Tuesday, March 8, 2022

သစ်ထူးလွင်

သစ်ထူးလွင်


ရွှေဘိုနယ်သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို တိုက်ခိုက်ရာ လေးဦးသေဟု နတ်တောင်နဂါးတပ်ပြော

Posted: 08 Mar 2022 04:56 AM PST

စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်အရှေ့ခြမ်းသို့ စစ်ကြောင်းထိုးလာသည့် အကြမ်းဖက်စစ်တပ်ကို တိုက်ခိုက်ရာ လေးဦးသေဆုံးကြောင်း နတ်တောင်နဂါး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်သည်။ယနေ့(မတ်လ ၈ ရက်)က နေ့လည် ၂ နာရီခန့်က မခေါက်ရွာနှင့် ဟသ်ာကြီရွာ ဘက်သို့ အကြမ်း ဖက်စစ်တပ်က စစ်ကြောင်းထိုးဝင်ရောက်လာခြင်းဟု ဆိုသည်။ထိုစဥ် နတ်တောင်နဂါး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ နှင့်GHOST RIDER Spical Task Force MDY နှစ်ဖွဲ့ပူးပေါင်းကာ

တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဆောင်ဒူလာကျေးရွာကို လေကြောင်းဗုံးကြဲတိုက်ခိုက်

Posted: 08 Mar 2022 04:54 AM PST

ကရင်နီပြည် ဒီးမော့ဆိုမြို့နယ် ဆောင်ဒူလာကျေးရွာအနီးတစ်ဝိုက်ကို ဒီကနေ့ (မတ်လ၈ရက်) နံနက် ၂နာရီမှာ စစ်ကောင်စီကနေပြီး လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။ အဲဒီတိုက်ခိုက်မှုကြောင့် ဆောင်ဒူလာ ဘုရားကျောင်းပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။ "ဒီနေ့ မနက်အစော ၂နာရီလောက်မှာ လေယာဉ်တစ်စီးနဲ့ ဗုံးလာကြဲသွားတာ။ ထိခိုက်မှုကတော့ ဘုရားကျောင်းပတ်ဝန်းကျင်က ဘုန်ကြီးအိမ်၊ ဓမ္မရုံ၊ လူနေအိမ်

နာရေးနှစ်ပတ်လည်လာတဲ့ စစ်ကောင်စီတပ်တွေ ဒရုန်းနဲ့တိုက်ခိုက်ခံရလို့ ၂ ဦးသေဆုံး

Posted: 08 Mar 2022 04:52 AM PST

ရွှေဘို၊ မတ် ၈၊ ၂၀၂၂။ ရွှေဘိုမြို့နယ်က နာရေးနှစ်ပတ်လည်လုပ်တဲ့ အိမ်ကိုလာတဲ့ စစ်ကောင်စီနဲ့ ပျူစောထီးအဖွဲ့တွေကို မတ်လ ၇ ရက် မနေ့ကမနက် ၇ နာရီလောက်မှာ ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ရွှေဘို PDF ဆီက သိရပါတယ်။ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ တည်သီးတောရွာက ဒလန်လို့လူသိများတဲ့ မောင်ဆန်းရဲ့ နေအိမ်မှာပြုလုပ်တဲ့ သူ့မိခင်သေဆုံးခြင်းအတွက် တနှစ်ပြည့်အခမ်းအနားမှာ လာရောက်စုရုံးနေတဲ့ စစ်ကောင်စီနဲ့ပျူစောထီး

