သစ္ထူးလြင္ |
- သန်လျင်မြို့နယ်ရှိ စစ်မှုထမ်းဟောင်း ရပ်ကွက်အုပ်ချူပ်ရေးမှူးပစ်သတ်ခံရပြီး သေဆုံး
- မန္တလေး ချမ်းအေးသာစံမြို့နယ် ထွေအုပ်ရုံးတွင် ပေါက်ကွဲမှုဖြစ်
- မန္တလေး မြစ်ငယ်မြို့ကို စစ်အုပ်စု ဆက်ပြီး ပိတ်ဆို့ထား၊ CDM ရထားဝန်ထမ်းတွေကို လိုင်းခန်းက နှင်ချနေပြီး လူမရှိတဲ့အခန်းတွေက ပစ္စည်းတွေကို ဆွဲထုတ်ဖယ်ရှားနေ
- ရွှေဘိုတွင် စစ်ကောင်စီတပ်ကို ဒေသခံမဟာမိတ်တပ်ဖွဲ့များ နှစ်ရက်ဆက်တိုက်ခိုက်
- နေရာအချို့တွင် မတ်၁၈ မှ ၂၄ ရက်အတွင်း ၂၄ နာရီစလုံးမီးပြတ်မည်ဟုစစ်ကောင်စီကြေညာ
- မြိုင်အနောက်ဖက်ရှိ စစ်ဆေးရေးဂိတ်ကို PDF က ဝင်ရောက်တိုက်ခိုက်ရာမှ စစ်ကောင်စီတပ်သား (၂)ဦး သေဆုံး
- ဒီးမော့ဆို ကျောက်ဆည်ကန်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား(၂၀) သေဆုံးပြီး ပိုးဆိုးပက်စက် အထိနာသွား
- ပုလဲမြို့အနီး ကင်းလှည့်နေသည့် စစ်ကောင်စီ တပ်ကိုမိုင်းဆွဲရာ စခ ၉ ဦးခန့်သေ
- လှိုင်သာယာ ၅ ရပ်ကွက် အုပ်ချုပ်ရေးရုံး ပစ်ခတ်ခံရ
- ပေါက်မှာ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်က ၂၀ ဦးခန့်သေဆုံးနိုင်၊ PDF ရဲဘော် ၅ ဦးပျောက်ဆုံးနေ
- ပျူစောထီးခေါင်းဆောင်ကို ဆေးသွားကုတဲ့ကား မိုင်းဆွဲခံရပြီး ၁ဦးသေဆုံး
- ဟားခါးမြို့နယ်က စိတ်ဝေဒနာရှင်တစ်ဦး သတ်ဖြတ်ခံရ
- ဒီးမော့ဆိုမြို့ ကျောက်ဆည်ကန်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦးနဲ့ လက်နက်သိမ်းဆည်းရမိ
- ဒီးမော့ဆိုတိုက်ပွဲ စစ်ကောင်စီဘက်က အများအပြား ထပ်မံ သေဆုံးဟု DMO-Local PDF ထုတ်ပြန်
- စစ်ကောင်စီတပ်၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ၂ နှစ်အရွယ် ကလေးငယ်နှင့် ကိုယ်ဝန်ဆောင်မိခင်အပါအဝင် အရပ်သား(၇) ဦး သေဆုံး
သန်လျင်မြို့နယ်ရှိ စစ်မှုထမ်းဟောင်း ရပ်ကွက်အုပ်ချူပ်ရေးမှူးပစ်သတ်ခံရပြီး သေဆုံး Posted: 06 Mar 2022 10:35 AM PST မတ်လ ၆ ရက်နေ့၊ ၂၀၂၂သန်လျင်မြို့နယ် အောင်ချမ်းသာရပ်ကွက်မှာ ဒီကနေ့ နံနက်ပိုင်းက စစ်မှုထမ်းဟောင်းရပ်ကွက်အုပ်ချုပ်ရေးမှုးတစ်ဦး သေနတ်နဲ့ပစ်ခတ်ခံရပြီးသေဆုံးခဲ့တယ်လို့ ရပ်ကွက်နေသူတွေဆီက သိရပါတယ်။အောင်ချမ်းသာရပ်ကွက်အုပ်ချုပ်ရေးမှုးကို ဒီကနေ့ မနက် ၇ နာရီခန့်က အမည်မသိသေနတ်ကိုင်ဆောင်ထားသူတွေက ပစ်ခတ်ခဲ့လို့ သေဆုံးခဲ့တာဖြစ်တယ်လို့ အဆိုပါရပ်ကွက်နေသူတစ်ဦးက ပြောပါတယ်။"သေနတ်သံကြားရတာတော့ သုံးချက်ပဲ။ လူနာတင်ကားတွေ |
