဘောသားကိုဖမ်းဆီးပြီး ငွေကျပ်၈သိန်းနဲ့ရွေး |
Posted: 25 Feb 2022 09:07 AM PST ဓာတ်ပုံ- စစ်ကောင်စီ ဝါဒဖြန့် ချန်နယ်များတွင် ပျံ့နှံ့နေသည့် ဆန္ဒပြကျောင်းသားလူငယ်များ ဖမ်းဆီးခံရသည့်ပုံရန်ကုန်၊ ဖေဖော်ဝါရီ ၂၅ရန်ကုန်မြို့တွင် ယနေ့ (ဖေဖေါ်ဝါရီ ၂၅ )ညနေပိုင်းက အကြမ်းဖက်စစ်ကောင်စီကို တော်လှန်ဆန္ဒပြနေသည့် ဆန္ဒပြကျောင်းသားလူငယ်အများအပြား ပစ်ခတ် ဖမ်းဆီးထိန်းသိမ်းခံ ရကြောင်း Yangon Revolution force-YRF က ထုတ်ပြန်သည်။"ဒီကနေ့ ရန်ကုန်မှာ ရဲဘော်အများအပြားဖမ်းဆီးထိန်းသိမ်းခံနေရပါတယ်။ စိတ်မ |
Posted: 25 Feb 2022 09:04 AM PST ရန်ကုန်အနောက်ပိုင်းခရိုင် မရမ်းကုန်းမြို့နယ် (၃) ရပ်ကွက်၌ ယနေ့ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ (၂၅)ရက်နေ့ ည(၇)နာရီကျော်က အာဏာသိမ်းစစ်တပ်၏ ပစ်ခတ်ဖမ်းဆီးမှုအတွင်း လူငယ်တစ်ဦး သေဆုံးပြီး (၂)ဦး ဒဏ်ရာရကာ (၄)ဦး ဖမ်းဆီးခံရကြောင်း MSI Youth Defence Forces က သတင်းထုတ်ပြန်ထားသည်။ရန်ကင်းမြို့နယ်တွင် ယနေ့နံနက်ပိုင်းကလည်း ဆန္ဒပြပွဲအပြီး အနီးရှိ လူငယ်အမျိုးသားတစ်ဦး ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။အကြမ်းဖက်စစ်ကောင်စီတပ်က |
ရန်ကုန်တိုင်းအတွင်း ယနေ့ညတွင် ရဲစခန်း နှစ်ခု အပါအဝင် နေရာအတော်များများတွင် ပေါက်ကွဲမှု ဖြစ်ပွား Posted: 25 Feb 2022 09:02 AM PST ရန်ကုန်တိုင်းအတွင်း ယနေ့ဖေဖော်ဝါရီလ(၂၅)ရက်နေ့ ညပိုင်းက မြောက်ဥက္ကလာပမြို့နယ်၊ အမှတ်(၉)ရဲစခန်းအနီး၌ ဗုံးနှစ်လုံးကွဲပြီး ခရမ်းမြို့နယ်၊ ဘုရားပျိုရဲစခန်း (၄၀)မမဖြင့် ပစ်ခတ်ခံရကြောင်း ဒေသ ခံများထံမှ သိရသည်။ယနေ့ ည(၉)နာရီဝန်းကျင်တွင် ရန်ကုန်အရှေ့ပိုင်းခရိုင်အတွင်း မြောက်ဥက္ကလာ၊ အမှတ်(၉)ရဲစခန်းအနီး ခေမာသီလမ်းမပေါ်၌ ဗုံးနှစ်လုံးဆင့် ပေါက်ကွဲခဲ့ကြောင်း သိရသည်။ရန်ကုန်တောင်ပိုင်းခရိုင်အတွင်း ခရမ်းမြို့နယ် |
ပခုက္ကူစည်ပင်ရုံးကို တော်လှန်ရေးရဲမေများက ပစ်ခတ်သတိပေး Posted: 25 Feb 2022 09:13 AM PST မကွေးတိုင်း ပခုက္ကူမြို့နယ်စည်ပင်သာယာရုံးရှိ Non-CDM ဝန်ထမ်းများကို သတိပေးသည့်အနေဖြင့် ပစ်ခတ်သတိပေးခဲ့ကြောင်း Young Force(UG) ပြောက်ကျားတပ်ဖွဲ့က ယနေ့(ဖေဖော်ဝါရီ ၂၅) ထုတ်ပြန်သည်။ ယနေ့နံနက် ၁၁နာရီခွဲတွင် Earthquake People's Defence Force(UG)မှ ရဲဘော်မလေးများက ဝင်ရောက်ပစ်ခတ် သတိပေးခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ ထို့နောက် စည်ပက်ရုံးဝင်ပေါက်အနီးတွင် Young Force(UG)မှ မိုင်းဖြင့် |
