သစ္ထူးလြင္ |
- တနိုင်းဘက်သို့တက်လာသော စစ်ကောင်စီတပ်ဖွဲ့ကို KIA မိုင်းဆွဲတိုက်ခိုက်
- စစ်ကောင်စီ ရိက္ခာတင်သင်္ဘော ၂ စီး ဒေသကာကွယ်ရေးတပ်မှ ရှော့တိုက်ဒုန်းဖြင့် ပစ်ခတ်တိုက်ခိုက်
- ကျောက်ဆည်က စက်မှု ၁ နယ်မြေ ရဲစခန်းဝင်ရောက်ပစ်ခတ်ခံရလို့ ရဲ ၁၂ဦးသေဆုံးဟုဆို
- စစ်ကောင်စီတပ်ဖွဲ့တွေ လှည့်ကင်းပတ်တဲ့ အချိန် ခြုံခိုတိုက်ခိုက်ခံရလို့ ၂ဦးသေဆုံးပြီး ၆ဦးဒဏ်ရာပြင်းထန်
တနိုင်းဘက်သို့တက်လာသော စစ်ကောင်စီတပ်ဖွဲ့ကို KIA မိုင်းဆွဲတိုက်ခိုက် Posted: 25 Mar 2022 05:23 AM PDT Mar 24,2022ကချင်ပြည်နယ် တနိုင်းမြို့နယ်အတွင်းရှိ အောင်ရာကျေးရွာအနီးတွင် တနိုင်းမြို့ဘက်သို့တက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က ယနေ့နံနက်ပိုင်း ၁၁နာရီဝန်းကျင်ခန့်တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်းသိရသည်။မိုင်းခွဲတိုက်ခိုက်ခံရသော စစ်ကောင်စီတပ်ဖွဲ့သည် နံနက်အစောပိုင်းက တိန်းကောက်ကျေးရွာမှထွက်ခွာလာသည့် စစ်ကောင်စီတပ်ဖွဲ့ ခလရ ၂၆၀တပ်ရင်းမှ စစ်အင်အား ၅၀ကျင်ခန့်ပါရှိသော စစ်ကောင်စီ |
စစ်ကောင်စီ ရိက္ခာတင်သင်္ဘော ၂ စီး ဒေသကာကွယ်ရေးတပ်မှ ရှော့တိုက်ဒုန်းဖြင့် ပစ်ခတ်တိုက်ခိုက် Posted: 25 Mar 2022 05:21 AM PDT ကသာမြို့နယ် မိုးတားလေးကျေးရွာတွင် နှစ်ညစခန်းချခဲ့သည့် စစ်ကောင်စီတပ်၏ ရိက္ခာတင်သင်္ဘော အထက်ဝဲကြီးရွာအရောက်တွင် ဒေသကာကွယ်ရေးတပ်ဖွဲ့၏ ရှော့တိုက်ဒုန်းဖြင့် စောင့်ကြိုပစ်ခတ်မှုကို ခံရကြောင်း သိရသည်။ယနေ့နံနက် ၁၀ နာရီဝန်းကျင်တွင် မိုးတားလေးကျေးရွာမှ ထွက်လာသည့် ယင်းစစ်ကောင်စီတပ်၏ ရိက္ခာတင်သင်္ဘောကို သံပုရာကုန်းရွာနှင့် အထက်ဝဲကြီးရွာကြားတွင် ဒေသကာကွယ်ရေးတပ်ဖွဲ့မှ စောင့်ကြိုတိုက်ခိုက်ခဲ့ကြောင်း သိရသည်။"သ |
ကျောက်ဆည်က စက်မှု ၁ နယ်မြေ ရဲစခန်းဝင်ရောက်ပစ်ခတ်ခံရလို့ ရဲ ၁၂ဦးသေဆုံးဟုဆို Posted: 25 Mar 2022 05:20 AM PDT ကျောက်ဆည်၊ မတ် ၂၅၊ ၂၀၂၂။မန္တလေးတိုင်း၊ ကျောက်ဆည်ခရိုင် ကျောက်ဆည်စက်မှု ၁နယ်မြေ ရဲစခန်းကို ဒီနေ့ မနက် ၃နာရီကျော်မှာ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့လို့ ရဲ ၁၂ဦး သေဆုံးခဲ့တယ်လို့ ကျောက်ဆည်နဂါးနီ ပြောက်ကျားတပ်ဖွဲ့တာဝန်ခံဆီက သိရပါတယ်။အခွင့်အရေးရတုန်း သွေးကြွေးဆပ်တဲ့ အနေနဲ့ ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ကျောက်ဆည်နဂါးနီ ပြောက်ကျားတပ်ဖွဲ့တာဝန်ခံက ပြောပါတယ်။" စိက်ကျန်းမာရေး ချိုတဲ့နေတဲ့ ခလေးငယ် တစ်ဦး |
စစ်ကောင်စီတပ်ဖွဲ့တွေ လှည့်ကင်းပတ်တဲ့ အချိန် ခြုံခိုတိုက်ခိုက်ခံရလို့ ၂ဦးသေဆုံးပြီး ၆ဦးဒဏ်ရာပြင်းထန် Posted: 25 Mar 2022 05:19 AM PDT မြင်းမူ၊ မတ်၂၅၊ ၂၀၂၂။စစ်ကိုင်းတိုင်း မြင်းမူမြို့နယ် စာသင်ကျောင်းမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ မနေ့ညက ကင်းပတ်ချိန်မှာ PDF ၄ဖွဲ့က ခြုံခိုတိုက်ခိုက်တာ ခံရလို့ စစ်ကောင်စီတပ်သား ၂ဦးသေဆုံးပြီး ၆ဦးဒဏ်ရာပြင်းထန်ခဲ့တယ်လို့ သိရပါတယ်။ခြုံခိုတိုက်ခိုက်တာမျိုးဖြစ်တာကြောင့် အပြန်အလှန်ပစ်ခတ်တာမျိုးမရှိပဲ လှည့်ကင်းပတ်နေတဲ့ တပ်သားတွေ ဒဏ်ရာရရှိခဲ့ပြီး ပွဲချင်းပြီး သေဆုံးတာမျိုးမရှိပေမယ့် ဒဏ်ရာ |
You are subscribed to email updates from THIT HTOO LWIN (Daily News). To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google, 1600 Amphitheatre Parkway, Mountain View, CA 94043, United States |
No comments:
Post a Comment
5
Note: Only a member of this blog may post a comment.