ဒလမြို့နယ်ရှိ နာမည်ကြီး ဒလန် လင်မယားကို အမည်မသိ သေနတ်သမားများကပစ်သတ်

Posted: 08 Mar 2022 04:49 AM PST

ဒလ၊ မတ် ၈ ဒလမြို့နယ်ရှိ နာမည်ကြီးဒလန် လင်မယားကို ယမန်နေ့(မတ်လ ၇ရက်) ညပိုင်းက အမည်သိသေနတ်သမားများက ဝင်ရောက်ပစ်သတ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။"ည ၇ နာရီလောက်က ဖြစ်တာ။ အဲဒီလင်မယားက စစ်ခွေးတွေကို သတင်းပေးတာ လမ်းပြတာလုပ်တာကြာပြီ။ အရင်ဆန္ဒပြတုန်းကလည်း ကလေးတွေကိုဖမ်းတာတွေ လုပ်တယ်။ သူတို့အိမ်ကပဲတပ်စွဲပြီး စနိုက်ပါနဲ့ပစ်တာတွေလည်းလုပ်တယ်။ အခုတော့သေပေါ့" ဟု ဒေသခံတစ်ဦးက လူငယ့်ခေတ်သို့ပြောသည်။အဆိုပါဒလန်

စစ်ကောင်စီက ကလေးများကစားနေသည့်နေရာကို လက်နက်ကြီးဖြင့်ပစ်သဖြင့် ကလေး (၃) ဦးသေဆုံး

Posted: 08 Mar 2022 04:47 AM PST

လွိုင်ကော်၊ မတ်လ (၈)အကြမ်းဖက်စစ်တပ်က ပစ်ခတ်လိုက်သည့် လက်နက်ကြီးပေါက်ကွဲမှုကြောင့် ဆော့ကစားနေသည့် ကလေးငယ် (၃) ဦး သေဆုံးခဲ့ပြီး (၂) ဦးမှာ ပြင်းထန်ဒဏ်ရာရရှိခဲ့သည်ဟု ကယန်းမျိုးဆက်သစ်လူငယ်များအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက လူငယ့်ခေတ်သို့ ပြောသည်။ယနေ့ မတ်လ (၈) ရက်နေ့ မနက်ပိုင်းက လွိုင်ကော်မြို့နယ်၊ လွယ်ထွဲကျေးရွာ အားကစားကွင်းရှိ အရိပ်ရသစ်ပင်ကြီးအောက်တွင် ဆော့ကစားနေသည့် ကလေးငယ်အချို့ရှိသည့်နေရာ လက်နက်ကြီးတည့်

ရန်ကုန်ရှိ Brave Bar ဗုံးခွဲတိုက်ခိုက်ခံရ

Posted: 08 Mar 2022 04:35 AM PST

(Brave Bar ၌ ပျော်ပါး သောက်းစားနေကြသူများကို တွေ့ရစဥ်၊ ဓာတ်ပုံ - Brave Bar /FB)ရန်ကုန်မြို့ ကန်ရိပ်သာလမ်းရှိ Brave Barကို ဗုံးခွဲတိုက်ခိုက်ခဲ့ရာ အဆောက် အဦးနှင့် ကားအချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း တရားမျှတမှုယူဆောင်သူတပ်ဖွဲ့ (Justice Bringer Force -JBF)မှ တာဝန်ရှိသူတစ်ဦးက People's Springသို့ ပြောသည်။"ခရိုနီစိုးလှိုင်က အများအမြင်မှာ လူကြီးလူကောင်းယောင်ဆောင်ပြီး ရန်ကုန်မြို့ ရဲ့ မူးယစ် ဆေးဝါး

ယင်းမာပင်နယ်တွင် စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်၍ (၅)နှစ်အရွယ် ကလေးငယ်တစ်ဦးနှင့် သက်ကြီးရွယ်အိုသုံးဦး သေဆုံး

Posted: 08 Mar 2022 04:33 AM PST

(အကြမ်းဖက်စစ်​ကောင်စီတပ်ကမတ်လဆန်းတွင် ယင်းမာပင်မြို့နယ်သ​ပြေ​အေးတစ်ရွာလုံးနီးပါးကိုမီးရှို့ဖျက်ဆီးခဲ့သည်။  ဓါတ်ပုံ-CJ)စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်အတွင်း ဝင်ရောက်စီးနင်းနေသည့် အကြမ်းဖက်စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်၍ အသက် (၅)နှစ်အရွယ် ကလေးငယ်တစ်ဦးနှင့် သက်ကြီးရွယ်အိုသုံးဦး စုစုပေါင်း​လေးဦးသေဆုံးပြီး အဘိုးအို နှစ်ဦး ဒဏ်ရာပြင်းထန်စွာရရှိခဲ့သည်ဟု ဒေသခံကာကွယ်ရေးတပ်နှင့် ဒေသခံ အချို့က

