Wednesday, March 23, 2022

သစ်ထူးလွင်

သစ်ထူးလွင်


ကလေးမြို့ပေါ် ဒီနေ့ မနက်ပိုင်း စစ်အုပ်စု တိုက်ခိုက်ခံရပြီး တစ်ဦးသေ၊ နှစ်ဦး ဒဏ်ရာရ

Posted: 22 Mar 2022 08:37 AM PDT

ကလေးမြို့ ဝယ်စလီဆေးရုံ (ပုံဟောင်း)/Photo – CJစစ်အုပ်စုက နေ့လယ်ပိုင်းမှာ ကလေးမြို့ ဝယ်စလီဆေးရုံကို ဝင်စီးပြီး လူနာ နှစ်ဦးကို ဖမ်းဆီး၊မတ် - ၂၂စစ်ကိုင်းတိုင်း ကလေးမြို့ပေါ် ဆိုင်ကယ်နဲ့ လှည့်ပတ်သွားလာ မွှေနှောက်နေတဲ့ စစ်အုပ်စုကို ဒီကနေ့ မနက်ပိုင်းအချိန် တောင်ဖီလာ ရပ်ကွက်မှာ ခြုံခို တိုက်ခိုက်ခဲ့ပြီး စကစ တစ်ဦးသေကာ နှစ်ဦး ဒဏ်ရာရသွားတယ်လို့ ကလေးမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ - Kalay PDF က သတင်းထုတ်

ယင်းမာပင်မြို့ပေါ် ဘုန်းကြီးကျောင်းမှာ စစ်ဘေးရှောင်ခိုလှုံနေသူ (၂၀)ကျော် ဖမ်းဆီးခံရ၊

Posted: 22 Mar 2022 08:35 AM PDT

မတ် - ၂၂ စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်အတွင်း ထင်တိုင်းကျဲ သောင်းကျန်းနေတဲ့ စစ်အုပ်စုဟာ ယင်းမာပင်မြို့ပေါ် ဘုန်းကြီးကျောင်း တစ်ကျောင်းမှာ စစ်ဘေးရှောင်ခိုလှုံနေတဲ့ ဒေသခံ အရပ်သားပြည်သူ (၂၀)ကျော်ကို ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ယင်းမာပင်မြို့ပေါ်က ဘုန်းကြီးကျောင်းတစ်ကျောင်းမှာ စစ်ဘေးရှောင်ခိုလှုံနေသူ အမျိုးသား (၂၀)ကျော်ကို စစ်အုပ်စုက မနေ့က မတ်(၂၁)ရက် ညနေပိုင်းမှာ ဝင်ရောက်ဖမ်းဆီးတာ ဖြစ်

တပ်မ​တော်​နေ့တွင် အစွန်အဖျားရှိ ရဲစခန်းများ တိုက်ခိုက်လာနိုင်​ချေရှိ​၍ ကြိုတင်ပြင်ဆင်ရန် စစ်ကောင်စီ လုံခြုံ​ရေးတပ်လှန့်​နေ

Posted: 22 Mar 2022 08:33 AM PDT

တပ်မတော်နေ့(မတ်လ၂၇ရက်)တွင် အစွန်အဖျားကျ​ရောက်​သည့် ရဲစခန်းများ အလစ်အငိုက်ဝင်ရောက် တိုက်ခိုက်ခံရမည်ကို သတင်းရရှိ၍ ကြိုတင်ပြင်ဆင်ရန် အကြမ်းဖက်စစ်ကောင်စီ၏ လုံခြုံ​ရေးတပ်လှန့်ထားသည့် ကြေးနန်းစာကို  Myanmar Police CDM Channel -MPCC က ယနေ့ညပိုင်းတွင် ထုတ်ပြန် သည်။ စစ်ကောင်စီတပ်တွင်း ဖရဲသီး(သတင်းပေး)မှ ပေးပို့သည်ဆိုသည့် ကြေးနန်းစာအရ ရဲတပ်ဖွဲ့တံဆိပ်တုံးထုနှိပ်ထားသည်။ ထိုကြေးနန်းစာတွင် မတ်လ ၂၇ ရက်၌ ကျင်းပ

