Sunday, March 6, 2022

သစ်ထူးလွင်

သစ်ထူးလွင်


တီးတိန်-ဖလမ်းနယ်စပ်ရှိ စစ်ကောင်စီတပ်စခန်း နှစ်ခုကို ချင်းပူးပေါင်းတပ်ဖွဲ့ တိုက်ခိုက်၊ စစ်ကောင်စီတပ်မှ အနည်းဆုံး ငါးဦးသေဟုဆို

Posted: 05 Mar 2022 07:55 AM PST

(PDF – Zoland ရဲ​ဘော်များကို ​တွေ့ရစဥ်)ချင်းပြည်နယ် တီးတိန်မြို့နယ်နှင့် ဖလမ်းမြို့နယ်အစပ်ရှိ စစ်ကောင်စီတပ်စခန်း နှစ်ခုကို ချင်းလက်နက်ကိုင် ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ငါးဦးထက်မနည်း သေဆုံးပြီး ဒဏ်ရာရသူများပြားကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF-Zoland)  တာဝန်ရှိသူတစ်ဦးက ပြောသည်။မတ်လ ၅ နံနက် ၆နာရီခန့်မှစ၍ ချင်းပြည်နယ် ရိခေါ်ဒါ ရှိ စစ်ကောင်စီတပ်စခန်းအား ပြည်သူ့ကာကွယ်ရေး

ကျောက်တန်းမြို့ လျှပ်စစ်ရုံး တိုက်ခိုက်ခံရ၊ စစ်ကောင်စီတပ်သားတစ်ဦး ပွဲချင်းပြီးသေ

Posted: 05 Mar 2022 07:53 AM PST

ရန်ကုန်တိုင်း ကျောက်တန်းမြို့ရှိ မြို့နယ်လျှပ်မန်​နေဂျာရုံးကို ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း ချေဂွေဗားရား​ပြောက်ကျားတပ်ဖွဲ့ကျောက်တန်း (CRF)က ယနေ့(မတ် ၅) ထုတ်ပြန်သည်။အဆိုပါတိုက်ခိုက်မှုကို Che-Guevara Revolution Force (Kyauktan)နှင့် Thongwa Youth Force (TYF)တို့ပူးပေါင်းပြီး ယနေ့ နံနက် ၈ နာရီ ၄၅မိနစ်တွင် အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

တောင်တွင်းကြီးမြို့နယ်မှာ စာသင်ကျောင်းကို ခြိမ်းခြောက်စာပို့ခံရတာနဲ့ ပတ်သက်ပြီး ဒေသခံ ပြည်သူ ၃၀ နီးပါး စစ်ကောင်စီဖမ်းဆီး

Posted: 05 Mar 2022 07:44 AM PST

မကွေး၊ မတ်၅၊ ၂၀၂၂။မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်၊ သဲဖြူကျေးရွာက ဒေသခံပြည်သူ ၃၀ဝန်းကျင်ကို ကျေးရွာအုပ်ချုပ်ရေးမှူးက ဖမ်းခိုင်းလို့ စစ်ကောင်စီက ဖမ်းဆီးသွားတယ်လို့ ဒေသခံတဦးဆီက သိရပါတယ်။သဲဖြူကျေးရွာဟာ မနေ့က အသတ်ခံလိုက်ရတဲ့ အုပ်ချုပ်ရေးမှုးနဲ့ ဒလန်နေထိုင်တဲ့ ချင်းသပြေပင်ကျေးရွာနဲ့ ကပ်လျက်ရှိတဲ့ ကျေးရွာတခုဖြစ်ပြီး အရှိုချင်းအများစုနေထိုင်ကြတာဖြစ်တယ်လို့ သိရပါတယ်။ဖမ်းဆီးခံလိုက်ရတဲ့ ပြည်သူ ၃၀