မြစ်ငယ်မြို့ကို စစ်အုပ်စု ဆက်ပိတ်ဆို့ထားပြီး CDM ဝန်ထမ်းတွေကို နှင်ချရုံသာမက ရပ်ကွက်တွေကိုပါ ကျူးရှင်းမယ်လို့ စာလိုက်ကပ်

Posted: 08 Mar 2022 04:29 AM PST

မြစ်ငယ်မြို့က နေအိမ်တချို့ (ပုံဟောင်း)/Photo – CJမတ် - ၇မန္တလေးမြို့ အမရပူရမြို့နယ် မြစ်ငယ်မြို့ အဝင်အထွက်လမ်းတွေကို စစ်အုပ်စုက သုံးရက်ဆက်အဖြစ် ဆက်လက် ပိတ်ဆို့ထားပြီး CDM ရထားဝန်ထမ်းတွေကို လိုင်းခန်းမှ နှင်ချရုံသာမက ရပ်ကွက်တချို့ကိုပါ ကျူးကျော်တွေဆိုပြီး ဖယ်ရှားရွှေ့ပြောင်းခိုင်းနေတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။လက်ရှိမှာ မြစ်ငယ်မြို့ပေါ် ရပ်ကွက်တွေ ဖြစ်တဲ့ ဒေါန၊ အောင်မင်္ဂလာ၊

မူဆယ်မှာ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်တပ်ဖွဲ့တစ်ခု ပစ်ခတ်ခံရလို့ ၂ ဦးသေဆုံး၊ ၂ ဦးဒဏ်ရာရ

Posted: 08 Mar 2022 04:27 AM PST

ဓာတ်ပုံ - Localမတ်လ ၈ ရက်၊ မူဆယ်ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့ မြောက်ရက်ကွက်တောရပ်ကုန်းအဆင်းနားမှာ ဒီနေ့ မတ်လ ၈ ရက် နေ့လည်၁၂ နာရီမှာ အမည်မသိလက်နက်ကိုင် အဖွဲ့တစ်ဖွဲ့က လက်ရောက်ပစ်ခတ်တာကြောင့် စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်တပ်က ၂ ဦးပွဲချင်းပြီး သေဆုံး၊ ၂ ဦး ဒဏ်ရာရရှိ တယ်လို့ သိရပါတယ်။မြို့ခံတစ်ဦး"မြောက်ရပ်ကွက်က ပြည်သူ့စစ်နားရေး အိမ်မှာ လာပစ်သွားတာ။ ဘယ်အဖွဲ့လည်းတော့ မသိဘူး။ ချက်ချင်းဆိုတော့ ဘယ်

KNLA တပ်မဟာ (၅) နယ်မြေမှာ တစ်လအတွင်း စစ်ကောင်စီ ဗိုလ်ကြီး ၊ တပ်ကြပ်ကြီးအပါအဝင် (၁၃၀) ကျော်သေဆုံး