စာသင်ကျောင်းမှာတပ်စွဲထားတဲ့ စစ်အုပ်စုတိုက်ခိုက်ခံရပြီး ၆ ဦးခန့်သေဆုံးနိုင်

Posted: 22 Mar 2022 08:28 AM PDT

ပခုက္ကူ၊ မတ် ၂၁၊ ၂၀၂၂။မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ဂဝံလေးတိုင်ကျေးရွာ စာသင်ကျောင်းမှာတပ်စွဲနေတဲ့ စစ်ကောင်စီတပ်သားတွေကို မတ်လ ၂၁ ရက် ဒီနေ့ နေ့လည် ၁ နာရီလောက်မှာ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့  Pakokku People Defence Force-PPDF တာဝန်ခံက ပြောပါတယ်။ "ဂဝံလေးတိုင်ကျေးရွာစာသင်ကျောင်းမှာ စစ်သား အင်အားသုံးဆယ်လောက်နဲ့ တပ်စွဲနေတာပါ၊ စတိုက်တာကတော့ နေ့လည် ၁ နာရီလောက်ကနေ  ၂ နာရီခွဲလောက်ထိ ထိတွေ့မှုဖြစ်ခဲ့ပါတယ်"

နတ်တလင်း PDFက ဒုတပ်ခွဲမှူး လက်နက်ချပြီးနောက် အဖမ်းခံရတဲ့ဆေးတပ်ဗိုလ်ကြီးဟောင်း နှိပ်ဆက်ခံရလို့ ဆေးကုနေရ

Posted: 22 Mar 2022 08:28 AM PDT

ဇီးကုန်း၊ မတ်၂၂၊ ၂၀၂၂။နတ်တလင်းမြို့ PDFဒုတပ်ခွဲမှူးတဦး မတ်လ ၁၂ ရက်နေ့က ဇီးကုန်းရဲစခန်းမှာ လက်နက်ချပြီးနောက် ဖမ်းဆီးခံရသူတွေထဲက ဆေးတပ်ဗိုလ်ကြီးဟောင်း တဦးဟာစစ်ကြောရေးမှာ နှိပ်စက်လို့ ဆေးကုသနေရပါတယ်။ဒဏ်ရာရ PDF ရဲဘော်တဦးကို ဆေးကုပေးတယ်ဆိုကာ ဆေးတပ်ဗိုလ်ကြီး‌ဟောင်းကို ဖမ်းဆီးတာဖြစ်တယ်လို့ သိရပါတယ်။"လောလောဆယ် ကွင်းဆက်အနေနဲ့ဖမ်းတာက  ဇီးကုန်းမြို့အမှတ်၁ရပ်ကွက် မြို့သစ် ၉ လမ်းက ဆေးတပ်ဗိုလ်ကြီးဟောင်း ကို

စစ်ရှောင်ပြည်သူများကို သွားရောက်ကယ်ထုတ်သည့် ရဲဘော် ၆ ဦး ကျဆုံးဟု PDF-ဂန့်ဂေါ ထုတ်ပြန်

Posted: 22 Mar 2022 08:27 AM PDT

ဂန့်ဂေါ၊ မတ် ၂၂စစ်ဘေးရှောင်ပြည်သူများကို သွားရောက်ကယ်ထုတ်သည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်ရဲဘော် ၆ ဦး ကျဆုံး ခဲ့ကြောင်း PDF-GanGawက ယနေ့ထုတ်ပြန်သည်။က‌လေးဘက်မှတက်လာသော အကြမ်းဖက်စစ်သားများနှင့် မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်ရှိ ဟံသာဝတီ၊ ကုက္ကား၊ မြောက်ခင်ရန်းရွာများမှ ပျူစောထီးများပူးပေါင်းပြီး မြစ်သာမြစ်တစ်ဖက်ကမ်းရှိ စစ်ဘေးရှောင်များ ရှိရာနေရာများ သို့ လက်နက်ကြီးများဖြင့် ပစ်ခတ်နေခြင်းကို ပြည်သူ့ကာ

NUG ၏ အမည်ပျက်စာရင်းဝင် ရွှေဗျိုင်းဖြူဦးသိန်းဝင်းဇော်၏ ဆီဆိုင် ပထမဆုံးအကြိမ် ဗုံးခွဲခံရ

Posted: 22 Mar 2022 08:25 AM PDT

ပခုက္ကူ၊ မတ်လ (၂၂)အမျိုးသားညွီညွတ်ရေးအစိုးရ NUG ၏ အမည်ပျက်စာရင်းတွင်ပါဝင်သူ ဦးသိန်းဝင်းဇော်ပိုင် ရွှေဗျိုင်းဖြူစက်သုံးဆီဆိုင် (ပခုက္ကူ) ဗုံးခွဲတိုက်ခိုက်ခံခဲ့ရကြောင်း ဒေသခံများထံက သိရသည်။ယမန်နေ့ မတ်လ (၂၁) ရက် ညနေပိုင်းက မကွေးတိုင်း၊ ပခုက္ကူမြို့ရှောင်လမ်းပေါ်ရှိ ရွှေဗျိုင်းဖြူစက်သုံးဆီဆိုင် ဗုံးခွဲတိုက်ခိုက်ခံရခြင်းဖြစ်ပြီး ယခုအခါ စက်သုံးဆီဆိုင်ကို ပိတ်ထားသည်ဟု မြို့ခံတစ်ဦးက လူငယ့်ခေတ်သို့