အင်းတော်မှာ စစ်ကောင်စီယာဥ်တန်းတိုက်ခိုက်ခံရပြီး စစ်သား ၂၅ ဦးခန့်သေဆုံးနိုင်

Posted: 05 Mar 2022 07:44 AM PST

အင်းတော်၊ မတ် ၅၊ ၂၀၂၂။ အင်းတော်မြို့နယ်အတွင်းမှာ မတ်လ ၅ ရက် ဒီနေ့မနက်အစောပိုင်းက စစ်ကောင်စီယာဥ်တန်း ၂၇ စီး  မိုင်းဆွဲတိုက်ခိုက်ခံရတယ်လို့ သိရပါတယ်။ ထီးချိုင့်မြို့ဘက်က ထွက်လာတဲ့ အဲ့ဒီကားတွေကို ဒီမနက် ၆ နာရီလောက်က စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ မော်လူးမြို့နဲ့ နဘားကျေးရွာအကြားမှာ မိုင်း ၂ လုံးနဲ့ တိုက်ခိုက်ခဲ့ပြီး ဆက်တိုက်ဆိုသလို လက်နက်ကြီးတွေနဲ့ ထပ်မံတိုက်ခိုက်ခဲ့တာလို့ အင်းတော် PDF တာဝန်ခံက

ခင်ဦးမြို့နယ် ဒါန်းကုန်းရွာကို စစ်အုပ်စုက မီးရှို့၊ မီးငြှိမ်းမည့်သူ မရှိဘဲ ရွာလုံးကျွတ် ပြာကျနိုင်ဟုဆို၊

Posted: 05 Mar 2022 07:44 AM PST

မတ် - ၅စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် မူးသာကျေးရွာအုပ်စု ဒါန်းကုန်းကျေးရွာကို ဒီကနေ့ နေ့လယ်ပိုင်းမှာ စစ်ကောင်စီ သစ္စာခံ အကြမ်းဖက်သမား (၁၀၀)လောက် စီးနင်းဝင်ရောက်ပြီး ရွာအတွင်းက နေအိမ်တွေကို မီးရှို့ ဖျက်ဆီးနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။ဒီကနေ့ မတ်(၅)ရက် နေ့လယ်ပိုင်းက ရေဦးမြို့မ ရဲစခန်းကနေ ထွက်လာတဲ့ စစ်အုပ်စုဟာ ခင်ဦးမြို့နယ် ဒါန်းကုန်းကျေးရွာအထိ ရောက်ရှိလာပြီး ထင်တိုင်းကျဲ မွှေနှောက်လုယက် သောင်းကျန်း

မြောင်မှာ စစ်အုပ်စု မိုင်းဆွဲခံရပြီး တပ်ကြပ်ကြီးအဆင့် အပါအဝင် လေးဦးသေ၊ သုံးဦးဒဏ်ရာရ

Posted: 05 Mar 2022 07:42 AM PST

မြောင်မြို့နယ် နေပူကုန်းရွာက နွားတွေကို စစ်အုပ်စုက ခိုးယူလုယက်ပြီး လှေနဲ့တင်သွားစဉ်/Photo – CJစစ်အုပ်စုက ဒေသခံ လူငယ်တစ်ဦးကို ပစ်သတ်ပြီး ခုနှစ်ဦးကို ဓားစာခံ လူသားဒိုင်းအဖြစ် ဖမ်းခေါ်သွား၊မတ် - ၅စစ်ကိုင်းတိုင်း မြောင်မြို့နယ်အတွင်း ရွာစဉ်ပတ်မွှေ သောင်းကျန်းနေတဲ့ စစ်အုပ်စုကို ယနေ့က မနက်ပိုင်းအချိန် နဘက်ကျေးရွာအနီးမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ တပ်ကြပ်ကြီးအဆင့် အပါအဝင် စစ်ကောင်စီ လက်နက်ကိုင် လေးဦး သေ