မန္တလေး ချမ်းအေးသာစံမြို့နယ် ထွေအုပ်ရုံးတွင် ပေါက်ကွဲမှုဖြစ် Posted: 06 Mar 2022 10:31 AM PST ချမ်းအေးသာစံမြို့နယ် ထွေအုပ်ရုံးရှေ့တွင် ဆန္ဒပြနေသူများ(ပုံဟောင်း)/Photo – CJမတ် - ၆မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် (၂၈)လမ်း၊ (၇၆)လမ်းနှင့် (၇၇)လမ်းရှိ ချမ်းအေးသာစံမြို့နယ် ထွေအုပ်ရုံးတွင် ယနေ့ နေ့လယ်(၁၂)နာရီကျော်က ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံ သတင်းရင်းမြစ်များက MFP သို့ ပြောသည်။ကျယ်လောင်သော ပေါက်ကွဲသံ ကြားရကြောင်းနှင့် ထိခိုက်ပျက်စီးမှု ရှိ၊မရှိ မသိရသေးသလို ရုံးအတွင်း ပေါက်ကွဲသည်လား၊ |
Posted: 06 Mar 2022 10:28 AM PST မြစ်ငယ် မီးရထားရုံက ဝန်ထမ်းတွေ စစ်အာဏာရှင် ကျဆုံးရေး ဆန္ဒပြခဲ့စဉ်/Photo – CJမတ် - ၆မန္တလေးမြို့ အမရပူရမြို့နယ် မြစ်ငယ်မြို့ကို စစ်အုပ်စုက အင်အားအများအပြားနဲ့ ဆက်လက် ပိတ်ဆို့ထားပြီး မြစ်ငယ် မီးရထားရုံက CDM ဝန်ထမ်းတွေကို ငါးရက်အတွင်း လိုင်းခန်းကနေ ဖယ်ရှားပေးဖို့ ဖိအားပေး ခြိမ်းခြောက် နှင်ချနေတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။စစ်အုပ်စုဟာ မနေ့ မတ်(၅)ရက်ကတည်း မြစ်ငယ်မြို့ အဝင်အထွက် |
ရွှေဘိုတွင် စစ်ကောင်စီတပ်ကို ဒေသခံမဟာမိတ်တပ်ဖွဲ့များ နှစ်ရက်ဆက်တိုက်ခိုက် Posted: 06 Mar 2022 10:19 AM PST စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်အား ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များက ခုခံတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်မှ သုံးဆယ်ကျော်သေဆုံးနိုင်ကာ စစ်တပ်၏ ပစ်ခတ်မှုကြောင့်ပြည်သူ ၃ ဦး သေဆုံးခဲ့ကြောင်း SNAKE EYES PDF အဖွဲ့က သတင်းထုတ်ပြန်သည်။မတ်လ ၄ ရက် နံနက် ၉ နာရီခွဲခန့်တွင် ရွှေဘိုမြို့နယ်၊ ပလိုင်းကျေးရွာတွင် တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီများသည် အင်အား ၇၀ ဝန်းကျင်ဖြင့် |
နေရာအချို့တွင် မတ်၁၈ မှ ၂၄ ရက်အတွင်း ၂၄ နာရီစလုံးမီးပြတ်မည်ဟုစစ်ကောင်စီကြေညာ Posted: 06 Mar 2022 10:17 AM PST (မီးပြတ်တောက်မှုဆိုးရွားနေသဖြင့် ရန်ကုန်မြို့ ပါရမီလမ်းနှင့် အေဒီလမ်းရှိမီးပွိင့်တွင် မီးပွိင့်အချက်ပြရန် မီးစက်နှစ်လုံးဖြင့် စစ်ကောင်စီလက်အောက်ခံယာဥ်ထိန်းရဲအချို့ မတ်လ ၆ ရက်နံနက်ပိုင်းကပြင်ဆင်နေကြသည်။အဆိုပါဓါတ်ပုံသည်မတ်လ ၆ ရက်ပြည်တွင်းဖေစ်ဘွခ်သုံးစွဲသူများကြားလူပြောများခဲ့ပြီးပျံ့နှံ့မှုများခဲ့သည်)လျှပ်စစ်ဓာတ်အားထုတ်လုပ်မူလျော့ကျလာမည့်ဖြစ်၍ နိုင်ငံအတွင်းနေရာအချို့တွင်လာမည့်မတ်လ ၁၂ ရက်မှ |