Posted: 08 Mar 2022 04:24 AM PST

မတ် ၈KNLA တပ်မဟာ (၅) နယ်မြေမှာ ဖေဖော်ဝါရီလ တစ်လတာ တိုက်ပွဲအတွင်း စစ်ကောင်စီနဲ့ လက်အောက်ခံ BGF တပ်တွေဘက်က ဗိုလ်ကြီး (၃) ဦး ၊ တပ်ကြပ်ကြီး (၃) ဦး အပါအဝင် (၁၃၆) ဦး သေဆုံးခဲ့ပြီး (၁၀၄) ဦး ထိခိုက်ဒဏ်ရ ရရှိခဲ့ကြောင်း  ကေအဲန်ယူ - မူတြော်သတင်းစဉ်က ထုတ်ပြန်ပါတယ်။နှစ်ဖက်ထိပ်တိုက် ရင်ဆိုင်တိုက်ပွဲတွေ အတွင်း KNLA တပ်မဟာ (၅) ဘက်က (၁၁) ဦး ကျဆုံးခဲ့ပြီး (၂၆) ဦး ဒဏ်ရာ ရရှိခဲ့တဲ့အပြင် စစ်ကောင်စီရဲ့ရမ်းသမ်းပစ်ခတ်

မိုးမောက်တွင် စစ်ကောင်စီရဲတပ်ဖွဲ့ဝင်တစ်ဦး ပစ်သတ်ခံရ

Posted: 08 Mar 2022 04:21 AM PST

မိုးမောက် - မတ် ၇၊ ၂၀၂၂။စစ်ကောင်စီလက်အောက်ခံ နယ်ထိန်းရဲတစ်ဦး ယနေ့ညနေ ၅ နာရီခွဲခန့်က မိုးမောက်မြို့နယ်တွင် ပစ်သတ်ခံရကြောင်း သိရသည်။ အဆိုပါရဲသည် နောက်စေ့တွင်ပစ်သတ်ခံရခြင်းဖြစ်ပြီး မည်သည့်အဖွဲ့က လာရောက်ပစ်ခတ်သည်ကို မသိရှိကြောင်း အမည်မဖော်လိုသည့် သတင်းရင်းမြစ်တစ်ဦးက The 74 Media ကိုပြောသည်။"သူကဈေးဝယ်တယ်ထင်တယ်။ ဆိုင်ကယ်နဲ့သွားရင်း ရပ်နေတဲ့ချိန် နောက်စေ့တည့်တည့် ပစ်ခံရတာ။" ဟုပြောသည်။  ပစ်သတ်ခံရသည့်သူ

ရွှေကူမြို့နယ်တွင် တိုက်ပွဲပြင်းထန်ခဲ့ပြီး နှစ်ဖက်အကျအဆုံးရှိ

Posted: 08 Mar 2022 04:18 AM PST

ပုံ/ ကချင်ပြည်နယ် ရှေ့တန်းတစ်နေရာမှ ကေအိုင်အေစစ်သည်နှစ်ဦး။ရွှေကူ - မတ် ၈၊ ၂၀၂၂။စစ်ကောင်စီတပ်နှင့် KIA၊ PDF ပူးပေါင်းတပ်တို့ ယမန်နေ့က ရွှေကူမြို့နယ်တွင် တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပြီး နှစ်ဖက်အကျအဆုံးရှိခဲ့သည်ဟု မြေပြင်သတင်းရင်းမြစ်များထံမှ သိရသည်။ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ စစ်ကြောင်းမှူးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး KIA မှ ဒုဗိုလ်တစ်ဦးကျဆုံးခဲ့ကြောင်း ယုံကြည်ထိုက်သည့် ရှေ့တန်း သတင်း

ကန်ပက်လက်သို့ ဦးတည်စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်နှင့် CDF တို့တိုက်ပွဲဖြစ်ပွား၊ စကစဘက်မှ ဗိုလ်ကြီးတစ်ဦးအပါအဝင် (၆) ဦးသေဆုံး

Posted: 08 Mar 2022 04:16 AM PST

မတ် ၈မကွေးတိုင်းနယ်စပ်မှ စစ်ကြောင်း (၃) ကြောင်းခွဲ၍ ကန်ပက်လက်မြို့သို့ ဦးတည်စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်ကောင်စီတပ်နှင့် CDF-Kanpetlet ပူးပေါင်းတပ်ဖွဲ့တို့အကြား ယမန်နေ့ နံနက် ၇ နာရီတွင် တစ်ကြိမ်၊ ၉ နာရီတွင်တစ်ကြိမ် လေယာဥ်ကွင်း (ဆောက်လုပ်ဆဲ)နေရာတွင် ထိတွေ့တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။တိုက်ပွဲတွင် ကန်ပက်လက်မြို့ပေါ်အထိုင်စစ်ကောင်စီတပ်မှ လက်နက်ကြီးပစ်ကူပေးခဲ့သောလည်း အကြမ်းဖက်စစ်