မြို့သစ်မြို့က အုပ်ချူပ်ရေးမှူးတဦး ပစ်သတ်ခံရ

Posted: 05 Mar 2022 07:37 AM PST

မြို့သစ်၊ မတ် ၅၊ ၂၀၂၂။မကွေးတိုင်း၊ မြို့သစ်မြို့က ကျေးရွာအုပ်ချုပ်ရေးမှူးတဦးကို မနေ့ညနေ ၅ နာရီလောက်က သုတ်သင်ရှင်းလင်းခဲ့တယ်လို့ ဗိဿနိုးနယ်မြေ ပြည်သူ့ကာကွယ်ရေးတပ်မတော်ရဲ့ တာဝန်ရှိသူက ပြောပါတယ်။ရွှေပန်းအုပ်စု၊ အုပ်ချုပ်ရေးမှူးကိုသိန်းဟန်ဆိုသူဖြစ်ပြီး လမ်းမှာပဲ စောင့်ကြည့်သုတ်သင်ခံရတာလို့ သိရပါတယ်။"သိန်းဟန်က ရွှေပန်းအုပ်စု၊ မြောက်မီးကုန်းရွာသားဗျ။ မြောက်မီးကုန်းရွာနားမှာပဲ စောင့်ကြည့်သုတ်သင်ခဲ့တာပါ

ဆားလင်းကြီးမှာ စစ်ကောင်စီယာဥ်တန်းကို PDF က မိုင်းဆွဲလို့ စစ်သား ၂၀ ဦးသေဆုံး

Posted: 05 Mar 2022 07:36 AM PST

ဆားလင်းကြီး၊ မတ် ၅၊ ၂၀၂၂။ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်အတွင်းမှာ စစ်ကောင်စီကား ၈ စီးကို မတ်လ ၅ ရက် ဒီနေ့မနက်ပိုင်းက မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ Unity Forcec Monywa – UFM ဆီက သိရပါတယ်။ အင်အား ၂၀၀ ကျော်ပါတဲ့ အဲ့ဒီစစ်ကားတွေကို ဒီမနက် ၁၁ နာရီခွဲက စတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး၊ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်က ၂၀ ဦးသေဆုံးခဲ့တယ်လို့  UFM မှ ဗိုလ်အောက်ဆွဲက ပြောပါတယ်။ "မိုင်းသုံးခဲ့တာ ဒီတခါ

အင်တာနက်ဖြတ်ပြီး ရွာအတွင်း အလစ်ဝင်စီးကာ ရွာသား ၈ ဦးကို အကြမ်းဖက်စစ်တပ် မီးရှို့သတ်ဖြတ်

Posted: 05 Mar 2022 07:35 AM PST

Photo -ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၁ ရက်က ဒီပဲယင်း ကြခတ်ကျေးရွာကို စစ်ကောင်စီတပ်များ မီးရှို့စဥ် (ဒီပဲယင်းမြို့နယ်ညီနောင်များ)အကြမ်းဖက်စစ်ကောင်စီတပ်က အင်တာနက်လိုင်း ဖြတ်တောက်၍ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် မင်းဆွေနှစ်ကျေးရွာကို ဝင်ရောက်စီးနင်းခဲ့ပြီးနောက် ရွာသား ၈ ဦးကို မီးရှို့သတ်ဖြတ်ခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။စစ်ကိုင်းတိုင်းဒေသကြီးအတွင်း၌ မတ်လ ၃ ရက် ညပိုင်းတွင် အင်တာနက်လိုင်းများ ဖြတ်တောက်

ဘော်လခဲ နန်းဖဲရွာတိုက်ပွဲ KNDF နှင့်စစ်ကောင်စီ နှစ်ဘက်အကျအဆုံးရှိ၊ ရွာကို စစ်ကောင်စီမီးရှို့သဖြင့် ပြည်သူ ၂ ဦး မီးထဲပါသွား

Posted: 05 Mar 2022 07:18 AM PST

မဲခေါင်၊ မတ် ၅ကရင်နီပြည်၊ ဘော်လခဲမြို့နယ်တွင်  စစ်ကောင်စီတပ်နှင့် KNDF_B16 နှင့် KA တို့ မတ်လ ၄ ရက်က ထိတွေ့ပြီး အချိန်၅နာရီကြာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း KNDF B_16မှ ယနေ့တွင် ထုတ်ပြန်ထားသည်။အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်မှ ၅ ဦးထက်မနည်းသေဆုံးပြီး KNDF ဘက်မှ ရဲဘော် ၁ ဦး ကျဆုံး၊ ၁ ဦး ထိခိုက်ဒဏ်ရာရှိခဲ့သည်။"ကျဆုံးသွားတဲ့ရဲဘော်က အသက် ၄၃ နှစ်ရှိပြီ၊ သူတို့ဘော်လခဲကနေ လက်နက်ကြီးပစ်လာတဲ့ ၁၂၀ မမ တ