နမ့်မယ်ခုံမြို့နယ်တိုက်ပွဲ စစ်ကောင်စီတပ်သား ၂၀ကျော်သေဟု KDF အသိပေး Posted: 25 Feb 2022 08:54 AM PST KDFမှ ရဲဘော်တစ်ဦးကျဆုံးကယား(ကရင်နီ)ပြည်နယ် နမ့်မယ်ခုံမြို့ သာယပ်ရွာတိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်သား ၂၀ ကျော်သေဆုံးကြောင်း ကရင်နီဒီမိုကရက်တစ်တပ်ဦး (KDF)က ထုတ်ပြန်သည်။ယနေ့(ဖေဖော်ဝါရီ၂၅ရက်)နံနက် ၁၀နာရီမှစ၍ သာယပ်ရွာတိုက်ပွဲအတွင်း ကရင်နီဒီမိုကရက်တစ်တပ်ဦး (KDF) ၊ လွိုင်ကော် PDF ၊ DMO PDF ၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) မဟာမိတ်တပ်ပေါင်းစုတို့ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ |
ရွှေဘို ဂွေးကုန်းရွာရှိ ပျူနှစ်ဦးကို သုတ်သင်၊ သေနတ် နှစ်လက် သိမ်းယူရရှိဟုဆို Posted: 25 Feb 2022 08:52 AM PST ဖေဖေါ်ဝါရီ - ၂၅စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ် ဂွေးကုန်းရွာရှိ စကစ လက်ပါးစေ ပျူနှစ်ဦးကို ယမန်နေ့က သုတ်သင်ရှင်းလင်းခဲ့ပြီး သေနတ်နှစ်လက် သိမ်းယူရရှိခဲ့ကြောင်း ရွှေဘို ယမ်းဘီလူး ပြောက်ကျားတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။ယမန်နေ့ ဖေဖေါ်ဝါရီ(၂၄)ရက်က ရွှေဘိုမြို့နယ်၊ ဂွေးကုန်းကျေးရွာရှိ ပျူနှစ်ဦးကို ရှင်းလင်း သုတ်သင်ခဲ့ပြီး ၎င်းတို့ ကိုင်ဆောင်သော လက်နက် နှစ်လက်ကို သိမ်းယူ နိုင်ခဲ့သည်ဟု ဆိုသည်။အဆိုပါ ပျူနှစ်ဦး |
Posted: 25 Feb 2022 08:49 AM PST ရွှေဘိုနယ်အတွင်း သောင်းကျန်းနေသော စစ်အုပ်စုကို ပြီးခဲ့သည့် ရက်ပိုင်းက တွေ့ရစဉ်/Photo - Sမိုင်းဆွဲအပြန်တွင် ပြည်သူ့ရဲဘော် "မာယာ" ဖမ်းဆီးခံလိုက်ရကာ ကိုယ့်ကိုကိုယ် အဆုံးစီရင်သွား၊ဖေဖေါ်ဝါရီ - ၂၅စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ် ငါးပိအိုးကျေးရွာအတွင်း မီးရှို့ဖျက်ဆီး လုယက်ပြီး ပြန်လာသည့် စကစနှင့် ပျူအုပ်စုကို ယနေ့ မနက်ပိုင်းတွင် မိုင်း(၉)လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စကစ (၃၅)ဦး ထက်မနည်းသေကြောင်း |
Posted: 25 Feb 2022 08:42 AM PST ဓာတ်ပုံ - စစ်ကောင်စီဘက်က ပစ်ခတ်ခဲ့တဲ့လက်နက်ကြီးကျည်တစ်ခု။တနင်္သာရီတိုင်းမ်၊ ဖေဖော်ဝါရီ ၂၅ စစ်ကောင်စီတပ်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ ဒီနေ့မွန်းလွဲပိုင်းက သုံးနာရီဝန်းကျင်အကြာတိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ဒေသခံတွေထံကသိရပါတယ်။ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ သကျက်ကျေးရွာအုပ်စုက ကျွဲထိန်းကုန်းရွာမှာ အင်အား ၈၀ ဝန်းကျင်ရှိတဲ့ စစ်ကောင်စီတပ်တွေနဲ့ ဘက်မလိုက်ပြောက်ကျားအဖွဲ့တို့ နေ့လယ် ၁၂ နာရီ ၄၅ မိနစ်က |