အထိနာသည့်စစ်ကောင်စီ ဒီမော့ဆိုက အရပ်သားပစ်မှတ်များအား ဗုံးကျဲတိုက်ခိုက်

Posted: 08 Mar 2022 04:13 AM PST

မဲခေါင်၊ မတ် ၈ဒီးမော့ဆိုမြို့နယ်၊ ဆောင်ဒူလာကျေးရွာ သို့ အကြမ်းဖက်စစ်ကောင်စီတပ်မှ ယနေ့ နံနက် (၀၂း၀၀) နာရီ တွင် လာရောက်ဗုံးကျဲတိုက်ခိုက်ခဲ့သည်ဟု KNDF က ထုတ်ပြန်သည်။ထိုဗုံးကျဲတိုက်ခိုက်မှုကြောင့် ကျေးရွာအတွင်းရှိ ခရစ်ယာန်ဘုရားရှိခိုးကျောင်းတစ်ဆောင် ပျက်စီးခဲ့ရသည်။ အကြမ်းဖက်စစ်ကောင်စီတပ်သည် ကျေးရွာသူရွာသားများနှင့် စစ်ဘေးရှောင် ပြည်သူများစသော အရပ်သားပြည်သူများသာ ခိုအောင်းနေသော ဆောင်ဒူကျေးရွာကို ဗုံး

အရပ်ဝတ်ဖြင့် PDF သတင်း ထောက်လှမ်းနေသော စစ်ကောင်စီတပ်သားများကို တိုက်ခိုက်မည်ဖြစ်၍ ပဲခူးရိုးမပေါ် ပြည်သူများမတက်ကြရန် ဘုရင့်နောင် PDF သတိပေး

Posted: 08 Mar 2022 04:08 AM PST

မတ်လ ၈ ရက်ပဲခူးတိုင်း၊ တောင်ငူခရိုင်ရှိ ပဲခူးရိုးမတောင်ခြေရွာများတွင် စစ်ကောင်စီတပ်များက စခန်းချတပ်စွဲ၍ အရပ်ဝတ်များဖြင့် ရိုးမပေါ်တက်ကာ PDF သတင်းများကို ထောက်လှမ်းရယူနေသည့်အတွက် မိမိတို့အနေဖြင့် တိုက်ခိုက်မှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တောင်ငူခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (ဘုရင့်နောင် PDF) တပ်ရင်းအမှတ် ၃၅၀၁ က ယနေ့ သတင်းထုတ်ပြန်သည်။ စစ်ကောင်စီတပ်သားများမှာ အရပ်သားအသွင်ယူ၍ ဆိုင်ကယ်၊ ကားများ

မိုးညှင်းတက္ကသိုလ်တွင် တပ်စွဲထားသော စစ်ကောင်စီတပ်ကို နန်းမား PDF ဝင်တိုက်၊ ဗိုလ် ၁ ဦးအပါအဝင် စစ်သား ၁၂ ဦးသေဆုံး

Posted: 08 Mar 2022 04:05 AM PST

Photo - နန်းမား PDFမတ်လ ၈ ရက်ကချင်ပြည်နယ်၊ မိုးညှင်းမြို့ရှိ မိုးညှင်းတက္ကသိုလ်တွင် တပ်စွဲထားသော စစ်ကောင်စီတပ်စခန်းအား နန်းမား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ယနေ့နံနက် ၃ နာရီခန့်တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ဗိုလ်အဆင့်ရှိသူ ၁ ဦး အပါအဝင် စစ်ကောင်စီတပ်သား ၁၂ ဦး သေဆုံးကြောင်း နန်းမား PDF က သတင်းထုတ်ပြန်သည်။မိုးညှင်းမြို့နယ်၊ နန်းမားနှင့် ညောင်ကုန်းကြားနေရာတွင် ယမန်နေ့က နန်းမား PDF ပူးပေါင်းတပ်များနှင့် စစ်