ရိခေါ်ဒါစစ်ကောင်စီစခန်း ချင်းကာကွယ်ရေးတပ်များ တိုက်ခိုက်သဖြင့် ၅ ယောက်သေ

Posted: 05 Mar 2022 07:17 AM PST

မဲခေါင်၊ မတ် ၅ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ ရိခေါ်ဒါမြို့ စစ်ကောင်စီ စခန်းအား ချင်းပြည်သူ့ကာကွယ်ရေးစုပေါင်း တပ်ဖွဲ့များဖြစ်သည့် CNDF၊ CNA၊ PDF-Zoland၊ CDM-Siyin နှင့် CDF-Hualngo တို့မှ ယနေ့ (မတ် ၅) နံနက်က တိုက်ခိုက်ခဲ့သည်။တိုက်ခိုက်မှုသည် တစ်နာရီခွဲကြာဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၅ဉီး သေဆုံးကာ အများအပြား ဒဏ်ရာရရှိကြကြောင်း PDF-Zoland က ထုတ်ပြန်သည်။MeKong News - မဲခေါင်သတင်း

စစ်ကိုင်းက ပျူစောထီးလုပ်ငန်းတက်ကြွ ခေါင်းဆောင် လင်မယားရှင်းလင်းခံရ

Posted: 05 Mar 2022 07:10 AM PST

မတ်လ ၅ ရက်စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ရှားပင်ကန်ရွာက ပျူစောထီးခေါင်းဆောင်လင်မယားကို ဒီကနေ့ မနက်အစောပိုင်းကရှင်းလင်းခဲ့တယ်လို့အာဏာ ရှင်စနစ်တိုက်ဖျက်ရေးပြည်သူ့တပ်ဖွဲ့(PAFD)က ထုတ်ပြန်ပါတယ်။ရှင်းလင်းခံရတဲ့ ဆန်းဌေးနဲ့ မိန်းမဖြစ်သူ သန်းနုတို့ဟာ အဲ့ဒီဒေသရဲ့ပျူစောထီးခေါင်းဆောင်တွေဖြစ်ပြီးတော့ နှစ်ဦးစလုံးသေဆုံးတယ်လို့သိရပါတယ်။၄င်းတို့မှာ ပျူစောထီးတပည့်အဖွဲ့ဝင်အများအပြားရှိပြီး တော်လှန်ရေးအဖွဲ့

ဆောမြို့နယ်အတွင်းက စစ်ကောင်စီတပ် ရဟတ်ယာဥ်နဲ့စျေးဝယ်နေရ

Posted: 05 Mar 2022 07:09 AM PST

မတ်လ ၅ ရက်မကွေးတိုင်း၊ ဆောမြို့နယ်၊ လောင်းရှည်မြို့ အခြေစိုက် ကပစတပ်အပါအဝင် ဆောမြို့နယ်အတွင်းစစ်ကောင်စီတပ်ရဲ့ အုပ်ချုပ်ရေးယန္တရားတွေကို ရဟတ်ယာဥ်အဓိကထားပြီး အသုံးပြုနေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ဆောမြို့နယ်အတွင်းမှာ စစ်ကောင်စီယန္တရားတွေ လည် ပတ်ဖို့ခက်ခဲနေပြီး မြေပြင်လမ်းပိုင်းတွေအသုံးပြုဖို့ ခက် ခဲနေတာကြောင့်စစ်ကောင်စီ ကပစ ၂၅တပ်ကို ဟင်းချက် စရာနဲ့ကုန်စိမ်းတွေရဟတ်ယာဥ်နဲ့သယ်ယူနေတာလို့ ဆိုပါတယ်။''

No comments:

Post a Comment

5

Note: Only a member of this blog may post a comment.