သန်လျင်မြို့တွင် စစ်တပ်နှင့် နီးစပ်နေရာများတွင် လမ်းဘက်သို့ မျက်နှာမူထားသော CCTV များဖြုတ်သိမ်းထားကြရန် သန်လျင်ဗိုလ်နဂါးတပ်ဖွဲ့ သတိပေး

Posted: 22 Mar 2022 08:23 AM PDT

(မတ် ၂၂)သန်လျင်မြို့နယ်တွင် အကြမ်းဖက်စစ်တပ်နှင့် နီးစပ်ရာနေရာများတွင် လမ်းဘက်သို့ မျက်နှာမူထားကြသော လုံခြုံရေးကင်မရာ(CCTV) များကို ဖြုတ်သိမ်းထားကြပါရန် သန်လျင်မြို့ပြည်သူများကို သန်လျင်ဗိုလ်နဂါးတပ်ဖွဲ့က ယနေ့ သတိပေးထုတ်ပြန်ထားပါသည်။ထုတ်ပြန်ချက်တွင် စခများနှင့် နီးစပ်ရာနေများတွင် လမ်းဘက်သို့ မျက်နှာမူထားသော CCTV တပ်ဆင်ထား မိဘပြည်သူများအနေဖြင့် မိမိတို့၏ CCTV ကြောင့် သန်လျင်ဗိုလ်နဂါးအဖွဲ့ အလုပ်လုပ်

စစ်ဆရာဝန်ကားမိုင်းဆွဲခံရတာကို လာကြည့်တဲ့ စစ်အုပ်စု မိုင်းထပ်ဆွဲခံရပြီး ၄ဦးသေဆုံး ၅ဦးဒဏ်ရာပြင်းထန်

Posted: 22 Mar 2022 08:19 AM PDT

စစ်ကိုင်း၊ မတ်၂၂၊ ၂၀၂၂။စစ်ကိုင်းတိုင်း၊ ကသာခရိုင် ထီးချိုင့်မြို့နယ်မှာ စစ်ကောင်စီဆရာဝန်ရဲ့ကားကို PDF က မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး အဲ့ဒီဖြစ်စဥ်ကို လာကြည့်တဲ့ စစ်အုပ်စု မိုင်းထပ်ဆွဲခံရလို့ စုစုပေါင်း ၄ဦး‌သေဆုံးပြီး ၅ဦး ဒဏ်ရာပြင်းထန်ခဲ့တယ်လို့ သိရပါတယ်။မတ်လ ၂၁ရက် မနေ့က ည ၈နာရီဝန်းကျင်မှာ စစ်ဆရာဝန်ကားကို ထီးချိုင့်မြို့နယ် မောင်းကုန်းကျေးရွာအနီး ဆွဲမိုင်း ၄လုံးနဲ့ တိုက်ခိုက်ခဲ့ပြီး ဆရာဝန်ဖြစ်သူ

မြောင်မြို့နယ်ထွေအုပ်ရုံးကို PDF ၃ ဖွဲ့ပေါင်း မိုင်းခွဲတိုက်ခိုက်

Posted: 22 Mar 2022 08:18 AM PDT

မြောင်၊ မတ် ၂၂၊ ၂၀၂၂။ စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးကို မတ်လ ၂၁ ရက် မနေ့ကည ၇ နာရီခွဲလောက်က မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီရုံးမှာ ရုံးတက်နေတဲ့  Non – CDM ဝန်ထမ်းတွေကို သတိပေးဖို့လည်းဖြစ်သလို လက်ရှိအချိန်မှာ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးယန္တရားကို ဖြိုဖျက်နေတဲ့အတွက်ကြောင့် ခုလို တိုက်ခိုက်ခဲ့တာလို့ မြောင်မြို့နယ်တော်လှန်ရေးတပ် - MRA ရဲ့ တာဝန်ခံက ပြောပါတယ်။ "

လုံခြုံရေးယူဖို့လာတဲ့ စစ်အုပ်စုကို ကလေး PDF ပစ်ခတ်တိုက်ခိုက်လို့ ၁ဦးသေ ၂ဦးဒဏ်ရာရ

Posted: 22 Mar 2022 08:16 AM PDT

ကလေး၊ မတ်၂၂၊ ၂၀၂၂။ကလေးမြို့က အိမ်တွင်းမှု သင်တန်းကျောင်းကို ဆိုင်ကယ်၃စီးနဲ့ လုံခြုံရေးယူဖို့လာတဲ့  စစ်အုပ်စုကို ကလေး PDF က ဒီနေ့ မနက်ပိုင်းက ပစ်ခတ်တိုက်ခိုက်ခဲ့လို့ ၁ဦးသေပြီး ၂ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ကလေးမြို့ တောင်ဖီလာရပ်ကွက် ၊ တောင်ဖီလာလမ်းမကြီး ၊ တာဟန်းဘက်က တောင်သာဘက်ကို မောင်းလာပြီး နယ်စပ်ရေးရာ ဝန်းကြီးဌာန အိမ်တွင်းမှု သင်တန်းကျောင်း အနီးမှာ ပစ်ခတ်တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ ကလေးPDF တာဝန်ခံ က