ကျောက်ထုမြို့မရဲစခန်း နှင့် ပတ်ကင်းအားအမဲဖျက်ခြင်းသတင်းစဥ်

Posted: 08 Mar 2022 04:01 AM PST

၈.၃.၂၀၂၂ ရက်နေ့ နံနက် (၈:၃၀) မိနစ်ဝင်းကျင်အချိန် ကျောက်ထုရဲစခန်းမှမြို့ထဲသို့ ပတ်ကင်းလှည့်လာသော စခွေးးးရခွေးးးးအကောင်၂၀ ခန့်အား ကျောက်ထု PDF မြို့ပြပျောက်ကြားတပ်ဖွဲ့ နှင့် CDF (Mindat) တို့ပူးပေါင်း၍ မိုင်း ၃ လုံးဖောက်ခွဲပြီး လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြရာ စခွေးးးရခွေးးးး ၇ ဦး နေရာတွင်ပင် မောင်းပြန်စာမိကာ ငရဲသို့ အကုသိုလ်အတုံးလိုက်ဖြင့် ခပ်မြန်မြန် ဆင်းသွားကြရှာပါသည်။ ၈ ဦးခန့်

ထီးချိုင့်တွင် စစ်ကောင်စီတပ်မှ လူနေအိမ်များအား မီးရိူ့ဖျက်ဆီး

Posted: 07 Mar 2022 05:01 AM PST

March 7,2022စစ်ကိုင်းတိုင်း‌ဒေသကြီး ထီးချိုင့်မြို့နယ် သခွပ်ချောင်ရွာတွင် စစ်ကောင်စီတပ်မှ လူနေအိမ်များကိုမတ်လ ၆ရက်နေ့တွင် မီးရိူ့ဖျက်ဆီးခဲ့သောကြောင့် ကျေးရွာနေပြည်သူများ ဘေးလွှတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ဒေသခံများထံမှ သိရသည်။"မနက် ၁၁ နာရီလောက်မှာ သူတို့ရွာထဲဝင်လာတယ်။ အကုန်မွှေနှောက်ပြီး အိမ်တွေမီးရိူ့တော့တာပဲ။ အိမ်က ၁၂လောက်အိမ်ပါသွားတယ်။ ပြီးတော့ ညနေပြန်လာခဲ့ဦးမယ် အချိုးမပြေရင် တရွာ

မန္တလေး မဟာအောင်မြေမှာ ရပ်ကွက် အကွက်မှူးတစ်ဦး အသတ်ခံရ

Posted: 07 Mar 2022 04:40 AM PST

(ပုံဟောင်း)မတ် - ၇မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ သံလျှက်မှော် အရှေ့ရပ်ကွက်မှာ  ယနေ့ မနက်ပိုင်း ရပ်ကွက် အကွက်မှူးတစ်ဦး သေနတ်နဲ့ သုံးချက်ပစ်သတ်ခံရတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။ ဒီကနေ့ မတ်(မတ်၇)ရက် မနက်(မနက်၈)နာရီက မဟာအောင်မြေမြို့နယ် သံလျှက်မှော် အရှေ့ရပ်ကွက်၊ ရွှေကူရပ်ကွက်ခေါ်  အကွက်အမှတ်(၄၁၃)ရဲ့ အကွက်မှူး  အသက် (၅၀)ဝန်းကျင်အရွယ် ဦးတင်မျိုးလွင် ဆိုသူ အသတ်ခံလိုက်ရတာပါ။

မြင်းခြံမှာ ဆိုင်ကယ်နဲ့ ကင်းလှည့်နေတဲ့ စစ်အုပ်စုကို မိုင်းဆွဲ၊ စကစ နှစ်ဦး ထိခိုက်မှုရှိ

