သစ္ထူးလြင္ |
- မြိုင်မြို့သို့လာသည့် စစ်ကောင်စီယာဥ်တစ်စီး တိုက်ခိုက်ခံရပြီး ခြောက်ဦးသေဟု UGအဖွဲ့ ပြော
- ချောင်းဦးတွင် မဟာမိတ်လေးဖွဲ့က စစ်ကောင်စီတပ်အား မိုင်းကွင်းသို့ မျှားခေါ်ပြီး မိုင်းခွဲတိုက်ခိုက်ရာ ခြောက်ဦးသေဟုဆို
- ဘုတလင်မြို့နယ် ရဲစခန်းတိုက်ခိုက်မှု စစ်ကောင်စီ ၃ဦးသေဆုံးပြီး PDF တဦး ကျဆုံး
- Pool Party လုပ်နေတဲ့ နေပြည်တော် Grand Amara ဟို တယ် မှာဗုံး ၂ လုံးကွဲ
- စစ်ကောင်စီက စက္ကန့်ရွာထဲက ပစ္စည်းတွေခိုးယူကြ
- စစ်ရှောင် ရိက္ခာသွားပို့စဉ် စစ်ကောင်စီပစ်ခတ်မှုခံရတဲ့ လူငယ်တစ်ဦးကို သေဆုံးလျက်တွေ့ရှိ
- ရွာငံမြို့နယ် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ တို့ တိုက်ပွဲ ဖြစ်
- ချောင်းဦးတွင် စစ်ကောင်စီတပ်သားများလိုက်ပါလာသည့် ယာဥ်များအား PDF များက သုံးကြိမ်တိုင် မိုင်းဆွဲတိုက်ခိုက်
- တောင်ငူလေတပ်ကို တိုက်ခိုက်ရန်သွားရောက်ချိန် ကင်းသမားက တွေ့ရှိသွား၍ ကင်းသမားကိုသာ ပစ်ခတ် ရှင်းလင်းခဲ့ရ
- ရဲသင်္ကြန်မဏ္ဍပ် စည်ကားရန် ဝန်ထမ်းများ မပျက်မကွက် သွားရမည်ဟု ပြည်ထဲရေးက စာဖြင့် ညွှန်ကြား
- ရေစကြို မြို့မရဲစခန်းရှေ့ မှာ စစ်ကောင်စီအဖွဲ့ မိုင်းဆွဲခံရပြီး ၄ ဦးသေဆုံး
- တန့်ဆည်မြို့မှာ မိုင်းဆွဲခံရလို့ စစ်ကောင်စီအရာရှိ ၂ဦးသေပြီး ဝန်ထမ်းအချို့ဒဏ်ရာရ
- ကလေးမှာ စစ်ကောင်စီတပ်တိုက်ခိုက်ခံရပြီး တပ်သား ၆ ဦးသေဆုံးဟု ကလေး PDF ထုတ်ပြန်
မြိုင်မြို့သို့လာသည့် စစ်ကောင်စီယာဥ်တစ်စီး တိုက်ခိုက်ခံရပြီး ခြောက်ဦးသေဟု UGအဖွဲ့ ပြော Posted: 09 Apr 2022 08:48 AM PDT ပခုက္ကူမှ မြိုင်မြို့သို့လာသည့် အကြမ်းဖက်စစ်ကောင်စီယာဥ်တစ်စီးကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်သားခြောက်ဦးထက်မနည်းသေဆုံးကြောင်း Earthquake People's Defence Force (UG)က ထုတ်ပြန်သည်။ယနေ့(ဧပြီ ၉ ရက်) နေ့လယ် ၁၂နာရီခန့်က အင်ပင်ကျေး ရွာ၊ ယောင်းမစွန်ဆီဆိုင်အနီး စစ်ကောင်စီမော်တော် ယာဉ်ကို မိုင်းဆွဲတိုက်ခိုက်မှု တွင် Earthquake People 's Defence Force-UG နှင့်အတူ Young Force-UG ၊သံမဏိသိန်းဌက်( |
Posted: 09 Apr 2022 08:48 AM PDT စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်တွင် မဟာမိတ်လေးဖွဲ့က အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ပျူစောထီးများအား အယောင်ပြပစ်ခတ်ပြီး မိုင်းကွင်းသို့ မျှားခေါ်၍ မိုင်းခွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားခြောက်ဦးခန့်ထိခိုက်သေဆုံးနိုင်ကြောင်း မဟာမိတ်အဖွဲ့များကထုတ်ပြန်သည်။ချောင်းဦးမြို့နယ် ကံကြီးကုန်းကျေးရွာတွင် တပ်စွဲနေသော စစ်ကောင်စီတပ်နှင့် ပျူစောထီးများမှာ အနီး အနားကျေးရွာများသို့ ကင်းလှည့်သွားလာနေသည်ကို |