မြိုင်အနောက်ဖက်ရှိ စစ်ဆေးရေးဂိတ်ကို PDF က ဝင်ရောက်တိုက်ခိုက်ရာမှ စစ်ကောင်စီတပ်သား (၂)ဦး သေဆုံး Posted: 06 Mar 2022 10:14 AM PST မကွေးတိုင်း၊ မြိုင်မြို့အနောက်ဖက် စစ်ကောင်စီတပ်များရှိသည့် စစ်ဆေးရေးဂိတ်အား ယနေ့မတ်လ (၆)ရက်နေ့ နေ့လည်(၁)နာရီခွဲဝန်းကျင်အချိန်က ဝင်ရောက်ပစ်ခတ်ရာ စစ်ကောင်စီ တပ်သား(၂)ဦးသေပြီး အများအပြားဒဏ်ရာရရှိခဲ့ကြောင်း မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်က သတင်းထုတ်ပြန်ထားရှိသည်။ဒါ့အပြင် မြိုင်မြို့နယ်၊ ပခုက္ကူလမ်းရှိ စီမံခန့်ခွဲရေးရုံး၌ တပ်စွဲထားသည့် အကြမ်းဖက်စစ်ကောင်စီ တပ်များအား ယနေ့ ညနေ(၃)နာရီဝန်းကျင်က |
ဒီးမော့ဆို ကျောက်ဆည်ကန်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား(၂၀) သေဆုံးပြီး ပိုးဆိုးပက်စက် အထိနာသွား Posted: 06 Mar 2022 10:13 AM PST ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အတွင်း ကျောက်ဆည်ကန်မှာ ဒီနေ့ ၂၀၂၂ မတ်လ(၆)ရက်နေ့မှာ ဖြစ်ပွားတဲ့ တိုက်ပွဲမှာ အာဏာသိမ်း စစ်ကောင်စီတပ်ဘက်က (၂၀)ဦး သေဆုံးပြီး ဒဏ်ရာရရှိသူ များပြားသလို စစ်ကောင်စီရဲ့ တပ်သား (၂)ဦးကိုလည်းတိုက်ပွဲအတွင်း အရှင် ဖမ်းမိတဲ့အပြင် လက်နက်တွေလည်း အများအပြား သိမ်းဆည်းရမိပါတယ်။ဒီတိုက်ပွဲမှာ စစ်ကြောင်းထိုးလာတဲ့ အာဏာသိမ်းစစ်ကောင်စီတပ်များကို အလယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေးအဖွဲ့ အပါအဝင် |
ပုလဲမြို့အနီး ကင်းလှည့်နေသည့် စစ်ကောင်စီ တပ်ကိုမိုင်းဆွဲရာ စခ ၉ ဦးခန့်သေ Posted: 06 Mar 2022 10:09 AM PST ပုလဲ၊ မတ်၆ ပုလဲမြို့နယ်အနီးတွင် မတ်လ ၅ရက်ညက ကင်းလှည့်နေသည် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကိုမိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ဒေါင်းနက်ပြောက်ကျားတပ်ဖွဲ့ထံ မှ သိရသည်။" အဲဒီကောင်တွေ ညတိုင်း ပုလဲမြို့နယ်ကထွက်ထွက်လာပြီး ရွာတွေကို လက်နက်ကြီးနဲ့လိုက်ထုနေတဲ့ကောင်တွေ၊ ညကမိုင်းဆွဲတာ ဆလွန်းကားနဲ့ ဆိုင်ကယ်၂စီးထိတယ်။ စခ ၈ကောင်၉ကောင်လောက်တော့သေတာသေချာတယ် " ဟု ဒေါင်းနက်ပြောက်ကျား တပ်ဖွဲ့ က တာဝန်ရှိသူ တစ်ဦးက လူငယ့် |