သင်္ဃန်းညီနောင်မြို့ဝင်ကြေးကောက်သည့်ဂိတ် ပစ်ခတ်ခံရပြီး (၁) ဦး သေဆုံးကာ ၂ ဦး ဒဏ်ရာပြင်းထန်

Posted: 22 Mar 2022 08:12 AM PDT

မတ်လ ၂၂ ရက်၊ ၂၀၂၂ ခုနှစ်။ ကရင်ပြည်နယ် မြဝတီမြို့ သင်္ဃန်းညီနောင်အထွက် အာရှလမ်းရှိ မြို့ဝင်ကြေးကောက်သည့်ဂိတ်အား ယနေ့ နံနက်ပိုင်းက လက်နက်ကိုင်အဖွဲ့တစ်ခုမှ သေနတ်ဖြင့်ပစ်ခတ်ခဲ့ရာ ဂိတ်ရှိ အမျိုးသား ၃ ဦးကျည်ထိမှန်ခဲ့ပြီး ထိုထဲမှ ၁ ဦးသေဆုံးမှုရှိခဲ့ကြောင်း သိရသည်။ အဆိုပါ မြို့ဝင်ကြေး ကောက်ခံဂိတ်ကို မတ်လ ၂၂ ရက်၊ နံနက် ၉ နာရီခန့်က လက်နက်ကိုင်အဖွဲ့တစ်ခုမှ အဝေးကနေလှမ်းပစ်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းဂိတ်နှင့်

ပလိပ်မြို့တွင် လျှပ်စစ်ရုံး ​ဖောက်ခွဲတိုက်ခိုက်မှုလာ​ရောက်စစ်​​ဆေး​​သော စစ်​ကောင်စီတပ်သားများကို ထပ်မံတိုက်ခိုက်ရန်စီစဥ်ထား​သော်လည်း မီတာလာ​ဆောင်သူများ​ကြောင့် ​ရှောင်လွှဲခဲ့ရ

Posted: 22 Mar 2022 08:10 AM PDT

မန္တလေးတိုင်း ပလိပ်မြို့လျှပ်စစ်မီတာရုံးအတွင်း လက်ပစ်ဗုံးခွဲတိုက်ခိုက်မှုကို လာရောက်စစ်ဆေးသည့် စစ်ကောင်စီတပ်သားများကို မိုင်းခွဲရန်စီစဥ်ခဲ့သော်လည်း မီတာလာဆောင်သူများကြောင့်  ဖောက်ခွဲမှုရှောင်လွှဲခဲ့ရကြောင်း စဥ့်ကိုင်မြို့နယ် ဒေသကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်သည်။ယနေ့ (မတ်လ ၂၂ ရက်)နံနက် ၇ နာရီ ၄၀မိနစ်တွင် ပလိပ်မြို့လျှပ်စစ်မီတာရုံးကို လက်ပစ်ဗုံးဖြင့် ကနဦး တိုက်ခိုက်ခဲ့သည်ဟု LPDF (SINTGAING) က ဆို သည်။

မော်ခီးစခန်းသိမ်းတိုက်ပွဲ ရုပ်သံဖိုင်ထွက်​ပေါ်လာ

Posted: 22 Mar 2022 08:09 AM PDT

▪️စစ်ကောင်စီတပ် ငါးဦးထက်မနည်းသေ၊ တစ်ဦးဖမ်းမိ၊လက်နက်ခဲယမ်းများစွာရရှိအကြမ်းဖက်စစ်ကောင်စီတပ်က မဆုတ်တမ်းခံစစ်အဖြစ်သတ်မှတ်ထားသည့် မြ၀တီခရိုင် ဝေါ်လေမြို့နယ်ခွဲမှ မော်ခီးစခန်းအား ကရင်အမျိုးသားအစည်းအရုံး (KNU)လက်အောက်ခံတပ်နှင့် ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော်(DKBA)တို့ပါဝင်သည့် ပူးပေါင်းအဖွဲ့က ယမန်နေ့တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ငါးဦးထက်မနည်းသေဆုံးပြီး လက်နက်ငယ် နှင့်လက်နက်ကြီး

No comments:

Post a Comment

5

Note: Only a member of this blog may post a comment.