ဘုတလင်မြို့နယ် ရဲစခန်းတိုက်ခိုက်မှု စစ်ကောင်စီ ၃ဦးသေဆုံးပြီး PDF တဦး ကျဆုံး Posted: 09 Apr 2022 08:47 AM PDT ဘုတလင်၊ ဧပြီ၉၊ ၂၀၂၂။စစ်ကိုင်းတိုင်း ဘုတလင်မြို့နယ်မှာ မနေ့ညက ရဲစခန်းတခု လက်နက်ကြီးနဲ့ ပစ်ခံရပြီး နောက်တခုကို တိုက်ခိုက်ပြီး မီးရှို့ခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ဘုတလင်ရဲစခန်းကို လက်နက်ကြီးနဲ့ ပစ်အာရုံလွဲခဲ့ပြီး ဘုတလင်မြို့နယ်ထဲကပဲ ကူတော်ရဲစခန်းကို တိုက်ခိုက်မီးရှို့ခဲ့တာဖြစ်တယ်လို့ ဒေသခံ အမျိုးသားတဦးက ပြောပါတယ်။" ဘုတလင်ကို အယောင်ပြပြီး ကူတော်စခန်းကို အဓိကထား ဝင်စီးတာ၊ အရင်ကတော့ အင်အား ၃၀လောက် |
Pool Party လုပ်နေတဲ့ နေပြည်တော် Grand Amara ဟို တယ် မှာဗုံး ၂ လုံးကွဲ Posted: 09 Apr 2022 08:46 AM PDT နေပြည်တော်၊ ဧပြီ ၉၊ ၂၀၂၂။နေပြည်တော်ကောင်စီနယ်မြေ ဒက္ခိဏသီရိမြို့နယ် ဟိုတယ်ဇုံမှာရှိတဲ့ Grand Amara ဟိုတယ်မှာ ဒီကနေ့ နေ့လည်ပိုင်းက ဗုံး ၂ လုံးပေါက်ကွဲခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ဟိုတယ်အတွင်း ကားပါကင်နဲ့ တခြားနေရာတခုမှာ ဗုံးပေါက်ကွဲတာဖြစ်ပြီး ထိခိုက်ပျက်စီးတာကိုတော့မသိရဘူးလို့ ဆိုပါတယ်။''နေ့လည် ၂ နာရီလောက်မှာကွဲတာ။ ကွဲတာက ၂ လုံကွဲတာလို့သိရတယ်။ ကားပါကင်နဲ့ နောက်တနေရာရယ်။ ဘာတွေဖြစ်လဲတော့အသေးစိတ် |
စစ်ကောင်စီက စက္ကန့်ရွာထဲက ပစ္စည်းတွေခိုးယူကြ Posted: 09 Apr 2022 08:44 AM PDT ကလေးမြို့နယ်၊ စက္ကန့်ကျေးရွာတွင်း ယနေ့ ဧပြီ ၉ ကက်တွင် စစ်ကောင်စီတပ်သားတွေဝင်လာပြီး တွေ့သမျှ ရွာသားအားလုံးဖမ်းဆီးကာ ညနေပိုင်းတွင်ပြတ်လွှတ်ပေမယ့် ၄ ယောက်ကိုတော့ ဆက်လက်ဖမ်းဆီးခေါ်ဆောင်သွားကြပါတယ်။ရွာထဲကအိမ်ထဲသို့ဝင်ပြီး ပစ္စည်းတွေခိုးယူကြပါတယ်။ IPCM အသင်းတော် သင်းအုပ်ဆရာရဲ့ ကွန်ပျူတာတစ်လုံးကို ခိုးယူကြပါတယ်။ ပစ္စည်းပျောက်ဆုံးတဲ့စာရင်းကတော့ အတိအကျမသိရသေးပါ။ရွာသားတစ်ဦးလည်း ဒဏ်ရာရရှိသွားတယ်လို့ကနဦး |
စစ်ရှောင် ရိက္ခာသွားပို့စဉ် စစ်ကောင်စီပစ်ခတ်မှုခံရတဲ့ လူငယ်တစ်ဦးကို သေဆုံးလျက်တွေ့ရှိ Posted: 09 Apr 2022 08:42 AM PDT ဓာတ်ပုံ - ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆို (DMO-PDF)ကရင်နီပြည် ဖရူဆိုမြို့ ဒေါညေးခူကျေးရွာမှာ စစ်ရှောင်ရိက္ခာသွားပို့တဲ့ အသက် ၂၅နှစ်အရွယ် မောင်ပါစကွားလယ်ကို စစ်ကောင်စီက သတ်ဖြတ်ထားတဲ့ရုပ်အလောင်းကို ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆို (DMO-Local PDF)နှင့် မဟာမိတ်တပ်ပေါင်းစုတို့မှ ဒီကနေ့ ဧပြီလ ၉ရက်နေ့ နံနက်ပိုင်းမှာ နယ်မြေရှင်းလင်းရေးလုပ်နေစဉ် တွေ့ရှိခဲ့တယ်လို့ DMO-PDF က သတင်းထုတ်ပြန်ထားပါတယ်။သတ်ဖြတ်ခံရ |