လှိုင်သာယာ ၅ ရပ်ကွက် အုပ်ချုပ်ရေးရုံး ပစ်ခတ်ခံရ Posted: 06 Mar 2022 10:07 AM PST လှိုင်သာယာ၊ မတ် ၆လှိုင်သာယာမြို့နယ် အမှတ် ၅ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှာ ယနေ့ နေ့လည် ၁၂ နာရီခန့်က သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရကြောင်း သိရသည်။"သေနက်သံမကြားလိုက်ဘူး။ အခုတော့ စခတွေရောက်နေပြီ။ လူနာတင်ကားတွေလည်း တွေ့တယ်။ ကျန်တာ မသိရဘူး"ဟု ယင်းရပ်ကွက်တွင်နေထိုင်သူတစ်ဦးကပြောသည်။လှိုင်သာယာမြို့နယ်တွင်းသတင်းမီဒီယာများဖော်ပြချက်အရ ရပ်ကွက်ရုံးပစ်ခတ်ခံရသည့်အတွက် ထိခိုက် သေဆုံးမှုများရှိနိုင်ကြောင်း သိရပြီး မည်သ |
ပေါက်မှာ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်က ၂၀ ဦးခန့်သေဆုံးနိုင်၊ PDF ရဲဘော် ၅ ဦးပျောက်ဆုံးနေ Posted: 06 Mar 2022 10:01 AM PST ပေါက်၊ မတ် ၆၊ ၂၀၂၂။ မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ဘုတ်မယ်နဲ့ အင်းမယ်ဒေါင့်ရွာအနီးမှာ မတ်လ ၅ ရက် မနေ့က စစ်ကောင်စီနဲ့ ဒေသခံကာကွယ်ရေးတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ ပေါက်မြို့နယ်၊ ဝန်ကျုံးရွာကနေ စစ်ကြောင်းထိုးချီတက်လာတဲ့ အင်အား ၅၀ ကျော်ပါ စစ်ကောင်စီနဲ့ ပျူစောထီး အဖွဲ့တွေကို ဆော PDF ၊ ပေါက် PDF နဲ့အခြားမဟာမိတ်အဖွဲ့တွေက ပူးပေါင်းတိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီဘက်က ၂၀ ဦးသေဆုံးခဲ့သလို PDF |
ပျူစောထီးခေါင်းဆောင်ကို ဆေးသွားကုတဲ့ကား မိုင်းဆွဲခံရပြီး ၁ဦးသေဆုံး Posted: 06 Mar 2022 10:00 AM PST အရာတော်၊ မတ်၆၊ ၂၀၂၂။စစ်ကိုင်းတိုင်း အရာတော်မြို့နယ်မှာ ပျူစောထီးခေါင်းဆောင်ကို ဆေးသွားကုတဲ့ ကားတစီး မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရပြီး ကားပေါ်ပါသူ တဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။မတ်လ ၂ရက် ညနေ ၆နာရီဝန်းကျင်မှာ အရာတော်လမ်းပေါ်က ကြံတိုင်းအောင်ကွေ့မှာ မိုင်းဆွဲတိုက်ခဲ့တာဖြစ်ပြီး တဦးသေဆုံးခဲ့ပေမယ့် ပျုစေထီးခေါင်းဆောင် ဟုတ်မဟုတ်ကိုတော့ အတည်ပြုနိုင်ခြင်းမရှိသေးဘူးလို့ သပြေညို ပြောက်ကျားတပ် မှ ဗိုလ်ပေါက် |
ဟားခါးမြို့နယ်က စိတ်ဝေဒနာရှင်တစ်ဦး သတ်ဖြတ်ခံရ Posted: 06 Mar 2022 09:58 AM PST ချင်းပြည်နယ်၊ ဟားခါးမြို့နယ် ဖလမ်း-ဟားခါးလမ်းမပေါ်ရှိ ချွန်ကျူံးကျေးရွာက စိတ်ဝေဒရှင် ဦးရုန်းဟူ (U Rung Hu) ကို မတ်လ ၅ ရက်က စစ်ကောင်စီတပ်သားတွေက သေနတ်ဖြင့် ဦးခေါင်း ရင်ဘတ်ကို ပစ်သွားတယ်လို့သတင်းရရှိပါတယ်။ဒီနေ့ မတ် ၆ ရက်မနက်ပိုင်းတွင် ရွာသားတွေက အလောင်းကို အမှိုက်ပုံးတွင် ပြန်တွေ့ကြပါတယ်။ဦးရုန်းဟူဟာ စိတ်ဝေဒနာရှင်ဖြစ်တာကြောင့် စစ်ကောင်စီတပ်သားတွေရွာထဲဝင်လာတဲ့ချိန်မှာ မထွက်ပြေးပဲ အိမ်ထဲမှာကျန်ရစ်ခဲ့ |