စစ်ကောင်စီစစ်ကြောင်းက ကျေးရွာအတွင်း လက်နက်ကြီးများပစ်ခတ်ခဲ့သောကြောင့် ပြည်သူအချို့သေဆုံးဟုဆို Posted: 25 Feb 2022 08:39 AM PST ရွှေဘို - ဖေဖော်ဝါရီ ၂၅ ၊ ၂၀၂၂ ။စစ်ကောင်စီစစ်ကြောင်းတစ်ခုသည် စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်မှ ကျေးရွာတစ်ရွာအတွင်းသို့ လက်နက်ကြီးများ ပစ်ခတ်ပြီးနောက် ကျေးရွာအတွင်း ဝင်ရောက်လာကာ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သောကြောင့် အမျိုးသမီးတစ်ဦးနှင့် သက်ကြီးရွယ်အိုအချို့ သေဆုံးသွားကြောင်း သိရသည်။နှမစားရစ်ကျေးရွာကို စစ်ကောင်စီ စစ်ကြောင်းဝင်ရောက်လာချိန်ထွက်ပြေးနိုင်ခြင်းမရှိသည့် သက်ကြီးရွယ်အိုအချို့လည်း |
CDM ဝန်ထမ်းများဖယ်ပေးရသည့် ဝန်ထမ်းအိမ်ယာများကို စစ်တပ်အသိုင်းအဝိုင်း အပြိုင်လုနေ Posted: 25 Feb 2022 08:34 AM PST မဲခေါင်၊ ဖေဖော်ဝါရီ ၂၅အာဏာဖီဆန်လှုပ်ရှားမှု(CDM)တွင် ပါဝင်ခဲ့ကြသော နိုင်ငံ့ဝန်ထမ်းများ နေထိုင်ခဲ့သည့် တောင်ကြီးမြို့ရှိ ဝန်ထမ်းအငှားအိမ်ယာများကို စစ်တပ်မိသားစုဝင်များ၊ စစ်တပ်အသိုင်းအဝိုင်းနှင့် နီးစပ်သူများက အပြိုင်အဆိုင်လုလျှောက်ကာ နေထိုင်လျက်ရှိကြောင်း ရှမ်းပြည်နယ်ဌာနဆိုင်သတင်းရင်းမြစ်များထံမှ သိရသည်။CDM ဝန်ထမ်းများ ဖယ်ရှားပေးရသည့်အတွက် လစ်လှပ်နေသည့် ဝန်ထမ်းအငှားအိမ်ယာများကို လက်ရှိ NON |
Posted: 25 Feb 2022 08:32 AM PST (ဖေဖော်ဝါရီလ ၂၅ ရက်)ရေစကြိမြို့နယ်၊ ပခုက္ကူ-ချောင်းဦးလမ်းမကြီးပေါ်မှာ ပြည်သူများထံငွေကြေးကောက်ခံနေသော စစ်ကောင်စီတပ်ဖွဲဝင်များကို ရေစကြို PDF က ဝင်ရောက်တိုက်ခိုက်၍ ဗိုလ်တစ်ဦး အပါအဝင် တပ်သား တစ်ဦးပါသေဆုံး၍ လက်နက်ပါသိမ်းဆည်းရမိကြောင်း ရေစကြို PDF က ထုတ်ပြန်ပါတယ်။အဆိုပါဝင်ရောက်တိုက်ခိုက်ခဲ့ရာမှ ဗိုလ်အပါအဝင် (၂)ဦးသေဆုံးသွားပြီး MA-5 တစ်လက် သိမ်းဆည်းရမိတယ်လိုဖော်ပြထားတယ်။၎င်းဝင်ရောက်တိုက်ခိုက်မှုတွင် |
You are subscribed to email updates from THIT HTOO LWIN (Daily News). To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google, 1600 Amphitheatre Parkway, Mountain View, CA 94043, United States |
No comments:
Post a Comment
5
Note: Only a member of this blog may post a comment.