Posted: 07 Mar 2022 04:36 AM PST

မတ် - ၇မန္တလေးတိုင်း မြင်းခြံမြို့နယ်မှာ ဆိုင်ကယ်နဲ့ ကင်းလှည့်နေတဲ့ စကစတွေကို မနေ့က နေ့လယ်ပိုင်းအချိန် မိုင်းထောင်ဖောက်ခွဲ တိုက်ခိုက်ခဲ့ရာမှာ စကစ နှစ်ဦးကို ထိပြီး သေဆုံးနိုင်ချေ ရှိတယ်လို့ မြင်းခြံ MGN 35 ပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။မနေ့ မတ်(၆)ရက်နေ့ နေ့လည်(၁)နာရီခွဲက မြင်းခြံမြို့နယ်၊ ဧရာဝတီမြစ်ဘေး ဆင်ချောင်းရွာ တောင်ဖက်မှာ ဆိုင်ကယ် နှစ်စီးနဲ့ ကင်းလှည့်နေတဲ့ စကစ လေးဦးကို မြင်းခြံ MGN 35 နဲ့

တန့်ဆည်တွင် စစ်ကောင်စီတပ်နှင့် ပျူစောထီးအဖွဲ့များတိုက်ခိုက်ခံရပြီး ၃၀ ထက်မနည်းသေဆုံးဟုဆို

Posted: 07 Mar 2022 04:36 AM PST

 တန့်ဆည် - မတ် ၇၊ ၂၀၂၂။စစ်ကောင်စီတပ်နှင့်ပျူစောထီးတပ်ဖွဲ့ဝင်များကို ယမန်နေ့ မွန်းလွှဲ ၂ နာရီခန့်က တန့်ဆည်မြို့နယ်တွင် PDF တပ်များက တိုက်ခိုက်ခဲ့သဖြင့် ၃၀ ဦးခန့်သေဆုံးခဲ့ကြောင်း သိရသည်။ထိုစစ်ကောင်စီတပ်နှင့်အဖွဲ့များသည် ကျွန်းလည်ကျေးရွာမှ ဘေရင်းကျေးရွာသို့ သွားရာလမ်းခုလတ် ကဘဲရွာအနီးတွင် လက်နက်ကြီးများဖြင့် ပစ်ခတ်ခံရခြင်းဖြစ်သည်ဟု ခိုင်လုံသည့်သတင်းရင်းမြစ်တစ်ဦးက The 74 Media ကိုပြောသည်။"ပျူ

သူရဲတောင်ရွာက ဒလန်လို့ နာမည်ကြီးသူတစ်ဦး သေနတ်နဲ့ပစ်သတ်ခံရ

Posted: 07 Mar 2022 04:34 AM PST

တနင်္သာရီတိုင်းမ် ၊ မတ် ၇ဒလန်လို့ နာမည်ကြီးနေတဲ့ ထားဝယ်ခရိုင်၊သရက်ချောင်းမြို့နယ်၊ ကြာအင်းကျေးရွာအုပ်စု၊ သူရဲတောင်ရွာက ဦးဇော်ဝင်း(ခ)ရခိုင် ဆိုသူ သေနတ်နဲ့ပစ်သတ်ခံရပြီး သေဆုံးသွားကြောင်းသိရပါတယ်။"ဦးဇော်ဝင်းဟာ စစ်ကောင်စီကို သတင်းပေးတာ၊ ပျူစောထီးအဖွဲ့ဝင်တွေနဲ့ အချိတ်ဆက်လုပ်ကိုင်တာ နဲ့ စစ်သားတွေကို ခေါ်ပြီးရွာထဲကလူငယ်တွေကို ဖမ်းဆီးခိုင်းတာတွေ လုပ်တယ်" လို့ ရွာသားတစ်ဦးကပြောပါတယ်။အသက် ၄၅ နှစ်ဝန်းကျင်