ရွာငံမြို့နယ် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ တို့ တိုက်ပွဲ ဖြစ် Posted: 09 Apr 2022 08:40 AM PDT ဧပြီ ၉ရက်သျှမ်းတောင် ရွာငံမြို့နယ် လွှစင်ရွာ နှင့် တောင်ပို့ကွဲရွာ အကြားတွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တို့ ယနေ့ (ဧပြီ ၉) ရက် ညနေ ၆ နာရီခန့်တွင် တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သိရသည်။ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များတွင် ရွာငံမြို့ပြပြောက်ကျားတပ်ဖွဲ့ (YUG) ၊ တောင်ကြီးမြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (TPDF) နှင့် ရှမ်းအမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (SNDF) တို့ ဖြစ်သည်။ထို |
Posted: 08 Apr 2022 06:00 PM PDT စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ လိုက်ပါလာသည့် ယာဥ်များအား သုံးကြိမ်တိုင် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးသူများပြားကြောင်း ချောင်းဦး PDF က အသိပေးထုတ်ပြန်သည်။ ဧပြီ ၅ ရက် ည ၁၀နာရီခန့်က ပခုက္ကူဘက်မှ မန္တလေးမြို့ဘက်သို့ ထွက်ခွာလာ သော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် ခုနစ်ဦးလိုက်ပါစီးနင်းလာသည့် အံစာတုံးကားတစ်စီးကို ချောင်းဦး PDF ရဲဘော်များက မိုင်းဆွဲ |
Posted: 08 Apr 2022 05:56 PM PDT ပဲခူးတိုင်း၊ တောင်ငူမြို့နယ်ရှိ လေတပ်စခန်းအား ဧပြီလ(၇)ရက်နေ့ ညပိုင်းက တိုက်ခိုက်ရန် သွားရောက်ခဲ့သော်လည်း ကင်းသမားကို တွေ့ရှိသဖြင့် ပစ်ခတ်ရှင်းလင်းကာ ပြန်လည်ဆုတ်ခွါလာခဲ့ကြောင်း Bago Region PDF က ယနေ့ဧပြီလ(၈)ရက်နေ့တွင် ထုတ်ပြန်ထားသည်။တောင်ငူမြို့၊ အမှတ်(၁၀၁၅)လေကြောင်းရန်ကာကွယ်ရေးတပ်စခန်းအား တောင်ငူခရိုင် PDF တပ်ရင်း(၃၅၀၁)၊ တပ်ခွဲ(၃)မှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက တိုက်ခိုက်ရန် ပြင်ဆင်ခဲ့ခြင်း |
ရဲသင်္ကြန်မဏ္ဍပ် စည်ကားရန် ဝန်ထမ်းများ မပျက်မကွက် သွားရမည်ဟု ပြည်ထဲရေးက စာဖြင့် ညွှန်ကြား Posted: 08 Apr 2022 05:52 PM PDT နေပြည်တော်၊ ဧပြီ ၉အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ပြည်ထဲရေးဝန်ကြီးဌာနက နေပြည်တော်တွင် ပြုလုပ်မည့် ဌာန သင်္ကြန် မဏ္ဍပ် စည်ကားစေရေး အတွက် ဝန်ထမ်းများအင်အားအပြည့်ဖြင့် နေ့ရက်အလိုက် အလှည့်ကျ မပျက်မကွက် သွားရောက်ရန် ညွှန်ကြားထားသည်ဟု Myanmar Police CDM Channel - MPCCက ၎င်းတို့ရရှိထားသည့် ပြည်ထဲရေးဝန်ကြီးဌာန အကြောင်းကြားစာကို ထုတ်ဖော်ထားသည်။အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ပြည်ထဲရေးဝန်ကြီးဌာနက ပြုလုပ်သည့် |