ဒီးမော့ဆိုမြို့ ကျောက်ဆည်ကန်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦးနဲ့ လက်နက်သိမ်းဆည်းရမိ Posted: 06 Mar 2022 09:55 AM PST ကရင်နီပြည် ဒီးမော့ဆိုမြို့ ငွေတောင်ကျေးရွာအုပ်စု ဘုရားငုတ်တိုကျေးရွာ ကျောက်ဆည်ကန်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦး နဲ့ လက်နက်အချို့ကို သိမ်းဆည်းရမိတယ်လို့ အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေးအဖွဲ့က ဒီကနေ့ မတ်လ ၆ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို ကရင်နီတပ်မတော်(KA)၊ KNDF ၊ DMO-PDF၊ Loikaw PDF၊ ဖယ်ခုံ PDF ၊ အလယ်ပိုင်းတိုင်းစစ်ဆင်ရေးတပ်၊ KGZ မဟာမိတ်ပူးပေါင်းတပ်တို့ |
ဒီးမော့ဆိုတိုက်ပွဲ စစ်ကောင်စီဘက်က အများအပြား ထပ်မံ သေဆုံးဟု DMO-Local PDF ထုတ်ပြန် Posted: 06 Mar 2022 09:52 AM PST ကရင်နီပြည်နယ် ဒီးမော့ဆိုမြိုနယ်တွင် ယမန့်နေ့ (မတ်လ ၅) ရက်က တိုက်ပွဲ ဆက်လက် ဖြစ်ပွားခဲ့ရာ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ အများအပြား သေဆုံးခဲ့သည်ဟု ဒီးမော့ဆိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ် (DMO-Local PDF) က ထုတ်ပြန်သည်။တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဘက်က ၃၅ ဦး ထက်မနည်း သေဆုံးခဲ့ပြီး၊ DMO-Local PDF မှ ၄ ဦး ဒဏ်ရာရခဲ့ကာ စစ်ကောင်စီတပ်၏ လက်ချက်ကြောင့် CTU နည်းပညာ လက်ရုံးရေးတပ်မှ ဒရုန်း တစ်စင်း ထိမှန် |
Posted: 06 Mar 2022 09:50 AM PST မတ်လ ၆ ရက်၊ ၂၀၂၂ခုနှစ်။ဖာပွန်မြို့အခြေစိုက် စစ်ကောင်စီတပ်၏ ယမန်နေ့ ညပိုင်းအချိန် လက်နက်ကြီး ပစ်ခတ်မှုကြောင့် မူတြော် (ဖာပွန်)ခရိုင်၊ ဘူးသိုမြို့နယ်၊ မယ်ကလော ကျေးရွာအုပ်စု၊ ကလော်ဒေး ကျေးရွာရှိ ၂ နှစ်သမီး အရွယ်ကလေးငယ်နှင့် ကိုယ်ဝန်ဆောင်မိခင်အပါအဝင် ဒေသခံ အရပ်သား (၇) ဦး ထိခိုက်သေဆုံးခဲ့ကြောင်း ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ယက် (KPSN) ထုတ်ပြန်ထားချက်အရ သိရသည်။ယမန်နေ့ မတ်လ ၅ ရက်နေ့ ညနေပိုင်း ၇ |
You are subscribed to email updates from THIT HTOO LWIN (Daily News). To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google, 1600 Amphitheatre Parkway, Mountain View, CA 94043, United States |
No comments:
Post a Comment
5
Note: Only a member of this blog may post a comment.