ရွှေဘိုနယ်မှာ သောင်းကျန်းနေတဲ့ စစ်အုပ်စုကို ဒရုန်းသုံးပြီး ဗုံးထု၊ မုန့်ဟင်းခါး နှစ်ပွဲရတယ်လို့ဆို

Posted: 07 Mar 2022 04:25 AM PST

မတ် - ၇စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်အတွင်း ရွာစဉ်ပတ်မွှေ သောင်းကျန်းပြီး တည်သီးတောရွာမှာ အထိုင်ချနေတဲ့ စစ်အုပ်စုကို ဒီကနေ့ မနက်ပိုင်းအချိန် ဒရုန်းအသုံးပြုပြီး ဗုံးထုတိုက်ခိုက်ခဲ့ရာမှာ စကစ နှစ်ဦး သေတယ်လို့ ရွှေဘို ဗိုလ်မိကျောင်းနှင့်ဗိုလ်ကျားပျံအဖွဲ့  - C&T SHWEBO က သတင်းထုတ်ပြန်ပါတယ်။ဒီကနေ့ မတ်(၇)ရက်မှာ ရွှေဘိုမြို့နယ် တည်သီးတောရွာမှာ တပ်စွဲနေတဲ့ စကစနဲ့ ပျူတွေကို ရွှေဘိုဒေသ ပြည်သူ့ကာကွယ်ရေး

ပုသိမ်ကြီး ကုလားကြီးခြံရွာနေ အမျိုးသားတစ်ဦး ကျွဲနဖားရွာမှာ အသတ်ခံရ

Posted: 07 Mar 2022 04:24 AM PST

မတ် - ၇မန္တလေးမြို့ ပုသိမ်ကြီးမြို့နယ် ကုလားကြီးခြံရွာမှာ နေထိုင်တဲ့၊ စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့ဝင် ဆိုပြီးတော့လည်း သတင်းထွက်နေတဲ့ အမျိုးသားတစ်ဦး ဒီကနေ့ နေ့လယ်ပိုင်းက ကျွဲနဖားရွာမှာ အသတ်ခံလိုက်ရတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။ဒီကနေ့ မတ်(၇)ရက် နေ့လယ်(၂)နာရီကျော်က ပုသိမ်ကြီးမြို့နယ်၊ ရွှေစာရံကျေးရွာအုပ်စု၊ ကျွဲနဖားကျေးရွာက လက်ဘက်ရည်ဆိုင်မှာ ထိုင်နေတဲ့ အမျိုးသားတစ်ဦး သေနတ်နဲ့ အပစ်ခံရ

စစ်ကောင်စီအလိုကျ ပြည်သူအပေါ် ပုံစံမျိုးစုံဖိနှိပ်နေသည့် ဝန်ထမ်းများကိုရှင်းလင်းမည်ဟု မန္တလေး PDF သတိပေး

Posted: 07 Mar 2022 04:21 AM PST

(မန္တ​လေးမြို့တွင် စစ်အာဏာရှင်ဆန့်ကျင်​ရေးဆန္ဒပြသူများကို ရဲများက ပစ်ခတ်ဖြိုခွင်း​နေသည်ကို ၂၀၂၁ ​ဖေ​ဖော်ဝါရီက ​တွေ့ရစဥ်)အကြမ်းဖက်စစ်ကောင်စီ အလိုကျ ပြည်သူများအပေါ် ပုံစံမျိုးစုံဖြင့် ဖိနှိပ်နေသည့် ဝန်ထမ်းများကို ရှင်းလင်းသွားမည်ဟု မန္တလေးတိုင်းပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က ယနေ့ ထုတ်ပြန်သည်။မန္တလေးတိုင်းအတွင်းရှိ အကြမ်းဖက် စစ်ကောင်စီ၏ လက်အောက်ခံ ဝန်ထမ်းများအနေဖြင့် စစ်ကောင်စီ အလိုကျ ပြည်သူများ

No comments:

Post a Comment

5

Note: Only a member of this blog may post a comment.