ရေစကြို မြို့မရဲစခန်းရှေ့ မှာ စစ်ကောင်စီအဖွဲ့ မိုင်းဆွဲခံရပြီး ၄ ဦးသေဆုံး Posted: 08 Apr 2022 05:49 PM PDT ရေစကြို၊ ဧပြီ ၈၊ ၂၀၂၂။မကွေးတိုင်း၊ ရေစကြိုမြို့ မြို့မရဲစခန်းကနေထွက်လာတဲ့ စစ်သားနဲ့ ရဲတပ်သားအပါအဝင် စစ်ကောင်စီအဖွဲ့တွေကို ဧပြီလ ၇ ရက် မနေ့ကညပိုင်းမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ရေစကြို PDF မှ ရဲဘော်ဝေကြီးက ပြောပါတယ်။"၈ နာရီဝန်းကျင်လောက်မှာဗျ၊စခန်းအပေါက်ဝမှာ မိုင်းထောင်ထားတာပါ၊စခန်းရှေ့ကင်းထွက်လာတဲ့အချိန်မှာ မိုင်းဆွဲလိုက်တာ၊ ၄ ကောင်ကတော့သေတယ်၊ သူတို့ဘက်က အများအပြားလဲဒဏ်ရာရကြတယ်၊ " လို့ သူက |
တန့်ဆည်မြို့မှာ မိုင်းဆွဲခံရလို့ စစ်ကောင်စီအရာရှိ ၂ဦးသေပြီး ဝန်ထမ်းအချို့ဒဏ်ရာရ Posted: 08 Apr 2022 05:48 PM PDT တန့်ဆည်၊ ဧပြီ၈ ၊ ၂၀၂၂။စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့ ရွှေဥယာဥ်တည်းခိုခန်းအနီးမှာ ဧပြီလ၈ရက် ဒီနေ့မနက် ၉ နာရီလောက်က မိုင်းဆွဲခဲ့တဲ့အတွက် စစ်ကောင်စီ အရာရှိအချို့ သေဆုံးပြီး ဒဏ်ရာရသူတွေလည်းရှိတယ်လို့တန့်ဆည်ဖိနစ်က ကြေညာချက် ထုတ်ပြန်ထားပါတယ်။စစ်ကောင်စီ ၃ပွင့်တဦး၊ ဒုရဲမှူးတဦးနဲ့ ထွေအုပ်အကြီးအကဲတဦးတို့ အနီးမှာ ဖောက်ခွဲနိုင်ခဲ့တာလို့ ဆိုပါတယ်။"ကိုဗစ်ဆေးထိုးတာလို့ ပြောပါတယ် ရွှေဥယျာဥ် တည်းခိုခန်းနားက |
ကလေးမှာ စစ်ကောင်စီတပ်တိုက်ခိုက်ခံရပြီး တပ်သား ၆ ဦးသေဆုံးဟု ကလေး PDF ထုတ်ပြန် Posted: 08 Apr 2022 05:44 PM PDT 8 April 2022စစ်ကိုင်းတိုင်း ကလေးမြို့နယ်တွင် ဧပြီလ ၇ရက်နေ့က စစ်ကောင်စီတပ်များကို PDF(Kalay)မှ နှစ်နေရာတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ၆ ဦးခန့် သေဆုံးခဲ့ကြောင်း PDF(Kalay)မှ ထုတ်ပြန်ထားသည်။PDF(Kalay)၏ တိုက်ခိုက်ခြင်းခံရပြီး နောက်စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သဖြင့် ပြည်သူတစ်ဦး သေဆုံးသွားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ဧပြီ၇ ရက်နေ့က ကလေးတက္ကသိုလ်မုဒ်ဦးအနီး |
You are subscribed to email updates from THIT HTOO LWIN (Daily News). To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google, 1600 Amphitheatre Parkway, Mountain View, CA 94043, United States |
No comments:
Post a Comment
5
Note: Only a member of this blog may post a comment.